no

Font
Theme

" သွမ့်ဇီ?!"သူတို့မိသားစုရဲ့အဖြူရောင်အလုံးလေး ကနောက်ထပ်အဏုမြူကျောက်တုံးတစ်ခုဆီသို့ အတဟုန်ထိုးပြေးသွားပြီးအလျင်အမြန်မျိုချပစ်သည်ကိုကြည့်ရင်းဟဲဇီကျုံးအံ့ဩနေမိကာဘယ်လို တုံ့ပြန်ရမလဲမသိတော့ပေ။

အပင်သည်အခြေနေကိုလုံးဝနားမလည်နိုင်သေးပေ။ပထမအဏုမြူကျောက်တုံးမျိုချခံရပြီးသွားတဲ့ နောက်အပင်သည်၎င်းသည်ကြည်လင်သော အဏုမြူကျောက်တုံးကိုရစ်ပတ်ကာနောက်သို့ဆွဲယူသည့်လုပ်ငန်းစဉ်ကိုလုပ်ဆောင်နေဆဲဖြစ်သည်။ ဒါပေမယ့်ဒုတိယအဏုမြူကျောက်တုံးပျောက်ကွယ်သွားသောအခါသန္ဓေပြောင်းအပင်သည်ဒေါသ အမျက်ခြောင်းခြောင်းထွက်လာသည်။သူ့သန္ဓေပြောင်းပြီးကတည်းကလူသားဘဲဖြစ်ဖြစ်၊သန္ဓေပြောင်း တိရစ္ဆာန်ဘဲဖြစ်ဖြစ်၊ဇွန်ဘီတိရစ္ဆာန်ဘဲဖြစ်ဖြစ်သူ့ရဲ့ အစာကိုလုယူဖို့သတ္တိမရှိဘူးဖူး!!!!

မရေတွက်နိုင်သောသစ်ကိုင်းများသည်မြွေအုပ်စုကြီးကဲ့သို့ရှုပ်ထွေးရစ်ပတ်သွားပြီးထူးဆန်းသော  အဖြူရောင်လုံးကိုထိုးဖောက်ရန်ကြိုးစားကာပစ်ထုတ်လိုက်သည်။ဖန်ဟောင်ကထိတ်လန့်သွားပြီး သွမ့်ဇီကိုအော်ပြောလိုက်သည်"နေရာလွတ်ထဲကိုဝင်လိုက်!!မြန်မြန်နေရာလွတ်ထဲကိုဝင်ပုန်းနေ!!!"

လူနှစ်ယောက်နှင့်အဖြူရောင်ဘောလုံးသည် တစ်ယောက်မျက်လုံးကိုတစ်ယောက်ကြည့်လိုက် တာနဲ့တစ်ယောက်ရဲ့နှလုံးသားကိုသိနားလည်တဲ့  မပြောဘဲနားလည်သောသိနားလည်မူမျိုးမရှိခဲ့ပုံ ပေါ်သည်။သွမ့်ဇီသည်ထိုနေရာတွင်သာပျံသန်းနေ ပြီးသူ့ခေါင်းလေးကိုငုံ့ကာဝန်းလဲ့စိုပြည်နေသော မျက်လုံးလေးနှစ်လုံးကမှိတ်တုတ်မှိတ်တုတ်လုပ် နေသည်။ထိုအချိန်မှာဘဲမရေတွက်နိုင်သောနွယ်ပင်များသည်ပြည်ကြီးငါးလက်တံများကဲ့သို့ထိုးဖောက်လာသည်။

"ဖောက်ဖောက်ဖောက်!!!"နူးညံချောမွေ့ပြီးလုံးဝန်း သောခန္ဓာကိုယ်လေးသည်ချောကျိကျိဖြစ်နေသည်။။သာမာန်အားဖြင့်ထိုအလုံးလေးသည်ဖန်ဟောင်သို့မဟုတ်ဟဲဇီကျုံးရဲ့လက်မောင်းထဲမှာတမင်တကာ နေနေတာဖြစ်ပြီးတနည်းအားဖြင့်သူ့ရဲ့မိဘဖြစ်တဲ့သူတို့နှစ်ယောက်ပင်လျှင်ထိနိုင်မည်မဟုတ်ပေ။

ယနေ့ခတ်တွင်၎င်း၏ထူးခြားသောပုံစံဖြင့်…….နေဦးသူတို့ဖော်ပြသည့်ပုံစံသည်မှားနေပုံရသည်။သွမ့်ဇီရဲ့ပင်ကိုယ်စွမ်းရည်သည်သူ့ကိုယ်တိုင်၏ဘေးကင်းမူကိုသေချာစေသည်။ထူးဆန်းသောလက်တံ(အပင်ရဲ့အကိုင်းအခတ်)များသည်ဘယ်လိုဘဲသူကိုထိုးဖောက်ဖမ်းယူရန်ကြိုးစားပါစေ၎င်းသည်ထိတွေ့ကိုင်တွယ်၍မရသောရေဘောလုံးကဲ့သို့တုံ့ပြန်ခဲ့သည်။ထိုအကောင်လေးကိုဖမ်းယူလို့လည်းမရသလို ထိုးဖောက်လို့လည်းမရပေ!!!

သူတို့နှစ်ယောက်ကအစတုန်းကစိုးရိမ်နေခဲ့ပြီး အပင်နဲ့သွမ့်ဇီကြားမှာရှိတဲ့"အပြန်အလှန့်တုံ့ပြန်မူ" ကြောင့်အံ့ဩမူတွေကြီးထွားလာသည်။နောက်ဆုံးတွင်အသံတိတ်ဟာသတစ်ခုကြည့်နေသလိုမျိုးသူတို့ဘေးမှသာရပ်နေနိုင်ခဲ့ပြီးအပင်၏အကိုင်းအခတ်နွယ်ပင်တွေကိုသာကြည့်နေပြီး……….

"ဇီ…ဇီကျုးကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ"

လေထဲတွင်မီးခိုးရင့်ရောင်လက်တံများသည်ပိုက်ကွန်တစ်ခုလိုလိမ်ယှတ်သွားသော်လည်းသွမ့်ဇီသည် ဘောလုံးတစ်လုံးခုန်နေသလိုပတ်ပတ်လည်တွင် ပရမ်းပတာပျံသန်းနေပြီးတိုက်ခိုက်မူတစ်ခုဆီတိုင်းတွင်သူ့ရဲ့အရှိန်ကတိုးလာသည်။သူတို့ရဲ့မျက်လုံးတွေတောင်လိုက်မကြည့်နိုင်တဲ့အထိမီးခိုရောင်အရိပ်တွေအဖြစ်ပြောင်းသွားသည်။

ဟဲဇီကျုံးရဲ့နှုတ်ခမ်းထောင့်တွေကမဲ့ကျသွားသည်။ "အကွာအဝေးတစ်ခုလောက်အထိနောက်ပြန်ဆုတ် ပြီးနေရာလွတ်ထဲဝင်ကြရအောင်"သူ့ကပြောလိုက် ပြီးဖန်ဟောင်ရဲ့လက်ကိုဆွဲလိုက်ကာအနောက်ကို ဆုတ်လိုက်သည်။သန္ဓေပြောင်းအပင်သည်သူတို့ကို့ မတိုက်ခိုက်နိုင်လောက်တဲ့အကွာအဝေးဆိုတာ အတည်ပြုပြီးနောက်သူကအခြားတစ်ဖတ်သို့ ကျယ်လောင်စွာအော်ပြောလိုက်သည်။"ငါတို့နေရာလွတ်ထဲကိုပြန်ဝင်တော့မယ်၊မင်းမလာဘူးဆိုရင် မင်းကိုညကျရင်ရေချိုးခန်းထဲကိုဝင်ခွင့်မပြုဘူးနော်!!!"ပြောပြီးနောက်ဟဲဇီကျုံးသည်သူ့ဇနီးလေးနဲ့အတူ ဖြတ်ခနဲနေရာလွတ်ထဲသို့ဝင်သွားသည်။


သွမ့်ဇီသည်သူ့မိဘများပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရပြီးနောက်မရပ်တန့်နိုင်သောသွမ့်ဇီသည် ရပ်လိုက်ပြီးသူ့မိဘတွေနောက်လိုက်ကာနေရာလွတ်ထဲသို့ပြန်သွားသည်။

သစ်ကိုင်းလက်တံများသည်အစက ထူးဆန်းသောအဖြူရောင်အလုံးကိုဖမ်းဆီးရန် အတွက်ပိုက်ကွန်ကိုလုပ်လိုက်ပြီးသူ့ပိုင်ဆိုင်သင့်တဲ့ အဏုမြူကျောက်တုံးနှစ်တုံးကိုဘယ်လိုနုတ်ယူသင့်လဲဆိုတာကိုတွက်ဆဖို့လုပ်ထားပေမယ့်ပိုက်ကွန် အလယ်ကဟာကရုတ်တရက်ကြီးပျောက်သွားတယ်!!နွယ်ပင်များသည်အလယ်သို့ရွှေ့လျားနေဆဲဖြစ် ကာပြန်မရုတ်သိမ်းနိုင်တော့ဘဲပတ်ပတ်လည်လည်တွင်အပြင်းအထန်လိမ်ယှတ်ရှုပ်ထွေးနေခဲ့သည်။ ၎င်း၏သားကောင်သည်ပိုက်ကွန်မှလွတ်မြောက် သွားကြောင်းကိုတွေ့ရှိပြီးနောက်မနှစ်မြို့စရာကောင်းသောအချက်တစ်ခုဖြစ်ပေါ်လာသည်-နွယ်ပင်တွေကရှုပ်ထွေးရစ်နှောင်နေသည်။ဘောလုံးတစ်လုံးလိုတင်းတင်းကျပ်ကျပ်ရှုပ်ထွေးရစ်နှောင်နေပြီးဖြည်လို့မရတော့ပေ!!


အပြင်တွင်သွမ့်ဇီကြောင့်သန္ဓေပြောင်းအပင်၏အကိုင်းအခတ်များပျက်စီးသွားသည်ကိုဟဲဇီကျုံးမသိလိုက်ပေ။သူတို့နေရာလွတ်ထဲသို့ဝင်လိုက်သောအခါ သွမ့်ဇီကလည်းနေရာလွတ်ထဲသို့ဝင်လာတာကိုတွေ့လိုက်ရသည်။အပြင်ဘတ်ကအရှိန်ကြောင့်  သွမ့်ဇီကချက်ချင်းရပ်လို့မရနိုင်ပေ………..

"ဒင်း၊ဘန်း၊ဖေါင်း၊ဘန်း၊ဘန်း"အဖြူရောင်အလုံး လေးသည်ခွက်၊ပန်းကန်ပြားများကိုဝင်တိုက်ကာ ဗီရိုနဲ့ဆောင့်မိတာကိုမြင်တော့သူတို့ပါးစပ်ထောင့် များတွန့်ကွေးကာရီနေမိကြသည်။နောက်ဆုံးတွင်ဆိုဖာအနောက်ဖတ်ကနေခုန်ထွက်လာပြီးဖန်ဟောင်ဆီသို့ပစ်ဆောင့်ကာခုန်ဝင်လာသည်။

သနားချင်စဖွယ်ကောင်းသောသောက်ရှုးကြယ်ပမာ မျက်လုံးလေးတွေနဲ့သွမ့်ဇီသည်ဖန်ဟောင်ပွေ့ဖတ်မူထဲတွင်တိုးဝင်ကာပွတ်သပ်နေခဲ့ပြီးထိုအရာလေးသည်ဖန်ဟောင်လက်မောင်းထဲပြန်ရောက်ရန်အတွက် အချိန်အတော်ကြာသွားသည်။အစကသွမ့်ဇီသည် ၎င်း၏စိတ်ထိခိုက်နေသောမျက်လုံးလေးများဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်ကာဖန်ဟောင်သူ့ ခေါင်းလေးကိုပွတ်သပ်ပေးရန်စောင့်ဆိုင်းနေသည်။ထို့နောက်ရေကဲ့သို့တုန်ခါ၍၎င်း၏စိတ်ဝိညာဉ်ကို ပြန်ရလာသည်။နူးညံသောခန္ဓာကိုယ်လေးသည်လေထဲတွင်လွှင့်မျောနေကာသူ့ခန္ဓာကိုယ်သည်နောက်တစ်ကြိမ်တုန်ခါလာပြန်သည်။ 

အဖြူရောင်အလုံးလေးသည်တဖြည်းဖြည်းချင်းစတင်တောက်ပလာပြီးကြည်လင်တောက်ပသောအဖြူ ရောင်အလင်းတန်းများသည်သူ့ခန္ဓာကိုယ်အပေါ်မှ အောက်၊အရှေ့နှင့်အနောက်သို့ဖြာထွက်လာပြီး နောက်ဆုံးတွင်တောက်ပသောအလင်းတန်းများ သည်သူ့ခန္ဓာကိုယ်မှနေရာအနှံ့သို့ပျံ့နှံ့သွားကြသည်။

ဒီလိုထူးဆန်းသောတုံပြန်မူသည်စုစုပေါင်းနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး၎င်းသည်မျိုချလိုက်သောအဏုမြူကျောက်တုံးနှစ်ခုနှင့်ဆက်စပ်နေပုံရသည်။

ဟဲဇီကျုံးသည်မျက်မှောင်ကျုံလိုက်ကာအရသာရှိ သောအစားအစာကိုမျိုချလိုက်ရသလိုမျိုးမျက်လုံး      တွေကိုမှေးမှိတ်ထားတဲ့သွမ့်ဇီကိုဆွဲဆိတ်လိုက်ပြီး               ဝါးအိမ်အနောက်ကိုကြည့်လိုက်သည်။"အဖြူရောင် အလင်းတန်းကဘယ်ကိုပျံလွှင့်သွားလဲဆိုတာမြင်လိုက်လား"

ဖန်ဟောင်ကအနောက်ဘတ်သို့လက်ညိုးထိုးပြကာ"ဟိုဘတ်ကိုလေ၊ရေတွင်းထဲဝင်သွားတာဖြစ်လောက်တယ်"

"အင်းဖြစ်နိုင်တယ်"

သူတို့နှစ်ယောက်ဒီရက်ပိုင်းတွေမှာပထမအဆင့် ဇွန်ဘီအဏုမြူကျောက်တုံးတွေအများကြီးစုဆောင်းခဲ့ပေမယ့်သွမ့်ဇီကအဲ့တာတွေကိုမျက်လုံးနဲ့တစ်ချက်လေးတောင်ဝေ့မကြည့်ပေ။ထိုအရာများသည်သူကိုစိတ်ဝင်စားအောင်နည်းနည်းလေးတောင်မဆွဲဆောင်နိုင်ပေ။ဒါပေမယ့်သန္ဓေပြောင်းဝက်ဝံနှင့်အဆင့်၂ ဇွန်ဘီရဲ့အဏုမြူကျော်တုံးတွေရလာတဲ့အချိန်တွင်အချိန်တိုင်းချက်ချင်းမျိုချရန်သွမ့်ဇီကိုဆွဲဆောင်နိုင်ခဲ့သည်။အဲ့ဒါကိုကြည့်ရတာသွမ့်ဇီသည်ထိုကဲ့သို့သော အရာမျိုးတွင်ပါဝင်သည့်အချို့စွမ်းအင်နှင့်အာဟာရကိုလိုအပ်တာမျိုးဖြစ်နိုင်သည်။

"အဆင့်၁အဏုမြူကျောက်တုံးကိုကြတော့မစားဘူး၊အဆင့်မြင့်တဲ့ဟာဘဲစားတယ်ပေါ့လေ"ဟဲဇီကျုံးက ဖန်ဟောင်ရဲ့လက်မောင်းထဲမှာ"အစာခြေ"နေတဲ့ သွမ့်ဇီကိုထပ်ခါထပ်ခါတို့ကနန်းဆိတ်ကနဲလုပ်နေသည်။သွမ့်ဇီကလူစကားမပြောနိုင်တာကခက်သည် မဟုတ်ရင်နေရာလွတ်၊အဏုမြူကျောက်တုံးနဲ့ ပတ်သတ်ပြီးမေးခွန်းတွေမေးလို့ရနိုင်သည်။

"အထဲကိုမဝင်ရဘူး၊အစာမကြေမှာကိုစိုးရိမ်ရတယ်"ဟဲဇီကျုံးသည်သွမ့်ဇီကိုကိုင်မြှောက်လိုက်သည်။ ပျော်ရွှင်မူကြောင့်မျက်လုံးလေးတွေမှေးမှိတ်ထား သောသွမ့်ဇီသည်မျက်လုံးပြူးသွားပြီးသူ့ရဲ့နူးညံ့ သောခန္ဓာကိုယ်လေးဖြင့်ရမ်းခါနေသည်။

"နေရာလွတ်အတွက်ကောင်းတဲ့အရာဆိုတော့ ဘာဘဲဖြစ်ဖြစ်ကျန်နေသေးတဲ့စွမ်းအင်တွေနေရာလွတ်ထဲကိုဝင်ဖို့လိုအပ်တယ်ဖြုန်းတီးလို့မရဘူး" ဖန်ဟောင်သည်ဟဲဇီကျုံးလက်ထဲမှကန်ထုတ်ခံရ တော့မယ့်သွမ့်ဇီကိုဂရုတစိုက်ကယ်ဆယ်လိုက်ပြီး နောက်တစ်ကြိမ်ပွေ့ဖတ်ကာညင်ညင်သာသာလေး ပွတ်သပ်ပေးလိုက်သည်။သွမ့်ဇီကသူ့လက်မောင်း လေးကိုပွတ်သပ်နေပြီးသက်တောင့်သက်သာနဲ့ မျက်လုံးလေးကိုမှေးထားသည်-ဒါကြောင့်သူ့လှပတဲ့"မားမား"ကိုကြိုက်ပြီးသူ့ အေးစက်တဲ့"ပါးပါး"ကိုမုန်းတာဘဲ!!!

{T/N-သွမ့်ဇီလေးရယ်နင်ကရေချိုးခန်းထဲလိုက်လိုက်ဝင်တာကိုအဲ့တော့နင်ပါးပါးကနင်ကန်ထုတ်ပြီပေါ့သူတို့လည်းအရေးကြီးလေ့ကျင့်ခန်းလုပ်ရမယ်လေ ဟီးဟီး}

သွမ့်ဇီကတခြားသူဆီကနေအဏုမြူကျောက်တုံးကို ဓားပြတိုက်ခဲ့တယ်…..မဟုတ်ဘူးသွမ့်ဇီကသူ့တို့ရဲ့ အဆင့်၂အဏုမြူကျောက်တုံးကိုပြန်လည်ကယ်ဆယ်ခဲ့တယ်လို့ပြောသင့်သည်။နှစ်ယောက်သားနေရာလွတ်ထဲမှတိတ်တဆိတ်မထွက်ခင်ခဏလောက် သည်။ပြန်ကြည့်ရန်အတွက်တယ်လီစကုပ်ကိုအသုံး ပြုလိုက်ပြီးဟဲဇီကျုံးရဲ့ပါးစပ်ထောင့်များမဲ့ကြသွားကာ-F****Kဘယ်လိုဖြစ်ပြီးဘောလုံးတစ်လုံးလို    ရစ်လိမ်နေပြီးပြင်းပြင်းထန်ထန်ရုန်းကန်နေတာလဲ?

"ထွက်မယ်"သူ့အစကထိတ်လန့်သွားသော်လည်း  အကိုင်းအခတ်များရှုပ်ထွေးတွန့်လိမ်လာခြင်းရဲ့ အကျိုးသက်ရောက်မူကိုမြင်ပြီးနောက်ပြတ်ပြတ်  သားသားလက်ဟန်ခြေဟန်ပြခဲ့သည်။နှစ်ယောက်သားနေရာမှတိတ်တဆိတ်ထွက်ခွာရန်လမ်းကျဉ်း လေးကိုရွှေးလိုက်သည်။သူတို့ရဲ့"ကလေး"သည်  ရမ်းကားသည်အဲ့ဒါကတစ်ခြားသူကိုဘယ်လိုရန်စ ထားလဲဆိုတာကိုကြည့်ပါဦး။အကယ်လို့အခုသူတို့ရဲ့ လက်နက်တွေနည်းနည်းလေးဘဲမရှိခဲ့ဘူးဆိုရင်သူတို့ကအခွင့်အရေးယူပြီးတော့တိတ်တဆိတ်သွား ကာသန္ဓေပြောင်းအပင်ကိုရှင်းလင်းပစ်လိုက်မည်။

ရက်ပေါင်းများစွာအရာဝတ္ထုများကိုတိုက်ပြီးနောက် SUVကားသည်စိတ်ဝင်စားစရာကောင်းသောပုံစံတစ်ခုအဖြစ်သို့တွန့်လိမ်ကောက်ကွေးကာပုံပန်းပျက်စေသည်။"အမိုး"နှင့်"ကိုယ်ထည်"တွင်ပေါက်နေပြီးဝမ်းနည်းစရာကောင်းသောပုံစံလေးသည်ကားပြောင်းဖို့အတွက်သူတို့နှစ်ကိုစဉ်စားရန်ပြုလုပ်နေသည်။

ကမ္ဘာပျက်ကပ်မတိုင်ခင်တွင်ဟဲဇီကျုံးသည်80% လောက်သစ်သောhummerကားတစ်စီးကိုငှားရမ်းခဲ့ပြီးနေရာလွတ်ထဲကိုပစ်ထည့်ခဲ့သည်။အခုချိန် အတွက်အရံ့သင့်ဖြစ်သွားသည်။ဒါပေမယ့်ပြဿနာသည် ကားလဲလိုက်ခြင်းထက်ပိုကြီးသည်။

"နေရာလွတ်ထဲမှာhummerကားတစ်စီးဘဲရှိတော့တယ်၊ယာဉ်အပိုမရှိတော့ဘူး"ဒီတစ်ခေါက်သူတို့ အပြင်ထွက်လာတော့နေရာလွတ်ထဲသို့ကားအနည်းငယ်ပစ်ထည့်ရန်ရှာဖွေဖို့အစတုန်းကစီစဉ်ခဲ့ပေမယ့်သူတို့တွေ့တဲ့ကားအများစုသည်သော့မရှိတာ ဒါမဟုတ်အရမ်းပျက်စီးနေတာကိုသာတွေ့ခဲ့ရသည်။ ထို့အပြင်သာမာန်ကားအများစုရဲ့ကိုယ်ထည်သည် နိမ့်ပြီးအခုထိခိုက်ပျက်စီးထားတဲ့SUVလောက်တောင်မကောင်းပေ။သူတို့ကပျော့ပျောင်းပြီးကြွပ်ဆတဲ့ကားတွေကိုတော့မလိုချင်ပေ။

ထိုအချိန်တွင်နှစ်ယောက်စလုံးသည်အစောပိုင်းကတည်းကသင့်တော်တဲ့ကားတွေကိုရှာဖွေပြီး နေရာလွတ်ထဲမှာထည့်ထားဖို့အနီးနားရှိကား အရောင်းပြခန်းတွေကိုမသွားခဲ့တာကိုနောင်တရနေသည်။

"ကျွန်တော်တို့မြို့ထဲကိုသွားကျမလား"လုံခြုံရန်ဆိုတဲ့အကြောင်းပြချက်နဲ့သူတို့ဒီတစ်ကြိမ်သွားခဲ့တဲ့ နေရာအများစုသည်မြို့ကြီးတစ်ဝိုက်ကမြို့ငယ်လေးတွေဖြစ်သည်။မြို့ငယ်လေးများတွင်ဇွန်ဘီများ နည်းပါးသော်လည်းကားအကောင်းစားသို့မဟုတ် ကားအရောင်းပြခန်းတွေကိုရှာဖွေဖို့ရန်ခက်ခဲသည်။ 

ဟဲဇီကျုံးကခဏလောက်စဉ်းစားကြည့်ပြီးခေါင်းရမ်းလိုက်သည်"Aမြို့ကိုဘဲပြန်ကျရအောင်၊အဖြေတစ်ခုရှာဖို့မကြိုးစားခင်ကိုယ်တို့တစ်ယောက်ယောက်နဲ့ အဖွဲ့ဖွဲ့နိုင်မလားဆိုတာစောင့်ကြည်ရအောင်"ကမ္ဘာပျက်ကပ်အတွင်းတွင်ပစ္စည်းတွေစုဆောင်းတဲ့အခါအသင်းဖွဲ့ထားတာအကောင်းဆုံးဖြစ်သည်။၎င်းတို့အထဲတွင်ဘေးအကင်းဆုံးမှာစစ်တပ်နဲ့လက်တွဲ လုပ်ဆောင်ခြင်းဖြစ်သည်-စစ်တပ်ကအရှေ့တွင်ရှိသောဇွန်ဘီများကိုရှင်းလင်း ပြီးအဖွဲ့ငယ်လေးတွေကပစ္စည်းများကိုစုဆောင်းရန် နောက်ကလိုက်ကြသည်။ထိုသို့သောလုပ်ငန်းစဉ်တစ်ခုပြီးနောက်တွင်နောက်ကလိုက်သောအဖွဲ့ငယ် များသည်အခြေစိုက်စခန်းကိုပစ္စည်းရဲ့၈၀%သို့မဟုတ်၇၀% ပြန်ပေးရသည်။နှစ်ဖတ်စလုံး အကျိုးအမြတ်ရတယ်လို့ပြောနိုင်သည်။

ဖန်ဟောင်နဲ့သူကဲ့သို့လူနှစ်ယောက်ဘဲအပြင်ထွက် သောအခါမြို့တော်တစ်ဝိုက်မှာရှိတဲ့ရွှာတွေနဲ့ မြို့ငယ်လေးတွေကိုဘဲပစ္စည်းစုဆောင်းရန်သွားနိုင်သည်။အဲ့တာကဘဲအံ့ဩစရာလို့ယူဆပြီးသားဖြစ်သည်။{T/N-နှစ်ယောက်တည်းပစ္စည်းစုဆောင်းဖို့ အပြင်ထွက်တာကကိုအံ့ဩစရာကောင်းနေပြီးသားလို့ပြောချင်တာပါ}။မြို့တော်ထဲကိုဝင်ပြီးသွားဖို့ဆို တာစဉ်းစားကြည့်ရင်တောင်မဖြစ်နိုင်ပေ။သူတို့မှာ ထွက်ပြေးဖို့အတွက်အဆင်ပြေသောနေရာလွတ် တစ်ခုရှိတယ်ဆိုရင်တောင်လုပ်ငန်းစဉ်က အဆင်ပြေချောမွေ့မှာမဟုတ်ဘူး။

ဖန်ဟောင်ကသူ့ရဲ့ခံယူချက်ဖြစ်တဲ့"ဟဲဇီကျုံးဆုံးဖြတ်ချက်ချသမျှသည်မှန်ကန်သည်အကယ်လို့သူ့မမှန်ဘူးဆိုရင်တောင်သူ့ကတော့ဟဲဇီကျုံးဘေးမှာ ရပ်တည်ပေးနိုင်သည်"ဆိုတာကိုလိုက်နာနေတုန်း ဖြစ်သည်။သူ့ကသွမ့်ဇီကိုပွေ့ထားပြီးနာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။သူ့လောင်ကုန်းနဲ့အတူ ပစ္စည်းစုဆောင်းရန်အပြင်ထွက်ခြင်း၊ဇွန်ဘီတွေကိုတိုက်ခိုက်ခြင်း၊သွမ့်ဇီကိုပွေ့ဖတ်ခြင်းစတဲ့အခုလက်ရှိ နေထိုင်မူပုံစံကိုသဘောကျသော်လည်းဟဲဇီကျုံး ကအခြားသူတွေနဲ့အလုပ်လုပ်ချင်တယ်ဆိုကတည်းကသူ့ကြောင့်ဟဲဇီကျုံးကိုဆွဲချမိတာမျိုးဘယ်တော့မှမဖြစ်စေရဘဲဟဲဇီကျုံးဘေးနားမှာရှိနေပေးကာ ကြိုးကြိုးစားစားလုပ်ကိုင်သွားမှာဖြစ်သည်။  ဟဲဇီကျုံးကအခြားသူတွေနဲ့အဖွဲ့ဖွဲ့ချင်တာဘဲဖြစ်ဖြစ်တခြားအရာတစ်ခုလုပ်ချင်တာဘဲဖြစ်ဖြစ်သူ့အတွက်အဆင်ပြေသည်။

နှစ်ယောက်သားနေရာလွတ်ထဲကနေHummerကားအသစ်ကိုထုတ်ယူလိုက်ပြီးလမ်းမပေါ်ပြန်မောင်း လာခဲ့သည်။ဒီကား၏စွမ်းဆောင်ရည်နှင့်တိုက်နိုင်တဲ့ စွမ်းရည်သည်အရင်တစ်ခုထက်ပိုကောင်းသည်။ ၎င်းကဓာက်ဆီအများကြီးကုန်တာတော့နှမြောစရာကောင်းသည်။သူတို့မှာအခုချိန်တွင်လုံလောက်တာထက်ပိုပြီးတော့ဓာက်ဆီတွေအများကြီးစုဆောင်း ထားရင်တောင်အနာဂတ်တွင်ခေါင်းကိုက်စေနိုင် သောပြဿနာဖြစ်နိုင်သည်။

Aမြို့ကိုပြန်တဲ့အပြန်လမ်းသည်ပိုပြီးတော့ခတ်ခဲလာသည်။လမ်းတွင်ဇွန်ဘီများ ပိတ်ဆို့နေခြင်း၊ပျက်စီး နေသောကားများနှင့်အမှိုက်သရိုက်များသည်အရင်ကထက်ပိုပြီးတော့များလာသည်။လမ်းတစ်လျှောက်တွင်ပိတ်ဆို့လုယတ်သူများလည်းမရေမတွက် နိုင်အောင်ရှိနေသည်။ကံကောင်းစွာဖြင့်ဟဲဇီကျုံးသည်ဂရုတစိုက်နဲ့သူ့၏ယခင်ဘဝမှစူးစမ်းလေ့လာခြင်း စွမ်းရည်ဖြင့်သူတို့အားအချိန်ကုန်၍ဒုက္ခရောက်စေ နိုင်သောအရာများမှအကြိမ်ကြိမ်ရှောင်ရှားနိုင်ခဲသည်။

စစ်တပ်ဖြင့်ဝိုင်းထားတဲ့Aမြို့အခြေစိုက်စခန်းအနီး နားသို့ရောက်ခါနီးအထိမောင်းလာပြီးမှနောက်ထပ် ယာဉ်ကြောပိတ်ဆို့မူတစ်ခုဖြစ်နေသည်။

ဒီတစ်ခေါက်ယာဉ်ကြောပိတ်ဆို့ခြင်းသည်ကား အများစုကအခြေစိုက်စခန်း၏အရှေ့ဘတ်တွင်ပိတ်ဆို့ထားပြီးဝင်ခွင့်သို့မဟုတ်ထွက်ခွာခွင့်မပြု ကြောင်းကိုမသိသောသောကြောင့်ဖြစ်သည်။မြစ်ကိုကွေ့ပြီးမြောက်ဘတ်ဂိတ်သို့သာသွားနိုင်သည်။ အချို့ကားများသည်ကျော်တက်သွားရန်ကြိုးစားခဲ့ ပြီးနောက်ပြန်လှည့်လာချိန်တွင်အနောက်ကကား များနှင့်ကျပ်နေပြီးအချိန်ခဏလောက်ထိတိုင်အောင် ဘယ်သူမှပြန်မထွက်နိုင်ပေ။

ဆန့်ကျင်ဘတ်အနေနဲ့မြို့ပြဧရိယာမှအမြန် ထွက်ပြေးလာသောလူအများစုသည်အနောက်တွင် ဇွန်ဘီများကိုသယ်ဆောင်လာကြသည်။

အဝေးပြေးလမ်းမကြီးသည်ဇွန်ဘီများ၏ဟိန်းဟောက်သံ၊အော်ဟစ်သံများနှင့်ပြည့်နှက်နေသည်။

ဟဲဇီကျုံးသည်သူ့ရှေ့ကလမ်းပေါ်တွင်အနက်ရောင် ဆေးခြယ်ထားသည်ကိုအဝေးမှမြင်လိုက်ရသည်။ သူ့ကချက်ချင်းအခြားလမ်းတစ်ခုကိုကွေ့လိုက်ပြီး  မြစ်မြောက်ဘတ်သို့လမ်းကျည်းလေးကနေ မောင်းလာခဲ့သည်။တန်းစီနေသောကားများသည် အခြေနေမှားယွင်းဆိုးဝါးလာသည်ကိုမြင်လိုက် သောအခါသူတို့ကလည်းပြန်ကွေ့လာပြီး မြှောက်ဘက်သို့မောင်းလာကြသည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment