လူအုပ်ကြီးကကားပေါ်ကဆင်းလိုက်ပြီးရပ်ကွက်ရဲ့ အဝင်အဝမှာစုစည်းလိုက်ကာပတ်ပတ်လည်မှာ ဒယိုင်းဒယိုင်ဖြင့်လျှောက်သွားနေသောဇွန်ဘီများကို စတင်ရှင်းလင်းလိုက်သည်။ရှင်းလင်းသတ်ဖြတ်ပြီး နောက်၎င်းတို့သည်မဲပေါက်သည့်ရလဒ်အတိုင်း သူတို့နှင့်သက်ဆိုင်သည့်အဆောက်အဦးသို့ဝင်သွားခဲ့သည်။
Fengcheအသင်းသည်အခြားအဖွဲ့များထက်လျင်မြန်စွာလှုပ်ရှားခဲ့ပြီးဇွန်ဘီများစွာကိုသတ်ဖြတ်ခဲ့သည်။အသင်းအများစုသည်သူတို့မဲပေါက်သည့်အိမ်ထဲရှိ ဇွန်ဘီများကိုရှင်းလင်းနေဆဲဖြစ်သော်လည်းသူတို့ တာဝန်ယူထားတဲ့ဟာဖြစ်သောကြောင့်လျင်မြန်စွာ ရှင်းလင်းနေကြသည်။
Aမြို့၏အလုပ်လုပ်ကိုင်သူအများစုသည်ဒီရပ်ကွတ်ထဲတွင်နေထိုင်ခဲ့သောကြောင့်အထဲတွင်ထောက်ပံ ရေးပစ္စည်းအများကြီးရှိမယ်လို့မမျှော်လင့်ထားပေ။ဆန်10kgတစ်အိတ်နှင့်ခေါက်ဆွဲခြောက်တွေရှာတွေ့နိုင်ရင်တောင်အတော်လေးကောင်းမွန်နေပြီဖြစ်သည်။အဲ့အစားခေါက်ဆွဲခြောက်ထုတ်၊အာလူးချောင်းကြော်နှင့်ဘီစကစ်ကဲ့သို့သောအရာများကပိုများသည်။
ဖန်ဟောင်သည်ထိုမိသားစု၏ဗီရိုထဲမှသကြားလုံး မျိုးစုံအိတ်ကြီးတစ်အိတ်ကိုရှာတွေ့ခဲ့သည်။သူသည်အသစ်ပြုပြင်ထားသောအိမ်ကြီးကိုကြည့်ပြီးသကြားလုံးအိတ်ကိုကိုင်ကာဟဲဇီကျုံးရှိတဲ့အခန်းထဲသို့လျှောက်သွားလိုက်သည်"ဇီကျုံး….ဒီသကြားလုံးတွေက မင်္ဂလာဆောင်သကြားလုံးတွေလားမသိဘူး"
ဟဲဇီကျုံးသည်သကြားလုံးအိတ်ကိုကြည့်လိုက်ပြီး နောက်ကုတင်ဘေးရှိကြီးမားသောကြီးမားသော ဓာက်ပုံကြီးနှစ်ပုံကိုကြည့်လိုက်ကာ"အခန်းထဲမှာ ဇွန်ဘီမရှိဘူး၊ကြည့်ရတာသူတို့အသက်ရှင်နိုင်ခဲ့ပုံဘဲ"
ဖန်ဟောင်ကလည်းဓာက်ပုံကိုကြည့်လိုက်သည်။ဓာက်ပုံထဲကစုံတွဲသည်ပျော်ရွှင်ကာအပြုံးတွေနှင့် ပြည့်နှက်နေသည်။ယခုလက်ရှိအခြေနေနဲ့တော့ နည်းနည်းကွဲလွဲနေပုံရသည်။
"အင်းပြီးတော့ဒီနေရာကအခြေစိုက်စခန်းနဲ့လည်းနီးတယ်"
ရပ်ကွတ်အပြင်ဘက်နှင့်လမ်းများတွင်လှည့်လည် သွားလာနေသောဇွန်ဘီများစွာရှိနေပြီးကမ္ဘာပျက်ကပ်ကြောင့်မူလကပျော်ရွှင်နေသောမိသားစုဘယ်နှစ်စုများပြိုကွဲခဲ့မလဲ။
နှစ်ယောက်သားအဆောက်အဦးထိပ်သို့တက်သွားကာသူတို့စုဆောင်းနိုင်သလောက်ပစ္စည်းအများစုကိုစုဆောင်းခဲ့ကြသည်။ဟဲဇီကျုံးကဖန်ဟောင်အား အနည်းငယ်တီးတိုးပြောလိုက်ပြီးနေရာလွတ်သို့ပြန်လိုက်သည်။
နေရာလွတ်ထဲတွင်သွမ့်ဇီသည်တစ်နေရာမှတစ်နေ ရာသို့ခုန်ကာဆော့နေသည်။ဟဲဇီကျုံးနေရာလွတ်ထဲသို့ဝင်လာတာမြင်တော့သွမ့်ဇီကဖန်ဟောင်လက် မောင်းထဲသို့ခုန်ပြီးပစ်ဝင်လိုက်သည်။
ဟဲဇီကျုံးကခုန်ပေါက်နေသောသွမ့်ဇီရဲ့နူးညံသော ခေါင်းလေးကိုထိလိုက်ကာ"မင်းဝင်ခဲ့တယ်မလား၊အဲ့မှာဘယ်သူမှမရှိဘူးမဟုတ်လား"
သွမ့်ဇီ၏မျက်လုံးကြီးများသည်မှိတ်တုတ်မှိတ်တုတ် လုပ်၍တစ်ကိုယ်လုံးခေါင်းညိတ်ကာရေလိုမျိုးခန္ဓာကိုယ်လေးသည်လည်းလှုပ်ရမ်းနေသည်။
"ငါကိုအဲ့နေရာခေါ်သွား"
ထို့သို့ပြောလိုက်တာကိုကြားတော့သွမ့်ဇီသည်ဟဲဇီကျုံးနှင့်အတူနေရာလွတ်ထဲမှပျောက်ကွယ်သွားကာ တခြားနေရာတစ်ခုတွင်ပေါ်လာသည်။
ဒီဧရိယာထဲကစစ်တပ်ချန်ထားခဲ့သောစျေးဆိုင်ငယ်လေးဖြစ်သည်။ထိုအချိန်တုန်းကစျေးဆိုင်အပြင်ဘက်တွင်ဇွန်ဘီအလောင်းများစုပုံနေပြီးဆိုင်တံခါးကို တင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားသည်။
ဆိုင်အပြင်ဘက်တွင်ရေးထားသောဆိုင်းဘုတ်နှင့် ဆိုင်အထဲကပစ္စည်းများသည်ဘာမှမသက်ဆိုင်ပေ-ဆိုင်အပြင်ဘက်တွင်"XXXပန်းဆိုင်"လို့ရေးထားပေမယ့်အထဲတွင်ဓားအမျိုးမျိုး၊ဓားအတုအမျိုးမျိုးနှင့်ဓားသွေးရန်အသုံးပြုတဲ့ကရိယာတွေတောင်ရှိသေးကာ လက်နက်တွေနဲ့ပြည့်နှတ်နေသည်။
ဟဲဇီကျုံးကစျေးဆိုင်ပတ်ပတ်လည်ကိုလျှောက်သွားကာအထဲမှာရှိသည့်ပစ္စည်းအားလုံးနီးပါးကိုနေရာလွတ်ထဲသို့ထည့်လိုက်ပြီးသွမ့်ဇီကိုကိုင်ကာနေရာလွတ်ထဲသို့ပြန်သွားခဲ့သည်။
ဟဲဇီကျုံးပြန်ရောက်လာကြောင်းသိရှိသွားသော ဖန်ဟောင်သည်နေရာလွတ်ထဲသို့အမြန်ဝင်လိုက် ကာဟဲဇီကျုံးရဲ့လက်ကိုဆွဲလိုက်ပြီးနေရာလွတ်ထဲမှ အပြင်ဘက်အဆောက်အဦးသို့အတူပြန်လိုက်သည်။
"အဆင်ပြေလား"
"အင်းပစ္စည်းအများစုကအတုတွေဆိုပေမယ့်အထဲ မှာကောင်းတဲ့ပစ္စည်းလေးတွေနည်းနည်းတော့ရှိ တယ်"ဟဲဇီကျုံးကအရမ်းကိုစိတ်ကျေနပ်နေသည်။အခြေစိုက်စခန်းတွင်ယခင်ကဝယ်ယူခဲ့သောအစားထိုးလက်နက်နှစ်ခုသည်ရပ်ကွတ်အတွင်းကဇွန်ဘီ တွေကိုရှင်းလင်းသည့်တိုက်ပွဲတွင်ကျိုးသွားခဲ့သည်။ သူ့လျင်မြန်စွာတုံ့ပြန်ပြီးအနောက်သို့မခုန်ခဲ့ရင်သူ့ လက်နက်နဲ့သူထိခိုက်ဒဏ်ရာရနိုင်သည်။
သူ့ကိုယ်ပိုင်ဓားရှည်ကြီးကျိုးသွားရင်တောင်သူ့ခုနကရှာတွေ့ခဲ့သောလက်နက်များသည်အသုံးပြုလို့ရနိုင်သည်။