ဟဲဇီကျုံးနားလည်သည်အကယ်လို့သူတို့ကမ်းလှမ်းတာကိုငြင်းလိုက်ရင်တောင်သူတို့လိုက်ချင်တဲ့ အတိုင်းသူတို့ကားနောက်ကိုလိုက်လာမှာဘဲ ဖြစ်သည်။သူပြဿနာမတက်ချင်သောကြောင့် ပခုံးသာတွန့်ပြလိုက်သည်။
ထိုလူသည်မနက်ခင်းထွက်ခွာရမည့်အချိန်နှင့် ရှေ့ဆက်သွားမည့်လမ်းကိုဆွေးနွေးပြီးဝမ်းသာအားရသဘောတူပြီးနောက်ကျေနပ်စွာသူတို့ကားဆီသို့ ပြန်လှည့်သွားသည်။
သူကစိတ်ပျက်လက်ပျက်ဖြစ်နေသောဖန်ဟောင်ကိုလက်လှမ်းပြီးထိလိုက်ကာ"ဒီတစ်ညတော့ဒီမှာဘဲ နေကြတာပေါ့"
ဖန်ဟောင်ကသက်ပြင်းချလိုက်ပြီးခေါင်းငြိမ့်ကာ" ကျွန်တော်အစကဒီညမုန့်တစ်ခုခုလုပ်မလို့ စဉ်စားထာတာ"
ဟဲဇီကျုံးကသေချာလေးစဉ်စားပြီး"မင်းနေရာလွတ်ထဲအရင်ဝင်ပြီးအဲ့တာတွေလုပ်လိုက်လေ ၊ပြီးရင်ရေချိုးပြီးခဏနားလိုက်လေမင်းပြီးပြီဆိုမှ ကိုယ်မင်းကိုနေရာလွတ်ထဲကပြန်ထုတ်ပေးမယ်လေ"
"ဟမ်!?"ဖန်ဟောင်မျက်လုံးတွေပြူးကျယ်သွားပြီး "အဲ့လိုလုပ်လို့ရလို့လား?"
ဟဲဇီကျုံးကသူ့ဆံပင်လေးတွေကိုထပ်ပွတ်လိုက်သည်။သူ့ရဲ့ပျော့ပျောင်းနူးညံသောဆံခြည်မျှင်များသည်သူအကျင့်စရိုက်လေးလိုဘဲနူးညံပေမယ့်ကြံခိုင်သည်။"လုပ်လို့ရတာပေါ့တစ်ခုခုဖြစ်လို့ရှိရင်လည်း ကိုယ်ကိုခေါ်လို့ရတယ်၊ကိုယ်ကအပြင်ကနေလည်း နေရာလွတ်ထဲကိုမြင်လည်းမြင်နိုင်တယ်ကြားလည်းကြားနိုင်တယ်"
နေရာလွတ်လက်ကောက်ကအံ့ဩဖို့ကောင်းလွန်း သည်။ပစ္စည်းတွေ၊တိရစ္ဆာနဲ့လူတွေကိုကောကြိုက်တဲ့အချိန်ထုတ်လို့လည်းရသလိုထည့်လို့လည်းရ သည်။"ထုတ်မယ်"ဆိုတဲ့စကားလုံးကလူတွေတွက် တော့ကြားရတာအဆင်မပြေပေမယ့်ဘာမှတော့ ကွာခြားမှုမရှိပေ။
တစ်နည်းဆိုရသော်ဟဲဇီကျုံးကဖန်ဟောင်ကိုနေရာAမှာနေရာလွတ်ထဲသို့ဝင်ခွင့်ပြုပြီးသူတို့နေရာBသို့ ရောက်သောအခါဖန်ဟောင်ကိုသူဘေးနားသို့ ပေါ်လာစေရန်နေရာလွတ်ထဲကနေထုတ်လိုက်လို့ရသည်။
ဟဲဇီကျုံးအနေနဲ့လည်းသူနေရာလွတ်ထဲသို့ဝင်လိုက်သောအခါသူ့လက်ကောက်ကအပြင်မှာ ကျန်ရစ်နေမှာဖြစ်သည်။အကယ်လို့ တစ်စုံတစ်ယောက်သည်လက်ကောက်ကိုယူသွားပါကဟဲဇီကျုံးအပြင်ထွက်လာသောအခါသူသည်လက်ကောက်ရှိတဲ့နေရာမှာပေါ်လာမှာဖြစ်ပြီး လက်ကောက်ကလည်းချက်ချင်းပင်သူ့လက်တွင် ဝတ်ဆင်သွားမည်ဖြစ်သည်။
ပိုပြီးရှက်စရာကောင်းတာကအကယ်လို့ တစ်စုံတစ်ယောက်ကမသိဘဲလက်ကောက်ကို ယူသွားပြီးဝတ်ဆင်လိုက်မယ်ဆိုရင်ဟဲဇီကျုံး နေရာလွတ်ထဲကထွက်လာတဲ့အခါအဲ့ဒီလူကို ချက်ချင်းအဝေးသို့တိုးဝှေ့ပြီးလက်ကောက်က သူ့လက်မှာပြန်ဝတ်သွားမှာဖြစ်သည်။
အရင်ဘဝတုန်းကသိုက်ကျွင်းဟာ ဟဲဇီကျုံးရဲ့နေရာလွတ်သည်လက်ကောက်နဲ့ ဆက်စပ်နေသည်ကိုသေချာသွားတဲ့အကြောင်းရင်းကသူ့ကိုယ်တိုင်မျက်စိနှင့်မြင်ဖူးလို့ဘဲဖြစ်သည်။
အခုကဟဲဇီကျုံးသည်သူ့ရဲ့ခံစားချက်တွေအကုန်လုံးနှင့်ယုံကြည်မှုတွေကိုဖန်ဟာင်ကိုပေးထားသည်။ ဖန်ဟောင်ကသူ့အရင်ဘဝကသိုက်ကျွင်းလိုမျိုး နေရာလွတ်ထဲမှာအချိန်ကြာကြီးနေခဲ့ရင်တောင် သိုက်ကျွင်းလုပ်သွားသလိုမျိုးဘယ်တော့မှမလုပ်ဘူးဆိုတာယုံကြည်သည်။
ဟဲဇီကျုံးသည်စိတ်စွမ်းအင်ဖြင့်နေရာလွတ်ထဲသို့ ခိုးကြည့်တော့ ဖန်ဟောင်သည်မီးဖိုချောင်ထဲသို့ပြေးဝင်ကာ လက်ကိုဆေးပြီးသိုလှောင်ထားရန်အတွက်အစားစာတွေကိုပြင်ဆင်ထုတ်ပိုးနေတာကိုမြင်ပြီး ဟဲဇီကျုံးသည်မပြုံးဘဲမနေနိုင်ပေ။အဲ့ဒါကို စဉ်စားကြည့်ရင်းသူကမှတ်ဉာဏ်ကို(အရင်ဘဝ)အခြေခံပြီး Aမြို့အနီးတဝိုက်မှာရှိတဲ့နေရာတွေရဲ့သတင်းအချက်လတ်ကိုမှတ်သားရန်သူ့ဖုန်းကိုထုတ်လိုက်သည်။ ထို့နောက်ချက်ချင်းပင်မြေပုံစာရွတ်ကိုဖွင့်ကာ အမျိုးမျိုးသောမှတ်သားမူများပြုလုပ်ခဲ့သည်။
သူတို့နှစ်ဦးစလုံးအသုံးပြုဖို့တွက်သာမက နောက်ပိုင်းတွင်အခြေစိုက်စခန်းရှိအခြားလူများနှင့်အဏုမြူကျောက်တုံးများလဲလှယ် ရန်အတွက်ပစ္စည်းအလုံလောက်ရှိဖို့ လိုအပ်သောကြောင့်သူတို့ပစ္စည်းတော်တော် များများကိုစုဆောင်းရန်လိုအပ်သည်။
အဏုမြူကျောက်တုံးတွေရဲ့တည်ရှိမူကိုလူတွေ ရှာဖွေတွေ့ရှိရန်အချိန်တော်ကြာခဲ့သည်-တကယ်တော့အဏုမြူကျောက်တုံးတွေရဲ့ အရွယ်စားကသေးလွန်းသည်။ဒါပေမယ့်မကြာခင် မှာသို့မဟုတ်အချိန်တော်တော်ကြာတွင်အခြေစိုက်စခန်းတွင်တစ်ခုပြီးတစ်ခုပေါ်ထွက်လာမည်ဖြစ်သည်။ အဏုမြူကျောက်တုံးကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုဘယ်သူမှမသိသော်လည်းလူတွေရဲ့ စဉ်စားနိုင်စွမ်းကိုမဟန့်တားနိုင်ဘူး။ဘယ်သူ့ကဒီလို ကမ္ဘာပျက်ကပ်ဝတ္ထုမျိုးကိုမဖတ်ဖူးဘဲနေမလဲ။
သူ့၏နေရာလွတ်သည်လည်းအဏုမြူကျောက်တုံးကိုလိုအပ်သောကြောင့်အဏုမြူကျောက်တုံးတွေအများကြီးစုဆောင်းရန်သူတို့နှစ်ယောက်တွက် မဖြစ်နိုင်ပေ။အထူးသဖြင့်ရက်အနည်းငယ်ကြာပြီး နောက်တွင်ဇွန်ဘီတွေရဲ့လှုပ်ရှားမူသည်လူသားများကဲ့သို့ပင်ပို၍ပျော့ပြောင်းလာတော့မည်။ပိုပြီး ကြောက်စရာကောင်းတာကတော့သူတို့မှာ အံ့ဩစရာကောင်းတဲ့ခွန်အား၊မောပန်းနွမ်းနယ်မှုမရှိ ခြင်းနှင့်အိပ်စရာမလိုခြင်းကြောင့်ဖြစ်သည်။
ခေါင်းကိုက်ခြင်းကိုသတ်သာစေရန်သူ့နဖူးကို ပွတ်သပ်ရင်းဦးနှောက်ထဲတွင် အရာများကြီးရှိနေခြင်းသည်မကောင်းကြောင်းသူ ခံစားခဲ့ရသည်။များများတွေးလေ၊များများ ခေါင်းကိုက်လေဖြစ်နေသည်။
ကားအနောက်ဘတ်မှာအလင်းရောင်သည် ဖျော့ဖျော့လေးသာ ရှိတော့သည်။ညခုနစ်နာရီကျော်နေပြီဖြစ်ပြီး ထိုလူများသည်ထမင်းစားပြီးအနားယူရန်ပြင်ဆင် နေပုံရသည်။ကားပေါ်ကဆင်းသွားတဲ့လူတစ်ချို့သည်အပေါ့စွန့်ရန်အတွက်လမ်းနှစ်ဖတ်စလုံးမှာရှိနေတဲ့ချုံပုတ်များဆီသို့သွားကြသည်။ဟဲဇီကျုံးရဲ့စိတ်သည်ဟိုရောက်သည်ရောက်ပျံ့လွင့်သွားပြန်သည်-အပင်တွေကဘယ်ချိန်မှာစတင်ပြီးသန္ဓေ ပြောင်းတာလဲ?
ကမ္ဘာပျက်ပြီးနောက်နေရာတော်တော်များများတွင်အပင်အများပြားသည်ညိုးနွမ်းသွားပြီး ကြီးထွားနိုင်ခြင်းမရှိပေ။အပင်အနည်းငယ်သည် မျိုးပြောင်းသွားပြီးအလွန်ကြမ်းကြုတ်လာကာအချို့သည်အလွန်အဆိပ်ပြင်းထန်လာကြသည်။ စားသုံးနိုင်သောတစ်ခုတည်းသောကောက်ပဲသီးနှံမှာ အရသာညံ့ဖျင်းပြီးရှင်သန်နိုင်စွမ်းရှိသောအညံ့စား ဆန်စပါးနှင့်ဂျုံများဖြစ်ကြသည်။ထိုကြောင့် ကမ္ဘာပျက်ကပ်အစာပိုင်းတွင်နိုးထခဲ့သော နေရာလွတ်စွမ်းရည်အသုံးပြုသူများ သိုလှောင်ထားခဲ့သောအစားစာများ၏စျေးနှုန်းသည် သိသိသာသာမြှင့်တက်လာခဲ့သည်။
သူ့နားထင်ကိုပွတ်လိုက်ကာသူ့လက်ချောင်းတွေကိုသူ့အမှတ်အသားပြုထားတဲ့ရှုပ်ပွနေတဲ့မြေပုံထဲမှ ခေါက်ဆွဲခြောက်စက်ရုံရဲ့နေရာကိုထိလိုက်သည်။ အထူးသဖြင့်တခြားအရေးကြီးသောပစ္စည်းများ၏ စက်ရုံသို့သွားရာလမ်းတစ်လျှောက်တွင်ဒီစက်ရုံကိုအရင် သွားဖို့အဆင်ပြေသည်။
လုပ်စရာတွေအများကြီးရှိသေးတယ်တစ်ခုပြီးတစ်ခုလုပ်ကြတာပေါ့……
သူ့အဲ့ဒါကိုစဉ်စားနေရင်းရုတ်တရက်ကြီး"ဂါး---"ဆိုသောအသံကိုဖွင့်ထားတဲ့ပြတင်းပေါက်ကနေ ကြားလိုက်ရသည်။အသံကတော်တော်လေးတိုးနေ ပြီးအဝေးကနေလာတဲ့အသံဖြစ်ပေမယ့်သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့လမ်းဘေးမှာ အောက်ငိုက်စိုက်ကျပြီးသွားနေတဲ့လူနှစ်ယောက်ကို မြင်လိုက်တော့ဟဲဇီကျုံးကလက်အိတ်ကို စွပ်လိုက်ပြီးသံတုတ်ကိုကောက်ကိုင်လိုက်သည်။ ဓာက်မီးတစ်လတ်ကိုနေရာလွတ်ထဲမှ ထုတ်ယူလိုက်ပြီးနောက်ကကားကို အကြိမ်ပေါင်းများစွာဓာက်မီးဖြင့်ထိုးလိုက်သည်။
အနောက်ကကားကလူတွေကနိုးနိုးကြားကြားဖြစ်လာပြီးတံခါးကိုမြန်မြန်lockချကာအပြင်ကိုငေးပြီး ပတ်ပတ်လည်ကိုကြည့်လိုက်သည်။သေချာတာပေါ့ ဇွန်ဘီတစ်ကောင်အတွက်လယ်ကွင်းထဲက မြတ်ခင်းပြင်ထဲကနေထွက်လာဖို့အချိန်သိပ်မကြာလိုက်ဘူး။
ဟဲဇီကျုံးကတံခါးကိုဖွင့်လိုက်ပြီးဇွန်ဘီကိုကျွမ်းကျင်စွာသုတ်သင်ရှင်းလင်းလိုက်သည်။ အဏုမြူကျောက်တုံးတွေကိုစုဆောင်းပြီးနောက် သူကသေသွားတဲ့ဇွန်ဘီတွေကိုလယ်ကွင်းထဲသို့ ပြန်ကန်ထုတ်လိုက်သည်။အကယ်၍ဇွန်ဘီအတွက်သာမဟုတ်ပါကသူသည်Lei Fengလိုမျိူးတိုက်ခိုက်ရန်အတွက်လက်ဦးမူရယူမည်မဟုတ်ပေ။
အနောက်ကကားကလူများသည် သာမာန်လမ်းလျှောက်ထွက်နေတဲ့ပုံအတိုင်း ဖြစ်နေတဲ့သူကို ကြည့်ပြီးမသိစိတ်အရသတွေးမျိုချမိ သွားသည်။ဘယ်သူကမှအပြင်ထွက်ပြီးသူကိုစကားမပြောရဲကြပေ-ဘာကြောင့်လဲဆိုတော့သူလက်ထဲမှာခုချိန်ထိ လူသတ်လက်နက်ရှိနေသေးလို့ဘဲ!!
နောက်ထပ်ဒုတိယကားကဟဲဇီကျုံးနှင့်နေခင်းဘတ်တွင်တွေ့ဖူးသောအမျိုးသမီးသည်သူမရင်ဘတ်ကိုပုတ်ကာတတွက်တွက်ရေရွတ်နေသည်"ကံကောင်းလို့ ငါတို့မနက်ဖြန်ကျရင်သူတို့နဲ့လမ်းသပ်သပ်စီ ဖြစ်သွားပေလို့ကြည့်ဦးဇွန်ဘီတွေကို သတ်တာလည်းကျွမ်းကျင်နေတာဘဲအရင်က သူ့လူသတ်ဖူးလားဆိုတာဘယ်သူသိမှာလဲ"
ဇွန်ဘီများသည်အသံနှင့်အနံ့များကိုပို၍ အာရုံခံနိုင်ပြီးအထူးသဖြင့်အသံများ၏ဆွဲဆောင်မူသည်အခြားအရာအားလုံးထက်ပိုပြီသာလွန်သည်။ သွေးရဲ့အနံကဒုတိယဖြစ်ပြီးလက်ဆက်သောသွေး၏အနံကသာသူတိုကိုပိုပြီးဆွဲဆောင်နိုင်မည်ဖြစ် သည်။
ဒါပေမယ့်လူတွေကိုစိုးရိမ်ပူပန်စေတဲ့အရာကတော့ လူတွေရဲ့ဆီးကလည်းတူညီတဲ့ဆွဲဆောင်မူမျိုး ရှိနေမှာကိုဖြစ်သည်။တစ်ချို့လူများသည်အသံက အနီးနားရှိဖုတ်ကောင်များကိုဆွဲဆောင်နိုင်သည်ဟုထင်သလိုအခြားသူများသည်လည်းအမျိုးသမီးရဲ့ ရာသီသွေးကဲ့သို့၎င်းတို့ရဲ့ကျင်ငယ်ကလည်းအနီးနားရှိဇွန်ဘီများကိုဆွဲဆောင်နိုင်လိမ့်မည်လို့ထင်ကြသည်။
မည်သို့ပင်ဆိုစေကာမူတောရိုင်းထဲတွင် အပေါ့စွန့်သောအခါသူတို့၏တင်တင်(You know that mean)အကိုက်မခံရဖို့ရှောင်ကြဉ်ရန် အထူးသတိထားရမည်ဖြစ်သည်။အကယ်လို့သူတို့ အကိုက်ခံရပြီးအသက်ရှင်လို့ဇွန်ဘီမဖြစ်ခဲ့ဘူးဆိုရင်တောင်Dongfang Bubiလိုဖြစ်လာဖို့ကူညီရန် နေကြာပန်းလက်စွဲကိုယ်ခံပညာသိုင်းစာအုပ်မရှိပေ။
{T/N Dongfang Bubiဆိုတာကတရုတ်သိုင်းဝတ္ထုထဲကဇတ်ကောင်ပါ။သူကအစွမ်းထက်လာဖို့နေကြာလက်စွဲသိုင်းစာအုပ်ကိုကျင့်ကြံခဲ့တာပါ၊ကျင့်ကြံဖို့လိုအပ်တဲ့အခြေခံအချက်ကသင်းကွပ်ဖို့ပါ ။ဘေဘီတို့ရဲ့သိတဲ့အတိုင်းဖြတ်လိုက်ရတာပေါ့ နော်}
ဟဲဇီကျုံးကကားထဲကိုပြန်လာခဲ့ပြီးသံတုတ်ကို အဝေးမှာထားလိုက်ပြီးသူ့လက်အိတ်ကိုချွတ်ကာ ရေသောက်ရန်အတွက်ရေပုလင်းကိုယူဖို့လွယ်အိတ်ထဲသို့လက်နှိုက်လိုက်သည်။
သူသည်နေရာလွတ်ထဲကိုစူစမ်းရန်စိတ်စွမ်းအင်ကို အသုံးပြုလိုက်တော့ဧည့်ခန်းထဲကကော်ဖီစားပွဲပေါ်တွင်နေရာလွတ်ထဲကရေဖြည့်ထားတဲ့ပုလင်း အနည်းငယ်ကိုတွေ့လိုက်ရသည်။ဖန်ဟောင်က တမင်တကာသူ့အဆင်ပြေရန်အတွက်ပြင်ဆင်ပေးထားမှန်းသိလိုက်ရတော့သူ့နှလုံးသားလေးက နွေးထွေးသွားသည်။
ကော်ဖီစားပွဲပေါ်ရှိရေတစ်ပုလင်းဖြင့်သူလက်ထဲရှိ ပုလင်းအလွတ်ကိုအစားထိုးလိုက်ပြီးရေကို သူ့အစာအိမ်ထဲသို့လောင်းချလိုက်သောအခါသူ့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကချက်ချင်းပျောက်ကွယ်သွားသည်။
ဖန်ဟောင်သည်ယခုအချိန်တွင်အခန်းထဲမှာရှိမနေ ပေ။ဟဲဇီကျုံးရှာကြည့်လိုက်တော့သူ့လယ်ကွင်းထဲတွင်အလုပ်လုပ်နေသည်ကိုတွေ့လိုက်ရသည်။
အရင်ကသူစိုက်ခဲ့သည်အသီးအရွတ်အများစုသည် အပွင့်ပွင့်ပြီးအသီးတွေသီးနေကြသည်။ဖန်ဟောင်ကအားလူးကိုတူးနေသည်။သူ့ဘေးနားက စူပါးမားကတ်ခြင်းတောင်းထဲတွင်လည်းလတ်လတ်ဆတ်ဆတ်တူးထားသောမုန့်လာဥနီများနှင့်ကြက်သွန်နီအများအပြားအပြင်ရနံမွှေးသောဂျင်းနှင့် ကြက်သွန်ဖြူများလည်းရှိသည်။
သူ့သည်စိတ်ထဲကနေမီးဖိုချောင်သို့ပြန်လှည့် ကြည့်လိုက်ရာမီးဖိုပေါ်တွင်တင်ထားပြီးတစ်ခုခုပြုတ်နေသည်ကိုတွေလိုက်ရသည်။ဒါပေမယ့်ကံမကောင်းစွာဖြင့်သူ့အဲ့တာကိုအနံခံလို့မရပေ။
ဖန်ဟောင်ကသူ့အတွက်ချက်ပြုတ်နေသည်။အဲ့တာကိုစဉ်စားကြည့်ရင်းဟဲဇီကျုံးရဲ့နှလုံးသားသည် ပိုပြီးနွေးထွေးလာသည်။သူ့အရင်ဘဝကသိုက်ကျွင်းရဲ့ဒီထဲမှာနေတဲ့အခြေနေကိုပြန်စဉ်စားမိတော့………….
တော်ပါပြီသူကအဲ့ဒီလူကိုရိုးသားဖြူစင်တဲ့ဖန်ဟောင်နဲ့အမြဲမနှိုင်းယှဉ်သင့်ဘူး။ဒါပေမယ့်အခုက ဖန်ဟောင်သည်သူတို့နှစ်ယောက်ရဲ့ဘဝကို ဂရုစိုက်ရင်းအလုပ်ရှုပ်နေသောကြောင့်သူ့အရင်ဘဝတုန်းကအတွင်းထဲကိုရံဖန်ရံခါကြည့်လိုက်တဲ့အခါ အိပ်ယာထဲမှာပန်းသီးစားနေတာတို့၊ဝတ္ထုစာအုပ်တွေဖတ်နေတာတို့ဒါမှမဟုတ်အိပ်ယာထဲမှာဟောက်နေတာတို့ဘဲလုပ်နေတဲ့တစ်စုံတစ်ယောက်ကို ပြန်မှတ်မိနေတာကိုတော့မတက်နိုင်ပေ။
အဲ့ဒီချိန်တွေကအဲ့ဒီလူကိုအပြင်ခေါ်ထုတ်ဖို့လိုအပ်လို့ကြည်လိုက်တဲ့ချိန်တိုင်းဖြစ်နေတက်သည်………..
သူ့စိတ်ထဲကနေသက်ပြင်းချလိုက်ပြီးသူ့အာရုံတွေကို နေရာလွတ်ထဲကမြေအောက်ဂိုဒေါင်ဆီသို့ရွှေ့လိုက်သည်။ခဏလောက်စဉ်စားပြီးတော့သူ့မနေ့က စာအုပ်ဆိုင်ကနေယူလာခဲ့တဲ့စာအုပ်တစ်အုပ်ကိုထုတ်လိုက်သည်။.သူ့အပြင်မှာတစ်ယောက်ထဲနေရတာ ပျင်းစရာကောင်းပြီးအချိန်ကုန်သွားအောင်တစ်ခုခုလုပ်ဖို့လိုအပ်နေတယ်ဆိုတာသူ့ဝန်ခံရမည်။
9:30ခန့်တွင်ဟဲဇီကျုံးသည်နေရာလွတ်ထဲကနေ ဖန်ဟောင်၏အော်ခေါ်သံကိုကြားလိုက်ရ၍သူကို အပြင်သို့အမြန်ထုတ်ပေးလိုက်သည်။
ဖန်ဟောင်ကသူ့လက်ထဲတွင်ပန်းကန်တစ်ချက်ကိုကိုင်ထားပြီး၊ပန်းကန်ထဲတွင်တစ်ဝက်ကထမင်း ထည့်ထားပြီးကျန်တစ်ဝက်ကတော့---"Curry rice?"
ဖန်ဟောင်ကအားနှင့်မာန်နှင့်ခေါင်းညိတ်ပြပြီး "မြည်းကြည့်ကျွန်တော်နေရာလွတ်ထဲမှာစိုက်ထားတဲ့ဟင်းသီးဟင်းရွတ်တွေနဲ့ချက်ထားတာ၊အရသာကတော့ ….ပြောမနေနဲ့တော့ကောင်းမှကောင်း"
ဖန်ဟောင်ကမရှင်းပြရင်တောင်ပန်းကန်ထဲကနေ ရနေတဲ့အမွှေးနံကကိုသူကိုလုံးဝ ဆွဲဆောင်နေပြီသားဖြစ်ပြီးသူကဇွန်းဖြင့် ခပ်စားလိုက်သည်။
နေရာလွတ်ထဲကနေရတဲ့ကောက်ပဲသီးနှံတွေက အရသာရှိမှန်းဟဲဇီကျုံးသိသော်လည်းနေရာလွတ်ထဲကနေရတဲ့သီးနှံတွေနဲ့ချက်ထားတဲ့ဟင်းလျာတွေကိုဒီလောက်ထိအရသာရှိမယ်လို့တော့မမျှော်လင့်ထားပေ။အကယ်လို့သူ့ကအခုရုပ်ရှင်ရိုက်နေတယ် ဆိုရင်တောင်သူ့ကနောက်ကွယ်မှာဒီလိုထူးခြားအံဩဖွယ်ရလဒ်ကိုဖန်တီးတဲ့အနုပညာရှင်ကို ရွှေဆုချပစ်မယ်!!!
ဟင်းထဲတွင်ရှိသောအသီးအရွတ်များ၏အရသာ သည်အမဲသားရဲ့မူလအရသာကိုလုံးဝဖုန်းကွယ်ထားသည်။ဘယ်လောက်တောင်*****အရသာရှိလိုက်လဲ!!!
"စီနီယာကျွန်တော်တို့မှာမျိုးစေ့တွေအများကြီး ရှိနေတာဘဲကျွန်တော်အသုံးများတဲ့ဟင်းခတ်အမွှေးအကြိုင်အပင်အချို့စိုက်မလားလို့လေ။ ပြီးရင်အခြောက်လှမ်းပြီးကြိတ်မယ်လေ"ဖန်ဟောင်ကအရမ်းစိတ်လှုပ်ရှားနေပြီးသူ့မျက်လုံးတွေက လည်းအရမ်းတောက်ပနေသည်။
ဟဲဇီကျုံးကခေါင်းငြိမ့်လိုက်ပြီး"အင်း ကောင်းသားဘဲကိုယ်တို့အခုစုဆောင်းထားတဲ့အစားစာတွေကလည်းအများကြီးပဲဆိုတော့ ဖြေးဖြေးချင်းချင်းပဲစိုက်ကြတာပေါ့"တစ်ဇွန်းစားပြီးနောက်နောက်ထပ်တစ်ဇွန်းခပ်ကာ၊ဟဲဇီကျုံး ရုတ်တရက်ကြီးတစ်စုံတစ်ခုကိုသတိထား မိသွားသည်"မင်းစားပြီးသွားပြီလား"
ဖန်ဟောင်ရဲ့မျက်နှာသည်သိသိသာသာနီရဲသွားပြီး မျက်လုံးကိုဟိုဘတ်ဒီဘတ်အကြည့်လွှဲကာ" ကျွန်တော် …..ကျွန်တော်…မြည်းကြည့်ပြီးသွားပြီ"
ဟဲဇီကျုံးကမျက်ခုံးပင့်လိုက်ပြီး"မြည်းကြည့်တယ်"နေရာလွတ်ထဲမှာအစားအစာတွေအများကြီးရှိသောကြောင့်သူတို့နှစ်ယောက်ကအခြားအသက်ရှင်ကျန်ရစ်သူတွေလိုအစားအစာကိုချွေတာဖို့မလိုအပ်ပေ။
"ကျွန်တော်နေရာလွတ်ထဲမဝင်ခင်ကစားထားတယ်လေ…..အဲ့တာကြောင့်မို့….အခုသိပ်မဆာသေးဘူး"
"ကိုယ်လည်းစားထားတာဘဲလေ"ဟဲဇီကျုံးက ဇွန်းဖြင်းခပ်ပြီးဖန်ဟောင်ကိုခွံ့လိုက်သည်။
ဖန်ဟောင်ကမော့ကြည့်လိုက်ပြီးစားရန်ပါးစပ်ကိုဖွင့်လိုက်သည်။စီနီယာကသူကိုခွံတာဆို့တော့ ဒါကသွယ်ဝိုက်အနမ်းဘဲ……….. တစ်ယောက်တည်းမစားခဲ့လိုက်တာ အရမ်းတန်တယ်!!!
"ဘာလို့မစားတာလဲ"
"ကျွန်တော်ခဏနေရင်အိပ်တော့မှာလေ….. ဝိတ်တက်မှာဆိုးလို့"သူ့singleဖြစ်တုန်းက အခုလိုမျိုးဂရုမစိုက်ပေမယ့်အခုကတော့….. ဖန်ဟောင်ကနေမထိမထိုင်သာဖြင့်ခေါင်းကိုဟိုဘတ်လှည့်လိုက်ပြန်သည်။
ထမင်းထွေးထုတ်လုမတက်ဖြစ်သွားသောဟဲဇီကျုံးကဇွန်းကိုချလိုက်ပြီးသူ့ပါးလေးကိုဆွဲညှစ်ကာ "မင်းဝလာတော့လည်းဘာဖြစ်လဲ ဖတ်လို့ပိုကောင်းတာပေါ့"ချော့ပြီးပြောတာလည်းမဟုတ်သလိုမြှေုာက်ပင့်ပြောတာလည်းမဟုတ်ဘူး။ ဖန်ဟောင်ကနည်းနည်းလေးဝလာရင်တောင်အဆင်ပြေတယ်လို့သူထင်သည်။ဖန်ဟောင်က ပြည့်ပြည့်လေးဖြစ်လာရင်တောင်သူ့ကိုင်ရတာပိုပြီးသက်တောင့်သက်သာဖြစ်လာဦးမည်-ပြောရမယ်ဆိုရင်ဖန်ဟောင်ကအခုနည်းနည်း ပိန်နေသေးတယ်။