no

Font
Theme

ကောပင်းနဲ့လူအနည်းငယ်သည်၎င်းကိုဆွေးနွေးခဲ့ ကြပြီးဂိုဒေါင်တံခါးကိုဖွင့်ရန်အတွက်သော့ကို ကလော်ပြီးဖွင့်သည့်နည်းလမ်းဟောင်းကိုဘဲအသုံး ပြုခဲ့သည်။နေရာလွတ်များမှာရပ်ထားသည့်ကား များအပြင်ခြံဝင်ထဲတွင်ဂိုဒေါင်အကြီးကြီးတစ်လုံးလည်းရှိသည်။ထိုနေရာတွင်လည်းကားအကောင်းစား များရှိမည်လို့ခန့်မှန်းထားကြသည်။

ဂိုဒေါင်တံခါးဖွင့်လိုက်တာနဲ့တစ်ပြိုင်နက်အရင်ဝင်သွားတဲ့လူအနည်းငယ်သည်လေမချွန်ဘဲမနေနိုင် တော့ပေ။"ကောင်းလိုက်တဲ့ကားတွေ!!!"

"Wrangler!!"

"Land Cruiser"

{ကားbrandတွေပါ}

ဂိုဒေါင်ထဲတွင်ကမ္ဘာပျက်ကပ်အတွင်းသူတို့ရဲ့ကိုယ်ထည်နဲ့အကြမ်းခံမူအသုံးဝင်ဆုံးဆိုတာကို အကောင်းဆုံးပြသနိုင်ခဲ့သည့်လူတိုင်းစိတ်ဝင်စားနေကြသောလမ်းကြမ်းမောင်းကားအမျိုးစားစားများအပြင်အကန့်အသက်ဖြင့်ထုတ်ထားသောပြိုင်ကားအနည်းငယ်လည်းရှိသည်။

"ငါအရင်ကကြားခဲ့တာတော့ဒီကုမ္ပဏီကကားအစုလိုက်ရွှေ့ပြီးမေလAမြို့မှာကျင်းပတဲ့ကားအရောင်း ပြပွဲကိုသွားမလို့စီစဉ်ခဲ့တာတဲ့ကားအကောင်းစားကြီးတွေအများကြီးရှိတယ်လို့ကြားခဲ့ပေမယ့်ဒီလောက်ကောင်းတဲ့ကားတွေအများကြီးရှိနေမယ်လို့တော့မမျှော်လင့်ခဲ့ဘူး"ဂိုဒေါင်ထဲသို့မဝင်ခင်ကောပင်းက ပြောခဲ့သည်။ထိုကားတွေကိုတွေ့ပြီးတော့မီးမညှိရ သေးသောစီးကရက်သည်မြေပြင်ပေါ်သို့မတော်တဆပြုတ်ကျသွားခဲ့သည်။

"ငါတို့အနာဂတ်မှာဒီကားတွေကိုမောင်းဖို့မဖြစ်နိုင် တော့တာတကယ်ကိုနှာမြောစရာကောင်းတယ်"တင်သွင်းထားသောအကန့်သတ်ထုတ်ပြိုင်ကား အနည်းငယ်ကိုကြည့်ရင်းအားလုံးကနှမြောတသ ဖြစ်စွာဖြင့်သက်ပြင်းချခဲ့သည်။

"သော့တွေရှာပြီးတော့ကားပြောင်းစီးကြစို့!!!"အပြင်ဘက်တွင်ရပ်ထားသောကားများမဟုတ်လည်းဂိုဒေါင်ထဲတွင်ရှိသောကားကောင်းများသည်လူတိုင်းသူတို့ရဲ့မူလကားနဲ့အစားထိုးရန်အတွက်လုံလောက်သည်။

မစ်ရှင်ကိုဆောင်ရွှတ်နေသောSamsaraအသင်းတစ်ခုလုံးနှင့်ဟဲဇီကျုံးနဲ့ဖန်ဟောင်တို့ကိုထပ်ပေါင်းထည့်လိုက်ရင်စုစုပေါင်းလူ၂၆ယောက်ရှိပြီးကား၁၁စီးရှိသည်။

ကောပင်းကအရှေ့သို့လျှောက်လာပြီးသိသိသာပြုပြင်မွမ်းမံထားတဲ့ဂျစ်ကား၏ဘေးတစ်ဖတ်ခြမ်းကို သေနတ်နဲ့တစ်ချက်ပစ်လိုက်သည်။ကျယ်လောင် စွာဝုန်းခနဲမြည်သွားသော်လည်းကားကိုယ်ထည်ပေါ်တွင်ကျည်ဆံကြောင့်မည့်သည့်အရာမှမကျန်ခဲ့ပေ။

"ကျည်ကာတယ်"ကျေနပ်စွာဖြင့်သူ့ဘေးနားကကားကိုပုတ်ခဲ့ပြီးသူ့ခေါင်းကိုလှည့်လိုက်ကာဟဲဇီကျုံးနှင့်ဖန်ဟောင်ကိုပြုံးပြပြီး"တစ်ခုရွှေးလေ"

လူတွေကိုတဒင်္ဂမျှမိန်းမောတွေးဝေသွားစေသည့် ကားအကောင်းစားတွေအများကြီးရှိသည်။ဟဲဇီကျုံးသည်ယဉ်ကျေးပျူငှာမနေဘဲလုံးဝကျည်ဒဏ်ခံနိုင်သည့်လမ်းကြမ်းမောင်းကားတစ်စီးကိုရှာဖွေခဲ့သည်။

 

"ကြည့်ရတာဒီဂိုဒေါင်ပိုင်ရှင်မှာလမ်းကြောင်းမောင်းကားတွေအများကြီးရှိပုံဘဲဒီလိုကားအမျိုးစားတွေ တောင်ရနိုင်တယ်"

"အင်းငါတို့လူနည်းလွန်းနေတယ်လမ်းမှာမတော်တဆဖြစ်မှာစိုးရိမ်လို့သာ မဟုတ်ရင်တစ်ယောက်ချင်းစီတစ်စီးမောင်းသွားရင်ငါတို့ကားအများကြီးမောင်းလို့ရတယ်"ကောပင်းက ဝမ်းနည်းစွာဖြင့်သက်ပြင်းချခဲ့သည်။

"ဘော့စ်ကျွန်တော်သော့တွေရှာတွေ့ခဲ့တယ်"လူတစ်ယောက်သည်မန်နေဂျာအခန်းထဲကနေပြေးထွက် လာခဲ့ပြီးနောက်လူတိုင်းသည်သူတို့လိုချင်သောကားများကိုရွှေးလိုက်သည်။ကံကောင်းစွာဖြင့်သူတို့သည်ဒီတစ်ခေါက်မစ်ရှင်အတွက်ဓာက်ဆီများကိုလုံလောက်စွာပြင်ဆင်ခဲ့သည်။ဒီဂိုဒေါင်ရဲ့အခန်းငယ်လေးထဲတွင်လည်းဓာက်ဆီနဲ့ဒီဇယ်စည်တစ်ဒါဇင်ထက်ပိုရှိ ပြီးဒီကားများကိုမောင်းပြီးလူတိုင်းအခြေစိုက်စခန်းသို့ပြန်ရန်အတွက်လုံလောက်သည်။

ဒီတစ်ကြိမ်တွင်လူ၂၆ယောက်သည်စုစုပေါင်းကား ၁၃စီးကိုရွှေးခဲ့ပြီးကားတစ်စီးတွင်ပျမ်းမျှလူနှစ်ယောက်နှုန်းဖြင့်ကားသော့များကိုယူကာသူတို့သည်ဂိုဒေါင်ထဲမှရွှေးထုတ်ထားသောကားများကိုမောင်းလာခဲ့သည်။ရလဒ်အနေဖြင့်မူလပျင်းစရာကောင်းသော ယာဉ်တန်းသည်နိုင်ငံကျော်အဖွဲ့အဖြစ်သို့ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။{T/N-ကားအပျံစားကြီးတွေစီးပြီးဂုဏ်ဆာနေတာ}   အကယ်လို့ဒီအုပ်စုသာကမ္ဘာပျက်ကပ်မတိုင်ခင်အပြင်ထွက်ခဲ့လို့ရှိလျှင်လူတွေရဲ့အာရုံစိုက်မူကိုခံရမှာ သေချာသည်။ယခုချိန်အပြင်ထွက်ရင်လည်းအုပ်စုတစ်ခုကိုဆွဲဆောင်နိုင်သည်။ထိုအုပ်စုသည်ဇွန်ဘီတွေနဲ့ဖွဲစည်းတာကလွဲပြီးတော့……ထိုကားတွေကိုမောင်းရခြင်းရဲ့ရည်ရွယ်ချက်သည်ထိုအုပ်စုကိုတိုက်ရန်ဖြစ်သည်။

လက်နက်များ၊ခဲယမ်းမီးကျောက်များ၊ကားကောင်းများရှိနေပြီး၎င်းတို့ရဲ့မစ်ရှင်ပစ်မှတ်များအားလုံးကိုစုဆောင်းခဲ့သည်။လူတိုင်းသည်သူတို့သက်ဆိုင်ရာ ကားများမှအစောပိုင်းတွင်တင်ခဲ့သောပစ္စည်းများကိုကားအသစ်များပေါ်သို့တင်ခဲ့ပြီးဆေးဝါးများပြည့်နှတ်နေသည့်ထရပ်ကားတွင်ပါဝင်သည့်ပစ္စည်းများကိုကားများတွင်ခွဲတင်လိုက်ကာမူလကားများမှကျန် နေသောဓာက်ဆီများကိုထုတ်ပြစ်ခဲ့ပြီးအပြင်သို့မောင်းထွက်ခဲ့ကြသည်။

"အပြန်လမ်းမှာပိတ်ဆို့မူတွေများလာပြီး တက်နိုင်သမျှအရှိန်ကိုမြှင့်ပြီးမစ်ရှင်ပြီးအောင်လုပ် ကြ!!"ချန်နင်၏အသံသည်အတော်အတန်ဆူညံနေ သောစကားပြောစက်မှထွက်ပေါ်လာခဲ့သည်။

အပြန်လမ်းပေါ်တွင်အခြေနေများပြောင်းလဲခြင်းမှကာကွယ်ရန်ကောပင်းသည်၎င်းကိုဆွေးနွေးပြီးနောက်အရှိန်မြှင့်ရန်ဆုံးဖြတ်ခဲ့ပြီးအခြေစိုက်စခန်းသို့ပြန်ရန်ဆုံးဖြတ်ခဲ့ပြီးအပြင်မှာရှိနေတဲ့အချိန်ကိုတိုးတောင်းစေရန်ကြိုးစားခဲ့သည်။

Samsaraအသင်းသည်ထိုကားအားလုံးကိုသူတို့ဘာသာမမျို(မယူ)ချနိုင်ပေ။သူတို့သည်ဒီတစ်ခေါက်တွင် ကျည်ကာပြီးတော့ကြီးမားသောကားများကိုရွှေးခဲ့သည်။ဒီကားအမျိုးစားများသည်ကိုယ်ထည်ကြံခိုင် ပြီးပျက်စီးဖို့ခဲယဉ်းကာနေရာလည်းကျယ်ဝန်းပြီး ကမ္ဘာပျက်ကပ်၏အခြေနေအများစုကိုရင်ဆိုင်ရန် လုံလောက်သည်။ထိုကားတစ်စီးသည်အနည်းဆုံး လူ၇ယောက်၆ယောက်ဆံ့ပြီးချမ်းသာသောအခြားအသင်းများနှင့်အခြေစိုက်စခန်းကရာထူးကြီးတဲ့သူတွေကိုတောင်ဈေးနှုန်းအမြင့်ကြီးနဲ့ရောင်းလို့ရသည်။

သူတို့ထွက်လာတုန်းကSamsaraအသင်းတွင်ကားအများကြီးရှိခဲ့သော်လည်းအများစုသည်အရင်တုန်းကလမ်းပေါ်ကနေကြုံရာကျပန်းယူဆောင် လာခဲ့ခြင်း ဖြစ်သည်။ဒီတစ်ကြိမ်တွင်ပစ္စည်းတွေပို တင်ဖို့ကားများပိုမောင်းလာခဲ့ကြသည်။တင့်ကားကဲ့သို့လမ်းကြမ်းယာဉ်ငယ်တစ်စီးနဲ့တိုက်မိရုံနဲ့ပျက်စီးသွားနိုင်သည့်ထိုသေးငယ်ပျက်စီးနေသောကားများကိုလဲလှယ်ခြင်းသည်ရိုရှင်းတဲ့ဈေးဆစ်ခြင်းတစ်ခု သာဖြစ်သည်!!!

"ဒီကားကဆီစားတယ်"ဖန်ဟောင်ကဆီဂိတ်ကိုစိုက် ကြည့်ပြီးမျက်တောင်ခတ်လိုက်ကာ"ကျွန်တော်တို့ မှာဓာက်ဆီအလုံအလောက်ရှိလို့လား"

"ကိုယ်တို့အခြေစိုက်စခန်းကိုပြန်ရောက်လို့ရှိရင်နောက်ထပ်(ဓာက်ဆီ)လဲလှယ်ဖို့နည်းလမ်းရှာလို့ရတယ်လေ၊ကိုယ်တို့အပြင်ထပ်ထွက်တဲ့ချိန်မှာလည်းဓာက်ဆီများများစုဆောင်းဖို့ကြိုးစားလို့ရတာဘဲလေ" နေရာလွတ်ထဲတွင်ဓာက်ဆီအများကြီးရှိသေးတဲ့အ ပြင်အရင်ကကောက်ယူခဲ့သောဆီတိုင်ကီထရပ်ကားတွေရှိသော်လည်းကားဓာက်ဆီစားခြင်းပြဿနာကိုဖြေရှင်းဖို့နည်းလမ်းမရှာခင်အချိန်ကြာကြီးယူလို့ တော့မရပေ။

"ဒါပေမယ့်ဒီကားကတော်တော်လေးတောင့်တယ်ဇွန်ဘီတွေကိုတိုက်ရင်တော့ဘယ်လိုအကျိုးသက်ရောက်မူရှိလဲဆိုတာတော့မသိရသေးဘူး"အရင်ကသူတို့အသုံးပြုခဲ့သောHummerကားသည်သိပ်မဆိုးသော်လည်းကားကိုယ်ထည်သည်ကျည်ကာမဟုတ်သောကြောင့်အချိန်နဲ့အမျှပျက်စီးယိုယွင်းမူများဖြစ်ပေါ်လာသည်။ကားကိုယ်တိုင်က၈၀%အသစ်ဖြစ်နေရင်တောင်မှပင်။

"ဇွန်ဘီမပြောနဲ့ဒီကားနဲ့ဆိုနံရံကိုတောင်တိုက်လို့ရတယ်"ဟဲဇီကျုံးကရီလိုက်ပြီး"ကောပင်းရွှေးထားတဲ့ကားကိုကြည့်လိုက်ဦး၊အဲ့ဒီကားကတင့်ကားနဲ့သိပ်မကွာဘူး"

 

ကားဘီးတွေကြည့်ဘဲဆိုရင်တောင်ကြီးမားတဲ့ လမ်းကြမ်းမောင်းကားတစ်စီးဖြစ်နေပြီးသာမာန် ကားတွေနဲ့ကွဲပြားသည်။ဖန်ဟောင်နှုတ်ခမ်းတွေကတွန့်သွားပြီး"အဲ့ကားကတော့ကြောက်စရာကြီး… ဓာက်ဆီဘယ်လောက်တောင်လိုလိမ့်မလဲ"

"အဲ့ဒီကားတွေကိုသူတို့ဘာသာသိမ်းထားဖို့အစီစဉ် မရှိဘူးလို့ကိုယ်ထင်တယ်သူတို့အခြေစိုက်စခန်းနဲ့ လဲလှယ်လိမ့်မယ်၊သူတို့မှာစစ်တပ်ကားတွေလည်းရှိတယ်......အဲ့ကားတွေကိုဂိုဒေါင်ပိုင်ရှင်ဘယ်လိုရလာလဲမသိဘူး"

"ကောပင်းနဲ့တခြားသူတွေကကားအရောင်းပြပွဲမှာ ပြဖို့သိုလှောင်ထားတယ်လို့ပြောခဲ့တယ်လေမဟုတ် ဘူးလား၊ဒီညပြန်သွားရင်သတိထားဦးအရမ်းမှောင် နေပြီအစောပိုင်းကကျွန်တော်တို့ရှာမတွေ့ခဲ့တဲ့တစ်စုံတစ်ခုဂိုဒေါင်ထဲမှာရှိနေရင်ဘယ်လိုလုပ်မလဲ" ဖန်ဟောင်ကပြောပြီးနေရာလွတ်ထဲမှတွေ့ထားတဲ့ချောကလတ်တစ်ပိုင်းကိုဟဲဇီကျုံးအားခွံ့လိုက်သည်။ဒီနေ့သူတို့အကုန်လုံးစုဆောင်းပြီးသွားသောအခါ ကောင်းကင်ကအရမ်းမှောင်နေပြီဖြစ်သည်။လမ်းမှာအလျင်လိုစရာမရှိရင်ဒီညအိပ်ဖို့အတွက်သူတို့နေရာတစ်နေရာရှာသင့်သည်။အကုန်လုံးညစာတောင် မစားရသေးပေ။အရှေ့ကလူတွေလုံခြုံတဲ့နေရာတစ်ခုရွှေးတဲ့အထိစောင့်ရန်လိုအပ်သည်။

"အမ်မစိုးရိမ်ပါနဲ့"နေခင်းဘက်တွင်သူတို့ကျည်ကာကားအမြောက်အများကိုရှာတွေ့ခဲ့ပြီး၎င်းတို့ရဲ့နေရာကိုမှတ်သားခဲ့သည်။ညရောက်လို့သူတို့သွား ယူတဲ့အခါနေရာလွတ်ထဲကနေဖြတ်ပြီးယူလိုက်ရင်အဆင်ပြေလိမ့်မည်။

ည၁၁နာရီတွင်ယာဉ်တန်းကဓာက်ဆီဆိုင်အပြင်ဘက်မှာရပ်တန့်ခဲ့သည်။Samsaraအသင်းကအဖွဲ့သား များသည်ကင်းထောက်လိုက်ပြီးနောက်အစီရင်ခံရန် ပြန်လာခဲ့သည်။"အဲ့တာကကတ်စနစ်နဲ့လည်ပတ် တာဒါပေမယ့်ပါဝါကတော့ပျက်တောက်သွားပြီ၊ရှောင်မင်ကဆီထည့်လို့ရအောင်နည်းလမ်းရှာနေတယ်"

"အလျင်လိုစရာမလိုဘူး၊ငါတို့ဒီညဒီမှာဘဲနားမယ်၊ငါတို့မနက်ခင်းမထွက်ခင်တော့ဆီထည့်လို့ရလောက် ပါတယ်"ကောပင်းကခါးကျောဆန့်လိုက်သည်။ ကမ္ဘာပျက်ပြီးနောက်ဓာက်ဆီများသည်လည်းအရေးကြီးသောပြဿနာဖြစ်သည်။ဒီဓာက်ဆီဆိုင်ကတ်နဲ့ထည့်ရတဲ့ဟာဖြစ်နေတာကံကောင်းသည်။အကယ်လို့သာမာန်ဓာက်ဆီဆိုင်သာဆိုရင်အရင်ထဲကလူတွေဖြည့်လို့ဓာက်ဆီတွေကကုန်နေလောက်ပြီ။

"လူတိုင်းအနားယူဖို့နေရာရှာကြ၊မနက်ဖြန်မနက် မထွက်ခင်ဓာက်ဆီဆိုင်မှာဆီဖြည့်ဖို့ရှောင်မီပြီးအောင်စောင့်ရမယ်"သူတို့အနားယူနိုင်ကြောင်းကြား တော့လူတိုင်းသည်အသက်ရှုရန်ကားပေါ်ကဆင်း လာကြသည်။ဓာက်ဆီဆိုင်တစ်ဝိုက်တွင်တွဲလောင်းဆွဲထားသောဇွန်ဘီတစ်ဒါဇင်လောက်ရှိခဲ့ပြီးပထမဆုံးရောက်တဲ့ကားကသေနတ်ဖြင့်ပစ်သတ်ခဲ့သည်။အခုချိန်တွင်၎င်းတို့သည်ထောင့်တစ်နေရာတွင် လှဲလျောင်းနေသည်။

"ငါတို့ဒီညတော့ကိုယ့်ကားထဲမှာဘဲကိုယ့်အနားယူ ကြမလား၊ဘာဘဲဖြစ်ဖြစ်ကားထဲမှာလည်းနေရာအကျယ်ကြီးရှိတာဘဲ၊ငါတို့ဒီညအတွက်အဖွဲ့သား တစ်ချို့ကိုကင်းစောင့်ခိုင်းရမယ်"ချန်နင်နဲ့ ကောပင်းသည်ဆွေးနွေးခဲ့ကြပြီးဟဲဇီကျုံးတို့ကို သတင်းပို့ရန်သူတို့ကားဆီသို့တစ်စုံတစ်ယောက် အားစေလွှတ်ခဲ့သည်။ထို့နောက်သူသည်လမ်းဘေးသို့လျှောက်သွားပြီးကောပင်းနှင့်အတူဆေးလိပ်‌ သောက်ကာအခြားအရာများကိုဆွေးနွေးခဲ့သည်။

"အခုသွားတော့မလို့လား"ဟဲဇီကျုံးကနေရာလွတ်ထဲသို့ဝင်သွားပြီးဂိုဒေါင်ဆီသို့ပြန်သွားတော့မယ်လို့‌ ပြောသောအခါဖန်ဟောင်ကအသံတိုးတိုးလေးဖြင့် မေးမြန်းခဲ့သည်။

"စောစောသွားပြီးစောစောပြန်လာခဲ့၊မဟုတ်ရင် ဟိုကောင်စုတ်လေးကမထွက်လာနိုင်ဘဲနေလိမ့်မယ်၊အချိန်အရမ်းကြာသွားရင်သူဆန္ဒပြနိုင်တယ်"ဟဲဇီကျုံးကပြုံးလိုက်ပြီးဖန်ဟောင်ရဲ့မေ့စေ့လေးကိုညှစ်လိုက်ကာ"ကိုယ်တက်နိုင်သမျှစောစောပြန်လာမယ်အကယ်လို့မတော်တဆတစ်ခုခုဖြစ်လို့ရှိရင်သူတို့ နောက်ကိုလိုက်သွားပြီးအရင်မောင်းသွားလိုက်၊ကိုယ်ဘေးနားမှာသွမ့်ဇီရှိရင်မင်းကားကိုဘယ်နေရာ မောင်းသွားသွားကိုယ်လိုက်လာလို့ရတယ်"

"ဟုတ်ကဲ့ပါ"သွမ့်ဇီနဲ့သာဆိုကားကိုအဝေးသို့မောင်းသွားရင်တောင်တူညီတဲ့နေရာကနေသူတို့ထွက်လာပါ့မလားဆိုတာနဲ့ပတ်သက်ပြီးစိတ်ပူစရာမလိုပေ။သွမ့်ဇီကအပြင်ထွက်လာပြီးအခြားလူဘေးနားမှာ‌ ပေါ်လာသကဲ့သို့ပင်ဖြစ်သည်။

ဟဲဇီကျုံးသည်ကားအနောက်ခန်းသို့သွားလိုက်ပြီး နေရာလွတ်ထဲသို့ဝင်သွားခဲ့သည်။

သွမ့်ဇီသည်နေရာလွတ်ထဲသို့တစ်စုံတစ်ယောက်ဝင်လာသည်ကိုခံစားခဲံရသည်။ဖန်ဟောင်သို့မဟုတ်ဟဲဇီကျုံးပင်ဖြစ်နေပါစေသွမ့်ဇီသည်လက်မောင်းထဲသို့ ပစ်ဝင်လိုက်ပြီးမြူတူးစွာဖြင့်လူးလိမ့်ကာပွေ့ဖတ် ပေးဖို့တောင်းဆိုခဲ့သည်။

ဟဲဇီကျုံးကနူးညံသောခေါင်းလေးကိုပုတ်လိုက်သည်။"ဟုတ်ပါပြီဟုတ်ပါပြီ^^ငါကိုဂိုဒေါင်အရင် ပို့ပေးပြီးမှခဏလောက်ကြာရင်မင်းမားမားဆီပြန်ပို့ပေးဟုတ်ပြီလား"ဖန်ဟောင်သည်သွမ့်ဇီကသူ့ကိုမားမားအဖြစ်သတ်မှတ်ထားမှန်းသိသော်လည်းသွမ့်ဇီနဲ့မျက်နှာချင်းဆိုင်သောအခါသူ့ကိုသူ့ပါးပါးလို့ အမြဲခေါ်သည်။ဟဲဇီကျုံးကကြားတဲ့အချိန်တိုင်းဘာမှမပြောခဲ့ပေမယ့်သွမ့်ဇီနဲ့သူနှစ်ယောက်ထဲရှိတဲ့ အခါသူ့သည်သွမ့်ဇီ၏"မိဘ"အခန်းကဏ္ဍာနဲ့ပတ်သက်ပြီးခိုင်ခိုင်မာမာရှိနေဆဲဖြစ်သည်။{T/N-ဒီမှာပြောချင်တာကဖန်ဟောင်ကသူ့ကိုသူပါးပါးလို့ပြောတဲ့အခါဇီကျုံးကဘာမှမပြောပေမယ့်သူ့roleကပါးပါးကပါးပါးဘဲလို့ပြောချင်တာပါ}

သွမ့်ဇီနဲ့ဟဲဇီကျုံးသည်ဂိုဒေါင်ထဲတွင်ပေါ်လာခဲ့သည်။မဲမှောင်နေသောဂိုဒေါင်ထဲတွင်အလင်းရောင်မရှိလုနီးပါးဖြစ်သည်။ဓာက်မီးကိုဖွင့်လိုက်ပြီးအနီးနားတွင်ဇွန်ဘီကောလူကောမရှိကြောင်းအတည်ပြုပြီးနောက်သူသည်သော့များထားတဲ့နေရာဆီသို့လျှောက် သွားခဲ့သည်။

ကားသော့များကိုအမျိုးစားများခွဲပြီးမတူညီသော သေတ္တာလေးများထဲတွင်ထည့်ထားသည်။ထို သေတ္တာများသည်နေ့လည်းခင်းတွင်ကောပင်းကဖွင့်ထားခြင်းကိုခံခဲ့ရသည်။အနာဂတ်တွင်နောက်ထပ် ရောက်လာသူများကိုမျှော်လင့်ချက်ရှိရန်အလိုငှာသူတို့မောင်းချင်တဲ့ကားတွေရဲ့သော့တွေကိုဘဲယူခဲ့သည်။

ထိုအချိန်တွင်ဟဲဇီကျုံးသည်သူ့ရွှေးချယ်ထားခဲ့သောကားများ၏သော့များကိုယူခဲ့ပြီးဂိုဒေါင်ထဲသို့ပြန်ဝင်လာပြန်သည်။

သော့ကိုတစ်ကြိမ်စစ်ဆေးပြီးနောက်သော့နဲ့ကားကိုနေရာလွတ်ထဲသို့အတူတူထည့်လိုက်ပြီးအသစ်စက်စက်ကျည်ကာလမ်းကြမ်းမောင်းကားအမြောက်အ များကိုလေထဲကနေနေရာလွတ်မြေအောက်ထပ်တွင်ထားလိုက်သည် ။လေထဲတွင်လွှင့်မျောနေပုံမှာ အလွန်အမင်းနိုင်ထက်စီးနင်းပြုမူနေရပုံပေါ်သည်။

ကားများကိုထည့်နေစဉ်တွင်ဂိုဒေါင်ထဲမှာတိုးညင်း သောအသံတစ်သံထွက်ပေါ်လာသည်။ဟဲဇီကျုံးက ချက်ချင်းဓာက်မီးကိုပိတ်လိုက်ပြီးသော့ပေါက်ထဲသို့အနည်းငယ်ထည့်ထားသောသော့ကိုလှည့်လိုက်ပြီး ထည့်လိုက်တော့ကားနဲ့သော့သည်ကိုက်ညီသော ကြောင့်ကားကပွင့်သွားခဲ့သည်။

ဟဲဇီကျုံးနဲ့အခြားသူတွေထွက်သွားခဲ့တုန်းကဂိုဒေါင်တံခါးကိုအနည်းငယ်ပိတ်ထားခဲ့သည်။သော့ခတ် ထားခဲ့ခြင်းမဟုတ်သော်လည်းအခုချိန်တွင်အပြင်ဘက်ကနေညင်ညင်သာသာဖွင့်လို့ရနေသည်!!

နေ့ခင်းဘက်ချိန်မှာသူတို့ဒီကိုလာခဲ့တာဖြစ်ပြီးဂိုဒေါင်၃၁ကလူသားစားကောင်ကလွဲပြီးမည်သူနဲ့မှသူတို့ မတွေ့ခဲ့ပေ။ဒါပေမယ့်လည်းအဲ့လိုဆိုတိုင်းဒီနေရာ မှာနေထိုင်တဲ့အခြားသူမရှိဘူးလို့မဆိုလိုပေ။ဂိုဒေါင်ကိုလာတဲ့တခြားလူအသစ်တွေလား?ဒါမှမဟုတ် အနီးနားမှာပုန်းနေတဲ့သူတွေလား?


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment