Chapter28
"အားဟောင်မင်းထလို့ရလား"မနက်စောစော နှစ်ယောက်သားအိမ်ယာထဲမှာထိုင်ကာမနက်စာ စားနေကြသည်။မနက်ခင်းစာကဖန်ဟောင်အရင်တုန်းကပြုလုပ်ထားတဲ့ဘန်းမုန့်တွေဖြစ်သည်။အဲဒီ ဘန်းမုန့်တွေကနေရာလွတ်ထဲကနေရတဲ့ခရမ်းချည်သီး၊ ကြက်သွန်နီများ၊အခြားကြွပ်ရွလပ်ဆတ်သော အသီးအရွတ်များများနှင့်ဝတ်ပေါင်ခြောက်တုံးများနဲ့ အစာသွပ်ထားပြီးချိုချဉ်အရသာလေးရနေသည်။ ချိစ့်နဲ့တွဲစားတဲ့လတ်လတ်ဆတ်ဆတ်ဖုတ်ထားတဲ့ ဘန်းမုန့်အရသာကအရမ်းကောင်းသည်။
အဲ့ဒီဘန်းမုန့်တွေကသူ့တို့လက်ထဲရောက်တဲ့အချိန်ထိနွေးနေတုန်းဖြစ်သည်။
ဘန်းမုန့်အပြင်နွားနို့တစ်ခွက်ကိုလည်းအပူပေးခဲ့သည်။နေရာလွတ်ထဲကနွားတွေကအခုချိန်ထိ မကြီးထွားသေးသောကြောင့်သူတို့အရင်က စုဆောင်းထားတဲ့နွားနို့ဘူးတွေကိုသောက်တာဖြစ်သည်။
ဖန်ဟောင်ကအသံမထွက်ဘဲခေါင်းညိတ်ပြလိုက်သည်။သူ့မျက်နှာလေးကနီရဲနေပြီးတော့ အသံတိုးတိုးလေးဖြင့်"ကျွန်တော်တို့ဒီနေ့ ကျောက်စိမ်းဆိုင်ကိုသွားကြမလား"လို့မေးလိုက်သည်။
ဟဲဇီကျုံးကခေါင်းညိတ်လိုက်ပြီး"ကျောက်စိမ်းဆိုင်ကိုအရင်သွားရအောင်၊ပြီးမှအခြေနေကိုကြည့်ပြီး…..ကိုယ်တို့ဇွန်ဘီတွေကိုမီးရှိုတဲ့နေရာကိုတွေ့နိုင်မလားရှာကြည့်ကြတာပေါ့"ဟဲဇီကျုံးကထိုနေရာကို သိသော်လည်းအခုချိန်မှာသူတို့ကထိုနေရာကိုဘဲ အသုံးပြုမလားဆိုတာမသေချာပေ။
"ဇွန်ဘီတွေကိုမီးရှို့တာ"ဖန်ဟောင်က ထိတ်လန့်သွားပြီးသူ့မျက်လုံးကိုပင့်လိုက်ကာ "စီနီယာဆိုလိုတာက…"
ဟဲဇီကျုံးကပြုံးလိုက်ပြီးနေရာလွတ်ထဲကနေရေကိုထုတ်ကာသူ့ကိုပေးလိုက်သည်"အဲ့ဒီ အဏုမြူကျောက်တုံးတွေကမီးမလောင်နိုင်လောက်ဘူး"မီးစွမ်းရည်ရှိတဲ့အဏုမြူကျောက်တုံးတွေကမီးထဲမှာမလောင်ကျွမ်းနိုင်ဘူးဆိုတာကိုသူသိသည်။ အဲ့ဒါကြောင့်သူ့အခြေနေသွားကြည့်ဖို့တွေးလိုက်တာ ဖြစ်သည်။
မနေ့ညကဖန်ဟောင်ရဲ့အသံသည် အနည်းငယ်အသံဝင်နေသည်။နေရာလွတ်ထဲက ရေကိုသောက်ပြီးတော့ဖန်ဟောင်ရဲ့အသံကပိုမို ကောင်းမွန်လာသည်။
မနက်ခင်းစာစားပြီးနောက်နှစ်ယောက်သားအောက်ထပ်ကိုဆင်းသွားခဲ့ပြီးဘေးတံခါးကနေကားဂိုဒေါင်ထဲသို့တိုက်ရိုက်ဝင်သွားခဲ့သည်။
စစ်တပ်ကနေထိုင်သူများကိုအပြင်ထွက်နိုင်သည်လို့ ကြော်ညာထားသော်လည်းအရပ်သားအများစုသည် အပြင်ထွက်ဖို့မဝံရဲသေးပေ။အပြင်ထွက်သူအများစု မှာအိမ်တွင်စားနပ်ရိက္ခာမရှိသူများဖြစ်သည်။ ဗီလာဧရိယာမှာအရင်ကတည်းနေတဲ့ လူကမရှိသလောက်ဖြစ်ပြီး-သူတို့စစ်တပ်နောက်ကနေလိုက်လာတဲ့အချိန်တုန်းကအများစုသည်လမ်းတစ်လျှောက်တွင်အရာအများစုကိုစုဆောင်းခဲ့ကြသည်။
စူပါးမားကတ်ကြီးများ၊စပါးနှင့်ဆီ လက်ကားဆိုင်ကြီးများ၊စပါးကျီအချို့နှင့်ထောက်ပံ့ ရေးပစ္စည်းများသိုလှောင်ထားတဲ့ဂိုဒေါင်များကို စစ်တပ်ကသိမ်းယူထားသောကြောင့်စစ်တပ်က အစားစာနှင့်ဆန်များအတွက်စိုးရိမ်ပူပန်ခြင်းမရှိပေ။
ပြီးတော့ယာယီစခန်းထဲမှာနေထိုင်တဲ့လူများကို အပြင်ထွက်ပြီးပြန့်ကျဲနေသောပစ္စည်းများကို စုဆောင်းရန်လည်းခွင့်ပြုထားသေးသည်။
ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်စောစောထွက်လာခဲ့သည်။
ဗီလာဧရိယာသည်ထိုအကြောင်းကိုအရင်ဆုံးကြားသိရတာဖြစ်သောကြောင့်သူတို့အပြင်သို့မောင်းထွက်လာသောအခါလမ်းပေါ်တွင်ကားမရှိသလောက် ရှားသည်။
နှစ်ယောက်သားလက်ဝတ်ရတနာဆိုင်သို့တိုက်ရိုက် မောင်းသွားလိုက်ပြီးကွဲနေသောပြတင်းပေါက်ထဲမှ ခိုးဝင်ကာလက်ဝတ်ရတနာအားလုံးကိုနေရာလွတ်ထဲသို့ထည့်ပစ်လိုက်သည်။
ကားပေါ်ပြန်တက်လာပြီးနောက်ဖန်ဟောင်သည် ဟဲဇီကျုံးကားမောင်းနေတာကိုကြည့်လိုက်ပြီး "အဲဒါတွေကအဏုမြူကျောက်တုံးတွေနဲ့အတူတူဘဲ"ကျောက်စိမ်းတုံးတွေနေရာလွတ်ထဲကိုဝင်လာပြီး နောက်အပိုင်းတစ်ပိုင်းသည်ရေတွင်းဆီသို့လွှင့်မျှော သွားကာကျန်တစ်ပိုင်းသည်နေရာလွတ်ထဲတွင် လွှင့်မျောနေကာတောက်ပသောအလင်းရောင်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။
အခြားကျောက်စိမ်းဆိုင်သို့မောင်းသွားချိန်တွင် ဖန်ဟောင်၏နှုတ်ခမ်းများသည်တွန့်ကွေးသွားပြီး ပြုံးလိုက်ကာ"ဒါကဇွန်ဘီတွေကိုသတ်တာ ထက်ပိုပြီးထိရောက်တယ်"
ကျောက်စိမ်းနှင့်ကျောက်မျတ်များကိုစုဆောင်းခြင်းသည်ဇွန်ဘီကိုသတ်ရခြင်းထက်ပိုမြန်ဆန်ပြီး လွယ်ကူသည်။စုဆောင်းထားသောအရေတွက်သည် တစ်ကြိမ်တွင်ဇွန်ဘီများကိုဖြည်းဖြည်းချင်း တိုက်ခိုက်ခြင်းထက်များစွာပိုသည်။
၎င်းတို့နှစ်ဦးသည်ယာယီအခြေစိုက်ဘေးကင်းရေး စခန်းကိုပတ်ပြီးမောင်းနှင်ကာလက်ဝတ်ရတနာများ ရှိသည့်နေရာအားလုံးနီးပါးကိုရှင်းလင်းခဲ့သည်။ လမ်းတစ်လျှောက်မှာရှိတဲ့ရှေ့ဟောင်းပစ္စည်းဆိုင် သေးသေးလေးကိုပင်မချန်ခဲ့ပေ။
ကံမကောင်းစွာဖြင့်ထိုပစ္စည်းများကိုနေရာလွတ်ထဲကိုထည့်လိုက်သောအခါဘာတုံ့ပြန်မှုမှမရှိခဲ့ပေ။ ထိုအရာများသည်နေရာလွတ်အတွက်စုဆောင်းရန် စွမ်းအားမရှိခြင်းသို့မဟုတ်အတုတွေဖြစ်နေမှာကို တော့စိုးရိမ်သည်။
အခြားသောအရာများကိုအများကြီးမစုဆောင်းခဲ့ပေ။၎င်းတို့အရင်တစ်ရက်ခရီးစဉ်ကဓာက်ငွေ့နှင့်ကျောက်မီးသွေးကုမ္ပဏီသို့သွားခြင်းဖြစ်ပြီးနေရာလွတ်ထဲတွင်တော်တော်လေးပြည့်နေသည်။ထိုအပြင်ယခင်ကစူပါမားကတ်များမှစုတောင်းထားတဲ့ အိမ်သုံးပစ္စည်းများနှင့်လယ်ကွင်းထဲမှဟင်းသီးဟင်းရွတ်များလည်းရှိသေးသည်။နေရာလွတ်က အခုဂိုဒေါင်တစ်ခုလုဖြစ်နေပြီးသိုလှောင်ဖို့အတွက် နေရာ၄၀%အောက်သာကျန်တော့သည်။
ဟဲဇီကျုံးသည်နေရာလွတ်ထဲကနေရသည့်ထုတ်ကုန်များသိုလှောင်ရန်အတွက်နေရာတစ်စိတ်တစ်ပိုင်းကိုဖယ်ထားရပြီးအနာဂတ်တွင်စုဆောင်းမည့်ပစ္စည်း များအတွက်လည်းနေရာတစ်နေရာကိုလည်း ဖယ်ထားရမည်ဖြစ်သည်။
ရပ်ကွတ်အစွန်းပိုင်းသို့ကားမောင်းလာစဉ်တွင် လုံခြုံရေးဧရိယာတစ်ဝိုက်မှာရှိသည့်မြစ်တစ်လျှောက်တွင်လျှပ်စစ်ဖြန့်ဖြူးပေးသောလျှပ်စစ်ကြိုးများ နှင့်လျှပ်စစ်ဓာက်အားထုတ်ဂျင်နရေတာများကို အဝေးကနေတောင်မြင်နေရသည်။
သူတို့နှစ်ယောက်ဗီလာဧရိယာသို့ပြန်မောင်းလာ သောအခါဂိတ်မှာတာဝန်ထမ်းဆောင်နေသည့် လက်နက်ကိုင်တပ်သားများကိုတွေ့လိုက်ရသည်။ သူတို့၏ယာယီသတ်သေခံကတ်ပြားများကိုစစ်ဆေး ပြီးနောက်မှသာလျှင်အစောင့်တွေကလမ်းဖွင့်ပေးပြီး သူတို့ကိုဝင်ခွင့်ပြုသည်။
ဖန်ဟောင်ကသူ့လျှာကိုထုတ်လိုက်ပြီး"အကယ်လို့ ဒီသတ်သေခံကတ်ပြားမင်းမှာသာမရှိရင်မင်း ကိုယ်ပိုင်အိမ်ကိုတောင်မင်းကိုဝင်ခွင့်ပေးမှာ မဟုတ်ဘူးနော်"
ဟဲဇီကျုံးကပြုံးလိုက်ပြီး"ဗီလာဧရိယာကအိမ်တွေ မှာလက်ဗွေရာစစ်ဆေးမူပြုလုပ်ထားလို့အဆင်ပြေ ပေမယ့်အပြင်ဘတ်ကအဆောက်အဦးတွေကြတော့ ပြောဖို့ခတ်တယ်"အဲ့ဒါကြောင့်အခွင့်အရေးရယူဖို့က အရေးကြီးဆုံးဖြစ်သည်။
အနီးနားကလက်ဝတ်ရတနာနှင့်ကျောက်စိမ်းဆိုင် များကိုသူတို့နှစ်ယောက်သားလှည့်ပတ်သွားပြီးပြီဖြစ်သည်။အချိန်အတိုတွင်းမှာတော့နေရာလွတ်ထဲမှာ အပြောင်းလဲမဖြစ်နိုင်ဘူးလို့ခန့်မှန်းထားသည်။ နှစ်ယောက်သားအိမ်ခန်းထဲသို့ဝင်လိုက်ပြီးနေရာလွတ်ထဲသို့ဝင်သွားကာစားနပ်ရိက္ခာအတွက်နေရာလွတ်ထဲမှာစိုက်ပျိုးထားတဲ့ရင့်မှည့်နေတဲ့အသီးအနှံ့တွေကိုရိတ်သိမ်းလိုက်သည်။
နေရာလွတ်ထဲမှာအသီးအရွတ်တော်တော်များများနှင့်သစ်သီးများကမှည့်နေပြီဖြစ်သည်။သီးနှံ့ရိတ်သိမ်းတဲ့လမ်းတစ်လျှောက်တွင်တွန်းလှည်းနဲ့ခြင်းတောင်းတွေကိုတွန်းလာခဲ့သည်။အရင်ကသူတို့အချို့ စူပါးမားကတ်တွေကိုဖြတ်သွားတုန်းက စျေးဝယ်ခြင်းတောင်းနှင့်တွန်းလှည်းတစ်ချို့ကိုဆွဲယူခဲ့ကြသောကြောင့်အခုတော့အဆင်ပြေသွားသည်။
ရိတ်သိမ်းပြီးနောက်ဟဲဇီကျုံးသည်ban lan gen၊ honeysuckle၊he shou wu၊များကဲ့သို့သောအသုံးများသည့်ဆေးဖတ်ဝင်အပင်များ၏အချို့ကိုထုတ်ပြီးစမ်းစိုက်ကြည့်ခဲ့သည်။ အမှန်မှာတောရိုင်းဟင်းသီးဟင်းရွတ်များစွာသည်လည်းဆေးဖတ်ဝင်အာနိသင်ရှိသည်။ဟဲဇီကျုံးက အဲ့တာနဲ့ပတ်သတ်ပြီးအများကြီးမသိသော်လည်း ကံကောင်းစွာဖြင့်သူ့ဝယ်နိုင်သမျှအရာအားလုံးကို ဝယ်ခဲ့ပြီးနောက်ပိုင်းတွင်သူတို့ဖြည်းဖြည်းချင်း အသုံးပြုနိုင်လောက်သည်။
အစေ့များကိုအပေါ်ထပ်သို့ပြန်ယူနေတုန်းဖန်ဟောင်သည်လက်ထဲတွင်တစ်ခုခုကိုကိုင်ထားပြီး စိတ်လှုပ်ရှားစွာပြေးလာခဲ့သည်"စီနီယာ၊စီနီယာ!! ကြည့်ဦးကျွန်တော်တို့ကြက်တွေအသိုက်လုပ်နေပြီ"
အိမ်နှာကြက်တွေဘဲတွေကိုဝယ်လာတာကြပြီဖြစ်သည်။နေရာလွတ်ထဲမှာကအာဟာရဓာက်များကြွယ်ဝ ပြီးပတ်ဝန်းကျင်ကအလွန်ကောင်းသောကြောင့် ကြီးထွားနှုန်းကအပြင်ကထက်ပိုမြန်သည်။
"အိုး…ဥတွေတောင်ဥနေပြီလား"ဟဲဇီကျုံးသည် အရမ်းပျော်သွားပြီးမြန်မြန်လှမ်းယူလိုက်သည်။ အမှန်တကယ်ပင်ဖန်ဟောင်လက်ထဲမှာအဝါရောင်ကြက်ဥနှစ်လုံးဖြစ်သည်။
တောက်ပသောဓာက်မီးဖြင့်စစ်ဆေးကြည့်ရာ၎င်းတို့အနက်မှတစ်ခုသည်မျိုးအောင်သောကြက်ဥဖြစ်ပြီးကျန်တစ်လုံးကတော့မဟုတ်ပေ။
သာမာန်ကြက်ဥကိုချန်ထားပြီးနှစ်ယောက်သား ကြက်ခြံနှင့်ဘဲခြံဆောက်ရန်အတူတကွလုပ်ဆောင်ခဲ့သည်။ဤနည်းဖြင့်သာကြက်နှင့်ဘဲဥများကိုအခြား မွေးမြူရေးတိရစ္ဆာန်များမတော်တဆနင်းမိခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်သည်။
ဒါနဲ့………….အဲ့တာကိုဘယ်လိုဆောက်သင့်လဲ။ ဘာတွေကိုအသုံးပြုသင့်လဲ၊ဒါမှမဟုတ်ဒီတိုင်းဘဲ လိုက်ကောက်လိုက်သင့်လား။အာစောင့်လိုက်တာပိုကောင်းပါတယ်………
သူတို့နှစ်ယောက်သားဆေးဖတ်ဝင်အပင်များ စိုက်ထားတဲ့နေရာကိုသစ်သားဆိုင်းဘုတ်အသေး လေးတွေနဲ့အမှတ်အသားလုပ်ထားပြီးတိရစ္ဆာန်တွေ မွေးမြူထားသည့်နေရာသို့သွားခဲ့သည်။ကြက်ဥနှင့် ဘဲဥများကိုတွေ့သည့်အကြိမ်တိုင်းသူတို့က တောက်ပသောအလင်းရောင်ရှိတဲ့ဓာက်မီးကိုအသုံး ပြုပြီးထိုဥများသည်မျိုးအောင်ခြင်းရှိမရှိကိုစစ်ဆေးခဲ့သည်။
လှည့်ပတ်သွားလာပြီးနောက်ကြက်ဥလေးလုံး၊ဘဲဥနှစ်လုံး၊ငန်းဥသုံးလုံး၊ခိုဥငါးလုံးနှင့်ငုံးဥလေးလုံးတို့ကို ရိတ်သိမ်းကြသည်။သူတို့ကိုခေါင်းကိုက်စေတာက ငှက်တွေကသူတို့ဥချင်တဲ့နေရာမှာဥတာဖြစ်ပြီး……..လမ်းတစ်လျှောက်တွင်ဥတွေအများကြီးရှိနေပြီးသူတို့တက်နင်းလုနီးပါးဖြစ်ခဲ့သည်။
"ကိစ္စမရှိပါဘူး၊အဲ့ဒါကရတနာရှာရသလိုဘဲ၊ နောက်ပိုင်းမှာကျွန်တော်မနက်တိုင်းလှည့်ပတ်ပြီး တော့စစ်ဆေးလိုက်မယ်"ဖန်ဟောင်ကသူကိုပြုံးပြီး နှစ်သိမ့်လိုက်သည်။
"အားဟောင်ကမနက်ခင်းစာလုပ်ပြီးသွားရင်ကြက်ဥကောက်ချင်တာလား"ဟဲဇီကျုံးကသူ့ခေါင်းလေးကို ပွတ်လိုက်ပြီး"ကိုယ်ကောက်လိုက်မယ်၊မနက်ခင်း အားကစားလုပ်သလိုဖြစ်သွားတာပေါ့"အိမ်အလုပ်ဆိုရင်တောင်သူကိုယ်ဘဲအကုန်လုံးလုပ်ခွင့်မပြုနိုင်ဘူး။ကလေးတွေကအလေ့ထကောင်းတွေရှိလွန်း အားကြီးရင်ပျင်းဖို့ကောင်းသည်။
နှစ်ယောက်သားနေ့တစ်ဝက်လောက်နေရာလွတ်ထဲမှာအေးအေးဆေးဆေးဖြတ်သန်းခဲ့ကြသည်။ ဟဲဇီကျုံးသည်အပြင်ဘတ်ကအခြေနေကိုစစ်ဆေးရန်ညစာမစားမီအပြင်ကိုထွက်လိုက်သည်။
ညမိုးချုပ်ပြီးနောက်အခန်းဖော်ဟဲသည်အရသာရှိ သောအရာကိုမစားဘဲမနေနိုင်ဘဲဆွဲဆောင်မူရှိသောရာဇဝတ်ကောင်လေးကိုနောက်တစ်ကြိမ်တွန်းချပြီး ကျေနပ်စွာစားသောက်ခဲ့သည်။
သူ့လက်များကိုဟဲဇီကျုံးလက်မောင်းတွင် ချိတ်ဆွဲထားပြီးဖန်ဟောင်တစ်ကိုယ်လုံးသည်စွဲမက်ဖွယ်ပန်းရောင်ဖျော့ဖျော့နှင့်ထုံထိုင်းနေသည်။
"ရေ…..ကအရင်ကထက်ပိုပြီးတော့ချိုလာတယ်" နေရာလွတ်ထဲကရေကိုသောက်ပြီးနောက်ခွန်အားတက်ကြွလာသောဖန််ဟောင်သည်သူ့လည်ချောင်းနှင့်ခွန်အားများပြန်လည်မြှင့်တက်လာကြောင်း မှတ်ချက်ပေးခဲ့သည်။
ဟဲဇီကျုံးလည်းတစ်ငုံသောက်လိုက်ပြီးခေါင်းညိတ်ကာ"ဒါကကျောက်စိမ်းတွေနဲ့လက်ဝတ်ရတနာတွေရဲ့အကျိုးသတ်ရောက်မူဖြစ်နိုင်တယ်"
"နောက်ကျရင်ရေတွေကပျားရည်အဖြစ်ပြောင်းသွားမလားဘဲ"ဖန်ဟောင်ကမရီဘဲမနေနိုင်ပေ။အကယ်လို့နေရာလွတ်ထဲကပြောင်းလဲမူတွေကရေတွင်းကို ဘဲသတ်ရောက်မယ်ဆိုရင်ဖြစ်နိုင်လောက်တယ်။
"ပျားရည်လို့ပြောမှ"ဟဲဇီကျုံးကပြုံးပြီးဖန်ဟောင် နဖူးလေးကိုနမ်းလိုက်သည်။"ပျားအုံမှာပျားရည်တွေ ပြည့်နေလောက်ပြီထင်တယ်၊မနက်ဖြန်ရောက်ရင်သွားယူကြရအောင်"
ပျားများသည်ပျားရည်ကိုအလုံအလောက် သိမ်းဆည်းပြီးသည်နှင့်၎င်းတို့သည်အလုပ်မလုပ် တော့ဘဲအနားယူမည်ဖြစ်ပြီးထိုကြောင့်ဟဲဇီကျုံးသည်၎င်းတို့အားလှုံ့ဆော်ရန်အတွက်ပြင်ပအင်အားကို အသုံးပြုရန်လိုအပ်သည်။
"ကာကွယ်အဝတ်စားဝတ်ထားရန်မင်းကိုပျားတုပ်ရင်အစူးစူးမှာမဟုတ်ဘူး"ပျားရည်စုဆောင်းခြင်းသည် ပညာသားပါတဲ့အလုပ်ဖြစ်ပြီးအကယ်လို့ကျရှုံးခဲ့ရင် ထိခိုက်မှာဖြစ်သည်။
"ကံကောင်းတာကတော့ကိုယ်ကာကွယ်ရေးဝတ်စုံ သုံးစုံတောင်ဝယ်ခဲ့တယ်"ဟဲဇီးကျုံးရဲ့ မူလရည်ရွယ်ချက်ကပျက်ဆီးမူများကိုတားဆီးရန်ဖြစ်သော်လည်းယခုအခါ၎င်းတို့နှစ်ဦးအသုံးပြုရန် လုံလောက်နေပြီဖြစ်သည်။
"အိပ်ရအောင်၊ဆယ်နှစ်နာရီတောင်ထိုးတော့မယ်" ဖန်ဟောင်ကအိပ်ယာဘေးကမီးအိမ်ကိုပိတ်လိုက်သည်။နေရာလွတ်ထဲမှာကညမရှိပေ။အဲ့ဒါကြောင့်သူတို့ အနားယူချင်ရင်လိုက်ကာတွေကိုအလုံဆွဲချဖို့သာလိုအပ်သည်။ကံကောင်းစွာဖြင့်လိုက်ကာတွေကထူပြီး အပြင်ကအလင်းရောင်ကိုကာနိုင်သည်။
ဟဲဇီကျုံးသည်အချိန်ကိုကြည့်ရန်အိပ်ယာထဲမှထွက် ပြီးဖုန်းကိုကြည့်လိုက်သောအခါပြသနေသောအချိန်ကိုကြည့်ပြီးကြက်သေသေသွားသည်။
"အားဟောင်"
"ဟမ်"
"ဘယ်နှာနာရီရှိပြီလဲဆိုတာကိုဖုန်းထဲမှာ ကြည့်ပေးဦး"
"အမ်ကြည့်လိုက်ဦးမယ်…12နာရီ"
ဆယ့်နှစ်နာရီကျော်သွားပြီဖြစ်သော်လည်းဟဲဇီကျုံးလုံးဝအဖျားမတက်သေးပေ။ဟဲဇီကျုံးသည်သူ့လက်များကိုငုံ့ကြည့်ကာအနည်းငယ်စိုးရိမ်သွားသည်။
အရင်ဘဝတုန်းကညတိုင်းအဖျားတက်တာ နှစ်ဝက်လောက်ကြာပေမယ့်ဒီဘဝမှာတော့လဝက် လောက်ဘဲကြာတာလား။
သူ့အရင်ဘဝကသူ့မသေခင်မှာနှိုးထခဲ့တဲ့စွမ်းရည်တွေကိုတွေးရင်းသူ့မျက်လုံးတွေကိုဖြည်းညှင်းစွာ မှိတ်လိုက်သည်။
စိမ်းပြာရောင်လေပွေတစ်ခုကသူ့ပတ်ဝန်းကျင်ကို ဗဟိုပြုပြီးအရှိန်ဟုန်ပြင်းပြင်းဖြင့်လှည့်ပတ်သွားကာအနီးနားရှိအရာဝတ္ထုများကိုအနည်းငယ်လှုပ်ရမ်း သွားစေသည်။လေကဖန်ဟောင်ရဲ့ဆံပင်လေးတွေကိုပါတိုက်ခတ်သွားသောကြောင့်သူ့ကိုမျက်လုံးပြူး ပြူးလေးဖြင့်အံ့ဩတကြီးစိုက်ကြည့်နေသည်။
စွမ်းရည်ကသိပ်ကြာကြာမခံဘူး။ဟဲဇီကျုံးမျက်လုံးဖွင့်လိုက်တဲ့အခါလေသည်အရပ်ရပ်သို့ချက်ချင်းပျံ့နှံ့သွားသော်လည်းနူးညံပြီးအန္တရယ်ကင်းသည်။
"လေ၊လေနဲ့ဆက်စပ်နေတဲ့စွမ်းရည်"ဖန်ဟောင်ကစိတ်လှုပ်ရှားစွာဖြင့်ပါးစပ်ကိုဖွင့်ပြီးအော်လိုက်သည်။သူ့မှာစွမ်းရည်ရှိပေမယ့်အန္တရယ်ကင်းပြီးကုသနိုင်တဲ့ စွမ်းရည်သာရှိသည်။သူ၏စွမ်းရည်သည်ဟဲဇီကျုံးကဲ့သို့ကြီးမားသောအကျိုးသတ်ရောက်မူများမရှိခဲ့ပေ။
ဟုတ်ပါတယ်၊အဲ့ဒါကလေစွမ်းအားဘဲ၊ဒါပေမယ့်……
မသေဆုံးမီသူခန္ဓာကိုယ်ပေါ်တွင်ရွှေရောင်ဖျော့ဖျော့အလင်းတန်းပေါ်လာတာကိုတွေးရင်းဟဲဇီကျုံးသည်သူ့လက်မောင်းကိုငုံ့ကြည့်လိုက်သည်…….ရွှေရောင်အလင်းတန်းကထပ်ပေါ်လာတယ်!!သူ့လက်မောင်းပေါ်တွင်ရွှေရောင်အကြည်လွှာလက်အိပ်တစ်ခုလိုဘဲ။
ဟဲဇီကျုံးသည်သူ့လက်များကိုမြှောက်လိုက်ပြီး ပဟေဋိဖြစ်စွာဖြင့်စိုက်ကြည့်နေသည်။အဲ့ဒါက ရွှေရောင်………..မြေကြီးစွမ်းရည်ကကာကီရောင်၊နဲ့အညိုရောင်မှန်းသူသိသည်ဒါပေမယ့်ရွှေရောင်ရဲ့ အဓိပ္ပာယ်ကဘာလဲ
"အဲ့ဒါကရွှေလား"ဖန်ဟောင်ကခေါင်းကိုငုံ့လိုက်ပြီး ကြည့်လိုက်သည်။
ရွှေ?ဟဲဇီကျုံးကကြက်သေသေသွားသည်။သူ့အရင်ဘဝတုန်းကသတ္ထုစွမ်းရည်သည်သတ္ထုဒြပပ်စင်များကိုထိန်းချုပ်နိုင်ကြောင်းကြားသိရသော်လည်း ဒါပေမယ့်အဲ့တာကိုအသုံးပြုတဲ့အခါအမဲရောင်နှင့် မီးခိုရောင်အလင်းတန်းဖြစ်သည်။
လက်ဖဝါးကိုဆန့်တန်းပြီးဟဲဇီကျုံးသည်အအိပ်ယာဘေးကတံမြတ်စည်းကိုကောက်ကိုင်လိုက်သော အခါ"ကလစ်"ဆိုသောကျယ်လောင်တဲ့အသံကြီးထွက်လာသည်။
"အဲ့ဒါကတကယ်ကြီးရွှေဖြစ်မယ်"သူ့ရုတ်တရက် ချိုးမိသွားတဲ့တံမြတ်စည်းကိုကြည့်ရင်းဟဲဇီကျုံးမျကနှာကြီးကမည်းမှောင်သွားသည်။သူ့၏ရွှေစွမ်းရည်သည်အဘယ်ကြောင့်ခွန်အားစွမ်းရည်နဲ့တူပါ သနည်း။ခွန်းအား၏သတ်ရောက်မူသည်သူနှင့် ကွာခြားလွန်းခြင်းကြောင့်သာမဟုတ်ပါကသူတွင် ခွန်းအားစွမ်းရည်ရှိသည်ဟုလွဲမှားစွာထင်မြင်မိပေမည်။
"စွမ်းရည်နှစ်မျိူးဘဲ၊စီနီယာကမိုက်လိုက်တာ" ဖန်ဟောင်ကဟဲဇီကျုံးကိုတလတ်လတ်တောက်ပ နေသောမျကိလုံးများဖြင့်ကြည့်ကာ"စွမ်းရည်နှစ်ခု ပေါင်းရင်ပိုအားကောင်းလာလိမ့်မယ်'
ငါတို့နှစ်ယောက်ထဲကဘယ်သူကပြန်လည်မွေးဖွားလာတာတုန်း၊ဟဲဇီကျုံးသည်သူ၏"ခန္ဓကိုယ်ကာကွယ်မူစွမ်းရည်"ကိုပြန်လည်ရုတ်သိမ်းလိုက်ကာ ဖန်ဟောင်ခေါင်းလေးကိုခေါက်လိုက်ပြီးအိပ်ရန် စောင်ကိုခြုံလိုက်သည်။