ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်အရှေ့သို့ဆက်လျှောက်သွားလိုက်သည်။သူတို့သည်ပါးစပ်ပေါက်ဆိုးတဲ့ဆိုင်ပိုင်ရှင်ရဲ့ဆိုင်ရှေ့တွင်အကြာကြီးမနေခဲ့ပေ။ထိုလူသည်သူဆိုင်သို့ဝယ်ရန်တစ်ယောက်မှမလာသည်ကိုမြင်သောအခါသူဆိုင်ကိုသိမ်းလိုက်ပြီးနေ့လည်စာစားရန်အိမ်ပြန်ဖို့ပြင်ဆင်လိုက်သည်။သူ့အိမ်တွင် ကောင်းမွန်သောပစ္စည်းများနှင့်စားနပ်ရိက္ခာအများအပြားရှိသောကြောင့်သူ့ကသူ့လက်နက်များကို စျေးသက်သက်သာသာဖြင့်ရောင်းချရန်ဆန္ဒမရှိပေ။ အပြင်မှာခဏလောက်သာဆိုင်ခင်းဖို့လိုအပ်ပြီး နာမည်ကောင်းရပြီးသွားရင်ငါးအကြီးကြီး(သူ့ဆိုင်တွင်ပစ္စည်းအများကြီးဝယ်မယ့်လူ)တွေကသူ့တံခါးကိုလာခေါက်လိမ့်မည်။
သီးချင်းလေးတစ်ပုဒ်ကိုညည်းနေရင်းနဲ့အဆောက်အအုံအစုအဝေးဆီသို့ဝင်သွားသည်။ဒုတိယလမ်း ထောင့်ချိုးသို့ရောက်သောအခါလေပြင်းတစ်ခုကတိုက်ခတ်လာသည်။ထိုအမျိုးသားကသူ့ခေါင်းကိုလှည့် မကြည့်နိုင်ခင်မျက်လုံးကမည်းမှောင်လာပြီးမြေပြင် ပေါ်သို့လှဲကျသွားကာနောက်ထပ်မထနိုင်တော့ပေ။ အခြေစိုက်စခန်းအတွင်း၌ဇွန်ဘီ၏ခြိမ်းခြောက်နိုင်မူတွေအားရှင်းလင်းပြီးသွားပြီဖြစ်သော်လည်းလူသားအချင်းချင်း၏အန္တာရယ်မှာပြင်ပရှိအန္တာရယ်လောက်မများပင်မယ့်အန္တာရယ်များနေဆဲဖြစ်သည်။အထူးသဖြင့်အခြေစိုက်စခန်းတွင်လျှပ်စစ်ဓာက်အားကန့်သက်ထားသောကြောင့်လမ်းဘေးရှိCCTVကင်မရာ များသည်အလှဆင်ထားသလိုသာဖြစ်နေပြီးလူသတ်မှုများမကြာခဏဖြစ်နေသည်။
ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်ဓားကြီးတစ်ချောင်းနှင့် အနောက်တိုင်းဓားတစ်ချောင်းကိုဆန်ဆယ်တင်း တစ်အိတ်နှင့်အလဲလှယ်မလုပ်ခင်လမ်းဘေးစျေးတွင်အကြာကြီးနေခဲ့သည်။ထိုလက်နက်နှစ်ခုသည်တကယ့်လက်နက်အစစ်မဟုတ်သော်လည်းရိုက်ကူး ရေးကဇာက်ဝင်ပစ္စည်းအသုံးအဆောင်များဖြစ်သည်။ဓားများသည်သံမဏိအစစ်ဖြင့်ပြုလုပ်ထားတာမဟုတ်သော်လည်းဟဲဇီကျုံးကထိုဓားတွေကိုရွှေစွမ်းအင်ထပ်ပေါင်းထည့်ပြီးအရင်ကအသုံးပြုခဲ့သောစတီးပိုက်တွေထက်တော့ပိုကောင်းသည်။
ဓားအရှည်အတွက်ကတော့ဓားအရှည်အစစ်လောက်မကောင်းမွန်သည့်အပြင်လှီးဖြတ်ခြင်းကဲ့သို့သောလှည့်ကွတ်ပရိယာလ်များကိုမလုပ်ဆောင်နိုင်သော်လည်းလက်နက်အနေဖြင့်ယာယီအသုံးပြုဖို့ဖန်တီးထားတဲ့မီးချိတ်ကောက်တစ်ခုထက်တော့ပိုကောင်းသည်။ဖန်ဟောင်တွင်လက်နက်ခိုင်မာမူတိုးလာစေရန်ရွှေစွမ်းအင် မရှိသော်လည်းသိုင်းစာအုပ်တွင်ဖော်ပြထားသော နည်းလမ်းများကိုလေ့ကျင့်ပြီးနောက်လက်နက်၏ သေစေနိုင်မူကိုတိုးရန်လက်နက်ထဲသို့"ချီ"ကိုပေါင်း စပ်ပြီးအသုံးပြုနိုင်သည်။ချွန်ထက်သောလက်နက်နှစ်ခုသည်အသုံးဝင်ရုံမျှသာဖြစ်သည်။
လက်နက်များကိုဝယ်ပြီးနောက်သူတို့ရဲ့စိတ်ခံစားချက်သည်အဆင့်တစ်ခုလောက်အထိကိုပိုမိုကောင်းမွန်လာခဲ့သည်။အခြေစိုက်စခန်း၏ရုံးဧရိယာတစ်ဝိုက်ကိုလှည့်ပတ်သွားလာရင်းအခုမှဖွင့်ထားတဲ့အလုပ်တာဝန်တွေထုတ်ပြန်ပေးတဲ့ခန်းမတစ်ခုကိုတွေ့လိုက်သည်။
ထိုနေရာကအစတုန်းကဘဏ်တစ်ခုဖြစ်သည်။အခု တော့၎င်းနေရာသည်အသင်းဖွဲ့စည်းရန်နှင့်လုပ်ငန်းတာဝန်များထုတ်ပြန်ပေးတဲ့နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ရှေ့ပြေးပုံစံကြေးစားစစ်သားအဖွဲ့သည်စွမ်းအားရှင်များနှင့်ဆောင်ရွတ်ရန်အခြေစိုက်စခန်းစီမံခန့်ခွဲဖို့အတွက်နည်းလမ်းတစ်ခုအနေနဲ့ ဖြစ်ပေါ်လာသည်။
အခြေစိုက်စခန်းတွင်ဘယ်လောက်ဘဲအလုပ်အများ ကြီးရှိနေပါစေလူအားလုံးတော့အလုပ်မရနိုင်ပေ၊ပြီးတော့ကာကွယ်ရေးအဆောက်အအုံများတည်ဆောက်ပြီးရင်လူအင်အားအများကြီးကျန်ရှိနေမှာဖြစ်သည်။ထိုလူတွေနဲ့ဘာလုပ်ရမှလဲ။ဘာမှတစ်ခုမှမရဘဲ လူတွေရဲ့ပါးစပ်ပေါက်တစ်ခုကိုမကျွေးထားနိုင်ပေ။
အပြင်တွင်ဇွန်ဘီအမြောက်အမြားနှင့်အတူပစ္စည်းတွေလည်းအများကြီးကျန်ရှိနေသေးသည်။အခြေစိုက်စခန်းတွင်လူအရေအတွက်ဘယ်လောက်ဘဲနည်းပါစေစားသောက်တာကစားသောက်တာဘဲဖြစ်သည်။အပြင်ဘက်တွင်ဇွန်ဘီဘယ်လောက်ဘဲများနေ ပါစေသူတို့ကိုသက်ရမည့်နေ့တော့ရောက်လာမှာဖြစ်သည်။အခြေစိုက်စခန်းသည်လူသားတွေရဲ့မူလ ဇာတိမြေကိုပြန်လည်ရယူရန်၊အပြင်ဘက်ကဇွန်ဘီတွေကိုအပြီးတိုင်ရှင်းလင်းသုတ်သင်ပစ်ရန်အတွက်လူသားတို့၏ဆုံးရှုံးသွားသောနယ်မြေကိုပြန်လည်ရယူဖို့လူတိုင်းစိတ်အားထက်သန်စေရန်နှိုးဆော်ဖို့ နည်းလမ်းတစ်ခုရှာရုံသာတက်နိုင်သည်။
ယခင်မစ်ရှင်များပေးအပ်ရန်ကြိုးပမ်းမူနှင့်သန်မာသူများကိုရိက္ခာစုဆောင်းရန်အပြင်ထွက်ဖို့ခွင့်ပြုလိုက် ခြင်းသည်အလွန်ကောင်းမွန်သောရလဒ်ကိုဖြစ်ပေါ်လာစေသည်။လူတိုင်းလုံခြုံစွာပြန်လည်မရောက်ရှိ ကြသော်လည်းစွမ်းအားရှင်များရှိတဲ့အသင်းတစ် သင်းကကောင်းမွန်သောအကျိုးအမြတ်ခံစားခံရသည်မှာသံသဖြစ်စရာမလိုပေ။
ထိုစမ်းသပ်ချက်အောင်မြင်ပြီးသွားသောနောက် အခြေစိုက်စခန်း၏အထက်အရာရှိများသည်အချို့ သောစည်းမျည်းစည်းကမ်းများကိုအချိန်ကြာကြီး မဖက်တွယ်ထားတော့ဘဲတစ်ဦးချင်းမှအဖွဲ့ဖွဲ့ပြီး အပြင်ထွက်ခွင့်ပြုသည့်ကြေးစားစစ်သားစနစ်ကို စတင်လိုက်တော့သည်။
"ကျွန်တော်တို့အသင်းတစ်ခုဖွဲ့သင့်လား"ဖန်ဟောင်ကဘဏ်ရှေ့ကကြော်ညာစာကိုဖတ်ပြီးနောက်မေးလိုက်သည်။
"အင်းစာရင်းသွားသွင်းရအောင်"သူသည်အဖွဲ့ထဲသို့အခြားသူများကိုပေါင်းထည့်ရန်အစီစဉ်မရှိသော်လည်းအသင်းတစ်သင်းရှိခြင်းသည်မစ်ရှင်အမှတ်များကိုစုပုံရစေပြီးအရေးကြီးသောတာဝန်များနှင့်အဆက်အသွယ်ရရှိစေကာစစ်တပ်နှင့်အတူအပြင်တောင်ထွက်ရနိုင်သည်။ထိုနည်းလမ်းသည်သူ့တို့ရဲ့လုံခြုံ ရေးကိုအလွန်တိုးမြှင့်စေနိုင်သည်။
လူတော်တော်များများသည်တာဝန်ထမ်းဆောင်ရန်နှင့်အပြင်ထွက်ဖို့အတွက်သူငယ်ချင်းအသိမိတ်ဆွေများနှင့်အဖွဲ့ငယ်လေးတစ်ခုကိုစတင်ဖွဲ့စည်းလိုက် ကြသည်။အစပိုင်းတွင်အခြေစိုက်စခန်းသည်အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းရန်အတွက်သီးခြားလိုအပ်ချက်များမရှိ ပေ။"လုံခြုံရေးအာမခံငွေ"ပေးနေသရွှေ့မည်သူမဆိုမှတ်ပုံတင်နိုင်ပြီးအမျိုးမျိုးသောတာဝန်များကိုလက်ခံနိုင်သည်။
တစ်လနှစ်လလောက်ကြာပြီးနောက်အသင်းတစ်သင်းတည်ထောင်ရန်အတွက်သက်မှတ်ချက်များ တိုးလာသည်။အခုချိန်တွင်ဘာလိုအပ်ချက်မှရှိသေးဘဲအဲ့တာကနာမည်တစ်ခုမျှသာဖြစ်ပြီးလူပေါင်းများ စွာသည်သူတို့ဘာသာသူတို့မှတ်ပုံတင်နိုင်သည်။ သို့သော်လည်းတစ်ယောက်ထဲလှုပ်ရှားကြသူများသည်သူတို့ရဲ့တာဝန်ကိုသူတို့ဘာသာထမ်းဆောင်ရန် အမှန်တကယ်မလုပ်နိုင်ပါကတာဝန်ပြီးမြောက်ရန်အတွက်တခြားသူများနှင့်ပူပေါင်းပြီးလုပ်ဆောင်ရမှာဖြစ်သည်။ဒါပေမယ့်လည်းလူတစ်ယောက်သည်၎င်းတို့ကိုယ်တိုင်အလွန်လုပ်ဆောင်နိုင်စွမ်းမရှိပါက ယေဘုယျအားဖြင့်အချိန်အကြာကြီးအသက်မရှင်နိုင်ပေ။
"လုံခြုံရေးအာမခံငွေ"ခေါက်ဆွဲခြောက်ငါးဖာပေးပြီးနောက်လူနှစ်ဦးသာရှိသောFengcheအဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ကိုးကားရန်ကောင်းမွန်သောစကားလုံးမရှိ သောကြောင့်သူတို့အဖွဲ့ကိုနာမည်ပေးဖို့အချိန် အကြာကြီးယူခဲ့ရသည်။သူတို့မှာနေရာလွတ်ရှိသော်လည်း"အာကသဟင်းလင်းပြင်နေရာလွတ်"ဆိုတဲ့ စကားလုံးထဲက"အာကသဟင်းလင်းပြင်ဆိုသောစကားလုံးသည်အသင်းရဲ့နာမည်အတွက်လုံးဝမသင့် တော်ပေ။အဖြူရောင်အလုံးလေးသွမ့်ဇီကိုလာဘ် ကောင်အဖြစ်အသုံးပြုနိုင်သော်လည်းလာဘ်ကောင်လေးကိုယ်တိုင်ကိုကနာမည်မရှိသောကြောင့်သူတို့ ကျုံရာကျပန်းရွှေးချယ်ပြီး"ဖက်ထုပ်အသင်း"လို့ မှည့်လို့မရပေ။သူတို့ရဲ့နာမည်တွေပေါင်းစပ်ပြီး ပေးဖို့ကျတော့လည်း-သူတို့ရဲ့နာမည်စကားလုံးတွေကိုရှေ့နောက်ပြောင်း စီပြီးဘယ်လိုဘဲပေါင်းစပ်ပေးပါစေကောင်းမွန်သော နာမည်တစ်ခုကိုမရနိုင်ပေ။၎င်းသည်စာအုပ်ခေါင်းစဉ်တစ်ခုအဖြစ်သင့်တော်သော်လည်း"အလွန်လေးလံ သော"သည်အဖွဲ့နာမည်အဖြစ်မသင့်တော်ပေ။
သူတို့နှစ်ဦးကြားတွင်တူညီသောအရာမှာ"အမြန်နှုန်း"ဖြစ်သည်။ဖန်ဟောင်၏အမြန်နှုန်းစွမ်းအားနှင့် ဟဲဇီကျုံး၏လေစွမ်းအားသည်အမြန်နှုန်းနှင့်ဆက်စပ်နေသောကြောင့်သူတို့၏အဖွဲ့နာမည်အဖြစ်မှည့်လိုက်ရခြင်းဖြစ်သည်။
မစ်ရှင်ခန်းမရဲ့ဘေးတွင်စွမ်းအားရှင်များစမ်းသပ်ပြီး မှတ်ပုံတင်နိုင်တဲ့စွမ်းအားဆန်းစစ်ရေးစင်တာဖြစ်သည်။ထိုနေရာသည်အရင်တုန်းကသိပ်အသုံးမဝင်ပေအထူးသဖြင့်စစ်တပ်၏စီမံခန့်ခွဲမူသဘောထားသည် စွမ်းအားရှင်များအပေါ်မရှင်းလင်းသောကြောင့်မည်သူမျှမှတ်ပုံတင်စာရင်းမသွင်းခဲ့ပေ။ဒါပေမယ့် အခြေစိုက်စခန်းသည်စွမ်းအားရှင်များနှင့်မစ်ရှင် ပြီးစီးမူမြင့်မားသောအဖွဲ့များသည်စစ်တပ်နှင့်အတူ မစ်ရှင်ထမ်းဆောင်ရန်ပါဝင်လို့ရပြီးရိက္ခာများနှင့် ပတ်သက်သည့်သတင်းအချက်အလက်များပိုမိုရရှိနိုင်ကြောင်းကြော်ညာပြီးနောက်လူပေါင်းများစွာသည် မှတ်ပုံတင်ရန်သွားကြသည်။
စွမ်းအားရှင်တွေအများကြီးမရှိကြောင်းကိုဟဲဇီကျုံးသိပြီးမှတ်ပုံတင်ပြီးရင်တောင်အန္တာရယ်ရှိသော အကျိုးအဆက်မရှိခြင်းကြောင့်သူ့ကဘာဖိအားမှမရှိဘဲဖန်ဟောင်ကိုစွမ်းအားဆန်းစစ်ရေးစင်တာသို့ ခေါ်ဆောင်သွားလိုက်သည်။
သူတို့ရဲ့နာမည်နောက်တွင်"အမြန်နှုန်း"နှင့်"လေ" စွမ်းအားအကဲဖြတ်ထားတာကိုထည့်ဖို့အချိန်သိပ် မယူလိုက်ရဘဲအခြေစိုက်စခန်း၏ကွန်ပြူတာတွင် မှတ်ပုံတင်ခဲ့သည်။စွမ်းအင်ကိုရည်ညွှန်းသော အထူးသက်သေခံကတ်ပြားနှစ်ခုကိုလည်းချောချောမွေ့မွေ့ဖြင့်ထုတ်ယူနိုင်ခဲ့သည်။
ဤစွမ်းအားနှစ်ခုသည်အခြေစိုက်စခန်းတွင်တွေ့ရ များပြီးပိုမိုထူးခြားသောစွမ်းအင်နှစ်ခုကိုဖုံးကွယ် ထားခဲ့သည်။ဘာဘဲဖြစ်ဖြစ်အခြေစိုက်စခန်းတွင် စွမ်းအင်များကိုရှာဖွေရန်ထောက်လှမ်းရေးကရိယာမရှိပေ။၎င်းတို့ယခုရှာဖွေတွေ့ရှိနိုင်သည့်နည်းလမ်းတစ်ခုသည်သတ်မှတ်ထားသောနေရာတစ်ခုတွင် တစ်စုံတစ်ယောက်အား၎င်းတို့၏စွမ်းအင်ကိုအသုံး ပြုစေခြင်းဖြစ်သောကြောင့်ဝန်ထမ်းများသည် စီရင်ဆုံးဖြတ်ချင်းကိုသာလုပ်နိုင်ပေသည်။
တစ်နေ့လုံးအနီးနားကိုလှည့်ပတ်ကြည့်ရှုပြီးနောက် သူတို့မောပန်းနွမ်းနယ်နေခဲ့ပြီးအနားယူရန်ဗီလာသို့ ပြန်သွားဖို့အသင့်ဖြစ်နေသည်။ဒါပေမယ့်သူတို့မပြန်ခင်တောင်ဘက်ဂိတ်ရဲ့ကာကွယ်ရေးအခြေနေကို သိရန်နည်းလမ်းတစ်ခုစဉ်စားဖို့လိုအပ်သည်။
သူတို့နှစ်ယောက်သည်တောင်ဘက်ဂိတ်သို့ဦးတည်နေတဲ့လမ်းဆီသို့ကွေ့သွားခဲ့ပေမယ့်တောင်ဘက် စစ်တပ်ဖြတ်သန်းသွားလာခွင့်နေရာရဲ့သုံးရာမီတာအကွာတွင်ရပ်တန့်ခဲ့သည်။တာဝန်မရှိသောသူများ အားဝင်ရောက်ရန်ခွင့်မပြုပေ။
အရင်တုန်းကတစ်ချိန်လုံးသူတို့အခြေစိုက်စခန်း အပြင်သို့ထွက်နိုင်သည့်အကြောင်းပြချက်သည်ပြာတွေကိုသယ်ယူပို့ဆောင်တဲ့တာဝန်ကြောင့်ဖြစ်ပြီး မဟုတ်ရင်သာမာန်လူတွေကထိုနေရာကိုမကပ်နိုင် ပေ။ဒါပေမယ့်အခုသူတို့သည်တာဝန်ထမ်းဆောင်ရန်ရွှေးချယ်ရမလားမရွှေးချယ်ရဘူးလားဆိုတာမသေ ချာပေ။သူတို့တာဝန်ထမ်းဆောင်ဖို့ရွေးချယ်လိုက်ရင်တောင်သူတို့အချိန်အကြာကြီးလုပ်လို့မရပေ။ အခြေစိုက်စခန်းအပြင်ကိုထွက်ပြီးပြာတွေမြုပ်နှံ ထားတဲ့နေရာကိုချည်းကပ်တဲ့နည်းလမ်းကဘဲအလုပ်ဖြစ်နိုင်လောက်သည်……..
အရင်တုန်းကတစ်စုံတစ်ယောက်ကနေရာလွတ်ထဲကိုဝင်လိုက်သောအခါလက်ကောက်ရှိတဲ့နေရာကို ဘဲပြန်ရောက်လာမှာဖြစ်သည်။ဒါပေမယ့်အခုချိန်တွင်လက်ကောက်မရှိတော့သလိုဖန်ဟောင်ကလည်း နေရာလွတ်ထဲသို့လွတ်လပ်စွာဝင်နိုင်ထွက်နိုင်တဲ့ စွမ်းရည်ရရှိလာသောကြောင့်သူတို့နေရာလွတ်ထဲသို့ဝင်လိုက်တဲ့အချိန်တိုင်းသူတို့ဝင်လိုက်တဲ့နေရာက နေသူတို့ပြန်ထွက်ပေါ်လာမှာဖြစ်သည်။
အရင်တုန်းကလက်ကောက်နှင့်နှိုင်းယှဉ်ရင်ပြောင်း ပြင်လွယ်မူကနည်းပါးတဲ့တစ်ချို့အရာတွေရှိသည်။သို့သော်လည်းအရင်တုန်းကလက်ကောက်လို ရုပ်ပိုင်းဆိုင်ရာအရာဝတ္ထုပစ္စည်းမရှိသောကြောင့် နေရာလွတ်၏လုံခြုံရေးနှင့်ကွယ်ဝှတ်ထားနိုင်မူသည်မြှင့်တက်လာခဲ့သည်။
နေရာလွတ်ထဲသို့ဝင်နိုင်သည့်လူနှစ်ယောက်ရှိသော ကြောင့်နေရာလွတ်ထဲသို့တခြားသူဝင်ထွက်ရန်နှစ် ယောက်စလုံးသယ်ဆောင်နိုင်ပြီးဟဲဇီကျုံးကအဲ့တာကိုဖန်ဟောင်နှင့်အတူအသုံးပြုနိုင်သည်။ဥပမာအား ဖြင့်သူတစ်ယောက်တည်းအပြင်ထွက်လိုက်ပြီးနောက်ပြာတွေမြှုပ်နှံထားတဲ့နေရာမှာနေရာလွတ်ထဲသို့ တိတ်တဆိတ်ဝင်ခဲ့သည်ဆို့ပါစို့။ညဘက်တွင်မြို့ပြင်မှာတစ်ယောက်တည်းထွက်ပေါ်လာမှဖြစ်ပြီး အဏုမြူကျောက်တုံးများစုဆောင်းပြီးနောက်နေရာလွတ်ထဲသို့ပြန်ဝင်လိုက်ပြီးဖန်ဟောင်ကိုအခြေစိုက်စခန်းအတွင်းမှဗီလာဧရိယာသို့ပြန်သွားခိုင်းလို့ရသည်။
မှတ်ထားရမှာတစ်ခုကနှစ်ယောက်စလုံးကသူတို့နေရာလွတ်ထဲသို့ဝင်လိုက်တဲ့နေရာသို့လူတွေကိုပြန် ခေါ်သွားရန်စွမ်းရည်ရှိသော်လည်းတစ်ခြားလူနေရာ လွတ်ထဲကထွက်လိုက်တာနဲ့တစ်ပြိုက်နက် နောက်ထပ်တစ်ယောက်ကထပ်ထွက်လိုက်ရင်အကယ်လို့သူ့ကနေရာလွတ်ထဲသို့ဝင်ထွက်ရန်စွမ်းအားကိုအသုံးမပြုခဲ့ရင်တောင်သူတို့နေရာလွတ်ထဲကထွက်လိုက်တဲ့နေရာကိုဘဲပြန်ရောက်သွားမှာဖြစ်သည်။
{T/N-ဖန်ဟောင်နဲ့ဇီကျုံးကအခုတောင်ဘက်ဂိတ်ရဲ့ သုံးရာမီတာအကွာအဝေးမှာနေရာလွတ်ထဲကိုဝင် သွားတယ်ကွာဟဲဇီကျုံးကပြန်ထွက်လာပြီပြာမြှပ် ထားတဲ့နေရာကိုသွားပြီးအဏုမြူကျောက်တုံးတွေကိုယူလာပြီးနေရာလွတ်ထဲပြန်ဝင်လာမှဖန်ဟောင်ကထွက်ပြီးဗီလာကိုသွားမှအဆင်ပြေမှာ၊မဟုတ်ဘဲ ဟဲဇီကျုံးအပြင်ထွက်ပြီးပြာတွေမြှုပ်တာကိုသွားတဲ့အချိန်မှာတစ်ခါတည်းဖန်ဟောင်ကဗီလာဧရိယာကို သွားတယ်ဆိုရင်ဟဲဇီကျုံးနေရာလွတ်ထဲပြန်ဝင်ပြီး ပြန်ထွက်လာရင်အရင်တောင်ဘက်ဂိတ်ရဲ့သုံးမီတာအကွာမှာဘဲနှစ်ယောက်စလုံးပြန်ပေါ်လာမှာ}}}
ဒါပေမယ့်အခုသူတို့ရဲ့အခက်ခဲကတောင်ဘက်ဂိတ် အပြင်ဘက်မှာရှိတဲ့ပြာတွေမြှုပ်နှံထားတဲ့နေရာကိုဘယ်လိုဝင်ရမလဲဆိုတာဖြစ်သည်။ပြာတွေကိုသယ်ယူပို့ဆောင်တဲ့တာဝန်ကိုထမ်းဆောင်ရန်လိုအပ်သလား။ဒါပေမယ့်သူတို့အဲ့တာဝန်ကိုဆောင်ရွတ်လိုက်ရင်တောင်သူတို့နှစ်ယောက်စလုံးအပြင်ထွက်လို့ မရနိုင်ဘဲတစ်ယောက်ပြန်ရန်လိုအပ်သည်ဟုတ်တယ်မလား?
ထို့ပြဿနာကိုရုန်းကန်ရင်းနဲ့ဘဲဗီလာသို့ပြန်လာခဲ့သည်ကျောပိုးအိတ်ထဲမှာပုန်းနေသောသွမ့်ဇီသည် အပြင်ဘက်တွင်ဘယ်သူမှမရှိတာကိုတွေ့တော့၎င်းကထွက်လာပြီးဖန်ဟောင်လက်မောင်းထဲကိုပစ်ဝင်ကာကလေးလေးလိုလုပ်နေတော့သည်။
တစ်နေ့လုံးကျောပိုးအိတ်ထဲမှာလိမ်လိမ်မာမာဖြင့် နေခဲ့တဲ့သွမ့်ဇီကိုထိလိုက်ရင်းဖန်ဟောင်သည်ရုတ်တရက်ကြီးတစ်စုံတစ်ခုကိုစဉ်းစားမိလိုက်သည်"ဇီကျုံး၊သွမ့်ဇီကကောနေရာလွတ်ထဲကိုလူတွေထည့်လိုရဘ လား"
"သွမ့်ဇီက၊လူတွေထည့်တာလား"ဟဲဇီကျုံးကအံ့ဩသွားပြီးသူ့မျက်လုံးတွေရုတ်တရက်ကြီးတောက်ပ လာကာ၊ဟုတ်သားဘဲ!!!အမှန်တကယ်တော့ နေရာလွတ်ထဲကိုလွတ်လွတ်လပ်လပ်ဝင်နိုင်ထွက်နိုင်တဲ့လူကသုံးယောက်ရှိနေတာဘဲ!!!!
သွမ့်ဇီကခေါင်းကိုကွေးပြခဲ့ပြီး(အမှန်တော့ခန္ဓာကိုယ်တစ်ခုလုံးကွေးသွားတာဖြစ်သည်)သူ့မိဘများကို တောက်ပသောမျက်လုံးလေးများဖြင့်စိုက်ကြည့်နေသည်။
သူတို့နှစ်ယောက်သည်သွမ့်ဇီနှင့်ဆက်သွယ်ရန်သူတို့တက်နိုင်သလောက်ကြိုးစားခဲ့သည်။တစ်ခါတစ်လေကြရင်သွမ့်ဇီကလူတွေကိုနားလည်ပုံပေါ်သော်လည်းယေဘုယျအားဖြင့်သူတို့ရဲ့စကားကိုရှင်းရှင်းလင်းမနားလည်ပေ။သူတို့ကညွှန်ကြားချက်ကိုပုံဆွဲရင်း တောင်ပြောပြခဲ့သည်။သွမ့်ဇီသူတို့ပြောတဲ့အဓိပ္ပါယ်ကိုနားလည်ရန်နှစ်နာရီနီးပါးလောက်ကြာခဲ့သည်။
နှစ်နာရီနီးပါးဆက်သွယ်ပြောဆိုပြီးတစ်နာရီခွဲလောက်ကြာအောင်စမ်းသပ်မူလုပ်ပြီးနောက်သွမ့်ဇီသည် ၎င်းတို့နောက်ဆုံးဝင်လိုက်တဲ့ဘယ်နေရာမှာမဆို ထွက်နိုင် ပြီးသူတို့ဘေးမှာလည်းတိုက်ရိုက်ပေါ်လာ နိုင်ကြောင်းသက်သေပြခဲ့သည်။သို့သော်သူတို့ထဲက တစ်ယောက်ကိုဘဲရွှေးချယ်နိုင်ပြီးအရင်ကနေရာလွတ်ထဲဝင်ခဲ့သည့်နေရာသည်ဘယ်နေရာဖြစ်နေပါစေတစ်ယောက်ရဲ့ ဘေးမှာသာပေါ်လာနိုင်သည်။
{{[T/N-သွမ့်ဇီကသူတို့နှစ်ယောက်ထဲကတစ်ယောက်နောက်ကိုရွှေးချယ်ပြီးတော့အဲ့လူဘယ်နေရာကနေနေရာလွတ်ထဲကိုဝင်ခဲ့ဝင်ခဲ့သူကဘေးမှာပေါ်လာနိုင်တယ် ပြီးတော့လိုက်ထွက်လို့လည်းရတယ်}]]
သူတို့မှာကန့်သက်ချက်တွေအများကြီးရှိနေသေး သော်လည်းတစ်ချို့ပြဿနာတွေကိုနောက်ဆုံး တော့ဖြေရှင်းလိုက်နိုင်ပြီဖြစ်သည်။
"အခုပြဿနာကသွမ့်ဇီကိုအခြေစိုက်စခန်းထဲကလူတွေရှာမတွေ့ဘဲအဏုမြူကျောက်တုံး မြှုပ်နှံ ထားတဲ့နေရာကိုဘယ်လိုသွားမလဲနဲ့နေနေရာလွတ်ထဲဘယ်လိုဝင်မလဲဘဲ"
နှစ်ယောက်သားညစာစားရင်းကုတင်ဘေးမှာထိုင်ကာသွမ့်ဇီကိုစိုက်ကြည့်နေကြသည်။
ဘာကြောင့်စိုက်ကြည့်နေလဲဆိုတာမသိသော်သွမ့်ဇီသည်ရှက်နေပြီးနူးညံသောအိပ်ယာကြီးပေါ်တွင် တွန့်လိမ့်နေသည်။သူ့ရဲ့ဖြူဖွေးသောမျက်နှာလေး တွင်နီရဲနေသောတိမ်စိုင်လေးလိုမျိုးပေါ်လာပြီးသူ့ရဲ့ မျက်လုံးလေးများသည်မျက်ရည်များကျမတက်ရွှန်းလဲ့စိုပြည်နေသည်။
"တစ်ခြားသူတွေမမြင်ရဘဲနဲ့အခြေစိုက်စခန်းအပြင်ဘက်ကိုထွက်သွားနိုင်လား"ဖန်ဟောင်ကပျော့ပြောင်းနူညံသောခေါင်းလေးကိုသူ့လက်ချောင်းလေးနဲ့ တို့ထိလိုက်သည်။
သွမ့်ဇီသည်စိတ်ရှုပ်ထွေးစွာဖြင့်သူ့ခန္ဓာကိုယ်ကိုစောင်းလိုက်ပြီးမျက်လုံးလေးပေကလပ်ပေကလပ်လုပ် နေသည်။ရုတ်တရက်ကြီးသူခန္ဓာကိုယ်ကရေလှိုင်းတွေလိုတက်လိုက်ကျလိုက်ဖြစ်လာပြီးသူ့ခန္ဓာကိုယ် အပေါ်ကအရောင်များသည်တဖြည်းဖြည်းအရောင်မှိန်လာသည်။