"အခြေစိုက်စခန်းရှင်သန်ဖို့အတွက်စွမ်းအားရှင်တွေပူးပေါင်းလာအောင်ငါတို့ကန့်သတ်ချက်တွေကို လျှော့ချပြီးအကျိုးအမြတ်ပိုပေးရင်တော့ရနိုင်တယ်"အလယ်တွင်ထိုင်နေသောအမျိုးသားကဆုံးဖြတ်ချက်ချလိုက်သည်။ပတ်ပတ်လည်ကိုကြည့်ရှုစစ်ဆေး ပြီးနောက်အခန်းတွင်းရှိအမျိုးသားများသည်စိတ် ကျေနပ်မူမရှိသေးသော်လည်းကြီးမားသောဆုံးရှုံးမူကိုရင်ဆိုင်လိုက်ရသောအခါတွင်ကျည်ဆန်ကိုကိုက်ထားရုံသာတက်နိုင်ကြောင်းဝန်ခံရမည်။သို့သော်လည်းသူတို့၏စိတ်ထဲတွင်တက်နိုင်သလောက်အကျိုးအမြတ်များများရရှိဖို့သူတို့၏အင်အားစုအောက်တွင် စွမ်းအားရှင်များကိုဘယ်လိုစုစည်းရမလဲကဲ့သို့သောအရာများကိုတိတ်တဆိတ်အစီစဉ်ဆွဲနေခဲ့ကြသည်။
ဇွန်ဘီကြွတ်များတိုက်ခိုက်ခံရပြီးနောက်မနက်ခင်းအစောပိုင်းတွင်အစည်းအဝေးပွဲကိုကောက်ကာငင်ကာကျင်းပခဲ့သည်။ဇွန်ဘီကြွတ်ပြဿနာကိုဘယ်လို ဖြေရှင်းရမလဲဆိုတာကိုအားလုံးကအတည်ပြုပြီး နောက်၎င်းတို့သည်အခြေစိုက်စခန်းအတွင်း၌အမျိုးမျိုးသောကိစ္စရပ်များကိုပြန်လည်ခွဲဝေပေးရန်စတင်ခဲ့သည်။အစည်းအဝေးပွဲပြီးဆုံးပြီးနောက်စစ်သား တစ်ယောက်သည်တံခါးဆီသို့အလောတကြီးပြေး လာခဲ့သည်။
"သတင်းပို့ပါတယ်"
"ဝင်ခဲ့၊ဘာဖြစ်တာလဲ"
ထိုအမျိုးသားသည်သူ့လက်ထဲတွင်သေတ္တာတစ်လုံးကိုကိုင်ထားရင်းအထဲကိုလျင်မြန်စွာလျှောက်ဝင်လာခဲ့ပြီး"သတင်းပို့ပါတယ်ခေါင်းဆောင်အကြီးကဲ!!အပြင်ဘက်ကအလောင်းတွေရှင်းလင်းတဲ့စစ်သားတွေကဒါကိုဇွန်ဘီတွေရဲ့ခေါင်းထဲမှာရှာတွေ့ခဲ့ပါတယ်"
အလင်းရောင်အောက်တွင်ထူးထူးခြားခြားတောက်ပနေသည့်မက်ပဲစေ့အရွယ်ရှိသောအဏုမြူကျောက်တုံးနှင့်တူသောတစ်စုံတစ်ခုသည်လက်တစ်ဖဝါးစာ လောက်ဘဲရှိသောသေတ္တာထဲတွင်ရှိနေသည်။
"အဲ့ဒါက……ဇွန်ဘီကြွတ်တွေရဲ့ခေါင်းထဲကလား"
"ဟုတ်ပါတယ်!!"ကမ္ဘာပျက်ကပ်ကာလာတွင် အဏုမြူကျောက်တုံးပေါ်ပေါက်လာခဲ့သည်မှာကြာ ပြီဖြစ်သော်လည်းအဲ့ဒါကဇွန်ဘီခေါင်းထဲမှာရှိသော ကြောင့်ယေဘုယျအားဖြင့်ရှာတွေ့ရန်ခက်ခဲသည်။ဘယ်သူကဇွန်ဘီတစ်ကောင်ရဲ့ခေါင်းကိုလိုက်ကြည့်နေမှာလဲ?မီးရှို့ဖျက်ဆီးလိုက်သောပြာများ၏အရောင်သည်အဖြူရောင်ဖြစ်ပြီးအဏုမြူကျောက်တုံး၏ အပေါ်တွင်ပြာများဖုံးအုပ်ထားသောကြောင့်အစက် ပြောက်တစ်ခုလိုသာဖြစ်နေပြီးရှာတွေ့ဖို့ပိုခက်ခဲသည်။ပြာတွေကိုရှင်းလင်းသောအခါဂရုတစိုက်လုပ် ဆောင်သောလူတစ်ချို့မှလွဲ၍ဘယ်သူ့ကမှသတိမထားမိခဲ့ပေ။
မီးပစ်လက်နက်သည်အလွန်ပူပြင်းသောကြောင့် ကြွတ်တွေကိုလုံးလျားလျားလောင်ကျွမ်းသွားစေပြီး ညလယ်လောက်တိုက်ပွဲနေရာကိုရှင်းလင်းရန် စစ်သားများသွားမှသာလျှင်ထိုအရာလေးများသည် အလင်းရောင်နဲ့အလင်းပြန်နေသောကြောင့် အဏုမြူ ကျောက်တုံးကိုရှာတွေ့ခဲ့တာဖြစ်သည်။
"ဒါက….သိပ်မကြာခင်တုန်းကဓာက်ခွဲခန်းမှာဒါကိုဇွန်ဘီတွေရဲ့ခေါင်းထဲမှာလည်းရှာတွေ့ခဲ့တယ်မလား?အဲ့တာနဲ့အတူတူဘဲလား?"လွန်ခဲ့တဲ့ရက်အနည်းငယ်ကဓာက်ခွဲခန်းထဲသို့အသစ်ပို့ခဲ့သောဇွန်ဘီ အလောင်းရဲ့ခေါင်းထဲတွင်တွေ့ခဲ့သောတစ်စုံတစ်ခုနှင့်တူမှန်းတစ်စုံတစ်ယောက်သည်မှတ်မိသွားခဲ့သည်။ဒီအရာရဲ့အသုံးဝင်မူကိုမလေ့လာရသေးသော်လည်းဒါကဇွန်ဘီခေါင်းထဲတွင်လည်းရှိနေသည်။
"တာဝန်ရှိတဲ့လူကိုဒီကိုသွားခေါ်လာခဲ့"တစ်စုံတစ် ယောက်သည်ချက်ချင်းအမိန့်ပေးခဲ့ပြီးသက်ဆိုင်ရာတာဝန်ရှိတဲ့လူကိုလာခိုင်းပြီးအတည်ပြုမေးမြန်းရမည်။
ဓာက်ခွဲခန်းကဝန်ထမ်းရောက်လာဖို့သိပ်မကြာလိုက်ပေ၊ထို့နောက်ဝန်ထမ်းသည်သေတ္တာလေးထဲက အဏုမြူကျောက်တုံးကိုစစ်ဆေးခဲ့ပြီးအတည်ပြုခဲ့သည်"ဒါကဇွန်ဘီခေါင်းထဲကအဏုမြူကျောက်တုံး နဲ့အတူတူဘဲ"
"အရင်တုန်းကမင်းဒီလိုပစ္စည်းမျိုးရှိမှန်းဘာကြောင့်မသိခဲ့တဲ့လား"
"အစတုန်းကဓာက်ခွဲခန်းမှာပို့ခဲ့တဲ့ဇွန်ဘီအချို့ကို လေ့လာခဲ့ပါတယ်၊ဇွန်ဘီဗိုင်းရပ်စ်ရှိမရှိစစ်ဆေးရန်နည်းလမ်းကိုကျွန်တော်တို့ရှာတွေ့ပြီးတဲ့နောက်မှာ၊ ဇွန်ဘီဗိုင်းရပ်စ်ကနောက်ထပ်သန္ဓေပြောင်းလဲခြင်းမရှိကြောင်းသေချာစေဖို့လူတွေကိုနောက်ဆုံးရဇွန်ဘီအလောင်းအချို့ကိုလာပို့ခိုင်းခဲ့ပါတယ်၊အဲ့ကြမှဒါကိုဇွန်ဘီတွေရဲ့ခေါင်းထဲမှာရှာတွေ့ခဲ့တာပါ"
"အိုရလဒ်ကကော?"
"အဲ့ဒါကဒီနေ့….သတင်းပို့မလို့ပါဘဲ၊ကျွန်တော်တို့မနေ့ကမှအပြီးသတ်နိုင်ခဲ့တာမလို့ဒါကိုသတင်းပို့ဖို့အချိန်မရခဲ့ပါဘူး"ထိုလူကပြောပြီးသူ့ရဲ့အစီရင်ခံစာကိုတင်ပြလိုကသည်"အဲ့လိုဟာမျိုးကနောက်ဆုံးပို့ခဲ့ တဲ့ဇွန်ဘီအလောင်းထဲမှာဘဲရှိပြီး၊အရင်ဇွန်ဘီတွေမှာမရှိခဲ့ပါဘူး၊အဏုမြူကျောက်တုံးဇွန်ဘီခေါင်းထဲမှာ ဖြစ်ပေါ်လာဖို့အချိန်အနည်းငယ်ကြာမယ်လို့ကျွန် တော်တို့သံသယရှိပါတယ်၊အဲ့တာရဲ့ဇစ်မြစ်ကဇွန်ဘီတွေဆင့်ကဲပြောင်းလဲသွားလို့ဖြစ်မယ်!!!"
ကျောက်တုံးတစ်တုံးကလှိုင်းများစွာကိုဂယက်ထစေသကဲ့သို့အစည်းဝေးခန်းထဲတွင်အသံဗလများပြည့်နှတ်သွားသည်။လူပေါင်းများစွာသည်တီးတိုးပြောနေ ကြပြီး၊ဘာပြောနေမှန်းကိုမသိကြပေ။
"အဲ့ဆိုဒီအရာကိုအစွန်းကုန်အားထုတ်ပြီးတော့ လေ့လာရမယ်၊အဲ့တာကဘယ်လိုအလုပ်လုပ်လဲဆိုတာလေ့လောရမယ်!!!"ဒီပစ္စည်းရဲ့အသုံးပြုပုံကိုသူတို့မသိသော်လည်းလူသားတို့၏အနာဂတ်ကျရှုံးမူနှင့်တိုးတက်မူအတွက်အရေးကြီးမှန်းလူတိုင်းသိသည်။
အစည်းဝေးပြီးဆုံးသွားချိန်တွင်ကောင်းကင်ကြီး တောင်လင်းထိန်နေပြီဖြစ်ပြီး။လူတိုင်းသည်သူတို့ရဲ့ ဗီလာဆီသို့ပြန်သွားကြသည်။ဘေးနားမှာတစ်ခြားသူတွေမရှိတော့သောအခါတစ်ချို့လူများသည်တိတ်တဆိတ်ဆွေးနွေးခဲ့ကြသည်။
"အဏုမြူကျောက်တုံးသုတေသနကိုအရှိန်မြှင့်လိုက်၊ဒီကိစ္စကအချိန်အကြာကြီးဖုံးကွယ်ထားလို့မရတော့ဘူး"
"မစိုးရိမ်ပါနဲ့၊ကျွန်တော်တို့အဲ့တာကိုလေ့လာနေတာ သုံးရက်ရှိပါပြီ၊အဲ့တာရဲ့အသုံးပြုပုံကိုကျွန်တော်တို့ ရှာမတွေ့သေးရင်တောင်သူတို့ကကျွန်တော်တို့ထက်တော့မမြန်နိုင်ပါဘူး"
"ပေါ့ပျက်ပျက်လုပ်မနေနဲ့၊အခုဟာကလေ့လာတဲ့ အရှိန်နှုန်းကိုတခြားသူတွေနဲ့နှိုင်းယှဉ်တဲ့အရာမျိုး မဟုတ်ဘူး၊အထက်ပိုင်းထဲကလူတွေကအခုသိသွား ပြီ…..သူတို့မှာကရိယာအစုံအလင်ရှိပြီးတော့ငါတို့ထက်အရည်ချင်းရှိတဲ့လူတွေရှိတယ်၊အဲ့တာကြောင့်မို့ ငါတို့သူတို့ထက်အရင်ရှာတွေ့ဖို့လိုတယ်"
………………..
"သူတို့ဆွေးနွေးပြီးကောက်ချက်ချခဲ့တာလားဒီအဏုမြူကျောက်တုံးလိုဟာမျိုးကစွမ်းအင်တိုးအောင်လုပ်ပေးနိုင်တာလား"
"အင်းငါနည်းလမ်းရှာမတွေ့သေးပေမယ့်ဒီကျောက်တုံးထဲမှာစွမ်းအင်ရှိတယ်၊အဲ့တာနဲ့ပတ်သတ်ပြီး တော့လုံးဝမမှားနိုင်ဘူး…….လူတွေပြောတာအရ တော့ဒီအရာကိုတိုက်ရိုက်စားဖို့ကြိုးစားတဲ့သူတွေကဇွန်ဘီဖြစ်လာကြတယ်တဲ့"
"ဘယ်လိုအရူးမျိုးလဲဟ!!ဘယ်သူ့ကအဲ့လိုမျိုးလုပ်ဖို့ ကြိုးစားခဲ့တာလဲ"
"အဟမ်း၊မင်းအဲ့လိုပြောလို့မရဘူး၊စာအုပ်တွေကို ဖတ်ရတာကြိုက်တဲ့လူကြီးလူငယ်တွေကြောင့်သာမဟုတ်ရင်ဒီလိုအရာမျိုးကဇွန်ဘီတွေရဲ့ခေါင်းထဲမှာရှိ နေလိမ့်မယ်လို့ငါတို့ခန့်မှန်းမိမှာမဟုတ်ဘူး…..ဒါပေမယ့်မစိုးရိမ်ပါနဲ့၊ငါတို့မကြာခင်သိနိုင်မှာပါ….."
ဇွန်ဘီတွေရဲ့ဦးနှောက်ထဲမှာထူးခြားတာတစ်ခုခုရှိနိုင်တယ်ဆိုတဲ့ ထင်ကြေးကိုစောစောစီးစီးဖော်ထုတ်ခဲ့ ပေမယ့်လူအနည်းငယ်သာလျှင်မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။အစောပိုင်းတွင်လူအားလုံးသည်ထွက်ပြေးတိမ်းရှောင်ရင်းနဲ့အလုပ်ရှုပ်နေခဲ့သည်။ သူတို့မှာအဲ့လိုထင်မြင်ချက်ရှိခဲ့တယ်ဆိုရင်တောင်သူတို့သည်သူတို့ဘာသာစမ်းသပ်ကြည့်ရန်မဝံရဲပေ။
လူတွေပိုမိုသန်မာလာပြီးဇွန်ဘီတွေကိုတစ်ယောက်တည်းသတ်ဖြတ်နိုင်ရင်တောင်အဏုမြူကျောက်တုံးအတွက်ဇွန်ဘီရဲ့ဦးနှောက်ကိုဖွင့်ဖို့၊ဦးနှောက်ထဲက ရှာဖွေဖို့သတ္တိရှိတဲ့သူအနည်းငယ်သာရှိသည်။ ထိုကြောင့်ဇွန်ဘီခေါင်းထဲတွင်အဏုမြူကျောက်တုံးရှိကြောင်းအတည်ပြုစစ်ဆေးနိုင်တဲ့သူအနည်းငယ်သာရှိခြင်းဖြစ်သည်။
ယခုခုခံကာကွယ်ရေးတိုက်ပွဲသည်အဏုမြူကျောက်တုံးကိုလူတိုင်းဆီသို့ဖော်ထုတ်ပေးခဲ့သည်။၎င်းတို့သည်အဲ့တာကိုဘယ်လိုအသုံးပြုရမလဲဆိုတာတစ်စုံတစ်ယောက်ရှာဖွေတွေ့ရှိရန်နှင့်ထိုနည်းလမ်းကိုပြည်သူလုထုအားကြော်ညာဖို့သာစောင်ဆိုင်းဖို့လိုအပ်သည်။
ဘာဘဲဖြစ်ဖြစ်အစည်းအဝေးပြီးနောက်တွင်ဇွန်ဘီ ခေါင်းထဲတွင်အဏုမြူကျောက်တုံးရှိသည့်အကြောင်းအရာသည်အခြေစိုက်စခန်းတွင်ပျံ့နှံ့သွားခဲ့သည်။ အထူးသဖြင့်နောက်ခံအချို့ရှိတဲ့အသင်းအနည်းငယ်ကအများစုသည်သတင်းကိုရရှိခဲ့သည်။
နောက်တစ်နေ့မနက်ခင်းမတိုင်ခင်အထိဟဲဇီကျုံးနှင့်ဖန်ဟောင်သည်မနေ့ညကအခြေစိုက်စခန်းကိုဇွန်ဘီကြွတ်တွေလာရောက်တိုက်ခိုက်သည့်သတင်း အား မသိခဲ့ပေ။မနေ့ညကသူတို့အိမ်ပြန်ရောက်တာ နဲ့နေရာလွတ်ထဲကိုဝင်ခိုင်းတာဘယ်သူလဲ။ အခြေစိုက်စခန်းကအချက်ပေးသံကိုမကြားတာပုံမှန်ဘဲဖြစ်သည်။
အခြေစိုက်စခန်း၏ရေ၊လျှပ်စစ်နှင့်အခြားအရာများကိုအခြေစိုက်စခန်းရဲ့အတွင်းပိုင်းထောက်ပံ့မူအဖြင့် ပြောင်းလဲခဲ့တာကြာပြီဖြစ်ပြီးရေနှင့်လျှပ်စစ်ကုန်ကျစာရိတ်သည်အရင်ကထက်အဆပေါင်းများစွာမြှင့်တက်လာသည်။သူတို့နှစ်ဦးသည်အရင်ကဟန်ပြဝယ်ယူခဲ့သော်လည်းသူတို့နေရာလွတ်မှရရှိသောရေနှင့်လျှပ်စစ်စွမ်းအားကိုသာအဓိကအသုံးပြုခဲ့သည်။
ရေကရရှိရန်အလွန်လွယ်ကူသည်-ရေတွင်းထဲကနှင့်ရေတံခွန်ကရေကိုလွတ်လပ်စွာအသုံးပြုနိုင်သည်။လျှပ်စစ်ဓာက်အားကိုနေရာလွတ်ထဲမှာအရံသိုလှောင်ထားသောဆိုလာပြားများဖြင့်သုံးစွဲသည်။အပြင်ဘက်ကမ္ဘာသည်တစ်နေ့လုံးမြူခိုးတွေ ဝေနေပြီးနေရောင်မြင်ရရန်ခက်ခဲသော်လည်းနေရာလွတ်ထဲတွင်နေတိုင်းအလင်းရောင်ရရှိသောကြောင့် ဆိုလာပြားဖြင့်လျှပ်စစ်စွမ်းအင်ကိုသိုလှောင်သုံးစွဲသည်။
ထိုဆိုလာပြားများကိုဟဲဇီကျုံးသည်နေရာလွတ်ထဲကခြံဝင်းအတွင်းတွင်နေရာချထားသည်။ကျန်သော နေရာများကိုဖန်ဟောင်သည်အရင်ရက်နှစ်ရက်ကသူ့ပြင်ဆင်ထားသောအသီးအရွက်များနှင့်သစ်သီးအစရှိသောအရာများသို့မဟုတ်ဆန်နှင့်ပြောင်းဖူးကဲသို့သောအခြောက်လှန်းရန်လိုအပ်သည့်အစာများကိုအခြောက်လှန်းရန်အတွက်စီစဉ်ခဲ့သည်။
"မနေ့ညကဇွန်ဘီကြွတ်တွေအခြေစိုက်စခန်းထဲဝင်ခဲ့တာလား"ဖန်ဟောင်ကရေဒီယိုကိုဖွင့်လိုက်ပြီး ရေဒီယိုကိုစတင်ချိန်ညှိလိုက်သည်။အခြေစိုက်စခန်းအပြင်ဘက်တွင်ဝါယာကြိုးမဲ့ဆက်သွယ်ရေးလိုင်း များကိုရရှိရန်မလွယ်ကူသော်လည်းအခြေစိုက်စခန်းအတွင်းတွင်အရမ်းမဆိုးပေ။
"မဖြစ်နိုင်ပါဘူး၊တကယ်လို့အဲ့လိုဖြစ်ခဲ့ရင်အပြင်ဘက်မှာအဲ့လောက်ကြီးအေးချမ်းနေတာမဖြစ်နိုင်ဘူး"ဗီလာအပြင်ဘက်ကလမ်းသည်လူစည်ကားနေဆဲဖြစ်ပြီးတင်းမာမူမရှိသောကြောင့်ပြဿနာကအရမ်း ကြီးမကြီးလောက်ပေ။ယခင်ဘဝကမှတ်ဉာဏ်နှင့် ပေါင်းစပ်ကြည့်သလောက်ဆိုရင်ဇွန်ဘီကြွတ်တိုက်ခိုက်ခံရခြင်းသည်များစွာထိခိုက်မူမဖြစ်လောက်ပေ။
နှစ်ယောက်သားရေဒီယိုနားထောင်ရင်းနှင့်မနက်စာစားနေချိန်မှာလူသားအစားအစာစားရန်တားမြစ်ခံထားရသည့်သွမ့်ဇီသည်မျက်စောင်းထိုးစားပွဲပေါ်တွင်သူ့ရဲ့စဉ်းလဲသော"မိဘ"နှစ်ပါးကိုနောက်ကျောပေးထိုင်ကာမကျေနပ်သောစိတ်ခံစားချက်ကိုအသံတိတ် ဆန္ဒပြနေသည်-ငါကိုအစာမပေးဘူးဟွန့်!!
နေရာလွတ်ထဲကနေသူတို့မနက်ခင်းအစောထွက် လာပြီးနောက်စောင့်ကြည့်ရေးကင်မရာမှတ်တမ်းဗီဒီယိုကနေမနေ့ညကအချက်ပေးသံမြည်ခဲ့ကြောင်း တွေ့ခဲံရပြီး၊မနေ့ညကအန္တာရယ်ရှိနိုင်ကြောင်းသူတို့ သဘောပေါက်ခဲ့သည်။
"ညဘက်တွေနေရာလွတ်အထဲမှာမအိပ်ဘဲအပြင်မှာအိပ်ကြမလား"အပြင်ဘက်ကလေထုသည်မကောင်းသလိုပတ်ဝန်းကျင်သည်လည်းနေရာလွတ်လောက်သက်တောင့်သက်သာမရှိပေ။အရိုးသားဆုံးပြောရရင် နှစ်ယောက်စလုံးသည်နေရာလွတ်ထဲမှာနေထိုင်ရ တာကိုပိုကြိုက်နှစ်သက်ကြသည်။ရုတ်တရက်ဖြစ် ပေါ်လာသောအခြေနေတွေကနေရာလွတ်ထဲမှာ နေထိုင်ရန်မလွယ်ကူသလိုခံစားရအောင်ပြုလုပ်နေသည်။
ဟဲဇီကျုံးခဏလောက်စဉ်းစားလိုက်ပြီးခေါင်းခါလိုက်ကာ"အရမ်းကြီးဂရုစိုက်စရာမလိုပါဘူး၊ဘာဘဲဖြစ်ဖြစ်မနေ့ညကအရေးပေါ်အခြေနေတစ်ခုပါဘဲ။ဒါ ပေမယ့်လည်းကိုယ်တို့ရေချိုးပြီးသွားရင်အပြင်မှာထွက်အိပ်ကြတာပေါ့"ရေချိုးနေတုန်းဘာလုပ်ချင်တာလဲဆိုတာကိုသူတို့နှစ်ယောက်လုံးသိသည်။ဟဲဇီကျုံး၏စကားများသည်ထွေထွေထူးထူးမဟုတ်သော်လည်းဂရုတစိုက်တွေးပေးသောအရာများပါရှိသော ကြောင့်ဖန်ဟောင်သည်ရှက်သွေးဖြာသွားပြီးရှက်နေပေမယ့်ဟဲဇီကျုံးကိုမကြည့်ဘဲမနေနိုင်ပေ။
သူတို့စားနေတုန်းအပြင်ဘက်ကစက်ဘီးအသံကြားလိုက်သည်။ပြတင်းပေါက်အပြင်ကိုကြည့်လိုက် တော့သူတို့ရဲ့စာတိုက်ပုံးထဲကိုတစ်စုံတစ်ခုထည့်နေသောစာပို့သမားကိုတွေ့လိုက်ရသည်။
"ကျွန်တော်သွားယူလိုက်မယ်"ဖန်ဟောင်ကအမြန်ထလိုက်သည်။ဘေးနားကသွမ့်ဇီသည်အနောက်ကိုလိုက်ချင်ပေမယ့်လက်အကြီးကြီးတစ်ဖတ်ရဲ့ဆွဲကိုင်ထားခြင်းခံလိုက်ရသည်။
"မင်းဘာလို့ပျော်စရာလေးတွေလုပ်ချင်နေတာတုန်းဟင်"လူတွေကမြန်မြန်ဆန်သွားလာနေကြပေမယ့်သွမ့်ဇီသာအပြင်ထွက်ခဲ့ရင်……..
စာတိုက်ပုံးထဲတွင်စာတစ်စောင်သာရှိသည်။ ဖန်ဟောင်က၎င်းပေါ်တွင်ရိုက်နှိပ်ထားသော "အခြေစိုက်စခန်းအုပ်ချုပ်သူအဖွဲ့အစည်း"ဆိုသော စကားလုံးကိုမြင်လိုက်ရသည်။မနေ့ညကဇွန်ဘီကြွတ်နှင့်သက်ဆိုင်သောလုပ်ဆောင်ရန်တစ်ခုခုလို့သူ့ ခန့်မှန်းခဲ့မိပြီးသူ့ကပြန်လှည့်ကာအိမ်ထဲသို့လျှောက်သွားလိုက်သည်။
"ဘော့စ်"ထိုလူအရှေ့ကလူသည်သံသယဖြင့်ထို အမျိုးသားကိုကြည့်လိုက်ပြီးသူ့အကြည့်တိုင်းဗီလာ လမ်းကိုလိုက်ကြည့်လိုက်သည်။"ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ဘူး"အိုက်လွမ်ကခေါင်းခါလိုက်ပြီးဗီလာကိုစိတ်ဝင်တစားနဲ့ထပ်ကြည့်လိုက်သည်။ခုနက ကလေးက…..တကယ်ကိုတောက်ပနေတာဘဲ။ အထူးသဖြင့်လက်ရှိကမ္ဘာကြီးတွင်နေ့ရက်တိုင်းသည်ကမ္ဘာပျက်ကပ်မတိုင်ခင်ကလိုမပြည့်စုံသလို အာမခံချက်လည်းမရှိပေ။ဒါပေမယ့်အဲ့ဒီကလေး…..အဲ့ဒီဗီလာ…..ဘယ်မိသားစုကသခင်ငယ်လေးလဲ
"အဲ့ဒီဗီလာမှာဘယ်သူနေလဲဆိုတာသွားစုံစမ်းလာခဲ့"ကမ္ဘာပျက်ပြီးနောက်မှာတောင်ဒီလိုလှပတဲ့ ကောင်လေးမျိုးကိုရှာတွေ့ခဲ့သည်။သူ့နောက်မှာ ဘယ်လိုနောက်ခံမျိုးရှိလဲဆိုတာသူမသိရင်-စတင်ဖို့အတွက်မလွယ်ကူပေ။
ကမ္ဘာပျက်ကပ်နောက်မှာအရာရာတိုင်းမတူညီတော့ပေ။နောက်ခံရှိခြင်းဆိုသည့်အရာလည်းထိုနည်းတူပင်။လူအများစုသည်ငွေကြေး၊စစ်တပ်နှင့်နိုင်ငံရေးကိုသာအဓိနောက်ခံအမျိုးအစားသုံးမျိုးဟုထင်ကောင်းထင်နိုင်သည်။သို့သောမကြာမီအနာဂတ်တွင်ဇွန်ဘီ တွေအပြင်ဘက်မှာရှိနေသမျှအခြေစိုက်စခန်းတွေကိုသာအုပ်စိုးနိုင်မည်ဖြစ်သည်။ထို့ကြောင့်အုပ်စုနှစ်စုသာရှိတော့သည်။ပထမကစစ်တပ်အင်းအားကိုပိုင်ဆိုင်ထားသောသူသို့မဟုတ်စွမ်းအားရှင်အုပ်စုဖြစ်သည်။ဒုတိယကဆရာဝန်များသုတေသနပညာရှင်များကဲ့သို့သောကျွမ်းကျင်ပညာရှင်များဖြစ်သည်။
အခုသူသည်စွမ်းရည်ရှိသောစွမ်းအားရှင်တစ်ယောက်ဖြစ်ပြီးဒုတိယသတ်မှတ်ချက်များပြည့်စုံကာ ပထမအဆင့်ထိမြှင့်တက်အောင်လုပ်နေသည်။သူတွင်ယခုချိုးယွင်းချက်အနည်းငယ်ရှိနေသော်လည်းအရင်ကထက်ပိုမိုပြည့်စုံတဲ့အရာတွေကိုရရှိနိုင်တယ်!!!