Chapter 50
ထမင်းစားပွဲမှာ ထိုင်နေရင်း မနက်စာကို စားနေစဉ်တွင် ဟဲဇီကျုံး သည် စာရေးရန် အတွက် စာရွက်နှင့် ဘောပင်ကို ထုတ်ယူလိုက်သည်။
အဲ့တာက သူ့ရဲ့ ကိုယ်ပိုင် အလေ့အကျင့်လို့တောင် သတ်မှတ်လို့ ရသည်။
အလုပ်တွင် သူ့ကွန်ပျူတာ တစ်လုံးကို ရနိုင်ရင်တောင် သူ့ရဲ့ အိုင်ဒီယာတွေကို အကြမ်းဖျင်းချရေးရန် မသိစိတ်အရ ဘောပင်နှင့် စာရွက်ကိုသာ အသုံးပြုမိသည်။
"ကိုးနာရီ ဝန်းကျင်လောက်ကျရင် လုပ်ရိုးလုပ်စဉ်တွေ လုပ်ဖို့ ရုံးခန်းကို သွားကြရအောင် ပြီးရင် စခန်းရဲ့ လက်ရှီ အခြေအနေကို သိဖို့ စခန်းပတ်ပတ်လည်ကို သွားကြည့်ရအောင် နောက်ဆုံးကြမှ တောင်ဘက်ဂိတ်ကိုသွားမယ်"
ဖန်ဟောင်က ခေါင်းညိတ်ခဲ့သည်။
"တောင်ဘက်ဂိတ်....ပြာတွေကို သွားကြည့်ဖို့လား"
"အင်း အခု ပြာတွေ သယ်ယူပို့ဆောင်တာကနေ ငါတို့ အကျိုးအမြတ် သိပ်မရတော့ဘူး ပြာတွေကို မြုပ်ထားတဲ့ တွင်းကြီးကို သွားကြည့်ဖို့ အခွင့်အရေး ရမယ်ဆိုရင် သွားကြည့်တာ ပိုကောင်းတယ်"
နေရာလွတ် အဆင့်မြင့်လာပြီးနောက် သူတို့ နှစ်ယောက် လေထဲကနေ ပစ္စည်း တွေကို ယူနိုင်လာသည်။ ပစ္စည်းတွေကို ထိပြီးမှ စုဆောင်းနိုင်တုန်းကထက် ပိုပြီးတော့ စုဆောင်းနှုန်းက ပိုကြီးမားလာသည်။ အကယ်လို့ လူနှစ်ယောက်သာ အတူတကွ လုပ်ဆောင်မယ်ဆိုရင် တောင်ဘက်ဂိတ် အပြင်ဘက်တွင် မြှုပ်နှံထားသော ပြာတွေရဲ့ တွင်းကို စစ်ဆေး နိုင်လောက်သည်။
ဒါပေမယ့် အကြီးမားဆုံးပြဿနာက ရှာမတွေ့အောင် သူတို့ ဘယ်လို သွားကြမလဲ
ပြာတွေထဲကနေ အဏုမြူ ကျောက်တုံးကို စစ်ထုတ်ဖို့ ညဘက်သွားတာက ပိုကောင်းသည်။ အခြေစိုက်စခန်းတွင် လျှုပ်စစ်ရရှိနေဆဲ ဖြစ်သော်လည်း လုံလောက်ခြင်းမရှိပေ။ ညဘက်တွင် အပြင်ဘက်ကိုစောင့်ကြည့် စစ်ဆေးဖို့ ဆလိုက်မီးများကိုသာ အသုံးပြုနိုင်သည်။
သို့သော်လည်း ဆလိုက်မီး အများစုကို စောင့်ဆိုင်း ဧရိယာ၌ မည်သူမဆို ရုတ်တရက် ဇွန်ဘီ အဖြစ်ပြောင်းလဲသွားခြင်းကို စောင့်ကြည့်ရန် မြောက်ဘက်ဂိတ်တွင် တပ်ဆင်ထားသည်။
တောင်ဘက်ဂိတ်တွင် ပတ်ပတ်လည်ကို ပုံမှန်ဝေ့ဝိုက်ပြီး စစ်ဆေးနေတဲ့ ရှေ့မီး တစ်လုံးသာရှိသည်။
ကံမကောင်းစွာဖြင့် ဆင့်ကဲ ပြောင်းလဲသွားတဲ့ အသံတိတ် ဇွန်ဘီကို မတွေ့သရွေ့ ညဘက်သည် လုပ်ရှားဖို့ အရမ်းအဆင်ပြေသည်။
ထိုကစ္စကို ခဏ ဆိုင်းငံ့ထားလိုက်သည်။ ဝင်ခွင့်ကတ်ပြား ပြောင်းလဲ ခြင်းပြဿနာသည် အရေးအကြီးဆုံးဖြစ်ပြီး တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရန်လိုအပ်သည်။
ဟဲဇီကျုံး နှင့် ဖန်ဟောင်သည် ထလိုက်ပြီး နေရာလွတ်မှ အပြင်ဘက်သို့ ထွက်လိုက်ကာ သွမ့်ဇီက လည်း သူတို့ နောက်လိုက်ပြီး နေရာလွတ်ထဲကနေ ချက်ချင်း ထွက်လိုက်လာသည်။
သွမ့်ဇီကို အာပေါက်မတတ် ပြောပြီးနောက်မှာ တောင် သွမ့်ဇီသည် ဖန်ဟောင် လက်မောင်းထဲမှာ သနားချင်စဖွယ် ကောင်းလောက်အောင် ဆက်လက် ပြုမူနေပြီး နေရာလွတ်ထဲ ပြန်သွားဖို့ ဆန္ဒမရှိပေ။
နောက်ဆုံးတွင် သူတို့ နှစ်ယောက်စလုံး ရွေးချယ်စရာမရှိတော့ပေမယ့် သွမ့်ဇီကို ထည့်ရန် သူတို့ ပခုံးပေါ်က ကျောပိုးအိတ် အသေးလေးကို အသုံးပြုလိုက်ပြီး ဖန်ဟောင်က အိတ်နှင့် သွမ့်ဇိကို သူ့လက်မောင်းထဲမှာ ပွေ့ပြီး သယ်လိုက်သည်။
ဒါက ပြဿနာကိုဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
"အကယ်လို့ လူတွေက မင်းကို ငါဒီတိုင်းကြီးပွေ့ထားတာတွေ့ရင် ငါ့ပုံရိပ်က လုံးဝကို ပျက်စီးသွားလိမ့်မယ်!!"
အပြူရောင်းအလုံးကို ကိုင်ထားပြီး လူသူကင်းမဲ့တဲ့ နေရာမှာ ဇွန်ဘီတွေကို တိုက်ခိုက်ခြင်းနဲ့ မတူပေ။
အခြေစိုက်စခန်းတွင် လူတွေက သွားလာနေကြသော ကြောင့် တစ်စုံတစ်ယောက်က သူတို့ "အရုပ်" ကိုကိုင်ပြီး လမ်းလျှောက်တာကို မြင်လိုက်ရင်
သူတို့ ရဲ့ ပုံရိပ်ကတော့.....
သွမ့်ဇီသည် ကျောပိုးအိတ် အဟ ကြားထဲကနေ ဖန်ဟောင်ကို နားမလည်နိုင်သော ပုံစံလေးဖြင့် ပေကလပ် ပေကလပ် ကြည့်နေပြီး သူ့လက်ကို ပွတ်သပ်နေကာ စိတ်ချမ်းသာစွာဖြင့် မျက်စိလေးကို မှေးထားသည်။
ဒီကောင်လေးကတော့....
သူတကယ်ကို စိတ်တိုချင်ပေမယ့် ဒါလေးကို ဘယ်နေရာမှ သွားပို့ထားလို့ မရပေ။
"အားဟောင်က ဒီကောင်စုတ်လေးကို တိုက်ရိုက်ကိုင်ထားပြီး ပွေ့ထားရင် တောင်ကြည့်လို့ ကောင်းပါတယ်"
ဟဲဇီကျုံးက ပြုံးစိစိလုပ်နေပြီး သူ့ဆံပင်လေးတွေကို ဖွလိုက်သည်။
ချောမောခန့်ညားသော လူငယ်လေးသည် သူ့လက်ထဲတွင် သုံးဖက်မြင် အဖြူရောင် ခေါင်းအုံးတစ်အုံးကို ပွေ့ထားရင်တောင် ကြည့်လို့ ကောင်းနေဆဲဖြစ်သည်။
အခုအပြင်ဘက်ကမ္ဘာကြီး မငြိမ်းချမ်းသေးတာကတော့ နှမြောစရာဘဲ ဖန်ဟောင်သာ ဒီလိုမျိုး အပြင်ဘက်ကို သွားလို့ ရှိရင် စိတ်ရောဂါ ခံစားနေရတယ်လို့ ယူဆခံရနိုင်သည်။
ဟားဟား.....
ဟဲဇီကျုံးကို စိုက်ကြည့်လိုက်ပြီး ဖန်ဟောင်သည် သူ့ကျောပိုးအိတ်ကို ဇစ်သေချာဆွဲကာ ဦးထုပ်နှင့် နေကာမျက်မှန်ကို ဆောင်းလိုက်ပြီး ဟဲဇီကျုံးနှင့် အတူ ဗီလာမှ ထွက်လာခဲ့သည်။
ဗီလာအတွင်းလူများလာ၍ အသွားအလာပိုများသည်။ မူလက အလုပ်မသွားချင်သော "အဆင့်အတန်းမြင့်မားသူ" လူအများစုသည် တစ်လနီးပါးလောက် အချိန်ဖြုန်းပြီးနောက် သူတို့ ရိက္ခာတွေ တဖြည်းဖြည်း လျော့ပါးလာသည်ကို တွေ့လိုက်ရသည်။ မဖြစ်မနေပေးဆောင်ရမည့် "စီမံခန့်ခွဲမှု အခကြေးငွေ" ကိုလည်း ကြော်ညာခဲ့ပြီး ယခုအခါ အိမ်ပိုင်ရှင် အများစုသည် အစားအစာတောင် မရှိတော့ပေ!! ထို့ကြောင့် အပြင်ကို မထွက်ချင်ဘူးဆိုရင်တောင် ထိုလူများသည် အသက်ရှင်သန်ရန် ရိက္ခာများကို ရှာဖွေရန် အိမ်ပြင်ထွက်ဖို့ လိုအပ်သည်။
ဟဲဇီကျုံးနှင့် ဖန်ဟောင် အိမ်ခြံမြေရုံးခန်းသို့ ရောက်သော အခါ အထဲတွင် လူအများကြီး ရှိနေသေးသည်။
တစ်ချို့လူများသည် check in လုပ်ငန်းစဉ်အတွက် ရှိနေပြီး တစ်ချို့သည် သူတို့ အိမ်၏ ပြဿနာ အမျိုးမျိုး နဲ့ ပက်သက်ပြီး စောဒက တက်နေကြကာ ဟဲဇီကျုံး နှင့် ဖန်ဟောင်ကဲ့သို ဝင်ခွင့်ကတ်ပြား လာရောက် လဲလှယ် သူများလည်းရှိသည်။
သူတို့ မေးမြန်းပြီးနောက်စားပွဲ တစ်ခုရှေ့မှာ တန်းစီ နေတဲ့ အတန်းရဲ့ အနောက်ကို ရွေ့လိုက်သည်။
သူတို့ ဘေးနားမှာ တန်းစီနေတဲ့ အတန်းသည် ဗီလာ ဧရိယာထဲမှာ ငှားနေချင်တဲ့ အုပ်စုဖြစ်သည်။
အခြေစိုက်စခန်းတွင် ယခု ဗီလာ ဧရိယာရှိ အိမ်တစ်လုံးကို လူတိုင်း မငှားရမ်းနိုင်ပေ။ စစ်တပ်ကက ဒီနေရာသို့ ပြောင်းရွှေ့ပေးတာက ပိုကောင်းသည်။
လုပ်ငန်း တစ်ခုတည်းရှိ အထက်တန်းဆင့် ပုဂ္ဂိုလ်များနှင့် အဆက်သွယ်ရှိသော ဩဖာ အာဏာရှိသူ အချို့သည် ဗီလာ၏ အစွန်းအဖျားပိုင်းတွင် နေထိုင်ရန် အခွင့်အရေး ရယူနိုင်သည်။
ဒါပေမယ့် နောက်ပိုင်းမှ ဗီလာသို့ ရောက်လာသူ အများစုသည် ကမ္ဘာပျက်ကပ် မတိုင်ခင် အခြေစိုက်စခန်း၏ အထက်ပိုင်းထဲက တစ်စုံတစ်ယောက်နှင့် ကောင်းမွန်စွာ သိကျွမ်းခြင်း သို့မဟုတ် အသုံးဝင်သော အရည်အချင်း (ဆရာဝန် တို့ ဆေး သုတေသန ပညာရှင်တို့လိုမျိုး ) မရှိခဲ့လျှင် သူတို့ ရဲ့ အထောက်အထားသည် ဗီလာ ဧရိယာထဲတွင် ငှားဖို့ အရည်အချင်း မပြည့်မီပေ။
အဲ့တာက ငှားရမ်းတာဘဲ ဖြစ်ပြီး ဝယ်ယူချင်း မဟုတ်ပေ။
ယခု အချိန်တွင် ဘယ်လောက်ပဲ ပိုက်ဆံ ရှိတဲ့သူဖြစ်ပါစေ အခြေစိုက်စခန်းကို ဝင်လာတုန်းက သယ်ဆောင် လာတဲ့ ရိက္ခာ အများကြီး ရှိပါစေ သူတို့ မှာ အဆက်အသွယ် မရှိလျှင် ဗီလာထဲတွင် မနေနိုင်ပေ။