no

Font
Theme

"အကုန်လုံးထုတ်လို့မှီလိုက်ရဲ့လား?"ဟဲဇီကျုံးက ကားပေါ်တက်လိုက်ပြီးနောက်စစ်ဆေးလိုက်သည်။ကားကတော်တော်လေးခိုင်ခံ့သည်။သူတို့ကားပေါ်ကခုန်ဆင်းပြီးနောက်နွယ်ပင်တွေကြောင့်လေထဲကနေကားကပစ်ချခံခဲ့ရသည်။ကားကပျက်စီးသွားတာဘာမှမရှိပေ။ကားနောက်ခန်းထဲကပစ္စည်းအချို့သာပြောင်းပြန်မှောက်ခုံဖြစ်သွားပေမဲ့ဘာမှကြီးကြီးမားမားပြဿနာမရှိပေ။

"ဟုတ်ကျွန်တော်တစ်ချို့အရာတွေထုတ်ခဲ့တယ်၊ဒီတစ်ခေါက်အချိန်ဘယ်လောက်ကြာမလဲမသိလို့" ဖန်ဟောင်ကအနောက်ကနေရာလွတ်ကိုညွှန်ပြလိုက်သည်။"ရေ၊အစားစာ၊ဆန်နှင့်အစာခြောက်တွေ"

ရေနှစ်ကတ်ကိုရေတွင်းထဲကရေဖြင့်ဖြည့်ထားသည်။ တစ်ကတ်ကတစ်ဝက်သည်သာမာန်ရေသန့်ဖြစ်ပြီးဖွင့်တောင်မဖွင့်ရသေးပေ။၂၀ catty ဆန်တစ်အိတ်၊ အသီးရွက်ခြောက်၊အမဲသားခြောက်၊ငါးခြောက်အစရှိသည်တို့ကိုအနောက်ကအဆင်ပြေသည့်နေရာတွင်ထားလိုက်သည်။

ဟဲဇီကျုံးသည်သူတို့မှာရှိနေသည့်အရာအားလုံးကို မြင်ပြီးပေမဲ့ချဲ့ကားလွန်းသည်တော့မဟုတ်ပေ။ဒီတစ်ခေါက်နေရာလွတ်အဆင့်မြှင့်တာလဝက်လောက် ကြာရင်တောင်သူတို့အဆင်ပြေလိမ့်မည်"အိုကေ၊ အနောက်ထဲမှာထားလိုက်၊နေရာလွတ်ထဲထည့်လို့ရ ပြီဆိုရင်ပြန်ထည့်လိုက်မယ်"

ကားထဲမှာရေအနည်းငယ်နှင့်အစားစာတွေပြင်ဆင်ထားရုံသာမကဗီလာမှာလည်းအရေးပေါ်လိုအပ် လာရင်သုံးဖို့အတွက်အစားစာနဲ့ရေကိုသိုလှောင် ထားသည်။နေရာလွတ်ထဲမှာအဖြူရောင်မြူခိုး တွေထပ်မံပေါ်ပေါက်လာတော့ဖန်ဟောင်သည် နေရာလွတ်မြေအောက်ထပ်တောင့်မှာပစ္စည်းများကိုသပ်သပ်ခွဲထားပြီးပြင်ဆင်ထားခဲ့သည်။နေရာလွတ်ကအဆင့်မြှင့်တော့မယ်လိုသူခံစားလိုက်ရတာနဲ့တစ်ပြိုင်နက်ပစ္စည်းများကိုထုတ်နိုင်သည်။

နေရာလွတ်ထဲကိုမဝင်နိုင်သေးပေမဲ့အချိန်သိပ်မကြာ လောက်ပေ။

ဒီအရာနဲ့ပက်သက်ပြီးတော့သူတို့သိပ်စိတ်မပူပေ။ သွမ့်ဇီနဲ့နေရာလွတ်ကြားထဲတွင်ထူးခြားသော ဆက်သွယ်မှုရှိတာကိုသူတို့နှစ်ယောက်သိသည်။ထို့အပြင်နေရာလွတ်ထဲတွင်သွမ့်ဇီရှိသည်။

"အဲ့ဒီအပင်တွေကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တိုက်ခိုက်တာအရမ်းအသုံးဝင်တယ်နော်?ပြီးခဲ့တဲ့ အခေါက်တုန်းကသာကျွန်တော်တို့ဆီမှာဖောက်ခွဲ ရေးပစ္စည်းတွေရှိခဲ့ရင်သန္ဓေပြောင်းအပင်ကို ရှောင်သွားဖို့မလိုလောက်ဘူး"ဖန်ဟောင်က ရုတ်တရက်ဖြစ်ခဲ့တာတွေကိုသတိရပြီးပြောလိုက်သည်။အရင်တုန်းကဖြစ်ခဲ့တဲ့မကျေနပ်မှုလေးပြန်ပေါ်လာသည်။

ဟဲဇီကျုံးကလည်းခေါင်းညိတ်လိုက်သည်။"အင်းကိုယ်တို့ဒီတစ်ခေါက်ပြန်ရောက်ရင်သွားကြည့်ကြတာ ပေါ့၊အခြေစိုက်စခန်းမှာဖောက်ခွဲရေးပစ္စည်းတွေကို ဝယ်လို့ရမလားဆိုတာပြီးရင်အရန်အနေနဲ့ ဆောင်ထားရမယ်၊အဲ့ဒီပစ္စည်းတွေကတော်တော် လေးအသုံးဝင်တယ်"သူတို့ကဘယ်လိုပဲဖြစ်ဖြစ် အစားသောက်ပျက်လပ်မှာမဟုတ်သောကြောင့် သန္ဓေပြောင်းအပင်များကိုဖောက်ခွဲရန် ဖောက်ခွဲရေးပစ္စည်းတွေအများကြီးရှိနေတာပိုကောင်းသည်။သွမ့်ဇီရဲ့တုံ့ပြန်မှုကိုသုံးသပ်ရသလောက် တော့သန္ဓေပြောင်းအပင်တွေရဲ့ကိုယ်ထည်ထဲမှာလည်းအဏုမြူကျောက်တုံးတွေရှိလောက်သည်။

အချိန်နဲ့အမျှအမျိုးမျိုးသောဇွန်ဘီတွေကအော်ဟစ် ပြီးကားဘေးကနေပြေးလိုက်လာသည်။သန္ဓေ ပြောင်းအပင်၏တိုက်ခိုက်မှုနှင့်ပေါက်ကွဲမှုဒဏ်ကိုခံထားရတာတောင်သူတို့ကားကခိုင်ခံနေဆဲဖြစ်သည်။ဇွန်ဘီတွေဘယ်လိုပဲတိုက်ခိုက်ပါစေထိခိုက်မှုမရှိပေ။ကားရဲ့အသွင်အပြင်ကသူတို့စယူခဲ့တုန်းကနဲ့တော့ နည်းနည်းကွာခြားသွားသည်။

ယာဉ်တန်းကဦးတည်ရာလမ်းဆီသို့တဟုန်ထိုးမောင်းလာခဲ့ပြီးပြပွဲစင်တာနဲ့အကွာအဝေးတစ်ခုမှာ ရပ်တန့်လိုက်ပြီးပြင်းထန်သောပစ်ခတ်မှုဖြင့်ဇွန်ဘီ များကိုစတင်ကိုင်တွယ်လိုက်သည်။တစ်နှာရီခွဲလောက်ကြာပြီးနောက်ပြပွဲစင်တာအနီးနားကဇွန်ဘီတော်တော်များများရှင်းလင်းပစ်ခဲ့သည်။အားလုံးသူတို့ ကားများကိုရပ်လိုက်ပြီးအဏုမြူကျောက်တုံးကို စုဆောင်းရန်သွားသည့်လူအနည်းငယ်မှလွဲ၍ ကျန်လူများသည်စုဝေးပြီးဘယ်လိုဝင်ရမလဲဆိုတာကိုဆွေးနွေးနေကြသည်။ 

အဓိကမေးခွန်းကအထဲမှာရှိနေတဲ့သန္ဓေပြောင်းပင်ကဘာအမျိုးစားလဲဆိုတာဖြစ်သည်။

မြွေကိုက်ခံရမည်နှင့်ကြိုးများကိုကြောက်နေတာလို့ ဒါကိုသက်မှတ်နိုင်သည်။ဘာပဲဖြစ်ဖြစ်လူတိုင်း ဒီလိုမျိုးထူးဆန်းသောတိုက်ပွဲကိုမကြုံတွေ့ဖူးပေ။ အကယ်လို့ဖန်ဟောင်သာအပင်တွေကိုဖောက်ခွဲဖို့ ဖောက်ခွဲရေးပစ္စည်းတွေကိုမသုံးခဲ့ဘူးဆိုရင်လူဆယ်ယောက်တောင်လွတ်မြောက်နိုင်ပေါ့မလားဆိုတာကိုသူတို့စိုးရိမ်မိသည်။လူဆယ်ယောက်ဆိုတာတောင်အကောင်းဘက်ကယူဆခြင်းဖြစ်သည်။

ဒါပေမဲ့အခုချိန်တွင်ဖန်ဟောင်နဲ့ဟဲဇီကျုံးရဲ့ လူလည်ကျနိုင်သည့်လူတွေကလည်းငြိမ်နေသည်။။သူတို့မှာလုပ်နိုင်ရင်တောင်သူတို့ကအခုမှ အခြေနေတစ်ခုကနေလွတ်မြောက်လာတုန်းပဲရှိ သေးသည်။

သူတို့ရဲ့ကားပေါ်မှာဗုံးနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အများကြီးရှိသေးပြီးကောပင်းနဲ့တခြားသူတွေမှာလည်းရှိသည်။

"အဖွဲ့နှစ်ဖွဲ့ခွဲလိုက်မယ်အချိန်မရွှေးဆက်သွယ်လို့ရ အောင်စကားပြောစက်ကိုသုံးမယ်၊ပြီးတော့ ဖောက်ခွဲရေးပစ္စည်းတွေအကုန်ယူသွား"၎င်းကိုဆွေးနွေးပြီးနောက်ကောပင်းကအဖွဲ့ကိုအမိန့်ပေးလိုက်သည်"ဒီတစ်ကြိမ်မှာအဓိကအဖွဲကလမ်းကိုလိုက်ရှာဖို့အထဲကိုသွားပြီးရနိုင်သမျှပစ္စည်းအကုန်လုံးကိုယူ ပြီးရင်ပြန်ဆုတ်ခွာခဲ့အဲ့ဒါအကောင်းဆုံးနည်းပဲ"တိုက်ပွဲစွမ်းရည်များအရဟဲဇီကျုံးနဲ့ဖန်ဟောင်သည် အဓိကတိုက်ခိုက်ရေးသမားများထဲတွင်ပါဝင်ပြီး သူတို့လှုပ်ရှားမှုကအရမ်းမြန်သောကြောင့်ဒီတစ်ခေါက်တွင်နှစ်ယောက်စလုံးအဓိကအဖွဲ့ထဲပါဝင်ရမည်။ 

ဖန်ဟောင်မျက်လုံးထဲကပြတ်သားမှုများကိုမြင် တော့ဟဲဇီကျုံးကခေါင်းညိတ်ပြီးပြောလိုက်သည်"ငါတို့လိုက်နိုင်တယ်"နေရာလွတ်ထဲကိုဝင်သွားလို့မရ သောကြောင့်ဖန်ဟောင်ကသူ့ဘာသာအထဲကိုဝင်ပြီးစွန့်စားဖို့ခွင့်ပြုမှာမဟုတ်ပေ။အထူးသဖြင့် အထဲတွင်သန္ဓေပြောင်းအပင်များရှိနေသောကြောင့် ဖြစ်သည်။

Samsaraအသင်းကလည်း၎င်းကိုဆွေးနွေးခဲ့သည်။ ကောပင်းကအသင်းကိုဦးဆောင်သွားပြီးချန်နင်နဲ့ လုထန်သည်သူတို့ရဲ့နေရာလွတ်ထဲတွင် နေရာများဖယ်ထားပြီးအသင်းနဲ့ပူးပေါင်းဆောင်ရွှတ်ခဲ့သည်။

စုစုပေါင်းလူဆယ်ယောက်သည်အစေ့များကိုရှာရန် အတွက်ပြပွဲစင်တာကိုဝင်လာခဲ့သည်။



There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment