ဒီနေ့အခြေစိုက်စခန်း၏ပုံစံသည်သူတို့ထွက်သွားတုန်းကနဲ့အတော်လေးကွာခြားနေသည်။Aမြို့အနီးနားမှအသက်ရှင်ကျန်ရစ်သူများပိုရောက်လာသည်။ အခြေစိုက်စခန်းတွင်အဆောက်အအုံများစွာနှင့်လစ်လပ်နေသောနေရာများစွာရှိသော်လည်းဘယ်လောက်ဘဲကြီးနေပါစေလူအားလုံးနေထိုင်ရန်အတွက် နေရာမရှိပေ။
သူတို့ပြန်မရောင်ခင်နှစ်ရက်လောက်ကအခြေစိုက်စခန်းသည်စည်းမျည်းစည်းကမ်းများကိုပြန်လည်ရေးဆွဲခဲ့သည်။နေအိမ်များအားလုံးအိမ်ငှားခပေးဆောင်ရမည်ဖြစ်သည်။အိမ်ခြံမြေများကိုပိုင်ဆိုင်ကြောင်း သက်သေအထောက်အထားပြနိုင်သူများသည် ပေါင်းစည်ခြင်းစီမံခန့်ခွဲမူအခကြေးငွေကိုသာ လစဉ်ပေးဆောင်ရန်လိုအပ်သည်။အိမ်ပိုင်ဆိုင်ကြောင်းသက်သေရှိသူများသည်သူတို့ရဲ့ကိုယ်ပိုင်အိမ်တွင် နေထိုင်နိုင်သည်။အခြေစိုက်စခန်းသို့ဝင်ရောက်သည့်အခါလုံလောက်သောအခကြေးငွေပေးဆောင်သူ များသည်အခြေစိုက်စခန်းကစုပေါင်းနေထိုင်ရန်ခွဲဝေပေးမှာဖြစ်ပြီးထိုလူများသည်ထိုနေရာမှာဆက်လက်နေထိုင်နိုင်ရန်အတွက်သက်မှတ်ထားသောငွေပမာဏ"ငှားရမ်းခ"ကိုပေးရန်လိုအပ်သည်။
ထို့အပြင်ဝင်ရန်လုံလောက်သောအခကြေးငွေမရှိ သောသူများလည်းရှိသေးသည်။{T/N-ဒီနေရာမှာ အခကြေးငွေဆိုတာအစားသောက်ရိက္ခာနဲ့ထောက်ပံရေးပစ္စည်းတွေကိုဆိုလိုတာပါ}ဒါပေမယ့်Aမြို့၏ အခြေစိုက်စခန်းသည်အစကတည်းကစည်းမျည်း စည်းကမ်းနှင့်ဥပဒေများပေါ်အခြေခံထားသော ကြောင့်သူတို့ကမြို့ထဲကဒုက္ခသည်များဝင်ရောက်လာခြင်းကိုမတားဆီးနိုင်ပေ။ထိုလူများသည်နေထိုင်ရန်ယာယီတဲများကိုဆောင်ရန်အပြင်ကနေရာတစ်ခုကိုသာရှာဖွေနိုင်သည်။အခြေစိုက်စခန်းသည် ယာယီနေထိုင်ရန်နေရာတစ်ခုအဖြစ်အသုံးပြုရန် ကျောင်းကိုပြုပြင်ဆောက်လုပ်ခဲ့ပြီးယင်းပြဿနာကို ဖြေရှင်းရန်အတွက်လွတ်နေသောနေရာများတွင် အိမ်ဆောက်ရန်လူများကိုစေလွှတ်ခဲ့သည်။
လူအများပြားသည်စင်္ကြံများ၊တံဆံမြိတ်အောက်စသည့်နှင့်တူသောနေရာများတွင်နေထိုင်ကြသည်။
ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်လမ်းတစ်လျှောက် မောင်းဝင်လာခဲ့သည်။မူလကကျယ်ဝန်းသောလမ်း များသည်စည်ကားလာခဲ့သည်။အမျိုးမျိုးသော ပုံသဏ္ဍန်များပစ္စည်းများဖြင့်ဆောက်ထားသော ယာယီ"အိမ်များကပြည့်နှက်နေသည်။လမ်းမကြီး ပေါ်ရှိကားများအတွက်နေရာလွတ်မှလွဲ၍ခြေကျင်လမ်းလျှောက်သွားလာသူများသည်လမ်းဘေးနှင့် လျောက်လှမ်းပေါ်ရှိအဟကြားထဲလေးများတွင် ခက်ခက်ခဲတိုးဝှေ့ကာသွားလာနေရသည်။
ကမ္ဘာပျက်ကပ်တွင်ပျံကျစျေးသည်များသည် လမ်းများကိုသိမ်းပိုက်ပြီးဆိုင်ခန်းငယ်များဖွင့်တာ ပိုဆိုးလာပေမယ့်အခြေစိုက်စခန်း၏စီမံခန့်ခွဲမူအောက်၌လမ်းမပေါ်တွင်တရားမဝင်အဆောက်အဦးများမရှိပေ။အခြေစိုက်စခန်း၏အထက်အရာရှိများတောင်မှသူတို့ရဲ့မျက်စိကိုပိတ်ထားပြီးအချိန်တစ်ခုတိုင် အောင်သူတို့ကိုလွတ်ထားပေးထားသည်။
အပြင်မှာဘယ်လောက်ဘဲပရမ်းပတာဖြစ်နေပါစေ ဗီလာနှင့်တော့ဘာမှမဆိုင်ပေ။ဗီလာဧရိယာ အနီးနားကလမ်းသို့သူတို့ကားကိုမောင်းသွားသောအခါတရားမဝင်နေထိုင်သူများကိုမတွေ့ခဲ့ပေ။ ဗီလာဧရိယာအပြင်ဘက်တွင်ကင်းလှည့်ရဲများသည်၂၄နာရီစောင့်ကြည့်ပြီးကာကွယ်ထားသည်။သူတို့ နှစ်ဦးသည်ဗီလာဧရိယာအတွင်းသို့ဝင်ရန်အတွက် လုပ်ရိုးလုပ်စဉ်များကိုလုပ်ကိုင်ရန်သူတို့ရဲ့ထောက်ခံစာကိုပြသခဲ့ပေမယ့်ကင်းလှည့်ရဲများသည်အဲ့တာကသက်တမ်းကုန်သွားပြီဖြစ်ကြောင်းပြောကြားခဲ့သည်။အိမ်ထောင်ဦးစီးသည်မူလအိမ်ခြံမြေရုံးသို့သွားရော
က်ပြီးအကြောင်းကြားစာနှင့်အတူသက်ဆိုင်ရာ ထောက်ခံစာအမျိုးမျိုးကိုနှစ်ဆယ့်လေးနာရီအတွင်းသွားရောက်လျှောက်ထားရန်လိုအပ်သည်။
ဟဲဇီကျုံးသည်ထိုသို့သောအခြေနေမျိုးဖြစ်လာမည်ကိုကြိုသိထားသောကြောင့်သူ့ပထမဆုံးဗီလာဧရိ ယာကိုရောက်တုန်းက(စစ်တပ်မရောက်လာခင် ဗီလာတစ်လုံးကိုယူလိုက်တုန်းက)သူလုပ်နိုင်တဲ့ လုပ်ရိုးလုပ်စဉ်(ဗီလာကိုပိုင်ဆိုင်ကြောင်းစာချုပ်စာတမ်းအတု)အကုန်လုံးကိုလုပ်ထားခဲ့သည်။သတိပေးကြော်ညာချက်ကိုယူပြီးတော့အိမ်သို့ပြန်လာခဲ့ပြီး အနားယူရန်သွားခဲ့သည်။နောက်နေ့မနက်ရုံးသွားဖို့ အချိန်အလုံအလောက်ရှိသည်။
ဗီလာဧရိယာမှာရှိတဲ့လမ်းသည်ရှုပ်ပွပြီးလူများပြည့်ကျပ်နေသောအပြင်ဘက်ရှိလမ်းဘေးစျေးလိုမဟုတ်ဘဲတိတ်ဆိတ်ပြီးသန့်ရှင်းနေသည်။ဗီလာဧရိယာကတော့သူတို့ထွက်သွားတုန်းကနဲ့အတူတူဘဲဖြစ် ကာဘာမှမပြောင်းလဲသွားပေ။ကားကိုရပ်လိုက်ပြီး နောက်နှစ်ယောက်သားတင်းတင်းကျပ်ကျပ်ပိတ် ထားသောတံခါးများနှင့်ပြတင်းပေါက်များဘာပြဿနာမှမရှိကြောင်းအတည်ပြုရန်ပြေးဆင်းသွားလိုက်သည်။သူတို့သည်မြေအောက်ခန်းသို့ပြန်သွားခဲ့ပြီး ယခုရက်ပိုင်းအတွင်းဗီလာရဲ့အခြေနေကိုစစ်ဆေးရန်CCTVမှတ်တမ်းကိုဖွင့်လိုက်သည်။
တမြန်နေ့ကမနက်ကစစ်တပ်မှတစ်စုံတစ်ယောက်ကတံခါးဆီသို့လာခဲ့ပေမယ့်ဘယ်သူမှမရှိတာတွေ့လို့စာတိုက်ပုံးထဲတစ်စုံတစ်ခုထည့်သွားတာက လွဲပြီးတခြားအခြေနေများမရှိပေ။
ဗီလာဧရိယာတွင်မတူညီတော့သောအရာတစ်ခုမှာ လွန့်ခဲ့တဲ့ရက်ပိုင်းအတွင်းလူအများအပြားရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။ဗီလာဧရိယာအတွင်းဖြတ်သန်း သွားလာနေသောကားများသည်အရင်တုန်းကထက် သုံးဆလောက်ပိုများလာသည်။
"ကျွန်တော်တို့နေရာလွတ်ထဲဝင်ကြမလား"ဖန်ဟောင်ကဗီဒီယိုထဲမှာဘာမှမထူးခြားကြောင်းအတည်ပြု ပြီးနောက်ဟဲဇီကျုံးကိုမေးလိုက်သည်။
"အင်း"သူတို့နှစ်ယောက်သည်အိပ်ခန်းထဲသို့ဝင်သွားလိုက်ပြီးနေရာလွတ်ထဲသို့ဝင်လိုက်သည်။
သူတို့နှစ်ယောက်နေရာလွတ်ထဲမှာပေါ်လာသောအခါကျည်ဆန်တစ်ခုလိုအဖြူရောင်အလုံးလေးက ဖန်ဟောင်ဆီသို့ပြေးလာပေမယ့်မျက်လုံးလျင်သော ဟဲဇီကျုံးသည်သူ့ရဲ့လက်အကြီးကြီးကိုဆန့်ထုတ်ပြီး သွမ့်ဇီရဲ့လမ်းကြောင်းကိုတာဆီးပြီးဖမ်းလိုက်သည်။
ပြင်းထန်သောအရှိန်ကိုခံစားရင်းဟဲဇီကျုံးသည် သူ့လက်ထဲတွင်ပုံသဏ္ဍန်ပြောင်းသွားသောသွမ့်ဇီကို ဆူခဲ့သည်" ဒီလိုပြင်းထန်တဲ့အရှိန်မျိုးနဲ့လူဆီကို ရုတ်တရက်တဟုန်ထိုးပြေးမလာနဲ့လေ!!!မင်းတိုက်မိရင်ငါတို့ဘယ်လိုလုပ်မလဲ"
သွမ့်ဇီသည်သူ့ပါးပါးစိတ်ဆိုးဒေါသထွက်နေတာကို ခံစားမိပုံပေါ်ပြီးသူ့ရဲ့ကြီးမားရွှန်းစိုနေသောမျက်လုံး ကြီးများကိုပေကလပ်ပေကလပ်လုပ်ပြီးမျက်နှာချို သွေးနေသည်။သူ့ရဲ့ချောချောကျိကျိခန္ဓာကိုယ်လေးကိုရမ်းခါရန်အခွင့်ရေးယူလိုက်ပြီးဟဲဇီကျုံးလက် မောင်းထဲမှာချောထွက်ကာဖန်ဟောင်လက်မောင်းထဲသို့ခုန်ဝင်လိုက်ပြီးပွတ်သပ်နေသည်။
ဖန်ဟောင်ကအပြုံးလေးဖြင့်သွမ့်ဇီရဲ့ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး"ခုနကလိုမျိုးရုတ်တရက်ပြေးထွက်လာတာမျိုးနောက်ကျရင်မလုပ်ရတော့ဘူး၊အိမ်ထဲမှာဘဲငါတို့ကိုစောင့်ရမယ်၊သိပြီးလား"
သွမ့်ဇီကဖန်ဟောင်ဘာပြောလဲဆိုတာကိုဂရုမစိုက် ဘဲဖန်ဟောင်လက်မောင်းကိုပျော်ရွှင်စွာဖြင့်ပွတ်သပ်နေသည်။ဒီနှစ်ရက်အတွင်းအပြင်မထွက်ဖို့ဘယ်သူ ပြောခဲ့တာလဲ၊ဟွန့်။နောက်တစ်ခါကျရင်သူ့လုံးဝ အလျှော့မပေးတော့ဘူး!!!အဖွဲ့ရဲ့အခွင့်အရေးကို ထိန်းသိမ်းသင့်တယ်!!!
ပျော်ရွှင်မြူတူးနေသောသွမ့်ဇီကိုကြည့်ရင်းဟဲဇီကျုံးသည်ဖန်ဟောင်လက်ကိုဆွဲပြီးဝါးအိမ်လေးဆီသို့ သွားခဲ့သည်။
သူတို့ရဲ့ညစ်ပေနေတဲ့အဝတ်စားတွေကိုလှဲပြီးနောက် အဝတ်လျှော်စက်ထဲကိုပစ်ထည့်လိုက်ကာနှစ်ယောက်သားရေပူးစမ်းရေစိမ်ကန်အတွင်းသို့သက်တောင့်သက်သာနဲ့စိမ်နေခဲ့သည်။အပြင်ဘက်ကမ္ဘာတွင် ကောင်းကင်ကြီးသည်မီးခိုရောင်ဖြစ်နေပြိးလေထဲတွင်ဓောက်ငွေ့များကဲ့သို့သောဖုန်မှုန့်မီးခိုမြူများနှင့် ပြည့်နေသည်။အပင်များအားလုံးနီးပါးညိုးနွမ်း သေဆုံးကာကမ္ဘာကြီးတစ်ခုလုံးမီးခိုးရောင်လွှမ်းနေသည်။အပြင်ထွက်ပြီးသူတို့ဘာမှမလုပ်ခဲ့ရင်တောင် တခြားအရာတွေဘာမှမလုပ်ခင်ရေအရင်ချိုးရန် အကြုံပြုထားသည်။
စာနာစိတ်မရှိသောဟဲဇီကျုံးသည်ရေနွေးကန်ထဲသို့ခုန်ဝင်လာသောသွမ့်ဇီကိုနောက်တစ်ခါရေချိုးခန်း တံခါးအပြင်ဘက်သို့ကန်ထုတ်လိုက်ပြန်သည်။သူ့ရဲ့ရွှန်းစိုသောမျက်လုံးများကိုမှိတ်တုတ်မှိတ်တုတ်လုပ် ပြီးမနှစ်မြို့ဖွယ်ကောင်းသောတံခါးကိုစိတ်တိုဝမ်းနည်းစွာဖြင့်စိုက်ကြည့်လိုက်သည်။လွှင့်ပစ်ခံလိုက်ရ ပြီးရင်ဘာလို့အထဲကိုပြန်ဝင်လို့မရတော့တာလဲ။သူတို့နှစ်ယောက်နေရာလွတ်ထဲမှာမရှိတုန်းကဘယ်ချိန်မဆိုနေရာတိုင်းကိုအတားအဆီးမရှိသူသွားလို့ ရနေတာကြီးကို!!!!!
အတွင်းမှတဖြည်းဖြည်းပြောင်းလဲသွားသောအသံ များကိုနားထောင်းရင်းသွမ့်ဇီသည်ခေါင်းငိုက်စိုက် ကြကာအိပ်ခန်းထဲသို့ပြန်ရန်လှေကားကိုတက်လိုက်သည်။{{{သူအကုန်လုံးသိတယ်!!!မားမားနဲ့ပါးပါးက နေရာလွတ်ထဲကိုပြန်လာရင်ရေချိုးခန်းထဲသို့သွား ပြီးအဲ့ဒါကအဆင်ပြေတယ်……….သူတို့ကအကြာကြီးနေမှပြန်ထွက်လာတာ။ထွက်လာပြီးရင် သူတို့ကအိပ်ဖို့ဒုတိယအထပ်ကအိပ်ယာပေါ်ကို သွားရော!!!!
အကယ်လို့ပါးပါးကခဏလောက်မအိပ်ဘဲနေရင် တောင်မားမားကသေချာပေါက်အိမ်ချင်နေတာပြီးရင်သူ့ကသူ့မားမားရဲ့လက်မောင်းပေါ်မှာဘဲအိပ်နိုင် တော့မှာ!}}}
သေချာပေါက်ပင်သူတို့နှစ်ယောက်ရေချိုးခန်းထဲက ထွက်လာသောအခါအိပ်ငိုက်နေသောသွမ့်ဇီသည် နူးညံသောအိပ်ယာကြီးပေါ်တွင်လှဲလျောင်းနေသည်။အရပ်ရှည်သောဟဲဇီကျုံးသည်လက်ချောင်းလေး တွေတောင်မလှုပ်နိုင်တော့သောဖန်ဟောင်ကို ပွေ့ကာဒုတိယထပ်သို့တက်လာသည်။
နှစ်ကိုယ်တူကျင့်ကြံပြီးနောက်အိပ်စက်ခြင်းသည် သူတို့နှစ်ယောက်မနေ့ညကကောင်းကောင်းမအိပ်စက်ခဲ့ရခြင်းကြောင့်ရောပိုလို့တောင်အိပ်လို့ကောင်း သွားသည်။သူတို့နိုးသောအခါအားအင်တွေပြည့်နေ ပြီးလန်းဆန်းတက်ကြွနေသည်။ကိုယ်ခံပညာ လေ့ကျင့်ရာတွင်လည်းတူညီသောအားထုတ်မူဆိုရင်တောင်နှစ်ဆလောက်ရလဒ်ကောင်းနေတယ်လို့ ခံစားရသည်။