no

Font
Theme

ကောပင်းကထိုလူ(ဂိုဒေါင်ထဲကအသားစားတဲ့လူပါ)ပြောသောအခါမတိုက်ခိုက်ခဲ့ပေမယ့်ထိုလူမျက်နှာကိုတော့တက်နှင်းထားခဲ့သည်။ဘယ်လောက်ဘဲသူ့ခက်ခဲခဲရုန်းကန်နေပါစေသူ့မလွတ်မြောက်နိုင်ပေ။ "မင်းကဝက်လားတစ်လအတွင်းမှာတစ်ယောက်တည်းနဲ့လူခုနစ်ယောက်ကိုစားပစ်တယ်"

ရုန်းကန်နေဆဲထိုလူသည်ငိုယိုအော်ဟစ်ကာဖြင့်"မဟုတ်ပါဘူး၊အဲ့လိုမဟုတ်ပါဘူး၊….လူသားစားချင်တယ်လို့သူတို့ကအရင်စပြောတာပါဒီ…ဒီနေရာမှာက စားဖို့အတွက်ဘာမှမရှိတော့…."

ထိုလူကလည်းကံမကောင်းခဲ့ပေ။ကမ္ဘာပျက်ကပ်ဖြစ်သောနေ့သည်သူတို့ကုန်ပစ္စည်းပို့ဆောင်မူတစ်ခုအတွက်စောင့်ဆိုင်းနေသောနေ့ဖြစ်ခဲ့သည်။အရမ်းနောက်ကျနေပြီးသူ့ဠေးရဲ့ကစားစရာလေးကလည်းအတူရှိနေသောကြောင့်သူဌေးကဒီမှာတစ်ညနေဖို့ဆုံးဖြတ်ခဲ့ပြီးမနက်ဖြန်မှာကုန်ပစ္စည်းတွေနဲ့မြို့ကိုပြန်မှာ ဖြစ်သည်။ကမ္ဘာပျက်ကပ်ကရုတ်တရက်ဖြစ်လာမယ်လို့ဘယ်သူသိခဲ့မှာလဲ?ကုန်ပစ္စည်းသယ်ဆောင်ဖို့အတွက်စောင့်နေတဲ့အလုပ်သမားနှစ်ယောက်ကဇွန်ဘီဖြစ်လာခဲ့ပေမယ့်ကံကောင်းစွာဖြင့်အခြားအလုပ်သမားရဲ့အားထုတ်မူကြောင့်သူတို့သတ်နိုင်ခဲ့သည်။

သူတို့ဇွန်ဘီတွေကိုဖြေရှင်းပြီးနောက်အပြင်မှာ ကမ္ဘာကြီးတစ်ခုလုံးပရမ်းပတာဖြစ်နေတာကိုတွေ့ရှိခဲ့ပြီးအရမ်းကြောက်ရွံ့ခဲ့ကြသည်။လူသားစားတဲ့ဇွန်ဘီတွေကနေရာတိုင်းတွင်ရှိသည်။အဖွဲ့လိုက်ဆွေးနွေးပြီးနောက်မြို့တစ်မြို့လုံးကပရမ်းပတာဖြစ်နေလွန်းသဖြင့်သူတို့မထွက်ခင်အခြေနေကိုစောင့်ကြည့်ရန်ဂိုဒေါင်ထဲတွင်ယာယီနေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြသည်။

ဂိုဒေါင်အပြင်ဘက်တွင်လှည့်လည်နေသောဇွန်ဘီ များပိုများလာခဲ့သည်။လူသားတွေရဲ့ရနံသည်ပတ်ပတ်လည်ကဇွန်ဘီတွေကိုဆွဲဆောင်နေခဲ့ပြီးထွက်ခွာရန်ငြင်းဆိုနေခဲ့ကြသည်။အချိန်တစ်ခုလောက်ကြာ ပြီးနောက်သူတို့သည်မည်သည့်အစားအစာကိုမှထွက်မရှာသောကြောင့်သူတို့ရဲ့အစားအစာများပျက်လပ်သွားပြီးသူဌေးရဲ့ကစားစရာလေးကသူ့ဌေးကိုသွေးထိုးခဲ့ပြီးသူ့တို့ရဲ့အာရုံကလူသားအသားဆီသို့ပြောင်းလဲသွားခဲ့သည်။

ထုံစံအတိုင်းသူနဲ့ဆက်ဆံရေးကောင်းသောအမျိုးသမီးသုံးယောက်နဲ့အတူသူတို့လေးယောက်ကလျိုဝှက်စွာဖြင့်အလုပ်သမားများကိုလူစုကွဲစေပြီးသူတို့ကိုတစ်ယောက်ပြီးတစ်ယောက်အနိုင်ယူခဲ့သည်။လူတစ် ယောက်ကိုခေါင်းဖြတ်လိုက်တုန်းကသူ့အပြစ်ရှိတယ်လို့ခံစားခဲ့ရပေမယ့်ဆာလောင်မူနဲ့အသက်ရှင်ချင်တဲ့ဆန္ဒကနတ်ဆိုးရဲ့တီးတိုးသံများကဲ့သို့သူ့ကိုဆက်လက်လုပ်ဆောင်ရန်နိုးဆော်နေခဲ့သည်။

လူခုနှစ်ယောက်ကိုသတ်ပြီးနောက်တရားခံလေး ယောက်သည်စားရန်မဝံရဲပေ။တစ်ခုတည်းသော "သန့်ရှင်း"သည့်အခန်းထဲတွင်နှစ်ရက်လောက်ပုန်း နေခဲ့ပြီးနောက်သူတို့ဆာလောင်မူကြောင့်မထိန်းသိမ်းနိုင်ဘဲကံမကောင်းခဲ့သောသရဲခုနှစ်ကောင်ဆီသို့သူတို့ရဲ့လက်ကိုဆန့်တန်းခဲ့ကြသည်။

"အစားစာ"များစတင်ပုပ်သိုးလာသောအခါသူတို့ရဲ့ "အမှား"ကိုသဘောပေါက်ခဲ့သည်။အခုချိန်မှာသူတို့တွင်လတ်ဆက်မူကိုထိန်းသိမ်းတဲ့အပူချိန်မရှိသော ကြောင့်တစ်ကြိမ်တည်းနဲ့သူတို့အကုန်လုံးကိုမသတ်လိုက်သင့်ပေအခုတော့အကုန်လုံးအတူတူပုပ်သိုး လာသည်……

လူခုနှစ်ယောက်ကိုသတ်ပြီးနောက်ကျန်တဲ့အမျိုးသမီးသုံးယောက်ကိုသက်ရန်မခက်ခဲတော့ပေ။သို့သော်လည်းထိုကဲ့သို့သောသတ်ဖြတ်ခြင်းနှင့်လူသားစားခြင်းရဲ့စိတ်ပိုင်းဆိုင်ရာဖိအားသည်အရမ်းကြီးမားလွန်းပြီးအမျိုးသမီးများကိုတစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်ပြီးချိန်တွင်ထိုအမျိုးသားရဲ့စိတ်ဝိဉာဉ်ကလည်းပျိုလဲသွားခဲ့သည်။အကယ်လို့Samsaraအသင်းကသာဂိုဒေါင်တံခါးကိုမဖွင့်ခဲ့ဘူးဆိုရင်ထိုလူသည်သူ့ရဲ့ကိုယ်ပိုင်အကြောက်တရားကြောင့်ပျက်စီးသွားနိုင်သည်။

ကောပင်း၏မျက်လုံးများတွင်ကြမ်းတမ်းသော ခက်ထန်မူများရောင်ပြန်ဟပ်နေသည်။ဟဲဇီကျုံးနဲ့ဖန်ဟောင်သူ့ဘေးတွင်ရှိနေမှန်းရုတ်တရက်သတိရမိသွားသည်။သူတို့ရှိတဲ့နေရာကိုသူကြည့်လိုက်သောအခါဟဲဇီကျုံးကဖန်ဟောင်ရဲ့ခါးကိုဆွဲလိုက်ပြီး  ဂိုဒေါင်ဂိတ်ကနေဆွဲခေါ်သွားသည်။ကောပင်းဆီကနေရယ်သံတစ်ခုထွက်ပေါ်လာသည်။ဖန်ဟောင်ရဲ့ကြည်လင်သောမျက်လုံးများကိုကြည့်တာနဲ့ ဖန်ဟောင်လိုမျိုးကောင်လေးသည်ဒီလိုအရာတွေနဲ့ အတွေ့အကြုံလုံးဝမရှိခဲ့မှန်းသူ့ပြောနိုင်သည်…..               ဒါပေမယ့်ဟဲဇီကျုံးကတော့…..ခဏလောက်စဉ်စား ပြီးနောက်သူသည်ချန်နင်ကိုမေးစေ့ဖြင့်အမူအရာလုပ်ပြလိုက်သည်။ချန်နင်ကထိုအမျိုးသားရဲ့ကော်လန်ကနေဆွဲကိုင်လိုက်ပြီးခြံဝင်းအတွင်းသို့တရွတ်တိုက် ဆွဲခေါ်ခဲ့သည်။အချိန်ခဏလောက်ကြာပြီးနောက်သူပြန်လာခဲ့သည်။

ဆိပ်ကမ်းအတွင်းပိုင်းသို့ယာဉ်တန်းသည်မောင်းဝင်လာခဲ့သည်။ကားထဲတွင်ဖန်ဟောင်ကခေါင်းကိုငုံကာသူ့လွယ်အိတ်ထဲတွင်ပုန်းနေတဲ့သွမ့်ဇီကိုဖြစ်ညှစ်ကာပြင်းပြင်းထန်ထန်ဆူပြီးတတွတ်တွတ်ပြောနေသည်"မင်းအဲ့တာတွေကိုစားချင်တယ်ဆိုရင်ငါတို့နောက် ပြီးရင်မင်းကိုစီစဉ်ပေးမှာပေါ့နောက်တစ်ခါမင်းဒီလိုမျိုးခိုးထွက်တာကိုခွင့်မပြုဘူးအကယ်လို့ခိုးထွက် လာဉီးမယ်ဆိုရင်မင်းကိုနောက်ပိုင်းကြရင်အပြင်ထွက်ခွင့်မပြုတော့ဘူး!!!"

အနက်ရောင်ခရစ်စတယ်လိုမျိုးကြီးမားရွှန်းလဲ့သောမျက်လုံးကြီးများသည်မျက်တောင်ပုတ်ခတ်ပုတ်ခက်လု်ပနေသည်။

"နေရာလွတ်ထဲမှာရှိနေတဲ့Pvcပိုက်တွေဘယ်ကရ လာတာလဲ"ဟဲဇီကျုံးကကားမောင်းနေရင်းနဲ့မေးခဲ့သည်။

"အို!!ကျွန်တော်ပြောဖို့မေ့သွားတာကျွန်တော်တို့ ဂိုဒေါင်၃၃ကနေထွက်လာခဲ့တုန်းကအဲ့ပစ္စည်းတွေ အနာဂတ်မှာအသုံးဝင်မယ်လို့ထင်လို့ကျွန်တော် နေရာလွတ်အထဲထည့်လာခဲ့တာ"ဇွန်ဘီအကုန်လုံး ကိုခြံဝင်းထဲတွင်ပိတ်ထားခဲ့သည်။ခေါင်မိုးပေါ်ကနေဖန်ဟောင်မဆင်းလာခင်ဂိုဒေါင်ခေါင်မိုးရဲ့ပွင့်နေတဲ့ နေအလင်းရောင်ဝင်ပေါက်ကနေလက်လှမ်းပြီးပိုက်တစ်ချို့ကိုစုဆောင်းခဲ့တာဖြစ်သည်။သူတို့သည်သူတို့နဲ့မလှမ်းမကမ်းမှာရှိသောအရာများကိုလေထဲကနေစုဆောင်းနိုင်သည်။ဖန်ဟောင်ကနေအလင်း ရောင်ဝင်ပေါက်နားကပစ္စည်းတွေကိုသာယူဆောင်ခဲ့ပြီးအဝေးကသူ့ယူလို့မရတဲ့တခြားအရာတွေကိုတော့ချန်ထားခဲ့သည်။

ဟဲဇီကျုံးကရီလိုက်ပြီး"အဲ့တာကအသုံးဝင်ပါတယ်၊သိမ်းထားကြတာပေါ့"အကယ်လို့အနာဂတ်တွင်နေရာလွတ်ထဲမှာသူတို့တစ်ခုခုဆောက်ချင်တယ်ဆိုရင်အဲ့ဒီပိုက်တွေကသေချာပေါက်အသုံးဝင်သည်"

ပွင့်နေတဲ့ကျောပိုးလွယ်အိတ်ကိုဇစ်မပိတ်ခင် ဖန်ဟောင်သည်သွမ့်ဇီရဲ့ဖောင်းအိနေသောပါးနှစ်ဖတ်ကိုအကြိမ်အနည်းငယ်ထပ်ဆွဲခဲ့သည်။အရှေ့ကကားသည်အရှိုန်လျှော့နေပြီးသူတို့ပစ်မှတ်ဖြစ်သည့်ဂိုဒေါင်သို့ရောက်ခါနီးနေပြီ။

လူတိုင်းသည်ကားပေါ်ကဆင်းလိုက်ပြီးဂိုဒေါင်ရဲ့ ဂိတ်အနီးသို့လျင်မြန်စွာလာခဲ့ကြသည်။ဒီဂိုဒေါင်သည်သူတို့ခုနကသွားခဲ့သောတစ်ခုနဲ့မတူပေ။ခြံဝင်းအတွင်းတွင်ကျယ်ဝန်းသောဂိုဒေါင်တစ်ခုရှိနေပြီးတံခါးကိုလျှပ်စစ်စနစ်ဖြင့်သော့ခတ်ထားသည်။

ကောပင်းသည်ခြံဝင်းရဲ့တံခါးကိုဖွင့်ရန်သော့တွဲတစ်ခုကိုထုတ်ယူလိုက်ပြီးနောက်ဂိုဒေါင်ထဲသို့မောင်းဝငင်ခဲ့ကြသည်။

အားလုံးသည်ခြံဝင်းအတွင်းကိုစစ်ဆေးခဲ့ပြီးအထဲတွင်ဘယ်သူ့မှမရှိကြောင်းအတည်ပြုခဲ့သည်။သူတို့က သတ်ပြင်းချကာကောပင်းဂိုဒေါင်တံခါးဖွင့်ဖို့စောင့် နေခဲ့သည်။

ကောပင်းနဲ့တခြားသူများသည်ဂိုဒေါင်တံခါးရဲ့လျိုဝှတ်နံပါတ်ကိုသိပုံပေါ်သည်။ဂိုဒေါင်သည်အခုပါဝါပိတ်ထားသော်လည်းဂိုဒေါင်တွင်လွတ်လပ်သောဓာက်အားထောက်ပံ့မူစနစ်ပါရှိသောကြောင့်၎င်းသည်ဆက်လက်လည်ပတ်နေသည်။ခဏကြာတွင်တံခါးမှ "ဒင်"ဆိုသောအသံတစ်ခုထွက်ပေါ်လာသည်ကောပင်းကသက်ပြင်းတစ်ချက်ချလိုက်ကာ"အိုကေ!!! တံခါးပွင့်သွားပြီ" 

ဂိုဒေါင်ဂိတ်တံခါးကတဖြည်းဖြည်းပွင့်လာခဲ့သည်။ ကြီးမားသောတံခါးနောက်ရှိဂိုဒေါင်ထဲတွင်သစ်သားအနည်းငယ်စုပုံနေသည်။သေတ္တာများ၊လည်သာသေတ္တာများ….

အသင်းထဲကတစ်ယောက်သည်လေချွန်လိုက်သည်"ဒီကပစ္စည်းတွေအကုန်လုံးရှိသေးတယ်"

လူတိုင်းနီးပါးစိတ်လှုပ်ရှားနေကြသည်။ဇွန်ဘီတွေနဲ့တိုက်ခိုက်ရခြင်းသည်ပြီးခဲ့တဲ့ရက်အနည်းငယ်ကခက်ခဲလာခဲ့သည်။အကယ်လို့သူတို့လက်နက်ကိုသုံးနိုင်မယ်ဆိုရင်ဘယ်သူမှဓားနဲ့လဲလှယ်တိုက်ခိုက်ဖို့ဆန္ဒရှိမှာမဟုတ်ဘူး။ထိုဇွန်ဘီများကနံပြီးညစ်ပတ်ကာစိတ်ပျက်ဖို့ကောင်းသည်။အကွာဝေးတစ်ခုကနေလက်နက်တစ်ခုနဲ့တိုက်ခိုက်တာအကောင်းဆုံးဖြစ်သည်။

ဘာမှထပ်မပြောတော့ဘဲကောပင်းသည်အသင်းသားများကိုအထဲသို့ခေါ်သွားပြီးသူတို့သည်သေတ္တာများကိုစတင်ဖွင့်လှစ်ကာအထဲကအရာများကိုစတင်စစ်ဆေးတော့သည်။

အရောင်မျိုးစုံရှိသောလက်နက်များကိုဂိုဒေါင်ထဲတွင်စုပုံထားသည်။အဖျက်စွမ်းအားမြင့်တဲ့လက်နက်တွေ တော့မရှိပေ။အပြင်းထန်ဆုံးမှာစနိုက်ပါရိုင်ဖယ်များ၊လက်ပစ်ဗုံးများနဲ့ဗုံးများသာဖြစ်သည်။ဒုံးကျည်လောင်ချာများကဲ့သို့အစုလိုက်အပြုံလိုက်ဖျက်ဆီးနိုင် သောလက်နက်များမရှိပေ။

လက်နက်မှောင်ခိုသမားတွေတောင်ဒုက္ခအကြီးအကျယ်ဖြစ်စေမယ့်အရာတွေကိုမစုဆောင်းရဲဘူးထင်သည်။

အကြမ်းဖျင်းရေတွက်ပြီးနောက်ကောပင်းသည်ဟဲဇီကျုံးနဲ့ဖန်ဟောင်ကိုဆွေးနွေးရန်ခေါ်လိုက်သည်။"လက်နက်ဂိုဒေါင်နှစ်လုံးရှိတယ်၊မင်းတို့လိုအပ်တာရှိလား၊ဒါမှမဟုတ်လိုချင်တဲ့လက်နက်ရှိလား"

ဟဲဇီကျုံးကရီလိုက်ပြီး"ငါတို့ကမင်းလိုမဟုတ်ဘူး။ကမ္ဘာမပျက်ခင်ကတည်းကငါတို့ကသေနတ်ကိုတစ်ခါမှမထိဖူးတဲ့သာမာန်လူတွေဘဲဒီအရာတွေထဲကတစ်ချို့ကကိုယ်ကိုကာကွယ်ခုခံနိုင်တယ်ဒါပေမယ့်ငါတို့အဆင့်အရမ်းမြင့်တဲ့ဟာတွေတော့မလိုအပ်ဘူး"

ကောပင်းလည်းရီလိုက်ပြီးဟဲဇီကျုံးနဲ့ဆွေးနွေးရန် ချန်နင်အားတောင်းဆိုလိုက်သည်။သူတို့သည်နောက်ပြန်ကန်မူအနိမ်ဆုံးပစ္စတိုမော်ဒယ်တစ်ချို့၊စနိုက်ပါရိုင်ဖယ်၊လက်ပစ်ဗုံးများနှင့်ဖောက်ကွဲရေးပစ္စည်း များကိုရွှေးချယ်ခဲ့သည်။ဤအရာများသည်မူလ        သဘောတူထားသည့်၁၀%ပမာဏသို့မရောက်သေးသော်လည်းကျန်အရာများမှာမလိုအပ်ကြောင်းပြော ကြားခဲ့ပြီးမစ်ရှင်အတွင်းစုဆောင်းခဲ့သောအဏုမြူကျောက်တုံးများကိုအစားထိုးပေးရန်မေးမြန်းခဲ့သည်။



There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment