no

Font
Theme

"ကိုယ်တို့နည်းနည်းပြန်ထုတ်ကြတာပေါ့"သူက ပတ်ပတ်လည်ပြေးလွှားပြီးပျော်ရွှင်နေသည်။ဂိုဒေါင်ထဲမှာကင်မရာမရှိသောကြောင့်သူလုပ်ချင်တာအကုန်လုပ်နိုင်သည်။

ပြန်ထုတ်လိုက်ပြန်ထည့်လိုက်တစ်ခါပြန်ထုတ်လိုက် ဖြင့်ဖန်ဟောင်ပျော်ရွှင်နေသည်။နေရာလွတ်ထဲမှ စည်သွပ်ဘူးတစ်ဝက်လောက်ကိုဖယ်လိုက်ပြီးနောက်ဂိုဒေါင်ထဲသို့ပြန်ထည့်လိုက်ကာဟဲဇီကျုံးနှင့်အတူ ညစာစားရန်နှင့်အနားယူရန်အတွက်နေရာလွတ်ထဲသို့ပြန်ဝင်မလိုလုပ်လိုက်သည်။

ရုတ်တရက်"ဘုန်း"ဆိုသော်အသံကြားလိုက်ရပြီး ဂိုဒေါင်၏ညာဘတ်နံရံတွင်အပေါက်ကြီးတစ်ပေါက် ပေါက်သွားတယ်!!!

သူတို့နှစ်ယောက်ကအံ့ဩမူဖြင့်ကြည့်လိုက်ကြသည်။သူတို့အဲ့ဒီဘတ်မှာသာရှိနေရင်သေချာပေါက်ထိခိုက်မူရှိမှာဖြစ်သည်။သူ့အရင်ဘဝတုန်းကနံရံပြိုကျ နေတဲ့နေရာကိုမှတ်မိသောကြောင့်အနားယူဖို့နေရာရွေးသောအခါသူ့ကမသိစိတ်အရတခြားတစ်ဖတ်မှာ       မက်တပ်ရပ်ခဲ့သည်ကိုကျေးဇူးတင်ရမည်။

ခက်ခက်ခဲခဲဖြင့်ပုံရိပ်တစ်ခုသည်သူ့လက်ကိုမြှောက် ပြီးကျော်စရစ်ခဲများဖြင့်ပြည့်နေသောမြေကြီးပေါ်မှာကုန်းရုန်းထလာသည်။မနီးမဝေးတွင်ကြီးမားသော    အနက်ရောင်အရာဝတ္ထုရှိနေသည်။ဂိုဒေါင်အပြင်ဘတ်မှသေနက်ပစ်သံ၊အော်သံများကြားနေရသည်။

"ပြေး!!"

"အဲ့အကောင်ကြီးထလာတော့မယ်!!!"

"အား!!အား!!ယောက်ျား၊ယောက်ျား"

ရှည်းလျားကြီးမားသောပုံရိပ်သည်နံရံပြိုကျသွား သောကြောင့်ဖုန်မှုန့်၊ကျောက်စရစ်ခဲမှုန့်များကြားမှ ဖြည်းညှင်းစွာထလာပြီးအော်ဟစ်နေသောလူတွေဆီသို့တစ်ဟုန်ထိုးပြေးသွားသည်။

ပုံရိပ်သည်မထခင်ပါးစပ်အပြည့်သွေးများအန်ထုတ် ပြီးမြေကြီးပေါ်လဲကျကာသေမလိုမူးဝေနေခဲ့သည်။

"ဒါကဘာကြီးလဲ"

"အဲ့တာကတိရစ္ဆာန်ရုံကဝက်ဝံဘဲ၊သန္ဓေပြောင်းသွား တာဖြစ်မယ်"ဟဲဇီကျုံးကထိန့်လန့်တုန်လှုပ်နေသည်။Aမြို့၏ဆင်ခြေဖုံးတွင်သန္ဓေပြောင်းဝက်ဝံတစ် ကောင်လျှောက်သွားနေပြီးလူတွေကိုလိုက်စားနေတာကိုကြားခဲ့ပေမယ့်ဒီကိုရောက်လာလိမ့်မည်လို့ လုံးဝမထင်ခဲ့ပေ။ဂိုဒေါင်ရဲ့နံရံကအခုလေးတင်ပျက်စီးသွားပြီ!!

သန္ဓေပြောင်းဝက်ဝံသည်ဂိုဒေါင်အနီးနားမှာပြေးနေ တဲ့လူတွေကိုလိုက်ဖမ်းနေသည်။အဖွဲ့ကထောင့်တွင် ပိတ်မိသွားသောအခါဝက်ဝံကြီးသည်ပြေးလာပြီး ခွန်အားစွမ်းအားရှင်ကိုလေထဲသို့လွှင့်ပစ်လိုက်သော ကြောင့်ထိုလူသည်လေထဲသို့လွှင့်သွားပြီးနံရံကို  တိုက်မိသွားကာဂိုဒေါင်ရဲ့ခိုင်မာသောနံရံတွင်အပေါက်ကြီးတစ်ပေါက်ဖြစ်ပေါ်လာသည်။

"ဂရုစိုက်နော်၊အကယ်လို့မင်းမရတော့ဘူးဆိုရင် နေရာလွတ်ထဲကိုချက်ချင်းဝင်လိုက်နော်"ဝက်ဝံကသာမာန်တိရစ္ဆာန်မဟုတ်ပေ။သူ့၏အတိတ်ဘဝ  ပထမသုံးလတွင်အချိန်နှင့်အမျှကြားသိနေခဲ့ရသောကြောင့်အစောပိုင်းကာလတွင်ပင်ဒါကဘယ်လောက်တောင်ဖျက်ဆီးနိုင်စွမ်းရှိလဲဆိုတာသိသည်။

ကမ္ဘာပျက်ကပ်နေ့ရက်များတွင်ဇွန်ဘီတွေကဘဲ ကြောက်စရာကောင်းတာမဟုတ်ပေ။သန္ဓေပြောင်း တိရစ္ဆာန်များ၊သန္ဓေပြောင်းအပင်များနှင့်ပိုမိုကြောက်စရာကောင်းသည့်ဇွန်ဘီတိရစ္ဆန်များလည်းရှိသည်။

နှစ်‌ယောက်သားစတီးပိုက်တစ်ချောင်းဆီယူလိုက်ပြီး ပြိုကျနေသောနံရံအပြင်ဘတ်သို့ဂရုတစိုက်နဲ့သတိထားပြီးလျှောက်သွားလိုက်သည်။သန္ဓေပြောင်း ဝက်ဝံသည်ဟိန်းဟောက်နေပြီးခုနကသတ်လိုက်တဲ့သူကိုပစ်ချကာထိတ်လန့်တုန်လှုပ်နေသော         လူစုလူဝေးကြီးသို့ပြေးသွားလိုက်သည်။

"ဒိုင်း၊ဒိုင်း!!"သေနတ်နှစ်ချက်ပစ်လိုက်ပေမယ့်လည်းသေနတ်ထဲမှာကျည်ဆံနှစ်တောင့်ဘဲကျန်သော ကြောင့်ထပ်ပြီးမသုံးမပြုနိုင်တော့သောကြောင့်စိတ်ပျက်အားငယ်နေကြသည်။

သေနတ်ကိုင်ထားသောအမျိုးသား၏နောက်တွင် အမျိုးသမီးနှစ်ယောက်ကပုန်းနေပြီးသေနတ်ကိုင် ထားသောအမျိုးသား၏အင်္ကျီကိုကိုင်ကာမျက်စိမှိတ်ပြီးအော်ဟစ်နေကြသည်။

သူတို့သုံးယောက်နဲ့မဝေးတဲ့ထောင့်တွင်ခေါင်းကို ကိုင်ထားသောအမျိုးသားတစ်ယောက်ရှိနေသည်။

ဒီလူများသည်Aမြို့၏အနီးနားကတိုင်းပြည်များမှ လွတ်မြောက်လာသူများဖြစ်သည်။အစပိုင်းတွင်     သေနတ်နဲ့အမျိုးသားသည်သစ်ပင်ကိုတိုက်မိနေတဲ့ရဲကားဆီမှသေနတ်ကိုကောက်ယူခဲ့သည်။လမ်းကို ဂရုတစိုက်သွားလာရင်းသူတို့လုံခြုံမယ်လို့ထင်တားတဲ့နေရာတွင်သန္ဓေပြောင်းဝက်ဝံနှင့်ပတ်ပင်းတိုးလိမ့်မည်လို့ဘယ်သူမှမထင်ထားခဲ့ပေ။

ဝက်ဝံသည်ဟိန်းဟောက်ပြီးနောက်အမျိုးသားဆီသို့တဟုန်ထိုးပြေးသွားလိုက်သည်။အမျိုးသားနောက်ကအမျိုးသမီးသည်ရုတ်တရက်သူ့မမျက်လုံးကိုဖွင့်လိုက်သည်။ထို့သို့ပြေးလာသည်ကိုမြင်သောအခါ သူမသည်ကြောက်ရွှံမူကိုခံစားလိုက်ရပြီးအော်ဟစ်ကာသူ့မရှေ့ကအမျိုးသားကိုမသိစိတ်အရအရှေ့သို့တွန်းထုတ်လိုက်သည်။သူ့ကိုတွန်းထုတ်ပြီးနောက်  သူမသည်ယိုင်တိယိုင်တိုင်လမ်းလျှောက်ပြီးတခြားတစ်ဖတ်သို့ပြေးသွားသည်။

သေနတ်ကကျည်ကုန်သွားပြီးသူ့နောက်ကလူတွန်းတာခံလိုက်ရသောလူသည်ပါးစပ်အကြီးကြီးနှင့်နီရဲ နေသောမျက်လုံးများရှိသည့်ရက်စက်ကြမ်းကြုတ် သောဝက်ဝံကြီးကိုကြည့်နေမိပြီးတစ်ကိုယ်လုံး အေးခဲနေကာမလှုပ်ရှားနိုင်တော့ပေ။

သူ့နောက်ကအခြားအမျိုးသမီးကလည်းတုံပြန်ကာပထမပြေးသွားတဲ့လူပြေးရာဖတ်ကိုယိုင်တိယိုင်တိုင်နှင့်ပြေးသွားသည်။မနီးမဝေးတွင်ဝက်ဝံကြီးက ထောင့်မှာပိတ်မိနေသောလူအုပ်စုကိုစိုက်ကြည့်နေစဉ်အမျိုးသားနှစ်ယောက်နှင့်အမျိုးသမီးသည် ထိုနေရာမှလမ်းပေါ်သို့ထွက်ပြေးလာကြသည်။ အနီးနားတွင်သော့မခတ်ထားသောကားနှစ်စီးကို တွေ့လိုက်ရပြီးသူတို့ကအခွင့်အရေးယူကာကားကို မောင်းပြီးထွက်ပြေးဖို့ပြင်ဆင်နေကြသည်။

ဟဲဇီကျုံးနှင့်ဖန်ဟောင်ဂိုဒေါင်ထဲမှထွက်လာသောအ ခါအမျိုးသမီးတွန်းလိုက်တဲ့သေနတ်ကိုင်ထားသော အမျိုးသားကိုမြင်လိုက်ရသည်။နှစ်ယောက်သား အနည်းငယ်ကြက်သေသေသွားကြသည်။အခွင့်အ ရေးကိုယူပြီးဟဲဇီကျုံးကသူ့လက်ထဲကစတီးပိုက်ဖြင့်ဝက်ဝံကိုပစ်လိုက်သည်။လေစွမ်းအားကြောင့်ပိုက်၏အရှိုန်သည်နှစ်ဆလောက်မြှင့်သွားသည်။စတီးပိုက်ကိုရွှေစွမ်းအင်ဖြင့်တွဲသုံးထားသောကြောင့်အလွန် မာကျောစေသည်။

အမြန်နှုန်းနှင့်အရည်အသွေးမြှင့်သော"ဖုန်းကွယ် ထားသောလက်နက်"သည်ဝက်ဝံကြီးကိုထိမှန်သွားသောအခါသက်ရောက်မူကအလွန်ပြင်းထန်သည်။

"ဘန်း!!"ဝက်ဝံကြီးသည်အနီရောင်(သွေး)များကို သာတိုက်ရိုက်မြင်ခဲ့ရပြီးကျယ်လောင်သောဆူညံသံ ကြီးကြောင့်ဖန်ဟောင်နှင့်ဟဲဇီကျုံးသည်ပစ်ခံရမည့်နာကျင်မူကိုတွေးကြည့်မိပြီးမျက်နှာရှုံမဲ့သွားခဲ့သည်။

၎င်း၏ခေါင်းပေါ်ရုတ်ချည်းရိုက်ခတ်မူကြောင့်     ဝက်ဝံကြီးသည်အာရုံပြောင်းသွားပြီးအစက အမျိုးသားဆီသို့ဦးတည်နေသောကုတ်ခြစ်မူသည် ထွက်ပြေးသွားသောအမျိုးသမီးဆီသို့ရောက်ရှိသွားသည်။သူ့မမျက်လုံးများမှိတ်ကာမူးမေ့မလဲသွားခင် အော်ဟစ်ခဲ့ပြီးသူ့မခါးနှင့်ခြေထောက်များတွင်သွေး    များထွက်နေသည်။

အမျိုးသားအနေနဲ့တော့ဝက်ဝံကြီး၏ပုခုံးနှင့်တိုက်မိသွားသော်လည်း၎င်း၏ကုတ်ခြစ်မူကိုမခံလိုက်ရ သောကြောင့်အသက်ရှင်နေဆဲဖြစ်သည်။

ပထမဆုံးထွက်ပြေးသွားသောအမျိုးသမီးသည် အော်သံကိုကြားပြီးမသိစိတ်အရခေါင်းလှည့်ကြည့်လိုက်သည်။မြေကြီးပေါ်တွင်သွေးများဖုံးလွှမ်းပြီး လှဲကျနေသောအမျိုးသမီးကိုမြင်လိုက်သောအခါသူမရဲ့ကံကြမ္မာကိုမသိနိုင်တော့တဲ့သူမ၏မျက်နှာသည်ကြောက်လန့်မူကြောင့်ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။

ကားနှစ်စီးစက်နှိုးသံကအနီးနားရှိဇွန်ဘီများကို     ဆွဲဆောင်မိသွားပြီးသူ့တို့ရှိတဲ့နေရာဆီသို့လျင်မြန် စွာစုရုံးလာကြသည်။သူတို့ကထိတ်လန့်သွားပြီး အမျိုးသမီးဆီသို့အလျင်အမြန်မောင်းလာကြသည်။

ဇွန်ဘီများလာနေသည်ကိုမြင်သောအခါကားထဲကလူများသည်ကားရဲ့အရှိုန်ကိုမြှင့်လိုက်ပြီးဘယ်သူမှအမျိုးသမီးအတွက်ကားမရပ်ပေးခဲ့ပေ။ကားများသည်အလျင်အမြန်ဖြတ်သွားပြီးနောက်ကိုလှည့်မကြည့်ဘဲမောင်းထွက်သွားကြသည်။

အမျိုးသမီးသည်သူ့မအစွန့်ပစ်ခံလိုက်ရမှန်းသဘောပေါက်ခဲ့သည်။ဇွန်ဘီများသည်သူ့မအနီးနားသို့ပြေးလာကြသည်။သူ့မကရုတ်တရက်လှည့်ပြီးဂိုဒေါင်ကို ကြည့်လိုက်ကာထိုအချိန်တွင်ဝက်ဝံကြီးသည်မြေပြင်ပေါ်လှဲနေတာကိုသာတွေ့လိုက်ရပြီးဂိုဒေါင် ဘေးတွင်လဲလူနှစ်ယောက်ရပ်နေသေးသည်။အခု!! ဝက်ဝံကြီးသေသွားပြီလို့ထင်ပြီးသူ့မကပြန်လှည့်ကာ အပြင်းအထန်ပြေးလာခဲ့သည်။

"ဝေါင်း!!!"လှဲကျနေသောဝက်ဝံကြီးသည်ရုတ်တရက်ထလာပြီးသူ့နောက်မှရှိနေသည့်ဖန်ဟောင်နဲ့ဟဲဇီကျုံးကိုနီရဲနေသောမျက်လုံးများဖြင့်စိုက်ကြည့်နေသည်။

ဟဲဇီကျုံးလက်ထဲတွင်စတီးပိုက်တစ်ချောင်းပေါ်လာသည်။စတီးပိုက်သည်ရွှေရောင်အလင်းဖြင့်ဖုံးအုပ်ခြင်းခံလိုက်ရသည်။သူ့ကသူ့ဘေးနားတွင်ရှိနေသည့် ဖန်ဟောင်ကိုတိုးတိုးလေးပြောလိုက်သည်။ "တစ်ခုခုဖြစ်လို့ရှိရင်အထဲဝင်လိုက်နော်"အနီးနားတွင်တစ်စုံတစ်ယောက်ရှိသောကြောင့်ဟဲဇီကျုံးသည် နေရာလွတ်ကိုမဖော်ထုတ်ချင်သော်လည်းသူ့ကခတ်ခတ်ခဲခဲတိုက်ခိုက်ရန်အစီစဉ်မရှိပေ။

သို့သော်လည်းကမ္ဘာပျက်ကပ်တွင်အမျိုးမျိုးသော အန္တရယ်များရှိသောကြောင့်တိုက်ပွဲဝင်ရာတွင် လိုက်လျောညီထွေဖြစ်အောင်စောင့်ဆိုင်းမည့်အစားတဖြည်းဖြည်းလေ့ကျင့်တာပိုကောင်းသည်။သူ့တို့သည်နေရာလွတ်အကူအညီဖြင့်လေ့ကျင့်နိုင်ပြီးသင့်လျော်သောကိုယ်ခံပညာကိုတွေ့ရှိထားသောကြောင့် ဤသန္ဓေပြောင်းတိရစ္ဆာန်များနှင့်ရင်ဆိုင်ရသောအ ခါတွင်လေ့ကျင့်မူကိုလက်တွေ့တိုက်ပွဲအဖြစ်သို့ ပြောင်းလဲရန်အခွင့်အရေးကိုဆုပ်ကိုင်ထားရမည်ဖြစ်သည်။

သန္ဓေပြောင်းတိရစ္ဆာန်များသည်ဇွန်ဘီတိရစ္ဆာန်များနှင့်ကွာခြားသည်။သူ့တို့၏စရိုက်လက္ခဏာသည်ပို၍ရက်စက်ကြမ်းကြုတ်ပြီးအန္တာရယ်များလာသော်လည်း၎င်းတို့၏ကုတ်ခြစ်ခြင်း၊အကိုက်ခံရခြင်းက        လူများကိုဇွန်ဘီဖြစ်လာစေမည်မဟုတ်ပါ။

လေနှင့်ရွှေစွမ်းရည်ပေါင်းစပ်ခြင်းသည်အမှန်တကယ်ပင်စွမ်းအားကိုတိုးသွားစေနိုင်သည်။ရလဒ်သည် သေစေနိုင်လောက်အောင်အားပြင်းပြီးအံ့ဩစရာ ကောင်းသော်လည်းအားနည်းချက်မှာသိသာ      ထင်ရှားသည်-အဲ့တာကစိတ်စွမ်းအင်အလွန်အကျွံ သုံးစွဲရခြင်းဖြစ်သည်။

သူ့သည်ယခင်ကလမ်းပေါ်တွင်စွမ်းရည်နှစ်ခုကိုပေါင်းစပ်အသုံးပြုခဲ့ပြီးယခင်ကကုန်ဆုံးသွားသောစွမ်းအင်များကိုအပြည့်အဝပြန်မရရှိခဲ့သေးပေ။                   သန္ဓေပြောင်းတိရစ္ဆာန်များနှင့်ဇွန်ဘီများကို တိုက်ခိုက်ရာတွင်သူ့စွမ်းရည်များကိုလိုက်လျောညီ ထွေစွာဘယ်လိုအသုံးပြုရမလဲဆိုတာကိုသင်ယူရန်အရေးကြီးသည်။တက်နိုင်သလောက်ကိုယ်ခံပညာနှင့်နည်းစစ်နစ်တွေကိုပေါင်းစပ်အသုံးပြုရမယ်ကို တော့သဘောပေါက်ခဲ့သည်။

ဤအရာများသည်လက်တွေ့လုပ်ဆောင်ပြီးမှသာလုပ်နိုင်သောအရာများဖြစ်သည်။ဟဲဇီကျုံးကတစ်ဘဝလုံးနေရာလွတ်ထဲတွင်မနေချင်ပေ။သူ့ထွက်လာကတည်းကပြင်ပကမ္ဘာကြီးနှင့်လိုက်လျောညီထွေဖြစ်ဖို့လိုအပ်သည်။သူ့အရင်ဘဝတုန်းကသူသည်မွေးကတည်းကပင်သာမာန်လူတစ်ဦးဖြစ်ပြီးတောထဲတွင်သာဇွန်ဘီများကိုရင်ဆိုင်ခဲ့ရသည်။သူ့အတွေ့အကြုံက       မနည်းပေမယ့်ဇွန်ဘီများကိုတိုက်ခိုက်ခြင်း၊သူ့ဇနီး လေးကိုပြုစုကာကွယ်ပေးခြင်း၊နေရာလွတ်ကိုအဆင့်မြှင့်တင်ရန်အလိုငှာလေ့ကျင့်ရန်အခွင့်အရေးတစ်ခုကိုသူဘယ်တော့မှလက်လွတ်ခံမည်မဟုတ်ပေ။

ဖန်ဟောင်သူ့၏စောင့်ကြည့်ခြင်းကိုနောက်ထပ်20%တိုးလိုက်သည်။သူမှတိုက်ခိုက်ရေးစွမ်းအင်မရှိမှန်းသိသောကြောင့်သူ့ထသွားပြီးဟဲဇီကျုံးဒုက္ခရောက်‌ အောင်မလုပ်ဝံ့ပေမယ့်အကယ်လို့ဟဲဇီကျုံးကိုကူညီ ပြီးဝက်ဝံကိုသတ်နိုင်မည်ဆိုရင်သူ့ကအခွင့်အရေးကိုလက်လွှတ်ခံမည်မဟုတ်ပေ။

မနေ့ကသူ့ရွှေးချယ်ထားတဲ့စာအုပ်ငယ်ထဲကသူ့တွေ့ခဲ့ရတဲ့အသိပညာနှင့်ပရိယာယ်တွေကိုပြန်တွေးနေမိ ပြီးဘယ်ဦးတည်ရာကနေဝက်ဝံကိုတိုက်ခိုက်ရင် ပိုမိုကောင်းမွန်တဲ့ရလဒ်ရမလဲဆိုတာကိုစိတ်ထဲမှာ  ပုံဖော်ကြည့်နေသည်။ရုတ်တရက်အော်သံတစ်ခုကို ကြားလိုက်ရပြီးအသံကနီးသထက်နီးလာသည်။ ဖန်ဟောင်ကအံ့ဩမူဖြင့်လှည့်ကြည့်လိုက်ပြီးခုနကထွက်ပြေးသွားသောအမျိုးသမီးသည်ဘာကြောင့် ပြန်လာတာလည်းဆိုတာကိုမသိပေ။

အမျိုးသမီးသည်ပြေးလာပြီးလမ်းတစ်ဝက်ရောက် သောဝက်ဝံကမက်တပ်ထပ်ရပ်နေသည်ကိုတွေ့လိုက်ရသည်။သူ့မကနံရံမှာအပေါက်ကြီးပေါက်နေသည့်ဂိုဒေါင်ထဲတွင်ပုန်းချင်ခဲ့သည်။ရလဒ်အနေဖြင့် သူ့မကိုလိုက်ဖမ်းနေသည့်ဇွန်ဘီများဖြင့်ပိတ်ဆို့နေခဲ့ ပြီးဖန်ဟောင်ရှိသည့်ဘတ်သို့သာပြေးနိုင်ခဲ့သည်။

ဖန်ဟောင်ကလန့်ဖျပ်သွားပြီးအသိစိတ်အရနောက် ပြန်ခုန်လိုက်ပေမယ့်သူ့ခုန်လိုက်သောအကွာအဝေးကြောင့်တုန်လှုပ်သွားခဲ့သည်-သူ့ခုနကနောက်ပြန်ခုန်လိုက်တာကအားအများကြီး အသုံးမပြုခဲပေမယ့်သူ့ခုန်လိုက်တာတစ်မီတာ  အကွာအဝေးရှိတယ်!!

အဆုံးမှာတော့ထိုအမျိုးသမီးသည်ဇွန်ဘီများဆီက နေမလွတ်မြောက်နိုင်ခဲ့ပေ။ဇွန်ဘီတစ်ကောင်ကသူ့မပုခုံးကိုကိုက်နေပြီးနောက်တစ်ကောင်ကသူ့မလက်ကိုဖြုတ်လိုက်ပြီးစားရန်ကိုင်ထားသည်။

ဇွန်ဘီများသည်အမျိုးသမီးကိုဝန်းရံထားပြီးခဏအ ကြာတွင်ဆွဲမက်ဖွယ်ကောင်းသောအမျိုးသမီးသည်လုံးဝပျောက်ကွယ်သွားသည်။သူ့တို့ရဲ့ခေါင်းတွေကို မြှောက်ပြီးအေးခဲပြီးရပ်နေတဲ့ဖန်ဟောင်ကိုကြည့်လိုက်ကြသည်။

ဟဲဇီကျုံးကလက်ထဲတွင်စတီးပိုက်ကိုကိုင်ထားပြီး လေစွမ်းအင်ကိုအသုံးပြုကာသူ့တိုက်ခိုက်မူကိုအရှိန်ကိုမြှင့်လိုက်ပြီးသူ့လက်ထဲတွင်ရှိသောစတီးပိုက်၏ ကြံ့ခိုင်မူကိုအားဖြည့်ရန်အတွက်ရွှေစွမ်းအင်ကို အသုံးပြုလိုက်သည်။

သူ့အရင်ဘဝတုန်းကသန္ဓေပြောင်းဝက်ဝံနှင့်မတိုက်ခိုက်ဘူးသော်လည်းဇွန်ဘီများ၊သန္ဓေပြောင်းတိရစ္ဆာန်များ၊ဇွန်ဘီတိရစ္ဆာန်များကိုတော့တိုက်ခိုက်ဖူးသည်။ဝက်ဝံသည်ခွန်အားကြီးမားပြီးအပြင်းအထန်တိုက်ခိုက်ခဲ့သော်လည်း၎င်း၏ကြီးမားသောအရွယ်အစား ကြောင့်သူ့မှာအခွင့်အရေးမရှိပေ။

သူ့မျက်လုံးထဲတွင်စူးရှသောအလင်းရောင်တစ်ခုနှင့်အတူသူ့စွမ်းအားတွေအကုန်လုံးကိုစုစည်းပြီးဝက်ဝံ ရဲ့လက်မောင်းထဲမှလွတ်မြောက်လာခဲ့သည်။ကြံခိုင်မူအားဖြည့်ထားသောစတီးပိုက်သည်၏ဝက်ဝံကြီး၏လက်မောင်းတစ်ဖတ်ကိုထိမှန်သွားကာထိုလက်မောင်းသည်"ကျွပ်ခ်"ခနဲကျိုးသွားသည်။

သူ့ဦးခေါင်းထုံကျင်နေစဉ်တွင်သူ့စတင်မတုန်လှုပ်ခင်အထိကြည်နူးပျော်ရွှင်နေသောခံစားစိတ်ခံစားချက် လေးကိုဟဲဇီကျုံးခံစားနေရသည်။သူ့ထိုကောင်ကို ရိုက်နှက်နိုင်ခဲ့တယ်!!

သူ့စိတ်ထဲမှာအတွေးများဖျက်ခနဲပေါ်လာသည်နှင့်သူ့မျက်လုံးတောင့်တွင်ဖန်ဟောင်ကိုမြင်လိုက်သည်-ဖန်ဟောင်ဘေးတွင်အနည်းဆုံးဇွန်ဘီခြောက်ကောင်၊ခုနှစ်ကောင်လောက်ဝိုင်းနေတယ်?!!

"ဖန်ဟောင်!!"ဖန်ဟောင်သည်သူ့၏လှုပ်ရှားမူများ သိသိသာသာမြန်ဆန်လာသည်ကိုရုတ်တရက်သိလိုက်ရပြီးဇွန်ဘီများကြားတွင်ပြေးလွှားကာအနည်းငယ်စိတ်လှုပ်ရှားနေသည်။ဟဲဇီကျုံးရဲ့အသံကိုကြား      သောအခါသူ့လန့်သွားပြီးသူ့နောက်ကိုလက်ညိုး          ထိုးလိုက်ကာ"ရှောင်လိုက်!!ရှောင်လိုက်!!"

ဟဲဇီကျုံးဆီသို့ဇွန်ဘီတကောင်ပြေးလာနေသည်ကိုသူသတိမထားလိုက်မိပေ။

ရှေ့သို့ခုန်လိုက်ပြီးရှေ့သို့ရှောင်လိုက်ကာမြေကြီးပေါ်သို့လိမ့်လိုက်ကာဖန်ဟောင်ကိုစိတ်ဆိုးပူပန်သော  အကြည့်ဖြင့်စိုက်ကြည့်ကာ"အလွန်အကျွံမလုပ်နဲ့"

"ကျွန်တော်သိပါတယ်၊စီနီယာလည်းဂရုစိုက်ဦး" ဖန်ဟောင်ကဟဲဇီကျုံးလိုတိုက်ခိုက်ရေးစွမ်းအား     မရှိသော်လည်းသူ့၏နားမလည်နိုင်စွာတိုးလာသော အရှိုန်အဟုန်ဖြင့်ဇွန်ဘီများဆီမှလွတ်မြောက်အောင် အလွယ်တကူပြေးနိုင်သည်။ဇွန်ဘီများကိုတိုက်ခိုက် ခြင်းအတွက်အဆင်ပြေသော်လည်းကံမကောင်းစွာ ဖြင့်ထိရောက်မူနှင့်သေဆုံးနိုင်မူသည်သူ့၏သာမာန်တိုက်ခိုက်မူထက်များစွာဆိုးရွှားနေသည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment