စက္ကူစက်ရုံ၏ပတ်ပတ်လည်အနီးနားဝန်းကျင်တွင် အလုပ်ရုံများစွာရှိသည်။
ဟဲဇီကျုံးနှင့်ဖန်ဟောင်တို့ကအနီးနားကိုပတ်မောင်းလိုက်ပြီးဝါးတူ၊တူနှင့်သွားကြားထိုးတံအမျိုးမျိုးကို အဓိကထားထုတ်လုပ်တဲ့အလုပ်ရုံငယ်တစ်ခုကိုရှာတွေ့ခဲ့သည်။
အထဲမှာရှိတဲ့ပစ္စည်းတွေရဲ့အရည်အသွေးကိုအဓိက မထားဘဲနှစ်ယောက်သားထိုအရာများကိုပြုလုပ်ရန်စက်ပစ္စည်းကရိယာများကိုလည်းယူခဲ့သည်။ ကုန်ကြမ်းခြောက်များဖြစ်သော-ဝါးနှင့်သစ်သားတို့ရနိုသရွှေ့သူတို့လိုချင်တဲ့ ဘယ်အချိ်နမဆိုပြုလုပ်နိုင်သည်။
ထိုကဲ့သို့သောစက်ပစ္စည်းကရိယာများရှိခြင်းသည် သူတို့အတွက်ကြီးမားသောအကျိုးအမြတ်ရှိသည်။ စီးပွားဖြစ်သွားကြားထိုးတံများသည်အလွန်ပါးလွှာ ပြီဇွန်ဘီများအပေါ်သတ်ရောက်မူမရှိသောကြောင့် ဟဲဇီကျုံးသည်ထိုစက်များကိုပြင်ဆင်ပြီးဝါး ကျည်ဆန်တစ်သုတ်ပြုလုပ်ရန်ပြင်ဆင်ခဲ့သည်။ လက်ထဲမှာရှိနေသရွှေ့ထိုကျည်ဆန်များကို လက်နက်ပုန်းအဖြစ်အအသုံးပြုနိုင်သည်။
သွားကြားထိုးတံများသည်လည်းအလဟဿမဖြစ် ပေအရင်ကလိုသူတို့လမ်းမှာပိတ်ထားတဲ့လူတွေကို ဖြေရှင်းရန်အသုံးဝင်သည်။
သူတို့နှစ်ယောက်သည်ရွှာထဲကိုဓားပြများကဲ့သို့ ဝင်ရောက်လာကာသူတို့ဖြတ်သွားပြီဝင်နိုင်သမျှ အဆောက်အအုံထဲသို့ဝင်ကာရှာဖွေမွှေနှောက်ကာ နေရာလွတ်ထဲသို့စုဆောင်းလိုက်သည်။
သိပ်မကြာခင်မှာဘဲလမ်းပေါ်မှာလမ်းလျှောက်နေတုန်းသရဲတစ်ကောင်နဲ့ထိပ်တိုက်တွေ့သလိုမျိုးတွေ့လိုက်ရသည်။သူတို့အရှေ့ကဇွန်ဘီနှစ်ကောင်ရဲ့ပုံစံကို ကြည့်ပြီးဖြေရှင်းရန်ခတ်ခဲနိုင်ကြောင်းသိလိုက်ရသည်။ဇွန်ဘီနှစ်ကောင်၏ခြေလက်အင်္ဂါများသည် ပင်ကူများကဲ့သို့ကွေးနိုင်ဆန့်နိုင်နေသည်။ဟဲဇီကျုံး ကသူ့ရဲ့တံတွေးကိုတိတ်တဆိတ်မျိုချလိုက်ပြီး" သတိထားနော်၊အဲ့တာကသန္ဓေပြောင်းဇွန်ဘီဖြစ် နိုင်တယ်"
သန္ဓေပြောင်းဇွန်ဘီရဲ့နောက်ထပ်နာမည်သည် အဆင့်၂ဇွန်ဘီဖြစ်သည်။
ဟဲဇီကျုံးသည်သူမှာကမ္ဘာပျက်ကပ်ဖြစ်တာ ဘယ်လောက်မှမကြာသေးတဲ့အချိန်တွင်အဆင့်၂ဇွန်ဘီနဲ့တွေ့နိုင်လောက်တဲ့"ဒီလောက်ကောင်းတဲ့ကံ" ရှိမယ်လို့ဘယ်တုန်းကမှမမျှော်လင့်ဘူးပေ။သူ့အရင် ဘဝတုန်းကတစ်လခွဲလောက်အကြာမှဆင့်ကဲ ပြောင်းလဲသွားတဲ့ဇွန်ဘီတွေအကြောင်းကိုကြားသိခဲ့ရတာဖြစ်ပြီး…….ထားလိုက်တော့ကမ္ဘာပျက်ကပ်ဖြစ်တဲ့အချိန်မှာFမြို့ကသူ့အိမ်လေး၌အချိန်တော် ကြာတဲ့အထိနေခဲ့ကတည်းကသူ့ရဲ့ဗဟုသုတတွေက မှန်ကန်တိကျတာမျိုးမဖြစ်နိုင်တော့ဘူး။
အဆင့်၂ဇွန်ဘီနှင့်တွေ့ကြုံပြီးအသတ်ရှင်ကာ တစ်ခြားသူတွေကိုပြောပြနိုင်တဲ့လူတစ်ယောက်မှ မရှိသောကြောင့်ဘယ်သူမှထိုအကြောင်းကိုမကြား ဖူးတာပုံမှန်ဖြစ်သည်။
အခုတော့ဒီ"ကောင်းလိုက်တဲ့ကံလေးက"ဟဲဇီကျုံးနှင့်ဖန်ဟောင်တို့အပေါ်မတောတဆရောက်ရှိလာပုံရသည်။အကြောင်းမှာဘုရားသခင်ကသူတို့တွေ ပစ္စည်းအများကြီးစုဆောင်းနေတာကိုမြင်သွားပြီး သူတို့အတွက်တမင်တကာဒုက္ခလေးတွေဖန်တီးပေးလိုက်ခြင်းဖြစ်နိုင်သည်။
ဖန်ဟောင်ကတိတ်တဆိတ်ခေါင်းညိတ်လိုက်ပြီး သေးသွယ်ကာချွန်ထက်သောသံတုတ်တချောင်းကသူ့လက်ထဲတွင်ပေါ်လာသည်။ထိုအရာသည် ကျောက်မီးသွေးမီးဖိုတစ်ခု၏မီးချိတ်တစ်ခုကို ဆွဲဆန့်ထားတာနဲ့တူသည်-မဖြောင်တန်းခင်ကထိုအရာသည်မီးချိတ်တစ်ခုဖြစ် ပြီးပြန်လည်ပြုပြင်ထားတာဖြစ်သည်။
သူတို့နှစ်ယောက်နေရာလွတ်ကိုညတိုင်းပြန်ပြီး အနားယူတိုင်းနှစ်ကိုယ်တူကျင့်ကြံခြင်းကိုကျင့်ခဲ့ သောကြောင့်သူတို့ရဲ့ခွန်အားတွေပိုတိုးလာသည်။ မနက်စောစောထပြီးတိုင်းသူတို့စာအုပ်တွေထဲက ကိုယ်ခံပညာကိုသေချာလေ့လာခဲ့သည်။သူတိုက မတူညီသောကိုယ်ခံပညာများကိုရွှေးချယ်ခဲ့ပြီး ဖန်ဟောင်ရဲ့နည်းစနစ်ကသူ့ရဲ့အမြန်နှုန်းနဲ့လိုက်ဖတ်သည်။ထိုအရာကသူ့ရဲ့လှုပ်ရှားမူကိုပေါ့ပါးစေပြီး ထူးဆန်းသောနည်းလမ်းများဖြင့်ရွှေ့လျားစေနိုင်ကာလက်နက်အနေနဲ့ပေါ့ပါးသောဓားကိုအသုံးပြုခဲ့သည်။ထိုနည်းပညာသည်တစ်ချက်ရိုက်နှက်ပြီးတိုင်း ချက်ချင်းပြန်ဆုတ်ခွာသည့်သဘောသဘာဝရှိသော "Throns"ကိုအခြေခံထားသောကြောင့်ဖန်ဟောင် အတွက်သင့်တော်သည်။
ဒါပေမယ့်ဟဲဇီကျုံးကတော့ကွဲပြားခြားနားသည်။ သင့်တော်သည့်လက်နက်မှာဓားဖြစ်သည်။သူသည် လေနှင့်ရွှေစွမ်းအင်အလွယ်တကူပေါင်းစပ်နိုင်သည့် ပစ်ခတ်ခြင်းနှင့်ခုတ်ထစ်ခြင်းဆိုင်ရာခွန်အားကို လေ့ကျင့်ခြင်းတွင်အာရုံစိုက်ထားသည်။
ကံမကောင်းချင်တော့သူတို့အခုချိန်ထိသင့်တော် လက်နက်ကိုရှာမတွေ့သေးချေ။ထိုကြောင့်သူတို့ စုဆောင်းထားသောအရာများအထဲမှာဆင်တူသော တစ်ချို့အရာများကိုသာသုံးနိုင်သည်။ဖန်ဟောင် မှာမီးချိတ်ကိုအသုံးပြုဖို့ကလွဲပြီးရွှေးချယ်စရာမရှိပေ။ဟဲဇီကျုံးကတော့အရင်စတီးပိုက်များကိုသာအသုံး ပြုနေရသည်။
ဖန်ဟောင်ကလွှတ်ချလိုက်တာနဲ့သွမ့်ဇီသည်သူတို့နှစ်ယောက်အနောက်ကိုပြုတ်ကျသွားသည်။သွမ့်ဇီရဲ့တည်ရှိမူသည်လူသားမဟုတ်သလို၊ဆွဲအားလည်းမရှိသလို၊သဘာဝတရားကြီးနဲ့လည်းဆန့်ကျင်နေသည်။ထိုကြီးမားလုံးဝန်းသောအရာလေးသည်လေထဲတွင်လွှင့်မျောပျံသန်းနေသည်။အဲ့တာကလုံးဝ သဘာဝမကျသလိုကျိုးကြောင်းဆီလျော်မူလည်း မရှိပေ။
"အကယ်လို့တစ်ခုခုဖြစ်ရင်နေရာလွတ်ထဲချက်ချင်း ဝင်နေလိုက်နော်"ဟဲဇီကျုံးကလေးနက်သောအသံဖြင့်သတိပေးခဲ့သည်။ပြီးခဲ့တဲ့နှစ်ရက်ကသူတို့အဆင့်၁ ဇွန်ဘီအများကြီးကိုသတ်ဖြတ်ခဲ့ပြီးအဏုမြူကျောက်တုံးများကိုနေရာလွတ်ကစုပ်ယူသွားခဲ့သည် (အဆင့်၁ဇွန်ဘီရဲ့အဏုမြူကျော်တုံးသည်သွမ့်ဇီရဲ့ အာရုံကိုဆွဲဆောင်နိုင်ခြင်းမရှိပေ).။ဒီတစ်ခါကသူတို့အတွက်အဆင့်၂ဇွန်ဘီနဲ့ရင်ဆိုင်တာပထမဆုံးအကြိမ်ဖြစ်သည်။ပိုပြီးစိတ်တိုစရာကောင်းတာကဘာလဲဆိုတော့ဇွန်ဘီနှစ်ကောင်လုံးကအမြန်နှုန်းစွမ်းအားပိုင်ဆိုင်ထားတာဘဲ!!!သူတို့ကိုတိုက်ခိုက်ရာတွင် ခတ်ခဲစေပြီးအောင်မြင်ဖို့မသေချာပေ။
ဖန်ဟောင်ကခေါင်းညိတ်လိုက်ပြီး"ကျွန်တော်က ညာဘက်ကကောင်ဇီကျုံးကဘယ်ဘက်ကကောင်မလား"
ဇွန်ဘီတွေကသူတို့ကိုစတင်တိုကခိုက်လိုက်တာနဲ့သူတို့ရဲ့ပန်းတိုင်ကိုအတည်ပြုလိုက်သည်။အဆင့်၂ဇွန်ဘီများ၏ခြေလက်များသည်မြေကြီးပေါ်တွင်လျင်မြန်စွာတွားသွားနေပြီးသူတို့ရဲ့လှုပ်ရှားမူများသည် လူသားတွေခြေနှစ်ချောင်းနဲ့ပြေးတာထက်အလွန် မြန်သည်။
ကံကောင်းစွာဖြင့်ဖန်ဟောင်ကအမြန်နှုန်းစွမ်းအားရှိ ပြီးဟဲဇီကျုံးကတော့အမြန်နှုန်းတိုးရန်သူ့ခြေထောက်ပေါ်ကိုလေစွမ်းအားအသုံးပြုတဲ့နည်းလမ်းကို တိုက်ခိုက်ရာတွင်တွဲသုံးတာအသားကျလာပြီ ဖြစ်သောကြောင့်သူတို့ရဲ့လှုပ်ရှားမူကိုအမှီလိုက်နိုင်သည်။
အမဲရောင်ပုံရိပ်သည်အလွန်လျင်မြန်စွာသူတို့ကိုလှည့်ပတ်သွားနေပြီးသူတို့ရဲ့အားနည်းချက်ကိုတိုက်ခိုက်ရန်အတွက်အခွင့်ရေးကိုစောင့်ဆိုင်းနေသည်။သူတို့အဆင့်ကဲ့ပြောင်းလဲပြီးကတည်းကတိုက်ခိုက်တဲ့နည်းလမ်းဖြစ်ပြီးလုံးဝကိုတွန်းလှန်လို့မရတဲ့အရာဖြစ်သည်။
အကယ်လို့သူတို့ရဲ့ပစ်မှတ်ကကားနဲ့ထွက်ပြေးသွားရင်တောင်သူတို့သာမာန်ဇွန်ဘီတွေကိုနောက်မှာချန်ခဲ့နိုင်တဲ့ကားရဲ့အမြန်နှုန်းကိုတောင်သူတို့ကလိုက်နိုင်သည်။ကားပျက်သွားတာနဲ့သူတို့အစာအတွက် အမဲလိုက်တဲ့အချိန်ဘဲဖြစ်သည်။
သူတို့ရဲ့အစားအစာတွေကတဟုန်ထိုးပြေးနိုင်တာကို မြင်တော့သူတို့ကိုပဟေဋိဖြစ်စေသည်-ဒီတစ်ခေါက်ရဲ့ပစ်မှတ်ကသူတို့ရဲ့လှုပ်ရှားမူကိုအမှီလိုက်နိုင်တာလား။
အကယ်လို့သူတို့အမှီလိုက်နိုင်ခဲ့ရင်ဘာလိုလုပ်မလဲ။ သူတို့ကသူတို့အစာကိုဖမ်းနိုင်ပြီးထိခိုက်အောင်လုပ်နိုင်သရွှေ့သူ့တို့ရဲ့အားနည်းသောအစာများသည် သွေးများပို၍ပို၍ထွက်လာသောကြောင့်နှေးကွေး သွားပြီးကြောက်လန့်မူကြောင့်အော်ဟစ်မှာဖြစ်ပြီး နောက်ဆုံးတွင်သူတို့ကသူတို့ရဲ့ပါးစပ်ထဲမှာသေဆုံး သွားမှာဖြစ်ပြီးတူညီသောအမျိုးအစားအဖြစ် သဟဇာတဖြစ်လာမှာဖြစ်သည်။
ဇွန်ဘီများသည်သူ၏ချွန်ထက်သောလက်သည်းများကိုဆန့်ထုတ်လိုက်ပြီးကာမှရုတ်တရက်ကြီးသူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။၎င်းကလူသားကိုဖမ်း ချင်ပေမယ့်လူသားရဲ့လက်ထဲကလျိုဝှတ်သောအရာ တစ်ခုကသူ့လက်ကိုအပေါက်ကြီးတစ်ပေါက်ပေါက် သွားစေသည်။
သူတို့ကနာကျင်မူကိုမခံစားနိုင်သော်လည်းသူတို့ရဲ့ခြေလက်တွေအရမ်းထိခိုက်သွားရင်သူတို့ရဲ့လှုပ်ရှားမူကိုသက်ရောက်စေသည်။ထို့ကြောင့်အဆင့်၂ဇွန်ဘီများသည်၎င်းတို့၏နောက်ဆက်တွဲလှုပ်ရှားမူများကို မထိခိုက်စေရန်သူတို့မှာရှိတဲ့ဒဏ်ရာအရေအတွက် အနည်းဆုံးဖြစ်ရန်လည်းအာရုံစိုက်ထားရမည်ဖြစ်သည်။
"ရှစ်!!ရှစ်!!"တစ်ခုပြီးတစ်ခုဖန်ဟောင်ကပြိုင်ဘက် ရဲ့လှုပ်ရှားမူနည်းလမ်းများကိုသိပြီးနောက်အလျင်အမြန်စတင်တိုက်ခိုက်ခဲ့ပေမယ့်သူ့အရှေ့ကဇွန်ဘီသည်အလွန်မြန်သည်!!သူကဇွန်ဘီရဲ့ခေါင်းကိုအပေါက် မဖောက်နိုင်ဘဲရွံ့ရှာဖွယ်အရည်များတစိမ့်စိမ့်ထွက် နေသောသူတို့၏ခြေလက်များနှင့်ခန္ဓာကိုယ်များကိုသာသေးငယ်သောအပေါက်လေးတွေသာချန်ထားနိုင်ခဲ့သည်။
ဟဲဇီကျုံးကသူ့ပြိုင်ဘတ်၏အလျင်သည်အရမ်းမြန်မှန်းသိသည်။သူ့အရှေ့ကဇွန်ဘီကိုဖမ်းရန်သူ့အမြန် နှုန်းကိုတိုးဖို့လေစွမ်းအားကိုအသုံးပြုနိုင်သော်လည်း လေစွမ်းအင်ဖြင့်မြှင့်တင်ထားသောအမြန်နှုန်းနှင့် အစစ်အမှန်အမြန်နှုန်းစွမ်းအားကြားတွင်ကွာဟမှု ရှိနေသည်။ပြီးတော့၎င်းကအဆင့်၂ရှိသောဇွန်ဘီဖြစ်သည်။ဖန်ဟောင်ရဲ့အမြန်စွမ်းအားရဲ့အရှိုန်မြင့်နိုင်မူသည်လေစွမ်းအားရဲ့အရှိုန်မြင့်နိုင်မူနှင့်လုံးဝကို ကွာခြားသည်။ထိုကြောင့်သူသည်ပြိုင်ဘတ်ရဲ့ တိုက်ခိုက်မူကိုခုခံဖို့စောင့်ကြည့်ရန်နေရာမှာရပ်နေ ပြီးပြိုင်ဘတ်ရဲ့လှုပ်ရှားမူကိုလိုက်ပြီးပြိုင်ဘတ်ရဲ့ နေရာကိုစိုက်ကြည့်ရန်လှည့်ကြည့်ရုံသာဖြစ်သည်။
ရုတ်တရက်-၎င်းကအခွင့်အရေးတစ်ခုကိုမြင်ပြီး သူ့ရဲ့ချွန်ထက်သောလက်သည်းတွေနဲ့ရမ်းလိုက်သည်။
"ဘုန်း"ဆိုသောအသံသည်တိုက်ခိုက်တဲ့အခါ ဖန်ဟောင်ရဲ့လှုပ်ရှားမူထက်ပိုကြောက်စရာကောင်း ပြီးဇွန်ဘီ၏အားနည်းသောလက်မောင်းသည် ဆန့်ကျင်ဘတ်ဦးတည်ချက်ဆီသို့အားနည်းစွာဖြင့် လည်ထွက်သွားသည်။ဇွန်ဘီသည်နောက်သို့ရုတ်တရက်ခုန်သွားသည်။
ဘာမှမရှိတော့တဲ့ဘယ်ဘက်လက်ကိုမြှောက်လိုက် ပြီးဟဲဇီကျုံးရှေ့တွင်ဝါးတူအတိုလေးများပေါ်လာခဲ့သည်။ပေါ်လာတဲ့အချိန်တွင်ရွှေရောင်အလင်းတန်း လေးကအလွှာတစ်ခုလိုရစ်ပတ်သွားပြီးလေစွမ်းအား ပါပေါင်းထည့်ကာပစ်လွှတ်လိုက်သည်။ဇွန်ဘီသည်ဘုရားသခင်ကပန်းများကျဲလိုက်သကဲ့သို့ထပ်တလဲလဲပစ်ခတ်ခံနေရသည်။
တစ်ဖတ်တွင်လည်းဖန်ဟောင်သည်ဇွန်ဘီ၏ညာ ခြေထောက်ကိုအကြိမ်ပေါင်းများစွာထိုးခဲ့ပြီး နောက်ဆုံးတွင်ဇွန်ဘီရဲ့ခြေထောက်တစ်ဖတ်ကို အောင်မြင်စွာချိုးနိုင်ခဲ့သည်။
ဇွန်ဘီများသည်အချိန်တိုအတွင်းပြုပြင်၍မရသော ဒဏ်ရာများကိုရရှိခဲ့ပြီးနှစ်ဖတ်စလုံးမှာရှိသည့်အခြေနေသည်ရုတ်တရက်ကြီးအသာစီးရသွားသည်။သူတို့နှစ်ဦးသည်ဇွန်ဘီကိုတိုက်ခိုက်ရန်သူတို့စိတ်ဓာက်ကိုမြှင့်တင်ထားသည်။အဆင့်၂အဏုမြူကျောက်တုံးကိုသာသူတို့နေရာလွတ်ထဲကိုထည့်လိုက်ပြီးရင်ဘယ်လိုပြောင်းလဲမူတွေသယ်ဆောင်လာမလဲဆိုတာ ဘယ်သူသိနိုင် မှာလဲ။
ဇွန်ဘီနှစ်ကောင်ကလည်းအခြေအနေမကောင်းဘူးဆိုတာခံစားမိပုံပေါ်သည်။သူတို့ရဲ့လည်ချောင်းထဲကနေခက်ခက်ခဲခဲဟိန်းဟောက်လိုက်ပြီးရုတ်တရက် ဦးတည်ချက်ပြောင်းကာပြန်ပြေးသွားကြသည်။ ဒါပေမယ့်သူတို့ရဲ့ခြေလက်များသည်ထိခိုက်ထားပြီ ဖြစ်သည်။ထိုအချိန်တွင်သူတို့သည်ဟဲဇီကျုံးရဲ့ အမြန်နှုန်းကိုတောင်မယှဉ်နိုင်ကြတော့ပေ။
ဖန်ဟောင်ကအခွင့်အရေးကိုမြင်လိုက်တော့သူလက် ထဲမှာရှိတဲ့မီးချိတ်ဖြင့်အဏုမြူကျောက်တုံးရှိနေတဲ့ သူတို့ရဲ့ခေါင်းကိုအရှိန်ပြင်းစွာပစ်လိုက်သည်။ အဏုမြူကျောက်တုံးကိုဖယ်ရှားခံလိုက်ရတာနဲ့ဇွန်ဘီသည်၎င်း၏လှုပ်ရှားနိုင်စွမ်းကိုဆုံးရှုံးသွားပြီး လုံးဝသေဆုံးသွားမည်ဖြစ်သည်။
ရိုက်နှတ်ခံနေရသောဇွန်ဘီနှစ်ကောင်သည်ရုတ်တရက်အရှိုန်အဟုန်ဖြင့်မြှင့်တက်သွားပြီး"ဆွစ်ခနဲ"ဦးတည်ချက်တစ်ခုဆီသို့ပျံသန်းသွားသည်။
ဇွန်ဘီတွေကပျံနိုင်တာလား။
နှစ်ယောက်စလုံးကြက်သေသေသွားပြီးအနီးနားကို သွားကပ်ကြည့်ပြီးနောက်မှဇွန်ဘီနှစ်ကောင်၏ခါးတွင်ထူးဆန်းသောမီးခိုးရောင်"ကြိုး"လိုအရာမျိုးကရစ်ပတ်ထားတာကိုတွေ့လိုက်ရသည်။
"သန္ဓေပြောင်းအပင်ဘဲ!!!"ဟဲဇီကျုံးကအံ့ဩသွားပြီး အလျင်အမြန်ရပ်လိုက်ကာဖန်ဟောင်ကိုရပ်ရန်လှမ်း ဆွဲလိုက်သည်။
"သန္ဓေပြောင်းအပင်"အပြင်ဘတ်ကမ္ဘာကသစ်ပင် အများစုသည်ညိုးခြောက်ပြီးနောက်ထပ်မကြီးထွားလာတာကိုတွေ့ခဲ့ရပေမယ့်သူတို့ဘယ်တော့မှ သန္ဓေပြောင်းအပင်ကိုမတွေ့ဖူးပေ။အဲ့တာကဘယ်လိုမျိုးလဲဆိုတာကိုမသိတာပုံမှန်ဘဲဖြစ်သည်။
ဟဲဇီကျုံးကပတ်ပတ်လည်ကိုသတိထားပြီးကြည့်လိုက်တော့ဇွန်ဘီနှစ်ကောင်ပျံတက်နေတဲ့နေရာတွင် ကြီးထွားနေသောအပင်ကိုတွေ့လိုက်ရပြီးသူတို့ ကြားတွင်လည်းအကွာအဝေးအနည်းငယ်သာကျန် တော့သည်။
"နောက်ကိုဆုတ်လိုက်၊ကိုယ်တို့ကသူ့ပြိုင်ဘတ်မဖြစ်နိုင်ဘူး"ကမ္ဘာပျက်ကပ်ထဲကသန္ဓေပြောင်းအပင်သည်ဇွနဘီတွေထက်ကြောက်ဖို့ကောင်းသည်။ထိုအပင်များကလူသားများကိုအမဲမလိုက်ကြသော်လည်းအစားအစာအတွက်ဇွန်ဘီများ၊သန္ဓေပြောင်းတိရစ္ဆာန်များ၊ဇွန်ဘီတိရစ္ဆာန်များကိုအမဲလိုက်ကြသည်။ သန္ဓေပြောင်းအပင်များ၏အဏုမြူကျောက်တုံးသည်မြေကြီးထဲတွင်ရှိသောကြောင့်သာမာန်လူသား များအတွက်အပင်၏အူတိုင်ကိုရှာပြီးသူတို့ကိုသတ်ဖို့ ခက်ခဲသည်။
အားကောင်းတဲ့မီးစွမ်းအားရှင်တွေတောင်မှမြေကြီးပေါ်ကအစိတ်အပိုင်းတွေကိုသာလောင်ကျွမ်းအောင်လုပ်နိုင်ကြသည်။သန္ဓေပြောင်းအပင်ကိုသတ်ဖို့အတွက်မြေကြီးထဲကတူးထုတ်ဖို့ကြိုးစားသောအခါ သန္ဓေပြောင်းအပင်အများစုသည်ထွက်ပြေးသွားတဲ့ လူတွေဘယ်ကိုသွားသွားအနောက်ကလိုက်ပြီးတော့ သူတို့ကိုမြေကြီးထဲသို့တိတ်တဆိတ်ဆွဲချလိုက်သည်။
ကမ္ဘာပျက်ကပ်ထဲတွင်ကြောက်စရာအကောင်းဆုံးနဲ့ စိတ်အရှည်ဆုံးမုဆိုးတွေဖြစ်သည်။ဟဲဇီကျုံးက ဇွန်ဘီများ၊သန္ဓေပြောင်းတိရစ္ဆာန်များ၊ဇွန်ဘီတိရစ္ဆာန်များကိုရှာပြီးသူ့စွမ်းအင်တိုးတက်အောင်လေ့ကျင့်ရဲပေမယ့်ထိုသန္ဓေပြောင်းအပင်တွေကိုတော့ဘယ်နည်းနဲ့မှရန်စရန်ဆန္ဒမရှိပေ။
"အို!!"ဖန်ဟောင်ကထူးဆန်းသလိုခံစားလိုက်ရပြီး ဟဲဇီကျုံးကဒီလိုမျိုးအပင်တွေနဲ့သွားရှုပ်လို့မရဘူးဆိုတာကိုဘာကြောင့်သိနေလဲဆိုတာမသိပေမယ့် သူ့ကနာခံစွာဖြင့်နောက်ပြန်ဆုတ်လိုက်သည်။
ဇွန်ဘီနှစ်ကောင်သည်အပင်ဆီမှလူးလှိမ့်နေပြီးလေထဲတွင်ရုန်းကန်နေကြသည်။အပင်ကအကိုင်းနှစ်ခု အထက်ဆန့်ထုတ်လိုက်ပြီးဇွန်ဘီရဲ့ခေါင်းကိုထိလိုက်ကာကျယ်လောင်သောအသံဖြင့်ခေါင်းများကိုဖွင့်လိုက်သည်။အကိုင်းအခတ်များသည်အဏုမြူကျောက်တုံးမရှိတော့တဲ့ဇွန်ဘီနှစ်ကောင်ကိုတွဲလောင်း ထားရစ်ကာချန်ထားခဲ့သည်။
ဟဲဇီကျုံးကသူ့မျက်စိတွေကိုမှေးလိုက်သည်။ အကယ်လို့ဇွန်ဘီရဲ့ခေါင်းတွေကိုနေရာလွတ်ထဲသို့ မပို့ဘူးဆိုရင်နေရာလွတ်ကသူတို့ဦးနှောက်ထဲမှာရှိတဲ့အဏုမြူကျောက်တုံးတွေကိုစုပ်ယူနိုင်မည်မဟုတ်ပေ။ဒါပေမယ့်လည်းသန္ဓေပြောင်းအပင်ဆီကို အဆင့်၂ဇွန်ဘီရဲ့အဏုမြူကျောက်တုံးကိုဘယ်လိုလုပ်ပေးလိုက်နိုင်မှာလဲ။
ရုတ်တရက်"ဆွစ်ခနဲ"သေးငယ်သောအဖြူရောင် အရိပ်လေးသည်ချွန်ထက်သောဓားတစ်ချောင်းလို ခုန်လိုက်ပြီးအဆင့်၂အဏုမြူကျောက်တုံးကိုရစ်ပတ်ထားတဲ့သစ်ကိုင်းဆီသို့ပစ်ဝင်သွားပြီးနောက်ထပ် နှစ်စက္ကန့်သုံးစက္ကန့်လောက်ပြန်ခုန်လာသည်။ အဏုမြူကျောက်တုံးကိုအလျစ်သုတ်လိုက်သည်။ ထိုအရာလေးထွက်သွားသောအခါအစက အဏုမြူကျောက်တုံးကိုရစ်ပတ်ထားသောသစ်ကိုင်းကကျိုးသွားသည်!!!