no

Font
Theme

ထိုနေရာမှလူများကြားကစကားဝိုင်းသည်ဟဲဇီကျုံးရဲ့မေးခွန်းများကိုဖြေရှင်းပေးခဲ့သည်။

"Oh my Godကားအကောင်းစားကြီးတွေအများ ကြီးဘဲ"

"ဟိုကိုကြည့်လိုက်Lamborghiniဘဲ"

"အဲ့တော့ဘာဖြစ်လဲ၊ဒီလိုအချိန်မျိုးမှာအဲ့လိုပြိုင်ကား အမျိုးအစားကဘာအသုံးဝင်မှာလဲ၊နေခင်းကဟိုလူတွေမောင်းသွားတဲ့Preadatorကကျွဲရိုင်းလိုဘဲ၊ နှမြောလိုက်တာ"

ကြည့်ရတာဒီလူတွေသည်အရင်ကတည်းကဒီဂိုဒေါင်အနီးနားတွင်ရှိခဲ့ပုံပေါ်သည်။

လူတစ်ယောက်သည်အကန့်သတ်နဲ့ထုတ်ထားသည့့် Lamborghiniကားကိုနှစ်ကြိမ်လောက်ပတ်ကြည့်ခဲ့ ပြီးအင်တင်တင်ဖြင့်ကားကိုယ်ထည်ကိုပွတ်သပ်ခဲ့သည်။

"အဲ့လူတွေကဇွန်ဘီအများကြီးကိုရှင်းလင်းနိုင်တဲ့ အရည်ချင်းရှိတယ်"

"ဟမ့်၊လမ်းမှာအဲ့ဇွန်ဘီတွေသာမပိတ်ဆို့ခဲ့ဘူးဆိုရင်သူတို့အဲ့လိုမျိုးကားအကောင်းစားကြီးတွေကိုဘယ်လိုမောင်းထွက်သွားနိုင်မလဲ"သူတို့ထဲကတစ်ယော်ကလက်မခံနိုင်စွာဖြင့်ဒေါသတကြီးပြောလိုက်ပြီး တစ်ဝက်လောက်ဘဲကျန်တော့သည့်ဂိုဒေါင်ကိုစိုက် ကြည့်ခဲ့သည်။

"broသူတို့ဘာအတွက်ဒီနေရာကိုလာတယ်လို့မင်းထင်လဲ"

"ပစ္စည်းတွေယူဖို့ပေါ့သူတို့ဂိုဒေါင်နံပါတ်၅ကိုကောသွားခဲ့သေးတယ်မလား"

"အဲ့ဂိုဒေါင်ထဲမှာဘာရှိလို့လဲ၊အစားစာလား?သောက်စရာလား"

"စကားမစပ်သူတို့ကဘာကနေလာခဲ့တာလဲ"

"ဘယ်သိမလဲသူတို့ကလူတွေလည်းအများကြီးပြီး တော့သေနတ်တွေလည်းရှိတယ်၊…..တစ်နေရာရာ ရဲ့အခြေစိုက်စခန်းကဖြစ်နိုင်တယ်၊ကားမြန်မြန်ရွှေးစမ်းပါရွှေးပြီးရင်အစားစာယူဖို့ပြန်သွားရမယ်"

ဟဲဇီကျုံးသည်အစကသွမ့်ဇီကိုပွေ့ဖတ်ပြီးနေရာလွတ်ထဲသို့ပြန်သွားချင်ခဲ့သည်။ဒါပေမယ့်သူတို့ရဲ့ စကားတွေကြားပြီးနောက်သူတုံဆိုင်းသွားခဲ့သည်။အနီးနားကကားများ၏အကာအကွယ်ဖြင့်သူ့သည် အကျိုးအပဲ့အပျက်အစီးပုံ၏ထောင့်တွင်ပုန်းနေခဲ့ပြီးထိုအုပ်စုစကားပြောဆိုနေတာကိုတိတ်တိတ်လေး နားထောင်ခဲ့သည်။

ဒီလူတွေသည်ကမ္ဘာပျက်ပြီးနောက်သိုလှောင်ရုံနံပါတ်၃တွင်ပိတ်မိနေခဲ့သောအသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြောင်းထွက်ပေါ်လာသည်။ဂိုဒေါင်နံပါတ်၃သည်ဂိုဒေါင်နံပါတ်၃၁လိုမဟုတ်ဘဲနိုင်ငံခြားစားသောက်ကုန်များရှိသည်။အစားသောက်တွေအများကြီးရှိရုံသာမကသောက်စရာလည်းအများကြီးရှိခြင်း ကြောင့်ကကမ္ဘာပျက်ကပ်စတင်ကတည်းကနေ လပေါင်းများစွာသူတို့စားသောက်ရန်လုံလောက်သည်။

ဒါပေမယ့်ဂိုဒေါင်နံပါတ်၃၁၏ပတ်ပတ်လည်တွင်ဇွန်ဘီများစွာရှိနေခြင်းကြောင့်သူတို့အချိန်အကြာကြီး ပိတ်မိနေခဲ့သည်။သူတို့ကဟဲဇီကျုံးနဲ့Samsaraအသင်းကလူတွေရောက်လာပြီးဇွန်ဘီတွေကိုရှင်းလင်းပြီးသည်အထိစောင့်ဆိုင်းနေခဲ့သည်။ထို့နောက်မှသာသူတို့အပြင်ကိုထွက်လာရဲတာဖြစ်သည်။

အစပိုင်းတွင်သူတို့ကSamsaraအသင်းကိုသတင်း မေးချင်ခဲ့ပေမယ့်သူတို့သည်Samsaraအသင်းကလူများ၏သေနတ်များကိုမြင်ခဲ့သည်။သူတို့သည်လူရမ်း ကားတစ်ချို့ဖြစ်နေမှာကိုကြောက်ရွှံ့ကာသတင်း မေးမြန်းမည့်အကြံအစည်ကိုစွန့်လွှတ်လိုက်ပြီးဂိုဒေါင်၃ထဲတွင်သာတိတ်တဆိတ်ပုန်းနေခဲ့သည်။အပြင်သို့ထွက်လာရန်ကောင်းကင်မှောင်မဲနေတာကိုအခွင့်ရေးယူခဲ့ပြီးကားတစ်စီးကိုရှာဖွေခဲ့သည်။

သူတို့အုပ်စုတွင်လူရှစ်ယောက်သာရှိဘဲတော့ကားရှစ်စီးကိုသာမောင်းထုတ်သွားခဲ့သည်။ကောပင်းနဲ့ အခြားသူများသည်ဂိုဒေါင်ထဲကဓာက်ဆီများကိုယူ ဆောင်သွားပြီဖြစ်သောကြောင့်သူတို့သည်ထို့ပြဿနာနဲ့ပတ်သတ်ပြီးသိပ်ဂရုမစိုက်ခဲ့ပေ။အခြားကား များမှဆီများကိုစုပ်ထုတ်ခဲ့ပြီးသူတို့မျက်စိကျသည့်ကားများကိုမောင်းသွားသည်။

အခုမေးခွန်းကသူတို့ဂိုဒေါင်နံပါတ်၃ကိုသွားဦးမှာ လား၊မသွားတော့ဘူးလားဘဲအကယ်လို့ဒီလူတွေ ကားအပြည့်ဖြည့်ခဲ့ရင်တောင်စားစရာတွေအနည်းငယ်လောက်တော့ကျန်နိုင်လောက်တယ်………

ခဏလောက်စဉ်းစားပြီးနောက်ဟဲဇီကျုံးသည်သွား ကြည့်ဖို့ဆုံးဖြတ်ခဲ့သည်။နေရာလွတ်ထဲမှစာရွှတ်တစ်ရွှတ်ကိုထုတ်လိုက်ပြီးစာကြောင်းအနည်းငယ်ကိုချ ရေးလိုက်ကာသွမ့်ဇီကိုပေးလိုက်ပြီးဖန်ဟောင်ဆီသို့ပို့ခိုင်းလိုက်သည်။ထိုအချိန်အတောတွင်းသူသည်ကျန်တဲ့ကားတွေထဲမှနောက်ထပ်ကျည်ကာကား အနည်းငယ်ကိုရွှေးလိုက်ပြီးနေရာလွတ်ထဲသို့ပစ်ထည့်လိုက်သည်။ထိုလူများသည်brandပေါ်မူတည်ပြီး ဘယ်လိုရွှေးယူရမလဲသာသိကာဘယ်ကားကကျည်ကာလားမကာလားဆိုတာမသိပေ။ဟဲဇီကျုံးလိုချင်သည့်ပြုပြင်မွမ်းမံထားသောကျည်ကာကားများအကုန်လုံးကိုတောင်ချန်ထားခဲ့ကြသည်!!

ကျန်နေသောကားများကိုနေရာလွတ်ထဲထည့်ပြီး နောက်ဟဲဇီကျုံးသည်ဂိုဒေါင်ထဲကနေအမြန်ထွက်လိုက်ကာဂိုဒေါင်အနောက်ဘက်ရှိခြံဝင်းနံရံဆီသို့ ပြေးသွားခဲ့သည်။သူ့လေစွမ်အားဖြင့်တက်ခဲ့ပြီးအောက်ကိုခုန်ဆင်းလိုက်သည်။ဒီနေရာကနေဂိုဒေါင်နံပါတ်၃ကိုရောက်ရန်လမ်းဆုံကနေကားမောင်းလာခြင်းထက်လမ်းလျှောက်သွားခြင်းကပိုမြန်သည်။

ဂိုဒေါင်ဧရိယာတစ်ဝိုက်တွင်ကားများတိုက်မိသံများနှင့်လူတွေရဲ့အော်ဟစ်သံများထွက်ပေါ်လာသည်။

နေခင်းဘက်ကဇွန်ဘီများကိုချေမှုန်းခဲ့သောနေရာဂိုဒေါင်၃၁ဂိတ်သို့ထိုကားများဖြတ်မောင်းသွားသောအခါသူတို့သည်လမ်း၏အချို့နေရာမှထွက်ပေါ်လာခဲ့သောကြီးမားသည့်ပုံသဏ္ဍာန်အမဲရောင်ကြီးတစ်ခုဆီသို့ရုတ်တရက်ဆိုက်ရောက်သွားသည်။

ဟဲဇီကျုံးသည်ခဏလောက်ထိတ်လန့်တုန်လှုပ်သွားပြီးသူစိတ်ထဲတွင်ရုတ်တရက်အေးစိမ့်စိမ့်ဖြစ်လာသည်။အဲ့နေရာမှာတစ်ခုခုရှိနေတယ်!!!

တိုက်ပွဲ၏နေရာမှာလမ်းဆုံဖြစ်သည်။ခုနကအုပ်စုတစ်စုံတစ်ခုနဲ့တွေ့ကြုံရင်ဆိုင်နေရပုံပေါ်သည်!!!

ကံကောင်းစွာဖြင့်လမ်းဆုံသည်ဟဲဇီကျုံးရှိနေတဲ့နေရာနဲ့ဝေးနေပြီးသူ့အချိန်အများကြီးရနိုင်သေးသည်။သူ့ဒီအထိရောက်လာပြီဆိုတော့လက်ဗလာနဲ့မပြန်နိုင်ပေ။

ဒုတိယအဆင့်လေစွမ်းအင်နဲ့သူ့မပျံနိုင်သော်လည်းသူ့ခြေလက်တွေပိုမိုပေါ့ပါးသွပ်လတ်အောင်ပြုလုပ်နိုင်သည်။ထိုလူများသည်အနီးနားတွင်အပြင်လူများမရှိတာသေချာသောကြောင့်ဂိုဒေါင်၃ရဲ့ဂိတ်တံခါးကို ပိတ်တောင်မပိတ်ခဲ့ပေ။

ဟဲဇီကျုံးကလျင်မြန်စွာပြေးဝင်လိုက်ပြီးထိုလူအုပ်စုသည်ဂိုဒေါင်ထဲတွင်စောင့်ကြည့်ရန်သည်မည်သူမျှမချန်ထားခဲ့ ကြောင်းအတည်ပြုလိုက်ပြီးနောက်ကွန်တိန်နာများနဲ့ပြည့်နှတ်နေသောခြံဝင်းထဲသို့ပြေးဝင်ခဲ့သည်။

ကွန်တိန်နာအများစုရဲ့တံခါးများသည်ပွင့်နေသည်။ ဓာက်မီးဖြင့်တစ်ချက်ထိုးကြည့်လိုက်တော့အရောင်များစွာဖြင့်အထုပ်များစွာကိုတွေ့လိုက်ရပြီးဘာကိုမှလျင်မြန်စွာခွဲခြားနိုင်ခြင်းမရှိပေ။

"ဘုန်း၊ဝုန်း၊ဝုန်း"လမ်းအပြင်ဘက်ကနေကျယ်လောင်သောအသံများထွက်ပေါ်လာသည်။ဟဲဇီကျုံးရဲ့နှလုံးသားသည်ရုတ်တရက်တင်းကျပ်သွားခဲ့ပြီးခြံဝင်းနံရံအပြင်ဘက်သို့ကြည့်ရန်သူ့ခေါင်းကိုမလှည့်ခင် ဟဲဇီကျုံးသည်ကျံရာကျပန်းကွန်တိန်နာအချို့ကို စုဆောင်းရန်သူ့လက်ကိုဝှေ့ယမ်းခဲ့သည်။

ကြီးမားတဲ့အမဲရောင်အရိပ်သည်သေးငယ်သောမြေဖို့ကုန်းမြင့်တစ်ဖတ်ခြမ်းကနေသူ့ရှိရာနေရာဆီနှေးကွေးစွာရွှေ့လျားလာနေသည်။

ဦးရေးပြားပေါက်ကွဲထွက်မတက်ခံစားချက်များလျှံထွက်လာသည်။ဟဲဇီကျုံးသည်အသက်ကိုပြင်းပြင်းရှုထုတ်ရင်းဖြည်းဖြည်းချင်းချင်းနောက်သို့အနည်းငယ်ဆုတ်ကာနောက်ထပ်ကွန်တိန်နာနှစ်ခုကိုယူလိုက်သည်။သူသည်စွမ်းရည်နဲ့စိတ်စွမ်းအားအလွန်အကျွံသုံးခြင်းကြောင့်အနည်းငယ်မူးဝေနေသည်။ဂိုဒေါင်ခြံဝင်းနံရံဆီသို့ချည်းကပ်လာနေသည့်ကြီးမား သောပုံရိပ်ကြီး၏မျက်နှာကိုသူ့လက်ထဲကဓာက်မီးဖြင့်ထိုးကြည့်လိုက်သည်။ကြောက်မက်ဖွယ်ရာကောင်းသောမြင်ကွင်းသည်ဟဲဇီကျုံးကိုအဆုတ်အပြည့်အသက်ရှုသွင်းအောင်ဖြစ်စေသည်!!!

ထိုအရာကြီးသည်အစကလူရဲ့ရနံကိုခြေရာခံလိုက် နေပေမယ့်၎င်း၏မျက်နှာကိုမီးရောင်ထိုးလိုက်သောအခါ၎င်းသည်ဟိန်းဟောက်ပြီးသူ့ရဲ့လက်နှစ်ဖတ် လုံးကိုမြှောက်ကာခြံဝင်းရဲ့နံရံကိုဖျက်စီးပြီးအထဲဝင်လာခဲ့သည်!!!

ထိုအချိန်တွင်ဟဲဇီကျုံးရဲ့ပုံရိပ်သည်နေရာမှချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီးနေရာလွတ်ထဲသို့ဝင်ခဲ့သည်….

နေရာလွတ်ထဲသို့ပြန်ဝင်လာပြီးခဏကြာသည့်အထိ တောင်ဓာက်မီးဖြင့်အမိအရကြည့်ခဲ့သောနောက်ဆုံး မြင်ကွင်းသည်ဟဲဇီကျုံးကိုရုန်းမထွက်နိုင်အောင်လုပ်နေသည်။အဲ့ဒီမျက်နှာကြီးကဘာကြီးလဲ?ခန္ဓာကိုယ်ကသာမာန်လူတွေထက်တောင်အများကြီးပိုကြီး ပြီးခေါင်းကလည်းအဆပေါင်းများစွာပိုကြီးနေသည်။ အဲ့ဒီခေါင်းကအမှန်တကယ်တော့လူပေါင်းများစွာရဲ့မျက်နှာနဲ့ဖွဲ့စည်းထားတာဖြစ်နေတယ်!!!

ဟဲဇီကျုံးသည်ဒီလိုပုံစံမကောင်းဆိုးဝါးကဘာလဲဆိုတာမသိသော်လည်းသူ့သိချင်နေသေးသည်။မျက်နှာကလူအများကြီးရဲ့မျက်နှာဖြစ်နေပြီးအဲ့ဒီလိုခန္ဓာကိုယ်မျိုးကဘာလိုမျိုးဖြစ်လာတာလဲ?

အဲ့တာကဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ?သူ့အရင်ဘဝတုန်းကဘာကြောင့်မကြားဖူးရတာလဲ?ဒီလို အရာမျိုးနဲ့ကြုံတဲ့လူအများစုကလည်းသေသွားကြ မှာဘဲ……

အနည်းငယ်စိတ်တည်ငြိမ်သွားပြီးနောက်ဟဲဇီကျုံးကမြေအောက်ထပ်ထဲသို့လျှောက်သွားလိုက်ကာ ဒီနေ့ညယူခဲ့သောအရာများကိုစစ်ဆေးလိုက်သည်။

ပြုပြင်မွမ်းမံထားသောကျည်ကာကားများသည်လေထဲတွင်လွင့်မြောနေပြီးဖြတ်သွားသောအခါအလွန်အမင်းဖိနှိပ်မူကိုခံစားခဲ့ရသည်။ဤကားများအပြင်ဟဲဇီကျုံးသည်ကားဂိုဒေါင်ထဲမှာထွက်သောအခါသူ့အရင်ကမောင်းဖူးသောHummerကားကိုလည်းနေရာလွတ်ထဲသို့ပစ်ထည့်ခဲ့သည်-ဒီကားသည်အမှန်တကယ်ပင်အကြမ်းခံနိုင်ပြီးအချိန်အကြာကြီးမောင်းနှင်ခဲ့သည်။နေရာလွတ်ထဲတွင်လည်းနေရာအများကြီးရှိသေးသောကြောင့်သူတို့ ဒီကားကိုအမှတ်တရအနေဖြင့်ချန်ထားနိုင်သည်။

ထို့အပြင်နေရာလွတ်၏မြေအောက်ထပ်တွင်ကြီးမားသောကွန်တိန်နာခြောက်လုံးလည်းမျောလွှင့်နေသည်…………..

ကွန်တိန်နာတွေရဲ့အနေထားကိုလှည့်လိုက်ပြီးသူ့ ရှေ့တွင်အစီအရီစီလိုက်ကာ၎င်းတို့ကိုဖွင့်လိုက်သည်။အစောပိုင်းကသူ့နေရာလွတ်ကိုသွားခဲ့တုန်းက ကြမ်းပြင်ပေါ်တွင်လွှင့်ပစ်ထားသောအမှိုက်တစ်ချို့ ပြန့်ကျဲနေသည်။နေရာတိုင်းတွင်အလွယ်တကူတွေ့နိုင်သောအရာများဖြစ်သည်။ကိုးရီးယားဘီစကစ်၊အမေရိကန်ကော်ဖီ၊ဘယ်ဂျီယံနိုင်ငံထုတ်ချောကလတ်၊ဂျပန်ခေါက်ဆွဲခြောက်ထုတ်နှင့်ထိုင်ဝမ်ငါးခြောက်တို့ဖြစ်သည်။အချို့မှာအစုလိုက်အပုံလိုက်ရှိပြီးအချို့ကနည်းပါးသည်။

ကမ္ဘာပျက်ကပ်မတိုင်ခင်တုန်းကထိုပစ္စည်းများကိုစူပါမားကတ်အမျိုးမျိုးတွင်တွေ့နိုင်ဈေးနှုန်းများသည်အလွန့်မြင့်ကာသာမာန်လူများကိုစိတ်ပျက်စေသည်။စစ်ဆေးပြီးနောက်အများစုမှာသက်တမ်းကုန်ဆုံးခါနီးပြီးကိုတွေ့ရှိခဲ့ပေမယ့်အများကြီးရှိနေသည်……အများစုကိုအဏုမြူကျောက်တုံးနဲ့လဲလှယ်နိုင်သည်။ကျန်တာကိုတော့ဖန်ဟောင်အတွက်အဆာပြေအဖြစ်ချန်ထားရမယ်…

ပါစတာခြောက်ထုပ်ကိုကောက်ကိုင်လိုက်ပြီးဟဲဇီ ကျုံးကပြုံးခဲ့သည်။နောက်ထပ်ပါဝင်ပစ္စည်းတစ်မျိုးတစ်ခုနဲ့ဆိုဖန်ဟောင်သူ့ရဲ့အချက်အပြုတ်ကျွမ်းကျင်မူကိုဆက်လက်ပြသနိုင်သည်။

သွမ့်ဇီသည်သူ့ဘေးတွင်ရုတ်တရက်ပေါ်လာပြီး ဟဲဇီကျုံးဘာကြောင့်နေရာလွတ်ထဲပြန်ရောက်နေသည်ကိုအနည်းငယ်စိတ်ရှုပ်ထွေးနေပုံပေါ်သည်။သွမ့်ဇီသည်သူ့ရဲ့ခန္ဓာကိုယ်လေးကိုစောင်းလိုက်ပြီးသူ့ပတ်ပတ်လည်တွင်ပျံသန်းနေသည်။

"မားမားဆီကိုပြန်သွားရအောင်"ဟဲဇီကျုံးကသွမ့်ဇီကိုဖက်လိုက်ပြီးဖန်ဟောင်ဘေးသို့သူ့ကိုပြန်ခေါ် သွားခိုင်းခဲ့သည်။

"ပြီးသွားပြီလား"လှုပ်ရှားမူအသံကိုကြားလုက်တော့ဖန်ဟောင်ကအမြန်ထလိုက်ပြီးအနောက်ဘက်သို့ ကြည့်လိုက်သည်။အဖြူရောင်နူးညံသောအလုံးလေး သွမ့်ဇီသည်လက်မောင်းထဲသို့ပစ်ဝင်လာသည်။

"အင်းကိုယ်ဆယ့်တစ်စီးစုဆောင်းခဲ့တယ်အကုန်လုံးကကျည်ကာကားတွေကြည့်ဘဲ၊ကိုယ်ကားဂိုဒေါင်ထဲကိုရောက်တော့အရင်ကဂိုဒေါင်၃မှာပိတ်မိနေတဲ့လူတစ်ချို့ကိုကိုယ်မြင်ခဲ့တယ်။နေခင်းဘက်တုန်းကသူတို့ကိုယ်တို့လက်ထဲမှာသေနတ်တွေမြင်လို့ထွက်မလာရဲခဲ့တာတဲ့"ဟဲဇီကျုံးသည်သူ့လက်ထဲကကား သော့များကိုလဲလှယ်လိုက်ပြီးအရှေ့ကကားမောင်းခန်းထဲသို့သွားလိုက်သည်။

"အဲ့လူတွေစီနီယာကိုနှောက်ယှတ်သေးလား" ဖန်ဟောင်ကမေးမြန်းခဲ့ပြီးဟဲဇီကျုံးခန္ဓာကိုယ်ပေါ်တွင်ခြစ်ရာတစ်ခုရှိနေမှာတောင်စိုးရိမ်နေသည့်ပုံဖြင့်စစ်ဆေးခဲ့သည်။

"ဟင့်အင်းသူတို့ကိုယ်ကိုမမြင်ဘူး၊ကိုယ်သူတို့နဲ့ အဝေးမှာပုန်းနေတာ၊ပြီးတော့နံရံကိုကျော်ပြီးဂိုဒေါင်၃ကိုသွားခဲ့တာ"ဟဲဇီကျုံးကရပ်လိုက်ပြီးသူ့အတွေ့အကြုံကိုရှင်းပြခဲ့သည်။

သူ့ကြုံတွေ့ခဲ့ရတဲ့ထူးဆန်းသောမကောင်းဆိုးဝါးအကြောင်းပြောသောအခါဖန်ဟောင်ရဲ့ခေါင်းသည်ထုံကျင်သွားပြီးဟဲဇီကျုံးကိုစိုက်ကြည့်ကာ"နောင်တစ်ခါကျရင်မစွန့်စားနဲ့အဲဒီမှာရှိတဲ့ထူးဆန်းတဲ့အရာကဘာလဲဆိုတာဘယ်သူသိမှာလဲ"

ဟဲဇီကျုံးကပြုံးလိုက်ပြီးနီးကပ်အောင်သူ့လက်မောင်းထဲကိုဆွဲယူလိုက်ပြီးဖန်ဟောင်နောက်ကျောလေးကိုညင်သာစွာပွတ်သပ်ကာ"ကိုယ်သိပါပြီအဲ့တာကဘာလဲဆိုတာကိုယ်သိချင်တော့ကိုယ်တမင်တကာအဲ့ဒီကောင်ကြီးရောက်လာအောင်စောင့်လိုက်တာဘယ်လိုပုံစံရှိလဲဆိုတာမြင်ခဲ့ရတယ်"

ဘာမှမဖြစ်ခဲ့ကြောင်းသေချာပြီးနောက်ဖန်ဟောင်သည်သူ့အရင်ကပြင်ဆင်ခဲ့သောညစာကိုကမ်းပေးလိုက်ပြီးနှစ်ယောက်သားပူနွေးသောရတနာရှစ်မျိုး ယောဂုကိုစားခဲ့သည်။

ထိုညတွင်သူတို့နှစ်ယောက်သည်မနက်ခင်း၂နာရီကနေ၄နာရီအထိကင်းစောင့်ခဲ့သည်။ရံဖန်ရံခါတွင် လူသားအနံရသောဇွန်ဘီအချို့ကိုယာဉ်တန်းနဲ့ အနည်းဆုံး၁၀မီတာမှာကတည်းကသေသွားအောင်ညစောင့်များကပစ်သတ်ခဲ့သည်။

နှစ်ယောက်သားညဘက်တွင်အသံတိုးတိုးဖြင့် စကားပြောခဲ့သည်။ပစ္စည်းများစုဆောင်းပြီးနောက်ဟဲဇီကျုံးနေရာလွတ်ထဲသို့ဝင်ခဲ့တုန်းကနေရာလွတ်ထဲမှာမြူတွေပိုထူလာကြောင်းကိုအတည်ပြုခဲ့ပြီး ထိုကိစ္စကိုဖန်ဟောင်အားတီးတိုးပြောခဲ့သည်။

"ပထမအဆင့်နဲ့ဒုတိယအဆင့်စွမ်းအားကွာခြားချက်ကမနည်းဘူးလို့ကိုယ်ထင်တယ်၊အနည်းဆုံးဆယ်ဆ လောက်ကွာတယ်"

"အဲ့တာဆိုနေရာလွတ်ကိုအဆင့်မြှင့်ချင်တယ်ဆိုရင်အဆင့်၂အဏုမြူကျောက်တုံးပေါ်အဓိကမူတည် တာလား"

"အဆင့်၂အဏုမြူကျောက်တုံးဘဲမဟုတ်ဘူး၊နေရာလွတ်နောက်ထပ်အဆင့်မြှင့်သွားပြီးရင်အဆင့်၁ အဏုမြူကျောက်တုံးရဲ့သက်ရောက်မူပိုနည်းလာမှာကိုကိုယ်စိုးရိမ်တာ၊ပြီးတော့အဲ့အချိန်ကြရင်ဆက်ပြီးအဆင့်မြှင့်တင်ဖို့အဆင့်၃အဏုမြူကျောက်တုံး လိုလာရင်ရော၊အဆင့်၂အဏုမြူကျောက်တုံးကနေရတဲ့စွမ်းအင်တောင်မလုံလောက်တော့ဘဲဖြစ်လာရင်လေ"

"အဆင့်၃အဏုမြူကျောက်တုံး…."ဖန်ဟောင်ကမျက်မှောင်ကြုံလိုက်ပြီး"အဆင့်၃ဇွန်ဘီတွေကပိုကြောက်ဖို့ကောင်းလောက်တယ်……ဒီနေစီနီယာနဲ့တွေ့ခဲ့တဲ့တစ်ကောင်ကအဆင့်၃လို့ထင်လား…"

"မသေချာဘူး၊ဘာဘဲဖြစ်ဖြစ်ကိုယ်အဲ့တာနဲ့မတိုက်ခိုက်ခဲ့ဘူးလေ၊အဲ့ကိစ္စနဲ့ပတ်သက်ပြီးစိုးရိမ်မနေနဲ့၊ကိုယ်ပြောချင်တာကကိုယ်တို့အခုနေရာလွတ်ကိုအဆင့်မြှင့်ဖို့အဆင့်၁အဏုမြူကျောက်တုံးကိုမလိုတော့ဘူး၊အနာဂတ်မှာအဲ့ဒီအဏုမြူကျောက်တုံးတွေရဲ့တန်ဖိုးကတိုးလာနိုင်တယ်၊ဝတ္ထုတွေထဲကလိုမျိုး ငွေကြေးတစ်ခုအနေနဲ့အသုံးပြုလာနိုင်တယ်၊နောက်ပိုင်းကြကိုယ်တို့အဆင့်၁အဏုမြူကျောက်တုံးတွေရရင်အပြင်မှာဒါမှမဟုတ်ဗီလာထဲမှာသိမ်းထားကြမယ်၊နေရာလွတ်ထဲကိုအဲ့ဒီအဆင့်၁အဏုမြူကျောက်တုံးတွေကိုထည့်လိုက်ရင်ခြံတောင်းထဲအစက်တစ်စက်ချသလိုဖြစ်နေလိမ့်မယ်"

"ဟုတ်ကဲ့၊ကျွန်တော်တို့အဆင့်၂အဏုမြူကျောက်တုံးကိုမစုဆောင်းခဲ့ရင်တောင်သွမ့်ဇီကလုပ်လိမ့်မယ်"ပြောနေရင်းနဲ့ဖန်ဟောင်သည်သူ့လက်မောင်းထဲကလွယ်အိတ်ကိုပုတ်လိုက်သည်။အထဲထဲကသွမ့်ဇီသည်နှစ်ကြိမ်လောက်တွန့်လိမ်လိုက်ပြီးဖန်ဟောင်လက်မောင်းထဲတွင်ဆက်မှီရန်သက်တောင်သက်ရှိ သောအနေထားကိုရှာဖွေနေသည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment