ယာဉ်တန်းသည်အခြေစိုက်စခန်းဆီသို့အားမာန်အပြည့်ဖြင့်ချီတက်သွားသည်။လမ်းတစ်လျှောက်တွင် အခြေစိုက်စခန်းဆီသို့ထွက်ပြေးနေကြသောကားအချို့ကိုတွေ့ခဲ့ရသည်။စစ်တပ်ကဦးဆောင်လာသော အုပ်စုကိုကားများကတွေ့ပြီးနောက်အနောက်က အလျင်အမြန်လိုက်လာခဲ့ပြီးခိုလှုံကာအခြေစိုက်စခန်းဆီသို့မောင်းလာခဲ့သည်။
ယာဉ်တန်းအခြေစိုက်စခန်းသို့ရောက်ရှိချိန်တွင်စစ်တပ်နောက်ကလိုက်လာသောကားများသည်အစက ၄၀ရှိရာမှ၁၀၀အထိတိုးလာခဲ့သည်။ကံကောင်းစွာဖြင့်ဤလူများသည်အခြေစိုက်စခန်းသို့ရောက်ပြီးနောက်လမ်းကြောင်းများစွာသို့ခွဲထွက်သွားရသည်။မစ်ရှင်ပြီးမြောက်သွားတဲ့သူတွေအတွက်ဂိတ်ကအသစ် ရောက်ရှိလာသူများနှင့်ဂိတ်မတူပေ။စစ်တပ်ယာဉ် များကတော့သူတို့သည်သီးသန့်လမ်းကြောင်းတစ်ခုမှဝင်သွားကြသည်။
စာရင်းသွင်းပြီးနောက်ဒီတစ်ခေါက်အခြေစိုက်စခန်းသို့ပြန်ရောက်တဲ့လူတွေစောင့်ဆိုင်းရေးဧရိယာမှာ ၂၄နာရီစောင့်ဆိုင်းရန်မလိုအပ်ကြောင်းကိုသိရှိတဲ့အခါဟဲဇီကျုံးနှင့်ဖန်ဟောင်သည်အံ့အားသင့်သွားခဲ့သည်။စာရင်းသွင်းပြီးနောက်အခြေစိုက်စခန်း၏ဝန်ထမ်းများကရောဂါစစ်ဆေးရန်အတွက်သွေးအနည်းငယ်ဖောက်ထုတ်မည်ဖြစ်သောကြောင့်အသစ်ဆောက်ထားသောအခန်းငယ်တွင်းသို့ဝင်ရန်လူတိုင်း တန်းစီရသည်။
သွေးစစ်တဲ့အချိန်သည်တစ်နာရီလောက်သာရှိသည်။သွေးစစ်နေတဲ့အချိန်တွင်းလူများသည်သူတို့ရဲ့ကားထဲတွင်စောင့်နေရန်လိုအပ်သည်။သွေးစစ်ဆေးရာတွင်ပြဿနာ(ရောဂါ)မရှိပါက၎င်းတို့ကားများပိုးသတ်ပြီးရင်အခြေစိုက်စခန်းအတွင်းသို့တိုက်ရိုက်ဝင် ရောက်နိုင်သည်။
"ဗိုင်းရပ်စ်ရှိမရှိကိုစစ်လို့ရနေပြီဘဲ၊အရင်တုန်းကထက်ပိုပြီးလွယ်ကူတယ်"ဖန်ဟောင်ကသူ့လက်ချောင်းထိပ်လေးပေါ်တွင်အဖြူရောင်အလင်းတန်းအနည်းငယ်(ကုသရေစွမ်းအင်)ကိုထုတ်လွှတ်လိုက်ပြီးဟဲဇီကျုံးလက်ချောင်းပေါ်ကဒဏ်ရာကိုလည်းချက်ချင်းကုသပေးလိုက်သည်။သူတို့ဒီတစ်ခေါက်အပြင်ထွက်ချိန်တွင်ထောက်ပံရေးပစ္စည်းရှာတုန်းကမတော်တဆရတဲ့ပွန်းပဲ့ရာနှင့်တိုက်မိတဲ့ဒဏ်အတွင်းကြေများကိုဖန်ဟောင်၏ကုသရေးစွမ်းရည်ဖြင့်အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။သူတို့ခန္ဓာကိုယ်ပေါ်ရှိအမာရွတ် အရေတွက်သည်မစ်ရှင်ထမ်းဆောင်သည့်အင်အားစုထဲတွင်အထိအခိုက်မရှိဆုံးဟုထင်စေသည်။
"ဗိုင်းရပ်စ်ရဲ့ရောဂါကူးစက်မူနှုန်းကမြန်တယ်၊အဲ့တာကစစ်ဆေးဖို့မခက်ခဲဘူး"၎င်းကဗိုင်းရပ်စ်အကြောင်းလေ့လာခြင်းနှင့်ရောဂါကိုကုသဖို့နည်းလမ်းရှာဖွေခြင်းထက်ပိုလွယ်ကူသည်။
"နောက်ပိုင်းကြရင်မစ်ရှင်တွေကနေပြန်လာဖို့ပိုလွယ်ကူလာလိမ့်မယ်"ဖန်ဟောင်သည်အာလူးကြော်ထုတ်ကြီးတစ်ထုတ်ကိုဖောက်လိုက်ပြီးအားလူကြော် နှစ်ချပ်ထုတ်ကာတစ်ချက်ကိုဟဲဇီကျုံးအားခွံကျွေးလိုက်ပြီးတစ်ချပ်ကိုကိုယ်ဘာသာကိုစားလိုက်သည်။ နေရာလွတ်ထဲတွင်ကြောက်စရာကောင်းလောင် အောင်များပြားသောသရေစာများရှိကာထိုအရာများသည်အဏုမြူကျောက်တုံးအတွက်ရောင်းဝယ်လုပ် နိုင်သောအရာမဟုတ်ပေ။အကယ်လို့ဒါတွေကိုသာသူတို့ဘာသာမစားဘူးဆိုရင်နေရာလွတ်ထဲမှာနေရာယူဖို့သိမ်းထားရမှာလား?
သွေးစစ်တဲ့ရလဒ်အတွက်သူတို့နှစ်ယောက်စောင့်ဆိုင်းနေစဉ်တွင်စစ်တပ်ဝန်ထမ်းများသည်သူ့တို့လက်ထဲတွင်လက်ကမ်းကြော်ညာစာတစ်ပုံတစ်ခေါင်းကြီးကိုင်ကာစောင့်ဆိုင်းနေသောယာဉ်များဆီသို့လျှောက်လာပြီးကားဘေးနားကနေလက်ကမ်းကြော်ညာစာများကိုဝေပေးခဲ့သည်။ဖန်ဟောင်သည်ကားပြတင်းပေါက်မှန်ကိုဖွင့်လိုက်ပြီးနှစ်ခုကိုယူလိုက်ရာ ဖြန်ဝေသည့်လက်ကမ်းစာစောင်တွင်ရေဘေးအန္တရယ်ကင်းရှင်းရေးညွှန်ကြားချက်နှင့်ရေသန့်စင် ဆေးပြားများဖြန့်ဖြူးမည့်နေရာဖော်ပြထားသည်ကိုတွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ"
ဖန်ဟောင်မေးတာကိုကြားလိုက်တော့အဝေးကြီးသို့ မရောက်သေးသောစစ်သားကရှင်းပြရန်ပြန်လှည့် လာကာ"အနာဂတ်မှာမင်းရေသောက်ရင်လက်ကမ်း ကြော်ညာစာရဲ့ညွှန်ကြားချက်ကိုလိုက်နာမယ်ဆိုရင် မင်းဘာမှမဖြစ်ပါဘူး၊အထူးသဖြင့်မင်းမစ်ရှင်အတွက်အပြင်ထွက်တဲ့အခါကြုံရာကျပန်းရေကိုမသောက်နဲ့"သူတို့သည်အခြေနေကိုတိတိကျကျပြောဆိုရင် ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပြီးနောက်ကားသို့ သွားခဲ့သည်။
စမ်းသပ်မူရလဒ်များကိုသူတို့အားအသိပေးရန်အချိန် သိပ်မယူလိုက်ရပေ။သွေးထဲတွင်ရောဂါပိုးလုံးဝမရှိ ပေ။
ဂိတ်ထဲကိုဝင်လာပြီးနောက်ကားအမြောက်အများ ရပ်ထားသည်နေရာတစ်ခုရှိနေကာ၎င်းတို့အားလုံးသည်တာဝန်တွင်ပါဝင်ကြသူများနှင့်ပစ္စည်းစာရင်းသွင်းနေကြသူများဖြစ်ကြသည်။
တာဝန်တွင်ပါဝင်ရန်တန်းစီနေစဉ်တွင်အရှေ့ကလူဆီမှသူတို့သည်လက်ကမ်းကြော်စာနှင့်ပတ်သက် သောသတင်းကိုနောက်ဆုံးတွင်သိရှိခဲ့ရသည်-အရင်ညတုန်းကတစ်စုံတစ်ယောက်သည်အခြေစိုက်စခန်းထဲမှာဇွန်ဘီအဖြစ်သို့ရုတ်တရက်ပြောင်းသွားခဲ့သည်။
အခြေစိုက်စခန်းသည်သွေးထဲတွင်ဇွန်ဘီဗိုင်းရပ်စ်ရှိမရှိခွဲခြားနည်းကိုရှာဖွေတွေ့ရှိခဲ့သောကြောင့်ပြန်လည်ဝင်ရောက်စစ်ဆေးခြင်းသည်ပိုမိုလွယ်ကူရိုးရှင်းလာခဲ့သည်။အရင်ညကဇွန်ဘီအဖြစ်ရုတ်တရပ် ပြောင်းလဲသွားခြင်းပြဿနာဖြစ်ပြီးနောက်လူတိုင်းသည်သွေးစစ်တဲ့နည်းလမ်းတွင်ပြဿနာရှိနေတယ်လို့ထင်ခဲ့ကြသည်။ဒါပေမယ့်မစ်ရှင်ထမ်းဆောင်ဖူးတဲ့ဇယားတွင်စစ်ဆေးကြည့်ပြီးနောက်ဇွန်ဘီအဖြစ်ပြောင်းလဲသွားသောလူသည်အခြေစိုက်စခန်းကနေဘယ်ကိုမှမထွက်သွားဖူးကြောင်းသိလိုက်ရသည်!!!
မျိုးစုံစုံစမ်းစစ်ဆေးပြီးနောက်လူတိုင်းသည်သောက်သုံးရေဆီသို့သူတို့အာရုံပြောင်းလာကြသည်။ထိုမိ သားစုထဲကကလေးသည်ရိုးရိုးရေကိုမတော်တဆ သောက်သုံးမိပြီးနောက်ဇွန်ဘီဖြစ်သွားပြီးသူမိဘ တွေကိုကိုက်လိုက်ကာသူတို့မိသားစုဇွန်ဘီဖြစ်လာခဲ့သည်။
ကလေးရိုးရိုးရေကိုသောက်နေတာကိုဘေးကအိမ်နီးချင်းကသာမရှာတွေ့ခဲ့ရင်တိကျသေချာသော အကြောင်းရင်းမှန်ကိုရှာဖွေတွေ့ရှိဖို့အချိန်အတော် ကြာမှာဖြစ်သည်။
ဒီလိုဖြစ်တာပထမဆုံးအကြိမ်မဟုတ်ပေမယ့်ဇွန်ဘီ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတိတိကျကျမသိသောကြောင့်အခြေစိုက်စခန်းတွင်ဒီလိုမျိုးကွတ်ကျားကွတ်ကျားဖြစ်နေကြဖြစ်သည်။မစ်ရှင်ထမ်းဆောင်ရန်အပြင် ထွက်ပြီးအခြေစိုက်စခန်းဆီသို့ပြန်လာပြီးနောက်မှသာတစ်ချို့လူများသည်ဇွန်ဘီများဖြစ်လာကြသောကြောင့်ဇွန်ဘီဗိုင်းရပ်စ်၏ကူးစက်သည့်အချိန်သည် ကိုယ်ခံအားပေါ်မူတည်၍ကွဲပြားသည်ဟုလူတွေကမှားယွင်းစွာယုံကြည်မိခဲ့သည်။
သူတို့ကားထဲမှထောက်ပံရေးပစ္စည်းများ၏၇၀%ကိုယူဆောင်သွားသောအခါလူတိုင်းနီးပါးသူတို့ရဲ့နှလုံးသားထဲတွင်အနည်းငယ်နာကျင်သလိုခံစားခဲ့ရသည်။ဒါပေမယ့်လည်းသူတို့မတက်နိုင်ပေ-တာဝန်လက်ခံကတည်းကသူတို့သိခဲ့သောစည်းကမ်းတစ်ခုဖြစ်သည်။
သူတို့နှစ်ဦးသည်ထောက်ပံ့ရေးပစ္စည်းများကိုပေးအပ်ပြီးသောအခါတွင်ကားနှစ်စီးသည်ထောက်ပံ့ရေး ပစ္စည်းအနည်းငယ်ဘဲဖယ်ပေးခဲ့သည်ကိုတွေ့လိုက်ရသည်။အဲ့ကားထဲကတစ်ကားသည်ခေါက်ဆွဲခြောက်ထုပ်တွေအများကြီးရှာဖွေတွေ့ရှိခဲ့သောကားတစ်စီးဆိုတာကိုသူတို့နှစ်ယောက်မစ်ရှင်ထမ်းဆောင်တုန်းကသိခဲ့ပေမယ့်အခုတော့မြေကြီးပေါ်တွင်သူတို့ချ ထားသည့်ပစ္စည်းများကြားတွင်ခေါက်ဆွဲခြောက် ထုပ်တစ်ဖာတောင် မရှိပေ။
နောက်ပြီးတော့တစ်ခြားကားသည်လည်းဘာမှမရှိပုံ ပေါ်နေခဲ့သည်။သူတို့ထုတ်လိုက်တဲ့ပစ္စည်းအားလုံး နီးပါးသည်နေ့စဉ်သုံးပစ္စည်းတွေဖြစ်နေပြီးအစားအ စာမရှိသလောက်ပင်။
ထိုကားကတော့သူတို့အရင်ကတွေ့ဖူးခဲ့တဲ့နေရာလွတ်စွမ်းအားရှင်ရဲ့ကားဖြစ်ပြီးဒါဆိုဟိုကားထဲမှာ ကောနောက်ထပ်နေရာလွတ်စွမ်းအားရှင်ရှိနေတာလား?