ရေစည်ထဲသို့ရေကိုလောင်းထည့်ပြီးနောက်ဟဲဇီကျုံးကရေပုံးအနည်းငယ်ကိုထပ်ခပ်ခဲ့သည်။
ရေ(ရေတွင်းထဲကရေ)သောက်ပြီးနောက်ပိုင်းမှာ သူရဲ့ရုပ်ပိုင်းဆိုင်ရာအခြေနေကိုမြှင့်တက်လာစေပြီးပင်ပန်းနွမ်းနယ်မှုကိုမခံစားရတော့ပေ။မနေ့က မနက်ခင်းဒီချိန်မှာသူ့ရေအများကြီးသောက်ရင် တောင်သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားကိုမမြှင့်တင်နိုင်ပေ။
ရေစည်ပြည့်သွားပြီးနောက်ဖန်ဟောင်သည်ထမင်း ပေါင်းနှင့်ခေါက်ဆွဲဂျုံများကိုနယ်သည်။မှို၊ ဝက်အူချောင်း၊ဘေကွန်အစရှိသည်တို့ကိုအတုံးသေးသေးလေးတွေတုံးပြီးကြော်လိုက်သည်။အခြားဟင်းလျာများရဲ့ပါဝင်ပစ္စည်းများကိုလည်းပြင်ဆင်လိုက်သည်။
ဤပါဝင်ပစ္စည်းများစုသည်အဆာသွပ်ဖို့လွယ်ကူပြီးထမင်းလုံးများတွင်လည်းရောနယ်နိုင်သည်။
"အိမ်မှာကာက်ညှင်းအများကြီးရှိရင်ကျွန်တော်ပဲစေ့၊ပဲတီစိမ်း၊ဘေကွန်၊ကြက်ဥဆားနယ်၊ဝက်သားစတာတွေနဲ့ကောက်ညှင်းဖတ်ထုပ်လုပ်ပေးမယ်လေ ၊ပြီးတော့တောင်ပိုင်းသားတွေရဲ့အသားဖက်ထုပ်လည်းလုပ်တက်တယ်၊အဲ့တာကအရမ်းအရသာရှိတယ်၊ဝါးပင်တွေအကြီးကြီးဖြစ်လာရင်လည်းကျွန်တော်တို့ဝါးထမင်းလည်းလုပ်စားလို့ရတယ်!!!!"
အငန်နှင့်အရသာရှိသောအသားများကိုကြိုက်နှစ်သက်သောဟဲဇီကျုံးသည်ချက်ချင်းတုံ့ပြန်ခဲ့သည်-သူမှာကြက်ဥဆားနယ်၊ကောက်ညှင်းဆန်နှင့်အစေံအဆန်အများကြီးရှိသည်။
"အဲ့တာဆိုအခုကောက်ညှင်းစိမ်ထားပြီးညနေကျရင်အဲ့တာတွေလုပ်စားကြရအောင်"သူ့တို့အကြိုက်တွေထပ်တူကျတာကအရမ်းအံ့ဩဖို့ကောင်းသည်။ စားဖိုမှူးလေးဖန်သည်စီနီယာနှင့်သူသည်သဘာဝအတိုင်းကိုလိုက်ဖတ်ညီနေသည်ဟုနှလုံးသားအောက်ခြေမှပင့်သတ်ရှိုက်သံဖြင့်ပြောလိုက်သည်။ကြည့်လိုက်စမ်းသူတို့ကိုအငန်အရသာကြိုက်တာချင်း တောင်တူတယ်!!
ဟဲဇီကျုံး၏ရုပ်ပိုင်းဆိုင်ရာခွန်အားသည်အစောပိုင်းထဲကပြန်လည်ကောင်းမွန်လာသော်လည်းသူတို့နှစ်ယောက်ကနေ့လည်၁၂နာရီမှနေရာလွတ်ထဲက နေထွက်လာခဲ့သည်။
သူတို့မှာပြင်ဆင်စရာတွေအများကြီးရှိနေသော ကြောင့်မတက်နိုင်ပေ။လမ်းမှာစားရန်အတွက်အစားစာကိုလည်းပြင်ဆင်ရတဲ့အပြင်အပြင်ထွက်ဖို့ အတွက်အဝတ်အစားနှင့်ပစ္စည်းကရိယာများကို လည်းပြင်ဆင်ရသေးသည်။
ဖန်ဟောင်သည်နေရာလွတ်ဂိုဒေါင်သို့ထပ်မံဝင်ရောက်လာသောအခါတွင်သူကဘေးတွင်ရပ်ထားသည့်ကားသုံးစီးကိုလက်ညိုးထားပြီး"ဒီကားတွေ အကုန်လုံးကစီနီယာကားတွေလား"လို့မေးလိုက ်သည်။ဟဲဇီကျုံးမှာSUVကားတစ်စီးရှိပေမယ့်ဒီ Hummerကားနှစ်စီးကဘယ်ကရောက်လာတာလဲ။
"ငှားခဲ့တာလေ၊ငါအစတုန်းကတော့ခရီးသွားရင်သုံးမလို့ဘဲ"ဟဲဇီကျုံးကပရိသတ်တစ်ယောက်လို မျို့းတောက်ပတဲ့မျက်လုံးလေးတွေနဲ့ကြည့်နေတဲ့ဖန်ဟောင်ရဲ့မျက်လုံးတစ်စုံနဲ့အကြည့်လွဲလိုက်ပြီး ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။ "စီနီယာကအတော်ဆုံးဘဲ?!!"
ကံကောင်းလိုက်တာသူကားကိုငှားခဲ့တာအချိန်ကိုက်ဖြစ်သွားပြီးနေရာလွတ်ထဲမှာလည်းထည့်ထား လိုက်နိုင်သေးသည်!!အခုကြည့်စမ်း!!သူတို့ကားကို ပြန်ပေးစရာမလိုရုံတင်မကဘဲတခြားကားတွေပျက်သွားရင်လည်းဘယ်ချိန်မဆိုသူတို့ကားပြောင်းပြီးအသုံးပြုနိုင်တယ်!!!တကယ်လို့သူလည်းဒီနေ့လိုမျိုး ကမ္ဘာပျက်ကပ်ဖြစ်မယ်ဆိုတာသိခဲ့ရင်သူလည်းကားတွေအများကြီးငှားခဲ့တယ်!!
ပြင်သစ်ပြတင်းပေါက်များအရှေ့တွင်လက်နက်အပြည့်စုံဖြင့်အမျိုးသားနှစ်ယောက်ရပ်နေကာမှန်ဘီးလူးကိုအသုံးပြုပြီးပတ်ဝန်းကျင်အခြေနေကိုစစ်ဆေးနေသည်။ဟဲဇီကျုံးသည်အမှတ်သားများမှတ်ထားတဲ့ Fမြို့မြေပုံကိုကိုင်ဆောင်ထားပြီး"ငါတို့အပြင်ထွက်ရင်ဒီလမ်းကိုသွားမယ်၊အဲ့ဒီလမ်းမှာသားသတ်ရုံအကြီးကြီးရှိတယ်၊အဲ့တော့လတ်ဆတ်တဲ့အသားတွေ လည်းအများကြီးရှိမှာဘဲပြီးရင်အနောက်ဘတ်လမ်းကိုသွားမယ်၊အဲ့လမ်းအဆုံးမှာကျော်မီးသွေးစက်ရုံရှိတယ်၊လမ်းတစ်လျှောက်မှာလည်းအသီးရွတ်လက်ကားစျေးနဲ့ဓာက်ဆီဆိုင်တွေမှာရပ်မယ်"
"ကျောက်မီးသွေးစက်ရုံတောင်ဘတ်မြို့အဝင်လမ်းမှာစူပါးမားကတ်ကြီးနှစ်ခု၊အထည်လက်ကားစျေး နဲ့ဂတ်စ်ကုမ္ပဏီရှိတယ်၊အွန်လိုင်းပေါ်ကသတင်းတွေအရတော့မနက်ခင်းပိုင်းတွေမှာအအေးမိပြီး သတိလစ်မေ့မြောနေ့တဲ့အခြေနေနဲ့လူနာ သုံးလေးယောက်လောက်ရှိတယ်တဲ့၊အသီးရွှတ်လှည်းတွေစျေးကိုရောက်သင့်ပေမယ့်ဖြန့်ဖြူးတဲ့လက်ကားစျေးသည်တွေက ကုန်ပစ္စည်းတွေကိုလာပို့ဖို့အချိန်မရှိခဲ့ဘူးတဲ့၊အဲ့တော့ငါတို့အဲ့ဘတ်ကိုလည်းသွားကြည့်သင့်တယ်"
ဖန်ဟောင်ကလမ်းတွေကိုသေသေချာချာမှတ်ထား ပြီးရံဖန်ရံခါခါင်းလေးညိတ်ပြီးနားထောင်နေသည်။ ပုံမှန်အချိန်များတွင်ဤလမ်းကြောင်းသည် နေ့တစ်ဝက်ခန့်ကြာမည်ဖြစ်သည်။
"လမ်းမှာပြဿနာမဖြစ်အောင်တက်နိုင်သလောက်ရှောင်ကြမယ်၊ငါတို့သွားရမယ့်နေရာရောက်ရင်ငါတို့လိုအပ်တာကိုယူပြီးရင်သယ်သွားမယ်၊လမ်းပေါ်မှာလူတွေနဲ့လည်းပြဿနာမဖြစ်အောင်ရှောင်ရမယ်၊အကယ်လို့အချိန်ကြာပြီးညရောက်သွားရင်ငါတို့လုံခြုံတဲ့နေရာကိုရှာပြီးလုံခြုံပြီဆိုမှနေရာလွတ်ထဲကို ဝင်မယ်"
ဟဲဇီကျုံးသည်ဇွန်ဘီအကိုက်ခံရပြီးအတိတ်ကိုပြန် ပြောင်းမခံစားချင်ပေ။အဲ့မှာတခြားသူတွေမရှိဘူးဆိုရင်ညဘတ်မှာသူတို့နေရာလွတ်ထဲကိုပြန်သွားရမည်။
"ငါနဲ့လူမကွဲသွားစေနဲ့နော်၊ငါတို့အန္တရယ်ကြုံရင်နေရာလွတ်ထဲကိုဝင်ကြမယ်၊နားလည်လား"
ဖန်ဟောင်ခေါင်းကိုအကြိမ်ကြိမ်ညိတ်လိုက်သည်။သူကြောင့်စီနီယာဒုက္ခမရောက်စေရဘူး!!!လုံးဝကို အရောက်မခံဘူး!!
တံခါးကိုဖြည်းညှင်းစွာဖွင့်လိုက်ပြီးနှစ်ယောက်သားလက်ထဲမှာစတီးပိုက်ကိုင်ကာဂရုတစိုက်နှင့်ထွက် လာလိုက်သည်။ဟိုတယ်လ်ခန်းမထဲတွင် ဝိတ်တာတွေနှင့်ဧည့်သည်များသည်ဇွန်ဘီအဖြစ် ပြောင်းကုန်ကြပြီးလှည့်လည်သွားလာနေ ကြသည်။
ဇွန်ဘီတွေသည်လတ်ဆတ်တဲ့အသားတုံးတွေထွက်လာတာကိုမြင် တော့စိတ်လှုပ်ရှားစွာဖြင့်သွားရည်ကျပြီး သူတို့နှစ်ယောက်ဆီသို့တစ်ကောင်ပြီးတစ်ကောင် ချည်းကပ်လာသည်။
သူတို့ကိုကြည့်ရတာလူသားနှင့်လုံးဝမတူတော့ပေ။သူတို့မှာလူသေတွေထက်မီးခိုရောင်သန်းနေတဲ့မျက်နှာ၊ပြူးထွက်နေသောမျက်လုံး၊စိမ်းညိုရောင်ဖြစ်နေသောလည်ချောင်း၊ဆီချေးစော်နံလိုပုပ်အပ်အပ်အနံနှင့်တောင့်တင်းသောလှုပ်ရှားမှုများရှိသည်။အသုဘအိမ်ရှိအလောင်းများပင်သူတို့ထက်လူနဲ့ပိုတူသည်။
ဖန်ဟောင်ရဲ့မျက်နှာသည်ပြာနှမ်းသွားပြီးလက်ထဲကစတီးပိုက်ကိုတင်းတင်းဆုပ်ကိုင်ထားကာရုတ်တရက်အရှေ့ကိုလျှောက်သွားပြီးသူ့အနီးနားမှာရှိတဲ့ဇွန်ဘီရဲ့ခေါင်းကိုရိုက်ရန်အစွမ်းကုန်ကြိုးစားလိုက်သည်။
ဇွန်ဘီရဲ့ခန္ဓာကိုယ်ကကွေးသွားပြီးပြန်လည်မတည့်မတ်လာခင်ဖန်ဟောင်သည်ဇွန်ဘီရဲ့ခေါင်းကိုနောက်တစ်ကြိမ်ထက်ရိုက်ခဲ့သည်။
ဟဲဇီကျုံးသည်ခတ်ထန်သောအသွင်ပြင်ကြောင့်ကြက်သေသေသွားသည်။ဖန်ဟောင်ကပထမဆုံးကြိမ် မှာဇွန်ဘီကိုဒီလိုမျိုးရင်ဆိုင်လိမ့်မယ်လို့သူတကယ်ဘဲမမျှော်လင့်ထားပေ။သူကလုံးဝကြောက်ရွံ့နေပေမယ့်အကောင်းဆုံးကြိုးစားခဲ့သည်။
ခေါင်းကိုခါယမ်းကာလက်ထဲမှာစတီးပိုက်ကိုနှစ်ကြိမ်လောက်မြှောက်လိုက်ပြီးဟဲဇီကျုံးလည်းဇွန်ဘီတွေနဲ့တိုက်ခိုက်ရန်ရှေ့တိုးလာခဲ့သည်။
ဒီနေရာမှာဝိတ်တာနှစ်ယောက်နှင့်ဧည့်သည် သုံးယောက်ဖြစ်တဲ့ဇွန်ဘီ၅ကောင်ရှိသည်။ဖန်ဟောင်သည်ဇွန်ဘီအားလုံးကိုသုတ်သင်ရှင်းလင်းပြီးကြောင်းတွေ့ရှိသောအခါနံရံကိုလက်တစ်ဖတ်ဖြင့်ကိုင်ပြီးထောင့်နားတွင်ဆောင့်ကြောင့်လေးထိုင်လိုက်သည်။
"လာရေသောက်လိုက်"ဟဲဇီကျုံးသည်ရတစ်ဘူးကိုထုတ်လိုက်သည်။ရေဘူးကဖွင့်ပြီးသားဖြစ်သည်။အခန်းထဲကမထွက်ခင်ကတည်းကသူတို့ဘူးအလွတ်အနည်းငယ်ထဲကိုရေတွင်းထဲကရေဖြည့်ခဲ့တာ ဖြစ်သည်။
အေး၍ချိုမြသောရေကသူလည်ချောင်းတစ်လျှောက်စီးဆင်းသွားပြီးဇွန်ဘီတွေနှင့်တိုက်ခိုက်ရာမှဆုံးရှုံးသွားသောခွန်အားတွေကချက်ချင်းပြန်လည်ကောင်းမွန်လာသည်။သူနှလုံးခုန်မြန်နေခြင်းမှလည်း တဖြည်းဖြည်းငြိမ်သတ်သွားသည်။ရေတွေက သူ့အစာအိမ်ထဲကိုဝင်လာသည်နှင့်အမျှမူလ အအေးဓာက်သည်ရုတ်တရက်ပူနွေးလာပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ချက်ချင်းပျံ့နှံ့သွားသည်။
ကြည့်ရတာဒီရေကတကယ်ကိုအသုံးဝင်ပုံပေါ်သည်။
"ကျွန်တော်အခုအဆင်ပြေသွားပြီ"ဖန်ဟောင်ကသူကိုပြုံးပြပြီးပြင်းထန်တဲ့တိုက်ပွဲကိုရင်ဆိုင်ပြီးနောက်မှာသူ့မျက်နှာကအားနည်းသွားသလိုခံစားခဲ့ရသည်။
"လာအ့ဆိုငါတို့အောက်ကိုသွားကြမယ်"လက်ကို ဆန့်ပြီးရေကိုကောက်ယူလိုက်သည်။ဖန်ဟောင်ကသူထင်ထားတာထက်တောင်ပိုပြီးသန်မာနေသေးသည်။ပြီးတော့သူပထမဆုံးတိုက်ခိုက်မှုကသူ့အရင်ဘဝကပထမဆုံးကြိမ်တိုက်ခိုက်မှုထက်တောင်ပိုသန်မာသေးသည်။
သူအရင်ဘဝတုန်းကသူ့ဘေးနားမှာရှိပြီးတိုက်ခိုက်ခဲ့တဲ့ဖန်စေဟာင်ကလည်းဘဲသန်မာသည်။သူ၏ စွမ်းရည်သည်ထောက်ပံ့ရေးအမျိုးစားတွင် ပါဝင်သော်လည်းသူကဘယ်တော့မှတိုက်ပွဲမှာနောက်ဆုတ်မနေခဲ့ပေ။
ဖြန့်ထားတဲ့ဟဲဇီကျုံးရဲ့လက်ကိုဆုပ်ကိုင်ရင်းသူ့ နှလုံးသားထဲကကြောက်ရွံ့စိုးရိမ်ပူပန်မှုတွေပျောက်ကွယ်သွားသည်။သူမှာစီနီယာရှိသေးသည်ပြီးတော့သူစီနီယာဘေးမှာဆံဖြူသွားကျိုးသည့်အထိအချိန် ကြာကြီးနေချင်သည်။
သူတို့နှစ်ယောက်သားအဆောက်ဦးရှေ့ဘတ်မှဆင်းသွားကြသည်။ဧည့်ခန်းကိုဖြတ်သွားသောအခါကျန်အစားစာများကိုရှာဖွေရန်စားသောက်ဆိုင်အနောက်ဘတ်သို့သွားချင်သော်လည်းထိုနေရာတွင်မှန်တံခါးကိုတင်းတင်းကျပ်ကျပ်ပိတ်ထားပြီးဇွန်ဘီအနည်းငယ်သည်တံခါးကိုအရူးအမူးဝိုင်းရံထားခဲ့သည်။
---အထဲမှာတစ်ယောက်ယောက်ရှိနေတယ်။
သူ့တို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးထွက်သွားဖို့ဆုံးဖြတ်လိုက်သည်။
မီးဖိုချောင်ထဲမှာအသတ်ရှင်ကျန်သူတွေရှိနေပြီး ဒါကြောင့်ဇွန်ဘီတွေကိုကျော်ပြီးကူညီခဲ့ရင်တောင် ထောက်ပံ့ရေးပစ္စည်းအများကြီးရမှာမဟုတ်ဘူး။ အပြင်မှာဇွန်ဘီတစ်ဒါဇင်လောက်ရှိပေမယ့်တကယ်တမ်းကျတော့အများကြီးမဟုတ်ပေ။သတိထားလုပ်ဆောင်သရွေ့အထဲကလူတွေကသူတို့ဘာသာသူတို့ရှင်းပစ်နိုင်သည်။
နှစ်ယောက်သားဖြေးညှင်းစွာလျှောက်သွားပြီးတံခါးအပြင်ဘတ်သို့ထွက်လာကြသည်။နံနက်ခင်းတွင်လူအများပြားသည်တစ်ခုခုမှားယွင်းနေသည်ကို တွေ့ရှိပြီးဟိုတယ်လ်အပြင်ဘတ်သို့မောင်းထွက်ကြရာဟိုတယ်လ်အတွင်းမှာရှိတဲ့ဇွန်ဘီအမြောက်များကိုလမ်းအပြင်ဘတ်သို့ဦးတည်ပြီးခေါ်ဆောင်မိသွားသည်။ဟိုတယ်လ်အပြင်ဘတ်ကကားပါကင်တွင်ဇွန်ဘီနှစ်ကောင်ကမြေပြင်ပေါ်လှဲကျနေပြီးတစ်ကောင်မှာဦးခေါင်းကွဲအတ်နေပြီးကျန်တစ်ကောင်မှာဦးခေါင်းတစ်ဝက်သာကျန်တော့ပြီးမြေပြင်ပေါ်တွင်တွန့်လိမ်နေသည်။
ဟဲဇီကျုံးကရှေ့သို့လျှောက်သွားလိုက်ပြီးလူးလှိမ့်နေတဲ့ဇွန်ဘီရဲ့ခေါင်းကိုရိုက်လိုက်သည်။အဲဒီနောက်မှာတော့ဇွန်ဘီနှစ်ကောင်ရဲ့ခေါင်းကိုဖွင့်ပြီးဆွဲထုတ်ရန်အောက်ကိုလက်လှမ်းလိုက်သည်။
ဘယ်ချိန်ကစတင်ပြီးဇွန်ဘီတွေရဲ့ဦးနှောက်ထဲမှာအဏုမြူကျောက်လေးတွေကစတင်ဖြစ်ပေါ်ခဲ့တာလဲ?ဟဲဇီကျုံးကAမြို့ရဲ့အခြေစိုက်စခန်းကိုမရောက်ခင်အထိဒီလိုအရာမျိုးကိုစုဆောင်းရမှန်းမသိပေ။ဒါပေမယ့်သူဘယ်တော့မှဘာအတွက်သုံးတယ်ဆိုတာ မခန့်မှန်းခဲ့ဘူး။
တစ်ချို့လူတွေကတော့အဲ့အရာကစွမ်းအင်နိုးထသူ တွေရဲ့စွမ်းရည်ကိုမြှင့်တင်နိုင်တယ်လို့ပြောကြသည်။ဒါပေမယ့်သူသေတဲ့အထိစွမ်းရည်ကိုမနှိုးဆော်ခဲ့သ ဖြင့်၎င်းကိုမည်သို့သုံးရမည်ကိုသဘာဝကျကျမသိ ပေ။
ဖန်ဟောင်နှင့်နှစ်ယောက်သားအတူပြေးကြတုန်းကလည်းသူတို့နှစ်ယောက်အဏုမြူကျောက်တုံးကိုရရှိခဲ့ရင်တောင်လေ့လာဖို့အချိန်မရှိပေ။
အခြေစိုက်စခန်းကတစ်စုံတစ်ယောက်က မှားယွင်းစွာဖြင့်အဏုမြူကျောက်တုံးကိုစားမိပြီး ဇွန်ဘီပြောင်းသွားတဲ့အကြောင်းကိုကြားမိပြီး နောက်ပိုင်းသူတို့သည်လက်လွတ်စပယ်အသုံးမပြုရဲတော့ပေ။
:"ဟမ်အဲဒါဘာလေးလဲ"ဖန်ဟောင်သည်ဟဲဇီကျုံးကဇွန်ဘီခေါင်းထဲကနေဖောက်ထွင်းမြင်နေရသော ကျောက်တုံးလေးကိုဆွဲထုတ်နေတာတွေ့သွားသည်။ဆွဲထုတ်ရတာခက်ခဲပုံပေါ်ပြီးအဲ့ဒီအရာကလက်ဆတ်တဲ့အသွေးသားလိုတစ်ခုခုဟုတ်ပုံမရပေ။
"မသိဘူး၊ကျောက်တုံးလေးလားဘဲ"ဟဲဇီကျုံးသည်ဤအရာ၏အသုံးပြုပုံကိုမသိသောကြောင့်နောက် ပြောင်လိုက်သည်။
"အဲ့တာကအနာဂတ်မှာအသုံးဝင်မယ်နဲ့တူတယ်"
ခေါင်းညိတ်လိုက်ပြီးဟဲဇီကျုံးကထိုအရာကိုကောက်ယူလိုက်ပြီးရေဖြင့်ဆေးလိုက်ကာနေရာလွတ်ထဲကိုပစ်ထည့်လိုက်သည်။သူသည်ဖုတ်ကောင်၇နှစ်ကောင်၏ခေါင်းထဲမှာရှာကြည့်လိုက်တော့တစ်ခုသာထပ်တွေ့သည်။ဇွန်ဘီတွေရဲ့ခေါင်းမှာအဏုမြူကျောက်တုံးလေးတွေဖွဲ့စည်းဖို့အချိန်ခဏလောက်ကြာမည့်ပုံပေါ်သည်။
"ဟမ်!!"အဏုမြူကျောက်တုံးလေးကိုနေရာလွတ်ထဲသို့ပစ်ထည့်လိုက်တဲ့အချိန်မှာသူအလိုဆန္ဒအတိုင်း ဝါးအိမ်လေးကိုမရောက်သွားဘဲအဏုမြူ ကျောက်တုံးသည်အလင်းတန်းလေးအဖြစ် တိုက်ရိုက်ပြောင်းလဲသွားပြီးမစိတ်အပိုင်းချို့သည် လေထဲသို့တိုက်ရိုက်လွင့်စင်သွားကာအချို့သည် အနောက်ဘတ်ရှိရေတွင်းသို့မျောပါသွားသည်။
"ဘာဖြစ်တာလဲ"ဖန်ဟောင်ကစိုးရိမ်တကြီး မေးလိုက်သည်။
သူ့ကိုရှင်းပြဖို့ရန်ဟဲဇီကျုံးသည်သူ့စိတ်စွမ်းအင်ကိုစုစည်းလိုက်ပြီးနေရာလွတ်ထဲကိုကြည့်လိုက်တော့ ဘယ်အရာမှပြောင်းလဲနေခြင်းမရှိမှန်းသိလိုက်ရသည်။ထို့မှသာသူအနည်းငယ်စိတ်သက်သာရသွားသည်။
အခြေနေကိုကြားပြီးနောက်ဖန်ဟောင်မျက်လုံးတွေ တောက်ပလာကာ"ဒီကျောက်တုံးလေးတွေက စီနီယာနေရာလွတ်အတွက်တစ်ခုခုအသုံးဝင်မှာသေချာတယ်၊နောက်တစ်ခါကျွန်တော်တို့ဒီလိုကျောက်တုံးလေးတွေတွေ့ရင်အကုန်လုံးကိုစီနီယာ နေရာလွတ်ထဲထည့်ကြည့်ကြရအောင်"
ဟဲဇီကျုံးကခေါင်းကိုခါရမ်းလိုက်ကာ"ဒီအရာတွေကအနာဂတ်မှာအသုံးဝင်နိုင်တယ်၊အဲ့တော့ငါတို့ဇွန်ဘီတွေသတ်ပြီးသွားရင်အတူတူတစ်ယောက်တစ်ဝက်ခွဲယူကြရအောင်"
ဖန်ဟောင်ကတောက်ပစွာပြုံးလိုက်ပြီး"ကျွန်တော်ဒီအရာကိုဘယ်လိုအသုံးပြုရမလဲမသိသေးဘူး၊ဒါပေမယ့်စီနီယာရဲ့နေရာလွတ်ကတုံ့ပြန်မှုရှိတယ်ဆိုတော့စီနီယာအဲ့တာကိုအရင်သုံးထားလိုက်"
ဟဲဇီကျုံးကဖန်ဟောင်ကိုလေးလေးနက်နက်ကြည့်လိုက်ပြီးသူနောက်ပိုင်းအဏုမြူကျောက်တုံးကိုတွေ့တဲ့အခါတစ်ဝက်ကိုဖန်ဟောင်အတွက်စုထားပြီး ကျန်တစ်ဝက်ကိုနေရာလွတ်ထဲကိုထည့်ဖို့ဆုံးဖြတ်လိုက်သည်။အကယ်လို့ဒီအရာတွေကစွမ်းရည်တွက်တကယ်အသုံးဝင်ခဲ့လျှင်အများကြီးရှိနေတာကိုဘယ်သူမှညည်းညူမှာမဟုတ်ဘူး။
အနီးနားမှာဘယ်သူမှကြည့်မနေတာကိုအတည်ပြု ပြီးမှဟဲဇီကျုံးသည်နေရာလွတ်ထဲမှသူSUVကားကိုထုတ်လိုက်ပြီးဖန်ဟောင်နှင့်အတူကားပါကင်မှ မောင်းနှင်သွားခဲ့သည်။
ဟိုတယ်လ်၏ပထမထပ်ရှိစားသောက်ဆိုင်တွင်လူအနည်းငယ်ကကားစက်သံကိုကြားလိုက်ရပြီးအပြင်သို့ကြည့်ရင်ပြတင်းပေါက်ဆီသို့ဂရုတစိုက်သွားပြီး ကြည့်လိုက်သည်။
"အသတ်မရှင်ချင်တဲ့လူတွေဘဲဒီမနက်ဘဲ ဘယ်နှယောက်လောက်ရှိပြီလဲ"
"ကားတစ်စီးအခုဘဲထွက်သွားတာ…."
"ထွက်သွားတာကမှကောင်းဦးမယ်၊ဒီနေရာမှာငါတို့ဘယ်လောက်ကြာကြာစားနိုင်မယ်ဆိုတာဘုရားဘဲသိလိမ့်မယ်"
ဟဲဇီကျုံးတို့နှစ်ယောက်ထွက်ခွာသွားချိန်ကနေ့လည်ခင်းဖြစ်သည်။ဇွန်ဘီတွေကနေကိုကြိုက်ပုံမပေါ်ဘူး၊ဇွန်ဘီအများစုသည်နေကွယ်တဲ့ထောင့်တွေမှာကပ်ပြီးပုန်းနေကြသည်။
အဖျားတက်နေသောလူနာအများစုသည်နံနက်ခင်းသုံးနာရီသို့မဟုတ်လေးနာရီတွင်ပုံမှန်မဟုတ်သော ပြောင်းလဲမှုများရှိခဲ့ကြပြီးပထမဆုံးသားကောင်သည်၎င်းတို့နှင့်အနီးဆုံးလူဖြစ်လေ့ရှိသည်။
ညအချိန်သည်လူများအနားယူချိန်ဖြစ်သောကြောင့်လူအများပြားသည်ဆွေမျိုးများ၏တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးဇွန်ဘီများဖြစ်လာကြသည်။အချို့သော သူများသည်အဖျားမှတစ်ဆင့်စွမ်းရည်နှိုးထလာ သော်လည်းအကိုက်ခံရခြင်းကြောင့်အသတ်ရှင်ရန်အခွင့်ရေးဆုံးရှုံးခဲ့သည်။