no

Font
Theme

ရင်တုံးကမျက်လုံးပင့်ကြည့်လိုက်ပြီးလှောင်ပြုံးနဲ့ ပြောလိုက်သည်"အဲ့လိုပဲထွက်သွားခိုင်းလိုက်မလို့ လား၊အဲ့ဒီမိန်းမနဲ့ပက်သက်ပြီးသတိထားရင်ကောင်းမယ်"

အိုက်လွမ်ကမျက်မှောင်ကြုံလိုက်ပြီးသူ့စိတ်ထဲမှာ ဒေါသတွေနဲ့ပြည့်နှတ်နေကာ"အဲ့ဒီမိန်းမက ကစားစရာတစ်ခုပဲ၊သူမရဲ့စွမ်းအင်ကြောင့်သာမဟုတ်ရင်သူ့မနဲ့ဘယ်သူကပက်သက်ချင်မှာလဲ?ဒီတစ် ခေါက်မစ်ရှင်ကလည်း…."

"နေရာလွတ်စွမ်းအားရှင်ကလည်းသေသွားပြီ၊ တခြားအဖွဲ့ရဲ့ယာဉ်တန်းကလွတ်မြောက်သွားလားလဲမသိသေးဘူးတကယ်လို့မလွတ်မြောက်ခဲ့ရင် ဒီတစ်ခေါက်မစ်ရှင်က-ကျရှုံးတယ်"

အိုက်လွမ်ကအေးစက်စွာဖြင့်ထေ့ငေါ့လိုက်သည်။" မြို့ထဲမှာလုပ်ရတဲ့မစ်ရှင်တွေကအဲ့လောက်မလွယ်ကူဘူး"လူများစွာသေဆုံးပြီးနောက်တခြားကားထဲ မှာရှိသည့်နေရာလွတ်စွမ်းအားရှင်အသက်ရှင်နေ သေးသည်ဟုသူတို့မျှော်လင့်ထားဆဲဖြစ်သည်။မဟုတ်ရင်အဲ့ဒါကတကယ်ကို….အရမ်းလွန်လွန်းသွားပြီ။ရယ်စရာပဲ!!!

အုပ်စုငယ်တစ်စုသည်ယာယီစောင့်ဆိုင်းဧရိယာရှိ နားနေခန်းခန်းမဆီသို့လျှောက်လာခဲ့သည်။သူတို့ တံခါးကနေဝင်လိုက်တာနဲ့တစ်ပြိုင်နက်တံခါးဆီသို့  ဒယိုင်းဒယိုင်လျှောက်လာနေသောလူတစ်ယောက်သည်လမ်းလျှောက်နေသည့်အိုက်က်လွမ်လက်မောင်းထဲသို့ပစ်ဝင်လာခဲ့သည်။

"အချိန်လာဖြုန်းနေတာပဲ!!!မင်းမှာဘာစောင့်ကျွမ်းကျင်မူမှမရှိဘူး၊မင်းရဲ့လူကလည်းသေသွားပြီအဲ့ဒါ ကြောင့်ပစ္စည်းခွဲဝေပေးဖို့နဲ့ပက်သက်ပြီးအရစ်တက်နေတာရပ်လိုက်တော့!!မင်းဘာအားစိုက်ထုတ်ခဲ့လိုလဲ?"

အိုက်လွမ်ရဲ့မျက်နှာသည်ခဏချင်းမဲမှောင်သွားခဲ့သည်။သူ့လက်ထဲတွင်ချက်ချင်းရေခဲပန်းဆွဲများဖြစ် ပေါ်လာပြီး-အပြင်ဘက်တွင်ရွှာသွန်းနေသော မိုးသည်ရေစွမ်းအင်နှင့်ရေခဲစွမ်းအင်ရှိသူများကိုပိုမိုသာလွန်အောင်ထောက်ပံ့ပေးနေသည်။ကမ္ဘာစပျက်ကတည်းကကံဆိုးစေတဲ့တိမ်မည်းတွေသူပေါ်မှာ တရစ်ရစ်ဝဲနေသလိုခံစားခဲ့ရသည်။သူကို စိတ်အနှောင့်ယှက်ဖြစ်စေသည့်အခြေစိုက်စခန်းဝန်ထမ်းတွေကိုသူသည်းခံနိုင်ပေမဲ့ဒီလိုလွတ်မြောက်သူတွေနဲ့ရင်ဆိုင်ရတဲ့အခါသည်းခံထားဖို့ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!

ထိုအုပ်စုသည်ရုတ်တရက်အေးခဲသွားသည်။သူတို့ထဲက တစ်ယောက်သည်အိုက်လွမ်ကိုသတိထားမိသွား ပြီးမျက်နှာချိုသွေးပြီးပြုံးပြကာ"အာ၊ဘော့စ် အိုက်? ကျွန်တော်တို့ကနှောက်ယှက်ဖို့မရည်ရွှယ်ပါဘူး၊ တစ်ချို့လူတွေကိုသင်ကြားပေးနေတာပါ…."

အိုက်လွမ်လက်မောင်းထဲကလူသည်ရုတ်တရက် သူ့ခေါင်းကိုမော့လာပြီအံ့ဩမူကြောင့်မျက်လုံးတွေ ပြူးကျယ်နေသည်"အိုက်လွမ်!?"

အိုက်လွမ်ကမျက်ခုံးကိုပင့်လိုက်သည်။ဒီလူသည် အရမ်းပိန်နေတာကလွဲရင်တော်တော်လေးလှသည်….ဒီထောင့်ကနေကြည့်ရင်သူ့ရဲ့မျက်လုံးတွေက ဖန်ဟောင်နဲ့တော်တော်ဆင်သည်…..

"မင်းငါ့ကိုသိလို့လား?"

ထိုလူကအမြန်ခေါင်းညိတ်လိုက်သည်။"ကျွန်-ကျွန်တော်ကကမ္ဘာမပျက်ခင်ကတည်းကမင်းကို အရမ်းကြိုက်ခဲ့တာ…."

အိုက်လွမ်ကရုတ်တရက်ဒေါသအနည်းငယ်လျော့ သွားသည်။နည်းနည်းကြည့်ကောင်းတဲ့ရုပ်ရည်နဲ့ သဘောကျနေသူတစ်ယောက်ကစားစရာအရုပ်တစ်ရုပ်အဖြင့်အသုံးပြုနိုင်လောက်တယ်….သူ့ကုတင် ပေါ်တွယ်တက်ပြီးကတည်းကသူ့မကိုယ်သူမခေါင်းဆောင်ရဲ့ဇနီးအနေနဲ့သူကိုယ်သူဆက်ဆံတက်ပြီး ကိုယ့်အဆင့်ကိုယ်မသိတဲ့ချူးလီလီထက်ပိုကောင်းတယ်"မင်းရဲ့နာမည်ဘယ်လိုခေါ်လဲ"

"…..သိုက်ကျွင်း"

…………………………….

ကျိုးတိုးကျဲတဲရွှာနေသောမိုးသည်နောက်တစ်နေ့ မနက်ခင်းအထိရွှာနေပြီးရပ်မည့်အရိပ်ယောင်မရှိ ပေ။

ဟဲဇီကျုံး၏ခင်ပွန်းနှင့်ဇနီးအသင်း(နာမည်ပြောင်အသင်းထဲမှာသူတို့နှစ်ယောက်ပဲရှိ လို့)နှင့်Samsara အသင်းသားများသည်မနက်စောစောအိပ်ယာထခဲ့သည်။ရိုးရှင်းစွာမျက်နှာသစ်မနက်စာစားပြီးနောက် သူ့တို့ရဲ့ကားပေါ်ကိုတက်လိုက်ပြီးသူတို့ပစ်မှတ်ထား ထားသည့်နေရာသို့ဆက်သွားရန်ပြင်ဆင်ခဲ့သည်။

မနေ့ညတုန်းကသူတို့ယာယီစခန်းချခဲ့တဲ့နေရာအနီးနားတွင်ရံဖန်ရံခါဇွန်ဘီတွေရောက်လာတက်ပေမဲ့ညဘက်ကင်းစောင့်သူများကအကုန်လုံးကိုရှင်းလင်းခဲ့သည်။ဤတစ်ကြိမ်တွင်သူတို့သည်အတော်ဝေးလံ သောလမ်းကိုတမင်တကာရွှေးချယ်ခဲ့သည်။ကမ္ဘာပျက်ပြီးနောက်များစွာအသုံးပြုခဲ့ကြသည့်အဝေးပြေးလမ်းများ၊လမ်းမကြီးများနှင့်ယှဉ်ရင်ဒီလမ်းသည် သွားလာရလွယ်ကူသည်။

ဒီရွှာကအခြေခံအားဖြင့်လုံးဝပြိုလဲသွားခဲ့သည်။ရွာတွင်သူတို့ရဲတံခါးများကိုတင်းတင်းကျပ်ကျပ်ပိတ် ထားသည့်အိမ်တောင်စုအနည်းငယ်သာကျန်ရှိနေသည်။ထိုအချိန်တွင်အပြင်ဘက်တွင်အသံများကြား သောအခါသူတို့သည်အခြေနေကိုသိရန်အပြင်ထွက်မလာရဲပဲအပြင်ဘက်ကသေနတ်သံများကိုနားထောင်ရန်သူတို့ရဲ့အိမ်ထဲမှာပဲပုန်းနေကြသည်။

Samsaraအသင်းသည်သေနတ်များကိုရရှိခဲ့ပြီးနောက်မစ်ရှင်အပေါ်သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းသည် များစွာမြှင့်တက်လာခဲ့သည်။သူတို့မှာလက်နက်ရှိပြီး ကားအနည်းငယ်ကိုရောင်းချလိုက်ခြင်းမှရရှိခဲ့သည့် အမှတ်များသည်ကျည်ဆန်အမြောက်အများနဲ့ လဲလှယ်ရန်လုံလောက်သည်။

ဒီတစ်ကြိမ်သူတို့သယ်လာခဲ့သောလက်နက်များသည် အမျိုးစားမျိုးစုံပါဝင်သည်။ကောပင်းရဲ့ Predator ကားသည်လမ်းကိုဖွင့်ပေးပြီးကားတစ်စီး ဆီရှိလူများသည်ကားပြတင်းပေါက်ကနေသူတို့၏ သေနတ်ပြောင်းဝများကိုတင်ကာအပြင်ဘက်ကို ပစ်ခတ်နေကြသည်။

ရွှာ၏တည်နေရာသည်အတော်လေးဝေးလံခေါင်ဖျားသည်။ရွှာထဲရှိအမျိုးသားအမျိုးသမီးနှင့်ကလေး အရေအတွက်စုစုပေါင်းသည်နှစ်ရာသုံးရာလောက်သာရှိသည်။မြို့Aကဲ့သို့သောအချို့မြို့များနှင့် အတော်လေးနီးသောကြောင့်လူငယ်အများစုသည် ရွှာမှာမနေပေ။ထို့ကြောင့်လူအနည်းငယ်သာကျန်ရစ်ခဲ့သည်။လယ်မြေအများစုကိုငှားရမ်းထားပြီးထိုကျန်တဲလူများတွင်လယ်သမားအနေဖြင့်လုပ်ကိုင်သူအနည်းငယ်သာရှိသည်။

ရွှာထဲကဇွန်ဘီများကိုရှင်းလင်းပြီးနောက်ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့သားများသည် ဇွန်ဘီခေါင်းထဲက အဏုမြူကျောက်တုံးများကိုစုဆောင်းရန်နှင့် အလောင်းများကိုအတူတကွစုစည်းပြီးမီးရှို့ရန် ကားပေါ်ကဆင်းလိုက်သည်။

"ရွှာအဝင်ဝကနေစပြီးတစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးမယ်၊ပြိးရင်ခြံဝင်းထဲမှာရှိတဲ့အရာအားလုံးကိုစုဆောင်းခဲ့မိုးကာတွေကိုလည်းပြင်ဆင်ထားမယ်" ကောပင်းသည်ပတ်ပတ်လည်ကိုလှည့်ကြည့်ပြီး အတော်လေးကျယ်ဝန်းသည့်လယ်သမားတစ်ယောက်ရဲ့အိမ်ကိုရွှေးချယ်ခဲ့သည်။

ခြံဝင်းထဲကိုလူတစ်စုကဝင်လာပြီးသေတဲ့အထိရိုက်နှတ်ခံထားရသည့်ခွေးတစ်ကောင်ကိုရှာတွေ့ခဲ့သည်။တံခါးတစ်ဝက်ကပွင့်နေပြီးကြည့်ရတာအထဲမှာ ဘာမှမရှိ ပုံပေါ်သည်။

"စစ်ဆေးကြည့်ကြတာပေါ့"အဖွဲ့ဝင်များသည်အထဲ ကိုဂရုတစိုက်ဝင်သွားခဲ့ပြီးခဏအကြာတွင်အစီရင်ခံရန် ထွက်လာခဲ့သည်"ဘော့စ်အထဲမှာ ဇွန်ဘီမရှိဘူး"

ခွေးသေကောင်အပြင်လှောင်အိမ်ထဲတွင်သေနေ သောကြက်များလည်းရှိသည်။အချိန်ကြာသွားပြီဖြစ်သောကြောင့်၎င်းတို့သည်ပုပ်သွားနေပြီသန္ဓေပြောင်း တိရိစ္ဆာန်တစ်ကောင်ဖြစ်ခဲ့လားဆိုတာမသေချာပေ။ ခြံဝင်းထောင့်တွင်ဘာမှန်းမသိသော ကောက်ပဲသီးနှံ့များကိုစိုက်ပျိုးခဲ့သည်။ဆန့်ကျင်ဘက်အနေနဲ့အိမ်ရဲ့နံရံမှာချိတ်ဆွဲထားသည့်ကြက်သွန် ဖြူများနှင့်အနီရောင်ပန်းငရုတ်များသည်အသုံးပြုလို့ရနိုင်သေးသည်?

Samsaraအသင်းကလူများသည်ခြံဝင်းထဲရှိအပင် များကိုစတင်ရှင်းလင်းလိုက်သည်။ဟဲဇီကျုံးနှင့် ဖန်ဟောင်တို့သည်ဝင်လာပြီးပတ်ပတ်လည်လှည့် ကြည့်ကာအခြားသူများကျပန်းရွှေးချယ်လိုက်သည့် ခြံဝင်းအလွတ်ထဲတွင်ကျန်နေသေးသောဇွန်ဘီရှိမရှိ သိုလှောင်ထားတဲ့အစားစာရှိမရှိတို့ကိုစစ်ဆေးရန် အနောက်ကလိုက်ခဲ့သည်။

ခြံဝင်းကဘာမှလုပ်စရာမလိုလောက်အောင်အလွတ် ကြီးဖြစ်နေသည်။တံခါးမကြီးကနေအိမ်ထဲကိုတိုက်ရိုက်သူတို့နှစ်ယောက်ဝင်လိုက်ပြီးဧည့်ခန်းထဲသို့ ဦးတည်သွားလိုက်သည်။

"အဲ့ဒါဘာကြီးလဲ?"

ပြတင်းပေါက်ဘေးကအိပ်ယာကြီးပေါ်တွင်      သေးငယ်သောအပြာရောင်အဝတ်ထုပ်တစ်ထုပ်ရှိနေပြီးယခုအချိန်တွင်ထိုသေးငယ်သောအဝတ်ထုပ်သသည်တွဲလောင်းကျလာပြီးမလှုပ်နေသင့်ပေ။

သူတို့နှစ်ယောက်သည်အံဩမူဖြင့်တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီးသူတို့စိတ်ထဲတွင်တူညီ သောအတွေးတစ်ခုတွေးမိသွားသည်။

အရှေ့သို့ခြေလှမ်းဖွဖွလေးလှမ်းလိုက်တော့မီးခိုပြာ ရောင်မျက်နှာနှင့်မီးခိုရောင်မျက်လုံးရှိသည့် ဇွန်ဘီကလေးလေးသည်လူသားနံရသောကြောင့် အဝတ်ထုပ်ထဲမှာထွက်ရန်ရုန်းကန်နေသည်ကို မြင်လိုက်ရသည်။

ကမ္ဘာပျက်ပြီးကတည်းကနှစ်လကြာမြင့်ခဲ့ပြီဖြစ်သည်။အကယ်လို့ကလေးတစ်‌ယောက်ထဲအိမ်မှာကျန်ခဲ့ တယ်ဆိုရင်သေသွားတာကြလောက်ပြီ။

"ဇီကျုံး…"ဇွန်ဘီများကိုသတ်ဖြတ်လေ့ရှိသော ဇွန်ဘီသည်အားနည်းသောကလေးဇွန်ဘီနဲ့ရင်ဆိုင်ရသောအခါလိုအပ်သောလုပ်ဆောင်ချက်ကို လုပ်ဆောင်နိုင်ခြင်းမရှိပေ။

ဟဲဇီကျုံးကလေးပင်စွာသတ်ပြင်းချလိုက်ပြီး"အဆုံး သတ်ပေးလိုက်ရအောင်"ဇွန်ဘီကလေးလေးသည် ၎င်း၏ခန္ဓာကိုယ်ပေါ်တွင်ဘာဒဏ်ရာမှမရှိဘဲချက်ချင်းဇွန်ဘီတစ်ကောင်ဖြစ်သွားခဲ့တာဖြစ်နိုင်သည်။၎င်းကိုတင်းတင်းကျပ်ကျပ်ထုတ်ပိုးထားပြီးအပြင်ထွက် ရန်ရုန်းကန်နေသောကြောင့်အဝေးသို့ယူမသွားရဲ‌သောတစ်စုံတစ်ယောက်သည်ဒီနေရာမှပဲထားခဲ့သည်။

ဓားကိုမြှောက်လိုက်ပြီးရွှေရောင်အလင်းတစ်ချက်လတ်သွားကာဇွန်ဘီကလေးလေးကိုအဆုံးသတ်ပေးလိုက်သည်။

အိပ်ယာပေါ်ကနေဇွန်ဘီကလေးလေးအလောင်းကို မရွှေ့ပဲသူတို့နှစ်ယာက်သည်အခြားခန်းသို့သွားလိုက်ပြီးအစားအစာများကိုလှန်လှောရှာဖွေလိုက်သည်။

ဆန်ပုံးထဲကဆန်အများစုသည်မှိုတက်နေပြီးစားလို့မရနိုင်တော့ပေ။ဂျုံပုံးထဲတွင်အဖြူရောင် ဂျုံမှုန့်များကိုမမြင်ရသော်လည်းသေချာအနံ့ခံကြည့်လိုက်သောအခါဂျုံမှုန့်အနံမရပေ။

ဆန်ကျင့်ဘက်အနေဖြင့်အခြားခန်းထဲတွင် ပိတ်ထားသောမြွေအရေခွံအိတ်အနည်းငယ်ရှိပြီး အထဲမှာရှိသည့်အစားစာများသည်ဘာပြဿနာမှမရှိ ပေ။

လယ်သမားအိမ်ထဲမှာရှိသည့်ဟင်းသီးဟင်းရွတ်တွေနဲ့ ငါးတွေအကုန်လုံးကပျက်စီးနေပြီးဆားရည်စိမ်ဘူးထဲမှာရှိသည့်ဆားရည်စိမ်ဟင်းသီးဟင်းရွတ်အချို့သည်စားသုံးနိုင်ပုံရသည်။သူတို့ပတ်ပတ်လည်ကိုရှာကြည့်ခဲ့ပြီးမျိုးစေ့များကိုမတွေ့သောကြောင့်ဒီပစ္စည်းတွေကိုပဲခြံဝန်းထဲသို့ရွှေ့လိုက်သည်။

ကောပင်းနဲ့တခြားသူတွေသက်မှတ်ထားသည့်ခြံဝင်းထဲသို့သူတို့ရွှေ့ခံနီးအချိန်တွင်ရွှာထဲကနေအသံတစ်ချို့ထွက်လာခဲ့သည်။သူတို့နှစ်ယောက်အပြန်လှန် ကြည့်ကာအပြင်သို့ထွက်လိုက်ပြီးခြံတံခါးကိုပိတ် ထားခဲ့သည်။

ရှန်ဟိုက်ပင်း၊လျိုကျန့်ဖုန်းနှင့်တခြားသူများသည်လူတစ်စုကိုနှစ်သိမ့်နေကြသည်။ထိုလူများသည်ရွာ၏ မူလနေထိုင်သူများဖြစ်မှန်းသေချာသည်။အပြင်မှာ အန္တရာယ်မရှိကြောင်းအတည်ပြုပြီးနောက်တံခါးဖွင့်လိုက်တော့အသက်ငါးဆယ်ခြောက်ဆယ်လောက်ရှိသည့်ဦးလေးကြီး၏နောက်တွင်အမျိုးသားနှင့်အမျိုးသမီးငါးယောက်ခြောက်ယောက်လောက်တွေ့လိုက်ရသည်။သူတို့ကိုငယ်ရွယ်တဲ့လို့တော့ယူဆလို့မရပေ။ရွာထဲမှာကျန်ရစ်ခဲ့သူများဖြစ်ပြီးကမ္ဘာပျက်ပြီးနောက်အတူတကွထွက်ပြေးသင့်သည်။

ထိုဦးလေးသည်သူတို့အဖွဲ့ကိုသတင်းမေးမြန်းနေသည်-အဓိကအားဖြင့်လူတွေကိုကယ်ဖို့အစိုးရကလွတ် လိုက်တာလားလို့မေးမြန်းနေသည်?အထဲကနေသူတို့သေနတ်အသံကိုကြားခဲ့သောကြောင့်ဖြစ်သည်။

သူတို့ကအခုလက်ရှိအခြေနေရဲ့အရေးကြီးတဲ့ သတင်းအချက်လက်များကိုရှင်းပြပေးခဲ့ပြီးအခြေစိုက်စခန်းကိုသွားချင်ရင်သူတို့ကိုယ်ပိုင်ကားတစ်စီးပြင်ဆင်ရန်လိုအပ်ကြောင်းကိုအရိပ်အမြွတ်ပြောပြခဲ့သည်။သာမာန်လူတွေကိုအခြေစိုက်စခန်းဆီကယ်ဆယ်လာခြင်းအတွက်အခြေစိုက်စခန်းကဆုလာဘ်အချို့ပေးသော်လည်းSamsaraအသင်းတွက်တော့ ထိုအမှတ်များသည်ကျည်ဆံတစ်ချို့လဲလှယ်ရန် မလုံလောက်ပေ။

ယခုအချိန်သူတို့ကားထဲတွင်လူအနည်းငယ်အတွက် နေရာအလုံလောက်ရှိသော်လည်းသူတို့လမ်းတစ်လျှောက်ရိက္ခာစုဆောင်းရန်လိုအပ်နေသေးသည်။သူတို့အဖွဲ့သားများရဲ့လုံခြုံရေးကိုထည့်စဉ်းစားပြီး ဒီအကျိုးကျေးဇူးမဲ့တဲ့တာဝန်ကိုလက်လွှတ်လိုက်သည်။ဒါအပြင်ရွာတစ်ဖက်ခြမ်းတွင်လည်းကားအများ ကြီးရှိနေသေးသည်။ဒီလမ်းတစ်လျှောက်သူတို့ မောင်းသွားရင်သူတို့ညတွင်းချင်းအခြေစိုက်စခန်းကိုရောက်နိုင်သည်။

သူတို့ဒီနေရာပဲရပ်ပြီးအချိန်ရခဲ့ရင်သူတို့အခြေစိုက်စခန်းကိုပြန်တဲ့အချိန်ထိုလူတွေကိုသူတို့ကိုလိုက်ပို့နိုင်သည်။

အခြားလူများသည်သူတို့ကိုလိုက်ပို့ရန်ရည်ရွယ်ချက်မရှိကြောင်းသိလိုက်ရတော့အမျိုးသမီးတစ်ယောက်ကသူ့ခြံထဲကနေတစ်စုံတစ်ယောက်ဆန်အိတ်တစ်အိတ်ဆွဲထုတ်လာတာကိုမြင်တော့ချက်ချင်းငိုယိုကာ"ဘာလို့ငါတို့ပစ္စည်းတွေကိုယူနေတာလဲ!?"ဆန်အိတ်ကိုကိုင်ထားသည့်ရှောင်မင်ဆီသို့ပြေးပြီးတွန်းလိုက်သည်။

ရှောင်မင်ရဲ့မျိုးရိုးနာမည်မှာကျန့်ဖြစ်သည်။ဒါပေမဲ့ ထိုနာမည်ကိုစစ်တပ်ထဲဝင်ကစကသူ့ရဲဘော်တွေက လှောင်ပြောင်ခဲ့ကြသောကြောင့်နာကျည်းစရာတစ်ချို့ရှိခဲ့သည်။ထို့ကြောင့်ကောပင်းရဲ့ကုမ္ပဏီသို့ရောက်သောအခါအားလုံးကသူ့ရဲ့မျိုးရိုးနာမည်ကိုလျစ်လျူရှုလိုက်ပြီးသူ့နာမည်ကိုသာခေါ်ခဲ့သည်။

သူသည်သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးတပ်သားတစ်ဦးဖြစ်ပြီးကွန်ပြူတာသုံးတက်သူဖြစ်သည်။ဒါပေမဲ့သူကခပ်ပိန်ပိန်ဆိုတော့ခါးတုတ်တုတ်အမျိုးသမီးကြီးဆီကတွန်းခံလိုက်ရတာနဲ့သူ့နောက်မှာရပ်နေတဲ့ရက်စက်သောအမျိုးသားတစ်ယောက်ကိုတိုက်မိသွားသည်။

ဒီလူအုပ်စုသည်ခြံဝင်းထဲမှာပိတ်မိနေခဲ့တာနှစ်လနီးပါးကြာပြီဖြစ်သည်။သိုလှောင်ထားခဲ့သောအစားစာ အများစုကဟိုးအရင်ကတည်းကစားပြီးသွားပြီဖြစ်သည်။မိသားစုစီးပွားရေးအတွက်အနားနီးကမြို့‌ တွေကိုပို့ဖို့အစားသောက်အများကြီးကိုမစုဆောင်းထားခဲ့ဘူးဆိုရင်သူတို့သေသွားတာကြာပြီ။ဘယ်လိုလုပ်ပြီးအခုချိန်ထိရှင်သန်နေမလဲ?

အသက်၅၀လောက်ရှိသည့်အမျိုးသားကြီးက၎င်းကို မြင်တော့အေးစက်စွာပြောလိုက်သည်"အပြင်က ဇွန်ဘီတွေကိုရှင်းလင်းပေးခဲ့တဲ့အတွက်မင်းတို့ကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့မမေးမမြန်းဘဲနဲ့ငါတို့ရဲ့ ပစ္စည်းတွေကိုယူသွားလို့မရဘူး!!"

"ဟုတ်တယ်၊အဲ့ဒါတွေအကုန်လုံးကငါတို့အိမ်ထဲက ပစ္စည်းတွေပဲမင်းဘယ်လိုစဉ်းစားပြီးဒါတွေကိုယူလာတာလဲ!"

မကြာသေးမီကစားနပ်ရိက္ခာပြတ်လပ်မူကြောင့်ထိုလူတွေ၏မျက်လုံးများသည်ဆာလောင်မူဖြင့်တောက်လောင်နေသည်။ဤအခိုက်တန့်တွင်ချန်နင်တို့သည်နားလည်သဘောပေါက်သွားသည်။အစားစာတွေကိုမြင်ပြီးနောက်သူတို့ရဲ့မျက်လုံးများသည် စိမ်းကားလာကြသည်။

"ဒါဆိုခင်ဗျားတို့ကဘာကိုပြောချင်တာလဲ?"ချန်နင် နဲ့ကောပင်းကလည်းထိုစကားကိုကြားလိုက်သော ကြောင့်သူတို့ရှိသို့လျှောက်လာလိုက်ပြီးချန်နင်က တည်ငြိမ်စွာဖြင့်မေးမြန်းခဲ့သည်။

"ဘာကိုမှမပြောချင်ဘူး၊မင်းတို့ပြောတဲ့အခြေစိုက်စခန်းကိုမင်းတို့ငါတို့ကိုလိုက်ပို့ပေးရင်ငါတို့လည်း အစားစာတွေပေးမယ်"ထိုလူကလျင်မြန်စွာဖြင့်ပြောလိုက်သည်။အခုချိန်တွင်ကမ္ဘာကြီးတစ်ခုလုံးလူသားတွေကဇွန်ဘီအစာဖြစ်ပြီးသူတို့ကလည်းဇွန်ဘီတွေကို မရိုက်နှက်နိုင်သောကြောင့်ဒီနေရာမှသေဖို့ ထိုင်စောင့်နေခြင်းထက်အခြေစိုက်စခန်းဆီသွားဖို့ဒီအစားစာတွေကိုယူခွင့်ပေးလိုက်တာပိုကောင်းတယ်။ဟုတ်တယ်မလား?

"ဟုတ်တယ်ငါတို့ မင်းတို့ကိုအစားစာတွေနဲ့ငှားရမ်းမယ်"

ချန်နင်ကရီလိုက်ပြီးခေါင်းညိတ်လိုက်ကာ"ငါတို့ သတ်ခဲ့တဲ့ဇွန်ဘီတွေအတွက်ကကော?ငါတို့ကို ပေးချေရမဲ့အစားစာထဲမှာထည့်တွက်သင့်လာ?"

လူတစ်ယောက်ကရုတ်တရက်ထအော်လိုက်ပြီး ရွာအဝင်ဝမှာစုပုံထားသည့်ဇွန်ဘီအလောင်းပုံဆီသို့ ပြေးသွားခဲ့သည်"လူအိုကြီး!!လူအိုကြီး!!မင်းဘာလို့ ဒီလိုဖြစ်နေရတာလဲ?မင်းကိုယ်ဘယ်သူသတ်တာလဲ"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment