no

Font
Theme

ဟဲဇီကျုံးသည်ခုနကသူသွားစုဆောင်းခဲ့တဲ့ထဲမှ Three-prongedဓားတစ်ချောင်းကိုရွှေးပြီး ဖန်ဟောင်ကိုပေးလိုက်သည်။သူကိုယ်တိုင်အတွက် တော့ခေါက်ဓားတစ်ခုကိုရွှေးလိုက်သည်။ထိုလက်နက်များသည်သူတို့ကျွမ်းကျင်သောကိုယ်ခံပညာများနှင့်ကိုက်ညီသည်။စျေးဆိုင်ပိုင်ရှင်ကထိုလက်နက် များကိုဘယ်လိုမျိုးရရှိခဲ့လဲဆိုတာမသိပေမယ့်-သူစုဆောင်းရရှိခဲ့တဲ့လက်နက်အများစုမှာအတုတွေ ဖြစ်ပေမယ့်အတုတွေဆိုရင်တောင်သေစေနိုင်သောလက်နက်များဖြစ်သည်။အခြေစိုက်စခန်းမှာတွေ့ခဲ့တဲ့ဟာတွေထက်ပိုကောင်းသည်။

ဖန်ဟောင်သည်သူ့လက်ထဲကခရင်းခွ(Three-pronged)ဓားကိုပျော်ရွှင်စွာနှင့်ထပ်ခါထပ်ခါကြည့် ပြီးနေရာလွတ်ထဲသို့ထည့်လိုက်ကာစဉ်းစားလိုက်ရုံနှင့်ဘယ်အချိန်မဆိုထုတ်ကလွယ်မယ့်နေရာတွင်ထားလိုက်သည်။ကျိုးပဲ့သွားသောအရှေ့တိုင်းဓားရှည်ကို ဟဲဇီကျုံး၏ပျက်စီးသွားသောဓားနှင့်အတူနေရာလွတ်ထဲကထောင့်တစ်နေရာတွင်ပစ်ချထားလိုက်သည်။

"အချိန်တော်တော်ကြာသွားပြီ၊အောက်ကိုဆင်းရ အောင်"ဟဲဇီကျုံးကလည်းအောက်ထပ်သို့မဆင်းခင် သူ့၏ခေါက်ဓားကိုနေရာလွတ်ထဲကအဆင်ပြေတဲ့နေရာတွင်ထားလိုက်သည်။

သူတို့နှစ်ယောက်သည်အောက်ထပ်သို့သွားရလမ်းတစ်လျှောက်တွင်သူတို၏"အကျိုးအမြတ်-စုဆောင်းရရှိသောထောက်ပံ့ရေးပစ္စည်း"ကိုသယ် လာခဲ့သည်။သူတို့ရဲ့ကားကိုအဆောက်အဦးအဝင် ပေါက်ဝတွင်ရပ်ထားခဲ့သည်။သူတို့အောက်ဆင်း သောအခါလှုပ်ရှားတာပိုမြန်ကြသောတစ်ချို့လူများသည်သူတို့စုဆောင်းရရှိခဲ့သောထောက်ပံ့ရေးပစ္စည်းများကိုသယ်ဆောင်နေကြသည်။

ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်ဒီတစ်ခေါက်တွင်နေရာလွတ်ထဲကို ထောက်ပံ့ရေးပစ္စည်းများမထည့်ခဲ့ပေ။ အဆောက်အဦးမှစုဆောင်းရရှိသောအရာများသည် သိပ်မများပေထို့ကြောင့်သူတို့ကံကောင်းတယ်လို့ ဟန်ဆောင်ရန်မလိုအပ်ပေ။

သူတို့ဘေးနားကအဆောက်အဦးထဲမှထွက်ပေါ်လာသောလူနှစ်ယောက်သည်သူတို့ထွက်လာသောအခါ လူတွေအနည်းငယ်ဝိုင်းကြည့်နေကြသည်။သူတို့လက်ထဲမှာပေါ့ပါးသောအိတ်အနည်းငယ်နှင့်သူတို့ အဆောက်အဦးထဲဝင်ခါစကအတိုင်းသူတို့နောက်ကျောတွင်ကျောပိုးအိတ်ကိုသာသယ်ဆောင်ထားပေမယ့်သူတို့ထွက်လာတဲ့အချိန်ကမျက်နှာအမူရာမှ တဆင့်ဝေဖန်ကြည့်လိုက်သောအခါသူတို့ရဲ့ကံက မဆိုးလှပါဘူး။

ဖန်ဟောင်သည်ခရီးသည်ထိုင်ခုံတွင်ထိုင်ကာ သူတို့နှစ်ယောက်ကိုမသိစိတ်အရမျက်မှောင်ကြုံပြီး ကြည့်လိုက်သည်"ဇီကျုံး၊ကျွန်တော်တို့အဲ့လူနဲ့ တစ်နေရာမှာဆုံဖူးသလားလို့"

ဟဲဇီကျုံးလည်းထိုလူကိုတွေ့ဖူးသလိုခံစားနေရပေမယ့်ခဏလောက်ထိမမှတ်မိနိုင်ခဲ့ပေ။အခြားသူများနှင့်စုစည်းရန်ရပ်ကွတ်ဝင်ပေါက်ကိုမောင်းသွားမှ ဖန်ဟောင်မျက်လုံးများသည်တောက်ပလာပြီးသူ့နားထဲသို့ရုတ်တရက်တိုးတိုးလေးပြောလာခဲ့သည်" အရင်ကစျေးဝယ်စင်တာရဲ့စောင့်ကြည်ရေးကင်မရာထဲမှာကျွန်တော်တို့မြင်ခဲ့တဲ့တစ်ယောက်မှလား၊ စီနီယာပြောတဲ့နေရာလွတ်စွမ်းအင်ရှိတဲ့လူလေ"

ဟဲဇီကျုံးသည်သူ့မျက်ခုံးကိုပင့်လိုက်ပြီးခေါင်းညိတ်လိုက်ကာ"အင်းအဲ့တစ်ယောက်ဖြစ်လောက်တယ်"

"အများကြီးပြန်မသယ်လာတာအံ့ဩစရာမဟုတ်ဘူး၊သူတို့နေရာလွတ်ထဲထည့်ပစ်တာဖြစ်နိုင်တယ်"

သူ့ရဲ့အဖော်ကသူ့မှာနေရာလွတ်စွမ်းအင်ရှိတယ်ဆိုတာသိလားမသေချာပေမယ့်သူ့အဖော်ရဲ့တည်ငြိမ်တဲ့မျက်နှာအမူရာကိုကြည့်သလောက်တော့သိလောက်သည်။

လူအုပ်စုသည်စုဝေးရာနေရာသို့ပြန်လာခဲ့ပြီးအနောက်ကကားများသည်ပိတ်မိနေတဲ့လူတွေကိုတောင်ကယ်ဆယ်နိုင်ခဲ့သည်။အကယ်လို့အပြင်ထွက်တဲ့လူ တွေကအသက်ရှင်ကျန်ရစ်တဲ့လူတွေကိုကယ်ဆယ်နိုင်ခဲ့ရင်လူအရေတွက်ပေါ်မူတည်ပြီးစစ်တပ်က သိမ်းဆည်းခွဲဝေယူမည့်ထောက်ပံပစ္စည်းပမာဏ အချို့ကိုလျှော့ပေးမည်ဖြစ်သောကြောင့်လူတိုင်းသည်အသက်ရှင်ကျန်ရစ်သူများကိုတွေ့သောအခါ‌ ပျော်ရွှင်ကြသည်။

ပိတ်မိသူများသည်၎င်းတို့အိမ်တွင်တစ်လနီးပါးလောက်ပိတ်မိနေခဲ့ကာအပြင်ဘက်ရှိဇွန်ဘီဟိန်းဟောက်သံများကိုနားထောင်ပြီးအောက်ထပ်ရှိလှည့်လည် သွားလာနေသောဇွန်ဘီများကိုကြည့်ကာနေ့တိုင်း ကြောက်ရွံစွာနေထိုင်နေရသည်။ဖိအားများသည်သူတို့ရဲ့စိတ်ဓာက်ကိုဖျက်ဆီးလုနီးနီးပင်ဖြစ်နေသည်။အကယ်လို့စစ်တပ်သာရိက္ခာစုဆောင်းတဲ့လူတွေနဲ့လာပြီးမစ်ရှင်မလုပ်ခဲ့ရင်ဒီလူတွေကသိပ်မကြာခင် ပြိုလဲတော့မှာဖြစ်သည်။

လူတွေအကုန်လုံးစုံပြီဆိုတာကိုအတည်ပြုပြီးနောက်ယာဉ်တန်းသည်ရပ်ကွတ်အတွင်းမှထွက်ခွာပြီး စစ်တပ်နေရာဆီသို့ချီတက်ခဲ့သည်။စစ်တပ်ရဲ့ဆောင်ရွတ်တဲ့အရှိုန်ကသိပ်မမြန်ပေ။ထိုအချိန်တွင်၎င်းတို့သည်အနီးနားရှိလမ်းကိုရှင်းလင်းထားပြီးအသံကို ကြားနိုင်သောဇွန်ဘီများကိုပိတ်ဆို့ရန်ခံတပ်လုပ် ထားသောကြောင့်သူတို့အနားယူနိုင်သည်။

အသက်ရှင်ကျန်ရစ်သူများကိုကယ်ဆယ်ခဲ့သော  အသင်းများသည်စာရင်းသွင်းရန်အတွက်လူတွေကို စစ်တပ်ဆီသို့အလျင်အမြန်သွားပို့ခဲ့သည်။စစ်ထရပ်ကားထဲမှတစ်စီးကိုကယ်ဆယ်ထားသောလူများကို တင်ရန်အတွက်ယာယီအသုံးပြုခဲ့သည်။

ယာဉ်များကိုရပ်ထားခဲ့ပြီးခုနလေးတင်ကရိက္ခာ စုဆောင်းခဲ့သော်အသင်းများ၏အဖွဲ့သားများသည် စားသောက်ရန်နှင့်ယာယီစျေးဆိုင်ခင်းရန်အတွက်ကားပေါ်မှဆင်းလာခဲ့သည်။အသစ်စုဆောင်းထား သောပစ္စည်းများကိုမိမိအတွက်ပိုအသုံးဝင်သော   ပစ္စည်းနှင့်လဲလှယ်ရန်အတွက်လုပ်လိုက်သော ယာယီစျေးတစ်ခုဖြစ်သည်။

ဖန်ဟောင်သည်ထိုကဲ့သို့သောပစ္စည်းများလဲလှယ်သည့်ယာယီစျေးတစ်ခုကိုအခုမှမြင်ဖူးခြင်းဖြစ်သည်။ ဟဲဇီကျုံးကကားကိုသော့ခတ်လိုက်ပြီးနောက်သူတို့မလိုအပ်သောအိုးတစ်ချို့နှင့်ဒယ်အိုးတစ်ချို့ကို ကျောပိုးလွယ်အိတ်ထဲသို့ထည့်လိုက်ကာအခြားသူ များ၏စျေးဆိုင်များကိုလျှောက်ကြည့်ရန်ချောကလတ်အချို့ကိုကိုင်ဆောင်ပြီးဟဲဇီကျုံးသည်ဖန်ဟောင်နောက်သို့လိုက်သွားသည်။

ပစ္စည်းအမျိုးမျိုးကိုရောင်းချနေခဲ့ပြီးအများစုမှာသူတို့မလိုအပ်သောကလေးဖိနပ်များ၊စကပ်များ၊အမျိုးသမီးအောက်ခံဘောင်းဘီများကဲ့သို့သောအရာများ ဖြစ်သည်။

ကြီးထွားသန်မာသောလူကြီးရဲ့အရှေ့တွင်ပုံထား သောအမျိုးသမီးအတွင်းခံများကိုတွေ့တော့သူတို့ နှစ်ယောက်လုံးရှက်သွားကြသည်။ထိုအမျိုးသားသည်သူလက်ထဲတွင်ဘရာတစ်ခုကိုကိုင်ထားပြီးဖြန့်ပြကာကျယ်ကျယ်လောင်လောင်ပင်ရီနေသေးသည်   "အရမ်းကောင်းတဲ့ပစ္စည်းတွေနော်!!!ကောင်မလေးတွေကိုဆွဲဆောင်ဖို့နဲ့ကိုယ့်ရဲ့အမျိုးသမီးကိုကျေနပ် အောင်လုပ်ပေးဖို့အခြေစိုက်စခန်းအပြန်တစ်ခု ရောင်းပေးမယ်ဗျို့"

သူ့ဘေးနားကကလေးဖိနပ်ရောင်းချနေသောအမျိုးသားသည်ရီလိုက်ပြီး"ဆိုဒ်ကကြီးလွန်းတယ်၊ဒီလိုခေတ်ကြီးမှာD cupရှိတဲ့ဘယ်သူမဆိုဆာလောင်မူဒဏ် ကြောင့်A cupအရွယ်စားလောက်ကိုကျုံသွားလော က်ပြီ၊ဘယ်သူကဒီလိုအရာမျိုးကိုဝယ်မှာလဲ"

သူတို့နှစ်ယောက်ကြားကစကားဝိုင်းကိုကြားတဲ့လူတိုင်းသည်မရီဘဲမနေနိုင်ဖြစ်ကာခုနကတင်းမာနေ သောလေထုသည်ပြောင်းလဲသွားသည်။

ဟဲဇီကျုံးသည်ထိုပုံမှန်မဟုတ်သောဆိုင်များမှလှည့်ထွက်ခဲ့ကာhardwareဆိုင်မှသံချောင်းအများအပြားကိုလဲလှယ်ရန်အတွက်အိုးနှင့်ဒယ်အိုးများကိုအသုံး ပြုခဲ့သည်။ဒီလိုသံချောင်းများကိုလက်နက်ပုန်းအဖြစ်အသုံးပြုနိုင်ပြီးဝါးနှင့်ပြုလုပ်ထားသောအရာထက် ပိုကောင်းသည်။သေစေနိုင်နှုန်းလည်းမြင့်ပြီးသံချေး မတက်သရွှေ့ပြန်လည်အသုံးပြုနိုင်သည်။

ခဏလှည့်ပတ်ကြည့်ပြီးနောက်နှစ်ယောက်သား ကားဆီသို့ပြန်လာကာနောက်လှုပ်ရှားမူကိုစောင့်ဆိုင်းပြီးenergyဖြည့်သွင်းရန်အတွက်သစ်သီးသုတ်၊ အသားခြောက်နှင့်ချောကလတ်အချို့ကိုစားခဲ့သည်။

စစ်တပ်သည်ပြန်မလှည့်ခင်စစ်ဆင်ရေးသည်နှစ်ရက်ကြာခဲ့သည်။နေ့လယ်ခင်းတစ်ခုတွင်စစ်တပ်၏မီးတန်းကြီးဆီသို့ဒုတိယအဆင့်ဇွန်ဘီ တစ်ကောင်ပြေး ဝင်လာခဲ့သောကြောင့်မတော်တဆမူတစ်ခုဖြစ်လုနီးပါးဖြစ်သွားသည်မှလွဲ၍အားလုံးအဆင်ပြေခဲ့သည်။ ဟဲဇီကျုံးကိုအနည်းငယ်နောင်တရအောင်ခံစားစေရ သောအရာမှာမည့်သည့်ကျောက်စိမ်းဆိုင်သို့မဟုတ် လက်ဝတ်ရတနာဆိုင်သို့မဖြတ်သွားခြင်းဖြစ်သည်။သို့သော်လည်းစစ်တပ်မှသတ်ဖြတ်လိုက်သောဇွန်ဘီများကိုသူတို့လျိုဝှတ်စွာ"စစ်ဆေး"လိုက်သောကြောင့်အဏုမြူကျောက်တုံးများစွာကိုရရှိခဲ့သည်။

လူအုပ်စုသည်အရှေ့သို့ကားကိုကွေ့လိုက်ပြီးအခြေစိုက်စခန်းဆီသို့ဦးတည်သွားခဲ့သည်။ဒီတစ်ခေါက် တော့အပြင်ထွက်သည့်အဖွဲ့များသည်ကားတိုင်းလိုလို အပြည့်တင်ပြီးပြန်လာခဲ့သည်။ဥပမာအားဖြင့် ဖန်ဟောင်နှင့်ဟဲဇီကျုံးတို့ကား၏ဘေးနားကကားသည်ဖွင့်တောင်မဖွင့်ရသေးတဲ့ခေါက်ဆွဲခြောက်တစ် ဒါဇင်ရှာတွေ့ခဲ့သည်။ထိုပစ္စည်းများနှင့်အတူထိုလူ  များအောက်ထပ်သို့ဆင်းလာသောအခါကျန်သောသူများ၏မျက်လုံးများသည်အနီရောင်ပြောင်းလုနီးပါး ဖြစ်ခဲ့သည်(မနာလိုလွန်းလို့သွေးမျက်ရည်ကျမတက်)

ဆင်ခြေဖုံးတွေမှာလျှပ်စစ်မီးပျက်တောက်သွားသောကြောင့်အိမ်တွေအကုန်လုံးကရေခဲသေတ္တာထဲက ဟာတွေပုပ်သိုးသွားတာကတော့နှမြောစရာပင်မဟုတ်ရင်လူတိုင်းပစ္စည်းတွေအများကြီးရနိုင်သည်။



There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment