ရေပူစမ်းရေစိမ်ကန်တွင်ရေစိမ်ခြင်းသည်လူနှစ်ယောက်သာမျှဝေခံစားသင့်သော်လည်းအခုတော့ထူးဆန်းစွာဖြင့်"သုံးယောက်"ထူးဆန်သောအဖြူရောင် အလုံးလေးကပါပါဝင်လာခဲ့သည်။ကံကောင်းစွာဖြင့် ရေပူစမ်းသည်သူ့တို့၏ခန္ဓာကိုယ်ရဲ့ပင်ပန်းနွမ်းနယ်မူတွေသက်သာစေရနန်အတွက်ကောင်းမွန်တဲ့အကျိုးသတ်ရောက်မူတွေရှိသောကြောင့်သူတို့ကသေးငယ်သောကွဲလွှဲမူအချက်ကိုလျစ်လျူရှုခဲ့သည်။
"ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာတစ်ခုခုဖြစ်သွားသေး လားဆိုတာကိုယ်အပြင်ထွက်ပြီးခဏလောက်သွားကြည့်လိုက်ဦးမယ်"မနေ့ကနေရာလွတ်အဆင့် မြှင့်တက်သွားခြင်းကြောင့်နှစ်ယောက်သားတစ်နေ့လုံးအပြင်မှာအပြင်မှာမရှိခဲ့ပေ။ကံကောင်းစွာဖြင့် အပြင်တွင်စောင့်ကြည့်ရေးကင်မရာရှိသောကြောင့် ဟဲဇီကျုံးကစစ်ဆေးရန်သွားလိုက်သည်။
"ဟုတ်ကဲ့အဲ့ဆိုကျွန်တော်ထမင်းချက်ဖို့နေခဲ့လိုက်မယ်"ဖန်ဟောင်သည်ရေစိမ်ကန်အစွန်းတွင်သူ့ လက်များကိုယှတ်ထားပြီးမေးစေ့ကိုတင်ထားလိုက်သည်။အဖြူရောင်အလုံးလေးသည်သူ့ကျောပေါ် တွင်ခုန်ဆွခုန်ဆွလုပ်နေပြီးထိုနူးညံသောအထိတွေ့လေးသည်နှိပ်ပေးနေသလိုခံစားရသည်။
ဟဲဇီကျုံးသည်အဖြူရောင်အလုံးလေးကိုသည်းမခံနိုင်စွဖြင့်စိုက်ကြည့်နေပြီးသူ့သည်စိုစွပ်ပျော့ပျောင်းနေသောဆံပင်များနှင့်မေးစေ့လေးကိုထိကာစဉ်စားနေမိသည်-နှစ်ကိုယ်တူကျင့်ကြံခြင်း…………အပြင်မှာ ဘာမှမဖြစ်ဘူးဆိုရင်ဒီနေ့ညစမ်းကြည့်ဖို့အဆင်ပြေသည်။
နေရာလွတ်အပြင်ဘတ်ဗီလာကသူတို့နေရာလွတ် ထဲကိုဝင်သွားတုန်းကနဲ့အတူတူဘဲဖြစ်သည်။
စောင့်ကြည်ရေးကင်မရာသည်မနေ့ကဘယ်သူမှ မလာခဲ့ကြောင်းကိုပြသနေသည်။ပြာများကို လှည်းကျင်းသယ်ဆောင်ခြင်းနဲ့ပတ်သတ်ပြီး ကတော့?သူတို့မူလစာရင်းသွင့်ခဲ့ကတည်းကတစ်ရက်နှစ်ရက်လောက်စမ်းကြည့်ဖို့အတွက်ဘဲဖြစ်သည်။ မနေ့ကသူတို့မလာတုန်းကအခြားသူများသည်နားလည်ပေးနိုင်သည်။ဘာဘဲဖြစ်ဖြစ်ထိုအလုပ်သည် ဇွန်ဘီများ၊လူသေများ၊ပြာများနှင့်အလုပ်လုပ်ရန်လိုအပ်သောကြောင့်သူတို့ဆက်မလုပ်နိင်ခြင်းသည် ပုံမှန်ဖြစ်သည်။
အဆင်ပြေကြောင်းအတည်ပြုပြီးနောက်သူ့ကနေရာလွတ်ထဲကိုပြန်သွားလိုက်သည်။ဖန်ဟောင်ကစားပွဲ ပေါ်တွင်မနက်စာကိုပြင်ဆင်ထားပြီးပြီဖြစ်သည်။ အဖြူရောင်အလုံးလေး၏ကြီးမားလုံးဝန်းသောမျက်လုံးများသည်ပြူးကျယ်နေပြီးစားပွဲပေါ်ရှိ အသားဘန်းမုန့်များကိုတောက်ပသောမျက်လုံးလေးဖြင့်စိတ်အားထက်သန်စွာကြည့်နေသည်။
"ဘာဖြစ်လို့လဲ"
"ကျွန်တော်စဉ်းစားနေတာ……….မနေ့ကဒီအဖြူ အလုံးလေးကဝမ်တန်ကိုစားပြီးတဲ့နောက်မှာ တစ်နေ့လုံးအိပ်ပျော်သွားတာဆိုတော့လူတွေရဲ့ အစားအသောက်ကိုမစားနိုင်တာမြန်းလား"
ဟဲဇီကျုံး၏မျက်လုံးများတောက်ပလာကာစားပွဲဆီသို့တည်ငြိမ်စွာလျှောက်သွားလိုက်ပြီးတွေးဆဆဖြင့် ကြည့်လိုက်သည်။ခဏအကြာမှာတော့သူ့က ငိုတော့မလိုဖြစ်နေသောသနားချင်စဖွယ်ကောင်း သောမျက်လုံးလေးများကိုလက်ညိုးထိုးပြပြီး "ကိုယ်တို့သူကို့နည်းနည်းလေးဘဲကျွေးပြီးစမ်းကြည့်ကြမလား၊မနေ့ကတိုက်ဆိုင်တာလည်းဖြစ်နိုင်တယ်၊သတ်ရောက်မူရှိခဲ့ရင်တောင်နောက်တစ်ခါအိပ်ပျော်သွားတာဘဲဖြစ်လောက်မယ်"
ဖန်ဟောင်ကတွန့်ဆုတ်နေသေးပေမယ့်ဟဲဇီကျုံးရဲ့စကားကိုအဖြူရောင်အလုံးလေးကနားလည်ပုံပေါ်ကာသူ့မျက်လုံးလေးများကတောက်ပလာပြီးစားပွဲခုံတစ်ဝိုက်တွင်တက်ကြွစွာဖြင့်ခုန်ပေါက်နေကာသူ့ စမ်းကြည့်ဖို့အတွက်ဆန္ဒရှိကြောင်းအမူရာလေးဖြင့် ဖော်ပြနေသည်။
"အဲ့တာဆိုလည်း….စမ်းကြည့်တာပေါ့"ဖန်ဟောင်ကတွန့်ဆုတ်စွာဖြင့်ခေါင်းညိတ်ပြလိုက်ပြီးဟဲဇီကျုံး ကဘန်းမုန့်ကောက်ကိုင်လိုက်ပြီးမနေ့ကဝမ်တန်ထက်ကြီးတဲ့ဘန်းမုန့်ကိုနည်းနည်းလေးဖဲ့လိုက်ပြီး အဖြူရောင်အလုံးလေး၏ရှေ့တွင်ထားလိုက်သည်။
ခုန်ပေါက်နေသည်အဖြူရောင်အလုံးလေးသည် ဘန်းမုန့်ပေါ်ကိုချက်ချင်း"ပူ့"ကနဲခုန်တက်လိုက်ပြီးနောက်အဝေးသို့ရွှေ့သွားသည်။ဘန်းမုန့်လေးက ပျောက်ကွယ်သောအခါသုံစက္ကန့်အတွင်းမှာဘဲ ထိုအဖြူလုံးလေးသည်နေရာမှာတင်အိပ်ပျော်သွားခဲ့သည်။
"အား!!ထပ်ပြီးအိပ်ပျော်သွားပြန်ပြီ"
ဟဲဇီကျုံးကအဓိပ္ပါယ်ပါပါပြုံးလိုက်ပြီးစိုးရိမ်နေတဲ့ ဖန်ဟောင်ကိုနှိမ့်သိမ့်လိုက်သည်"လူတွေစားတဲ့ အစားစာကိုအစာချက်တဲ့အခါတိုင်းဒီအကောင် လေးကအိပ်ပျော်သွားတာထင်တယ်၊ပြီးတော့ အဲ့အကောင်လေးလိုချင်တာကိုလဲကျွန်တော်တို့ မသိနိုင်ဘူး၊သူ့စားတဲ့အခါတိုင်းဒီလိုဖြစ်မှာလားဘဲ"
ဟဲဇီကျုံးရဲ့လှည့်စားတာကိုခံလိုက်ရသောဖန်ဟောင်သည်အဖြူအလုံးလေးကိုသူ့ဘေးနားကဆိုဖာပေါ်ကိုသာသာလေးတင်လိုက်ပြီးခြင်းသေးသေးလေးနဲ့ အုပ်လိုက်သည်။နှစ်ယောက်သားမနက်စာစားရန်အတွက်ထမင်းစားပွဲပေါ်တွင်တင်လိုက်သည်။
မနက်စာစားပြီးနောက်ထောက်ပံ့ရေးပစ္စည်းများကို ရှာဖွေရန်ခြေစိုက်စခန်းအပြင်ကိုထွက်လိုက်သည်။
ဟဲဇီကျုံးသည်စွန်စားရန်အပြင်ထွက်သည်မဟုတ် သော်လည်းအပြင်ကအရင်းအမြစ်များသည် အကန့်သတ်ရှိပြီးအရာတော်တော်များများသည် အချိန့်အကန့်သတ်ရှိသည်။အကယ်၍ဇွန်ဘီများသည်ဆင့်ကဲမပြောင်းလဲသေးဘဲ၎င်းတို့၏အသက်ကို ခြိမ်းခြောက်ရန်အားနည်းနေသေးချိန်မှာလုံလောက်စွာမစုဆောင်းနိုင်ပါက၎င်းတို့အနာဂတ်တွင် စွန့်စားရသောအခါပို၍ပင်အန္တရယ်များတဲ့အခြေနေကိုရင်ဆိုင်ရနိုင်သည်။
သူအခြေစိုက်စခန်းထဲမှာနေပြီးအခြားသူများ၏သံသယနှင့်အာရုံစိုက်မူကိုမဆွဲဆောင်ချင်သော ကြောင့်လက်ရှိအခြေနေအတွက် သင့်တော်သောအရာများကိုရှာဖွေရမည်ဟုထင်သည်။အထူးသဖြင့်အခုဆိုဖန်ဟောင်ကနေရာလွတ်ထဲကိုဝင်ထွက်နိုင်ပြီဖြစ်ပြီးပိုမိုဘေးကင်းလုံခြုံလာသည်။
"ဇီကျုံးကျွန်တော်ဒီသိုင်းစာအုပ်တွေကိုအရင် လေ့လာချင်တယ်"ဖန်ဟောင်သည်ဟဲဇီကျုံးထံမှ အကြိမ်ပေါင်းများစွာနာမည်ကိုပြန်ပြင်ခေါ်ခိုင်းခံရပြီ နောက်ပိုင်းသူ့ကိုအဲ့လိုခေါ်ဖို့အကျင့်ဖြစ်သွားပြီ တွန့်ဆုတ်စွာဖြင့်သူ့ရဲ့ထင်မြင်ချက်ကိုအကြုံပြုခဲ့သည်။
"အင်းခဏလောက်လေ့လာကြည့်ရအောင်၊ကိုယ်တို့ အခြေအနေနဲ့ကိုက်ညီတဲ့ဟာကိုရွှေးကြရအောင်" ဟဲဇီကျုံးကတိုက်တွန်းလိုက်သည်"ဒီစာအုပ်တွေ က "ချီ"အသုံးပြုခြင်းနှင့်"ချီ"ကျင့််ကြံခြင်တွေကိုဖော်ပြထားတယ်"
နှစ်ကိုယ်တူကျင့်ကြံခြင်းဖြင့်စွမ်းဆောင်နိုင်သည်။
ဖန်ဟောင်ကသူ့ခေါင်းကိုငုံ့လိုက်ပြီးခေါင်းညိတ်လိုက်သည်။"ချီ"ကိုကျင့်ကြံရန်အခြားနည်းလမ်းရှိရင် တောင်ဟဲဇီကျုံးနှင့်နှစ်ကိုယ်တူကျင့်ကြံခြင်းကို မငြင်းပေ။ပြီးတော့ဒီနည်းလမ်းကသူတို့နှစ်ယောက်လုံးအတွက်အသင့်တော်ဆုံးသောနည်းလမ်းဖြစ်သည်။ထို့အပြင်ဒီလိုကျင့်ကြံခြင်းမျိုးသည်သူတို့၏ ဆက်ဆံရေးနှင့်သံဟဇတဖြစ်မူကိုမြှင့်တင်ပေးနိုင်သည်။
လူနှစ်ယောက်အချိန်အကြာကြီးအတူရှိနေတဲ့အခါ အချို့သောကိစ္စများလျော့ပါးလာလိမ့်မည်ဟုပြော ကြသည်။ဒါပေမယ့်"ချီ"ကျင့်ကြံခြင်းကိုဒီလိုနေ့စဉ် လေ့ကျင်ခန်းမျိုးနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင်………..အဟွတ်၊အဟွတ်ထို့ကဲ့သို့သောအရာမျိုးဖြစ်မည်ကို စိတ်ပူစရာမလိုတော့ပေ။
ဖန်ဟောင်သည်ဖောက်ဖောက်ပြန်ပြန်ညစ်ညမ်းတဲ့အတွေးများတွေးနေမိသည်ကိုသတိပြုမိပြီးနောက် တည်ကြည်ပြီးသဘောထားကြီးသောဟဲဇီကျုံးကို တည့်တည့်ကြည့်ရန်ရှက်နေခဲ့သည်။ရေစိမ်ကန်အတွင်းတွင်အားမရတော့ဟန်ဖြင့်ဒုတိယထပ်အိပ်ခန်းဆီသို့ဖန်ဟောင်ကိုပွေ့ချီသွားခဲ့ပြီးဟဲဇီကျုံးကအတွင်းကောအပြင် ကောတစ်ဝကြီးစားသုံးလိုက်သည်။
လျိုဝှက်သိုင်းကျင့်စဉ်သို့မဟုတ်ညစ်ညမ်းသောစာအုပ်များသည်တကယ်ကိုအသုံးဝင်သည်။လေ့ကျင့်နေစဉ်အတွင်းစိတ်ဆန္ဒကိုထိန်းချုပ်ရန်လိုအပ်သော်လည်းအဆင့်တစ်ခုပြီးမြောက်သွားတဲ့အခါအပြည့်အဝထုတ်လွှတ်လို့ရနိုင်သည်။အလယ်တွင်မဆုတ်မနစ် လုံ့လထုတ်ပြီးတော့ကြံကြံခံရသော်လည်းတစ်ကြိမ် လောက်စမ်းသပ်ပြီးနောက်ဒီလိုမျိုးကျင့်ကြံခြင်းသည်သူတို့နှစ်ယောက်ရဲ့ပုံမှန်ညလေ့ကျင့်ခန်း{papapa}ထက်ပိုပြီးတော့ခံစားလို့ကောင်းမှန်းသိသွားသည်။
လေ့ကျင့်ပြီးသွားရင်နှစ်ကိုယ်တူသိုင်းကျင့်စဉ်ထဲမှာ ဖော်ပြထားတဲ့အတိုင်း"ချီ"ကသူတို့ခန္ဓာကိုယ်ထဲတွင်စီးဆင်းနေတာကိုခံစားနိုင်သည်။
ချီကိုအများကြီးမကျင့်ကြံရသေးသော်လည်း တကယ်လက်တွေ့တိုက်ပွဲတွင်"လှည့်စားမူများ" တဲ့ကိုယ်ခံပညာကိုစမ်းသုံးနိုင်ပြီဖြစ်သည်။သို့သော်လည်းအိပ်ယာထဲမှာအပြင်းအထန်လေ့ကျင့်ခန်းလုပ်တဲ့အကျိုးရလဒ်က………….
"ဇီကျုံး……နောက်ကျညအိပ်ယာမဝင်ခင်နှစ်ကိုယ်တူသိုင်းကျင့်ခြင်းကိုကျင့်မယ်လေ"
"အင်းကျင့်ကြမယ်လေ"
သူ့တို့ခန္ဓာကိုယ်များသည်ပျော့ညံသေးသောကြောင့်ရေပူစမ်းနှင့်နေရာလွတ်ထဲကရေကြောင့်သာမဟုတ်ရင်သူတို့ဘာသာအားမထုတ်နိုင်လောက်ပေ။ကိုယ်ခံပညာသိုင်းကျင့်ကြံခြင်းသည်သူတို့၏စွမ်းအင်များအပေါ် ပြင်းထန်စွာသက်ရောက်မူရှိခဲ့ပေမယ့်သူတို့ သည်"အိပ်ယာထက်ကပြင်းထန်သောတိုက်ပွဲ"ကိုပိုစိတ်ဝင်စားနေကြသည်။
နောက်တစ်နေ့အမနက်ခင်းတွင်တက်ကြွလန်းဆန်းနေသောစုံတွဲသည်အစောကြီးနိုးလာပြီးဖုံးကွယ်ရန်အတွက်(နေရာလွတ်ရှိကြောင်း)ကျောပိုးအိတ် အကြီးကြီးကိုလွယ်ကာရပ်ကွတ်အပြင်ဘတ်သို့ ကားဖြင့်မောင်းထွက်လာကြသည်။
သူတို့နှစ်ဦးသည်လုပ်ရိုးလုပ်စဉ်များအတိုင်း လုပ်ဆောင်ကာထောက်ပံရေးပစ္စည်းများရှာဖွေရန်အပြင်ထွက်သည့်တာဝန်ကိုလက်ခံလိုက်သည်။
စာရင်းသွင်းပြီးနောက်ဝန်ထမ်းများက၎င်းတို့အား သတိပေးခဲ့သည်-"ထောက်ပံရေးပစ္စည်းရှာဖို့အတွက်အပြင်ထွက်ပြီးရင်အပြင်ဘတ်ကကွာရန်တင်း(quarantine)ဧရိယာ မှာ24နာရီသီးသန့်နေရမယ်။ကွာရန်တင်းဝင်တဲ့ အခါမင်းရဲ့ကားနဲ့ခန္ဓာကိုယ်ကိုအခြေစိုက်စခန်းသို့မဝင်ခင်ပိုးသက်ဆေးဖြန်းရမယ်"
ဟဲဇီကျုံးကတည်ငြိမ်စွာဖြင့်ခေါင်းညိတ်လိုက်ပြီး"အပြင်မှာအခြေနေဘယ်လိုလဲလို့"မေးလိုက်သည်။
ဝန်ထမ်းကသူ့ခေါင်းကိုခါလိုက်ပြီး"မသိဘူး၊ တော်တော်လေးတော့ရှုပ်ထွေးနေတယ်၊လုံခြုံရေးဇုံကတော့ရှင်းလင်းရေးလုပ်ပြီးသွားပြီ၊မြို့ပြဧရိယာကို ပြန်သိမ်းယူဖို့အတွက်တော့လူတွေကိုစည်းရုံးလို့ မရသေးဘူး"
မြို့ပြဧရိယာကိုထောက်ပံ့မယ်လို့လူတွေကပြောကြပေမယ့်မြို့ပြဧရိယာတွင်လူဦးရေဘယ်လောက်ထူထပ်လဲဆိုတာကိုလူတိုင်းသိသည်။ကမ္ဘာပျက်ကပ်အစောပိုင်းတွင်သန္ဓေပြောင်းလဲခြင်းသည်ညလယ်တွင်ဖြစ်ပွားခဲ့ခြင်းကြောင့်ဇွန်ဘီအများစုသည်အိမ်တွင်သန္ဓေပြောင်းလဲသွားကြသည်။လူတွေကိုဒုက္ခ ပေးရင်တောင်မှ၎င်းတို့သည်ဇွန်ဘီများ၏မိသားစုဝင်များသာဖြစ်သည်။
နေ့ရက်များစွာကုန်လွန်ပြီးနောက်မှာတောင် ထိုဇွန်ဘီများသည်ပင်ပန်းနမ်းနွယ်ခြင်းမရှိပေ။ဇွန်ဘီများသည်ပြတင်းပေါက်နှင့်တံခါးများကိုအဆက်မပြတ်ဝင်တိုက်ကြပြီးချိုးဖျက်ကအချိန်တော်ကြာပြီး နောက်တွင်အခန်းထဲမှထွက်လာကြသည်။
မြို့ထဲကနေထွက်ပြေးလွတ်မြောက်လာသူများအတွက်လမ်းခရီးသည်အလွန်ခက်ခဲလာသည်။အထူးသဖြင့်မြို့လယ်ခေါင်ရှိလူနေထူထပ်သောနေရာများတွင် နေထိုင်သူအများစုသည်အသက်ရှင်လျက်ထွက်ပြေးလွတ်မြောက်လာသူမရှိသလောက်ပင်။
အသက်ရှင်နေသူအများစုမှာအိမ်တွင်ပုန်းအောင်းနေရပြီးအပြင်မထွက်ရဲကြဘဲကယ်ဆယ်ရေးအတွက် မျှော်လင့်ချက်မဲ့စွာစောင့်ဆိုင်းနေကြပြီးအိမ်မှာရှိတဲ့အစားအစာနှင့်ရေများကိုသာမှီခိုအားထားနေရသည်။
"ဒါကကျွန်တော်တို့ဘေးကင်းဇုံရဲ့စျေးနှုန်းစာရင်း ပါ၊မတူညီတဲ့ပစ္စည်းတွေအတွက်ငွေလဲနှုန်းကမတူပါဘူး၊ပစ္စည်းကိုစုတောင်းဖို့အပြင်ထွက်တဲ့သူတိုင်းကပြန်လာတဲ့အခါတိုင်းသူတို့စုဆောင်းထားတဲ့ ပစ္စည်းရဲ့ငါးပုံတစ်ပုံကိုပေးရပါမယ်"
"ငါးပုံတစ်ပုံလား"ဖန်ဟောင်ကအံ့ဩမူကြောင့်မျက်လုံးတွေပြူးကျယ်သွားသည်။ဒါကြီးကမလွန်လွန်းဘူးလား။
ဝန်းထမ်းတွေကအမျိုးသမီးတွေထက်မျက်လုံးပြူး ကျယ်နေတဲ့လူငယ်လေးကိုကြည့်ပြီးရှင်းပြလိုက်သည်"မတက်နိုင်ဘူး၊အခုအခြေစိုက်စခန်းထဲမှာလူအရမ်းများနေတယ်၊ဒီစည်းမျဉ်းကပြီးခဲ့တဲ့ရက်အနည်းကမှပြဋ္ဌာန်းထားတာ၊အခုအခြေစိုက်စခန်းကိုဝင်မယ့်လူသစ်တွေဆိုရင်သူတို့ရဲ့ရိက္ခာထဲကတစ်ဝက်ကိုပေးရတာ"
စစ်တပ်သည်ပြောင်းရွှေ့လာသောအခါကစားနပ် ရိက္ခာအမြောက်အများကိုယူဆောင်လာခဲ့သော်လည်းအခြေအနမှာယုံကြည်စိတ်ချလို့မရကြောင်းကို အခြေစိုက်စခန်း၏အုပ်ချုပ်ရေးများကရှာဖွေတွေ့ရှိ ပြီးနောက်အချိန်ကြာမြှင့်စွာတည့်ရှိနိုင်ရေးအတွက် ပြင်ဆင်ခဲ့သည်။ရလဒ်အနေနဲ့ကတော့အစားစာများနှင့်ကုန်ပစ္စည်းပြင်ဆင်မူမှာမလုံလောက်ပေ။
သို့သော်လည်းအခြေစိုက်စခန်းသို့ဝင်ရောက်ရန် သူတို့၏ပစ္စည်းတစ်ဝက်ကိုအခြေစိုက်စခန်းသို့ ပေးအပ်ရန်လိုအပ်သော်လည်းဝင်ရောက်လာ သူအများစုသည်အလုပ်လုပ်ရန်ဆန္ဒရှိသရွှေ့သူတို့အလုပ်တစ်ခုကိုရှာဖွေနိုင်သည်။အခြေစိုက်စခန်းရှိ အလုပ်အများစုသည်အနည်းဆုံးထမင်းသုံးနပ် ပေးသည်။
ယခုအချိန်တွင်မြို့နံရံတည်ဆောက်ခြင်းနှင့်ခံတပ် များတည်ဆောက်ခြင်းတို့သည်လူတိုင်းလုပ်နိုင် သောအလုပ်များဖြစ်သည်။အိမ်မှာစားစရာသိပ်မရှိတဲ့လူတွေကအပြင်ထွက်ပြီးအသက်ရှင်ရန်အတွက် အုပ်သယ်ခြင်းကဲ့သို့သောအရင်ကမလုပ်ချင်ခဲ့သည့် အလုပ်များကိုလုပ်ရမှာဖြစ်သည်။
ထောက်ပံ့ရေးပစ္စည်းရှာဖွေရန်ဆန္ဒရှိသည့်ဟဲဇီကျုံးကဲ့သို့သောလူသည်အနည်းစုမျှသာဖြစ်သည်။ဇွန်ဘီ ဗိုင်းရပ်စ်ကဘယ်လိုပျံ့နှံ့သလဲ?ဘာလိုမျိုးကာကွယ်နိုင်လဲ?ကုသလို့ရနိုင်လား?အရာအားလုံးကမရေရာ ပေ။ယခုအပြင်ထွက်ခြင်းသည်ဇွန်ဘီများနဲ့နီးကပ်စွ ထိတွေ့ဆက်ဆံရမည်ဖြစ်သောကြောင့် သေခြင်းတရားကိုရှာဖွေနေတဲ့လုပ်ရပ်ဖြစ်ကြောင်း သိသာထင်ရှားသည်။
ယခုအချိန်တွင်အပြင်ထွက်ရဲသူများသည်ကမ္ဘာပျက်ကပ်မတိုင်ခင်ကတည်းကကြမ်းကြုတ်ရက်စက် သောသူများ၊ကမ္ဘာပျက်ပြီးနောက်စွမ်းအင်နိုးထသူ များ၊အသက်ရှင်သန်ချင်စိတ်မရှိသူများ၊သူတို့မိသားစုကိုထောက်ပံ့ရန်အတွက်အစားအစာအချို့ရှာဖွေချင်သူများသာဖြစ်သည်။
မှတ်ပုံတင်အချက်အလက်များပါသည့်လက်မှတ်ကိုအိတ်ကပ်ထဲထည့်ကာဟဲဇီကျုံးသည်အခြေစိုက်စခန်းမှထွက်ခွာ ပြီးနောက်နေရာလွတ်ထဲသို့ တိတ်တဆိတ်စုဆောင်းခဲ့သည်။သူတို့ပြန်တဲ့အခါ သူတို့ပစ္စည်းတွေထဲကငါးပုံတစ်ပုံကိုဘဲပေးရန်လိုအပ်သည်။တနည်းအားဖြင့်အကယ်၍သူတို့မှာအိမ်ရှိရင်တောင်ထိုလက်မှတ်မပါရင်ထောက်ပံ့ရေးပစ္စည်းတစ်ဝက်ကိုပေးဆောင်ရမှာဖြစ်သည်။ဂိတ်မှာ စောင့်ကြပ်နေတဲ့လူတွေကဘာစာရွတ်စာတမ်းတွေ ပြလဲဆိုတာဂရုမစိုက်ဘူးထောက်ပံ့ရေးပစ္စည်းက သာအမှန်တကယ်အကျိုးအမြတ်ဖြစ်သည်။
မြို့ပြဧရိယာကိုမျက်နှာမူထားသည့်ဝင်ပေါက်သည် မြို့ထဲကဇွန်ဘီတွေနဲ့ရင်ဆိုင်ရသောကြောင့် အခုချိန်မှာလူတွေကိုဖြတ်သန်းသွားလာခွင့်မပြုပေ။ ဇွန်ဘီတွေဝန်းရံခံရခြင်းမှရှောင်ကြဉ်ရန်အရှေ့က ဂိတ်ကိုပိတ်ထားခဲ့ပြီးဂိတ်အပြင်ဘတ် တံတားမျက်နှာစာတွင်မရေတွက်နိုင်သော စက်သေနက်များနှင့်အမြောက်များရှိနေသည်။ မြောက်ဘက်ရှိဂိတ်သည်အခြေစိုက်စခန်းသို့သွားရန် လူတွေပြေးလာသည့်နေရာဖြစ်သည်။တောင်ဘတ်ရှိဂိတ်သည်စစ်ရေးလမ်းကြောင်းနှင့်ပြာများကိုသယ်ယူရန်သီးသန့်လမ်းကြောင်းဖြစ်သည်။ မြို့နှင့်အဝေးဆုံးဖြစ်သောအနောက်ဘတ်ရှိဂိတ်သည်ထွက်ခွာရန်သီးသန့်လမ်းဖြစ်သည်။
မြစ်ကိုဖြတ်၍အရှေ့ဘတ်ကိုကွေ့ပတ်မောင်းနှင်းရငင်းသူတို့နှစ်ဦးသည်မူလကသာယာဝပြောခဲ့သောမြို့ကိုအဝေးမှမြင်နိုင်သည်။