"ဆိပ်ကမ်းကိုမနက်ဖြန်ရောက်နိုင်လောက်လား"
"အကယ်လို့လမ်းမှာမတော်တဆတစ်ခုခုမဖြစ်ဘူးဆိုရင်တော့ငါတို့ရောက်လောက်တယ်"ဟဲဇီကျုံးက ရေဘူးကိုယူပြီးတော့ဖန်ဟောင်ကိုပေးလိုက်သည်။အခြားသူများနှင့်အတူအနားယူသောအခါသူတို့ ချက်ပြုတ်ထားသောစွပ်ပြုတ်များကိုမထုတ်ယူနိုင်ဘဲအရင်ကတည်းကပြင်ဆင်ထားခဲ့သောရေတွင်းထဲကရေကိုသာသောက်နိုင်သည်။
"မနက်ဖြန်၁၂နာရီဝန်းကျင်လောက်ရောက်လောက်တယ်"သူတို့ရဲ့အနီးနားမှာထိုင်နေသောSamsaraအသင်းကအဖွဲ့ဝင်သည်သူ့ရဲ့အသင်းဖော်ကိုလက်ညိုးထိုးလိုက်ပြီး"သူ့ကဒီအမြန်လမ်းကနေပစ္စည်းတွေပိုဖူးတယ်"
"ဂိုဒေါင်ကအများအားဖြင့်လူတွေကြိတ်ကြိတ်တိုး နေတက်လား?"ဟဲဇီကျုံးကချောမွေ့စွာပြောလိုက်သည်။
"နည်းတယ်လို့လည်းပြောလို့ရတယ်များတယ်လို့လည်းပြောလို့ရတယ်၊နေ့ခင်းဘက်တွေဆိုလူတွေ အများကြီးရှိတယ်၊ပြီးတော့ညဘက်ကုန်စည်တွေ ရောက်တဲ့အချိန်ကြရင်လည်းအဲ့နေရာမှာလူတွေရှိတယ်၊ဇွန်ဘီဖြစ်သွားတဲ့အဲ့ဒီနေရာဝန်းကျင်ကနေထိုင်သူတွေသာအဲ့နေရာကိုမရောက်သေးသရွှေ့အဆင်ပြေလောက်တယ်၊ကျွန်တော်တို့သွားမည့်နေရာနဲ့ နည်းနည်းဝေးလို့လေ"ပြန်မဖြေခင်ထိုလူကခဏ လောက်စဉ်းစားခဲ့သည်။
"မင်းတို့အရင်ကတစ်ယောက်နဲ့တစ်ယောက်သိကြလား"ဖန်ဟောင်ကပေါ့ပါးပါးမေးမြန်းခဲ့သည်။ကောပင်းကသူတို့အသင်းထဲလူအများစုကစစ်ပြန်တွေဖြစ်တဲ့လို့ပြောခဲ့တာကိုမှတ်မိနေသေးသသည်။
"ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်သိတယ် လေ၊ကျွန်တော်တို့နှစ်ယောက်လုံးကလုံခြုံရေးကုမ္ပဏီတစ်ခုထဲကဘဲ၊ပြီးတော့ကျွန်တော်နဲ့လျိုကျီက ကလေးဘဝထဲကအတူကြီးပြင်းလာတာကမ္ဘာပျက်ကပ်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့နှစ်ယောက်ကအတူရှိနေခဲ့တာ၊ခင်ဗျားတို့ကရော?"
တစ်ယောက်နဲ့တစ်ယောက်ဘေးချင်းကပ်ထိုင်ပြီးရိုးရှင်းစွာစကားစမြည်ပြောနေခဲ့သည်။
Samsaraအသင်းတွင်မိန်းကလေးတစ်ယောက်မှရှိပုံ မပေါ်ဘဲ-အကုန်ပြောပြောရရင်ဟဲဇီကျုံးနှင့်ဖန်ဟောင်တို့အခုချိန်ထိမိန်းကလေးတစ်ယောက်မှမတွေ့သေးပေ။ ကြမ်းတမ်းခက်ထန်သောအမျိုးသားအုပ်စုသည် အတူတကွအနားယူပြီးစကားစမြည်ပြောနေကြပေမယ့်သူတို့ရဲ့ဘယ်ဘက်လက်မှာဝတ်ဆင်ထားတဲ့လက်စွပ်များကိုဘယ်သူမှသတိမထားမိသေးပေ။
ထို့ကြောင့်အားလုံးကနောက်ကျမှအနားယူရန်ပြင်ဆင်ကြပြီးဟဲဇီကျုံးနဲ့ဖန်ဟောင်တို့ဘေးချင်းကပ်အတူတူအိပ်နေကြသည်ကိုမြင်သောအခါအမျိုးသားသည်ညဘက်ကြီးတွင်ဖြူစင်စွာဖြင့်သက်ပြင်းချခဲ့ပြီး"သူတို့ညီအစ်ကိုကြားမှာရှိတဲ့ဆက်ဆံရေးကတော် တော်ကောင်းတာဘဲ"-အမှန်တရားကိုမသိသော ကလေးသည်အရမ်းကိုအားကျနေသည်။
သူ့အိပ်နေချိန်တွင်ဟဲဇီကျုံးသည်သူတို့နှစ်ယောက် နေရာလွတ်ထဲသို့ပြန်ပြီးသစ်သီးခူးနေတယ်လို့အိပ်မက်မက်ခဲ့သည်။သူတို့နှစ်ယောက်ကမက်မွန်ပင်ကြီး တစ်ပင်အောက်တွင်ရပ်နေခဲ့သည်။အပင်ကအရမ်း မြင့်လွန်းပြီးနေရာလွတ်ထဲတွင်လှေကားတစ်ခုရှိ ကြောင်းကိုသူတို့နှစ်ယောက်မေ့နေသည်။သူတို့သည်မက်မွန်သီးနုများကိုဘယ်လိုခူးဆွတ်ရမလဲဆိုတာကိုစိုးရိမ်ရုံသာတက်နိုင်ခဲ့သည်။
ရုတ်တရက်သွမ့်ဇီကဟဲဇီကျုံးခေါင်းပေါ်ကနေခုန်ပြီး မက်မွန်သီးကြီးတစ်လုံးကိုပစ်ဆောင့်လိုက်သသည်။
သူတစ်ကြိမ်စောင့်မိတိုင်းမက်မွန်သီးတွေကချက်ချင်းပျောက်ကွယ်သွားသည်-သွမ့်ဇီအဏုမြူကျောက်တုံးကိုစားလိုက်တဲ့အချိန်လိုမျိုး။
တစ်လုံးပြီးတစ်လုံးနှင့်အပင်တစ်ပင်လုံးသည်သွမ့်ဇီကြောင့်လျင်မြန်စွာကိုက်ဖြတ်ခံလိုက်ရပြီးအရွှတ် တောင်မကျန်တော့ပေ။ဟဲဇီးကျုံးကသွမ့်ဇီကို သွေးအန်ချင်နေသောအကြည့်ဖြင့်ကြည့်လိုက်ပြီး-အစားစားပြီးနောက်အိပ်ပျော်သွားရမှာမဟုတ်ဘူးလား?ဒီတစ်ကြိမ်ကျတော့ဘယ်လိုဖြစ်ပြီးအပင်တစ်ပင်လုံးကသစ်သီးတွေကိုစားပြီးတာတောင်အဆင် ပြေနေသေးတာလဲ?
တစ်စုံတစ်ယောက်ကတစ်စုံတစ်ခုအော်နေတာရုတ်တရက်ကြားလိုက်မှသူအံ့ဩနေသည်….
"ရန်သူတွေတိုက်ခိုက်လာပြီ၊သန္ဓေပြောင်းဇွန်ဘီဘဲ၊ သန္ဓေပြောင်းဇွန်ဘီဘဲ"
အခန်းထဲကလူတွေကချက်ချင်းနိုးလာပြီးညဘက်တွင်ကင်းစောင့်နေသောသူနှစ်ယော်ကသည်အခန်း အပြင်ဘက်သို့ပြေးထွက်သွားသည်။
"ဟိုဘက်မှာ"
ဟဲဇီကျုံးနဲ့ဖန်ဟောင်တို့ရောက်သွားသောအခါ သာမာန်ဇွန်ဘီထက်သုံးဆလောက်ပိုသန်မာသော သန္ဓေပြောင်းဇွန်ဘီတစ်ကောင်ကိုသူတို့တွေ့လိုက်ရ ပြီးကင်းစောင့်တာဝန်ကျတဲ့လူရဲ့လက်မောင်းတစ်ဖက်ကိုဆွဲဖြုတ်ပြီးသူ့ပါးစပ်ထဲကိုထည့်နေသည်။
"ဘန်း"ခနဲအသံကြီးဖြင့်အခန်းထဲသို့တဟုန်ထိုးပြေးဝင်လာခဲ့သူသည်သူ့သေနတ်ဖြင့်အရင်ဆုံးပစ်ခဲ့ပြီး ဇွန်ဘီလက်မောင်းကိုထိသွားတာသေချာပေမယ့် မီးပွားအနည်းငယ်သာထွက်လာပြီး၄◌င်းလှုပ်ရှားမူကိုသာတန့်သွားစေခဲ့သည်။
မာကျောသောအရေပြား!!!ခွန်အားဇွန်ဘီရဲ့ လက္ခဏာရပ်တစ်ခုဘဲ!!!
စွမ်းအားတိုင်းတွင်မတူညီသောပြောင်းလဲမူအမျိုး မျိုးရှိပြီးထိုကဲ့သို့သောပြောင်းလဲမူများသည်ဇွန်ဘီ များတွင်ပိုသိသာသည်။ဇွန်ဘီများသည်ဉာဏ်ရည်နိမ့်သောကြောင့်သူတို့သည်အချို့သောစွမ်းရည်လမ်း ကြောင့်းတစ်ခုကိုမကြာခဏဆင့်ကဲပြောင်းလဲကြခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ဥပမာအားဖြင့်ခွန်အား စွမ်းအားရှင်ဇွန်ဘီများသည်အခြေခံအားဖြင့်ပိုမို ကြမ်းတမ်းခက်ထန်လာပြီးအရေပြားတွေလည်း မာကျောလာကာခွန်အားလည်းတိုးလာကြသည်။ နှိုင်းယှဉ်ကြည့်လျှင်လူသားများသည်သူတို့၏ လက်သီးကိုမာကျောစေခြင်းကဲ့သို့သောအဆင်ပြေသည့်ပြင်ဆင်ချက်များကိုသာရွှေးချယ်ပြုလုပ်နိုင်သည်။
ထိုဇွန်ဘီ၏ထူးခြားသောပင်ကိုလက္ခဏာသည် အရမ်းကိုမြင်မားပြီးတနည်းအားဖြင့်ကျည်ဆံများဖြင့်တားဆီးရန်မဖြစ်နိုင်ပေ။
ဟဲဇီကျုံးကထိုအချက်ကိုရှင်းရှင်းလင်းပြောပြလိုပြီး "ဇွန်ဘီရဲ့အားနည်းချက်ကိုရှာဖို့တခြားနေရာတွေကို တိုက်ခိုက်ပြီးစမ်းကြည့်!!!"
ဘယ်သူကပြောလိုက်မှန်းဘယ်သူမှမသိသော်လည်း သတိပေးသူမှာရှင်းလင်းသည်။Samsaraအသင်းက ခွန်အားစွမ်းအားရှင်သည်ဦးဆောင်ပြီးတဟုန်ထိုး ပြေးသွားသည်။သူ့လက်ထဲကမီးဖိုချောင်သုံးဓားကြီး ကြီးဖြင့်ဇွန်ဘီရဲ့လည်ပင်းကိုအားပြင်းပြင်းဖြင့် ခုတ်ချလိုက်ပေမယ့်ဦးရေပြားတုန်ခါစေတဲ့"ကလစ်"ဆိုသောအသံသာထွက်ပေါ်လာသည်။
"ဓားကြီးကလိမ်သွားပြီ!!!"ထိုအမျိုးသားကအော်ဟစ်လိုက်ပြီးဇွန်ဘီပါးစပ်ထဲသို့ရောက်လုနီးပါးဖြစ်သွားသောသူ့အသင်းဖော်ကိုဆွဲလိုက်ပြီးကယ်တင်ရန်ဇွန်ဘီ၏လက်သည်းများကိုဖယ်ရှားနေသည်။
"လက်ဆစ်နဲ့ချိုင်းကြား!!"ကောပင်းရဲ့စကားများ ထွက်လာသည်နဲ့တစ်ပြိုင်နက်ခွန်အားစွမ်းအားရှင်သည်ဇွန်ဘီ ဆီမှလွှင့်ထွက်လာသည်။တစ်ချိန်တည်း မှာပင်မီးလုံးကြီးတစ်လုံးသည်ဇွန်ဘီရဲ့ရင်ဘက်ဆီသို့ပစ်ဝင်လာခဲ့သည်။ဇွန်ဘီသည်ကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်းအကျိုးသက်ရောက်မူ လုံးဝမရှိပေ။
မီးလုံးတိုက်ခိုက်မူသည်ဇွန်ဘီရင်ဘက်ရဲ့အမဲရောင် အရေပြားလွှာကိုသာလောင်ကျွမ်းခဲ့ပြီးဒေါသထွက် နေသောဇွန်ဘီသည်ရုတ်တရက်ထိုလူကိုဆောင့်ဆွဲလိုက်ပြီးမြေကြီးပေါ်သို့လွှင့်ပစ်လိုက်သည်။
အပြာရောင်အလင်းတန်းလေးသည်ရုတ်တရက်ပေါ်ထွက်လာပြီးဓားသွားအားရွှေရောင်အလင်းတန်းဖြင့် တွဲဖက်ကာ"ဖုတ်"ခနဲသန္ဓေပြောင်းဇွန်ဘီရဲ့ လက်မောင်းကိုသုံးပုံတစ်ပုံဖြတ်တောက်ပစ်လိုက်သည်။
သက်ရောက်မူရှိတယ်!!!
ဟဲဇီကျုံးသည်သူ့ခြေထောက်အောက်တွင်လေစွမ်းအားကိုစုစည်းလိုက်ပြီးအလင်းတစ်ချက်ပြန်သွားပြီး နောက်ဇွန်ဘီရဲ့လှုပ်ရှားမူများကိုရပ်တန့်ခဲ့သည်။ ဟဲဇီကျုံးထက်ပိုမြန်သောနောက်ထပ်ပုံရိပ်တစ်ခုက ဖြတ်သွားခဲ့သည်။ချွန်ထက်သောခရင်းခွဓားသည် ဇွန်ဘီရဲ့မျက်လုံးကိုထိုးဖောက်သွားပြီးဇွန်ဘီ မအော်ဟစ်ခင်တွင်ပုံရိပ်သည်အဝေးသို့ရောက်သွားသည်။
မျက်လုံးတစ်လုံးဆုံးရှုံးသွားသောဇွန်ဘီသည်အော်ဟစ်နေခဲ့ပြီးသူ့လက်ထဲမှ"လက်နက်"လူသားကိုလွှင့်ပစ်ကာသူ့ရှေ့ကကြမ်းပြင်ကိုရိုက်ရန်သူ့လက်ဖဝါးကိုဆန့်ထုတ်လိုက်သည်.။
လူသား၏ကြီးမားသောတိုက်ခိုက်မူကြောင့်မူးမေ့ သွားကာပါးစပ်အပြည့်သွေးတစ်လုတ်အန်ထွက် သွားသည်။ဇွန်ဘီကြောင့်ကြမ်းပြင်သည်ချက်ချင်းကွဲအက်သွားပြီးလူတိုင်းသည်အဆောက်ဦးကြီးတစ်ခုလုံး တုန်ခါသွားသည်ကိုခံစားလိုက်ရသည်!!!
ဟဲဇီကျုံးသည်လေထဲကိုခုန်လိုက်သည်။ဇွန်ဘီမက်တပ်မရပ်ခင်သူသည်ရွှေစွမ်းအင်ဖြင့်ခိုင်ခံအောင်လုပ်ထားသောခေါက်ဓားကိုကောက်ယူလိုက်ကာသူ့ ခန္ဓာကိုယ်တစ်ခုလုံးကအားကိုသုံးပြီးဇွန်ဘီရဲ့လည်ပင်းအနာက်ကိုဖြတ်လိုက်သည်။"ဒုတ်-ချွင်"ဓားသည် သတ္ထုနဲ့ရိုက်မိသကဲ့သို့ဆူညံသံထွက်ပေါ်လာပြီး စူးရှလွန်းသောကြောင့်ဦးရေပြားကိုပင်ထုံကျင်စေသည်။ဇွန်ဘီရဲ့လည်ပင်းတစ်ဝက်ကိုဖြတ်လိုက်ပြီဖြစ် သော်လည်းဇွန်ဘီသည်လှုပ်ရှားနိုင်ဆဲဖြစ်သည်!!။
"သွား!!ဇွန်ဘီလည်ပင်းရဲ့ဒဏ်ရာကိုတိုက်!!!" ဟဲဇီကျုံးကသူ့ရဲ့ခွန်အားအကုန်လုံးအသုံးပြုလိုက်ရပုံပေါ်တာကိုတွေ့ပြီးကောပင်းသည်သူ့ရဲ့လက်များကိုပြတ်ပြတ်သားသားဝှေ့ယမ်းကာလက်ထဲတွင် လက်နက်ရှည်များကိုင်ထားသောအသင်းသားများနှင့်အတူအရှေ့သို့တဟုန်ထိုးပြေးသွားခဲ့သည်။
ဟဲဇီကျုံးသည်ခေါက်ဓားကိုဆွဲထုတ်လိုက်ပြီးခဏ လောက်ထိတိုင်အောင်မူးဝေမူကိုခံစားနေရသည်။ခုနတုန်းကသူသည်ဓားထဲသို့သူ့ရဲ့ရွှေစွမ်းအားအားလုံးနီးပါးပေါင်းထည့်လိုက်ပေမယ့်လည်းဇွန်ဘီရဲ့လည်ပင်းကိုဖြတ်တောက်ဖို့ကျရှုံးနေဆဲဖြစ်သည်။ကံကောင်းစွာဖြင့်ဘယ်လောက်ဘဲကြမ်းတမ်းခတ်ထန်တဲ့ ဇွန်ဘီဖြစ်နေပါစေဇွန်ဘီရဲ့အရေပြားကိုဖြတ်တောက်နိုင်သရွှေ့ဇွန်ဘီကိုသတ်လို့ရနိုင်တယ်!!အကယ်၍ ၄◌င်းအစားအမြန်နှုန်းစွမ်းအားအမျိုးစားဇွန်ဘီနဲ့ သာတွေ့ခဲ့မယ်ဆိုရင်၄◌င်းတို့ကိုအရှေ့သို့အပြေး အလွှားသွားစေခြင်းဖြင့်သေတွင်းထဲကိုပို့လိုက်သလို ဖြစ်သွားနိုင်သည်။