ဟဲဇီကျုံးရဲ့ဓားသည်အဆင့်၂အလျင်စွမ်းအားရှင် ဇွန်ဘီကိုပိတ်ဆို့လိုက် သောကြောင့်ဖန်ဟောင်သည် ဟဲဇီကျုံးဘေးသို့သွားကာအဆင့်၂ဇွန်ဘီရဲ့လည်ပင်းကိုဓားချက်တစ်ချက်ပစ်သွင်းလိုက်သည်။
ဇွန်ဘီကရုတ်တရက်နောက်ပြန်ဆုတ်သွားပေမဲ့ ထိုးဖောက်ခံလိုက်ရတဲ့လည်ပင်းကအပေါက်ကြီးတစ်ပေါက်ရှိနေသည်။ဟဲဇီကျုံးရဲ့ပုံရိပ်ကအပြာရောင် ပြောင်းသွားကာချက်ချင်းရှေ့လိုက်တိုးလာပြီး လျင်မြန်စွာအနောက်ကလိုက်သွားခဲ့သည်။
"ကြက်သေ သေမနေကြနဲ့! လာကြ!"ရင်တုံးရဲ့အော်သံကရုတ်တရက်ထွက်ပေါ် လာကာOverloardအသင်းသားများကြောက်ရွှံ့ငေးငိုင်နေရာမှသတိပြန်လည်လာအောင်လိုက်လာသည်။ထိုနောက်သူတို့သည်အိုက်လွမ်ကြောင့်ခြေထောက်အေးခဲသွားသောအခြားဇွန်ဘီတစ်ကောင်ဆီသို့ ပြေးသွားခဲ့သည်။
ခြေထောက်တစ်ဖက်အေးခဲနေပြီးလှုပ်ရှားမူကို ကန့်သက်ခံထားရတာတောင်အဆင့်၂ဇွန်ဘီကို သတ်ဖြတ်ရန်မလွယ်ကူပေ။အားလုံးပူပေါင်းပြီးဝိုင်းအုံတိုက်ခိုက်တာတောင်အဆင့်၂ဇွန်ဘီစကျင်ကျောက်ကြမ်းပြင်ပေါ်လဲမကျသွားခင်အချိန်ငါးမိနစ်လောက်ယူလိုက်ရသည်။
"ခေါင်မိုးထပ်ကိုသွား!!မြန်မြန်လုပ်ကြ!"လှေကားထစ်နံရံဘက်မှအသံကြားသောကြောင့်ရင်တုံးသည် အားလုံးကိုအလျင်စလိုသတိပေးခဲ့သည်။ဇွန်ဘီ ခေါင်းထဲကအဏုမြူကျောက်တုံးကိုကောက်ဖို့တောအချိန်မရှိပေ။
အားလုံးအပေါ်ထပ်ကိုတက်ဖို့သုံးခဲ့သောအရေးပေါ်လှေကားသည်ခေါင်မိုးထပ်သို့တက်လို့မရပေ။ ဈေးဝယ်စင်တာ၏ခေါင်မိုးထပ်ကိုဦးတည်သွားသော လှေကားသည်တခြားတစ်ဘက်ခြမ်းကလုံခြုံသော ဝင်ပေါက်တစ်ခုမှာဖြစ်သည်။အိုက်လွမ်ရဲ့အုပ်စု လုံခြုံသောဝင်ပေါက်တစ်ခုသို့ပြေးသွားကြသောအ ခါလှဲကျနေတဲ့အခြားဇွန်ဘီတစ်ကောင်ကိုကြည့်နေရင်းနဲ့ကြောက်ရွှံ့မူများစိုးမိုးလာခဲ့သည်။ဇွန်ဘီရဲ့ ခေါင်းကနားထင်မှာသေးငယ်တဲ့အပေါက်လေးတစ်ပေါက်သာရှိပြီးလှလှပပလေးအဖြတ်ခံထားရသည်…..အဲ့ဒါကိုသူတို့နှစ်ယောက်ဘဲလုပ်နိုင်တယ်!!! အဆင့်၂ဇွန်ဘီတစ်ကောင်ကိုဘယ်လိုလုပ်အရမ်းမြန် မြန်ကြီးသတ်နိုင်ရတာလဲ?!
အရေးပေါ်ဝင်ပေါက်လှေကားပေါ်မှနောက်ထပ်ဇွန်ဘီအော်သံများထွက်ပေါ်လာခြင်းကြောင့်စေ့စေ့စပ်စပ်စဉ်းစားရန်အရမ်းနောက်ကျသွားသည်။ကြီးမားတဲ့ဇွန်ဘီတစ်ကောင်ကတံခါးကနေကုပ်တက်ရန် ရုန်းကန်နေပြီး၎င်းနောက်ကနေလည်းအလျင်စွမ်းအားရှိတဲ့ဇွန်ဘီတစ်ချို့တောင်လိုက်လာခဲ့သည်!!! အကယ်လို့ဒီဇွန်ဘီသာအနောက်ကအလျင်စွမ်းအားရှိတဲ့ဇွန်ဘီတွေကိုပိတ်ဆို့ထားဖို့မကြီးမားနေခဲ့ဘူးဆိုရင်ခုနကအလျင်စွမ်းအားရှိတဲ့ဇွန်ဘီနှစ်ကောင်လို မျိုးပြေးဝင်လာနေလောက်ပြီ!!!
"မြန်မြန်!!!မြန်မြန်လုပ်!!"အရှေ့ကပြေးနေတဲ့လူများသည်ကျယ်လောင်စွာအော်ဟစ်နေခဲ့သည်။အားလုံးသည်ခေါင်မိုးထပ်ကိုတက်တဲ့လှေကားဝင်ပေါက်ဆီသို့ပြေးသွားခဲ့သည်။စွမ်းအားဖြင့်သူတို့ရဲ့အရှိုန်ကို မြှင့်တင့်ထားတဲ့ဟဲဇီကျုံးနဲ့ဖန်ဟောင်လည်း နောက်ကျမကျန်ခဲ့ပေ။ခေါင်မိုးထပ်ကိုတက်မဲ့ လှေကားရှိတဲ့ဝင်ပေါက်ရဲ့တံခါးကိုလူများစွာဖြင့် ဝိုင်းပိတ်လိုက်ကြပြီးနောက်ဈေးဝယ်စင်တာ၏ခေါင်မိုးပေါ်သို့အားလုံးပြေးတက်သွားကြသည်။
အပေါ်ထပ်သို့အပြေးလွှားတက်နေစဉ်အောက်က တံခါးသည်လေးလံသောအရာတစ်ခုကြောင့်ပွင့်ထွက်သွားသည့်အသံကိုကြားလိုက်ရသည်။ဟဲဇီကျုံးသည်ခေါင်မိုးထပ်သို့တက်နေတဲ့တစ်လျှောက်လုံး ဖန်ဟောင်ကိုကာကွယ်ရန်ဖန်ဟောင်အနောက်က နေတက်ခဲ့သည်။ရုတ်တရက်သူ့ခါးတစ်ဝိုက်တွင် တစ်စုံတစ်ခုကြောင့်တင်းကျပ်သွားတာကိုခံစားလိုက်ရပြီးအသက်ရှိနေတဲ့တစ်စုံတစ်ခုကသူ့ကိုရစ်ပတ်နေခဲ့တယ်!!
ဟဲဇီကျုံးကအနောက်ကိုတိုက်ရိုက်လှည့်မကြည့်ဘဲအနောက်ကလိုက်ဖမ်းနေတဲ့ဇွန်ဘီတစ်ကောင်လို့ ထင်ကာသူ့တံတောင်ဆစ်သို့ရွှေစွမ်းအင်ကို လွှမ်းခြုံပြီး အနောက်ကိုဆောင့်တွန်းလိုက်သည်။ အနောက်သို့တွန်းလိုက်သောတံတောင်ဆစ်သည် လေကိုသာဆောင့်မိသွားသောကြောင့်ဟဲဇီကျုံးသည်ယောင်နနဖြင့်သူ့ခါးကိုငုံကြည့်လိုက်သည်။သူ့တို့ ရဲ့လျှာကိုလက်နက်ဖြင့်အသုံးပြုပြီးလူတွေကိုတိုက်ခိုက်တဲ့ဇွန်ဘီအကြောင်းသူ့ကြားဖူးသောကြောင့်သူ့ အခုထိုကဲ့သို့သောသန္ဓေပြောင်းဇွန်ဘီအမျိုးအစားနဲ့ ရင်ဆိုင်နေရပြီလို့ထင်ခဲ့တာဖြစ်သည်။ဒါပေမဲ့ သူ့ခါးမှာ ရစ်ပတ်ထားတဲ့ အရာက သစ်ရွတ်တွေနဲ့ အနက်ရောင်စပျစ်နွယ်ပင် လို့ ဘယ်သူသိမှာလဲ?
ချူးလီလီ!?
လက်နတ်အနေနဲ့အပင်တွေကိုထိန်းချုပ်နိုင်တဲ့တစ်စုံတစ်ယောက်ကိုသူ့ချက်ချင်းတွေးမိခဲ့သည်။သူ့မရှေ့ကမြန်မြန်ပြေးနေတဲ့တစ်စုံတစ်ယောက်ကိုမြင်တော့ သူမကိုမြန်အောင်ဆွဲခိုင်းချင်တာလား?
အကယ်လို့ချူးလီလီကကူညီဖို့အော်ခေါ်ပြီးတောင်းဆိုခဲ့ရင်သူမှာလုပ်ပေးချင်တဲ့ဆန္ဒမရှိရင်တောင်သူ့ပြန်လည်မွေးဖွားလာခဲ့ကတည်းကသူတို့နှစ်ယောက် ကြားမှာတိုက်ရိုက်သဘောထားကွဲလွဲတာမရှိဘဲသူနဲ့ တွေ့တဲ့အချိန်သူ့မကယဉ်ကျေးနေသေးသောကြောင့်သူအရင်ဘဝကတစ်ချို့အရာတွေ့ကိုခွင့်လွှတ်ပြီး သူ့မကိုကူညီရန်ဇွန်ဘီတွေကိုတားဆီးပေးနိုင်သည်။ ဒါပေမဲ့အခုတော့သူမကတိတ်တဆိတ်နဲ့ရုတ်တရက်သူ့ခါးကိုနွယ်ပင်နဲ့ရစ်ပတ်ခဲ့တယ်သူ့ဘာလို့ သူမဆန္ဒအတိုင်းဖြစ်စေရမှာလဲ?
သူ့ခါးတစ်ဝိုက်ကနွယ်ပင်တွေရဲ့တင်းအားကိုခံစား ရသလောက်သူ့မရဲ့ဒိုင်းအဖြစ်အသုံးချဖို့အနောက်ကို သူ့အားဆွဲချမဲ့ပုံပေါ်သည်။သူ့အရင်ဘဝတုန်းက ချူးလီလီကသူ့မစွမ်းအင်ကိုလျိုဝှတ်စွာသုံးပြီးအခြားသူတွေကိုဇွန်ဘီနှုတ်ခမ်းဝတွန်းချဖို့ဆွဲချလိုက်တာတွေမြင်ခဲ့ရတာကိုပြန်သတိရသွားခဲ့သည်။သူက ချက်ချင်းရွှေစွမ်းအင်ဖြင့်သူ့ဓားအပေါ်ဖုံးအုပ်လိုက် ပြီးသူ့ခါးမှာရစ်ပတ်ထားတဲ့နွယ်ပင်ကိုပေါ့ပေါ့ပါးပါး ဖြတ်ချလိုက်သည်။ခေါက်ဓားသည်အစကတည်းကအရမ်းထက်ရှသည်။ရွှေစွမ်းအင်နဲ့ပေါင်းစပ်လိုက် တော့ဆင့်ကဲပြောင်းလဲလာတဲ့အပင်ရဲ့နွယ်ပင်ဖြစ် နေရင်တောင်ဟဲဇီကျုံးက၎င်းကိုသေချာပေါက် ဖြတ်တောက်နိုင်သည်။ပြီးတော့သူ့ခါးမှာခုနကရစ်ပတ်နေတဲ့နွယ်ပင်ကသာမာန်အပင်တစ်ပင်ပဲမလား? နွယ်ပင်များကိုတိတ်တဆိတ်ဖြတ်လိုက်ရင်း ဖန်ဟောင်ခါးကိုဖတ်ရန်သူ့လက်ကိုမြှောက်လိုက်ပြီး သူ့နှင့်အတူထိပ်ကတံခါးဆီသို့ပြေးသွားခဲ့သည်။
သူ့မရဲ့လက်ထဲကဆွဲထားတဲ့ဟာသည်ရုတ်တရက်ဖြတ်တောက်ခံလိုက်ရသောကြောင့်ချူးလီလီသည် ထိတ်လန့်သွားပြီးနောက်သို့လှန်ကျလုနီးပါးဖြစ် သွားသည်။ကံကောင်းစွာဖြင့်သူ့မရဲ့နောက်တွင်Fမြို့မှလွတ်မြောက်ခဲ့သောအမည်ခံချစ်သူရှိနေသည်။ထိုအချိန်တွင်ထိုလူသည်သူ့မကိုကူညီခဲ့သည် "သတိထားလေ!!!"
"ကျေး-ကျေးဇူးတင်ပါတယ်"ချူးလီလီကဆက်ပြီး တော့လျင်မြန်စွာလှေကားကိုပြေးတက်ခဲ့သည် ဒါပေမဲ့သူ့မပိုပြေးလေသူ့မနောက်ကဇွန်ဘီတွေဆီကနေဖမ်းခံရတော့မယ်လို့ခံစားရလေ!!!သူ့မနောက်ကလိုက်လာတဲ့လူသည်ရုတ်တရက်အော်ဟစ်ခဲ့ပြီး ဇွန်ဘီတစ်ကောင်ဆီကနေလှမ်းဆွဲခံလိုက်ရသည်!!!
ခုနကကိစ္စကဟဲဇီကျုံးချူးလီလီကိုအထင်လွဲသွားခဲ့သည်။ချူးလီလီကသူ့နဲ့အတူထွက်ပြေးရန်လူတစ် ယောက်ကိုချည်နှောင်ထားချင်ခဲ့ပေမဲ့အရှေ့ကလှေကားသည်ကွေးသွားသောကြောင့်သူ့မဘယ်သူ့ကိုနွယ်နဲ့ရစ်ပတ်မိလဲဆိုတာတောင်မသိလိုက်ပေ။ ပြီးတော့အခုသူတို့အကျပ်တည်းတစ်ခုထဲရောက်နေသည်။သူတို့မစ်ရှင်မထမ်းဆောင်ခင်ကဒုတိယခေါင်းဆောင်ရင်တုံးသည်သူတို့ထွက်ပြေးနေတဲ့အချိန်ကျယ်လောင်စွာမအော်ဟစ်ရန်လေးလေနက်နက်အကြိမ်ပေါင်းများစွာသတိပေးခဲ့သည်။အကယ်၍ဇွန်ဘီ များရှိနေချိန်တွင်တစ်စုံတစ်ယောက်သည် ကျယ်လောင်စွာအော်ဟစ်ရဲပါကအားလုံး လုံခြုံစွာ လွတ်မြောက်သွားရင်တောင် သူတို့ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမှာဖြစ်တယ်!!!
သူ့မကဟဲဇီကျုံးကိုသူ့မအားကယ်ပေးရန်တောင်းဆိုချင်ပေမဲ့အော်မပြောရဲပေ။
"မြန်မြန်လာ!!"လူတစ်ယောက်ကတံခါးနားမှာရပ် နေခဲ့ပြီးချူးလီလီဆီသို့လက်ဆန့်တန်းပေးခဲ့သည်။သူ့မကသူတို့အသင်းရဲ့တစ်ဦးတည်းသောအပင်စွမ်းအားရှင်ဖြစ်သည်။အကယ်၍သူမသေသွားခဲ့ရင်ဒီတစ်ကြိမ်ဆုံးရှုံးမူကအရမ်းကြီးသွားလိမ့်မယ်!!!ဒီတစ် ကြိမ်သူတို့ရိက္ခာစုဆောင်းဖို့အပြင်ထွက်ချိန်တွင် သူ့မကအသင်းရဲ့အဓိကကာကွယ်ပေးရမဲ့လူဖြစ်တယ်!!!
တံခါးကိုအပြေးအလွှားသွားရင်းချူးလီလီဘေးနား မှာပြေးနေတဲ့လူသည်တံခါးကိုပိတ်ရန်လှည့်လိုက်ပြီး တခြားသူတွေကမ်းပေးသည့်သံချောင်းကိုလှမ်းယူ လိုက်ကာတံခါးကိုပိတ်ဆို့ချင်ခဲ့သည်။ဘယ်သူမှမထင်မှတ်စွာဖြင့်ဇွန်ဘီရဲ့လက်သည်းသည်ထိုသူ့ရဲ့ရင်ဘက်ကိုလှမ်းကုတ်လိုက်သည်!!!
သူ့ဘေးနားကလူကဒါကိုမြင်တော့သူ့ကိုလျင်မြန်စွာ ဆွဲလိုက်ပြီးတံခါးလက်ကိုင်ဖုနောက်ကနေသံချောင်းကိုထိုးသွင်းလိုက်သည်။
"တံခါးကိုပိတ်လိုက် လီလီလာတံတားကိုမြန်မြန် ဆောက်လိုက်!!"အိုက်လွမ်သည်ချက်ချင်းပင် ခြေတစ်လှမ်းပင်မလှမ်းနိုင်တော့တဲ့အထိခြေထောက်များပျော့ခွေနေသည့်ချူးလီလီကိုတစ်ခြား အဆောက်အအုံရဲ့ခေါင်မိုးထပ်ကိုရောက်သည့်အထိအပင်ကိုအသုံးပြုပြီးနွယ်ပင်တံတားဆောက်လုပ်ရန် အမိန့်ပေးခဲ့သည်။
ချူးလီလီကအခုထိတုန်လှုပ်နေသေးပြီမက်တပ် တောင်မရပ်နိုင်လုနီးပါးဖြစ်နေသည်။သူ့မစွမ်းအင် အသုံးပြုရန်တိုက်တွန်းခံရပြီးလူတစ်ယောက်ကမ်း ပေးသည့်အပင်ကိုကြောက်ရွှံ့စွာဖြင့်လှမ်းယူလိုက်သည်။သူ့မရဲ့မျက်လုံးထောင့်ကနေဒဏ်ရာရနေတဲ့သူ့ကိုကြည့်လိုက်သည်။
ရင်တုံးကသွေးအေးစွာဖြင့်ရင်ဘက်မှာကုတ်ခြစ်ခံရတဲ့လူရဲ့ဘေးတွင်ရပ်နေခဲ့သည်။
အမျိုးသား၏ရင်ဘက်ပေါ်ရှိသွေးများသည်သူ့ရဲ့ အဝတ်တစ်ဝက်လုံးနီးပါးကိုအနီရောင်ဆိုးထားသည်။ထိုအချိန်တွင်ထိုလူသည်ကြမ်းပြင်ပေါ်မှာလှဲလျောင်းနေပြီးဟောဟဲလိုက်နေသည်။
"ဒု -ဒုခေါင်းဆောင်"
"ခန္ဓာကိုယ်ပေါ်မှာအကိုက်ခံရတာရှိလား?"
ထိုလူကပြင်းထန်စွာခေါင်းယမ်းလိုက်သည်။အကယ်လို့ဇွန်ဘီကိုက်ခံရရင်သူ့ဘယ်လိုကုသမူမျိုးလက်ခံရမလဲဆိုတာသူသိသည်။ဒါကကုတ်ရာလေးတစ်ခုပါပဲ!!!နည်းနည်းအနားယူပြီးရင်အဆင်ပြေသွားမှာသူ့ဇွန်ဘီဖြစ်လာမှမဟုတ်ဘူး!!!
ရင်တုံးကခေါင်းညိတ်လိုက်ပြီးသူ့သွင်ပြင်လက္ခဏာကဝေဒနာကိုအနည်းငယ်သက်သာစေသည်
"ငါတစ်ယောက်ယောက်ကို မင်း ကုန်းပိုးခိုင်းလိုက်မယ် အခုမလုပ်နဲ့ဦး"
"ကျေးဇူးပါဒုခေါင်းဆောင် ကျေးဇူးပါ!!"ထိုလူသည် ကျေးဇူးတင်စွာဖြင့်သူ့မျက်လုံးကိုပိတ်လိုက်ပြီး အနားယူလိုက်သည်။
လှောင်ရယ်သံတစ်ခုနဲ့အတူထက်ရှတဲ့လေဓားတစ်ခုကသူ့ရဲ့လည်ပင်းကိုရုတ်တရက်ဖြတ်တောက်သွားကာသူ့ရဲ့ဗလာကျင်းသွားသောမျက်လုံးတွင်ခုနလေးတင်ကရှိခဲ့တဲ့မျှော်လင့်ချက်နဲ့တောက်ပမူတွေပျောက်ဆုံးသွားသည်။
ထိုအချိန်တွင်အိုက်လွမ်ကသူ့ခေါင်းကိုလှည့်လိုက်ပြီး မျက်မှောင်ကြုံကာမေးမြန်းခဲ့သည်"မင်းသူ့ကိုသတ်လိုက်တာလား?"
ရင်တုံးကတည်ငြိမ်စွာဖြင့်သူ့ဓားမြှောင်ကိုဖယ်လိုက်သည်"ငါတို့အတွေ့ကြုံမူတည်ပြီး ပြောရရင် ကုတ်ရာလေးတစ်ခုကတောင် ဇွန်ဘီအဖြင့်ပြောင်းနိုင်ခြေမြှင့်တယ်၊အခြေစိုက် စခန်းမှာ ဇွန်ဘီဗိုင်းရပ်စ်က လျင်မြန်စွာပျံ့နှံ့နိုင်တဲ့ အကြောင်းကို သက်သေပြပြီးပြီ အရည်အနည်းငယ်နဲ့ပတ်ဖျန်းခံရရင်တောင် ကူးစက်နိုင်တယ်"သူ့ပြောပြီးနောက်သူ့မျက်လုံးများသည်မှင်တက်နေတဲ့လူတွေဆီဝေ့သွားပြီး"မင်းတို့ ကူးစက်တာ မခံချင်ရင် သူ့ကိုမရွှေ့နဲ့ ငါတို့တက်နိုင်သမျှမြန်မြန်ဒီကနေထွက်သွားတော့ မှာ"
အိုက်လွမ်ကသတ်ပြင်းချလိုက်ပြီးခေါင်မိုးတံခါးကို ကြည့်ကာ"ဒီအခြေနေကသူ့ကို သင်္ဂြိုလ်ဖို့ မသင့်တော်ဘူး"
"ပြန်ရောက်တဲ့အခါသူတို့ကိုဂါဝရပြုရမယ်ငါတို့ ပြန်မရောက်နိုင်ရင် ငါတို့အောက်မေ့ဖွယ်အခမ်းအနားတောင် ကျင်းပနိုင်မှာမဟုတ်ဘူး"
ဟဲဇီကျုံးကဘေးဘက်တွင်အေးစက်စွာရပ်နေခဲ့ပြီး တစ်ယောက်ကဖြူစင်တဲ့မျက်နှာနဲ့တစ်ယောက်က ရက်စက်တဲ့မျက်နှာဖြစ်နေတဲ့လူနှစ်ယောက်ကိုစောင့်ကြည့်နေလိုက်သည်။အဲ့တာကအရမ်းပီပြင်တာဘဲ။ရင်တုံးရဲ့လုပ်ရပ်ကိုတခြားအဖွဲ့ဝင်တွေကမကျေနပ်ပေမဲ့အိုက်လွမ်ရဲ့သရုပ်ဆောင်မူနဲ့အဲ့တာကိုဖုံးအုပ်လိုက်တယ်။ထို့နောက်ဇွန်ဘီတွေကလည်းတံခါးကို ထုနှတ်နေသည်။
ဖန်ဟောင်ကရုတ်တရက်ဟဲဇီကျုံးနားဆီသို့ကပ် သွားပြီးတီးတိုးပြောလိုက်သည်"အစစ်မှန်လား ?အတုယောင်လား?"
"အားဟောင်ပြောနိုင်လား"ဟဲဇီကျုံးကမျက်ခုံးပင့်ပြလိုက်သည်။သူ့အရင်ဘဝကတည်းကအိုက်လွမ်ကဘယ်လိုလူမျိုးလဲဆိုတာသူသိခဲ့သောကြောင့် နှစ်ယောက်စလုံးကသရုပ်ဆောင်နေပြီးလူတွေရဲ့စိတ်နှလုံးကိုတည်ငြိမ်အောင်လုပ်နေကြမှန်းသူသိသည်။ဖန်ဟောင်မြင်နိုင်မယ်လို့သူ့မမျှော်လင့်ထားပေ။
ဖန်ဟောင်ကနှုတ်ခမ်းကိုမဲ့ရွှဲ့လိုက်ပြီး"သေချာပေါက်အတုအယောင်ပဲသူ့မျက်လုံးထဲမှာ ဘာဝမ်းနည်းမူမှ မရှိဘူး သူ့ကမ္ဘာမပျက်ခင်ကရိုက်ခဲ့တဲ့ဇာက်ကားထဲ ကဇာက်ဝင်ခန်းထက်တောင်အတုအယောင်ဆန် သေးတယ်!"
ဟဲဇီကျုံးကပြုံးလိုက်ပြီးဖန်ဟောင်လက်လေးကိုညှစ်လိုက်သည်။မထင်မှတ်ပဲသူ့ဒီကိစ္စနဲ့ပတ်သက်ပြီး အကဲဆက်သွားခဲ့တယ်။
အနောက်သို့ချောင်းကြည့်နေသောချူးလီလီသည် နောက်ဆုံးတွင်နွယ်ပင်တံတားဆောက်လို့ပြီးသွားခဲ့သည်။သူ့မကသေသွားတဲ့လူကိုလျိုဝှတ်စွာစိုက် ကြည့်ရင်းအနည်းငယ်ဝမ်းနည်းပြီးစိတ်သက်ရာရ သွားခဲံသည်။လမ်းတစ်လျှောက်မှာသူ့ကဂရုတစိုက် နဲ့သူ့မကိုလိုက်ခဲ့သောကြောင့်ကျောထောက်နောက်ခံရရန်အလိုငှာစွမ်းအားရှင်လည်းဖြစ်အနည်းငယ် လုပ်ကိုင်နိုင်စွမ်းလည်းရှိတဲ့သူကိုအခြေစိုက်စခန်းရဲ့ အရှေ့ကလမ်းမှာသူ့ကိုကတိပေးခဲ့သည်။
သူ့ခုနကဒဏ်ရာရသွားတော့သူ့ကဇွန်ဘီဖြစ်လာမှာကိုသူ့မ အမြဲတမ်းစိုးရိမ်နေခဲ့တာဖြစ်သည်။ ကံကောင်းစွာဖြင့်……….
ခေါင်မိုးစွန်းမှာရပ်နေပြီးတစ်ဖတ်ကိုကြည့်နေသည့်အိုက်လွမ်ကိုသူမကစိုက်ကြည့်လိုက်သည်။သူ့မ Overloardအသင်းကိုဝင်လိုက်ပြီးကမ္ဘာမပျက်ခင်ကသူ့မရဲ့အိုင်ဒေါလ်ဖြစ်တဲ့အိုက်လွမ်ကိုမြင်လိုက်ကတည်းကထိုလူနဲ့လမ်းခွဲချင်ပြီးအိုက်လွမ်နဲ့အတူရှိချင်သည်။ဒါပေမဲ့အကြောင်းပြချက်မရှိသောကြောင့် သူ့ကိုကန်ထုတ်ပြီးနောက်ထပ်နောက်ခံရှာရန် မလွယ်ကူပေ(သူ့လုပ်ခဲ့တဲ့အရာကိုအိုက်လွမ်မကြိုက်ရင်ဘယ်လိုလုပ်မလဲ?)ဒီလိုမတော်တဆမျိုး ဖြစ်သွားတာကံကောင်းတယ်………..
နွယ်ပင်တံတားဆောက်လုပ်တာပြီးသွားတော့ ရင်တုံးသည်အခြားတစ်ဖက်သို့လျှောဆင်းပြီးခိုင်ခံလားဆိုတာကိုသေချာစေရန်ခွန်အားစွမ်းအားရှင်ကို စမ်းကြည့်ခိုင်းခဲ့ပြီးထိုလူလုံခြုံစွာဖြတ်သန်းသွားပြီးမှအားလုံးလိုက်သွားကြသည်။ထိုအချိန်ဟဲဇီကျုံးနဲ့ဖန်ဟောင်တို့ဇွန်ဘီများသတ်ဖြတ်နေတာကိုမြင်ခဲ့ သောOverloardအသင်းသားများသည်ထိုစုံတွဲကိုအတူတူထွက်ပြေးရန်မကြိုဆိုတဲ့အမူအရာကိုမဖော်ပြ ကြပေ။ရင်တုံးကလည်းလက်ကောခြေကော မလှုပ်ရှားပေ-သူ့ဘေးမှာဒီလိုတိုက်ခိုက်နိုင်စွမ်းမြင့်မားတဲ့လူနှစ် ယောက်ရှိတာပိုကောင်းတယ်။
တံခါးသည်ဇွန်ဘီများကြောင့်ချေမွခံလိုက်ရသည်။ လှေကားထစ်တွင်အဖမ်းခံရသောလူများဇွန်ဘီတွေ ကြောင့်အစပျောက်သွားမှန်းသိနိုင်သည်။ဟဲဇီကျုံးနဲ့ ဖန်ဟောင်လျှောဆင်းပြီးဖြတ်ကူးမဲ့အလှည့်သည်အသင်း၏အလယ်တွင်ရှိနေသည်။နောက်ဆုံးကလူလုံ ခြုံစွာဖြင့်ရောက်ရှိလာမှာကိုစောင့်ပြီးမှအသင်းသားတစ်ယောက်သည်ဓားတစ်ချောင်းဖြင့်နွယ်ပင်များကို ဖြတ်ထုတ်ခဲ့သည်။အချို့ဇွန်ဘီများသည်ဆန်ကျင်ဘက်အဆောက်အဦးရဲ့ခေါင်မိုးစွန်းထိပြေးလာပြီးဟိန်း ဟောက်နေခဲ့ကြသည်။
"နောက်ဆုံးတော့လုံခြုံတဲ့နေရာကိုရောက်ပြီ"
အိုက်လွမ်ကအကုန်လုံးကိုနှစ်သိမ့်လိုက်သည်။"အားလုံးပဲအနားယူနိုင်ပြီ၊ပြီးမှနေဖို့လုံခြုံတဲ့နေရာတစ်ခုရှိ လားဆိုတာကြည့်မယ်"
ရင်တုံးကပြောခဲ့သည်"မလုံခြုံသေးဘူး၊ အဆောက်ဦးနှစ်ခုကြားကအကွာအဝေးကသိပ်မ ဝေးဘူးဟိုဘက်မှာသန္ဓေပြောင်းဇွန်ဘီတွေအများ ကြီးရှိတယ်အကယ်လို့ခုန်နိုင်တဲ့ဇွန်ဘီတစ်ကောင် ကောင်ရှိခဲ့ရင်……ငါကတော့ဆက်သွားဖို့အကြံပေးတယ်"