no

Font
Theme

ထိုလူကခေါင်းယမ်းပြီးလှည့်ကာဖန်ဟောင်ဆီသို့ သွားနေသောဟဲဇီကျုံးကိုလှိုက်လှိုက်လှဲလှဲကျေးဇူးတင်နေသည်။

ဖန်ဟောင်ကသူ့ခေါင်းကိုငုံ့ထားပြီးရှုပ်ထွေးနေသော အမူအရာဖြင့်တစ်စုံတစ်ခုကိုစဉ်းစားနေသည်။ ဟဲဇီကျုံးပြန်လာတော့ဖန်ဟောင်ကသူ့လက်မောင်းကိုဆွဲလိုက်ပြီးသူ့ဘေးနားတွင်ထိုင်မှာကိုစောင့်ကာ တိုးတိုးလေးပြောလိုက်သည်။"ဝက်ဝံကြီးဆီက အဏုမြူကျောက်တုံးကိုသွမ့်ဇီကစားလိုက်ပြီ"

"ဟမ်၊သွမ့်ဇီကဘာကြီးလဲ၊မင်းဖက်ထုပ်စားမလို့ လား"ဟဲဇီကျုံးကခဏလောက်သူ့ပြောတဲ့အဓိပ္ပါယ်ကိုနားမလည်ပေ။

ဖန်ဟောင်ကသူ့နားအနားကိုကပ်လိုက်ပြီး"ခုနတုန်းကအဏုမြူကျောက်တုံးကိုထည့်လိုက်တော့ အဖြူရောင်အလုံးလေးကအဲ့တာကိုဆွဲယူသွားပြီး တော့စားပစ်လိုက်တယ်"

အများအားဖြင့်အဏုမြူကျောက်တုံးတွေကိုနေရာလွတ်ထဲကိုထည့်ပြီးရင်အဖြူရောင်အလန်းတန်း ဖြစ်သွားပြီးအချို့မှာရေတွင်းထဲသို့ပျံလွင့်သွားကာ အချို့သည်နေရာလွတ်ထဲသို့ပျံလွှင့်သွားကာပျောက်ကွယ်သွားသည်။ဒါပေမယ့်နေရာလွတ်အဆင့်မြှင့်တက်သွားပြီးနောက်မှာအဖြူရောင်အလုံးလေးကပေါ်လာခဲ့ပြီး……ထူးဆန်းတဲ့စားသောက်မူအလေ့အကျင့်ရှိတယ်ပုံဘဲ။

ဟဲဇီကျုံးသည်သူ့၏စိတ်စွမ်းအင်ဖြင့်နေရာလွတ်ထဲသို့စူးစမ်းကြည့်သောအခါအဖြူရောင်အလုံးလေးသည်လေထဲတွင်လွင့်မျောနေသည်ကိုတွေ့လိုက်ရသည်။အများအားဖြင့်အခြားအရာများနေရာလွတ်ထဲသို့ထည့်လိုက်ရင်မြေအောက်ထပ်ကဂိုဒေါင်ထဲမှာ တိုက်ရိုက်ပေါ်လာသည်။အကယ်လို့သူ့စိတ်စွမ်းအင် မြေအောက်ထပ်ဂိုဒေါင်ထဲကိုအဏုမြူကျောက်တုံးတွေထည့်လိုက်ရင်တောင်မဏုမြူကျောက်တုံးသည်အပေါ်ထပ်သို့ချက်ချင်းလွင့်မျောသွားပြီးနေရာလွတ်ထဲမှာချက်ချင်းပျောက်ကွယ်သွားသည်။

ဒါပေမယ့်အခုတော့အဏုမြူကျောက်တုံးပေါ်လာသင့်သောနေရာတွင်အဖြူရောင်အလုံးလေးသာရှိနေ ပြီးသူ့ရဲ့အဖြူရောင်ပြည့်ပြည့်ဖောင်းဖောင်းခန္ဓာကိုယ်လေးကိုကျေနပ်နေသောအမူအရာဖြင့်လှုပ်ရမ်း နေသည်။အလင်တန်းကဲ့သို့တောက်ပမူနှင့်ထူးခြား သောအကျိုးသတ်ရောက်မူအရိပ်အယောင်များဖြစ်တဲ့တောက်ပသောအလင်းတန်းများသည်အဖြူရောင်အလုံးလေး၏ခန္ဓာကိုယ်မှဖြာထွက်လာသည်။

ဆယ်စက္ကန်လောက်ကြာပြီးနောက်အဖြူရောင် အလုံးလေးကိုဗဟိုပြုကာအလင်းများနှင့်အရိပ်များသည်နေရာအနှံ့သို့ပျံနှံသွားပြီးအဖြူရောင်အလုံး လေးသည်အားရကျေနပ်မူဖြင့်တုန်ခါနေသည်။ အလင်းတန်းများပျောက်ကွယ်သွားသောအခါ အလုံးလေးသည်"ပွတ်"ခနဲမြေကြီးပေါ်သို့ပြန်ကျ သွားပြီးအိမ်သေးသေးလေးဆီသို့ခုန်ဆွခုန်ဆွဖြင့် ပြန်သွားသည်။

ဒီဟာလေးက….အဏုမြူကျောက်တုံးကိုစားလိုက်တာလား?အကယ်လို့သူတို့ရဲ့အဏုမြူကျောက်တုံးကိုအဖြူရောင်အလုံးလေးစားလိုက်ရင်နေရာလွတ်နဲ့ရေတွင်းဆင့်ကဲပြောင်းလဲလာမှာလား?

သူ့တို့နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်အချိန်ကြာကြီးစိုက်ကြည့်နေမိသည်။ဘာတွေဖြစ်နေ မှန်းကိုသူတို့မသိတော့ပေ။

"ပျံလွင့်သွားတဲ့အလင်းတန်းကအရင်တုန်းက အလင်းစက်လေးတွေနဲ့နည်းနည်းတော့တူတယ်လို့ ကျွန်တော်ထင်တယ်"ဖန်ဟောင်ကမသေချာမရေရာသောအသံတိုးတိုးလေးဖြင့်မေးခဲသည်။

ဟဲဇီကျုံးကမျက်မှောင်ကြုံလိုက်ပြီး"အဲ့တာကအဲ့ အကောင်လေးရဲ့အီးအီးတွေတော့မဟုတ်လောက်ဘူးမလား"ဘာဘဲဖြစ်ဖြစ်သူတို့အရင်တုန်းကအဲ့အ ကောင်လေးအစားစားတာကိုမြင်ဖူးသည်ဒါပေမယ့်အဲ့အကောင်စုတ်လေးအညစ်အကြေးစွန့်တာတော့ မမြင်ဖူးဘူး။

ဖန်ဟောင်ရဲ့မျက်နှာသည်အကြိမ်အနည်းငယ်မျှ တွန့်ရှုံသွားသည်။သူ့အမျိုးသားကအတည်ပြောနေတာလည်းနောက်နေတာလားဆိုတာကိုသူ့မသိ သောကြောင့်အရှုံးပေးလိုက်သည်။အိတ်ကိုလှမ်းဆွဲ ပြီးလှန်လိုက်ကာနေရာလွတ်ထဲကနေစိုစွတ်သော မျက်နှာသုတ်ပါဝါနှစ်ထည်ကိုထုတ်လိုက်ပြီးတစ်ခုကိုကမ်းပေးလိုက်သည်။

နှစ်ယောက်သားလက်နှင့်မျက်နှာကိုသုတ်လိုက်ပြီး စားရန်အသီးအရွတ်များနှင့်လုပ်ထားသောမုန့်ပြား များဘီစကစ်များနှင့်အခြားအရာများကိုနေရာလွတ်ထဲမှထုတ်လိုက်သည်။

ဂိုဒေါင်ကကြီးမားပြီးအစည်သွပ်ဗူးတွေအများကြီးရှိသည်။သူတို့ထိုင်နေသောထောင့်သည်ထင်းခနဲမမြင်သာပေ။အခြားလူသုံးယောက်သည်သူတို့စားနေတာဘဲသိပြီးဘာစားနေလဲသို့မဟုတ်ဘယ်လောက်လောက်စားနေလဲဆိုတာရှင်းရှင်းလင်းလင်းမမြင်ရပေ။သူတို့အပြင်မှာစားသောအခါပူနေသောအစားစာများ၏အနံသည်အဝေးသို့ပျံနှံကြောင်းကိုသိလိုက်ရတဲ့  နောက်ဆုံးအကြိမ်ကတည်းကဟဲဇီကျုံးသည်နေရာလွတ်ထဲပြန်ရောက်ပြီးနောက်ခရီးဆောင်အစား အစာများကိုမြေအောက်ထပ်ဂိုဒေါင်ထဲသို့မထည့်ခင်အပေါ်မှာထဲကအအေးခံထားလိုက်သည်။ထိုနည်းလမ်းကအကောင်းဆုံးဖြစ်သည်စွဲမက်ဖွယ်အနံမွှေးမွှေးလေးတွေမရသောကြောင့်အခြားသူများသည်သူတို့ အစာခြောက်သို့မဟုတ်အစည်သွပ်ဗူးအစားစာတွေ စားနေတာလို့ဘဲထင်မှာဖြစ်သည်။

ဂိုဒေါင်ကအပေါက်ကြီးပေါက်နေပြီးအပြင်မှာသွေးအနံတွေရှိနေကာအနီးနားကဇွန်ဘီတွေကိုဆွဲဆောင် နေပြီးမလုံခြုံတော့သောကြောင့်အစတုန်းကဒီနေရာမှာတစ်ညလောက်နေချင်သောဟဲဇီကျုံးသည်ထွက်သွားရန်ဆုံးဖြတ်ခဲ့သည်။သူတို့စားပြီးနောက်ခဏ နားလိုက်သည်။

ဒီအချိန်မှာဂိုဒေါင်ကမလုံခြုံတော့သလိုသူတို့မှာ ဆွေးနွေးစရာအချို့ရှိနေပြီးနေရာလွတ်ထဲဝင်ကာ လေ့လာချင်တဲ့အရာတွေလည်းရှိသောကြောင့် ဒီနေရာမှာနောက်ထပ်နေရန်မသင့်တော်တော့ပေ။

ဟဲဇီကျုံးနှင့်ဖန်ဟောင်ထွက်သွားတော့မည်ကိုမြင်လိုက်ရသဖြင့်ထိုနေရာမှလူသုံးယောက်သည် တိတ်တိတ်ဆိတ်ဆိတ်မနေနိုင်တော့ပေ။မေ့မြောနေခဲ့သောအမျိုးသားသည်အတွင်းဒဏ်ရာအနည်းငယ် ဖြင့်နိုးလာခဲ့သည်။ဟဲဇီကျုံးပေးသောဆေးသည်သူ့၏ဒဏ်ရာကိုသက်သာစေသောကြောင့်ကျေးဇူးတင်နေသည်။

"ငါတို့ကAမြို့ကိုသွားမယ်"သေနတ်ကိုင်ထားသောသူသည်ရှန်ဟိုက်ပင်းလို့အမည်ရပြီးသူတို့ထွက်ခွာမည်နဲ့ပတ်သတ်ပြီးသူတို့ကိုပြောလာသည်။

ဟဲဇီကျုံးကခေါင်းကိုလှည့်ပြီးသူ့ကိုပြန်ပြောလိုက်သည်"ငါတို့လည်းAမြို့ကိုပြန်လာမှာအခွင့်အရေးရှိရင် ပြန်ဆုံကြတာပေါ့"

လျိုကျန့်ဖုန်းလို့အမည်ရသောပါဝါစွမ်းအားရှင်သည်လည်းသူ့တို့နှစ်ယောက်ကိုကျေးဇူးတင်ကြောင်း ပြောခဲ့သည်။အမှန်တော့ဒီနှစ်ယောက်သာဒီမှာမရှိခဲ့ရင်သူ့မေ့မြောနေတုန်းဇွန်ဘီတွေစားတာခံရနိုင်သည်။

ထောင့်မှာကျုံကျုံလေးထိုင်နေသောလူသည်သူတို့ နှစ်ယောက်ထွက်သွားသည်ကိုမြင်တော့အမြန်မေးလိုက်သည်"မင်းတို့ဘယ်သွားမှာလဲ"တာဝန်ရှိသောကြောင့်ဟဲဇီကျုံးAမြို့သို့မပြန်နိုင်သေးဘူးလို့ပြော တာကြားပြီးပေမယ့်သူတို့နှစ်ယောက်ကအရမ်းသန်မာတယ်!!သူတို့ရဲ့တာဝန်ကလည်းရိုးရှင်းလောက်တယ်!!အကယ်လို့သူတို့နောက်ကိုသူလိုက်ရင်တစ်ချို့အရာတွေကိုလည်းကောက်ယူနိုင်ပြီးသူ့အသက်ကိုလည်းအာမခံနိုင်သည်။သူတို့Aမြို့ကိုသွားတဲ့လမ်းမှာ အန္တရယ်ရှိမရှိကိုဘုရားဘဲသိလိမ့်မယ်။မသန်စွမ်းသူနှစ်ယောက်နောက်ကိုလိုက်ရတာတဲ့သူတို့နှစ်ယောက်နောက်ကိုလိုက်တာပိုကောင်းသည်။

ဟဲဇီကျုံးကစိတ်မရှည်စွာမျက်မှောင်ကျုံလိုက်ပြီး"F မြို့ကိုသွားပြီးတစ်ယောက်ယောက်ကိုရှာမလို့"

သူ့တို့Fမြို့သို့သွားမည်ကိုကြားသောအခါထိုအမျိုး သားသည်တိတ်ဆိတ်သွားသည်။သူတို့နှစ်ယောက် အမှန်ပြောနေတာမဟုတ်မှန်းသူ့ခံစားရသော်လည်းသူတို့ကလုံးဝကိုတခြားသူတွေကိုမခေါ်သွားချင်တာ သေချာသည်။လမ်းရောက်မှသူတို့ကသူ့ကိုစွန့်ပစ်လိုက်ရင်ကော?ဒါမှမဟုတ်သူ့တို့တကယ်ကြီးFမြို့ကို လူသွားရှာတာဆိုရင်ကော?ယနေ့ခတ်ကမ္ဘာကြီးတွင်ဘယ်မြို့မဆိုအလွန်အန္တရယ်များသည်။ဇွန်ဘီများ၏သိပ်သည်းမူသည်မြို့ပြဧရိယာများထက်ပိုနည်း သောကြောင့်အခြေစိုက်စခန်းအကုန်လုံးသည် ကျေးရွှာများတွင်သာတည်ထောင်ကြသည်။

လူသုံးယောက်သည်မောင်းလို့ရသည့်ကားနှစ်စီးရှာတွေ့ခဲ့ကြသည်။ဂိုဒေါင်ထဲမှရိက္ခာအများပြားယူပြီး နောက်ကားပေါ်တက်လိုက်ပြီးထွက်သွားကြသည်။ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်သူတို့ထွက်သွားတာမြင်မှသက်ပြင်းချလိုက်ကြသည်။

"အခုကျွန်တော်တို့ဘယ်ကိုသွားကြမလဲ"သူတို့ဒီမှာ တစ်ညနေရန်စီစဉ်ထားပေမယ့်အခုတော့….တခြားနေရာရှာရမည်။

ဟဲဇီကျုံးကမြေပုံကိုဖွင့်လိုက်သည်။သူတို့ဒီတစ်ခေါက်ထွက်လာရခြင်း၏ရည်ရွယ်ချက်သည်ခေါက်ဆွဲ ခြောက်၊ဆေးဝါးများနှင့်အိမ်သာသုံးစက္ကူတို့ဖြစ်သည်။သူတို့ရဲ့တည်နေရာသည်ထိုနေရာများနှင့် ဝေးနေသေးပြီးမမှောင်ခင်အဲ့ဒီနေရာကိုရောက်ဖို့ မသေချာပေ။နေထိုရန်ယာယီနေရာရှာဖို့သာရွေးချယ်စရာရှိသည်။

မြေပုံကိုခဏကြည့်ပြီးနောက်သူ့ကနေရာတစ်ခုကို            လက်ညိုးထိုးလိုက်သည်"ဒီမှာလူနေရပ်ကွတ်တစ်ခုရှိတယ်၊အကုန်လုံးကအထပ်မြင့်တွေဘဲခဏလောက်နေဖို့နေရာရှိမရှိသွားကြည့်ကြတာပေါ့"ဘန်ဂလို များ၊အထပ်နိမ့်အဆောက်အဦးများနှင့်နှိုင်းယှဉ်ပါက အထပ်မြင့်ဧရိယာများတွင်ဇွန်ဘီများ၏ဘေးအန္တာရယ်ကတောတော်လေးနည်းပါးသည်။

အဆင့်နိမ့်ဇွန်ဘီများ၏အဆစ်များသည်မပျော့ပြောင်းပေ။မြေပြင်ပေါ်ရှိလူများကိုကောင်းစွာလိုက်ဖမ်းနိုင်သော်လည်းအထပ်မြင့်အဆောက်အဦးများ၏   အပေါ်နှင့်အောက်ကိုဆင်းတက်ရန်တော်တော်လေးခက်ခဲသည်။အိမ်မှာပိတ်မိနေတဲ့ဇွန်ဘီတွေအတွက်လည်းအလားတူပင်ဖြစ်သည်။အထက်မြင့်အဆောက်အအုံများ၏တံခါးများ၊နံရံများသည်အထပ်နိမ့် အဆောက်အအုံများထက်ပိုသန်မာသည်။အထပ်မြင့် အဆောက်အအုံများ၏တိုက်ခန်းအတွင်းတွင်     သန္ဓေပြောင်းသွားသူအများစုသည်သူ့အရင်ဘဝတုန်းကကမ္ဘာပျက်ပြီးနောက်ပိုင်းအချိန်တော်တော် ကြာတဲ့အထိပိတ်မိနေကြသည်။

ဖန်ဟောင်ကသူ့ရဲ့အကြောင်းပြချက်ကိုမသိသော်လည်းသူ့ကဟဲဇီကျုံးကိုအမြဲယုံကြည်သောကြောင့် ဘာမှစောဒကမတက်ဘဲခေါင်းညိတ်ပြီးသဘောတူလိုက်သည်။

သူတို့သည်သန္ဓေပြောင်းဝက်ဝံကိုဒီအတိုင်းဘဲထားခဲသည်။အဏုမြူကျောက်တုံးကိုစားလိုက်သောသူသည်ဇွန်ဘီပြောင်းသွားသည်နဲ့ပတ်သတ်သော ကောလာဟလများကဲ့သို့ဗဟုသုတနည်းသောပြန်လည်မွေးဖွားလာသည့်ဟဲဇီကျုံးသည်သန္ဓေပြောင်း ဝက်ဝံသည်စားသုံးရန်သင့်မသင့်ကိုမသိပေ။ အဏုမြူကျောက်တုံးနှင့်မျက်လုံးအနီများရှိသောသန္ဓေပြောင်းဝက်ဝံသည်စားသုံရန်လုံခြုံစိတ်ချရ‌ ကြောင်းမသိနိုင်သောကြောင့်ဒီတိုင်းသာထားခဲ့လိုက်ရသည်။

သူ့တို့နှစ်ယောက်ကကားပေါ်ပြန်တက်လာပြီး အဝေးပြေးလမ်းကိုမောင်းလာလိုက်သည်။Aမြို့ရဲ့ အခြေစိုက်စခန်းသည်ယာယီတော့တည်ငြိမ်နေပြီး လူအများကြီးကိုဆွဲဆောင်နေသည်။အခြေစိုက်စခန်းသည်လုံခြုံရန်အတွက်လူအများစုသည်မြို့ပြဧရိယာတည်ဆောက်ရေးတွင်ပါဝင်နေသောကြောင့် အသက်ရှင်သူအများစုသည်အခြေစိုက်စခန်းသို့ ဝင်ရောက်လိုကြသည်။

အခြေစိုကစခန်းအမျိုးမျိုးသည်လူတွေကိုစုဆောင်းရန်ရေဒီယိုတွင်အမျိုးမျိုးသောထုတ်ပြန်ချက်တွေ လွှင့်နေသည်။ထိုထဲမှာမှစစ်တပ်ကတည်ထောင် ထားသောအခြေစိုက်စခန်းသည်အင်အားအကြီးဆုံးနှင့်အသန်မာဆုံးဖြစ်သည်။အမှန်တော့Aမြို့သည် အများစုသွားချင်သောနေရာဖြစ်သည်။

ဖန်ဟောင်သည်ကားရေဒီယိုရဲ့ထုတ်လွှတ်ချက်ကို ချိန်ညှိ ပြီးအနည်းငယ်မျက်မှောင်ကြိုတ်လိုက်ပြီး" ဘာဖြစ်လို့ထုတ်လွှင့်ချက်တွေကအရမ်းဆိုးဝါးနေရတာလဲ"

ဟဲဇီကျုံးကပြုံးလိုက်ပြီး"အခုငါတို့ဂြိုလ်တုကထုတ် လွှင့်ချက်တွေကိုမရနိုင်တော့ဘူး၊ရေဒီယိုထုတ်လွှင့် တာတွေကလည်းမကောင်းဘူး"ထူးဆန်းသောမြူခိုးများသည်လျှစ်စစ်သံလိုက်အချက်ပြမူအားလုံးကို  ဖြတ်တောက်လိုက်သည်။ဘယ်လောက်ဘဲ      အားကောင်းသောအချက်ပြကရိယာဖြစ်နေပါစေ သတ်မှတ်ထားသောအကွာအဝေးကျော်လွန်သွားသည်နှင့်၎င်းသည်အသုံးမဝင်တော့သလိုဆက်သွယ်လို့လည်းမရတော့ပေ။

ဖန်ဟောင်သည်ရေဒီယိုမှစူးရှရှိအသံကိုနားထောင် ပြီးနောက်၎င်းကိုချိန်ညှိရန်လက်လျှော့လိုက်သည်။အဲ့အစားမှန်ပြောင်းကိုကောက်ကိုင်ပြီးတော့ပတ်ပတ်လည်ကိုကြည့်လိုက်သည်။"ဇီကျုံး၊ဒီနေရာကို ပြောတာလား"

"ဟုတ်တယ်၊အဲ့ဒီအထပ်မြင့်အဆောက်အအုံဘဲ"

ဒီအထပ်မြင့်အဆောက်အအုံသည်အရင်ဘဝတုန်းက ဟဲဇီကျုံးနှင့်တခြားသူတွေပုန်းခဲ့တဲ့နေရာဖြစ်သည်။ ကမ္ဘာပျက်ကပ်၏အစောပိုင်းနေ့ရက်များတွင်အကုန်လုံးကလူနေရပ်ကွတ်များတွင်ပုန်းခဲ့ကြသည်။သို့ သော်ထိုကဲ့သို့သော်လူနေရပ်ကွတ်ကဇွန်ဘီအများစုသည်အဝေးပြေးလမ်းမသို့ရောက်သွားကြကြောင်း သိရှိလာကြပြီးလုံခြု့မူအနည်းငယ်ပိုတိုးလာသော ကြောင့်ယာယီစခန်းချတဲ့အခါတိုင်းအထပ်မြှင့် အဆောက်အအုံကိုရွှေးကြခြင်းဖြစ်သည်။

လမ်းတစ်လျှောက်မှရှိနေတဲ့အတားအဆီးအမျိုးမျိုးကိုရှောင်ခဲ့ပြီးအစားအစာအမျိုးမျိုးကိုသယ်ယူပို့ ဆောင်နေတဲ့ကုန်တင်ယာဉ်နှင့်လမ်းပေါ်တွင်ပြန့်ကျဲနေသောကုန်တင်ယာဉ်အချို့ကိုကောက်ယူခဲ့သည်။ အထပ်မြှင့်ဧရိယာကိုရောက်ပြီးနောက်အထဲတွင်ဇွန်ဘီအများကြီးမရှိခဲ့ဘူး။

ရပ်ကွတ်အတွင်းမှာကအပြင်ဘတ်လမ်းပေါ်မှာထက်ပိုလုံခြုံသည်။

သူတို့နှစ်ယောက်ကားကိုရပ်လိုက်ပြီးတစ်ထပ်အိမ်တစ်လုံးကိုရှာတွေ့ခဲ့သည်။အထဲတွင်ဘာလှုပ်ရှားမူမှမရှိသောကြောင်းသေချာစေရန်နားထောင်ကြည့်ပြီးနောက်သူတို့ကဖွင့်လိုက်သည်။

အိမ်ထဲမှာဘာမှမရှိပေ။ပိုင်ရှင်သည်ဇွန်ဘီအဖြင့်ပြောင်းသွားပြီးသူ့ကိုယ်သူ့ရေချိုးခန်းထဲတွင်သော့ခတ် ထားသောကြောင့်သူ့တို့နှစ်ယောက်ကတံခါးကိုဖွင့် ပြီးသူကိုပျော်ရွှင်စရာလေးပေးလိုက်သည်။

နေရာတစ်နေရာရှာပြီးနောက်အခုချိန်တွင်ဇွန်ဘီများ၏ ဘေးအန္တာရယ်မရှိကြောင်းကိုအတည်ပြုပြီးနောက်နှစ်ယောက်သားရေချိုးခန်းထဲသို့သွားလိုက်ပြီး နေရာလွတ်ထဲသို့ဝင်လိုက်သည်။

ဝါးအိမ်ငယ်နောက်ဘတ်ရှိကြက်နှင့်တိရစ္ဆာန်များသည့်အေးအေးလူလူလှုပ်ရှားသွားလာနေသည့်စားကျတ်မြေလယ်ကွင်းထဲမှာပေါ်လာခဲ့သည်။စိမ်းလန်း သောတောင်တန်းများ၊ရေကန်များ၊ဝါးပင်များနှင့် ကမ်းခြေများ၏ရှုခင်းများသည်သက်ပြင်းမချနိင် လောက်အောင်လှပနေသည်။အထူးသဖြင့် ဇွန်ဘီများကိုအချိန်အကြာကြီးသတ်ဖြတ်ပြီးပြန်လာတဲ့အခါနေရာလွတ်သည်သူ့တို့ရဲ့စိတ်ပိုင်းဆိုင်ရာ ရောရုပ်ပိုင်းဆိုင်ရာပါအပန်းဖြေစေသည်။

"ရေအရင်သွားချိုးကြမလား"ဇွန်ဘီများကိုသတ်ဖြတ်ခြင်းသည်သူ့တို့ရဲ့ခန္ဓာကိုယ်ကိုညစ်ပေစေသည်။ ကာကွယ်ရေးဝတ်စုံတွေဝတ်ထားရင်တောင်သူတို့ ချွေးနည်းနည်းတော့ထွက်မည်။ထို့ကြောင့်အမြဲတမ်းသန့်သန့်ရှင်းရှင်းနေလေ့ရှိသောဖန်ဟောင်သည် သည်းမခံနိုင်တော့ပေ။

"အင်းအဖြူလုံးကိုအရှင်ရှာကြမလား"ထိုအဖြူလုံး လေးသည်အဏုမြူကျောက်တုံးကိုမြိုခဲ့သည်။ အစာကြေနေပြီးလားဆိုတာဘယ်သူသိမလဲ။ထိုအချိန်ကထို့ကောင်စုတ်လေးရဲ့အမူရာကအဆင်ပြေ သော်လည်းဘန်းမုန့်လေးတစ်ခုစားပြီးရင်တောင်      အစာကြေဖို့နေ့တစ်ပိုင်းလောက်အိပ်ပျော်သွားတာ ဖြစ်သည်။အဏုမြူကျောက်တုံးကိုစားပြီးနောက် ဆိုးရွားတဲ့တုံ့ပြန်မူဖြစ်လာရင်ဘယ်လိုလုပ်မလဲ။

ဝါးအိမ်ရဲ့ပထမထပ်ဧည့်ခန်းထဲတွင်ဆိုဖာပေါ်မှာ ခုန်ပေါက်နေတဲ့အဖြူရောင်အလုံးလေးကိုတွေ့လိုက်ရသည်။သူတို့ပြန်လာသောအခါအဖြူရောင်အလုံး လေးသည်နှစ်ခါခုန်လိုက်ပြီးဖန်ဟောင်လက်မောင်းထဲပစ်ဝင်သွားသည်။

ဟဲဇီကျုံးသည်အဖြူရောင်အလုံးလေးရဲ့အပေါ်ပိုင်းကိုကိုင်ထားပြီးအောက်ပိုင်းကိုလည်းရောဘာဘောလုံးလိုဆွဲဆန့်နေသည်။ဝိုင်းစက်ရွှန်းလဲ့နေသော မျက်လုံးလေးတွေကမှိတ်တုတ်တုတ်နဲ့ခေါင်းလေး မော့ပြီးဟဲဇီကျုံးကိုစူးစူးစိုက်စိုက်ကြည့်နေသည်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment