no

Font
Theme

စာကျက်ကွင်းထဲက ပန်းသီးပင်ဆီသို့ ခုန်ပေါက်ပြီး သွားနေသော ဝက်ဝတုတ်တစ်ကောင်သည် ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။ပတ်ပတ်လည်မှာရှိတဲ့  တိရိစ္ဆာန်များသည် မူမမှန်ဖြစ်သွားတာ ကိုမသိဘဲအေးအေးလူလူဖြင့် စားကျက်မြေထဲတွင် လျှောက်သွားနေကြသည်။

ပန်းသီးပင် ၊သစ်တော်သီးပင်များနှင့်စားကျက်မြေ ထဲတွင်ကြုံရာကျပန်းကြီးပြင်းနေသောဖရဲသီးကြီး များကိုကြည့်ရင်း-ထိုမွေးမြူရေးတိရိစ္ဆာန်များသည် အကုန်လုံးရှုပ်ထွေးအောင်လုပ်ထားသည်-ဟဲဇီကျုံးသည်ကြည့်နေရင်းနဲ့ဆိုနင့်စွာဖြင့် ခေါင်းခါလိုက်သည်။

"ခဏလောက်အာရုံမစိုက်မိတာနဲ့…….ဒီအရာတွေက ဘယ်တုန်းက ကြီးထွားလာတာလဲ?"

ဖန်ဟောင်က အဲ့ဒါနဲ့ပက်သက်ပြီး စဉ်းစားလိုက်ကာ"အရင်တုန်းကကျွန်တော်တို့ ဒီအကောင်တွေကို ပန်းသီးတွေကျွေးခဲ့တယ်မလား? အစေ့တွေက မြေကြီးပေါ်ကျသွားပြီး ကြီးထွားလာတာဖြစ်မယ်၊မဆိုးပါဘူး၊အသီးတွေ မှည့်တဲ့အချိန်ကြရင်လည်း အသီးစားဖို့အပင်တွေကို လုပ်ခါကြလိမ့်မယ်"

စားကျက်မြေပေါ်ကထိုတိရိစ္ဆာန်အကုန်းလုံးက ပြန်လည်သန့်စင်တဲ့လုပ်ငန်းစဉ်ကိုလုပ်ပေးကြလိမ့်မည်။သူတို့မြေကြီးပေါ်မှာကြီးထွားနေတဲ့အသီးအ ရွတ်တွေကိုစားဖို့ငြီးငွေ့လာတဲအခါသူတို့သစ်သီးတွေစားဖို့အတွက်သစ်သီးပင်ကိုလာပြီးလှုပ်ခါကြလိမ့်မည်။ကြက်၊ဘဲ၊ဘဲငန်း၊သိုး၊ဝက်အုပ်စုလိုက်ကအပင်တွေဆီပြေးလာကြပြီးအပင်တွေကိုလှုပ်ခါကြလိမ့်မည်။ဒီအပင်တွေရဲ့ပင်စည်ကလုံလောက်အောင်ခိုင်ခံပြီး သူတို့အကုန်လုံးလာလှုပ်ခါပြီးစားကြရင် တောင်အပင်တွေကဆက်လက်ရှင်သန်နိုင်သည်။!!1

မွေးမြူရေးခြံထဲမှကြက်ဥတွေကိုသူတို့နှစ်ယောက် ကောက်လိုက်ပြီးသေသွားတဲ့ဝက်ကိုခုတ်ဖြတ်ရန် ခြံဝင်းဆီကနေပြန်လာခဲ့သည်။အမွှေးတွေကို ပြောင်စင်အောင်ခြစ်ထုတ်လိုက်ပြီးသွေးတွေကို ဖောက်ထုတ်လိုက်ကာလက်ဆက်သောဝက်သား များကိုခုတ်ပြီးနေရာလွတ်မြေအောက်ထပ်သို့ ပြန်ထည့်လိုက်သည်။ဖန်ဟောင်ကဝက်ဗိုက်သားကို အိုးလုံပိတ်ကာနှပ်လိုက်ပြီးနောက်မှဝက်ဗိုက်သားကို ထမင်းထဲထည့်မှာဖြစ်သည်။

ဖန်ဟောင်ကမီးဖိုချောင်ထဲမှာတစ်နေ့လုံးအချိန်ကုန်ဆုံးခဲ့သည်။ဟဲဇီကျုံးကသွမ့်ဇီကိုတောင်ပေါ်တွင် သစ်သီးကောက်ရန်နှင့်ကောက်ပဲသီးနှံများကို စိုက်ပျိုးရန်ခေါ်သွားခဲ့သည်။သူတို့နှစ်ယောက်မောပန်းလာသောအခါနေရာလွတ်ထဲရှိရေတွင်းထဲက ချိုမြိန်သောရေကိုပါးစပ်အပြည့်သောက်ချလိုက်သည်။သူတို့ဗိုက်ဆာသောအခါ….စားလို့ရတဲ့ဟာ တွေကများလွန်းလို့သူတို့ဘာလို့မစားနိုင်ရမှာလဲ? 

အခုနေရာလွတ်ထဲကမြေဧရိယာသည်အရင်ကထက် နှစ်ဆပိုကြီးလာပြီးချောင်းတစ်ဘက်ကမ်းတွင် လည်းသီးနှံ့များကိုစိုက်ပျိုးနိုင်သည်။သူတို့ဘာစိုက် ရမလဲဆိုတာကိုမဆွေးနွေးရသေးတဲ့အတွက် ဟဲဇီကျုံးကစပါးတစ်ပုံနှင့်ဂျုံတစ်ပုံကိုသာ စိုက်ပျိုးခဲ့သည်။သူတို့နှစ် ယောက်ကထမင်းနဲ့ခေါက်ဆွဲအစားများသည်။

သူ့ဘေးနားကသွမ့်ဇီသည်ရုတ်တရက်ပျောက်သွားသည်။နောက်ဆုံးဂျုံစေ့ကိုစိုက်ပျိုးနေသောဟဲဇီကျုံးသည် ခါးကိုမတ်လိုက်ပြီးစာရွတ်တစ်ရွတ်နဲ့ ပြန်ပေါ်လာသည့်သွမ့်ဇီကိုနားမလည်စွာဖြင့် ကြည့်လိုက်သည်။၎င်းကဖန်ဟောင်ရဲ့လက်ရေးဖြစ်သည်။သူ့ဇနီးလေးကဲ့သို့ပင်ဒီစကားလုံးတွေမှာတောင် ထူးခြားတဲ့ပျော့ပျောင်းနူးညံ့မူတွေရှိသည်။"ညစာ အဆင့်သင့်ဖြစ်ပြီ"

သူ့နှုတ်ခမ်းထောင့်လေးတွေတွန့်ကွေးသွားပြီးသွမ့်ဇီကိုသူ့လက်မောင်းထဲသို့ဖမ်းထည့်လိုက်ကာဝါးအိမ်ဆီသို့လျှောက်သွားခဲ့သည်။သွမ့်ဇီသည်ဟဲဇီကျုံးနှင့် ဖန်ဟောင်တို့နဲ့မတူဘဲနေရာလွတ်ထဲတွင်(teleport)နိုင်သည်။သူတို့နှစ်ယောက်ကတော့နေရာလွတ်ထဲတွင်လမ်းလျှောက်ပြီးပဲသွားနိုင်သည်။အပြင်ဘက်ကနေteleportရင်တောင်သူတို့အကြိမ်တိုင်းဝါးအိမ်လေးရှေ့မှာပဲပေါ်လာနိုင်သည်။ဒါပေမဲ့သူတို့အပြင်ထွက်ချင်ရင်နေရာအကန့်အသက်မရှိဘဲတွေးလိုက်ရုံဖြင့်သူတို့ချက်ချင်းထွက်နိုင်သည်။

ဧည့်ခန်းထဲတွင်မွေးရနံ့များပြည့်လျှံနေသည်။ဒီနေ့ ဝက်သားအများကြီးရခဲ့သောကြောင့်ဒီနေ့ညရဲ့ မြေအိုးထမင်းသည်သေချာပေါက်ဝက်ဗိုက်သားနဲ့ ဖြစ်သည်။

သူတံခါးကနေဝင်လာတာကြည့်ပြီးဖန်ဟောင်က ပြုံးလိုက်ကာသူ့လက်ထဲက မြေအိုးကိုချလိုက်သည်။ "ကျွန်တော်ဝက်ဗိုက်သားမြေအိုးထမင်းချက်ထားတယ်၊ဝက်အူးချောင်းတွေလည်းအများကြီးကျန်နေ သေးတယ်၊တံခါးမှာအခြောက်လှန်းထားတယ်၊ သိပ်မကြာခင်ကျွန်တော်တို့စားလို့ရလောက်တယ်"

သူ့ဝင်လာခဲ့တုန်းကဟဲဇီကျုံးသည်တံခါးဝမှာ လွှဲယမ်းနေသည့်လက်ဆတ်သောဝက်အူချောင်းများကိုမြင်ခဲ့သည်။အရင်ကသူတို့သားသက်ရုံမှစုဆောင်းခဲ့သောအသားကြိတ်စက်များသည်အရွယ်အစား သိပ်မကြီးသောကြောင့်အသုံးပြုရလွယ်ကူသည်။ အခုမှာပဲအသုံးပြုရတော့သည်။

ကြွပ်ရွမွေးပျံသောဝက်ဗိုက်သားပတ်ပတ်လည်တွင် မုန်ညင်းဆီလေးတွေဝေ့နေသည်။အဖုံးကိုဖွင့်လိုက် ပြီးနောက်ထမင်းကိုကြက်ဥပေါင်းများဖြင့် အလှဆင်ထားသည်။

"ကျွန်တော်တို့နှစ်ယောက်လုံးကြိုက်တယ်လေ၊ဒါကတော့ ရေညှိနဲ့ကြက်ဥစွပ်ပြုတ်"ဖန်ဟောင်က ဇွန်းတစ်ချောင်းကမ်းပေးလိုက်ပြီးအိုးအဖုံးကို ဖွင့်လိုက်သည်။

နေရာလွတ်ထဲမှာမွေးမြူထားခဲ့သောဝက်သား၏ အရသာသည်ကမ္ဘာမပျက်ခင်တုန်းကဝက်သားတွေနဲ့အနည်းငယ်အရသာကွာခြားသည်။နေရာလွတ်ထဲမှာမွေးမြူထားတဲ့မွေးမြူရေးတိရိစ္ဆာန်တွေအကုန် လုံးရဲ့အရသာကဒီလိုပဲလားမသိဘူး?

သူ့စိတ်ထဲကအတွေးများသည်ဟင်းလျာတွေရဲ့ မွေးရနံ့နဲ့ပြည့်နှတ်နေသည်။ဒီတစ်ခေါက်အစားစာ အားလုံးသည်နေရာလလွတ်ထဲမှာရရှိသောအရာများဖြင့်ချက်ပြုတ်ထားသောကြောင့်ဟဲဇီကျုံးမှာ စကားပြောရန်အချိန်တောင်မရှိဘဲစားသောက်နေခဲ့ သည်။

အရက်နဲ့အစားစာ…..အင်းသူတို့နှစ်ယောက်လုံးက မသောက်ပေ။ညစာစားပြီးနောက် ရေချိုးခန်းထဲတွင်နှစ်ကိုယ်တူကျင့်စဉ်ကိုကျင့်ကြံခဲ့ သည်။ထို့နောက်ဒုတိယထပ်အိပ်ယာပေါ်တွင်  ပူးကပ်တိုးဝှေ့နေခဲ့သည်။

"ဒီနေ့ကိုယ်စပါးတစ်ဧကကျော်နဲ့ဂျုံတစ်ဧက ကျော်စိုက်ခဲ့တယ်၊ ချောင်းတစ်ဖက်ခြမ်းမှာ ကိုယ်တို့ ဘာစိုက်ကြမလဲ?"ဟဲဇီကျုံးကဖန်ဟောင်ပုခုံးလေးကိုဖတ်ထားခဲ့သည်။သူ့ပုခုံးပေါ်ကအရေပြားသည် နူးညံပြီးချောမွေ့သောကြောင့်လွှတ်ရန်ဝန်လေးနေမိသည်။

"အင်း….နေရာလွတ်ထဲကမြူတွေက ထပ်ပြီးထူလာပြန်ပြီ၊ဒါမှမဟုတ်ကျွန်တော်တို့ မဆုံးဖြတ်ခင်နေရာလွတ်အဆင့်မြှင့်တာပြီးအောင် စောင့်သင့်လား?မဟုတ်ရင်နေရာလွတ်အဆင့်မြှင့် ပြီးသွားရင်ထပ်ပြောင်းနေရလိမ့်မယ်"ဖန်ဟောင် အိပ်ချင်မူးတူးဖြင့်ဟဲဇီကျုံးပုခုံးပေါ်မှီလိုက်သည်။ "အနောက်ဘက်မှာလည်းတိရိစ္ဆာန်မွေးမြူဖို့ နေရာရှိသေးတယ်၊ပြီးတော့ဇီကျုံးသူတို့ကြောင့်လှဲသွားတဲ့အပင်တွေကိုလည်းရှင်းရဦးမယ်"အရေအတွက်ကအများကြီးတိုးလာခဲ့သည်။ကြက်ပေါက်လေးတွေလည်းအများကြီးရှိနေပြီးဘဲတွေကလည်းဥထဲကနေပေါက်လာပြီ။

ဖန်ဟောင်အသံကပြောနေရင်းနဲ့တဖြည်းဖြည်းတိုးလာခဲ့သည်။ဟဲဇီကျုံးကခေါင်းကိုငုံ့လိုက်ပြီးဖန်ဟောင်နဖူးလေးကိုညင်ညင်သာသာနမ်းလိုက်သည်။ နေရာလွတ်ကမကြာခင်အဆင့်မြှင်တော့မှာဖြစ်သည်။သွမ့်ဇီစားဖို့အတွက်အဆင့်၂မဏုမြူကျောက်တုံး တစ်ချို့ရအောင်လုပ်ရမည်။နေရာလွတ်အဆင့်မြှင့်တာပြီးအောင်စောင့်ရမည်။အခုချိန်မှာသူတို့အဏုမြူကျောက်တုံးတွေကိုစုဆောင်းရမည်။

နေရာလွတ်သည်အဆင့်၃သို့ဆင့်ကဲပြောင်းလဲပြီး နောက်အဆင့်၃မှာပဲအကြာကြီးရပ်နေခဲ့သည်ကို ဟဲဇီကျုံးခံစားမိသည်။သူတို့နေရာလွတ်ကိုအဆင့်ထက်မြှင့်ချင်ရင်သူတို့အဆင့်၃အဏုမြူကျောက်တုံး ကိုလိုအပ်နိုင်သည်။ဇွန်ဘီတွေကလျင်မြန်စွာဆင့်ကဲ ပြောင်းလဲနေရင်တောင်အဆင့်၃ကိုဆင့်ကဲမပြောင်းလဲမီအချိန်အနည်းငယ်တော့ကြာနိုင်သည်။


အကယ်လို့အဆင့်၃ဇွန်ဘီတစ်ချို့ပေါ်လာပြီဆိုရင် တောင်မလုံလောက်သေးပေ။ယခုအချိန်တွင် အဆင့်၁နှင့်အဆင့်၂အဏုမြူကျောက်တုံး အရေတွက်များများစုဆောင်းရန်နည်းလမ်းတစ်ခု ရှာဖွေဖို့သူတို့လိုအပ်သည်။အခြေစိုက်စခန်းတောင်ဘက်ဂိတ်မှာရှိသည့်ဇွန်ဘီအလောင်းတွေမီးရှို့ရာမှ ရသည့်ပြာတွေကိုမြုပ်နှံထားသည့်ကျင်းတွေကိုသူနှင့်ဖန်ဟောင်သွားစစ်ဆေးခဲ့ပေမဲ့ဘာမှပြောင်းလဲတာ မရှိပေ။ဒီတစ်ခေါက်ဘယ်လောက်လိုအပ်ခဲ့သလဲ ဆိုတာအရ……နောက်တစ်ကြိမ်လိုအပ်မည့် အဏုမြူကျောက်တုံးပမာဏသည်အံ့ဩစရာ ကောင်းလောက်အောင်များလိမ့်မည်။

ထားလိုက်တော့ဘာပဲဖြစ်ဖြစ်မကြာခင်အချိန်တွင်း မှာနေရာလွတ်ကအဆင့်၃ကိုမြှင့်တက်လာလိမ့်မယ်။

အိပ်ယာထပြီးနောက်ပြင်ဆင်ရန် Samsaraအသင်းနဲ့သွားတွေ့ဆုံပြီးယာဉ်တန်းကအနောက်ဘက်သို့ထပ်ဦးတည်ခဲ့ပြန်သည်။

Samsaraအသင်းသည်မနေ့ကကားငါးစီးကိုရောင်းချခဲ့ပြီးအမှတ်အရေတွက်အမြှောက်မြားဖြင့်ဓာက်ဆီများကိုရောင်းဝယ်ခဲ့သည်။။နည်းလမ်းမရှိပေ-ဒီကားများသည်ဓာက်ဆီစားသောကားများဖြစ်သည်။အကယ်လို့ဘေးကင်းလုံခြုံရေးမြှင့်မားသည့်အချက်ကြောင့်သာမဟုတ်ရင်ဒီကားများကိုထိန်းသိမ်းရန် အတွက်အမှတ်အများကြီးသုံးစွဲရတာကိုသူတို့ တွန့်ဆုတ်နေမိလိမ့်မည်။

အဆုံးတွင်ကောပင်းကPredatorကားကိုရောင်းချရန် ဆန္ဒမရှိပေ။ထိုကားသည်လမ်းအတားအဆီးများ ကိုဖြိုဖျက်ရန်အတွက်လက်နက်တစ်ခုဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသည့်ပုံပေါက်သည်။ ရှေ့ကနေလမ်းကိုဖွင့်လိုက်တဲ့အတွက်ကျန်ကား များသည်နောက်ကနေအေးအေးဆေးလိုက်နိုင်ပြီး ဘာမှမလိုအပ်ပေ။

ဟဲဇီကျုံးရဲ့ကားသည် Samsara အသင်းနောက်ကနေလိုက်ခဲ့သည်။အနောက်ဘက်ဂိတ်မှထွက်ခွာပြီးနောက်ကောပင်းနဲ့တခြားသူတွေ ပြောပြခဲ့သည့်စိုက်ပျိုးမြေကိုမြင်လိုက်ရသည်။ အနောက်ဘက်တွင်ရေမြောင်းအပြင်ကမ္ဘာမပျက်ခင်ကဆောင်ခဲ့သောအဆောက်အဦးများ၏အရိပ်ယောင်တောင်မရှိပေ။ယခုအချိန်တွင်ပြန်လည်ဖော်ယူ ထားသောဘောင်မဲ့လယ်မြေအလွတ်များသာရှိသည်။လူများ စွာသည်လယ်မြေအလွတ်များအပေါ်တွင် ကောက်ပဲသီးနှံ့များကိုစိုက်ပျိုးရန်နှင့်လယ်မြေများကိုစီစဉ်ခြင်းဖြင့်အလုပ်ရှုပ်နေကြသည်။

ကမ္ဘာပျက်ပြီးနောက်ပိုင်းတွင်အချို့အပင်များသည် သန္ဓေပြောင်းအပင်များဖြင့်မျိုးရိုးဗီဇပြောင်းလဲသွား သောကြောင့်မျိုစေ့တစ်စေ့အညှောင့်ပေါက်ပြီဆိုတာနဲ့လူတို့သည်အပင်များ၏ဘေးကင်းမူကို ကိုယ်တိုင်ခွဲခြားရန်လိုအပ်သည်။အပင်တစ်ပင်က ညိုးနွမ်းသွားတာဒါမှမဟုတ်သန္ဓေပြောင်းသွားကို တွေ့တာနဲ့တစ်ပြိုင်နက်သူတို့သည်၎င်းတို့ကို ချက်ချင်းဖယ်ထုတ်ပစ်ရန်လိုအပ်သည်။မဟုတ်ရင်ထိုလယ်ဧကတစ်ခုလုံးအသုံးမဝင်ဖြစ်သွားလိမ့်မည်။

ငါးမိနစ်လောက်မောင်းပြီးနောက်စိုက်ပျိုးမြေရဲ့ အဆုံးနားဆီသို့သူတို့ရောက်ရှိလာခဲ့သည်။အင်ဂျင်နီယာအချို့သည်သံဆူးကြိုးများကိုဆွဲကာခြံစည်းရိုး များဆောက်လုပ်နေကြပြီးလယ်ကွင်းဘေးတွင်လည်းမြောင်းများဖောက်နေကြသည်။ယာဉ်တန်းသည် နောက်ဆုံးတံခါးဖွင့်ရန်စောင့်နေခဲ့သည်။လမ်းအပြင်ဘက်တွင်ဇွန်ဘီများ ကြိုးကြိုးကြားကြားရှိနေသည်။လူသားရနံများထွက်လာသည့်သူတို့ရှိရာနေရာသို့ချာခနဲ့လှည့်လာပြီး စုဝေးလာသောအခါအဝေးတစ်နေရာမှာတပ်စွဲထားသည့်စစ်သားများသည်တစ်ကောင်ပြီးတစ်ကောင် ပစ်သတ်လိုက်သည်။

"တော်တော်ကျယ်တဲ့စိုက်ပျိုးမြေပဲ"သူတို့နဲ့ပိုပိုပြီး ဝေးလာသည့်နံရံကိုကြည့်ရင်းဖန်ဟောင်ကသတ်ပြင်းချလိုက်သည်။

"ဘယ်လောက်ရိတ်သိမ်းနိုင်မလဲတော့မသိဘူး" ဟဲဇီကျုံးကပြောနေရင်းနဲ့အပြင်ဘက်က  အုံ့ဆိုင်းညို့မှိုင်းနေသောကောင်းကင်ကိုကြည့်လိုက်သည်။"ရာသီဥတုကသိပ်မကောင်းဘူး၊မိုးရွာတော့မလိုပဲ"

"မိုး?"ဖန်ဟောင်ကစိတ်ရှုပ်ထွေးစွာဖြင့်အပြင်ဘက်ကိုကြည့်လိုက်သည်။ကမ္ဘာပျက်ပြီးကတည်းက ကောင်းကင်ကနေ့တိုင်းဒီလိုမျိုးကြီးပဲမဟုတ်ဘူး လား?ဇီကျုံးကဘယ်လိုဖြစ်ပြီးအဲ့ဒါကိုမိုးရွှာတော့မယ်လို့ပြောနိုင်ရတာလဲ?

ဟဲဇီကျုံးရဲ့ကျီးကန်းပါးစပ်ပြောတာသည်ညနေပိုင်းတွင်အမှန်ဖြစ်လာခဲ့သည်။ထို့အချိန်တွင်လူတစ်စုသည်ရှင်းလင်းပြီးသောလမ်းအနီးရှိကန်တင်းနားတွင်ထိုင်ပြီးအနားယူနေသည်။ အဆင်ပြေရာနေရာသို့ သွားနေသောLiu Zhi နဲ့ Zhao Longတို့သည်မိုးရေထဲတွင်သူတို့ခေါင်းများကိုခါရင်း လမ်းလျှောက်လာခဲ့သည်။"မိုးရွှာနေတာပဲ၊ဒါပေမဲ့ မိုးတော့သိပ်မသည်းဘူး"

ဖန်ဟောင်ရဲ့ကြောင်လိုမျက်လုံးလေးသည်သာမန်ထက်ပိုပြူးနေပြီးကြောင်နနလေးဖြင့်ဟဲဇီကျုံးကို စိုက်ကြည့်နေသည်"ဇီကျုံးကအရမ်းအံ့ဩဖို့ကောင်းတာပဲ"ဒီလိုရာသီဥတုမျိုးထဲမှာမိုးရွှာမယ်ဆိုတာကို တောင်ပြောနိုင်တယ်!!!

ဒီမိုးသည်ထင်သလောက်မရိုးရှင်းပေ။တစ်ခါတည်းနဲ့မိုးတိတ်သွားမှာမဟုတ်ပေ။ကျိုးတိုးကျဲတဲပဲရွှာသည့်မိုးသည်အရမ်းမပြင်းထန်ပေမဲ့စရွှာလိုက်ပြီးဆိုတာနဲ့ နေ့တိုင်းနှီးပါးနှစ်ကြိမ်ဒါမှမဟုတ်ခဏလောက်ရွှာ နေမှာဖြစ်ပြီးမိုးရာသီထက်တောင်ပိုပြီးစိတ်ရှုပ်စရာ ကောင်းသည်။

ကံကောင်းစွာဖြင့်ကမ္ဘာပျက်ကပ်နွေရာသီသည် ကမ္ဘာမပျက်ခင်တုန်းကနွေရာသီလောက်မပူပေ။ ဒါပေမဲ့မိုးမစဲဘဲဒီလိုတိမ်ထူတဲ့နေရက်များသည်လူတွေကိုစိတ်ဓာက်ကျအောင်အမှန်တကယ်ပြုလုပ်နိုင်သည်။

ဒီရာသီဥတုသည်အရင်ဘဝဟဲဇီကျုံးသေတဲ့ စတင်ဘာလအထိမပြောင်းလဲပေ။နေ့တိုင်းမိုးရွှာနေဆဲဖြစ်သည်။နေရောင်မရှိရင်မိုးကဘယ်ဘက်ကနေ အုံဆိုင်းလာသလဲဆိုတာဘယ်သူသိနိုင်မလဲ?

"အဲ့ဒါကမနက်ဖြန်ရဲ့အခြေနေပေါ်မူတည်တယ်၊မိုးကငါတို့ရဲ့မစ်ရှင်ကိုတော့အကျိုးသတ်ရောက်မူ မရှိလောက်ပါဘူး၊ပစ္စည်းတွေကိုရှာတဲ့အချိန်မှာ ဂရုစိုက်ကြတာပေါ့"ကောပင်းကအရမ်းကြီး ဂရုမစိုက်ပေ။ဒါကမိုးရွှာတာလေးတစ်ခုပဲပြဿနာက အဲ့လောက်မကြီးပေ။

"လမ်းမှာရေစိုခံပစ္စည်းတစ်ချို့စုဆောင်းသင့်လား? ငါတို့ရှာနေတဲ့ပစ္စည်းတွေကမျိုးစေ့နဲ့စပါးစေ့တွေဖြစ်တော့ ရေစိုခံပစ္စည်းတွေနဲ့ဆိုမိုးရေစိုလို့ပျက်စီးတာ ကနေတားဆီနိုင်တယ်၊ပြီးတော့ဒီလိုအခြေနေမျိုးမှာ မျိုးစေ့တွေကိုလှမ်းဖို့နေရောင်မရှိဘူး"ဟဲဇီကျုံးက သူ့ကိုသတိပေးလိုက်သည်?အကြံပြုချက်ကိုကြားပြီးနောက်ချန်နင်ကခေါင်းကိုလှည့်လိုက်ပြီးလမ်းတစ် လျှောက်ပလပ်စတစ်မိုးကာလိုပစ္စည်းများကိုစုဆောင်းဖို့အာရုံစိုက်ထားရန်လူတိုင်းကိုပြောလိုက်သည်။

ထိုညတွင်သူတို့အုပ်စုသည်ညဘက်တွင်မြို့ပြင်မှာ ကုန်ဆုံးခဲ့သည်။တစ်ဖက်မှာတော့လူငါးယောက်ပဲရှိသည့်အုပ်စုသည်ကျိုးပဲ့နေသောထရပ်ကားကို မောင်းနှင်ကာမြို့ထဲကယိမ်းထိုးထွက်လာပြီး မိုးရေထဲတွင်ရွှဲရွှဲစိုနေသည်။

ချူးလီလီသည်ထရပ်ကားရှေ့ခန်းရှိခုံသေးသေးလေးတွင်ထိုင်ပြီးခိုက်ခိုက်တုန်နေသည်။နောက်ဆုံးတော့ မြို့ထဲကနေလွတ်မြောက်လာခဲ့ပြီ!!!ကြောက်စရာ ကောင်းလွန်းတယ်!!

အုပ်စုတစ်စုနဲ့အသင်းလေးသင်းပူပေါင်းပြီးဆောင်ရွှတ်ခဲ့သည်။အစတုန်းကကားအစီး၂၀ထက်ပိုပြီး လူအယောက်၁၃၀ကျော်ရှိခဲ့သည်။ဒါပေမဲ့အဆုံးတွင်လူငါးယောက်ပဲအသက်ရှင်လျက်လွတ်မြောက်လာခဲ့တယ်!!!

အထူးသဖြင့်ပြီးခဲ့တဲ့နှစ်ရက်တွင်………ရုံးအဆောက်အအုံအောက်မှာရှိသည့်ကားပါကင်တွင် ရှိသောအချို့ကားများသည်လုံးဝမောင်းလို့မရပေ!!!နောက်တစ်နေ့တွင်ဈေးဝယ်စင်တာမှာကျန်ခဲ့သည့်သူတို့မောင်းလာသောကားနှစ်စီးကိုလုံးဝမောင်းလို့မရနိုင်တော့ကြောင်းအတည်ပြုပြီးနောက် အထပ်အနည်းငယ်လောက်ပြေးခဲ့ရသည်။ နောက်ဆုံးမှသာဈေးဝယ်စင်တာအောက်တွင်ထရပ်ကားတစ်စီးကိုရှာတွေ့ခဲ့သည်။

ထရပ်ကားရှေ့တွင်လူသုံးယောက်ပဲဆန့်ပြီးကျန်လူများသည်အနာက်ဘက်တွင်လိုက်ရသည်။အစော ပိုင်းတွင်ထရပ်ကားရှေ့ခန်းကလူသုံးယောက်သည် ဒရိုင်ဘာ၊အိုက်လွမ်နဲ့ဒုခေါင်းတောင်ရင်တုံးတို့ဖြစ်သည်။အိုက်လွမ်ရဲ့ရည်စားသစ်ဖြစ်သည့်ချူးလီလီ တောင်ကားအရှေ့ခန်းမှာမထိုင်ရပေ။ဒါပေမဲ့နောက်ပိုင်းသူတို့ထွက်ပြေးနေတဲ့လမ်းပေါ်မှာသန္ဓေပြောင်းဇွန်ဘီဖြင့်ကြုံတွေ့ခဲ့ရသည်!!!အရှေ့ဘက်က ဒရိုင်ဘာသည်မတည်ငြိမ်သောကြောင့်လူအများစုက ကားပေါ်ကနေပြုတ်ကျခဲ့သည်!!အကယ်လို့သူမ ကအပင်စွမ်းအင်သာမရှိခဲ့ရင်ပြီးတော့အစောပိုင်းကတည်းကမတော်တဆဖြစ်တာကိုရှောင်ကြဉ်ဖို့ကား နဲ့သူ့မကိုယ်ကိုနွယ်ပင်တွေနဲ့သာတိတ်တဆိတ် မချည်နှောင်ခဲ့ရင်သူမလည်းလွင့်ထွက်သွားနိုင်တယ်!!

အနောက်ဘက်ကလူနှစ်ယောက်သည်လွင့်ထွက် သွားပြီလမ်းမှာတင်ဇွန်ဘီဆီကနေအဖမ်းခံလိုက်ရ ပြီးအစားခံလိုက်ရသည်။နောက်ပိုင်းတွင်သူတို့ အန္တရာယ်ဇုံကနေလွတ်မြောက်ခဲ့ပြီးနောက်မိုးစတင်ရွှာသွန်းခဲ့သည်။ထို့နောက်မှသာရင်တုံးကသူမသည် အမျိုးသမီးတစ်ယောက်ဖြစ်မှန်းသတိရသွားပြီးသူမနဲ့နေရာပြောင်းပေးခဲသည်-သူကဒုခေါင်းဆောင်တစ်ယောက်မလား? 

အကယ်လို့သူမမှာသာတစ်စုံတစ်ခုတကယ်ဖြစ်ပျက်ခဲ့ရင်အိုက်လွမ်ကသူမကိုလက်လွှတ်လိုက်မှာမှန်းသိတယ်!!

အိုက်လွမ်ကမျက်လုံးတစ်ဝက်မှေးထားပြီးသူ့ လက်မောင်းကိုပွတ်လိုက်သည်။ရုတ်တရက်သူ့ ဘေးနားကချူးလီလီကအော်ဟစ်ခဲ့သည်"အခြေစိုက်စခန်း!!ငါအခြေစိုက်စခန်းရဲ့အလင်းရောင်ကို မြင်လိုက်တယ်!!"ထို့နောက်စိတ်မရှည်စွာဖြင့် မျက်လုံးကိုအနည်းငယ်ဖွင့်လိုက်သည်။

အခြေစိုက်စခန်းကသူတို့ရှေ့မှရှိနေတော့ထိုအမျိုးသမီးသည်စိတ်လှုပ်ရှားစွာနဲ့သူ့လက်မောင်းကိုဆွဲပြီး ယမ်းခါနေသည်။အိုက်လွမ်ကမျက်မှောင်ကြုံလိုက်သည်။ရင်တုံးပြောသလိုပဲ ဒီအမျိုးသမီးကမလှလည်းမလှသလိုမနာခံတက်ပေ ပြီးတော့ကမ္ဘာမပျက်ခင်တုန်းကတွေ့ခဲ့တဲ့မိန်းမတွေနဲ့မယှဉ်နိုင်ပေ။

အစကသူသူ့မရဲ့စွမ်းအင်ကိုလိုလားခဲ့သည်။ထိုအပြင် အဲ့ဒီအချိန်တုန်းကအန္တရာယ်ရှိတဲ့အခြေနေဖြစ်ပြီး သူ့အနည်းငယ်စိတ်အပန်းဖြေဖို့လိုအပ်ခဲ့သည်။ အရင်တုန်းကတည်းကသူ့မကိုပွေ့ဖတ်ပေးဖို့တောင်သူငြင်းဆန်ခဲ့သည်။ဒါပေမဲ့ဒီအမျိုးသမီးကတကယ်ကိုစိတ်မကောင်းစရာ….ရုပ်ရည်ကောစိတ်ဓာက် ကော။

မှားယွင်းတဲ့လှုပ်ရှားမူဖြစ်ခဲ့လား?ထိုညတုန်းက သူ့ကဖန်ဟောင်နဲ့စကားပြောလို့ရနိုင်မလားဆိုတာကိုသိချင်လို့သူ့ကံကိုစမ်းရန်အပြင်ထွက်ချင်ခဲ့သည်။ ဒါပေမဲ့အဲ့ဒီအစားဒီလိုအရှုပ်ထုပ်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ….

ကားကအခြေစိုက်စခန်းရဲ့ဂိတ်တွင်ရပ်တန့်သွားခဲ့သည်။၎င်းအားအမြန်စစ်ဆေးရန်စီစဉ်ခဲ့သော်လည်း Overloardအသင်းသားတော်တော်များများသည်ဒဏ်ရာရထားသောကြောင့်အခြေစိုက်စခန်း ဝန်ထမ်းများသည်အချိန်ဆွဲခဲ့သည်။

"မင်းကြတော့သွေးမစစ်ဘဲနဲ့ဝင်လို့ရတယ်?!သူတို့ဘယ်လိုလုပ်ပြီးဝင်သွားတာလဲ?!"ဒရိုင်ဘာက အခြေစိုက်စခန်းဆီသို့ဝင်သွားသောလူဆီသို့ လက်ညိုးထိုးပြခဲ့သည်။

"သူတို့ကဒဏ်ရာမရှိလို့"စစ်ဆေးသူ့ကမိုးစိုတာကိုဦးထုပ်ဖြင့်သုတ်လိုက်သည်။"အထက်ကပေးထားတဲ့ အမိန့်ပဲ၊စစ်ဆေးပြီးနောက်ဘာပြဿနာမှမရှိဘူးဆိုရင်တောင်ဒဏ်ရာရထားတဲ့သူ တွေကအထဲကိုမဝင်ခင်အပြင်ဘက်မှအနည်းဆုံး ခြောက်နာရီလောက်စောင့်ရတယ်!!အဲ့ဒါက သိပ်မကြာပါဘူး၊မင်းမစောင့်နိုင်ဘူးလား?"

"ကောင်းပြီ၊ခဏနေကြရင်တော့ငါတို့အခြေစိုက်စခန်းထဲဝင်လို့ရလိမ့်မယ်"ပြီးခဲ့တဲ့ရက်များရဲ့ပင်ပန်း နွမ်းနယ်မူများကြောင့်အိုက်လွမ်ကဒီအနုတ်စုတ်ဂုတ်စုတ်များနဲ့ငြင်းခုံရန်အားမရှိပေ။"မင်းဒဏ်ရာမရထားဘူးမလားပစ္စည်းတစ်ချို့ယူပြီးအထဲကိုအရင် သွားနှင့်၊ငါတို့ခဏနေလာခဲ့မယ်"

ချူးလီလီသည်အံ့ကြိတ်လိုက်ပြီးအခြေစိုက်စခန်းဂိတ်ဆီသို့လျှောက်သွားခဲ့သည်။



There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment