"Fuck!!သူတို့ကိုပြန်ချကြစို့"သူ့ရဲ့ရဲဘော်ရဲဘတ် အပစ်ခံထားရတဲ့ဒဏ်ရာကနေသွေးထွက်နေပြီး သေလုမျောပါးဖြစ်ကာမြေကြီးပေါ်လဲနေတာမြင် တော့သူ့ရဲဘော်ကိုပစ်တဲ့သေနတ်ကိုကောက်ကိုင်ပြီး အခြားအဖွဲ့ဝင်များကိုစောင့်နေလိုက်သည်။ သူ့အသံကိုကြားပြီးနောက်တစ်ခြားသူများသည် အမြန်ပြေးလာကြပေမယ့်သေနတ်ကိုကောက်ကိုင်လိုက်သူသည်တိတ်တဆိတ်လှည့်ပြီးကားရှိရာသို့ ပြေးသွားခဲ့သည်။
"ဘုန်း!!"လမ်းလဲခေါင်မှာရှိနေတဲ့တယ်လီဖုန်းတိုင်သည်ရွှေရောင်အလင်းနဲ့ရောစပ်နေသောလေပြင်း ဖြင့်ရုတ်တရက်ဖြတ်တောက်ခံလိုက်ရသည်။ အဖွဲ့နှစ်ခုလုံးသည်လမ်းလယ်ခေါင်မှာ မော်ဒယ်လ်မြင့်SUVအအနက်ရောင်ကားတစ်စီးရပ် နေသည်ကိုတွေ့လိုက်ရသဖြင့်ထိတ်လန့်နေတဲ့ မျက်လုံးများဖြင့်လှည့်ကြည့်ကြသည်။ကားမောင်းသူနေရာကကားမှန်ကိုချထားပြီးချောမောခန့်ညား သောသူသည်ပြတင်းပေါက်ပေါ်တွင်လက်မောင်းကိုတင်ကာတယ်လီဖုန်းတိုင်ပြတ်သွားတာကိုစိုက်ကြည့်နေပုံရသည်။
အကုန်လုံးကသူ့ကိုကြည့်နေသလိုခံစားရတော့သူ့ကို ကြည့်နေတဲ့လူတွေဘတ်လှည့်ပြီးသူ့ကနှောက်ယှတ်မိလို့တောင်းပန်လိုက်သည်။"ဆောရီးပါ၊လမ်းပေါ်မှာ ပိတ်နေတဲ့ဟာကိုဖယ်လိုက်တာအသံကျယ်သွာားတယ်၊ဆက်လုပ်ပါ"
ထို့သို့ပြောပြီးနောက်ဂိတ်အဖြစ်ဖန်တီးထားတဲ့ နေရာကိုဖြတ်ပြီးမောင်းထွက်သွားသည်။သူတို့ မောင်းထွက်သွားမှထိုလူများသည်တစ်စုံတစ်ခုကို ရုတ်တရက်မှတ်မိသွားပြီးလမ်းဘေးမှာရှိတဲ့ အိမ်သေးသေးလေးဘတ်ကိုညွှန်ပြလိုက်သည်။"အဲ့ဒီလူမောင်းထွက်သွားပြီ"
အချင်းချင်းအထောက်အကူပေးနေသောဓားပြများသည်အသိပြန်ဝင်လာပြီးလူတိုင်းကိုအလျင်စလို အော်ဟစ်ဆူပူနေသောကြံရာပါများသည်ယခုအချိန်တွင်သူတို့ရဲ့ကားများဆီသို့ပြေးသွား ကြသည်။ အရာအာလုံးကိုမေ့ကာသူတိုကို့(ဟဲဇီကျုံး)အလျင်အမြန် လိုက်ဖမ်းဖို့လုပ်ကာကျိန်ဆဲနေကြသည်။
ယာဉ်တန်းထဲကလူတစ်ယောက်သည်လိုက်ဖမ်းချင်ပေမယ့်အခြားတစ်ယောက်ကသူ့ကိုတားလိုက်သည်။"ဖမ်းဖို့မလိုဘူး၊သူတို့မှာသေနတ်တွေရှိတယ်"အခု ချိန်မှာနှစ်ဖတ်စလုံးကဒေါသတကြီးထွက်သွားကြ ပေမယ့်နည်းနည်းတော့မဆင်မခြင်ဖြစ်သွားသည်။ တနည်းအားဖြင့်ဓားပြများသည်သူတို့မှာသန်မာပြီးအံ့ဩစရာကောင်းတဲ့စွမ်းရည်တွေရှိတာကိုသိရှိပြီး နောက်မှာသူတို့ကတိုက်ခိုက်ဖို့လက်ဦးမူယူမှာ မဟုတ်ဘူး။
ပြီးတော့သေနတ်နဲ့အပစ်ခံလိုက်ရတဲ့သူတို့ရဲ့အဖွဲ ကြောင့်သာမဟုတ်ရင်သူတို့ဘတ်ကလည်းဘဲသေတဲ့အထိတိုက်ခိုက်ဖို့ဆန္ဒမရှိဘူး။စိတ်အေးအေးထားကာသူတို့ကိုလိုက်ဖမ်းနေတဲ့ဇွန်ဘီတွေမကြာခင် ရောက်လာတော့မှာကိုထည့်စဉ်းစားရင်းဒီနေရာက နေထွက်ခွာတာပိုကောင်းသည်။အဲ့ဒီဆန်ကုန်မြေ လေးတွေကတော့-အနာဂတ်မှာသူတို့နဲ့မတွေ့တာ ပိုကောင်းတယ်သူတို့ကလုံးဝအလွှတ်ပေးတော့မှာမဟုတ်လို့ဘဲ။
"ဇီကျုံးခုနကအရမ်းမိုက်တာဘဲ!!!"သူတို့တခြားအဖွဲ့ဆီကနေအဝေးသို့မောင်းထွက်လာပြီးနောက် ဖန်ဟောင်ကပြုံးပြီးတော့ဟဲဇီကျုံးကိုပြောလိုက်သည်။
ဟဲဇီကျုံးကခါးခါးသီးသီးပြုံးလိုက်ပြီးသူ့စိတ်စွမ်းအင်ပြန်လည်ရရှိရန်အတွက်နေရာလွတ်ထဲကရေကို ပါးစပ်အပြည့်နှစ်ခါလောက်သောက်လိုက်သည်။သူ့အစကလေဓားကိုသုံးပြီးတယ်လီဖုန်းတိုင်ကို ဖြတ်တောက်ချင်ပေမယ့်မည်သူထင်မည်နည်း။ အရင်တုန်းကသူ့စွမ်းရည်နှစ်ခုစလုံးကိုအတူတူ အသုံးပြုချင်ခဲ့ပေမယ့်ရုတ်တရက်ဘယ်လိုလုပ်နိုင် သွားလဲမသိပေ။သို့သော်လည်းစွမ်းအင်ကုန်ဆုံးမှုက အရမ်းများလွန်းတယ်-တိုက်ခိုက်မူတစ်ခုထဲနဲ့ကို စွမ်းအင်ကုန်လုနီးပါးဖြစ်သွားသည်။စိတ်စွမ်းအား ပြန်ဖြည့်ဖို့ကူညီရန်နေရာလွတ်ထဲကရေရှိနေတာ ကံကောင်းသည်။
"ကိုယ်တို့ညကကျင့်ကြံခဲတဲ့"ချီ"ကစွမ်းရည်အပေါ်သက်ရောက်မူရှိတယ်"စိတ်စွမ်းအင်ကိုပြန်လည်ပြည့်ဝလာပြီးနောက်ဟဲဇီကျုံးကခုနကဘာလို့သူရဲ့ တိုက်ခိုက်မူကပြင်းထန်သွားလဲဆိုတာကိုရှင်းပြခဲ့သည်။
"ချီ"ကျင့်ကြံတာကစွမ်းရည်အပေါ်သတ်ရောက်မူရှိတာလား"ဖန်ဟောင်ကသူ့ခေါင်းထဲမှာမေးခွန်းတွေ နဲ့ပြည့်နေပြီးသူ့ပြောချင်တာကိုလုံးဝနားမလည်ပေ။
ဟဲဇီကျုံးကသူ့မျက်လုံးကိုပိတ်ပြီးရှင်းပြလိုက်သည်"အရင်တုန်းကကိုယ်ကလေစွမ်းအားရဲ့လေဓားကို သန်မာအောင်လို့လိုရွှေစွမ်းအားကိုထည့်ပြီး စွမ်းရည်နှစ်ခုကိုပေါင်းစပ်ချင်ခဲ့တာ၊ဒါပေမယ့်အရင်ကကိုယ်မလုပ်နိုင်ခဲ့ဘူး။ခုနတုန်းကစွမ်းရည်အသုံး ပြုလိုက်တော့မသိစိတ်အရ"ချီ"ကိုစီးဆင်းစေပြီး စွမ်းအားနှစ်ခုကပေါင်းစပ်သွားတယ်"သူခုတုန်းက ကြီးမားတဲ့တိုက်ခိုက်မူကြီးကိုလုပ်နိုင်ခဲ့တယ်!!!ခုနကသူကိုယ်သူ့အရမ်းအံ့ဩနေတာကနေပိုပြီးတော့ တည်ငြိမ်လာသည်။ရွှေရောင်လေဓါးသည်သံတုတ် ပေါ်ကိုရွှေစွမ်းရည်စွမ်းအင်တိုက်ရိုက်အသုံးပြုခြင်းထက်ဇွန်ဘီများကိုရိုက်ရာတွင်ပိုသန်မာသည်။
ဖန်ဟောင်တွင်ကုသရေးစွမ်းအင်ဘဲရှိသောကြောင့် ဒီလိုမျိုးအကျိုးသက်ရောက်မူသည်သူ့အပေါ်တွင် အကန့်အသတ်ရှိသည်။ဒါပေမယ့်"ချီ"သည်ဟဲဇီကျုံး၏စွမ်းအင်ကိုတိုးစေသောကြောင့်သူပုံစံသည် ဟဲဇီကျုံးထက်တောင်ပိုပျော်နေပုံပေါက်သည်။
"အဲ့တာဆိုနေ့တိုင်းကျင့်ကြံရအောင်!!"သူ့ပြောပြီး နောက်ဟဲဇီကျုံးသည်အပြုံးတစ်ခုဖြင့်သူ့ကိုမျက်ခုံးပင့်ကာကြည့်နေသည်ကိုတွေ့လိုက်ရသည်။ ဖန်ဟောင်ကဒီလိုမျိုး"ချီ"ကျင့်ကြံခြင်းသည် လူနှစ်ယောက်အတူတူလုပ်ရတာသတိရပြီးနောက်…..အဟမ်း၊သူ့လောင်ကုန်းကဒါလုပ်ရတာကိုတော့ အရမ်းကြိုက်တယ်။သူ့ဇနီးလေးရဲ့မျက်နှာကနီရဲလာကာအငွေ့တွေထွက်တော့မတက်ဖြစ်လာသည်။
ဟဲဇီကျုံးကပြုံးလိုက်ပြီးသူ့ရဲ့ဆံပင်လေးတွေကို ညင်ညင်သာသာပွတ်သပ်ရင်းအက်ရှသောအသံဖြင့်သူနားထဲကိုတီးတိုးပြောလိုက်သည်။"okကိုယ်တို့ညတိုင်း"ကျင့်ကြံ"ကြတာပေါ့"
လမ်းတစ်လျှောက်တွင်ယာဉ်တန်းအများအပြားကို ဖြတ်ကာနှစ်ယောက်သားတောင်ဘတ်သို့မောင်းလာခဲ့သည်။မြောက်ဘတ်မှမောင်းလာသောယာဉ်တန်း များ၏အနောက်တွင်"အသံများ"နှင့်ဇွန်ဘီအုပ်စုလိုက်ကြီးလှုပ်ရှားမူရှိနေသည်။သူတို့ရှောင်နိုင်သမျှကိုသူတို့ရှောင်ကြပေမယ့်မရရင်သူတိုကအရှေ့ကို အရှိန်နဲ့သွားပြီးဇွန်ဘီများကိုလွှင့်ထွက်သွားအောင် တိုက်ချပစ်သည်။လမ်းလွှဲကနေသွားပြီးအပြန်ကျရင် ကားဆိုင်တွေမှာရပ်ပြီးခိုင်ခံ့တဲ့ကားတွေကိုသွားယူ ရင်ကောင်းမလားလို့စဉ်စားနေသည်။သူ့နေရာလွတ်ထဲမှာရှိနေတဲ့ကားများကိုအချိန်ကြာကြီးမှီခိုလို့မရ နိုင်မှာကိုသူ့စိုးရိမ်သည်။
ဟဲဇီကျုံးကဒရိုင်ဘာနေရာကိုပြောင်းထိုင်ပြီးလမ်းလွှဲကနေကွေ့လိုက်ကာဇွန်ဘီတွေကိုနောက်ချန် ထားပြီးသူ့မှတ်ဉာဏ်ထဲကဂိုဒေါင်ဆီသို့မောင်းလိုက်သည်။
လမ်းဘေးနှစ်ဖတ်ရှိအဆောက်အအုံများ၊လယ်မြေ များနှင့်စိမ်းလန်းစိုပြည်သောနေရာများပင်မီးခိုရောင်မြူခိုးတွေဖြင့်ပိတ်ဖုံးနေပြီးပျက်ဆီးယို့ယွင်းနေ သောအနံများထွက်နေသည်။လမ်းဘေးမှာရှိတဲ့ အပင်များသည်လည်းစတင်ခြောက်သွေ့ညိုးနွမ်းနေပြီဖြစ်သည်။အစကစိမ်းလန်းစိုပြည်သန်စွမ်းသော အပင်များသည်ကမ္ဘာပျက်ကပ်အစောပိုင်းကတည်းကမီးခိုး ရောင်လေထုကြောင့်လည်ပင်းညစ်သတ်ခံ ထားရသလိုဖြစ်နေသည်။ဒါပေမယ့်လူအများစုသည် လွတ်မြောက်ရန်အတွက်အလုပ်ရှုပ်နေကြပြီးအာရုံမစိုက်မိကြပေ။ဒါပေမယ့်တစ်စုံတစ်ယောက်ကအာရုံစိုက်ပြီးရှာဖွေတွေ့ရှိသောအခါသူတို့လုပ်နိုင်တာ ဘာမှမရှိပေ။
ဟဲဇီကျုံး၏အကြည့်တစ်ချက်သည်လမ်းဘေးက တစ်ဖတ်တစ်ချက်စီရှိအပင်များကိုဖြတ်ကျော်သွား ကာလမ်းဘေးရှိပေါင်းပင်များထဲတွင်တစ်စုံတစ်ခု လှုပ်ရှားနေသည်ကိုသတိပြုမိလိုက်သည်။
လမ်းဘေးမှာပုန်းနေတဲ့ဇွန်ဘီလည်းဖြစ်နိုင်သလိုလူလည်းဖြစ်နိုင်သည်။ဒါပေမယ့်သန္ဓေပြောင်းသွားတဲ့ ကြောက်စရာကောင်းတဲ့အပင်တွေနှင့်တိရစ္ဆာန်တွေ ပိုပြီးတော့ဖြစ်နိုင်သည်။ဘယ်လိုဘဲဖြစ်ဖြစ်အနီးကပ်သွားပြီးတိုက်ခိုက်ဖို့ကိုစိတ်မဝင်စားပေ။သူ့ရဲ့အခုလက်ရှိတာဝန်ကရည်ရွယ်ထားသောနေရာကိုအလျင်အမြန်ရောက်ဖို့ဖြစ်သည်။
ဖန်ဟောင်ကသူရဲ့မှန်ပြောင်းကိုမြှောက်ပြီးတော့ အနည်းငယ်တုန်လှုပ်နေသောချုံပုတ်များကိုကြည့်လိုက်သည်။သူတို့ကဘာလဲဆိုတာမသိဘဲ မထူးမခြားနားဖြတ်ကျော်သွားနိုင်ခဲ့သည်။သို့သော်လည်းမြတ်ပင်များသည်လှုပ်ရှားနေပြီးဘာမှထွက် ပေါ်လာခြင်းမရှိသောကြောင့်၎င်းသည်သန္ဓေပြောင်းအပင်ဖြစ်လိမ့်မည်လို့သံသယဖြစ်ခဲ့သည်။
အချိန်ကြာအောင်မောင်းနှင်ပြီးနောက်ကားသည် ပထမဆုံးမှတ်တိုင်ဆီသို့ရောက်ရှိခဲ့သည်-မြို့အစွန်မှာရှိတဲ့ဂိုဒေါင်တစ်လုံးဖြစ်သည်။
ဤနေရာတွင်ဂိုဒေါင်များ၊စက်ရုံ၊အလုပ်ရုံများနှင့် ပြန့်ကျဲနေပြီးမြို့အစွန်ရဲ့အနီးနားတွင်လည်း စက်ရုံအသေးလေးများစွာရှိနေသည်။လမ်းနှစ်ဖတ်လုံးတွင်ရှည်လားသောခြံဝန်းများနှင့်နံရံများရှိနေပြီးအဝေးကနေတောင်ခွေးများ၏ဟောင်သံကိုကြားနေရသည်။အသွင်မပြောင်းသေးတဲ့သာမာန်ခွေးလား…..ဇွန်ဘီခွေးလားဆိုတာသူတို့မသိပေ။
ဟဲဇီကျုံးသည်အခိုင်အခံဆုံးသောဂိုဒေါင်တစ်ခုဆီသို့ မောင်းသွားလိုက်သည်။သူ့အရင်ဘဝကဒီနေရာကိုလာတုန်းကဂိုဒေါင်ကပျက်စီးနေပြီးနံရံနှင့်တံခါးများ မရှိရုံသာမကအနီးနားမှာလည်းအကောင်းပကတိရှိ နေသောအဆောက်အအုံများမရှိပေ။ဂိုဒေါင်ရဲ့တံခါးဆီသို့သွားပြီးနံရံများကအကောင်းပကတိရှိနေတာကိုမြင်တော့ဟဲဇီကျုံးကသက်ပြင်းချလိုက်ပြီး-အခြေအနေကတော့အဆင်ပြေပုံဘဲ
ဖန်ဟောင်ကမှန်ပြောင်းကိုယူကာပတ်ပတ်လည်ကိုစစ်ဆေးလိုက်ပြီးဟဲဇီကျုံးကိုတင်ပြလိုက်သည်"ခြံဝင်းရဲ့အပြင်ဘတ်မှာတံခါးကိုဝင်တိုက်နေကြတဲ့ ဇွန်ဘီအနည်းငယ်ရှိတယ်ခုနှစ်ကောင်၊ဟိုဘတ်က ခြံဝင်းအပြင်ဘတ်မှာလည်းဇွန်ဘီခုနှစ်ကောင်၊ ရှစ်ကောင်လောက်ရှိတယ်"
အရမ်းကောင်းတယ်၊သူတို့ပစ်မှတ်ထားတဲ့ဂိုဒေါင် အစွန်းပိုင်းတွင်ဇွန်ဘီများကိုရှာမတွေ့ပေ။အဲ့တာက ကောင်းသည်။"နေလည်ခင်းဒီမှာဘဲနားကြတာပေါ့၊ဒါကဂိုဒေါင်တစ်ခုဆိုတော့အထဲမှာတစ်ခုခုရှိမရှိ ကြည့်ရအောင်"
ဖန်ဟောင်ကဘာထင်မြင်ချက်မှမရှိပေ။အခုဟာက နေ့လည်စာစားချိန်ကိုကျော်သွားပြီဖြစ်ပြီး သူ့ဗိုက်ဆာနေသော်လည်းဘာမှမပြောပေ။
ဟဲဇီကျုံးသည်ကားကိုဝှတ်ထားလို့ရတဲ့နေရာတွင် ပါကင်ထိုးလိုက်ပြီးသော့ခတ်လိုက်ကာလက်နက်ကိုင်ထားတဲ့ဖန်ဟောင်နဲ့အတူကားပေါ်ကဆင်းလိုက်သည်။
အနီးနားကလမ်းပေါ်တွင်လူတွေကိုမမြင်ရပေ။ ပြန့်ကျဲနေသောဇွန်ဘီအချို့သည်ကား၏လှုပ်ရှားမူကိုရှာတွေ့ပြီးနောက်သူတို့ဆီသို့တဟုန်ထိုးပြေးလာ ကြသည်။အချင်းအချင်းအပြန်အလှန်ဂရုတစိုက်နဲ့ ကာကွယ်ပြီးအင်္ကျီလက်ရှည်များ၊ဦးထုပ်များနှင့် maskများကိုဝတ်ဆင်ကာဇွန်ဘီများကိုတိုက်ခိုက် ရန်လက်နက်များကိုကိုင်ထားကြသည်။
ဇွန်ဘီများကိုရှင်းလင်းပြီးနောက်ဂိုဒေါင်တံခါးဆီသို့သတိထားလျှောက်သွားကာဟဲဇီကျုံးသည်သော့ကို သံချွန်ဖြင့်ထိုးကော်ပြီးဖွင့်လိုက်သည်။
ကမ္ဘာပျက်ကပ်ပြန်လည်မွေးဖွားလာသောလူများသည်သော့ကိုသံချွန်ဖြင့်ထိုးဖွင့်ခြင်း၊သူတို့ရဲ့ ပြုမူလှုပ်ရှားမူများကိုတိတ်တဆိတ်ဖြင့်လှုပ်ရှားခြင်း၊သူတို့ရဲ့အသက်ရှုသံကိုဖုန်းကွယ်ထားနိုင်ခြင်း၊အစရှိသည့်အမျိုးမျိုးသောကျွမ်းကျင်မူများရှိသည်။
ဖန်ဟောင်ကနိုးနိုးကြားကြားရှိနေပြီအနာက်မှာရှိတဲ့ဟဲဇီကျုံးဆီကနေ"Ok"ဆိုတဲ့အသံမထွက်လာခင် အထိစောင့်ကြပ်ပေးနေသည်။
တံခါးကိုဖွင့်ရန်သတိထားတွန်းလိုက်ပြီးသူတို့ဝင်လာသောအခါအပေါ်၊အောက်၊တောင်၊မြောက်စသည့် နေရာအကုန်လုံးကိုစစ်ဆေးခဲ့သည်။
ဂိုဒေါင်အတွင်းထဲတွင်စစ်တပ်အိပ်ယာများ၊ချည်လက်အိတ်များ၊အခြားအရာများကိုတံခါးဝတွင်စုပုံထားသည်ကိုတွေ့လိုက်ရသည်။ပစ္စည်းတွေရဲ့အရည်အသွေးသည်အရမ်းမကောင်းသလိုအရေအတွက်ကလည်းအရမ်းမများပေ။ဟဲဇီကျုံးသည်သုံးပုံတစ်ပုံ ခန့်ကိုကောက်ယူစုဆောင်းခဲ့သည်။ဖန်ဟောင်ကလည်းဘဲနေရာလွတ်ကိုအသုံးပြုပြီးပစ္စည်းတွေကို စုဆောင်းဖို့စိတ်လှုပ်ရှားပြီးပြောနေသည်"စီနီယာ ကျွန်တော်တို့လေထဲကနေပစ္စည်းတွေကိုယူလို့ ရတာလား"
ဖန်ဟောင်သည်နေရာလွတ်ထဲကိုပစ္စည်းတွေစုဆောင်းနိုင်စေရန်အလွန်စိတ်လှုပ်ရှားနေပြီဖြစ်သည် ။ ဟဲဇီကျုံးကသုံးမီတာအကွာအဝေးမှာရှိတဲ့ချည် လက်အိတ်တစ်ပုံကိုလှမ်းယူလိုက်တာကိုတွေ့ပြီး သူ့မျက်လုံးကအံ့ဩနေပြီးတောက်ပနေသည်။
"အင်း၊အကွာအဝေးတော့ကန့်သတ်ချက်ရှိတယ်" ခုနကဟဲဇီကျုံးသည်သူ့စိတ်ထဲနေတွေးပြီးစမ်းသပ် ကြည့်လိုက်တာဖြစ်သည်။သူ့နေရာလွတ်အဆင့်မြှင့်တက်သွားပြီးနောက်နေရာလွတ်ကပိုကြီးလာခြင်းအပြင်အခြားသောပြောင်းလဲမူတွေလဲရှိနိုင်သည်။
မမျှော်လင့်ဘဲလေထဲရှိအရာများကိုယူဆောင်ခြင်းသည်အမှန်တကယ်ဖြစ်လာခဲ့တယ်!!!
သူ့တို့ရင်ဘတ်ထဲကလာတဲ့စိတ်လှုပ်ရှားမူကိုဖိနှိပ် ထားရန်အကောင်းဆုံးကြိုးစားလိုက်ပြီးဂိုဒေါင်အထဲသို့ဝင်သွားလိုက်သည်။အထဲတွင်စစ်တပ်စားနပ် ရိက္ခာများဖြင့်တဲ့စည်သွပ်ဘူးသေတ္တာများနှင့်ပြည့် နေသည်။
နှစ်ယောက်သားသေတ္တာကိုဖွင့်လိုက်ပြီးဖန်ဟောင် ကဓာက်မီးထိုးပြီးအတည်ပြုလိုက်သည်"ဒါကလွန်ခဲ့တဲ့သုံးနှစ်ကတည်းက…နောက်သုံးလဆိုသက်တမ်းကုန်တော့မှာ"
ဤမျှပေါ့ပေါ့ဆဆစုပုံထားသည်မှာအံဩစရာတော့ မဟုတ်ပေ။သူ့အရင်ဘဝတုန်းကAမြို့ရှိအခြေစိုက် စခန်းကိုရောက်ပြီးနောက်စစ်တပ်ကစစ်သားများက ဒီနေရာနေမည့်သည့်အရာမှစုဆောင်းထားကြောင်း မကြားခဲ့ရပေ။ဂိုဒေါင်ထဲမှာရှိတဲ့အရာအများစုသည် "ဒိတ်ကုန်တော့မယ့်ထုတ်ကုန်များ"ဖြစ်နိုင်သည်။ဥပမာအားဖြင့်စည်သွပ်ဘူးများသည်ဒိတ်ကုန်နေပြီး စစ်ဖိနပ်များ၊အိပ်ယာများဖြစ်တဲ့အခြားအရာများကလည်းအသုံးပြုထားတာကြာပြီဖြစ်တဲ့အရာများဖြစ်မည်။
"ပြဿနာတော့မရှိပါဘူးဒီလိုစည်သွပ်ဘူးမျိုးကဒိတ်ကုန်သွားရင်တော်၂နှစ်လောက်တော့ခံတယ်" ဟဲဇီကျုံးသည်သူ့လက်ထဲတွင်တစ်ခုကိုကိုင်လိုက်ပြီး"ဒီဗူးမှာကွင်းတွေမပါဘူး၊ဗူးမှာဖွင့်ဖို့ကွင်းလေးတွေ ပါတဲ့ဟာထက်သိုလှောင်မူနှင့်လေယိုစိမ့်မူဒဏ်ကို ပိုခံနိုင်ရည်ရှိတယ်၊စည်သွပ်ဗူးမဖောင်းကားလာ သရွှေ့ပြဿနာမရှိဘူး"ဒီဗူးတွေကိုနောက်ထပ်၂နှစ် လောက်သိမ်းဆည်းထားဖို့နေနေသာသာသူ့အရင် ဘဝတုန်းကသက်တမ်းကုန်သွားတာရှစ်နှစ်လောက်ရှိတဲ့ဟာကိုတောင်စားခဲ့သေးသည်။
ပြီးတော့နေရာလွတ်ထဲမှာကလတ်ဆက်မူကိုထိန်းသိမ်းနိုင်သောကြောင့်သူတို့နေရာလွတ်ထဲမှာထားလိုက်ရင်ဘယ်တော့မှဒိတ်ကုန်မှာမဟုတ်ပေ။
နေရာလွတ်ထဲကိုပစ္စည်းတွေထည့်နိုင်သွားသည့် ဖန်ဟောင်သည်သူ့အင်္ကျီလက်ကိုခေါက်တင်လိုက် ပြီးအလုပ်လုပ်ဖို့အတွက်ပြင်ဆင်လိုက်သည်။ ဟဲဇီကျုံးသည်ဘေးနားတွင်ရပ်ကာဟိုဟိုဒီဒီ ပြေးလွှားနေပြီးအလုပ်ရှုပ်နေတဲ့သူကိုကြည့်ရသည် မှာပျော်ရွှင်နေသည်။ပထမဆုံးအကြိမ်နေရာလွတ်ကိုထိန်းချုပ်ပြီးပစ္စည်းများစုဆောင်းနိုင်သောကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်သူသတိပြန်ဝင်လာသောအခါဂိုဒေါင်တစ်ခုလုံးကစည်သွပ်ဗူးတွေပြောင်လုနီးပါးဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
သိပ်မဝေးတဲ့နေရာကသေတ္တာဒါဇင်တစ်ပုံကိုကြည့် ပြီးဖန်ဟောင်ကအနည်းငယ်ရှက်သွားကာဟဲဇီကျုံးကိုကြည့်လိုက်သည်။ဟဲဇီကျုံးပစ္စည်းတွေစုဆောင်းတဲ့အကြိမ်တိုင်းအရာအားလုံးကိုမယူတာကိုသူသိပြီးသူတို့နှစ်ယောက်ကဒီလောက်များတဲ့ပစ္စည်းတွေကို မသုံးစွဲနိုင်ပေ။