"သူတို့အဖွဲ့ကဘယ်လိုဖြစ်ပြီးလူတွေအများကြီးရှိနေတာလဲ"
"သူတို့ကဒီနေရာကိုအခြေစိုက်စခန်းအနေနဲ့လုပ်ချင်တာနဲ့တူတယ်"ကားထဲမှာလူကြီး၊လူငယ်လူတွေ အများကြီးရှိပြီးခေါက်ဆွဲခြောက်စက်ရုံကိုယာယီအခြေစိုက်စခန်းအဖြစ်ပြုလုပ်တာရန်စိတ်ကူးကို နားလည်နိုင်သည်။
ဖန်ဟောင်သည်ခေါက်ဆွဲခြောက်စက်ရုံအပြင်ဘတ်မှာရှိတဲ့ခြံစည်ရိုးကိုအံ့ဩတကြီးဖြင့်ကြည့်လိုက်သည်။ဒီဧရိယာတစ်ဝိုက်မှာလူဦးရေနည်းပါးပြီးခေါက်ဆွဲခြောက်စက်ရုံသည်မြေဧရိယာတော်တော်များ များကိုသိမ်းပိုက်ထားသော်လည်းစက်ရုံအပြင်ဘတ်မှာခတ်ထားတဲ့ခြံစည်ရိုးသည်သိပ်ပြီးတော့မခိုင်ခန့်ပေ။လုံခြုံနိုင်မူကကျောင်းဆေးရုံလောက်တောင် မကောင်းဘူး။အခုဇွန်ဘီအရေအတွက်ကနည်းနေသေးသော်လည်းတစ်ကြိမ်လောက်အရေအတွက်အများကြီးရောက်လာတာနဲ့ဒီခတ်ထားတဲ့ခြံစည်ရိုးတွေကအချိန်ကြာကြီးခံပါ့မလား။
"ဒီနေရာက….သိပ်မလုံခြုံဘူး"
"သူတို့ပြဿနာကိုမြင်သင့်တယ်၊နံရံအမြင့်ကြီးဆောက်နိုင်တယ့်မြေစွမ်းအားရှင်သာရှိရင်တော့သူတို့ဒီမှာ ခဏလောက်နေနိုင်တယ်"ဟဲဇီကျုံးကသူတို့နဲ့မရင်းနှီးဘူး။အကယ်လို့သူပြောပြခဲ့ရင်တောင်တခြားသူတွေကနားထောင်မှာမဟုတ်ဘူး။ထို့အပြင်ထိုလူများသည်ဒီမှာရက်အနည်းငယ်နေလိုကြောင်းသာပြောခဲ့ ပြီးဒီနေရာကိုအခြေစိုက်စခန်းပြုလုပ်မယ်လို့မပြောခဲ့ပေ။အကုန်လုံးကသူတို့ခန့်မှန်းချက်တွေဘဲဖြစ်သည်။
သူတို့နှစ်ယောက်သည်ဘယ်သူနဲ့မှမတွေ့ဆုံခဲ့ကြ သလိုဆေးဝါးစက်ရုံကိုသွားတဲ့လမ်းတွင်လုယတ်ဖို့ ကြိုးစားတဲ့သူတွေနဲ့လည်းမတွေ့တော့ပေ။ထိုဆေးဝါးစက်ရုံတွင်ဘယ်သူမှမရှိကြောင်းကိုအတည်ပြုပြီးနောက်နှစ်ယောက်သားဂိုဒေါင်ဆီသို့သွားခဲ့သည်။
ထုတ်လုပ်မူပစ္စည်းများနှင့်တပ်ဆင်မှုပစ္စည်းများ သည်အလွန်အသုံးဝင်သော်လည်းထိုဆေးဝါးများသည်မည်သည့်ကုန်ကြမ်းကိုလိုအပ်သည်သို့မဟုတ် မည်သို့လုပ်ဆောင်ရမည်ကိုလည်းသူတို့မသိပေ။ နေရာလွတ်ထဲတွင်ဆိုလာလျှစ်စစ်ဓာက်အားထုတ်စက်များရှိသော်လည်းပမာဏသည်ကန့်သတ်ချက်ရှိသည်။သူတို့နေရာလွတ်ထဲကိုထိုစက်ကရိယာပစ္စည်းများကိုယူဖို့မဖြစ်နိုင်သောကြောင့်ထားခဲ့လိုက်သည်။
အသက်ရှင်ကျန်ရစ်သူအချို့သည်အနာဂတ်အတွက် ဆေးဝါးများ၏အသုံးဝင်မူကိုသိသော်လည်းမြို့ပြဧရိယာမှာရှိတဲ့ဆေးဝါးဆိုင်များမှလည်းသူတို့စုဆောင်းနိုင်သောကြောင့်ရိက္ခာစုဆောင်းဖို့အပြင်ထွက်လာ သောအခါဒီလိုကြီးမားသောဆေးဝါးစက်ရုံကိုဘယ်သူမှမလာကြပေ။ခုနကခေါက်ဆွဲခြောက်ထုတ်စက်ရုံနဲ့ယှဉ်ရင်လူတစ်ယောက်မှမရှိသောကြောင့်ကမ္ဘာ ကြီးနှစ်ခုကွာခြားနေသလိုဖြစ်နေသည်။
ဆေးသတ္တာများသည်အထဲတွင်အများကြီးရှိနေသည်။ကားထားပြီးနောက်စက်ရုံထဲကဇွန်ဘီအချို့ကို ရှင်းလိုက်ကာဟဲဇီကျုံးနှင့်ဖန်ဟောင်သည်ဆေးဝါး များစုဆောင်းတဲ့အလုပ်ကိုစတင်လိုက်သည်။
အညွှန်းစာအုပ်နှင့်ထုပ်ပိုးမူစာအုပ်နှစ်ခုလုံးကို စုဆောင်းရန်လိုအပ်သည်။ဒီတံဆိပ်သည်အဓိက အားဖြင့်ရောင်ရမ်းမူသက်သာစေသောဆေးဝါးများကိုပုလင်းနှင့်အရည်ပုံ့စံများဖြင့်ထုတ်လုပ်သည်။
ဒါတွေအားလုံးကကောင်းမွန်တဲ့အရာတွေဖြစ်ပြီး ဒီနေရာမှဘယ်သူမှမရှိသောကြောင့်သူတို့နှစ်ယောက်ဟာမယဉ်ကျေးနေတော့ဘဲစတင်စုဆောင်းလိုက်သည်။
ဆေးဝါးစက်ရုံသည်တိတ်ဆိတ်နေပြီးအဝေးပြေး လမ်းမကြီးပေါ်တွင်ကားများဖြတ်သွားသည့်တိုင် အများစုကလျစ်လျူရှုသွားကြသည်။သူတို့နှစ်ယောက်ဝင်လာခဲ့တုန်းကတံခါးတွေကိုပိတ်ထားခဲ့ပေမယ့်သော့တော့မခတ်ထားခဲ့ပေ။ဖြတ်သွားသောကား များသည်အခြေနေကိုကြည့်ရန်ဘယ်ကားမှမရပ်ခဲ့ ပေ။
နေရာလွတ်ထဲကညသည်အေးချမ်းပြီးနွေးထွေးသည်။သူတို့နှစ်ယောက်ညစာစားပြီးနောက်ရေချိုးခန်းထဲမှာတစ်နေတာ"အိမ်စာ-လေ့ကျင့်ခန်း"တွေပြီးသွားခဲ့သည်။ဟဲဇီကျုံးကမနေ့ကလိုပင်လက်လေးတစ်ချောင်းတောင်မြှောက်ဖို့ အားမရှိတော့တဲ့သူ့အချစ်လေးနဲ့အိပ်ရန်အတွက် ဒုတိယထပ်ကိုတက်လိုက်သည်။
သနားစရာသွမ့်ဇီ(အဖြူရောင်အလုံးလေး)ခဗျာ နေ့ဘတ်တွင်သူ့"မိဘ"များကမရှိသည့်အပြင် ဘယ်သူ့ကမှလည်းသူနဲ့မကစားပေးပေ။ညဘတ်တွင်လည်းသူတို့ကရေချိုးခန်းထဲဝင်သွားပြီးသူ့ကို ရေချိုးခန်းအပြင်ဘတ်ဆီကိုပစ်ထုတ်လိုက်သည်။သူ့ကိုဝင်ခွင့်မပြုပေ။သူတို့နှစ်ယောက်ကအထဲမှာ ပျော်နေကြပေမယ့်သူ့ကိုကြတော့မခေါ်ဘူး!!!ည ရောက်လို့အိပ်တော့မယ်ဆိုရင်လည်းသူတို့ကအိပ် ယာပေါ်ကိုသွားကြပြီးသူ့ကိုလျစ်လျူရှုထားတယ်!!!
စိတ်ဓာက်ကျနေသောအဖြူရောင်အလုံးလေးသည် ခေါင်းအုံးတစ်ဝိုက်တွင်လိမ်ပိန်ကာလိလူးလှိမ့်နေ တုန်းလက်အကြီးကြီးတစ်ဖတ်သည်အဝေးသို့တွန်းထုတ်လိုက်သည်။ဘယ်သူမှမလိုချင်သောကလေး လေးသည်နာကျင်ရပြီးအထီးကျန်သည်။နောက်ထပ်နည်းနည်းလောက်ထပ်လူးလှိမ့်လောသောအခါ အိပ်ယာပေါ်ကနေပြုတ်ကျလုနီးပါးဖြစ်သွားပြီး ခေါင်းအုံးဘေးတွင်စိတ်ထိခိုက်မူကြောင့်တုန်နေကာအိပ်ယာခင်းကိုကိုက်ထားပြီးမျက်ရည်ပေါက်ကြီး ငယ်ကျကာ-မင်းငါကိုမခေါ်သွားရင်ငါဘာသာလိုက်မှာဘဲ!!!!
နောက်တစ်နေ့မနက်စောစောတွင်ဟဲဇီကျုံးနှင့် ဖန်ဟောင်သည်ဖန်ဟောင်လက်မောင်းထဲမှာ ကလေးလေးလိုလုပ်နေတဲ့အဖြူရောင်အလုံးလေးကိုကြည့်ပြီးအံ့အားသင့်သွားကြသည်။အဖြူရောင် အလုံးလေးကဖန်ဟောင်ကိုလိုက်ရှာတာကပုံမှန်ဘဲဆိုပေမယ့်အခုဖြစ်နေတာကတော့ပုံမှန်မဟုတ်တော့ဘူး-ဒါကနေရာလွတ်အပြင်မှာလေ!!!သူဘယ်လို ထွက်လာတာလဲ!!
သူတို့နှစ်ယောက်အပြင်ထွက်လာတုန်းကဘယ်သူမှသူကိုသယ်မလာဘူးလေပြီးတော့နေရာလွတ်ထဲက နေထွက်လာတာနဲ့သူတို့ရဲ့ဘေးမှာပေါ်လာတာလေ!!!
"သူဘယ်လိုထွက်လာတာလဲ"
လူးလှိမ့်လူးလှိမ့်လူးလှိမ့်။နောက်ဆုံးတွင်သူ့အမေရဲ့လက်မောင်းထဲမှာပျော်ရွှင်စွာလူးလှိမ့်နိုင်ပြီးဖြစ် သောသွမ့်ဇီသည်ဆက်လူးလှိမ့်နေရင်းကျောက်စိမ်းကိုသနားကြင်နာခြင်းတဲ့ခံစားချက်လေးနည်းနည်း တောင်မရှိတဲ့သူ့"အဖေ"ကိုလျစ်လျူရှုထားလိုက်သည်။
"သွမ့်ဇီကသူ့ဘာသာသူ့နေရာလွတ်ထဲကနေထွက်လာနိုင်တာလား"ဖန်ဟောင်ကသွမ့်ဇီကိုကြည့်လိုက် ပြီးနောက်ဟဲဇီကျုံးကိုအံ့ဩတကြီးဖြင့်ကြည့်လိုက်သည်။"ဇီကျုံးသူကိုဘာလုပ်မလို့လဲ"
သွမ့်ဇီသည်နေရာလွတ်ထဲကိုပြန်သွားရန်ပေကတ်ကတ်ဖြင့်ငြင်းဆန်ခဲ့သည်။ဟဲဇီကျုံးကအတင်းအကျပ်သူကိုနေရာလွတ်ထဲပြန်ထည့်လိုက်ရင်တောင် ပြန်ထွက်လာပြီးဖန်ဟောင်လက်မောင်းထဲကိုခုန်ဝင်ကာလှုပ်ရှားရန်ငြင်းဆန်နေသည်။ကြီးမားဝိုင်းစက် သောမျက်လုံးကြီးတစ်စုံသည်ဟဲဇီကျုံးနှင့်ဖန်ဟောင်ကိုမျက်တောင်လေးပေကလပ်ပေကလပ်ခတ်ပြီး ကြည့်နေကာသနားအောင်လုပ်နေသည်။
"ဇီကျုံး…သူမဝင်ချင်ဘူးနဲ့တူတယ်"
ဟဲဇီကျုံးကသွမ့်ဇီကိုကိုင်မြှောက်လိုက်ပြီးမျက်လုံး ကြီးကြီးလေးတွေကိုစိုက်ကြည့်လိုက်သည်။မျက်နှာမှာမျက်လုံးဘဲရှိတဲ့သွမ့်ဇီရဲ့မျက်လုံးတွေကအကြီး ကြီးတွေဖြစ်နေတာကသံသယဖြစ်စရာမရှိပေ။သူတို့မိသားစုသုံးယောက်ထဲမှာအစတုန်းကဖန်ဟောင်သည်မျက်လုံးဝိုင်းကြီးကြီးလေးရှိတဲ့တစ်ယောက်ဖြစ်ပြီအခုသွမ့်ဇီနေရာလွတ်ထဲကနေမွေးဖွားဖြစ်ပေါ်လာ တော့ဘယ်သူ့ကဒီလိုမျိုးချစ်စရာကောင်းအောင်လုပ်တာကိုတွန်းလှန်နိုင်ပါ့မလဲ။
"မင်းအပြင်မှာနေလို့ရတယ်၊အပြင်မှာတစ်ခြားသူတွေရှိရင်တော့မင်းဘာသာမင်းလှုပ်ရှားပြီးလျောက်ဆော့ဖို့ခွင့်မပြုဘူး၊မင်းနာနာခံခံနေရမယ်လုံးဝ လှုပ်ခွင့်မပြုဘူး!!"သူတို့သွမ့်ဇီကိုပြန်ဖို့တွန်းအား မပေးနိုင်ကတည်းကသူတို့သူ့ကိုလိုက်ခွင့်ပြုဖို့ဘဲ ရှိတော့သည်။အကယ်လို့ဒီကောင်စုတ်လေးက ငြိမ်ငြိမ်မနေဘူးဆိုရင်…..နေရာလွတ်သို့မဟုတ် တစ်ခုခုရှိထက်တာပိုပြီးကိုရှင်းပြလို့မရနိုင်ဘူး!!
ဖန်ဟောင်သည်သွမ့်ဇီရဲ့ခေါင်းကိုထိလိုက်ပြီး "လိမ္မာတယ်ငါလက်မောင်းထဲမှာငြိမ်ငြိမ်လေးနေ မလှုပ်နဲ့၊အကယ်လို့မင်းလှုပ်တာတွေ့ရင်မင်းကို မဖက်ထားတော့ဘူး"
ဟဲဇီကျုံးရဲ့စကားတွေကသွမ့်ဇီကိုတုန်လှုပ်စေပေမယ့်သူမျက်နှာမှာမကျေနပ်ချက်ကရှိနေသေးသည်။ ဒါပေမယ့်ဖန်ဟောင်ရဲ့စကားကိုကြားပြီးနောက် သွမ့်ဇီကမျက်စောင်းထိုးလိုက်ကာဖန်ဟောင် လက်မောင်းထဲပစ်ဝင်ပြီးလူးလှိမ့်ပွတ်သပ်နေသည်။ဒီကောင်စုတ်လေးကသူ့အမှားလုပ်ထားမှန်းတော့ သိသည်။ထို့နောက်မှာတော့အဏုမြူကျောက်တုံးကို မစားခဲ့သလိုကလေးလေးလိုမျိုးလုပ်ပြနေသည်။
သွမ့်ဇီကဖန်ဟောင်လက်မောင်းထဲတွင်ခေါင်းအုံးတစ်လုံးလိုဟန်ဆောင်နေခဲ့သည်။သူ့မျက်လုံးကိုမှိတ်ထားပြီးမလှုပ်မယှတ်နေသရွှေ့တော့တကယ်ကို ခွဲခြားလို့မရနိုင်ဘူး။လူအများစုကဒီခေါင်းအုံးက အရမ်းဖြူနေတယ်လို့ဘဲထင်လိမ့်မည်။ပျော့ပျောင်း နူးညံ့သောအသွင်အပြင်လေးသည်အရုပ်များကဲ့သို့ ဆံပင်မရှိသော်လည်းခေါင်းအုံးသို့မဟုတ်လက်နွေး အောင်လက်ထည့်ပြီးပိုက်တဲ့ဟာနဲ့တူသည်။
နှစ်ယောက်သားအောက်ထပ်သို့ဂရုတစိုက်ဆင်းလိုက်ပြီးပတ်ပတ်လည်တွင်ဘယ်သူမှမရှိကြောင်း အတည်ပြုပြီးနောက်ကားကိုထုတ်လိုက်သည်။ ထို့နောက်ကျန်ဂိုဒေါင်များကဟာများကိုရှင်းလင်း ကာသူတို့ယူခဲ့သောဆေးဝါးပစ္စည်းများအပြင်စက်ရုံရဲ့ဂိုဒေါင်ထဲမှာရှိတဲ့ဓာက်ဆီနှင့်ဒီဇယ်များကိုပါ နေရာလွတ်ထဲထည့်ပစ်ပြီးAမြို့သို့ဦးတည်ထွက်ခွာသွားသည်။
အရင်နေ့ကခေါက်ဆွဲခြောက်စက်ရုံရှေ့ကဖြတ်သောအခါဂိတ်ကသော့ခတ်ထားပြီးအစောင့်ခန်းထဲမှာရှိတဲ့ဇွန်ဘီနှစ်ကောင်ကိုလည်းမတွေ့တော့ပေ။ ကြီးမားသောသစ်သားပြားနှစ်ပြားသည်အတွင်းမှ တံခါးကိုထိုးသွင်းထားသည်။မနေ့ကအုပ်စုနှစ်ခု ကြားတွင်ဘာဖြစ်ခဲ့လဲဆိုတာမသိနိုင်ပေမယ့် စက်ရုံအခုလုံးဝကိုသိမ်းပိုက်ခံထားရပြီဖြစ်သည်။
ကမ္ဘာပျက်ကပ်ဖြစ်တာရက်၂၀ကျော်သွားပြီဖြစ်ပြီး လူအများစုသည်သူတို့မှာရှိတဲ့စားစရာများကုန်သွား ပြီးနောက်အပြင်ဘတ်သို့ထွက်လာကြသည်။
မြို့တွေမှာအခြေစိုက်စခန်းတွေတည်ထောင်ထားပြီ ဖြစ်သော်လည်းလူအများစုသည်အခြေစိုက်စခန်း ဘယ်နေရာမှာတည်ထောင်ထားလဲဆိုတာကိုအတိအကျမသိပေ။GPSလမ်းပြခြင်းများမရှိတော့သော ကြောင့်လူအများစုသည်ကားမောင်းနေစဉ်လမ်းပြ ရန်လိုအပ်သောကြောင့်….အခုလမ်းပျောက်နေကြသည်။
လူအများစုသည်မြို့A၏တည်နေရာကိုခန့်မှန်းခြေ အားဖြင့်သိသော်လည်းထုတ်ပြန်ကြော်ညာချက်ထဲ မှာဖော်ပြထားတဲ့အခြေစိုက်စခန်းနေရာကိုမရှာနိုင် ကြပေ။ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်မြောက်ဘတ်သို့ မောင်းသွားလိုက်ပြီးအဝေးပြေးလမ်းမပေါ်သို့ကွေ့လိုက်သောအခါယာဉ်ကြောပိတ်ဆို့မူဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
ကမ္ဘာပျက်ကပ်တွင်ယာဉ်ကြောပိတ်ဆို့မူသည် ဆိုးရွှားလှသည်။ရှေ့တွင်ယာဉ်ကြောပိတ်ဆို့မူ ဖြစ်နေသည်ကိုမြင်သောအခါဟဲဇီကျုံးကသူ့ဘေးဘတ်ကလမ်းကနေပြတ်ပြတ်သားသားဖြတ်သွားလိုက်သည်။အနီးနားမှာရှိတဲ့ဇွန်ဘီများသည်ဆူညံသံတစ်ခုပြီးတစ်ခုကြားရသောကြောင့်ရောက်လာကြကာအဝေးပြေးလမ်းမပေါ်ရှိစိုးရိမ်တကြီးဖြစ်နေသော အသွင်အပြင်နှင့်သူတို့၏ဒယိုင်းဒယိုင်ရွှေ့လျား နေသောပုံစံများသည်လူများကိုစိတ်မသက်မသာ ဖြစ်စေသည်။
"သွားရမယ့်နေရာနဲ့ဘယ်လောက်လောက်ဝေးလဲ"ဟဲဇီကျုံးကမောင်းနေရင်းနဲ့မေးလိုက်သည်။အရန်လမ်းတွေပေါ်ကယာဉ်ကြောပိတ်ဆို့မူသည် ပိုဒုက္ခရောက်စေနိုင်ပြီး-နေရာတိုင်းမှာလမ်းပိတ်မူ တွေဖြစ်နေတယ်။သူလမ်းဆုံတစ်ခုကိုရှာဖို့လိုအပ်ပြီးလမ်းသွယ်ကနေဖြတ်သွားရမည်။
"သုံးကီလိုမီတာလောက်တော့ရှိမယ်၊အရှေ့မှာ လမ်းသွယ်တစ်ခုရှိတယ်၊အဲ့လမ်းကမြို့ထဲကိုသွားတဲ့လမ်းလားမသိဘူး"ဖန်ဟောင်ကသူ့လက်ထဲက မြေပုံကိုကြည့်လိုက်ပြီးဟဲဇီကျုံးကိုလမ်းအားညွှန်ပြလိုက်သည်။သူ့လက်ထဲမှာကလေးလေးလိုလုပ်နေတဲ့သွမ့်ဇီကိုလည်းတို့ကြည့်နေသည်။
ဟဲဇီကျုံးသည်အဲ့တာကလူနေရပ်ကွတ်တစ်ခုလို့ ပြောလိုက်သော်လည်းအမှန်တကယ်ကAမြို့အပြင်ဘတ်မှာရှိတဲ့ကျေးလတ်ဒေသတစ်ခုဖြစ်သည်။ ထိုနေရာမှာနေတဲ့လူဦးရေသိပ်သည်းဆသည်မနည်းသောကြောင့်အဲ့ဒီနေရာမှာဇွန်ဘီဘယ်လောက်ရှိမလဲဆိုတာကိုသိဖို့ခတ်သည်။
အရှေ့ကလမ်းပေါ်ကနှေးနှေးလေးသွားနေတဲ့ကား တွေနဲ့နောက်ကလိုက်လာတဲ့ကားတွေကိုမြင်သောအခါမျက်မှောင်ကြုံမိသွားသည်။အကယ်လို့ဇွန်ဘီအများကြီးရှိနေရင်တောင်သူတို့ကိုတိုက်သွားလို့ရသည်။ဒါပေမယ့်လမ်းပေါ်တွင်လူတွေများလာရင် မတော်တဆဖြစ်နိုင်ခြေပိုများပြအေန္တာရယ်များသည်။
ဟဲဇီကျုံးတို့ကားသည်ဇွန်ဘီများလှည့်လာသွားလာနေသောလမ်းပေါ်သို့သွားသည်ကိုမြင်သောအခါသူတို့နောက်မှာရှိတဲ့ကားများသည်ဘယ်ကားမှဆက်မလိုက်ရဲတော့ပေ။လမ်းတစ်လျှောက်လုံးဖြတ်တိုက်လာခဲ့ပြီးကြောက်မတ်ဖွယ်ကောင်းသောဇွန်ဘီများသည်မှန်ပြတင်းပေါက်ကနေမြင်နေရပြီးသူတို့လက်တွေကိုမြှောက်ကာကားမှန်နှင့်ပြတင်းပေါက်များကိုပုတ်နေသည်။
ကံကောင်းထောက်မစွာဖြင့်ကားသည်လုံလောက် သောအရှိုန်ရှိပြိးကြံခိုင်သောကိုယ်ထည်နှင့် လောင်စာဆီအလုံအလောက်ရှိသောကြောင့်အန္တာရယ်မရှိဘဲမောင်းထွက်လာနိုင်ခဲ့သည်။
ဖန်ဟောင်သည်နောက်ကြည့်မှန်ကိုစိုးရိမ်ထိတ်လန့်စွာကြည့်ကာသူ့လက်ထဲကသွမ့်ဇီကိုတင်းတင်းကြပ် ကြပ်ဖတ်ထားလိုက်သည်။"သူတို့အရင်ကထက်ပို မြန်လာပြီးသူတို့ထဲကတစ်ချို့ကောင်တွေဆိုရင် ပိုသန်မာလာတယ်!!!တံခါးကိုအကုန်လုံးကရိုတ်ချိုးနေကြတာ"
ဟဲဇီကျုံးကဘာမှမပြောဘဲနဲခေါင်းညိတ်လိုက်သည်။သူ့၏အရင်ဘဝတွင်သူနောင်တအရဆုံးအရာမှာ ကမ္ဘာပျက်ကပ်အစပိုင်းတွင်အပြင်မထွက်ဘဲလုံခြုံ သောနရာတစ်ခုကိုရှာခဲ့ခြင်းဖြစ်သည်။အပြင်ထွက် ပြီးရိက္ခာရှာဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာအပြင်မှာရှိတဲ့ဇွန်ဘီများသည်ပထမအဆင့်ဇွန်ဘီအဖြစ်သို့ဆင့်ကဲပြောင်းလဲနေပြီဖြစ်သည်။ဦးနှောက်ထဲတွင်ထိုကဲ့သို့ကြည်လင်သောအဏုမြူကျောက်တုံးရှိခြင်းရဲ့ ရလဒ်မှာသူတို့ရဲ့လှုပ်ရှားမူတွေပိုမြန်လာပြီးအသတ်ရှင်နေတဲ့လူသားများနှင့်ဇွန်ဘီများကြားမှာရှိတဲ့ ကွာဟချက်သည်ပိုမိုကြီးထွားလာသည်။
လက်ရှိရက်စွဲအရကမ္ဘာပျက်ကပ်စတင်ပြီးရက်ပေါင်း၂၀တွင်ဇွန်ဘီအားလုံးသည်၎င်းတို့၏ပထမဆင့်ကဲ ဖြစ်စဉ်ကိုပြီးမြောက်ခဲ့ပြီဟုသူ့ထင်သည်။
ကားသည်အဆောက်အဦးနှင့်ဇွန်ဘီများကြားမှ ကြောက်စရာကောင်းသောအရှိုန်အဟုန်ဖြင့်မောင်း နေသည်။ကားပြတင်းပေါက်နှင့်တံခါးများသည်ဇွန်ဘီးများ၏ရိုက်ပုတ်ခြင်းကိုခံနေရသည်။အရိုက်အပုတ်ခံနေရသောကြောင့်ညစ်ပတ်နေသည်မှာပြောစ ရာကိုမလိုပေ။ကားသည်အရင်းအမြစ်ကိုဘယ်သူမှ မသိချင်လောက်သည့်ရွှံ့ရှာဖွယ်ကောင်းသောအရည်များဖြင့် ဖုံးလွှမ်းခံထားရသည်။
သို့သော်လည်းထိုအရာများသည်ကောင်းမွန်သော အကာအကွယ်အလွှာတစ်ခုဖြစ်စေသည်။ကား၏ အပြင်ဘတ်တွင်ဇွန်ဘီများ၏အနံနှင့်ဖုံးလွှမ်းနေ သောကြောင့်အထဲမှာရှိတဲ့လူနှစ်ယောက်ရဲ့အနံကို ဖုံးကွယ်ထားပေးသည်။ထိုနောက်တွင်အသံကြောင့်ဆွဲဆောင်ခံရသောဇွန်ဘီများရှိသော်လည်းလူသား ရဲ့ရနံကိုသူတို့မရတော့ပေ။
ဟဲဇီကျုံးအာရုံစိုက်ထားတဲ့အိမ်သာစက္ကူစက်ရုံ ရဲ့အပြင်ဘတ်ကိုရောက်တဲ့အထိသုံးနာရီလောက် ကြာအောင်နှစ်ယောက်သားမောင်းလာခဲ့ကြသည်။ ဆေးဝါးစက်ရုံလိုဘဲအိမ်သာသုံးစက္ကူစက်ရုံအပြင် ဘတ်ကောအတွင်းဘတ်မှာကောဘာမှမရှိပေ။လူ တွေကဆေးဝါးစက်ရုံရဲ့အရေးပါတဲ့အခန်းကဏ္ဍကိုတွေးမိနိုင်ကြပေမယ့်အိမ်သာသုံးစက္ကူကိုတော့….အကယ်လို့အကုန်လုံးကယာယီစခန်းချပြီးပြီဆိုရင် တောင်လူအများကြီးဒီကိုလာပြီးထောက်ပံ့ရေး ပစ္စည်းစုဆောင်းဖို့စဉ်စားမိမှာမဟုတ်ဘူး။