no

Font
Theme

"ဖန်ဟောင်"ဟဲဇီကျုံးအောက်ထပ်ကိုငုံ့ကြည့်ရင်း မျက်လုံးများပြူးကျယ်နေသည်။လူသုံးယောက် အုပ်စုထဲတွင်နှစ်ယောက်ကယူနီဖောင်းဝတ်စုံ၊ကုတ်အောက်ခံအင်္ကျီ၊အဖြူရောင်ရှပ်၊အာက်ပိုင်းတွင်ယူနီဖောင်းဘောင်းဘီရှည်ကိုဝတ်ဆင်ပြီးအပြာရောင ကြိုးနဲ့ဝန်ထမ်းကတ်ကိုဆွဲထားသည်။သူတို့ နှစ်ယောက်၏ဝတ်စားဆင်ယင်ပုံကအိမ်ယာအေဂျင်စီကဖြစ်နိုင်သည်။


ဒါပေမယ့်အရပ်ပုတဲ့တခြားလူငယ်ကသူရဲ့အရင်ဘဝကခြောက်လ လောက်အတူရှိခဲ့ပြီးသူလက်မောင်းထဲမှာသေဆုံး သွားတဲ့ဖန်ဟောင်မဟုတ်ဘူးလား။ဆန်ကျင်ဘတ်အဆောက်ဦးထဲဝင်သွားတဲ့လူသုံးယောက်ကိုကြည့်ရင်းဟဲဇီကျုံးသည်အနည်းငယ်အသတ်ပြင်းပြင်းရှု ပြီးသူ့အဝတ်စားကိုအမြန်ဝတ်ကာကော်ရစ်တာတစ်လျှောက်တဟုန်ထိုးပြေးကာအာက်ထပ်သို့ဆင်းရန်ဓါတ်လှေကားအတွင်းသို့ဝင်လိုက်သည်။


အရင်ဘဝတုန်းကဖန်ဟောင်ကဒီရပ်ကွတ်ကိုမည့်သည့်အချိန်ကရောက်ရှိလာခဲ့မှန်းသူမသိပေ၊ကမ္ဘာပျက်ကပ်မတိုင်ခင်အထိဒီနေရာမှာ နေခဲ့မှန်းလည်းသူမသိပေ။


သူ့အရင်ဘဝတုန်းကသူ့နိုးလာတော့သိုက်ကျွင်းဆီကဖုန်းရပြီးနောက်သူနေ့လည်စာဝယ်ဖို့အပြင်ထွက်ခဲ့သည်။နေလည်ခင်းမှာတော့သူ့ကုမ္ပဏီကိုပြန်သွားခဲ့သည်။အဲဒါကြောင့်ဒီနေ့ဖန်ဟောင်အိမ်လာကြည့် တာကိုမသိခဲ့ပေ။


အဆောက်ဦးထဲကထွက်လာပြီးဆန်ကျင်ဘတ် အဆောက်ဦးတံခါးကိုလှမ်းကြည့်လိုက်တော့သူတို့ထွက်သွားပြီလား။မဖြစ်နိုင်ဘူးအဲဒါကအရမ်းမြန် လွန်းတယ်၊အိမ်ကိုကြည့်တာကအဲ့လောက်မမြန်နိုင်ဘူး။ 


သူ့အဆာက်ဦးရဲ့ရှေ့မှာလေးငါးခါလောက်လျှောက် ပြီးဖုန်းထဲမှအချိန်ကိုခဏခဏကြည့်ကာဆန်ကျင် ဘတ်အဆာက်ဦးကိုမျှော်ကြည့်သည်။လူသုံးသောက်အဆောက်ဦးထဲမှထွက်လာသည်ကိုတွေ့လိုက် သည်နှင့်ရုတ်တရက်ဆုံးရှုံးသွားသလိုခံစားလိုက်ရ ပြီးဟဲဇီကျုံးအရမ်းစိုးရိမ် သွားသည်။


ဖန်ဟောင်ကသူကိုဘယ်လိုလုပ်မှတ်မိမှာလဲ။မတွေ့တာခုနနှစ်၊ခြောက်နှစ်လောက်ရှိပြီးသူ့တို့သေချာတွေ့ဖူးတာတစ်ကြိမ်သာရှိသည်။(Mr.Mcရဲ့ရှင့်က သာသူ့ကိုသူဝန်လာခံမှတွေ့ဖူးတာလေးဟိုကရှင့်crushပါတယ်ဆို )။စိတ်အားထက်သန်လွန်းရင်သူကြောက်ရွံ့သွားနိုင်သည်။


{{{ငါသွားပြီးတော့ဒီလိုပြောလိုက်ရင်ကော::တောင်းပန်ပါတယ်အရင်ဘဝကမင်းငါကြောင့်သေခဲ့ရပြီး မင်းသေတာကိုကြည့်နေတာဘဲတက်နိုင်ခဲ့တယ်၊အဲဒါကြောင့်ဒီဘဝမှာမင်းကိုဘာမှထိခိုက်မှုမရှိအောင်ကာကွယ်ပေးမယ်လို


ချီး ငါအဲ့လိုလုပ်လိုက်ရင်ရူးနေတယ်ထင်ပြီးသေချာ ပေါက်ဆေးရုံပို့ခံရ မှာ}}}


သူ့စိတ်ထဲမှာအတွေးတွေယောက်ယတ်ခတ်နေသည်။သူသတိပြန်ဝင်လာပြီးနောက်လူသုံးယောက်က အဝေးကြီးကိုရောက်သေးဘဲဖန်ဟောင်ကသူ့ကို အံ့ဩစွာကြည့်နေသည်။


သူငါကိုကြည့်နေတာမလား။မတွေ့တာခြောက်နှစ် ခုနနှစ်လောက်ရှိ တာတော့သေချာပေမယ့်သူငါကိုမှတ်မိနိုင်လောက် မလား။


"မစ္စတာဖန်၊မင်းသူငယ်ချင်းလား"ဖန်ဟောင်နဲ့မနီးမဝေးကလူတို့တစ်ယောက်ကိုတစ်ယောက်ကြည့်နေတာမြင်တော့ဖန်ဟောင်ဘေးကအေ့ဂျင်တစ် ယောက်ကမေးလိုက်သည်။


"အာ.....ဟုတ်တယ်"ဖန်ဟောင်ကသေချာပေါက် သတိမထားလိုက်မိဘူး။သူ့မကြာခင်ကF Cityကိုပြန်လာတော့တွေးနေမိတဲ့ဒီအမျိုးသားကိုတွေ့ရန်မမျှော်လင့်ထားပေ။အေးဂျင့်ကိုစကား အနည်းငယ်ပြောပြီးနောက်ဖန်ဟောင်သည့်သူ့စိတ်သူ့မြှင့်တင်ကာဟဲဇီကျုံးဆီသို့ဂရုတစိုက်နဲ့ခြေတစ်လှမ်းချင်လှမ်းခဲ့သည်။ 


သူ့ပုံကိုကြည့်ရတာတော့ ဟဲဇီကျုံးကသူကိုကြည့်နေသည်။သူငါကိုမှတ်မိတာလား။ 


သူ့စိတ်ထဲမှာရှိနေတဲ့စိုးရိမ်ပူပန်မှုနဲ့စိတ်လှုပ်ရှားမှုကိုဖယ်ထုတ်လိုက် ပြီးဖန်ဟောင်ကသူ့(ဟဲဇီကျုံး)ထံသို့ သွားလိုက်သည်။

"စီနီယာဟဲ့?!"


"ဖန်ဟောင်"


"အကိုကျွန့်တော်ကိုမှတ်မိတယ်"(ဟဲဇီကျုံး)ဆန့်ကျင်ဘတ်မှာရပ်နေတဲ့လူရဲ့ကြီးမားသောမျက်လုံးလေးနှစ်လုံးသည်အံ့ဩမှုများရွှန်လန်းတက်ကြွမှုများ၊ ပျော်ရွှင်မှုများနှင့်ပြည့်နှက်နေပြီးအံ့ဩစရာကောင်း လောက်အောင်တောက်ပနေသည်။သူ့ပါးစပ်ထောင့်များသည်ကွေး သွားကာဘယ်ဘတ်တွင်ပါးချိုင့်လေးပေါ်လာသည်။


FH'sPOV{{{လုံလောက်သွားပြီအချိန်တော်တော် ကြာမှသူငါကိုပထမဆုံးအကြိမ်မှတ်မိတာဆိုရင် တောင်}}}


ဟဲဇီကျုံးသည်သူ့နှလုံးသားထဲတွင်ခံစားချက်များရှုပ်ထွေးနေသည်။မည်ကဲ့သို့ဖြစ်မှန်းမပြောနိုင်ဘဲဘာ ကြောင့်လဲဆိုတာကိုမခန့်မှန်းရဲပေ။သူ့တို့ကွဲကွာ နေတဲ့အတောအတွင်းမှာဖန်ဟောင်ကတခြားသူကိုမကြိုက်ခဲ့လောက်ဘူးမဟုတ်လား။


သူ့ရုပ်ရည်ကြည့်ကောင်းပေမယ့်မေ့ပျောက်လို့မရ နိုင်လောက်အောင်ဆွဲဆောင်မှုမရှိဘူးဆိုတာကိုသိ သည်။မဟုတ်ရင်သိုက်ကျွင်းကသူကိုလမ်းခွဲဖို့မြန် မြန်သဘောတူပမလား?ထပ်ပြီးပြောရမယ်ဆိုရင် တစ် ယောက်နဲ့တစ်ယောက်မတွေ့တာတော်တော်ကြာပြီမျက်နှာချင်းဆိုင်စကားပြောဖူးတာတစ်ကြိမ်ဘဲရှိသည်။


"စီနီယာဟဲ့၊ဒီမှာနေတာလား"ဖန်ဟောင်၏အသံကအနည်းငယ်တုန်ယင်နေသည်။သူအတွက်တော့ဒီနေ့ကအံ့ဩစရာကောင်းတယ်။


တက္ကသိုလ်ကနေဘွဲ့ရပြီးနောက်တွင်နှစ်ပေါင်းများ စွာထားရစ်ခဲ့ သောF Cityသို့ပြန်လာခဲ့သည်။သူကိုပြန်တွေ့နိုင်မယ်လို့ ဘယ်တုန်းကမှမ တွေးမိဘူး။သူ့ကိုရှာချင်ရင်တောင်မှအခြေချဖို့စောင့် ပြီးဖြေးဖြေးချင်း ရှာဖွေစုံစမ်းမှာဖြစ်သည်။


ဒါပေမယ့်မမျှော်လင့်ဘဲအိမ်ရှာဖို့ထွက်လာတဲ့အချိန်မှာသူ(ဟဲဇီကျုံး)ကိုတွေ့တယ်!!ဒါဖူးစာများလား။


ဟဲဇီကျုံးခေါင်းငြိမ့်ပြတာကိုမြင်တော့ဖန်ဟောင်ကအမြန်လှည့်ပြီး အေးဂျင့်နှစ်ယောက်ကိုစကားပြောလိုက်သည်။


"ကျွန်တော်ကြည့်ထားတဲ့အိမ်ကိုလိုချင်တယ်" နှစ်ယောက်သားချက်ချင်းပြုံးလိုက်ပြီးဖန်ဟောင်ကအသိမိတ်ဆွေတစ်ယောက်နဲ့စကားပြောနေတာကို စိတ်အနှောက်ယှတ်မဖြစ်ဘဲဘေး မှာရပ်ပြီးတိတ်တိတ်လေးစကားစမြည်ပြောနေကြသည်။


"မင်းအိမ်ငှားမလို့လား "ဟဲဇီကျုံးသည်ရှုပ်ထွေးသောအမှုအရာဖြင့်ရှေ့ကလူကိုကြည့်လိုက်သည်။သူသည်ကမ္ဘာပျက်ကပ် တုန်းကထက်ပိုပြီးကြည့်ကောင်းသည်။အမှန်ပင် လူတိုင်းသည်ကမ္ဘာပျက်ကပ်နေ့ရက်များထက်ယခုပို၍ လေးစားဖွယ်ကောင်းပုံရသည်။


"ဟုတ်ကဲ့"


အားကျိုးမာန်တက်ခေါင်းငြိမ့်ပြရင်းဖန်ဟောင်သည် ပြုံး နေတာမရပ်တော့ပေမယ့်လည်းအပြုံးတွင်စိုးရိမ်မှုအချို့ရှိနေသေးသည်။သူ့ဝန်ခံပြီးနောက်မှာစီနီယာကိုဒုက္ခအများကြီးပေးမိမှာကိုကြောက်သည်။ သို့သော်လည်းဟဲဇီကျုံးကသူ့ရဲ့မကောင်းတာကို မှတ်မိတယ်ဆိုရင်တောင်မှသူကိုမှတ်မိလို့အရမ်း ပျော်သည်။


"မင်းF Cityမှာအလုပ်လုပ်မလို့လား၊မင်းအလုပ်ကဘယ်မှာလဲ"


ဟဲဇီကျုံးသည်သတိပြန်ဝင်လာပြီးတောင့်တင်းသောအပြုံးနဲ့ပြောလိုက်သည်။


ဖန်ဟောင်၏အမှုရာသည်အနည်းငယ်တန့်သွားပြီး "အမ်း....ကျွန်တော်အလုပ်ရှာနေတုန်းF မြို့မှာဘဲတည်ငြိမ်တဲ့အလုပ်လေးလုပ်ဖို့စဉ်စားထားတယ်"


သူ့ပုံကိုကြည့်ရတာမပြာပြနိုင်တဲ့အရာတစ်ခုခုရှိနေပုံရသည်။ဒါကို တွေးမိပြီးဟဲဇီကျုံးကသူရဲ့ဖုန်းကိုထုတ်ပြီးပြောလိုက်သည်။


"မင်းဖုန်းနံပတ်ငါကိုပေးလေ၊မင်းဒီနေ့လည်အလုပ်ရှိတယ်မလား၊ နောက်မှပြောရအောင်"


ဖန်ဟောင်သည်သူ့ဖုန်းကိုအမြန်ထုတ်လိုက်ပြီးဟဲဇီကျုံး၏ဖုန်းနံပါတ်ကိုရေးမှတ်ကာဖုန်းခေါ်လိုက်သည်။


ရိုးရိုးသားသားပြောရရင်သူ့တို့နှစ်ယောက်ဒီနေ့ရုတ်တရက်တွေ့ဆုံ ခြင်းဖြစ်သည်။ဟဲဇီကျုံးကောဖန်ဟောင်ကောဘာ ပြောရမှန်းမသိပေ။တစ်ယောက်ကအတိတ်ကိုသတိရနေပြီးနောက်တစ်ယောက်ကအ နာဂတ်အကြောင်းကိုတွေးနေသည်။


ဘာဘဲဖြစ်ဖြစ်


{{{နောက်ဆုံးတော့သူကိုပြန်တွေ့ပြီ}}}X2


[T/N;;နှစ်ယောက်စလုံးကအဲ့လိုတွေးနေတာပါ]

....................


ဟဲဇီကျုံးနှုတ်ထွက်ခဲ့သည်။


သူ့ရုံးတစ်ခုလုံးကလန့်သွားသည်။


ဟဲဇီကျုံးရဲ့အလုပ်ကတစ်နှစ်ကိုယွမ်နှစ်သိန်းရပြီးအလွန်ကောင်းသည်။Fမြို့တွင်တစ်ဦးချင်းဝင်ငွေသည်ယွမ်လေးထောင်ခန့်သာရှိပြီးသူ့ကဝင်ငွေများသောသူတစ်ယောက်ဖြစ်သည်။Fမြို့ရဲ့အရှိုန်ကအဲ့လောက်မ မြန်ဘူး(အရမ်းတိုးတက်စည်းကားသောမြို့မဟုတ်ဘူး)။သူ့လုပ်ဖော်ကိုင်ဖတ်များ၏အမြင်တွင် ဟဲဇီကျုံးကအခြားကုမ္ပဏီကကမ်းလှမ်းထားတာမရှိဘဲဒီလောက်ကောင်းတဲ့အလုပ်အကိုင်ကို စွန့်လွှတ်ပြီးအလုပ်ထွက်လိုက်ခြင်းသည်အလွန်အံ့ဩဖို့ကောင်းသည်။


ဟဲဇီကျုံးသည်သူ့အလုပ်မှထွက်ကာအနီးနားရှိ အကြီးဆုံးစူးပါးမားကတ်ဆီသို့တန်းတန်းမတ်မတ် မောင်းသွားခဲ့သည်။ကားကိုရပ်ပြီးတာနဲ့သူအများ ကြီးဝယ်ဖို့သွားခဲ့သည်။အစေ့တွေ၊ပျိုးပင်တွေရဖို့ စိတ်စောနေပေမယ့်သူအပြင်ရောက်နပြီဆိုတော့ ဘယ်လိုလုပ်ပြီးစူပါမားကတ်ထဲကိုမဝင်ဘဲဖြတ် ကျော်နိုင်မှာလဲ။


အထုပ်ကြီးအထုပ်သေးများသည်စျေးဝယ်တွန်းလှည်းနှင့်ကားနောက်ခန်းထဲတွင်ပြည့်ကျပ်နေသည်။သူံအရင်ဘဝတုန်းကဟဲဇီကျုံးကအရပ်ရှည်သော ကြောင့်အလွန်ကြီးမားသောကုန်တင်ပမာဏနှင့် ကိုယ်ထည် မြင့်သောSUVကားတစ်စီးကိုဝယ်ယူခဲ့သည်။အနာဂတ်တွင်စျေးဝယ်ထွက်ခြင်းနှင့်ထွက်ပြေးခြင်းအတွက်ဒီကားကသေးတဲ့ကားတွေထက်ပိုအသုံးဝင်သည်။


အစားစာ၊နေ့စဉ်သုံးပစ္စည်း၊အမျိုးမျိုးသောပစ္စည်း များနှင့်ဆေးဆိုင်မှဖြတ်သွားသောအခါအသုံးများ လေ့ရှိသောဆေးပစ္စည်းများကိုဝယ်ယူခဲ့သည်။


ကားမောင်းနေရင်းဟဲဇီကျုံးသည်သူဝယ်ချင်သော မျိုးစေ့များအ ကြောင်းကိုစဉ်စားနေသည်။သူ့အရင်ဘဝတုန်းကသူ့နေရာလွတ်အသက်ဝင်လာပြီးမကြာခင်မှာဘဲကမ္ဘာပျက်ကပ်စတင်ဖြစ်ပွားခဲ့သည်။အဲဒါကြောင့်ဘဲအသီးအနှံ့အနည်းငယ်နှင့်အစေ့အဆန်အနည်းငယ်သာရှိသည်။


သူသည်ကမ္ဘာပျက်ကပ်တုန်းကသူဘဝရှင်သန်ရေးအတွက်ထွက် ပြေးတိမ်းရှောင်ရင်းနဲ့ဘဲအချိန်ကုန်ဆုံးခဲ့ရသည်။သူ့နောရာလွတ်ကိုဂရုစိုက်ဖို့ဘယ်အချိန်ရှိမလဲ။သူသည်ထောက်ပံ့ရေးပစစည်းများစုဆောင်းရန်အပြင်ထွက်သာအခါတွင်လည်းသူမှာစွမ်းရည်မရှိသောကြောင့်တခြားသူများနှင့်အဖွဲ့ဖွဲ့ရသည်။အစားစာရှာရန်မျိုးစေ့ရောင်းတဲ့နေ ရာကိုဘယ်သူသွားမလဲ။


ထိုကြောင့်အရင်ဘဝရှိနေရာလွတ်ထဲမှာအစားစာအမျိုးအစားသည်အနည်းအကျဉ်းသာရှိသည်။အဲဒီမှာအသုံးမဝင်တဲ့ပန်းပင်နဲ့အပင်အချို့ သာရှိသည်။


ဒီတကြိမ်တော့သူ့တက်နိုင်သလောက်သီးနှံ့မျိုးစေ့တွေအကုန်ဝယ်ချင်သည်။အရေအတွက်ကအရမ်း များဖို့မလိုဘူး၊ဒါပေမယ့်တက်နိုင်သမျှအမျိုးစား ပေါင်းများစွလိုချင်သည်။ဘာကြောင့်လဲဆိုတော့ ကမ္ဘာပျက်ကပ်ရောက်ရင်အခွင့်အလမ်းမရှိတော့ဘူး


ရပ်ကွတ်အတွင်းသို့ပြန်မောင်းလာရင်းပစ္စည်းအများစုကိုသူ့နေရာလွတ်ထဲကသိုလှောင်ခန်းမှာထားလိုက်ပြီးအပေါ့ပါးဆုံးအိတ်နှစ်လုံးဘဲယူပြီးအပေါ်ထပ်ကိုတက်သွားသည်။


ကွန်ပျူတာရှေ့မှာထိုင်ပြီးဟဲဇီကျုးကသူဝယ့်မည့်အစေ့အမျိုးစားများကိုရွှေးလိုက်သည်။နွေးဦးရာသီအစတွင်မျိုးစေ့များနှင့်ပျိုးပင်များကိုအွန်လိုင်းစတိုးတွင်ရနိုင်သည်။


ဟဲဇီကျုံးသည်Fမြို့အနီးရှိအမျိုးစားရွှေးချယ်မှုများ စွာ(ပစ္စည်းအမျိုးအစားစုံ)နှင့်ratingအမြင့်ဆုံးစတိုးကိုရွှေးလိုက်ပြီးအော်ဒါတင်လိုက်သည်။


အစေ့နှင့်ပျိုးပင်များဝယ်ယူပြီးနောက်တွင်Fမြို့အနီးနားမှာရှိတဲ့ကြက်၊ဘဲ၊ဝက်၊သိုး၊ဆိတ်နှင့်ကြိတ်စက် များဝယ်ယူနိုင်သည့်နေရာများကိုရှာ ဖွေခဲ့သည်။


"ဓာက်ဆီအတွက်ကြတော့ငါဘယ်လိုလုပ်ရမလဲ"ဟဲဇီကျုံးတွေးမိပြီးမျက်မှောင်ကျုံလိုက်သည်။


စားပွဲပေါ်ကဖုန်းကရုတ်တရက်မြည်လာသောကြောင့်လန့်သွားသည်။ကောက်ကိုင်ပြီးနာမည်ကိုကြည့်လိုက်တော့ဟဲဇီကျုံးခဏလောက်အံ့အားသင့်သွား ပြီးနောက်မှာတော့သူအမှုရာကနူးညံ့သွားပြီး" ဖန်ဟောင်"


"စီနီယာကျွန်တော်အနှောင့်ယှက်ပေးမိသွားလား"


"ရပါတယ်၊ဘာကိစ္စရှိလို့လဲ"


"အာကျွန်တော်စာချုပ်ချုပ်သွားပြီး၊မနက်ဖြန်မနက်ခင်းကျွန်တော် ပြောင်းလာမှာ"


"တကယ်၊ငါမင်းကိုလာကူညီမယ်"ဟဲဇီကျုံးအသက်ရှုမှားသွားသည်သူ့စွမ်းဆောင်ရည်မှာအလွန်မြင့်မားမည်ဟုမမျှော်လင့်ထားပေ။


ဖန်ဟောင်၏အသံမှာစိတ်လှုပ်ရှားနေမှန်းထင်ရှားသည်။ 

"ရပါတယ်၊ပစ္စည်းအများကြီးမရှိပါဘူး၊စီနီယာအ လုပ်တွေနှောင့်နှေးနေဦးမယ်၊တကယ်လို့စီနီယာ အဆင်ပြေရင်မနက်ဖြန်ညကြရင်နေ့စဉ်သုံးပစ္စည်း လေးတွေဝယ်ရင်းနဲ့ဒီနားကsupermarketမှာ ဆုံမလား"ဖန်ဟောင်ကတဖတ်လူ၏တုံ့ပြန်မှုကိုသတိထားပြီးစောင့်နေသည်။


"အဆင်ပြေတယ်၊ပြဿနာမရှိပါဘူး"မှာထားတဲ့ ပစ္စည်းတွေကမနက်ဖြန်လာမပို့လောက်သေးဘူးပြီးတော့သူပစ္စည်းဝယ်ဖို့စူပါမားကတ်ကိုသွားစရာ ရှိသေးသည်၊အဲဒါကြောင့်မို့သူကတိပေးလိုက်ပြီး 

"မနက်ဖြန်ငါမှာအချိန်ရှိတယ်၊မင်းခုဘယ်မှာနေလဲ၊ ငါမှာကားရှိတယ် ငါမင်းကိုလာကြိုမယ်လေ"


ဖန်ဟောင်တောက်ပသောမျက်လုံးလေးများဖြင့်အခုသူခဏတည်းနေတဲ့ဟိုတယ်လ်ရဲ့လိပ်စာကို ဟဲဇီကျုံးဆီသို့ပို့လိုက်သည်။သူ့(ဟဲဇီကျုံး) အကြောင်းကိုစဉ်စားရင်းစဉ်စားရင်းပြုံးနေမိပြီးဖုန်းကိုင်ထားရင်အိပ် ယာပေါ်လဲကျသွားသည်။ဟဲဇီကျုံးကသူကိုလာကြိုဖို့ဆန္ဒရှိလိမ့် မယ်လို့ဘယ်တုန်းကမှအိပ်မက်တောင်မမက်ဖူးဘူး။ပို့လို့တောင်မ မျှော်လင့်ထားတာကမနက်ဖြန်ကျရင်သူတို့အတူတူအချိန်ဖြုန်းမှာဒါ အခွင့်ရေးဘဲ..ဟီးဟီး ဒါအခွင့်ရေးဘဲကွ!!!!


ဖုန်းချပြီးတဲ့နောက်မှာဟဲဇီကျုံးကသူ့မျက်နှာကိုပွတ်လိုက်ပြီးအသတ် ပြင်းပြင်းရှုလိုက်သည်။သူ့ပြန်လည်မမွေးဖွားခင်ကသူ့တို့ထွက်ပြေးရင် ဖန်ဟောင်ကသူ့ဘေးနားမှာရှိနေခဲ့ပြီးအဲ့ဒီနေ့ရက်တွေမှာသူကောင်း ကောင်းသိခဲ့သည်။အဲဒီအချိန်တုန်းကဖန်ဟောင်သည်ထွက်ပြေးတိမ်းရှောင်နေရသော်လည်းနေ့တိုင်း အားနည်းနေသောသူ့ကိုဂရုစိုက်ရန်အတက်နိုင်ဆုံး ကြိုးစားခဲ့သည်။အဲလိုစိတ်အားထက်သန်မှုမျိုးကသူ့ကိုစိတ်လှုပ်ရှားစေသည်။ထိုအချိန်တုန်းက ဖန်ဟောင်ကိုထိခိုက်နာကျင်စေမှာကြောက်ပြီးတော့သူနဲ့မပေါင်းသင်းဖို့အတင်းအကြပ်ပြောနေခဲ့ခြင်း ဖြစ်သည်။


နှစ်ပေါင်းများစွာသူကိုဂရုစိုက်ခဲ့သောသူ၊သူ့အတွက်အသက်ကိုတောင်ပေးဖို့ဆန္ဒရှိသောသူ၊ကမ္ဘာပျက် ကပ်နေ့ရက်များမှာတောင်သူ ဘေးနားမှာရှိနေနိုင်သောသူတစ်ဦးဟဲဇီကျုံးသည် နောက်ထပ်ဘာကိုလိုချင်ဦးမလဲ။


စိတ်လှုပ်ရှားပြီးမျှော်လင့်နေတဲ့မျက်လုံးလေးတွေကိုတွေးရင်းဟဲဇီ ကျုံးသည်နူးညံစွာရယ်သည်။သူ့တို့နေ့လည်ကတွေ့တုန်းကတစ်ချိန်လုံးသူ့ကိုယ်သူမထိန်းချုပ်ထားနိုင်ခဲ့ရင်ဖန်ဟောင်ကိုပွေ့ဖတ်မိလိမ့်မယ်ပြီးတော့သူကို ကြောက်ရွံ့စေမှာဆိုးသည်။


ဖန်ဟောင်မသေခင်တုန်းကသူကို့ကြည့်နေတဲ့မျက်လုံးလေးကိုမှတ်မိ သေးသည်။ဒီလိုလူမျိုးသာဆိုရင်သူ့နောက်ထပ်ထပ်ချစ်ဖို့ကြိုးစားချင်သေးသည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment