no

Font
Theme

  ဟဲဇီကျုံးသည်သိုက်ကျွင်းတောင်းပန်ချင်တဲ့ကိစ္စက ပြီးခဲ့တဲ့တစ်ပါတ်လောက်ကဖြစ်ခဲ့တဲ့ဟာမှန်းမှတ်မိသွားသည်။လုပ်ဖော်ကိုင်ဖက်တွေနဲ့ညစာစားပြီးတဲ့ နောက်လုပ်ဖော်ကိုင်ဖက်အ ချို့ကသူကိုbarသွားဖို့ခေါ်ဆောင်သွားခဲ့သည်။

အဲဒီဘားကသိုက်ကျွင်းတက်တဲ့Cတက်ကုသိုလ်ရဲ့အနီးနားမှာဖြစ်ပေမ ယ့်ဟဲဇီကျုံးကအဲ့လိုနေရာမျိုးတွေကိုမကြိုက်တာ ကြောင့်အဲဒီနေရာကိုအရင်ကမရောက်ဖူးပေ။ သိုက်ကျွင်းနဲ့dateရင်တောင်သူကဘယ်တော့မှအဲ့လိုနေရာမှာမဒိတ်ခဲ့ဖူးဘူး။

ငါပထမဆုံးအကြိမ်သိုက်ကျွင်းနဲ့ဆုံတုန်းကC တက္ကသိုလ်မှာဖြစ်သည်။ငါရဲ့အတန်းဖော်ဟောင်းကိုရှာရန်အဲ့နေရာကိုသွားခဲ့ပြီးကော်ရစ်တာမှာသူနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့သည်။သူ့ရုတ်တရက် ခေါင်းကိုမော့ကြည့်လိုက်သည်။မျက်လုံးလေးတွေကအရမ်ကြီးပြီးသူ့အိပ်မက်တွေထဲမှာမကြာခဏ ပေါ်လာတဲ့အဲ့ဒီမျက်လုံးလေးတွေနဲ့ဆင်တူပြီးအဲဒါကဘဲသူကိုရင်ခုန်အောင်လုပ်ခဲ့တာဖြစ်သည်။

အဲ့ဒီချိန်တုန်းကသိုက်ကျွင်းကအရမ်းကိုဖြူစင ရိုးသားပုံပေါက်သည်။အဲဒါကြောင့်ဘဲချစ်သူဖြစ်ပြီး နောက်မှသာမာနထောင်လွှားတက်မှန်းသူသိခဲ့တာ ဖြစ်ပြီးသိုက်ကျွင်းကအမြဲတမ်းအနောက်တိုင်း အဆင့်မြင့်ဟိုတယ်တွေမှာစားခြင်းနဲ့သွားခြင်းကိုသဘောကျလေ့ရှိပြီးသူကိုအများကြီးကုန်ကျစေခဲ့သည်။ဂေးအသိုင်းအဝိုင်းကအလွန်မသေးသလိုအရမ်းလည်းမကြီးပေ။မင်းအမှန်တကယ်ကြိုက်တဲ့သူတစ်ယောက်နဲ့တွေ့ဖို့မလွယ်ပေ။ဟဲဇီကျုံးသည်သူနဲ့အချိန်ကြာကြီးအတူရှိချင်စိတ်ရှိသောကြောင့်အသေး အမွှားပြဿာနာများကိုသည်းခံနိုင်သည်။ဒါပေမယ့်သိုက်ကျွင်းကသူ့ကိုလက်တွေ့မကျတဲ့အရာတွေကို တောင်းဆိုခဲ့ရင်တော့သူရပ်တန့်နိုင်လိမ့်မည်။

နောက်တော့သူအဲဒါနဲ့ပတ်သက်ပြီးစဉ်စားမိသည်။အဲဒါကသူသိုက်ကျွင်းနောက်ကိုတစ်ချိန်လုံးမလိုက် နိုင်တာကြောင့်ဖြစ်နိုင်သည်။ကမ္ဘာပျက်ကပ်မတိုင် ခင်အချိန်တုန်းကသိုက်ကျွင်းဘားမှာတခြားတစ ယောက်နဲ့အတူရှိနေတာကိုသူတွေ့ခဲ့သည်

အဲဒီနေ့ကဘားကိုဝင်သွားပြီးနောက်ထာင့်စွန်းက ဆိုဖာပေါ်တွင်ဝတုတ်နေတဲ့သူဌေးကြီး၏ပေါ်တွင်ထိုင်နေတဲ့သူ့(သိုက်ကျွင်း)ကိုချက်ချင်းသတိမထား မိပေ။အဲဒီထောင့်စွန်းကအရမ်းဆူညံ့ပြီးရယ်သံတွေကအရမ်းဆူညံ့နေလို့သာသူထပ်ကြည့်မိတာဖြစ် သည်။

သူ့မူလအသွင်ပြင်ကိုအမဲရောင်လိုင်နာတွေနဲ့ဖုန်း ကွယ်ထားသောလူငယ်သည်ဝတုတ်သူဌေးကြီးကို ပြုံးပြကာထိုယောက်ျား၏ရင်ဘတ်ပေါ်တွင်ခေါင်းကိုလိမ်ကာပွတ်သတ်၍အံ့ဩသည့်အမူရာဖြင့်မော့ ကြည့်မှထိုလူသည်သူချိန်းတွေ့နေတဲ့သိုက်ကျွင်းဖြစ်မှန်းသိလိုက်သည်။

သူ့တို့အတူရှိနေတုန်းကသူ(သိုက်ကျွင်း)က မိတ်ကပ်လိမ်းဖို့နေနေသာသာအဲ့လိုအဝတ်အစား မျိုးကိုဘယ်တုန်းကမှမဝတ်ပေ။သေချာတာပေါ့အဓိကကတော့သူ(ဟဲဇီကျုံး)မကြိုက်လို့ဘဲဖြစ်သည်။အဲဒီအကြောင်းရာကိုသူတွေ့ရှိပြီးနောက်မှာတော့ဟဲဇီကျုံးသည်သူဒေါသကိုသူထိန်းလိုက်သည်။သူစိတ်ကို လျှော့လိုက်ပြီးလှည့်ထွက်လိုက်သည်။

အိမ်ကိုပြန်ရောက်ပြီးမကြာခင်မှာသူလမ်းခွဲဖို့စဉ်စားနေတုန်းမှာသိုက်ကျွင်းကTaxiနဲ့လိုက်လာခဲ့ပြီးအဲ့ဒီအချိန်တုန်းကသူအတန်းဖော်တွေနဲ့True or Dareကစားနေတာဖြစ်ကြောင်းပြောပြီးတစ်ညလုံးသူ့လက်မောင်းထဲမှာငိုနေခဲ့သည်။သူ့အတန်းဖော်တွေတိုက်တွန်းတာကြောင့်သူအများကြီးသောက်ခဲ့တာဖြစ်ပြီးသူ့ရှုံးခဲ့တာကြောင့်ဖြစ်သည်။သူနောက်ထပ်မလုပ်တော့ပါဘူးလို့တောင်းပန်ခဲ့သည်။

နောက်ဆုံးတော့သူတို့နှစ်ယောက်ချိန်းတွေ့နေတာကတစ်နှစ်နီးပါး လောက်ရှိပြီဖြစ်ပြီးသူတို့နှစ်ယောက်လုံးမှာ လေပြင်းများ(ပြဿာနာ)မရှိခဲ့ပေ။သိုက်ကျွင်းကငယ်သေးသည်တခြားသူများ၏သွေးထိုးလှုံ့ဆော်မှုကို သည်းမခံနိုင်သေးဘဲပကာသနအတွက်လောဘ အနည်းငယ်ရှိမှန်းဟဲဇီကျုံးသိသည်။ဒါပေမယ့်ဒီတစ်ခေါက်လည်း(သိုက်ကျွင်းကဟဲဇီကျုံး)ခွင့်လွှတ်ဖို့ ကြိုးစားရန်ဆန္ဒရှိသေးသည်။

ကမ္ဘာပျက်ပြီးနောက်အိုက်လွမ်ရဲ့ခြေထောက်ကိုဖတ်ဖို့ရန်အတွက်သူ့ရဲ့လက်ကောက်ကိုခိုးယူပြီးသူ့ကိုယ်သူအပြစ်ကင်းစင်ဟန်ဆောင်ကာပြောနေတာက တော့သနားစရာဘဲ။သူနဲ့ချိန်းတွေ့နေတုန်းကဘယ်တုန်းကမှတခြားယောက်ျားတွေနဲ့လမ်းခွဲခဲ့တာ မဟုတ်ဘူး။သူ(ဟဲဇီကျုံး)နဲ့အချိန်အကြာကြီးအတူ ရှိနေခဲ့ခြင်းမှာသူကသိုက်ကျွင်းအတွက်ပိုက်ဆံသုံးစွဲပေးဖို့ဆန္ဒရှိပြီးသူကတုံးသောကြောင့်ဖြစ်သည်။အဲဒါကြောင့်ဘဲသိုက်ကျွင်းကသူ့နဲ့လမ်းမခွဲခဲ့တာဖြစ် သည်။

"ဇီကျုံး..ဇီကျုံး..."ဖုန်းထဲကအသံကြောင့်ဟဲဇီကျုံးရဲ့အာရုံတွေပြောင်းသွားစေပြီးရုတ်တရက်နိုးကြားလာစေခဲ့သည်။

"သိုက်ကျွင်းလမ်းခွဲကြစို့"

ဖုန်းထဲကလူကလုံးဝကြက်သေသေသွားသည်။သိုက်ကျွင်းဟာဟဲဇီ ကျုံးကလမ်းခွဲမယ့်ကိစ္စကိုရုတ်တရက်ပြောလိမ့်မည်လို့မမျှော်လင့် ထားပေ။ပြီးခဲ့တဲ့တစ်ပတ်ကတောင်သူဟဲဇီကျုံးကိုဖျောင်းဖျပြီးသွားပြီမဟုတ်ဘူးလား?သူ(ဟဲဇီကျုံး)ကအခုသူ့စကားတွေကိုမယုံတော့တာလား?!!!

"ဇီကျုံးဘာဖြစ်လို့လဲပြီးခဲ့တဲ့အကြိမ်တုန်းကကိစ္စ ကြောင့်လား၊ငါပြောတယ်လေအဲ့နေ့ကငါသောက်တာများသွားလို့ပါဆို"

"အဲဒါဆိုငါကိုပြောဒီနှစ်ညကဘယ်မှာအိပ်ခဲ့တာလဲ"ဟဲဇီကျုံးအသံကလုံးဝတည်ငြိမ်နေသည်၊ကမ္ဘာပျက်ကပ်ကလာတော့မယ်သူမှာလုံးဝစွမ်းအင်မရှိသေး ဘူးထောက်ပံ့ပစ္စည်းတွေဝယ်ဖို့ဆုံးဖြတ်ထားသည်။အရေးကြီးဆုံးအရာကတော့ဖန်ဟောင်ကိုရှာဖို့ဘဲ!!!သူမှာအချိန်မရှိသလိုဆက်ပြီးအပူကပ်နေဖို့လည်း ဆန္ဒမရှိဘူး။သိုက်ကျွင်းကလုံးဝကြက်သေသေသွားသည်။ဟဲဇီကျုံးသိနေမှန်းလုံးဝမမျှော်လင့်ထားပေ"ငါ.....ငါမနေ့ညကinternet ကေဖးမှာ"

ဟဲဇီကျုံးကသတ်ပြင်းအရှည်ကြီးချလိုက်ပြီးသူ့ရဲ့လှည့်စားမှုနှင့်သစ္စာဖောက်မှုအတွက်အပြစ်တင်ဖို့

အတင်းအကျပ်သည်းခံကာ

"သိုက်ကျွင်းလမ်းခွဲကြရအောင်"

ဖုန်းထဲကအချိန်ကြာတဲ့အထိတိက်ဆိတ်နေပြီးတော်တော်ကြာပြီးမှမသဲမကွဲအသံဖြင့်

"အင်း"

ဟဲဇီကျုံးသည်ပြတင်းပေါက်အောက်ဘောင်ကိုကိုင်ကာအပြင်ဘတ်ကိုကြည့်လိုက်သည်.။ဒီလမ်းခွဲမှုကမမျှော်လင့်ထားစွာအေးအေးဆေးဆေးဖြစ်သွားသည်။ပြီးခဲ့တဲ့ညတွေကသိုက်ကျွင်းတခြားတစ်ယာက်နဲ့ရှိခဲ့လားဆိုတာသူမသေချာဘူးဒါပေမယ့်ငါသူနဲ့ ဆက်ဆံပြီးတော့နောက်ထပ်စိတ်မရှုပ်ချင်တော့ဘူး။

...............


သိုက်ကျွင်းကအဲဒီညကဟဲဇီကျုံးကိုပြန်ရရန်  သူ့သူဌေးကြီးကိုဆင်ခြေပေးပြီးထွက်ခွာခဲ့ရသည်။

သိုက်ကျွင်းကတကယ်ကိုဟဲဇီကျုံးနဲ့လမ်းခွဲဖို့ ဝန်လေးနေသည်။ဒီလူကချောမောပြီးတော့တော် တယ်။သူ့ကသူကိုယ်သူအလိုလိုက်ထားပြီးဒီအသိုင်းအဝိုင်းထဲကိုအထက်တန်းကထဲကရောက်နေခဲ့တာ ဖြစ်ပြီးလက်ဖွာပြီးသုံးစွဲနေကျဖြစ်သည်။ဟဲဇီကျုံးကရက်ရောပေမယ့်ကန့်သတ်ချက်ရှိသည်။အရေးကြီးဆုံးကတော့သူရဲ့စပွန်ဆာအသစ်ဆီကနေ ဆေးတွေရသည်ဒါပေမယ့်ဟဲဇီကျုံးကမသိလိုက်တဲ့အပြင်သူနဲ့စကားပြောဖို့တောင်အလားလာနည်းတဲ့အတွက်၊အဲဒါကြောင့်သူတစ်ခြားနေရာမှာဘဲအဖြေ ရှာဖို့စဉ်းစားနိုင်သည်။

ဘာဘဲဖြစ်ဖြစ်သူဖမ်းမိတဲ့စပွန်ဆာတွေကရက်ရော သော်လည်းသူတို့ကခဏတာသာစိုပြည်တာဖြစ်ပြီးအကြာဆုံးကတော့တစ်လသို့မဟုတ်နှစ်လသာဖြစ်သည်။ပံ့ပိုးပေးမယ်ဆိုရင်တောင်မှသူတို့အလှနဲ့ကြာ ကြာမခံပါဘူး။

သူကိုတကယ်ကြိုက်ပြီးအလိုလိုက်တဲ့ဟဲဇီကျုံးလိုလူမျိုးကရှားသည်။အရေးကြီးဆုံးကတော့သူက ဘယ်တော့မှဒီလိုအသိုင်းဝိုင်းမျိုးနဲ့မရောနှောဘူး။

ဒီလိုအသိုင်းဝိုင်းမျိုးနဲ့မရောနှောဘူးဆိုရင်မင်းရဲ့ပုံမှန်အခြေအနေကိုမသိနိုင်သလိုကျောင်းမှာနေထိုင်ရတဲ့အကြောင်းပြချက်ကိုအသုံးချရင်မင်းရဲ့ညဘတ်အခြေအနေကိုသိရန်ပိုတောင်မဖြစ်နိုင်ပေ။အချို့ သောအကြောင်းရာတွေကိုအတူတကွမဆွေနွေးနိုင်သော်လည်းသူသည်ကောင်းမွန်စွာပြုမှုပြီးသပ်ရပ်စွာဝတ်စားဆင်ယင်နေသမျှကာလပတ်လုံးသူ (ဟဲဇီကျုံး)သည်အလွန်လွယ်ကူပြီးစိုးရိမ်စရာကင်းကာသူကိုစိတ်ကျေနပ်စေရန်စိုးရိမ်စရာမလိုပေ။သူကိုဘယ်လိုစွန့်လွှတ်နိုင်ပါ့မလဲ။

ဒါပေမယ့်အခုတော့

သိုက်ကျွင်းကသူ့အောက်နှုတ်ခမ်းကိုကိုက်လိုက်သည်။နောက်ဆုံးအချိန်အဖြစ်အပျက်ပြီးနောက်မှာသူ(ဟဲဇီကျုံး)ကသံသယဖြစ်လာပုံရသည်။အရင်တုန်းကသူနဲ့ဆုံခဲ့တဲ့အချိန်ကိုသတိရမိသွားသည်။အဲဒါကသူ့သူငယ်ချင်းတွေကိုရှာဖို့Cတကကသိုလ်ကိုရောက်လာတုန်းကဖြစ်သည်။

သေချာတာပေါ့ပိုက်ဆံရှိတဲ့သခင်လေးတွေများလေပိုကောင်းလေဘဲ။သနားစရာကောင်းတာကတော့ပိုမိုကောင်းမွန်တဲ့ဘဝနဲ့လဲလှယ်ဖို့သူခနဓာကိုယ်ကိုအသုံးပြုတဲ့နည်းလမ်းကိုသူလက်မလွှတ်နိုင်ပါဘူး။ဟဲဇီကျုံးကကောင်းမွန်တယ်ဒါပေမယ့်သူကအဲ့ဒီလူတွေလောက်တော့မရက်ရောဘူး။အကယ်လို့သူကိုတစ်ယောက်ယောက်ကမှတမင်တကာသတင်းမ ပေးရင်သူကမသိပေ။

အိပ်ဆောင်ထဲမှသူနဲ့ရန်ဖြစ်ထားတဲ့အခန်းဖော် အကြောင်းကိုစဉ်စားရင်းသိုက်ကျွင်းသည်လက်ကိုင်ဖုန်းအသစ်ကိုသူ့အိပ်ကပ်ထဲသို့ခါးခါးသီးသီးထည့် ကာလှည့်၍သူ့အိပ်ဆောင်ဆီသို့ပြန်သွားခဲ့သည်။ မနေ့တုန်းကဝတုတ်ကြီးကသူကိုValentineaနေ့ ရောက်ရင်gayပါတီတစ်ခုကိုခေါ်သွားမယ်လို့ပြော ပေမယ့်သူကအချိန်ပိုင်းအလုပ်ကိုဆင်ခြေအဖြစ်သုံးကာငြင်းခဲ့သည်။ကောင်းပြီသူကိုဖုန်းပြန်ခေါ်ကြတာပေါ့။

.................

ဟဲဇီကျုံးကပြတင်းပေါက်မှာရပ်နေတုန်းဖြစ်သည်။ဟဲဇီကျုံး၏နှလုံးသားကလုံးဝတည်ငြိမ်နေသည်။သိုက်ကျွင်းနဲ့တွေ့ပြီးမှသူလမ်းမခွဲချင်ဘူးသူနဲ့တွေ့ပြီးရင်သူဒေါသတွေကိုလုံးဝမထိန်းနိုင်မှာစိုးသည်။အကယ်လို့သူထိန်းချုပ်မှုလွတ်သွားပြီးလည်ပင်းကိုညှစ်သတ်လိုက်မယ်ဆိုအခုကလူတွေနေ့တိုင်းသေဆုံးပြီးပရမ်းပတာဖြစ်နေတဲ့ကမ္ဘာပျက်ကပ်လိုမဟုတ်ပေ။အခုချိန်ကဥပဒေရှိသည့်လူအဖွဲ့စည်းဖြစ်နေသေး တာကြောင့်သူ့ကိုယ်သူထိန်းချုပ်မှုမလွတ်စေရန်သူ့ရန်သူများနှင့်မတွေ့အောင်ရှောင်သင့်သည်။သူ့၏ အရင်ဘဝတွင်သိုက်ကျွင်းသည်စွမ်းအင်မရှိ သောသာမာန်လူသာဖြစိသည်။

ကမ္ဘာပျက်ကပ်စဖြစ်တဲ့ညကသူကဟဲဇီကျုံး၏အိမ် မှာရောက်နေခဲ့တာဖြစ်သည်။အဲဒီညကသူဝမ်းကွဲချူလီကအိမ်သို့ရောက်လာပြီးရုတ်တရက်အဖျားတက်လာသောကြောင့်သူမတစ်ညလုံးနေဖို့လိုသည်။ အဲဒီအကြောင်းကြောင့်ဘဲသူ့နဲ့သိုက်ကျွင်းနဲ့အငြင်း ပွားခဲ့ရသည်။

ကမ္ဘာပျက်ကိန်းနှစ်ပတ်ခန့်အလိုတွင်မရှင်းပြနိုင် သောအဖျားရောဂါသည်တစ်ကမ္ဘာလုံးသို့ပျံ့နှံ့သွားခဲ့သည်။ဆေးရုံတွေမှာသတိလစ်နေတဲ့လူနာတွေပြည့်နေပြီးလူနာတင်ယာဉ်ခေါ်ဖို့မဖြစ်နိုင်ပေ။

သိုက်ကျွင်းကချူးလီရဲ့အဖျားတွေသူတို့နှစ်ယောက်ကိုကူးသွားမှာကြောက်နေခဲ့ပြီးချူးလီကိုကန် ထုတ်ချင်ခဲ့သည်။သူလည်းချူးလီကိုမကြိုက်ပေမယ့်သူမကဆွေမျိုးဖြစ်တာကြောင့်မငဲ့မညှာဖျားနေတဲ့သူကိုမကန်ထုတ်နိုင်ခဲ့ပေ။

နောက်တစ်နေ့မနက်ခင်းအစောတွင်ကမ္ဘာကြီးတစ်ခုလုံးချက်ချင်းငရဲအဖြစ်ပြောင်းလဲသွားပြီးကမ္ဘာပျက်ကပ်မတိုင်ခင်ကအဖျားကြီးပြီးသတိလစ်မေ့မြောနေသူများသည်ဇွန်ဘီများအဖြစ်ပြောင်းသွားကြသည်။လူအနည်းငယ်သာနိုးလာပြီးသဘာဝလွန်စွမ်း အားများရရှိခဲ့ကြသည်။ 

သိုက်ကျွင်းသည်အလွန်ကြောက်တက်ပြီးအားနည်းသောသာမာန်လူဖြစ်သည်။ဟဲဇီကျုံးသည်းစွမ်းအင်များမနိုးထသော်လည်းကမ္ဘာပျက်ကပ်မတိုင်မီအပတ်ထဲကစတင်ကာညတိုင်းအဖျားအနည်းငယ်တက် ကြောင်းကိုဝမ်းနည်းစွာသတိရမိသည်။

အဖျားအနည်းငယ်တက်ပြီးဆယ်နာရီအကြာတွင်သူသည်အားနည်းသွားပြီးစွမ်းအင်မဲ့သွားကာသူ၏လုပ်နိုင်စွမ်းကိုများစွာသက်ရောက်ခဲ့သည်။ဒါတောင်မှသူကသိုက်ကျွင်းကိုကာကွယ်ဖို့အတက်နိုင်ဆုံးကြိုးစားပြီးအပြင်ထွက်ပြီးအစာရှာတုန်းဖြစ်သည်။

သူ့တို့နှစ်ယောက်လုံးအံ့အားသင့်သွားတာကအဖျားတက်နေတဲ့ချူးလီကသစ်သားစွမ်းရည်နိုးထလာလို့ဘဲဖြစ်သည်။ဟဲဇီကျုံးနှင့်သိုက်ကျွင်းအားနည်းတာကိုသိပြီးနောက်စွမ်းအင်နိုးထလာတဲ့ချူးလီသည်၎င်းတို့အားစွန့်ပစ်ရန်မတွန့်ဆုတ်ခဲ့ပေ။အခြားစွမ်းအားရှိသူတွေနဲ့ပူးပေါင်း ပြီးထွက်သွားခဲ့သည်။

နောက်ပိုင်းမှာတော့သိုက်ကျွင်းဘေးကင်းရေးအတွက်space၏တည်ရှိမှုကိုထုတ်ဖော်ပြသခဲ့ရသည်။ spaceထဲမှာနေတာကဘေးကင်းတာကိုသိရှိပြီး နောက်သိုက်ကျွင်းသည်တုံ့ဆိုင်းမှုမရှိဘဲအထဲမှာ နေရန်တောင်းဆိုခဲ့သည်။ဟဲဇီကျုံးသည်နေရာလွတ်ထဲတွင်ထာက်ပံ့ပစ္စည်းများပြင်ဆင်ထားခြင်းမရှိဘ ပန်းသီးပင်အနည်းငယ်နှင့်အသုံးမဝင် သောပန်းပင်အချို့ကိုသာစိုက်ပျိုးထားသည်။

သူသည်အဖွဲ့စည်းအတွင်းရှိအခြားအသက်ရှင်ကျန်ရစ်သူများနှင့်ပူးပေါင်းကာထောက်ပံ့ပစ္စည်းများ စုဆောင်းရန်စွန့်စားရလေသည်။ 

ထိုအချိန်တွင်ဖန်ဟောင်နှင့်တွေ့ခဲ့သည်..

ပိန်ပိန်ပါးပါးနဲ့အရွယ်မရောက်သေးသောလူငယ်လို ဖြစ်သည်။တိတ်တိတ်ဆိတ်နှင့်သွယ်လျသောဖန် ဟောင်သည်ပြင်းထန်ကြမ်းတမ်းသောကမ္ဘာပျက်ကပ်ထဲတွင်ရုန်းကန်နေရခဲ့သည်။သူ(ဖန်ဟောင်)တွင် စွမ်းအင်ရှိသော်လည်းသူ၏စွမ်းအင်သည်တိုက်ခိုက်ရာတွင်အထောက်အကူမဖြစ်သည့်ထောက်ပံ့ပို့ဆောင်ရေးအမျိုးအစားကုသရေးစွမ်းအင် ဖြစ်သည်။ဒါပေမယ့်သူဘယ်တော့မှမတုန်လှုပ်ခဲ့ဘူး။သူ့တို့နှစ်ယောက်စတွေ့ခဲ့တည်းကဖန်ဟောင်က သူ့ဘေးနားမှာခိုင်ခိုင်မာမာရပ်တည်ခဲ့သည်။

သိုက်ကျွင်းနဲ့ချူးလီတို့ကသစ္စာဖောက်ကာနေရာ လွတ်ကိုဓားပြတိုက်သွားပြီးသူအားကိုးနိုင်တဲ့တစ်ခုထဲသောအရာကိုဆုံးရှုံးခဲ့ရတာတောင်မှ၊overlordအဖွဲ့ကသူကိုအလိုရှိ(ဖမ်းချင်)နေခဲ့ပြီးအခြေစိုက်စခန်း မှာလုံးဝနေလို့မရတော့တာတောင်မှ၊တစ်နေ့မှာ ၁၂နာရီလောကအားနည်းပြီးစွမ်းအင်လုံးဝရှိတာ တောင်မှ.........

အတူတူထွက်ပြေးပြီးသုံးလအတွင်မှာဖန်ဟောင်ကိုအကြိမ်ပေါင်းများစွာပထုတ်ပြီး တစ်ယောက်ထဲထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် အကြိမ်ကြိမ်ဖမ်းမိခဲ့ပါသည်။အချိန်တိုင်း ကြောင်ပေါက်လိုမျက်လုံးလေးကလခြမ်းကွေးလိုပါးချိုင့်လေးတွေပေါ်သည့်အထိပြုံးပြခဲ့ပြီး သူလုံးဝနားမလည်နိုင်ခဲ့ပေ။ 

ဟဲဇီကျုံးကအရူးမဟုတ်ပေ။ဖန်ဟောင်ကသူကိုကြိုက်နေတာကိုသူသိပေမယ့်ပထမကတော့သိုက်ကျွင်းကသူ့ဘေးမှာရှိသောကြောင့်ဖန်ဟောင်ကတခြားသူရဲ့ချစ်သူကိုလုယတ်ဖို့ဘာမှမလုပ်နိုင်ခဲ့ဘူး။ နောက်ပိုင်းတော့သူတို့နှစ်ယောက်ထွက်ပြေးပြီးAမြို့၏အခြေစိုက်စခန်းနားမှာဂရုတစိုက်နေခဲ့ကြသည်။

ဖန်ဟောင်၏ပွင့်ပွင့်လင်းလင်းညွှန်ပြသောအပြုအမှုများအပြင်သဘောထားနှင့်နူးညံ့သိမ်မွှေ့မှုကိုနားလည်သော်လည်းပြန်မတုံ့ပြန်ရဲပေ။ဖန်ဟောင်မှာအဖွဲ့တိုင်းကပစ်မှတ်ထားသောအလွန်ရှားပါးသောကုသရေးစွမ်းအင်ရှိသည်။ဖန်ဟောင်သူကိုထားသွားသရွှေ့သူကoverlordအဖွဲ့ကိုအပြစ်ပြုခဲမိရင်တောင်သူရဲ့စွမ်းအားတွေကိုပြသနေသမျှကာလပတ်လုံးအသင်းအားလုံးကသူ့အတွက်တိုက်ခိုက်မှာဖြစ်သည်။

ဒါပေမယ့်ဒီအရူးလေးကသူ့နောက်ကိုဇွတ်လိုက်နေခဲ့သည်။သူ(ဖန်ဟောင်)ဘာကြောင့်ဒီလိုလုပ်လဲဆို တာကိုသူသေခါနီးအချိန်မရောက်တဲ့အထိမပြောပါဘူးသူ့(ဟဲဇီကျုံး)အထက်တန်းတတိယနှစ်တုန်းကသူ့ကိုဝန်ခံခဲ့တဲ့ဂျူနီယာညီလေးဖြစ်သည်။

အချိန်တော်တော်ကြာတဲ့အထိဖန်ဟောင်ကသူကိုချစ်နေခဲ့တာဖြစ်သည်သူလည်းအတူတူပါဘဲ။

ဖန်ဟောင်ကြောင့်သာမဟုတ်ရင်ဟဲဇီကျုံးကသူယောက်ျားလေးတွေကိုကြိုက်တာသတိထားမိမှာမဟုတ်ပေ။ဖန်ဟောင်ကြောင့်သာမဟုတ်ရင်သူ့တို့ပထမဆုံးစတွေ့တုန်းကဖန်ဟောင်နဲ့မျက်လုံးချင်းဆင်တဲ့သိုက်ကျွင်းကိုရွှေးမှာမဟုတ်ဘူး။ကျွန်တော်အထက်တန်းတုန်းကသူကိုစောစောစီးစီးအဖြေပြန်ပေးခဲ့မယ်ဆိုရင်နှစ်ယောက်သားစောစောစီးစီးအတူနေဖြစ်မလား။ဟဲဇီကျုံးမသိဘူးသူဖန်ဟောင်ကိုရှာချင်နေတာပဲသိသည်။သူ့အကြောင်းတွေးမိလိုက်သည်။ သူသေဆုံးပြီးခွဲခွာသွားပြီးနောက်သိုက်ကျွင်း၏ ဖုန်းဖြေဆိုမှုပြီးနောက်တွင်ပြုံးလိုက်ရင် ကြောင်ပေါက်လိုမျက်လုံးလေးကလခြမ်းလိုကွေး သွားပြီးပါးချိုင့်လေးတွေပေါ်လာတဲ့လူငယ်လေးကိုလွမ်းသည်။ 

.."ဖန်ဟောင်"ဟဲဇီကျုံးသူ့လက်ကိုပြတင်းပေါက်ပေါ်တွင်တင်လိုက်ပြီးအောက်ကိုငုံကြည့်လိုက်တော့အံ့ဩမှုဖြင့်သူမျက်လုံးတွေပြူးကျယ် သွားသည်။ 

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment