သူတို့နှစ်ယောက်ကအမဲသားcurryနဲ့ထမင်းကို ကုန်အောင်အတူတူစားလိုက်ပြီးအစာကြေရန် တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်မှီထား ကြသည်။
"ကျွန်တော်ခရမ်းချည်သီးနဲ့ဟင်းတွေအစာသွပ်ထားတဲ့ဘန်းမုန့်တွေဖုတ်ထားပြီးဂိုဒေါင်ထဲမှာထားထားတယ်။ပြီးတော့ဟင်းတွေအများကြီးကျန်သေးလို့ ထမင်းပေါင်းလုပ်လိုက်ပြီးသပ်သပ်စီထမင်းချိုင့်နဲ့ ထုပ်ထားတယ်၊အဲ့တာကိုလည်းဂိုဒေါင်ထဲမှာဘဲထည့်လိုက်တယ်"
ထမင်းချိုင့်တွေကိုလည်းစူပါးမားကတ်တွေဆီကနေ စုဆောင်းခဲ့တာဖြစ်ပြီးခုချိန်မှာအသုံးပြုဖို့အတွက် အရံသင့်ဖြစ်သွားသည်။သူတို့စားပြီးသောက်ပြီးချိန်တွင်လက်ဆေးရန်လိုအပ်သေးသည်။
"ဟုတ်လားအဲ့တာဆိုတခြားဟာတွေ ထပ်မချက်သေးနဲ့လေအထဲကအသီးနှံ့တွေမှည့်လာ ပြီးခူးတဲ့ချိန်ကြမှာဘဲဖြည်းဖြည်းချင်းလုပ်ကြတာပေါ့"ဟဲဇီကျုံးကဖန်ဟောင်ရဲ့ပုခုံးလေးကိုထွေးပွေ့လိုက်ပြီးသူ့ခေါင်းလေးကိုပါးနဲ့ပွတ်လိုက်ကာသူ့ပုခုံးလေးကိုညင်ညင်သာသာလေးပုတ်လိုက်သည်။ ကမ္ဘာမပျက်ခင်ကထုတ်ခဲ့တဲ့ကုန်ပစ္စည်းများကို အချိန်တစ်ခုရောက်လာတဲ့အခါ အခြားအသက်ရှင်ကျန်ရစ်သူများနှင့် အဏုမြူကျောက်တုံးအတွက်ဖြည်းဖြည်းချင်းရောင်းဝယ်နိုင်သည်။
SUVကားနောက်ဘတ်ရှိထိုင်ခုံတန်းကိုဟဲဇီကျုံးဖြုတ်ထားခဲ့တာကြာပြီဖြစ်သည်။အခုတော့နေရာလွတ်ထဲကနေမွေ့ရာတွေထုတ်ပြီးရိုးရှင်းတဲ့အနားယူစရာနေရာအဖြစ်စီစဉ်ထားခဲ့သည်။ထို့အပြင်လူအများ ချောင်းကြည့်ခြင်းမှကာကွယ်ရန်အတွက်ပေါ့ပါးပြီး ကြီးမားသောခေါက်ဆွဲခြောက်များနှင့် စည်သွပ်ဘူးများအပြည့်ထည့်ထားသော ပလတ်စတစ်အိတ်ကြီးအချို့ကိုလည်း ခင်းကျင်းထားသည်။
ဟဲဇီကျုံးသည်တုံ့ဆိုင်းစွာလှဲချလိုက်သည်၊ ကားအနောက်ဘတ်တွင်အရပ်180cmရှိတဲ့ သူ့အတွက်အညောင်းဆန့်ဖို့ခက်ခဲလှသည်။ ဖန်ဟောင်ကစိတ်မကောင်းဖြစ်သွားပြီးနေရာလွတ်ထဲမှာအနားယူသင့်တယ်လိုအကြိမ်ပေါင်းများစွာ အကြုံပြုခဲ့ပေမယ့်သူကအပြုံးနဲ့ငြင်းဆိုခဲ့သည် "နေရာလွတ်ထဲမှာအမြဲတမ်းအိပ်နေလို့အဆင်မပြေဘူး"
ကမ္ဘာပျက်ကပ်ရဲ့နေထိုင်မူပုံစံကို သူတက်နိုင်သမျှလိုက်လျောညီထွေဖြစ်ရန် လိုအပ်သည်။နေရာလွတ်ထဲမှာဆိုရင်အပြင်ကအခြေနေကိုသူမမြင်နိုင်ဘူး။ဒီမှာဖန်ဟောင်ရှိလည်းအဆင်ပြေပေမယ့်သူတို့နှစ်ယောက်လုံး အထဲရောက်သွားရင်အပြင်ကအခြေနေကိုလုံးဝ ဆုပ်ကိုင်ထားနိုင်မှာမဟုတ်ဘူး။
ပြီးတော့ကားနောက်မှာလည်းလူတွေရှိသေးသည်။ တစ်ယောက်ယောက်ကလမ်းလျှောက်လာပြီးသူတို့ကိုရှာလို့မတွေ့တဲ့အခါဖြစ်လာမည့်အန္တရယ်မျိုးကိုသူ့မစွန့်စားရဲပေ။ဟဲဇီကျုံးသည်သူ့ဖုန်းရဲ့alarmအသံကြောင့်မနက်နှစ်နာရီတွင်နိုးလာသည်။ ဖန်ဟောင်ကသူ့ကိုနိုးဖို့အတွက်ရာနှုန်းပြည့်တာဝန် ရှိတယ်ဆိုရင်အဲ့ဒီကလေးကသူ့ကိုအချိန်ကြာကြာ အိပ်ပျော်စေမယ့်အကြောင်းပြချက်ကိုဖန်တီးပေးမှာသေချာသည်။
ဖန်ဟောင်ကလည်းအဲ့လိုအစီစဉ်ဆွဲခဲ့တာဖြစ်ပြီး-ဟဲဇီကျုံးနောက်ထပ်တစ်နာရီခွဲလောက်ထပ်အိပ်ခဲ့ရတာဖြစ်သည်။ဆယ့်ငါးမိနစ်လောက်ပိုအိပ်ရရင် တောင်အရမ်းအဆင်ပြေနေပြီး!!
"အခြေနေဘယ်လိုရှိလဲ"
ဖန်ဟောင်ကခေါင်းခါလိုက်ပြီး"ဒီကိုဇွန်ဘီတွေလာ နေတာတော့မတွေ့ဘူးဒါပေမယ့်အမြန်လမ်းကနေကားနည်းနည်းဖြတ်သွားတာတွေ့တယ်"ထိုနောက်ဖန်ဟောင်ကမျက်မှောင်ကြုံလိုက်ပြီး"အပြင်မှာမြူတွေအရမ်းဆိုင်းနေသလိုဘဲ"
ဟဲဇီကျုံးကထလိုက်ပြီးကားမောင်းတဲ့ဒရိုင်ဘာထိုင်ခုံသို့ပြန်ထိုင်လိုက်ကာ"သွားခဏလောက်နားလိုက်ဦး၊မိုင်းလင်းရင်ကိုယ်နိုးပေးမယ်"
ဖန်ဟောင်ကဟဲဇီကျုံးပြောတာကြားတော့ဟဲဇီကျုံးရဲ့နဖူးကိုထိလိုက်ပြီးသူကနာခံစွာဖြင့်မွေ့ရာဆီသို့ သွားခဲ့သည်။"စီနီယာချွေးတွေထပ်ထွက်နေပြန်ပြီ၊အအေးမမိအောင်လို့ချွေးသုတ်လိုက်ဦး"
ဟဲဇီကျုံးကဖန်ဟောင်ဘက်ကိုကိုယ်ကိုကိုင်းလိုက် ပြီးသူ့ပါးလေးကိုငုံ့နမ်းလိုက်သည်။ဟဲဇီကျုံးကသူ့မျက်နှာကိုသုတ်ပြီးသန့်ရှင်းဖို့ပဝါတစ်ခုကိုထုတ်လိုက်သည်။
သူ့ကညတိုင်းအပူချိန့်နိမ့်အဖျားတက်နေသေးသော်လည်းနေရာလွတ်ထဲကရေကြောင့်ယခုညတိုင်းတစ်နာရီအတွင်းထိန်းထားနိုင်ခဲ့သည်။ဖျားပြီးနောက်ပိုင်းရုပ်ပိုင်းဆိုင်ရာခွန်အားအားနည်းတဲ့အချိန်ကလည်း မကြာတော့ပေ။ယခုအချိန်တွင် သူသည်အားနည်းနေသေးပြီးသူ့မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေသော်လည်းအရင်လို ပြင်းထန်ခြင်းမရှိပေ။
အကယ်လို့သူကိုတစ်ယောက်ယောက်က မြင်ရင်တောင်သူ့ကောင်းကောင်းမအိပ်ပျော်လို့သွေးပေါင်ကျနေတာကသူကိုဒီလိုပုံစံဖြစ်စေတယ်လို့ ထင်မှာဖြစ်သည်။
ကားပြတင်းပေါက်အပြင်ဘတ်ကမှောင်မဲနေပြီး တိတ်ဆိတ်နေသည်။လမ်းဘေးမှာအလင်းရောင်မရှိသလိုလကိုကောင်းကင်မှာလည်းမမြင်ရဘဲ နေရာတိုင်း မှာလည်းမီးခိုရောင်ဖြစ်နေပြီးအရာအားလုံးကမြူခိုးတွေဖုံးလွှမ်းနေသည်။
ဟဲဇီကျုံးကမျက်ခုံးကျုံလိုက်ပြီး-ကြည့်ရတာ….ရာသီဥတုကလုံးဝပြောင်းလဲသွားပြီဘဲ။
ဇွန်ဘီရောဂါပိုးပျံ့နှံ့ခြင်းကကမ္ဘာပျက်ကပ်၏ ပထမဆုံးခြေလှမ်းဖြစ်သည်။အဲ့တာနောက်ပိုင်းမှာ တော့ရာသီဥတုကပြောင်းလဲသွားသည်။ကမ္ဘာကြီးတစ်ခုလုံးသည်မြူလွှာတွေအထပ်ထပ်ပိတ်ဖုံးသည်။နေရောညပါတစ်နှစ်ပတ်လုံးမီးခိုရောင်လေထုနဲ့ ဝန်းရံထားသည်။
ပူပြင်းတဲ့နွေရာသီမှာဆိုရင်တောင်ကောင်းကင်မှာ တောက်လောင်နေတဲ့နေရောင်ကလိမ္မော်ရောင် အနည်းငယ်သာရှိပုံရသည်။မူလကစိုက်ပျိုးလို့ရခဲ့ သောသီးနှံ့အများစုသည်မကြီးထွားနိုင်တော့ဘဲ မြေကြီးလည်းကျက်တီးမြေလိုမျိုးမဖြစ်ထွန်းတော့ ပေ။နောက်ပြီးတော့အပင်နဲ့တိရိစ္ဆာန်တွေဟာလည်း ကြီးကြီးမားမားနဲ့သိသိသာသာကိုစတင်ပြောင်းလဲလာကြသည်။
ဇွန်ဘီများစွမ်းအင်မနိုးထခင်သူတို့ကိုင်တွယ်ဖြေရှင်းရန်အတော်လေးလွယ်ကူခဲ့သည်။လူတွေ ခုခံကာကွယ်ဖို့ရုန်းကန်ရတာကအမျိုးမျိုးသော သန္ဓပြောင်းသတ္တဝါတွေဘဲဖြစ်သည်။၎င်းတို့သည် လျင်မြန်သွက်လက်ကာတုံ့ပြန်နိုင်စွမ်းမြင့်ပြီး ခွန်အားလည်းကြီးသည်။စိတ်ပျက်စရာကောင်းတာကတော့ဇွန်ဘီတိရိစ္ဆာန်တွေကိုသတ်ဖို့ပြင်းပြင်းထန်ထန်ကြိုးစားရပေမယ့်စားလို့တော့မရပေ။လူတွေကလူဖုတ်ကောင်တွေနဲ့နီးပါးတူတဲ့သူ့တို့ရဲ့ဦးနှောက်ထဲကအဏုမြူကျောက်တုံးတွေကိုသာရနိုင်ကြပါသည်။
တိရိစ္ဆာန်များနှင့်အပင်များသည်လူသားများနှင့် အတူတူပင်ဖြစ်ပြီး၄◌င်းတို့ထဲမှအချို့မှာဗီဇပြောင်းလဲခြင်းမှလွတ်မြောက်ခဲ့သည်။၎င်းတို့သည်လုံးဝ အဆိပ်အတောက်ကင်းပြီးစားသုံးရန်ဘေးကင်း သောကြောင့်လေ့လာပြီးဆွေးနွေးခဲ့ကြသည်။
နောက်တစ်နေ့စောစောတွင်ဖန်ဟောင်နိုးလာပြီး
ကမ္ဘာကြီးကမြူနှင်းလွှာပါးပါးဖြင့်ဖုံးအုပ်ထားသလို ခံစားလိုက်ရသည်။ကောင်းကင်က တောက်ပနေသော်လည်းနေထွက်တဲ့အရပ်ကိုမြင်ဖို့ရန်ခဲယှဉ်းသည်။
သူ့ကဝါးသန်းလက်ပြီးမျက်လုံးကိုပွတ်လိုက်ကာ"မြူမှိုင်းနေပေမယ့်သိပ်တော့မဆိုးပါဘူး"Fမြို့၏ ဆောင်းတွင်းနှင့်နွေဦးတွင်မနက်ခင်းနှင့်ညဘတ်တွေမကြာခဏမြူဆိုင်းလေ့ရှိသောကြောင့် ဖန်ဟောင်ကအများကြီးမတွေးမိပေ။
"မျက်နှာသစ်ပြီးတစ်ခုခုစားလိုက်ဦးနောက်က ကားပေါ်လူတွေအကုန်လုံးနိုးနေကြပြီ"ဟဲဇီကျုံးကမျက်နှာကိုပွတ်လိုက်ပြီးအသတ်ရှုထုတ်လိုက်သည်။
ဖန်ဟောင်ကခေါင်းညိတ်လိုက်ပြီးမနေ့ကပြင်ဆင်ထားတဲ့သွားတိုက်တံ၊ သွားတိုက်ဆေးနှင့် ရေပုလင်းကိုသူ့ဘေးနားကပလတ်စတစ်အိတ်ထဲကနေထုတ်လိုက်သည်။ပုလင်းအတွင်းတွင်ရိုးရိုးရေ ဖြစ်သည်။ပထမဦးစွာသူတို့သည်နေရာလွတ်ထဲက ရေကိုပြင်ပကမ္ဘာသို့ပတ်ဖျန်းလိုက်သောအခါ မခန့်မှန်းနိုင်သောတုံပြန်မှုကိုစိုးရိမ်သည်။ ဒုတိယကတော့နေရာလွတ်ထဲကရေကိုသိုလှောင်ဖို့အတွက်ပုလင်းအနည်းငယ်ကိုအလွတ်ဖြစ်စေရန်ဖြစ်သည်။
ရိုးရိုးဘဲဆေးကြောလိုက်ပြီးနောက်ယာယီစုဝေးထားသောယာဉ်တန်းသည်ခရီးဆက်လိုက်သည်။
ကားများသည်မြောက်ဘတ်သို့ဦးတည်သွားကာ အုပ်စုတစ်စုလုံးသည်ဖြတ်သွားသောဓာက်ဆီဆိုင် အားလုံးမှဓာက်ဆီများကို တစ်ကြိမ်တည်းနှင့်လျင်မြန်စွာသိမ်းကြုံးယူသွား သည်။မြူများအုံ့ဆိုင်းနေသော ကောင်းကင်ကြီးကြောင့်ပြန့်ကျဲနေသောဇွန်ဘီများသည်အမြန်လမ်းမပေါ်တွင်စတင်ပြီးလှုပ်ရှားလာကြသည်။
များမကြာမီလမ်းဆုံတစ်ခုသို့ရောက်သောအခါ နောက်ကားသည်ဘေးချင်းယှဉ်ကပ်လာကာမီးဖြင့်အချက်ပြပြီးပြတင်းပေါက်မှန်ကိုချလိုက်ကာ"ငါတို့ ဒီကနေအနောက်ဘတ်လမ်းဆုံကိုကွေ့တော့မယ်"
ဟဲဇီကျုံးကခေါင်းငြိမ့်လိုက်ပြီးပြောလိုက်သည် "နှုတ်ဆက်တယ်ဗျာအခွင့်ရေးရရင်ဆုံကြတာပေါ့"
ထိုအမျိုးသားကြက်သေသေသွားပြီး အင်တင်တင်ဖြင့်ပြုံးလိုက်ကာ"ဟုတ်ပါပြီဗျာ"ဒီလိုအခြေနေမျိုးမှာကံကြမ္မာကဆန္ဒရှိရင်တောင်ပြန်ဆုံနိုင်မလားဆိုတာမသိနိုင်ပါဘူး။ဇွန်ဘီပုံစံဖြစ်မှာထက်စာရင်….ဒီတိုင်းရိုးရိုးလေးသေလိုက်တာမှ ကောင်းဦးမယ်။
အနောက်ဘတ်ကားသုံးစီးသည်အနောက်ဘတ်သို့ကွေ့သွားကြသည်။ဟဲဇီကျုံးကကားကိုစက်ပြန်နိုးလိုက်ပြီးလူသားအနံရသောကြောင့်စိတ်လှုပ်ရှားနေသောဇွန်ဘီတစ်ကောင်ကိုဖြတ်သွားလိုက်သည်။ ဇွန်ဘီတွေရဲ့လှုပ်ရှားမူကပိုမြန်လာပုံရသည်။ကား စထွက်ပြီးသိပ်မကြာခင်မှာဘဲဇွန်ဘီကခုန်အုပ်လိုက်ပေမယ့်ကံကောင်းစွာဖြင့်ဟဲဇီကျုံးက အရှိုန်မြင့်လိုက်သောကြောင့် ကားနောက်ပိုင်းကိုတောင်မခုန်အုပ်လိုက်နိုင်ပေ။
"အဲ့အကောင်တွေကိုကြည့်ရတာ…..လှုပ်ရှားမူပိုမြန်လာသလားလို့"ဖန်ဟောင်ကသူတို့ကားကို ပါးစပ်ဖွင့်ပြီးလိုက်ဖမ်းနေသည့်ဇွန်ဘီကို နောက်ကြည့်မှန်ထဲကနေတုံ့ဆိုင်းတုံ့ဆိုင်းဖြင့်ကြည့်လိုက်သည်။
ဟဲဇီကျုံးကနောက်ကြည့်မှန်ကိုစိုက်ကြည့်လိုက်သည်။"ဒီနေ့ဓာက်ဆီဆိုင်မှာတွေ့ခဲ့တဲ့ဇွန်ဘီတွေထဲမှာ လည်းတစ်ချို့ကောင်တွေကလှုပ်ရှားမူမြန်တယ်"
ဖန်ဟောင်ရဲ့မျက်နှာအမူရာကပြောင်းလဲသွားပြီး သူ့အသံကအနည်းငယ်အေးစက်သွားကာ"စီနီယာ….အဲ့ဆို…အဲ့အကောင်တွေကဆင့်ကဲပြောင်းလဲနေတာလား"
ဒီကလေးလေးကတော့တကယ်ကိုသင်ယူနိုင်စွမ်း မြှင့်တာဘဲ။
ဟဲဇီကျုံးကဖန်ဟောင်ကိုချီမွှမ်းတဲ့အကြည့်နဲ့ကြည့်လိုက်သောအခါသူ့မျက်နှာသေးသေးလေးက ကြောက်ရွံ့မှုနှင့်အတူအနည်းငယ်ဖြူဖျော့နေတာကိုတွေ့လိုက်ရတော့သူကနှစ်သိမ့်တဲ့အနေနဲ့ ခေါင်းလေးကိုပုတ်လိုက်ကာ"သူတို့က ဆင့်ကဲပြောင်းလဲနေတာဆိုရင်လူတွေထဲမှာလည်းတစ်ချို့ကစွမ်းအားကိုအသုံးပြုနိုင်တာဘဲလေ"
ဖန်ဟောင်ကခေါင်းကိုလေးပင့်စွာဖြင့်ညိတ်လိုက်ပြီး သူကိုယ်သူ့အားပေးလိုက်ကာ"ဟုတ်တာပေါ့ ကျွန်တော်တို့လည်းပိုပြီးသန်မာလာလိမ့်မယ်!!"
ထိုကားများနှင့်ခွဲခွာပြီးနောက်ဟဲဇီကျုံးနှင့် ဖန်ဟောင်သည်များစွာကံကောင်းနေပုံရသည်။ ဓာက်ဆီအပြည့်တင်လာတဲ့ဆီဘောင်ဇာကားများ အပြင်ဝက်အရှင်များကိုတင်ထားတဲ့ကားများကိုတွေ့ခဲ့ရသည်။
"မိုက်လိုက်တာ!!အဝေးပြေးလမ်းမအပေါ်မှာတောင် ဝက်အရှင်တွေသယ်ထားတဲ့ကားကိုကောက်တွေ့တယ်!!??"ကားမောင်းတဲ့နေရာမှဒရိုင်ဘာကို ရှင်းလင်းပြီးနောက်ဖန်ဟောင်သည်အံ့ဩမှုကြောင့်ကားကိုပတ်ကြည့်နေသည်။
ယခုသည်ကမ္ဘာပျက်ပြီးသုံးရက်မြောက်နေ့ဖြစ်သည်။ထရပ်ကားထဲကဝက်တွေသည်ဗိုက်ဆာလွန်းသောကြောင့်သူတို့ခေါင်းတွေကငိုက်စိုက်ကျနေသည်။ တစ်ချို့ကောင်တွေကမလှုပ်ဘဲထရပ်ကားပေါ်တွင် ငြိမ်ငြိမ်လေးနေကာတိုးတိုးလေးတအစ်အစ်တအီအီ ဖြင့်အော်နေကြသည်။
ဟဲဇီကျုံသည်ထရပ်ကားပေါ်ရှိဝက်များကိုစစ်ဆေးခဲ့ပြီးထိုဝက်များသည်ကူးစက်ခြင်းမရှိကြောင်း အတည်ပြုပြီးနောက်၎င်းတို့ကိုထရပ်ကားနှင့်အတူ နေရာလွတ်ထဲသို့ထည့်လိုက်သည်။
"မင်းခဏလောက်မောင်းပါလား၊ကိုယ်နေရာလွတ်ထဲဝင်ပြီးအဲ့တာတွေကိုသွားစီစဉ်လိုက်မလို့" ဝက်အရှင်တွေကိုနေရာလွတ်ထဲကမြေအောက်ထပ်ဂိုဒေါင်ထဲကိုထည့်လို့မရပေ။အကြောင်းပြချက်အချို့ကြောင့်သူကိုယ်တိုင်မှလွဲ၍အခြားသတ္တဝါများနှင့်လူများသည်မြေအောက်ထပ်ထဲသို့တစ်ခါတည်း တန်းဝင်လိုက်သည်နှင့်သူသယ်ဆောင်ထားတဲ့ အခြားရာတွေနဲ့ချက်ချင်းချိတ်ဆက်သွားလိမ့်မည်။
ဖန်ဟောင်ကခေါင်းညိတ်လိုက်ပြီးဒရိုင်ဘာထိုင်ခုံမှာထိုင်လိုက်ကာကားစက်ကိုနှိုးလိုက်သည်။ သူ့ဘေးနားကဟဲဇီကျုံးသည်ရုတ်တရက် ပျောက်ကွယ်သွားပြီးခရီးသည်ထိုင်ခုံတွင် လက်ကောက်တစ်ကွင်းသာကျန်ခဲ့သည်။
ဝက်ထရပ်ကားသည်အလွန်ဆာလောင်နေသော ကြောင့်၎င်းတို့သည်နေရာရုတ်တရက် ပြောင်းလဲသွားခြင်းရဲ့အံ့ဩမှုကိုဖော်ပြရန်အတွက် အော်ဟစ်ဖို့ရန်ခွန်အားမရှိပေ။
ဟဲဇီကျုံးသည်တိရိစ္ဆာန်များမွေးမြူထားသည့် နေရာဖြစ်သည့်မြတ်ခင်းပြင်ပေါ်တွင်ထရပ်ကားကို ထားထားသည်။အရင်ကသူဝယ်ထားသည့် ဝက်အရေအတွက်သည်သိပ်အများကြီးမဟုတ်ဘဲ အကောင်၂၀သာရှိသည်။ဒီနေ့ထရပ်ကားထဲမှာ အရွယ်ရောက်ပြီးသားဝက်အကောင်ရေစုစုပေါင်း ၄၀တောင်ရှိသည်။
ထပ်ပြောရမယ်ဆိုရင်နေရာလွတ်ထဲမှာ အရင်ကတည်းကရှိတဲ့ဝက်များအနက်မှခုနှစ်ကောင်သာအထီးဖြစ်ပြီးကျန်ဝက်များမျိုးပွားရန်တွက်အမများဖြစ်သည်။
ထရပ်ကားပေါ်ရှိဝက်များသည်အသားအတွက်သတ်ရန်အသင့်ဖြစ်နေသောဝက်များဖြစ်ကြသည်။
ဝက်ကြီးများသည်မြေပြင်ကိုထိလိုက်တာနဲ့ ဆူညံသွားပြီးအစာရှာဖို့စားကျက်မြေကိုပြေးသွားကြသည်။အရင်ကဤနေရာတွင်ဟဲဇီကျုံးသည် မျိုးစေ့များစွာကိုစိုက်ပျိုးခဲ့သည်။အများအားဖြင့် စားကျက်မြေအပြင်အားလူး၊မုန့်လာဥနီ၊ နှင့်အစိမ်းရောင်အစရှိသောသီးနှံများလည်းရှိသေး သည်။
မူလသီးနှံများနှင့်မြတ်များသည်ထပ်ရောက်လာတဲ့ ဝက်တွေအတွက်မလုံလောက်မည်ကိုစိုးရိမ်သော ကြောင့်မြေအောက်ထပ်ဂိုဒေါင်ထဲမှပန်းသီးခြင်း အကြီးကြီးနှစ်ခြင်းကိုသယ်ထုတ်လိုက်သည်။ နေရာလွတ်ထဲကနေရတဲ့အသီးတွေနဲ့ ဝက်တွေကျွေးတာကဖြုန်းတီးရာကျပေမယ့် နေရာလွတ်ထဲကနေပန်းသီးတွေအများကြီး ထွက်အောင်ဘယ်သူလုပ်ထားတာလဲ။
ကမ္ဘာပျက်ကပ်မဖြစ်ခင်ထဲကနေခုချိန်ထိတောင် ပန်းသီးတွေအများကြီးကျန်နေပြီးမကုန်နိုင်သေးဘူး။
ပန်းသီးတွေကိုသုံးရက်လောက်ဆာလောင်မွတ်သိပ်နေတဲ့ဝက်တွေသာမကနေရာလွတ်ထဲမှာ အရင်တည်းကမွေးမြူထားတဲ့ဝက်ပေါက်လေးတွေ နှင့်၊ကျွဲနွားများ၊သိုးများကလည်းစုရုံးပြီးလာစား နေကြသည်။
ဟဲဇီကျုံးကတောင်အရှေ့ကိုကြည့်လိုက်သည်။ တောင်ပေါ်ရှိသီးနှံပင်အများစုသည်ပန်းပွင့်ချိန်ကိုကျော်လွန်သွားခဲ့ကြပြီးအကိုင်းအခတ်များတွင် အသီးကင်းလေးများတွဲလောင်းကြနေကြသည်။ ပေါများလွန်းလှသောအသီးများသည ်နောက်ဆုံးတွင်အိမ်ရှာတွေ့သွားပုံနှင့်တူသည်။
"ဝက်တွေကိုအသီးတွေကျွေးတာလား"ဖန်ဟောင်ကမျက်လုံးတွေပြူးကျယ်သွားသည်။ဟဲဇီကျုံးကို ကြည့်လိုက်ရင်းသူ၏နူးညံသောမျက်နှာသည်အကြိမ်အနည်းငယ်လောက်တွန့်လိမ်သွားသည်။"စီနီယာအခုကျွေးခဲ့ပြီးပြီလား"
ဟဲဇီကျုံးသည်ခေါင်းညိတ်လိုက်ပြီး"အင်းကိုယ်ခြင်းနှစ်ခြင်းသယ်ပြီးကျွေးလိုက်တယ်"လို့ပြောပြီးနောက် ဖန်ဟောင်ဆံပင်လေးတွေကိုထိလိုက်သည်"မစိုးရိမ်ပါနဲ့၊တောင်ပေါ်မှာလည်းအသီးတွေပြန်သီးနေပြီ ဒီနေ့ဒါမှမဟုတ်မနက်ဖြန်တောင်ခူးလို့ရပြီ"
"ဟုတ်လား၊အဲ့ဆိုကျွန်တော်ဝိုင်နဲ့ပန်းသီးအရက်လုပ်လိုက်မယ်!!"
အဲ့ဒါဆိုဖန်ဟောင်ကသူရဲ့အစီစဉ်ကိုဖျက်လိုဖျက်စီးလုပ်တယ်လို့စောဒကမတက်ဘူးလား။
ဟဲဇီကျုံးကအသံတိုးတိုးလေးနဲ့ရယ်လိုက်ပြီးအသံသည်ယောက်ျားဆန်ပြီးအက်ရှကာဆွဲဆောင်မူရှိ သောကြောင့်ဖန်ဟောင်သည်ရှက်သွေးဖြန်းသွားသည်။
ဟဲဇီကျုံးကဖန်ဟောင်မျက်နှာအနီးကိုငုံ့လိုက်ပြီး ညင်ညင်သာသာလေးနမ်းလိုက်ကာ"မင်း လုပ်ချင်တာကိုလုပ်ပါ၊အကျိုးသင့်အကြောင်းသင့်မစဉ်းစားလည်းရတယ်"
ဖန်ဟောင်ကအသံတိုးတိုးလေးဖြင့်သဘောတူ လိုက်သည်။သူ့မျက်နှာပူတာကမပျောက်သွားဘဲအခုကကလေးနည်းနည်းဆန်နေတယ်လို့ခံစားလိုက်ရသည်--စီနီယာကဝက်တွေကိုအသီးနှံတွေကျွေးလိုက်တာမဟုတ်ဘူးလား၊ဒီဝက်တွေကနောက်ဆုံးတော့လည်းသူတို့ဗိုက်ထဲကိုဘဲပြန်ရောက်မှာဘဲလေ!! အမှန်တော့အဝေးပြေးလမ်းမပေါ်ကနေသူတို့ပစ္စည်းတော်တော်များများကောက်ယူနိုင်ခဲ့သည်။ လမ်းမပေါ်တွင်ပြန့်ကျဲနေပြီးထိုးရပ်ထားတဲ့ကားတွေရှိမှလည်းတစ်ခုခုနီးပါးတွေ့နိုင်သည်။အဲ့တာတွေကအစားအသောက်နဲ့အသုံးဝင်တဲ့ပစ္စည်းတွေအပြင်အနည်းဆုံးတော့သူတို့ဆီအချို့ထုတ်ယူနိုင်သည်။
အနှစ်သာရကတော့-သူတို့ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကိုရရှိခဲ့သည်။
ဟဲဇီကျုံးသည်လမ်းတစ်လျှောက်တွင်အတားအဆီးအမျိုးမျိုးကိုရှောင်ရှားကာကားကိုမောင်းနှင်ခဲ့သည်။ ၁၀နာရီ၃၀ခန့်တွင်သူတို့ခရီးဦးတည်ရာကိုရောက်ခဲ့သည်--Aမြို့ဆင်ခြေဖုံး၏အနောက်မြောက်ဘတ်တွင် ရှိသောအသက်ရှင်ကျန်ရစ်သူစခန်းသို့ရောက်ရှိခဲ့သည်။
သို့သော်လည်းသူတို့ရောက်လာသောအခါတွင် ခဏလောက်မအေးခဲဘဲမနေနိုင်ပေ။ဘယ်မှာလဲစစ်တပ်က။ခြံစည်းရိုးကကောဘယ်မှာလဲ။သေနတ်၊ တင့်ကားတွေ၊အမြောက်တွေ၊လက်နက်ကြီးတွေကကောဘယ်မှာလဲ။
"စီနီယာ"ဖန်ဟောင်သည်အပြင်ဘတ်မှအလွန်လွတ်နေသောလူနေစခန်းကိုစူးစူးစိုက်စိုက်ကြည့်လိုက်သည်။"ဒီနေရာကစခန်းအသစ်များလား၊ကြည့်ရတာဒီမှာဘယ်သူမှရှိတဲ့ပုံမပေါ်ဘူး၊ကျွန်တော်တို့ဒီမှာဘဲ အနားယူ ပြီးရင်ထွက်သွားကြမလား"
ဟဲဇီကျုံးကသတိပြန်ဝင်လာပြီးခေါင်းကိုညိတ်လိုက်ကာအထဲသို့မောင်းဝင်လိုက်သည်။
ကြည့်ရတာသူတို့ရောက်လာတဲ့အချိန်ကအရမ်းစောသွားပုံပေါ်သည်။တပ်ဖွဲ့ဝင်တွေကခုထိမြို့ထဲကနေ ထွက်ပြေးလာတဲ့လူတွေကိုဘေးကင်းရာသို့ မရွှေ့ပြောင်းပေးရသေးတဲ့ပုံဘဲ…..