no

Font
Theme

Chapter29

နောက်နေ့မနက်စောစောထပြီးဖန်ဟောင်သည်            မနက်စာလုပ်ရန်အတွက်မီးဖိုချောင်သို့သွားခဲ့ပြီး              ဟဲဇီကျုံးဟာခြံဝင်းထဲတွင်သူ့ရဲ့စွမ်းအင်ကို လေ့လာနေခဲ့သည်။

သူသည်သူ့၏အရင်ဘဝကလေစွမ်းအင်အသုံးပြုသူတို့၏လှုပ်ရှားမူတွေကိုမြင်ဖူးသည်။အဆင့်နိမ့် လေစွမ်းအင်သည်လက်ဖဝါးအရွယ်ထက် သေးငယ်သောလေဗွေလေးကိုသာလုပ်နိုင်ပြီး     ဇွန်ဘီများကိုပစ်ခတ်ရန်အလွန်အားနည်းလွန်းသည်။စွမ်းအင်များထဲတွင်လေစွမ်းအားသည်                        သေစေနိုင်လောက်တဲ့အထိအားမပြင်းပေ………….

ဒါပေမယ့်လေစွမ်းအင်ရှိသူသည်၎င်းတို့၏ခန္ဓာကိုယ်ကိုအရှိန်မြှင့်ရန်၊သူ့တို့၏ခြေလှမ်းများကိုပေါ့ပါးစေရန်အစရှိသည်တို့နှင့်ပေါင်းစပ်အသုံးပြုနိုင်သည်။             ဒါပေမယ့်အခြေခံအားဖြင့်တော့အဲ့တာကအမြန်စွမ်းရည်နဲ့တူသောကြောင့်အစပိုင်းမှာ သိပ်ကြိုက်နှစ်သတ်ခြင်းမရှိပါဘူး။

အခြေစိုက်စခန်းမှတစ်စုံတစ်ယောက်သည်သူတို့      စွမ်းအင်ကိုlevel-2အထိမမြှင့်နိုင်ခင်အထိဖြစ်သည်။        အဲ့ဒီအသတင်းကအမှန်လားကောလဟာလလား ဆိုတာမသေချာသော်လည်းအခြေစိုက်စခန်းမှ      လူအများစုသည်သာဘာဝစွမ်းအင်များ(လေ၊မီး၊ရေ၊မြေ၊သစ်သား)သည်အဆင့် မြှင့်တင်ပြီးနောက်ပိုင်းအခြားသော"သာမာန်" စွမ်းအင်များနှင့်မနှိုင်းယှဉ်နိုင်လောက်အောင် ပိုပြီးတော့စွမ်းအားကြီးသည်ဟုယုံကြည်ခဲ့ကြသည်။

လေစွမ်းအင်အသုံးပြုသူများသည်level-2ကိုရောက်   ရင်လေဓားများကိုထုတ်လွှတ်နိုင်သည်ဟုဟဲဇီကျုံး ကြားဖူးခဲ့သည်။ပြီးတော့သူ့မသေခင်တုန်းကလည်း…………အဲ့လိုလေဓားနဲ့ဇွန်ဘီတစ်ကောင်ကို ပစ်ထုတ်နိုင်ခဲ့လားလို့။

ခြံဝင်းထဲမှာရပ်နေရင်းဟဲဇီးကျုံးသည်ခွန်အားကိုစုစည်းရန်ကြိုးစားရင်းသူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့စွမ်းအားကိုခံစားမိလိုက်ပြီးသူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် အပြာနုရောင်လေပွေကသိပ်သည်းနေပြီးသူ့တစ်ကိုယ်လုံးကိုလွှမ်းခြုံထားပုံပေါ်သည်။ခြံဝန်းနဲ့ သိပ်မဝေးတဲ့နေရာမှာကုလားထိုင်တစ်လုံးကိုတွေ့ တော့သိပ်သည်းကျစ်လစ်နေတဲ့လေအကာအကွယ်ကိုသေးငယ်သောလေဓားများအဖြင့်ရုတ်တရက် ပြောင်းလိုက်ကာ"ရွှန်းခနဲမြည်အောင်ဝှေ့ယမ်းလိုက်"ပြီးကုလားထိုင်ပေါ်တွင်ကြောက်စရာကောင်းသောမရေတွက်နိုင်တဲ့ခြစ်ရာတွေကိုချန်ထားခဲ့သည်။

"…Level-2လား"ဟဲဇီကျုံးကအံ့ဩမှုကြောင့် မျက်ခုံးပင့်လိုက်သည်။သူ့ရဲ့ကနဦးစွမ်းရည်အဆင့်ကLevel-2ရောက်နေလိမ့်မယ်လို့တော့ မမျှော်လင့်တားပေ။

သူ့ရဲ့အဖျားကတစ်နှစ်ဝက်လောက်ကြာခဲ့တယ်………သူ့ပြန်လည်မွေးဖွားပြီးနောက်မှာတော့ဖျားတဲ့အချိန်ကနေရာလွတ်ထဲကရေကြောင့်အချိန်တိုသွား သော်လည်းသာမာန်လူတွေရဲ့အဖျားထက်တော့           ကြာနေဆဲဖြစ်သည်။အ့ဆိုအချို့လူတွေlevel-2စွမ်းရည်ရှိကြတာဒါကြောင့်လား။

ဖြစ်နိုင်တယ်!!!အကယ်၍ဖျားတဲ့အချိန်ပိုကြာပါက          နိုးထတဲ့စွမ်းရည်ကlevelပိုမြင့်မှာဖြစ်ပြီး တစ်စုံတစ်ယောက်သည်အဏုမြူကျောက်တုံးရဲ့ အကျိုးသတ်ရောက်မူကိုရှာမတွေ့ဘဲသူတို့ရဲ့ စွမ်းရည်တွေကိုမြှင့်တင်နိုင်တဲ့အကြောင်းပြချက်ဖြစ်မယ်!!!!

ဟဲဇီကျုံးကအသတ်ကိုပြင်းပြင်းရှုလိုက်ပြီးသူရဲ့နောက်ထပ်စွမ်းအားတစ်ခုကိုစမ်းသပ်လိုက်သည်-ရွှေစွမ်းအင်

သူ့အရင်ဘဝတုန်းကဒီလိုမျိုးစွမ်းအင်ရှိကြောင်း        မကြားဖူးပေမယ့်အဲ့တာကသာမာန်ဖြစ်သည်။          သူ့အရင်ဘဝတုန်းကFမြို့မှာရှိတဲ့တစ်ဧကလောက်ဘဲကျယ်တဲ့မြေနေရာလေးမှာနေခဲ့သည်။နောက်ပိုင်း         Aမြို့ရဲ့အခြေစိုက်စခန်းကိုရောက်တော့လည်း     အောက်ခြေအလုပ်ကြမ်းသမားများ၏တစ်စိတ်တစ်ပိုင်းလည်းခဲ့သည်။ထို့နောက်overloadအဖွဲ့တွင်ပါဝင်ပြီးမကြာမီတွင်သူသည်သစ္စာဖောက်ခြင်းခံရပြီး လိုက်ဖမ်းခံခဲ့ရသောကြောင့််သူ့စွမ်းအင်တွေနဲ့ပတ်သတ်ပြီးဗဟုသုတနည်းခြင်းဖြစ်သည်။

ရွှေစွမ်းရည်သည်ရွှေကဲ့သို့ပင်ဖျက်စီး၍မရပေ။

ဟဲဇီကျုံးသည်သူ့၏ခန္ဓာကိုယ်အစိတ်ပိုင်းတိုင်းတွင်   စွမ်းအင်ဖြင့်ဖုံးအုပ်ထားနိုင်သည်။ဒီစွမ်းအင် ကလည်းlevel-2ဖြစ်သောကြောင့်ကိုယ်ခံပညာ အတွင်းအားနဲ့ဆင်တူပင်သူ့လက်ထဲမှာရှိသည့် လက်နက်တွေနဲ့လည်းစွမ်းအင်ကိုချိတ်ဆတ်နိုင် သည်။သစ်ကိုင်းတစ်ကိုင်းနှင့်ပင်ကိုယ်ခံပညာရှင် တစ်ဦးလိုသန်မာတဲ့စွမ်းအားကိုဖော်ပြနိုင်သည်။

စွမ်းအင်ကိုကျောက်တုံးသေးသေးလေးတွေနဲ့ရစ်ပတ်ထားနိုင်သော်လည်းစိတ်မကောင်းစရာကတော့ကျောက်တုံးများကိုသူ့ခန္ဓာကိုယ်နဲ့ငါးမီတာထက် ဝေးတဲ့နေရာကို ပစ်လိုက်တာနဲ့စွမ်းအင်များကလုံးဝ ပျောက်ကွယ်သွားမှာဖြစ်သည်။

စွမ်းအင်နှစ်ခုကိုပေါင်းစပ်သုံးဖို့အကြံဉာဏ်မထွက် သေးဘူး-ဟဲဇီကျုံးအရင်တုန်းကအဲ့လိုမျိုးတစ်ခါမှ      မစဉ်းစားဖူးပေမယ့်အကယ်လို့ရွှေစွမ်းအင်ကိုလေဓါးနဲ့ရစ်ပတ်ပြီးတိုက်ခိုက်မယ်ဆိုရင်…တိုက်ခိုက်မူ စွမ်းအင်ကအရမ်းမိုက်မှာသေချာတယ်!!!

ဝမ်းနည်းစရာကောင်းတာကတော့သူ့ရဲ့ လက်ရှိအဆင့်နဲ့အဲ့လိုမျိူးလုပ်ဖို့မဖြစ်နိုင်သေးပေ။

"မနက်ခင်းစာစားလို့ရပြီ"ဆိုတဲ့အသံကိုကြားတော့ စွမ်းအင်ကို70%80%လောက်အသုံးပြုထားသည့် ဟဲဇီကျုံးသည်မပြုံးဘဲမနေနိုင်တော့ပေ။      သူ့ကိုတွေးပေးပြီးဂရုစိုက်ပေးတဲ့တစ်စုံတစ်ယောက်ရှိတာကအရမ်းကောင်းသည်။

ဖန်ဟောင်ကပြောင်းဆန်မတ်ပဲယောဂု၊ရွှေဖရုံသီး ယောဂု၊ရတနာရှစ်မျိုးယောဂု၊ခရမ်းရောင်ဆန်ယောဂု၊ကြက်ဥနှင့်အသားယောဂု၊ပဲနီလေးယောဂု၊       ငါးအသားလွှာယောဂု၊ကြက်သားယောဂု၊ထမင်းငန်ယောဂုအစရှိသည့်ယောဂုအများကြီးကိုလုပ်ထားသည်။

သူ့စဉ်းစားလို့ရသမျှ၊အိမ်မှာပါဝင်ပစ္စည်းတွေရှိသမျှအားလုံးနှင့်အိုးကြီးကြီးတွေနဲ့ချက်ထားလိုက်တယ်!!!

သူတို့နှစ်ယောက်လမ်းတစ်လျှောက်ထောက်ပံ့ရေး       ပစ္စည်းတွေကိုစုဆောင်းတုန်းကတစ်မီတာလောက်နက်ပြီးစွပ်ပြုတ်အတွက်အထူးအသုံးပြုတဲ့အိုးအကြီး   ကြီးတွေကိုစုဆောင်းခဲ့သည်။အခုတော့အဲ့ဒါတွေက ချက်ထားတဲ့ယောဂုတွေနဲ့ပြည့်နေပြီးမြေအောက်ထပ်ဂိုဒေါင်ထဲတွင်သိမ်းထားသည်။

ဖန်ဟောင်ပြောတာအရဆိုရင်သူတို့တွင် အခြေခံအစားအစာများကိုသိုလှောင်ထားပြီးသား ဖြစ်ပြီးအချိန်ကြာမြှင့်စွာစားသုံးနိုင်သည့်အမျိုးစား များစွာလည်းရှိသည်။ဆန့်ကျင်ဘတ်အနေနဲ့ ဂျုံယောဂုများနှင့်ဟင်းရည်များသည်မရှိသလောက်ပင်။ဒီမနက်ခင်းမှာသူ့ကယောဂုအမျိုးအစား အားလုံးကိုအဓိကလုပ်ခဲ့သည်။နေ့ခင်းနဲ့ညနေခင်း ရောက်ရင်တော့စွပ်ပြုတ်အမျိုးမျိုးကိုဆွဲပုံးကြီးအနည်းငယ်လောက်ချက်မလို့စဉ်းစားထားသည်။

ဘာဘဲဖြစ်ဖြစ်သူတို့နှစ်ယောက်အခုချိန်မှာဘာမှ လုပ်စရာမရှိသလိုခရီးသွားစရာလည်းမရှိပေ။သူ့လုပ်ဖို့ဆန္ဒရှိတယ်ဆိုရင်ဟဲဇီကျုံးကသူကိုကူညီပြီး         ဖြည်းဖြည်းချင်းလုပ်ဖို့ဆန္ဒရှိသည်။

မနက်ခင်းစာစားပြီးနောက်နှစ်ယောက်သားနေရာလွတ်ထဲမှထွက်လာခဲ့သည်။ရပ်ကွတ်အပြင်ဘတ်က          အခြေနေသည်အရင်နှစ်ရက်ကလိုဘဲဖြစ်ပေမယ့်     ရပ်ကွတ်အတွင်းသွားလာနေတဲ့ကားအစီးအရေ     ပိုများသည်။

စောင့်ကြည့်ရေးကင်မရာကိုစစ်ဆေးပြီးနံနက်ခင်းတွင်မည်သူမျှလာရောက်ခြင်းမရှိကြောင်းကိုအတည်ပြုပြီးနောက်ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်ယာယီစခန်း      ရဲ့ပတ်ဝန်းကျင်အခြေနေကိုလေ့လာရန်အပြင်ထွက်ဖို့ဆုံးဖြတ်ခဲ့သည်။

သူတို့နှစ်ယောက်မောင်းထွက်လာတဲ့အခါမနက်ခင်း အစောပိုင်းတွင်စွန့်စားဖို့အပြင်ထွက်သူတွေအများ ကြီးရှိနေတာကိုတွေ့လိုက်ရသည်။အများစုသည် စစ်တပ်ကလျစ်လျူရှုထားသောစာနပ်ရိက္ခာများကိုအိမ်သို့ယူဆောင်ရန်မျှော်လင့်ချက်ဖြင့်ရှာဖွေနေကြသည်။အခြားလူအချို့သည်ရွှေဆိုင်ကဲ့သို့သော ဇိမ်ခံပစ္စည်းအချို့ကိုအာရုံစိုက်လာကြသည်။ စိတ်မကောင်းစရာကတော့သူတို့နောက်ကျသွားသည်၊ဖန်ဟောင်နဲ့ဟဲဇီကျုံးကမနေ့ကအဲ့နေရာတွေကို                   သွားပြီးပြီဖြစ်သည်။

မနီးမဝေးကရွှေဆိုင်တံခါးဝမှာလူတစ်ချို့ကျိန်ဆဲနေတဲ့အသံကြားတော့ဖန်ဟောင်ကသူတို့ကိုကြည့်ပြီး  မရီဘဲမနေနိုင်ပေ။အဲ့ဒီဆိုင်ကိုလည်းမနေ့ကသူတို့ နှစ်ယောက်သွားခဲ့ပြီးပြီဖြစ်သည်။

စစ်တပ်ရဲ့ယာယီစခန်းအဖြစ်ပြုလုပ်ထားသော ကျောင်း၊ဇွန်ဘီများကိုရှင်းလင်းရန်အတွက်ပိတ်ဆို့ထားသောဆေးရုံတစ်ဝိုက်ဒါမှမဟုတ်ဇွန်ဘီအလောင်းတွေကိုမီးရှို့သည့်ဆောက်လုပ်ရေးလုပ်ငန်းခွင်ကဲ့သို့သောနေရာများကိုကားတွေမောင်းဝင်လာမည်ဆိုရင်စစ်သားများကတားဆီးမည်ဖြစ်သည်။

အခုချိန်မှာသူတို့ရဲ့ရည်ရွယ်ချက်ကဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကိုဝင်ရန်ဖြစ်သည်။အဲ့ဒီနေရာက ဘေးကင်းဇုန်တစ်ခုလုံးရဲ့ဇွန်ဘီများကိုမီးရှို့တဲ့နေရာဖြစ်သည်။

သို့သော်လည်းသူတို့နှစ်ယောက်ထိုနေရာသို့သွားလိုက်သောအခါအထဲမှာမီးခိုးတွေရှိနေတုန်းဖြစ်သည်။ မရေတွက်နိုင်သောကားများသည်သွားလိုက်လာလိုက်ဖြင့်ဇွန်ဘီများကိုသယ်ဆောင်လာပြီး လက်နက်ကိုင်စစ်သားများကတံခါးတွင်စောင့်ကြပ်နေကြသည်-လက်ရှိတွင်ရောဂါဖြစ်စေနိုင်သော         အကြောင်းအရင်းများ၊အခြေခံသဘောတရားများနှင့်နည်းလမ်းများကိုသေသေချာချာမသိရသေးပေ။ထိုကဲ့သို့သောအန္တရယ်များသောနေရာများတွင်အပြင်လူများကိုသွားလာခွင့်မပြုပေ။

ယာယီအခြေစိုက်စခန်းကလက်ရှိတွင်လူများကိုသာဝင်ခွင့်ပြုပြီးထွက်ခွင့်မပြုပေ။ယာယီအခြေစိုက် စခန်းသို့ဝင်ချင်သည့်ဘယ်သူမဆို၎င်းတို့အား ဝင်ရောက်ခွင့်မပြုမီဇွန်ဘီဖြစ်လာမလာဆိုတာကို  အတည်ပြုရန်၂၄နာရီစစ်ဆေးမူပြုလုပ်ရမည်ဖြစ်သည်။

ထို့နောက်မှသာယာယီဘေးကင်းရေးဇုန်ကိုဝင်နိုင်  မှာဖြစ်ပြီးဝေးလံသောနေရာများတွင်ထောက်ပံ့ရေး     ပစ္စည်းများရှာဖွေခြင်းကိုမလုပ်နိုင်ပေ။

ဟဲဇီကျုံးသည်အလောင်းများမီးရှို့ရာနေရာမှဗီလာဧရိယာသို့ပြန်မောင်းလာခဲ့သည်။အခြေစိုက်စခန်းသည်ဟဲဇီကျုံးရဲ့မှတ်ဉာဏ်ထဲကလောက်မကြီးလာ သေးသော်လည်းအရေးကြီးသောနေရာများကိုတော့       တံတိုင်းကာထားသည်။

ထို့အချိန်တွင်စစ်သားအချို့သည်လူနေရပ်ကွတ်တွေထဲမှာကျန်နေသေးသည့်ဇွန်ဘီများကိုရှင်းလင်း နေပြီးကျန်စစ်သားများသည်ဆေးရုံတစ်ဝိုက်တွင်-အပြင်းထန်ဆုံးထိခိုက်ထားတဲ့နေရာများရှိပြီးဇွန်ဘီအရေအတွက်များလွန်းသဖြင့်ခေါင်းကိုက်စေသည်။

ကံကောင်းစွာဖြင့်ဆေးရုံ၏တံခါးများကိုကားများစွာ       ဖြင့်ပိတ်ဆို့ထားသောကြောင့်ဆေးရုံထဲတွင်ဇွန်ဘီ   များပိတ်မိနေခဲ့သည်။

နှစ်ယောက်သားအပြင်ကအခြေနေကိုအတည်ပြုပြီးနောက်အလောင်းတွေမီးရှို့သည့်နေရာကိုခိုးဝင်လို့ မရမှန်းသိလိုက်သည်။

ဖန်ဟောင်ကမီးဖိုချောင်ထဲမှာနေလိုက်ပြီးအမျိုးမျိုးသောစတူးနှင့်စွပ်ပြုတ်များကိုဆက်လတ်ချက်ပြုတ်နေလိုက်သည်။ဟဲဇီကျုံးသည်လှည်းကိုထုတ်ယူကာ-ခြံဝင်းအတွင်းရှိစင်ထိုးပြီးစိုက်ထားသည့်အသီးများ    ရင့်မှည့်နေသည်ကိုတွေ့လိုက်ရသည်။

အစတုန်းကကုန်ပစ္စည်းများစုံလင်စေရန်အမျိုးမျိုး သောစပျစ်ပင်များ၏အစေ့ကိုတစ်မျိုးနှစ်စေ့စီသာ       ဝယ်ခဲ့သည်။ယနေ့တွင်kyohoစပျစ်သီးတော်တော် များများကမှည့်နေပြီဖြစ်သည်။ထို့အပြင်ဝိုင်လုပ်ရာတွင်သာသီးသန့်အသုံးပြုသည့်စပျစ်သီးများလည်း ရှိသေးသည်။အချို့ဆိုကြားတောင်မကြားဖူးပေ။

စပျစ်သီးများအပြင်သခွားမွှေးသီးများ၊ဖရဲသီးများ၊သခွားသီးများနှင့်ဘူးသီးအချို့လည်းမှည့်နေပြီဖြစ်သည်။ဟဲဇီကျုံးသည်လှေကားကိုယူလိုက်ပြီးစပျစ်နွယ်ပင်များအပေါ်တွင်မှည့်နေသောအခိုင်များကိုတစ်ခု    ချင်းစီရွှေးကာကတ်ကြေးနှင့်ဖြတ်လိုက်သည်။

သူတို့နှစ်ယောက်သည်နေ့တစ်ဝက်လောက်အလုပ်   များနေပြီးဖန်ဟောင်ကတော့နောက်ဆုံးတင် သူ့စဉ်စားလို့ရသမျှအစားအသောက်များ ချက်ပြုတ်ခြင်းမှာ ပြီးဆုံးသွားသည်။နေရာလွတ်ထဲမှာရတဲ့ပါဝင်ပစ္စည်း           တွေနဲ့ပြုလုပ်ထားသည့်အစားစာတိုင်းသည်အရသာရှိသော်လည်းဟဲဇီကျုံးကိုအမျိုးမျိုးသော အရသာများကိုမြည်းစမ်းကြည့်စေနိုင်ရန် ဟင်းအမယ်အမျိုးမျိုးကိုရှာဖွေခဲ့သည်။နေလည်ခင်း စွပ်ပြုတ်ချက်တဲ့အချိန်တွင်သူသည်မုန့်ပြား၊ အမဲသားကင်နှင့်daozhabingကိုချက်ဖို့အတွက်  မီးဖိုသုံးခုကိုအသုံးပြုခဲ့သည်။

ဟဲဇီကျုံးသည်မှည့်နေတဲ့သစ်သီးများကိုခူးပြီးနောက်မြေအောက်သိုလှောင်ရုံတွင်လည်းအများကြီး           ရှိနေသေးကြောင်းသိလိုက်ရသည်။

မုန့်ပြားထဲကအသားတွေနဲ့အသီးအရွတ်များသည် အခုထိနွေးနေသေးပြီးမက္ကဆီကိုစတိုင်အမဲသား         burrtiosနှင့်လက်လက်ဆတ်ဆတ်ဖုတ်ထားသော daozhabingတို့သည်အခုထိနွေးနေဆဲဖြစ်သည်။

ကောင်းပြီဒါကသူ့ဝါသနာဘဲ၊သူတို့နှစ်ယောကမှာက  ပါဝင်ပစ္စည်းတွေအများကြီးရှိတာဘဲ။နေရာလွတ်ထဲတွင်စူပါးမားကတ်မှအိုးများ၊မုန့်ဖုတ်အိုးများ၊ဒယ်အိုးများနှင့်မီးဖိုဒါဇင်များစွာရှိသည်။ ဖန်ဟောင်သည်ညစာအတွက်teppanyaki ၊Barbecue(BBQ-အသားကင်)လုပ်စားဖို့ပျော်ရွှင်စွာဆုံးဖြတ်ခဲ့သည်။

နှစ်ယောက်သားခြံဝင်းထဲမှာရှိတဲ့စပျစ်သီးစင် အောက်ကိုကရိယာများနှင့်ပါဝင်ပစ္စည်းများကိုရွှေ့လိုက်ပြီးနေရာလွတ်ထဲမှစိုက်ပျိုးရရှိသော         ဟင်းသီးဟင်းရွတ်များနှင့်အရင်ကစုဆောင်းခဲ့သောအသားများ၊ပဲပိစပ်ထုတ်ကုန်အချို့ကိုဖန်ဟောင်ရဲ့အထူးပြုလုပ်ထားသောဆော့ဖြင့်တို့စားခဲ့သည်။                ဘီယာနဲ့အတူစားပြီး…….သူတို့ရဲ့နေ့ရက်များသည်                အပြင်မှာနေထိုင်တဲ့လူတွေနဲ့ကွဲပြားခြားနေနိုင်သည်။

………………….

"အင်း၊နောက်ထပ်မျိုးပြောင်းဇွန်ဘီတစ်ကောင်"

"သူတို့ကိုတားထား!!လက်ပစ်ဗုံး….လက်ပစ်ဗုံးဘယ်မှာလဲ"

"အား!!!"

"မြန်မြန်ပစ်!!မြန်မြန်ပစ်!!"

ဆေးရုံနီးတွင်ခတ်ခဲသောတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့သည်။ကနဦးဇွန်ဘီများသည်အလွန်ကိုင်တွယ်ရလွယ်ကူသည်။သန်မာပြီးမပင်ပန်းဘဲသွားနှင့်လက်သည်းများထက်မြက်သည်မှလွဲ၍၎င်းတို့သည်ခြိမ်းခြောက်မူမရှိပေ။

သာမာန်လူများပင်လျှင်၎င်းတို့၏လှုပ်ရှားပုံနှင့် ရင်းနှီးပြီးနောက်ဇွန်ဘီများကိုသူတို့ဘာသာကိုင်တွယ်ဖြေရှင်းနိုင်သည်။

စစ်တပ်ကဆေးရုံထဲမှအခြေနေကိုဖြေရှင်းဖို့သွားတဲ့အခါသူတို့သည်တံခါးကိုပိတ်ပြီးခွေးကိုရိုက်သလိုမျိုးဖြေရှင်းရှန်သာတက်နိုင်သည်။

သို့သော်လည်းဆေးရုံထဲတွင်ဆေးဝါးပစ္စည်းအများ  ကြီးနှင့်ဆေးဝါးကရိယာများအများကြီးရှိသောကြောင့်ဇွန်ဘီများကိုဆေးရုံမှထုတ်ကာအပြင်ဘတ် ခြံဝင်းထဲတွင်သုတ်သင်ရန်ဆုံးဖြတ်ခဲ့သည်။ထို့ကြောင့်စစ်တပ်သည်ဇွန်ဘီများ၏အသံအာရုံခံနိုင်စွမ်းကို အသုံးပြု၍အဆောက်ဦးထဲမှသူတို့ကို အပြင်ထုတ်ကာရှင်းလင်းဖို့ဆုံးဖြတ်ခဲ့သည်။

မူလရည်ရွယ်ချက်ကခိုင်မာအဆင်ပြေပြီး အစပိုင်းမှာတော့တော်တာ်လေးချောမွေ့ခဲ့သည်။                ဒါပေမယ့်သိပ်မကြာခင်မှာဘဲမျိုးပြောင်းဇွန်ဘီများသည်လူအုပ်ထဲပြေးဝင်လာပြီးကြီးမားသောပရမ်းပတာဖြစ်မူကိုဖြစ်စေသည်။

ကမ္ဘာပျက်ကပ်ရဲ့ကနဦးကာလပြီးနောက်ဇွန်ဘီများသည်လှုပ်ရှားမူများပိုမိုမြန်ဆန်ပျော့ပျောင်းလာခဲ့သည်။၎င်းတို့သည်ပိုမိုလျင်မြန်စွာလှုပ်ရှားနိုင်လာပြီး  ခွန်အားများသည်ပိုမိုသန်မာလာသည်။သို့သော်     ဇွန်ဘီများ၏ရွှေ့လျားမူသည်မည်မျှလိုက်လျောညီ ထွေဖြစ်နေပါစေ၎င်းသည်အလုံးစုံသောအခြေနေ ပေါ်    တွင်အကျိုးသတ်ရောက်မူမရှိပေ။သို့သော်   မမျှော်လင့်ထားသည့်အရာမှာအလွန်လှုပ်ရှားမူ    မြန်ဆန်သောဇွန်ဘီနှစ်ကောင်သည်လူအုပ်ထဲသို့   တစ်ခုပြီးတစ်ခုပြေးဝင်လာကာဖွဲ့စည်းမူတွင် ပရမ်းပတာဖြစ်စေပြီးစစ်သားသုံးဆယ်မှလေးဆယ်အထိဒဏ်ရာရခြင်းသို့မဟုတ်တိုက်ရိုက်သေဆုံးသွားသည်အထိဖြစ်ခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment