no

Font
Theme

Chapter26

"ဒါကရွှေလေ!!ကျွန်တော်နှင့်လိုက်ခဲ့"ဟဲဇီကျုံး          ရှုပ်ထွေးနေတာကိုမြင်ပြီးဖန်ဟောင်ကသူ့လက်ကိုအမြန်ဆွဲလိုက်ကာမြေအောက်ထပ်သို့ပြန်ပြေးဆင်း ပြီးမှန်ပတ်လည်ဗီရို(showcase)ဆီသို့ခေါ်သွားသည်။

ဒီမှန်ပတ်လည်ဗီရိုသည်မနက်ခင်းတုန်းကရွှေ၊ငွေ၊ ရတနာတွေထားဖို့စုဆောင်းခဲ့တာကိုဟဲဇီကျုံးမှတ်မိသည်။ဒါပေမယ့်အထဲမှာရွှေနှင့်ငွေသာကျန်တော့သည်။"ရတနာ"တွေရဲ့အရိပ်ယောင်ကိုမတွေ့ရတော့      ပေ။

"ကျွန်တော်လည်းခုနကမှတွေ့တာ၊ကျွန်တော်တို့ Fမြို့မှာတုန်းကရှာတွေ့ခဲ့တဲ့အိပ်ထဲကအအပါအဝင်ကျောက်မျက်တွေနဲ့ကျောက်စိမ်းတွေအကုန်လုံး ပျောက်ကုန်ပြီ!"အကယ်လို့တစ်ခုသို့မဟုတ်နှစ်ခု လောက်ဘဲပျောက်ခဲ့ရင်ဖန်ဟောင်ကအဲ့တာကိုသိမှာတောင်မဟုတ်ဘူး။ဒါပမယ့်မှန်ပတ်လည်ဗီရိုတွေထဲမှာအမျိုးမျိုးသောကျောက်စိမ်းတွေပြည့်နေတာကို တော့သူသေသေချာချာမှတ်မိသည်။အခုအကုန်လုံး ဘယ်ရောက်ကုန်တာလဲ!!

ဟဲဇီကျုံးကမျက်ခုံးပင့်လိုက်ပြီး "ကျောက်မျက်ရတနာတွေဘဲပျောက်ကုန်တာလား"

ဖန်ဟောင်ကခဏလောက်စဉ်စားလိုက်ပြီးဗီရိုကို ညွှန်ပြလိုက်ကာ"ဟုတ်တယ်!!ကျောက်စိမ်းနဲ့           ကျောက်မျက်ရတနာတွေဘဲပျောက်တာရွှေ၊ငွေနဲ့     ပုလဲတွေကရှိသေးတယ်!လက်ဝတ်ရတနာတစ်ချို့ မှာလည်းစိန်တွေဘဲရှိတော့တယ်ကျောက်မျက်တွေမရှိတော့ဘူး"

ဟဲဇီကျုံး၏စိတ်ထဲတွင်အတွေးတစ်ခုရုတ်တရက် ပေါ်လာသည်။"အဲ့တာဖြစ်နိုင်လောက်လား……  ဇွန်ဘီတွေရဲ့အဏုမြူကျောက်တုံးတွေလိုမျိုးလေ"

"အာ?စီနီယာပြောချင်တာကကျောက်မျက်တွေကိုလည်းနေရာလွတ်ကစုပ်ယူနိုင်တယ်လို့လေ"              ဖန်ဟောင်လည်းဆက်စပ်တွေးမိသွားပြီးမျက်လုံးတွေပြူးကျယ်နေခဲ့သည်။

"အဲတာဖြစ်နိုင်လောက်တယ်"ဟဲဇီကျုံးကခေါင်းညိတ်လိုက်သည်။သူ့အဲ့ရတနာတွေကိုနေရာလွတ်ထဲ ထည့်တုန်းကနေရာလွတ်ရဲ့တုံ့ပြန်မှုကိုအာရုံမထားခဲ့သောကြောင့်နောက်တစ်ကြိမ်ကျရင်သေချာလေး စောင့်ကြည့်ရမည်။အကယ်လို့ဒီအရာတွေကိုသာ နေရာလွတ်ကစုပ်ယူနိုင်တယ်ဆိုရင်နောက်ပိုင်းမှာ  ပိုအဆင်ပြေလိမ့်မည်။အခုချိန်မှာလူတွေကပစ္စည်း တွေကိုစုဆောင်းဖို့သွားတဲ့အခါကျောက်မျက်ရတနာများကိုဂရုမစိုက်ကြပေ။ဇိမ်ခံပစ္စည်းတွေက    အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေလောက်တောင်      ဆွဲဆောင်မူမရှိပေ။

ဒီပစ္စည်းတွေပျောက်သွားတဲ့အကြောင်းအရင်းကို ခန့်မှန်းမိပြီးနောက်သူတို့နှစ်ယောက် စိတ်သတ်သာရသွားသည်။အချိန်ကို                           ကြည့်လိုက်တော့-ည၇နာရီ_ဟဲဇီကျုံးကအပြင်က  အခြေနေကိုကြည့်ရှုဖို့အပြင်ထွက်ရန်ဆုံးဖြတ်လိုက် ပြီးဖန်ဟောင်ကညစာပြင်ဆင်ရန်နေခဲ့သည်။

ဟဲဇီကျုံးကနေရာလွတ်ထဲကနေထွက်လိုက်တာနဲ့ တစ်ပြိုင်နက်ကြတ်သေသေသွားသည်-ပြတင်းပေါက်အပြင်ဘတ်မှာအလင်းရောင်ရှိနေ တယ်!!

ပြတင်းပေါက်နားမှာဂရုတစိုက်မတ်တပ်ရပ်ပြီး    တစ်ဖတ်ကိုပိတ်ပြီးကန့်လာကာထောင့်ကနေ ဖွင့်ကြည့်ကာ-ကားတစ်စီး!စစ်တပ်ဘဲ!!လတ်စသတ်တော့     သူတို့ ကဒီနေ့မှရောက်လာကြတာဘဲ⁠⁠⁠⁠!!

ရံဖန်ရံခါရပ်ကွတ်အပြင်ဘတ်တွင်သေနတ်သံ ထွက်ပေါ်လာသည်။လောလောဆယ်တွင်      ဇွန်ဘီများကိုရှင်းလင်းရေးတပ်သားများသာ ရောက်လာခဲ့ကြသည်။

အစိုးရနှင့်မြို့တော်အရာရှိများ၊ချမ်းသာသော စီးပွားရေးသမားများနှင့်စစ်တပ်နှင့် လိုက်ပါလာသောသာမာန်ပြည်သူအချို့သည် ပထမဆုံးမြောက်ဘတ်မှာရှိတဲ့အခြေစိုက်စခန်းသို့ ပြောင်းရွှေ့ခဲ့ကြသည်။ထိုနေရာမှာရှိတဲ့ဇွန်ဘီတွေကသူတို့ကိုခြိမ်းခြောက်နိုင်ကြောင်းရှာဖွေတွေ့ရှိပြီး နောက်မှသာသူတို့ကဒီဗီလာဆီသို့ထပ်မံပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့တာဖြစ်သည်။

ဂြိုလ်တုစကင်န်စစ်ဆေးခြင်းမှတစ်ဆင့်ဟဲဇီကျုံးရှိ နေသည့်မြို့သစ်ခရိုင်ကိုရှာဖွေတွေ့ရှိခဲ့သည်။၎င်းသည်စစ်တပ်တန်းလျားတစ်ခုနဲ့နီးပြီးနှစ်ဖတ်စလုံးတွင်ရေများဖြင့်ဝန်းရံထားသည်။ရပ်ကွတ်သစ်ကို                 ကောင်းမွန်စွာတည်ထောင်ထားသော်လည်း နေထိုင်သူဦးရေနည်းပါးပြီးသိပ်မဖွံ့ဖြိုးသေးပေမယ့် မြေဧရိယာကျယ်ဝန်းသည်။အဲ့တာကဘဲယာယီ အခြေစိုက်စခန်းအတွက်အကောင်းဆုံးရွှေးချယ်မှု ဖြစ်ခဲ့သည်။

ထို့ကြောင့်အထက်အရာရှိများကချက်ခြင်း           အပြောင်းအရွှေ့အမိန့်ကိုထုတ်ပြန်ခဲ့သည်။ဒါပေမယ့်      ဇွန်ဘီတွေအများကြီးနှင့်အဝေးပြေးလမ်းမတွင်    ပိတ်ဆို့နေသောစွန့်ပစ်မယာဉ်များကြောင့်ရှေ့ပြေးတပ်သားများသည်အခုမှရောက်ရှိလာခြင်းဖြစ်သည်။

အသံချဲ့စက်မှအသံသွင်းထားတာကိုဖွင့်ပြနေပြီးအိမ်တွင်ပုန်းအောင်းနေသောနေထိုင်သူများကိုမစိုးရိမ်ရန်နှင့်အဖြူထည်ပိတ်စများသို့မဟုတ်အဖြူရောင် အဝတ်စားများချိတ်ထားရန်ပြောကြားထုတ်ပြန်နေသည်။ဇွန်ဘီများရှိသည့်နေရာကိုသီးသန့်ခွဲထားပြီးအနီရောင်အဝတ်စများချိတ်ဆွဲထားသင့်ကြောင်း၊အဲ့ဒါမှသာစစ်သားတွေကဝင်ရောက်ပြီးမနက်ဖြန် မနက်တွင်ရှင်းလင်းပေးမှာဖြစ်သည်။ သင့်လျော်သောမှတ်ပုံတင်ခြင်းမရှိသောအိမ်များကိုနောက်ပိုင်းတွင်စစ်တပ်ကအတင်းဓမ္မဝင်ရောက်ပြီး            သိမ်းပိုက်သွားမှာဖြစ်သည်။

အိမ်ပတ်ပတ်လည်လည်ကိုလျှောက်ကြည့်ပြီးဟဲဇီကျုံးသည်အဖြူရောင်မျက်နှာသုတ်ပါဝါကို တွေ့ပြီးနောက်အိပ်ခန်းပြတင်းပေါက်တွင် ချိတ်ဆွဲထားလိုက်သည်။ထိုနောက်မီးဖိုချောင်သို့ သွားကာနေရာလွတ်ထဲသို့မဝင်ခင်သူအရင်က စုဆောင်းခဲ့သောသာမာန်ဆန်၊  ခေါက်ဆွဲခြောက်များနှင့်အခြားရာများကိုထုတ်ထားခဲ့သည်။ 

ဖန်ဟောင်ကဘန်းမုန့်ကိုပေါင်းပြီးမီးဖိုပေါ်တွင် ယောဂုကိုချက်ပြုတ်နေသည်။ဟဲဇီကျုံးသည်           အံ့ဩတကြီးဖြင့်အိုအကြီးကြီးဖြင့်ချက်ပြုတ်ထား သောအဖြူရောင်ခေါက်ဆွဲများကိုကြည့်ကာ "ဂျုံမုန့်ညကိုဘယ်တုန်းကပြင်ထားတာလဲ"

"ဟိုတစ်ခေါကပေါင်မုန့်ဖုတ်ကတည်းကလုပ်ထားတာ"

"အသားတွေကကော"

"ဖတ်ထုပ်လုပ်တုန်းကလေ၊ဂေါ်ဖီနဲ့ဆလပ်ရွတ်က တော့ခုနကမှပြင်လိုက်တာ"ဖန်ဟောင်သည် နေရာလွတ်ထဲမြေအောက်ထပ်ကို အလွန်နှစ်သတ်သည်။ပြင်ဆင်ထားတဲ့ပါဝင်ပစ္စည်းတွေကိုဘယ်ချိန်ဘဲထည့်လိုက်ထည့်လိုက်ပြန်ထုတ်တဲ့အခါနဂိုအတိုင်းဘဲရှိနေသည်။အဲ့တာကအရမ်း အဆင်ပြေတယ်!!မီးဖိုချောင်အကူတွေကတောင်         ဒီထက်ကောင်းအောင်လုပ်ပေးနိုင်ပါမလား!?

ဟဲဇီကျုံးကူကယ်ရာမဲ့စွာပြုံးလိုက်ပြီးခေါင်းကို ခါလိုက်သည်။အိမ်မူကိစ္စကျွမ်းကျင်တဲ့ဒီအသေးလေးနဲ့လပ်ထပ်ခဲ့တာသူ့အရမ်းကံကောင်းသည်။

"လက်ထပ်"တယ်ဆိုတဲ့စကားလုံးကိုတွေးရင်း သူ့နှလုံးတွေရုတ်တရက်ကြီးအခုန်မြန်လာသည် "ကိုယ်အောက်ကိုသွားပြီးပစ္စည်းတွေသွားစီလိုက်ဦးမယ်၊ပြီးမှပြန်တက်လာခဲ့မယ်"

"ဟုတ်ကဲ့ဟင်းချက်ပြီးသွားရင်လှမ်းခေါ်လိုက်မယ်"ဖန်ဟောင်လက်တွေကလျင်မြန်ပြီးတစ်ခုပြီးတစ်ခုအဆာသွပ်ပြီးထုပ်နေသည်။

  

{T/N-chinese chive pocketsလို့ခေါ်ပါတယ်တရုတ်ရိုးရာမုန့်တစ်မျိုးပါ၊     သူ့ကအထဲမှာပဲကြာဇံ၊ကြက်ဥမွှေကြော်၊နဲ့ ဟင်းသီးဟင်းရွတ်တွေကိုအစာသိပ်ပြီးဖတ်ထုပ် လိုမျိုးထုပ်ပြီးရင်ပြန်ကြော်ရတာပါ}

ဟဲဇီကျုံးကအောက်ထပ်ကိုဆင်းလိုက်ပြီးဒီနေ့မှပြန်စီထားတဲ့ရွှေနှင့်ငွေထားတဲ့ဗီရိုစင်ဆီသို့သွားကာ      လှန်လှောရှာဖွေလိုက်သည်။သူရှာနေတဲ့အရာကို ရှာတွေ့သွားပြီးဖြစ်သည်။

သူလိုအပ်တာကိုရှာတွေ့ပြီးနောက်သူ့အိပ်အဟောင်းမှတခြားပစ္စည်းတွေကိုတံဆိပ်တုံးထွင်းထုတဲ့တံဆိပ်ထွင်းဓားများကိုယူပြီးနောက်ဒုတိယထပ်အိပ်ခန်းဆီသို့တိုက်ရိုက်သွားလိုက်သည်။

"စီနီယာ၊ဟင်းတွေအဆင့်သင့်ဖြစ်ပြီ"ဟဲဇီကျုံးသည်ဖန်ဟောင်အသံကိုကြားတဲ့အခါအမှုန့်ကိုမှုတ်ထုတ်လိုက်ပြီးသူ့လက်ထဲကထွင်းထုပြီးသွားပြီဖြစ်တဲ့ အရာကိုကြည့်ကာကျေနပ်သွားပြီးထရပ်လိုက်ကာ အောက်ထပ်သို့ဆင်းသွားသည်။

"အမ်?စီနီယာကအပေါ်မှာလား"

"အင်းငါတစ်ခုခုလုပ်လာခဲ့တယ်မင်းကြည့်ပြီးကြိုက်လားမကြိုက်ဘူးလားဆိုတာကိုပြောဦး"သူ့လက်ထဲတွင်အနက်ရောင်ကတ္တီပါသေတ္တာလေးကိုကိုင်ထားသည်။

အတွင်း၌ရိုးရှင်းသောရွှေဖြူလက်စွပ်လေးရှိနေသည်။ပုံစံလေးကအလွန်ရိုးရှင်းပြီး-လပ်စွပ်တစ်ခုလုံးတွင်ချောမွေ့သောအသွင်ဖြင့်ရောယှတ်ထားသောအသွင်အပြင်သုံးမျိုးရှိသည်။

အောက်တွင်စုဆောင်းထားသောလက်စွပ်များတွင် စိန်ကဲ့သို့ရတနာများဖြင့်စီချယ်ထားသော်လည်း၎င်းတို့အားလုံးကိုနေရာလွတ်မှစုပ်ယူသွားသောကြောင့်ရှုပ်ထွေးနေသောရတနာများမပါသောရွှေဖြူရောင်လက်စွပ်များကိုသာမပျက်မစီးထိန်းသိမ်းနိုင်ခဲ့သည်။

"အဲ့ဒီစကားလုံးလေးတွေကိုကိုယ်ထွင်းထားတာ၊ဒီလက်စွပ်ရဲ့ဆိုဒ်ကမင်းနဲ့တော်ပါ့မလားမသိဘူး"           ဟဲဇီကျုံးကသူတို့ရဲ့နာမည်တွေကိုဇီးသီးပွင့်စကားလုံးပုံစံနှင့်ရေးထိုးထွင်းထုထားတာဖြစ်သည်။စကားလုံးပုံစံ၏အနုစိတ်မှုသည်မိုက်ခရိုထွင်းထုခြင်းဖြင့်နှိုင်းယှဉ်နိုင်သည်။ဒါပေမယ့်ကြည့်ရတာ….သူလေထုပိုကောင်းတဲ့အခြေနေကို‌ရွှေးသင့်ပုံပေါ်သည်။

ဖန်ဟောသည်လက်စွပ်ကိုတအံ့တဩကြည့်နေသည်ကိုမြင်ရတော့ဟဲဇီကျုံးသည်ရုတ်တရက်နောင်တရသွားသည်။

ဖန်ဟောင်သည်တုန်တုန်ယင်ယင်လက်ကိုမြှောက်လိုက်ပြီးကတ္တီပါသေတ္တာလေးကိုယူကာ ဘေးချင်းကပ်လျက်လပ်စွပ်နှစ်ခုအတွင်းတွင် သူတို့ရဲ့နာမည်တွေထွင်းထားတာကိုတွေ့လိုက်ရ သည်။

စကားလုံးတွေကိုသူနားမလည်သော်လည်းသူတို့နှစ်ယောက်ရဲ့နာမည်တွေမှန်းတော့သူသိသည်။

"ကျွန်တော…တကယ်ကို…အဆင်ပြေလား?"

ဟဲဇီကျုံးကိုယ်တိုင်ကိုယ်ကျဖွင့်ဟဝန်ခံခဲ့ပြီး သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကတိုးတက်  နေပြီသားဆိုပေမယ့်ဖန်ဟောင်စိတ်ထဲမှာစိုးရိမ်ပူပန်နေဆဲဖြစ်သည်။သူကိုယ့်သူစိုးရိမ်ပူပန်ပြီးအတွေးမလွန်အောင်သူတစ်ခုမဟုတ်တစ်ခုကိုအလုပ်ရှာပြီး       လုပ်နေခဲ့သည်။ဒါပေမယ့်အခုတော့ဒီအံ့ဩမှုက သူ့အတွက်အရမ်းကြီးမားလွန်းသည်……..

"သေချာတာပေါ့ကျွန်တော်အရမ်းကြိုက်တယ်" ဟဲဇီကျုံးကစိတ်သက်သာရာရသွားကာ လက်သေးသေးလေးကိုဆွဲယူလိုက်ပြီး ဘယ်ဘတ်လက်သူကြွယ်ပေါ်တွင် လက်စွပ်ကိုစွပ်ပေးလိုက်သည်။ဆိုဒ်ကကွတ်တိဖြစ် နေပြီးသူ့အမြင်အာရုံကောင်းမွန်ကြောင်း         သတ်သေပြနေသည်။

ဖန်ဟောင်ကသူ့ခေါင်းကိုငုံ့ထားလိုက်သည်။ လက်စွပ်ကိုဝတ်ဆင်ပြီးနောက်သူ့ကတခြား လက်စွပ်ကိုယူလိုက်ပြီးဟဲဇီကျုံးလက်သူကြွယ်မှာ စွပ်ပေးလိုက်သည်။ထိုနောက်ဟဲဇီကျုံးလက်မောင်းထဲကိုပြစ်ဝင်လိုက်ကာသူ့ကိုတင်းတင်းကြပ်ကြပ် ပွေ့ဖတ်လိုက်သည်။

"စီနီယာကကျွန်တော်အပိုင်ဘဲ!!"

ဟဲဇီကျုံးကရီလိုက်ပြီးသူ့ကိုဖတ်ထားကာ"အင်း ကိုယ်ကမင်းအပိုင်ဘဲ၊မင်းကလည်းကိုယ်အပိုင်ဘဲ"

"ကျွန်တော်စီနီယာကိုတခြားသူတွေဆီပေးမှာမဟုတ်ဘူး၊ဘယ်သူကိုမှဘဲ!!"ဟဲဇီကျုံးရင်ဘတ်နားက နေသဲသဲကွဲကွဲမကြားရသောအသံလေး ထွက်ပေါ်လာပြီးသူ့ကိုနောက်တစ်ခါပြုံးရယ်အောင်လုပ်နေပြန်သည်"ကိုယ်လည်းမင်းကိုဘယ်သူဆီမှမပေးနိုင်ဘူး၊ဘယ်သူကိုမှမင်းကိုကိုယ့်ဆီကနေ လုယူခွင့်ပြုမှာမဟုတ်ဘူး"

သူတို့တစ်ယောက်ချင်းစီရဲ့နှလုံးသားအောက်ခြေမှာကိုယ်ပိုင်စိုးရိမ်ပူပန်မှုတွေနှင့်ကြောက်ရွှံ့မူများရှိနေသည်။သူတို့နှစ်ယောက်စလုံးကတစ်ယောက်ကို             တစ်ယောက်ဆုံးရှုံးမှာအလွန်ကြောက်နေကြသည်။တစ်စုံတစ်ယောက်ကဒီကြေးမုံပြင်လိုပြီးပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာကိုဆုံးရှုံးရမှာကြောက်သလို အခြားတစ်ယောက်ကလည်းသူ့ပြန်လည်မွေးဖွားပြီးနောက်ပိုင်းကအရာအားလုံးအိမ်မတ်ဖြစ်နေမှာကို      ကြောက်သည်။

ဒါပေမယ့်ဤအခိုက်အတန့်တွင်သူ့တို့နှစ်ယောက်၏တုန်လှုပ်နေသောစိတ်နှလုံးသားသည် လုံးဝပေါင်းစပ်သွားသည်။ကမ္ဘာကြီးကဘယ်လောက်ပြောင်းလဲနေပါစေကိစ္စမရှိပေသူတို့နှစ်ယောက်ကအချင်းချင်းအပြန်အလှန်ရှိနေပေးကြပြီး အတူရှိနေကြမည်ဖြစ်သည်။

…………………….

ဂျုံယောဂုကမွှေးပြီးအရသာရှိပြီးဘန်းမုန့်ကလည်းအရသာရှိကာအရည်ရွှမ်းသည်။

နေရာလွတ်ထဲကနေရလာတဲ့ဟင်းခတ်အမွှေးကြိုင်များနှင့်ဟင်းသီးဟင်းရွတ်များသည် အရသာရှိပြီးသားဘန်းမုန့်ကိုပိုပြီးအရသာရှိသွားစေသည်။

နှစ်ယောက်သားဘန်းမုန့်အကြီးကြီးဆယ့်နှစ်ခုကို   စားခဲ့သည်။ကျန်တဲ့ဟာတွေကိုနောက်မှစားဖို့     အောက်ထပ်ကမြေအောက်ဂိုဒေါင်ထဲမှာသိုလှောင်ထားလိုက်သည်။

စားသောက်ပြီးသောအခါသူတို့နှစ်ယောက်က အချင်းချင်းဖတ်တွယ်ကာကမ္ဘာပျက်ကပ်မတိုင်ခင်ကdownloadဆွဲခဲ့သောရသစုံရှိုးကိုကြည့်နေကြရင်းဟဲဇီကျုံးကသူ့အရေးကြီးတဲ့တစ်စုံတစ်ခုကိုမေ့သွားခဲ့သည်ကိုသတိရသွားသည်။

"စစ်တပ်ကဒီကိုရောက်နေပြီ"

"အာ?"ဖန်ဟောင်ကသူ့ခေါင်းကိုအမြန် မော့လိုက်ပြီးဟဲဇီကျုံးကိုကြည့်လိုက်ကာ"သူတို့ကဒီနေရာကို…."ဒီနေရာမှာကယ်တင်ဖို့အရေးကြီးတဲ့သူ ဘယ်သူရှိလို့လဲ။အပြင်မှာရှင်းထုတ်ဖို့အတွက်ဇွန်ဘီတွေရှိသေးတယ်လေ!!

"သူတို့ဒီနေရာကလမ်းပေါ်မှာရှိတဲ့ဇွန်ဘီတွေကိုရှင်းဖို့လုပ်နေကြပုံဘဲ၊လော်စပီကာကနေ မနက်ဖြန်မနက်ခင်းကြရင်ပြတင်းပေါက်မှာ အဖြူရောင်အဝတ်စတွေချိတ်ထားဖို့လူတွေကိုပြောနေတယ်၊အကယ်လို့အိမ်မှာဇွန်ဘီရှိနေရင်အိမ်မှာ အနီရောင်ပိတ်စကိုချိတ်ထားရမယ်၊သူတို့ကအိမ်  ထဲကိုဝင်လာပြီးရှင်းလင်းပေးကြလိမ့်မယ်"

ဖန်ဟောင်သတ်ပြင်းတစ်ချက်ချလိုက်သည်။သူကဟဲဇီကျုံးနှင့်သာနေထိုင်ရန်လိုအပ်သော်လည်း အပြင်ကပတ်ဝန်းကျင်အခြေအနေ ပိုပြီးလုံခြုံလာခြင်းသည်သူတို့အတွက်မကောင်းတာတော့မဟုတ်ပေ။

"ဇွန်ဘီတွေကိုရှင်းနေတာဆိုတော့………..သူတို့ Aမြို့ကိုပြန်ရအောင်လုပ်မလို့လား"

ဟဲဇီကျုံးကသူ့ခေါင်းကိုခါလိုက်သည်။Aမြို့ကိုပြန်ရဖို့လား?ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?Aမြို့မှာရှိတဲ့ လူဦးရေကအရမ်းထူထပ်ပြီးအထူးသဖြင့် လူနေရပ်ကွတ်အများကြီးရှိသည်။သူ့အရင်ဘဝတုန်းကတစ်နှစ်ခွဲကြာပြီးတာတောင်Aမြို့ကို အောင်မြင်စွာပြန်လည်မထူထောင်နိုင်ခဲ့ပေ။အဲ့ဒီလိုလုပ်ဖို့ရည်ရွယ်ချက်ရှိတယ်ဆိုရင်တောင်စစ်တပ်ကအင်အားနည်းပြီးတစ်ဖြည်းဖြည်းချင်းစီဘဲလုပ်နိုင်သည်။

"ကားအစီးရေအများကြီးဝင်လာတာကိုကိုယ်မြင်လိုက်တယ်၊သူတို့ဒီနေရာမှာယာယီစခန်းဒါမှမဟုတ်တစ်ခုခုတည်ထောင်မယ်လို့ထင်တယ်"

ဖန်ဟောင်ကအသတ်ကိုပြင်းပြင်းရှုလိုက်ပြီး အပြုံးလေးဖြင့်ပြောလိုက်ကာ"ဇီ…ဇီကျုံးကအရမ်းမိုက်တယ်၊စစ်တပ်ကယာယီနေထိုင်ဖို့အတွက်ဇွန်ဘီတွေကိုလာရှင်းမယ့်နေရာကိုရွှေးလိုက်နိုင်တယ်"

တစ်ဖတ်လူကသူ့ရဲ့နာမည်ကိုတိုက်ရိုက်ခေါ်တာကို  ကြားလိုက်ရပြီထူးခြားတဲ့အဓိပ္ပါယ်တစ်ခုခုကို အချက်ပြလိုက်သလိုမျိုးဟဲဇီကျုံးသည် လေးလေးနက်နက်ပြုံးပြီးအောက်ကိုငုံ့ကာသူ့ရဲ့နှုတ်ခမ်းလေးကိုနမ်းလိုက်ပြီးသူ့ရဲ့လက်တွေကT-shirtရဲ့လည်အဟိုက်ကိုရောက်သွားသည်။နှုးညံ့တဲ့အထိတွေ့လေးကသူရဲ့လက်ကိုပိုမိုဆာလောင်စေပြီးသူ့ကိုစွဲလမ်းစေသည့်နေရာလေးကိုထိတွေ့ပွတ်သက်နေမိသည်။

ခဏအကြာမှာတော့မှိန်းမောနေသောဖန်ဟောင်သည်ရီဝေစွာဖြင့်မျက်လုံးကိုဖွင့်လိုက်သည်။ဆိုဖာကို ဆုပ်ကိုင်ဖို့တောင်သူ့မှာအားအင်မရှိတော့ပေ။ သူ့ခန္ဓာကိုယ်ပေါ်ကအဝတ်တွေမရှိတော့သည်မှာ ကြာပြီဖြစ်ပြီးသူ့ရဲ့မျက်လုံးထဲတွင် မျက်ရည်လေးများဖြင့်ပြည့်နေပြီးစိုစွတ် ဝန်းလဲ့နေခြင်းသည်လူတွေကိုယစ်မူးသွားစေသည်။"ဇီ.ဇီကျုံး…."

ဟဲဇီကျုံးသည်သူ့ဖြတ်သန်းခဲ့တဲ့ဘဝနှစ်ခုလုံးမှာ ဒီလောက်ထိထိန်းချုပ်မှုလွတ်ထွတ်သွားခြင်း မရှိကြောင်းကိုခံစားလိုက်ရသည်။သူ့လက်မောင်းထဲမှာပွေ့ဖတ်ထားတဲ့လူရဲ့တစ်ကိုယ်လုံးကို ပွတ်သတ်ကိုယ်တွင်ချင်သည်။သူ့ခေါင်းကိုငုံ့လိုက်ပြီး   ဖန်ဟောင်ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းနှင့်အောက်ပိုင်းမှာရှိတဲ့မူးယစ်စေသောပါးချိုင့်လေးကိုနမ်းလိုက်သည်။

နောက်တစ်နေ့မနက်ခင်းအစောပိုင်းတွင်ဟဲဇီကျုံးသည်ထူးဆန်းတဲ့ပုံနဲ့လမ်းလျောက်နေတဲ့ဖန်ဟောင်ကိုလန်းဆန်းတက်ကြွနေသောပုံစံဖြင့်နေရာလွတ်ထဲကနေထုတ်ကာအပြင်ဘတ်မှာရှိနေတဲ့စစ်တပ်ရဲ့အခြေနေကိုလေ့လာရန်တယ်လီစကုပ်ကိုကိုင်လိုက် ပြီးပြတင်းပေါက်ဘေးတွင်ထိုင်လိုက်သည်။

မနေ့ညကစစ်တပ်ရဲ့အကာကွယ်အောက်ကနေစစ်တပ်နဲ့အတူဒီနေရာကိုရောက်လာတဲ့လူအများစုသည်ဒီရပ်ကွတ်အတွင်းမှာရှိတဲ့ကျောင်းသို့မဟုတ်       ကျောင်းအနီးနားမှာရှိတဲ့ဘဏ်မှာနေထိုင်ခဲ့ကြသည်။

အမိုးအကာအောက်မှာနေနေတဲ့လူတွေနဲ့နှိုင်းယှဉ်ရင်စစ်သားအများစုသည်သူ့တို့နောက်ကနေလိုက်လာတဲ့ဒုက္ခသည်များနှင့်အတူကျောင်းကစားကွင်းထဲမှာနေထိုင်ကြသည်။

ရာသီဥတုကအလွန်အေးနေပြီးလူနေရပ်ကွတ်တွေကိုရှင်းလင်းကာထူးချွန်သောလူတွေကို နေရာပြောင်းရွှေ့ပေးဖို့ဦးစားပေးလုပ်ဆောင်နေသည်။

မနက်အစောကြီးတွင်ကကျောင်းအနီးနားမှာနေထိုင်တဲ့သူတွေမှလွဲ၍လုံခြုံမူကိုထိန်းသိမ်းရန်အတွက်     တပ်ဖွဲ့ဝင်များသည်တစ်အိမ်ပြီးတစ်အိမ် ရှင်းလင်းရေးလုပ်နေကြသည်။၎င်းတို့အနက်မှ ထိပ်တန်းအဖွဲ့တစ်ဖွဲ့သည်ဗီလာဧရိယာသို့ဦးစွာ ရောက်ရှိလာသည်။

ရပ်ကွတ်ထဲသို့လက်နက်ကိုင်ဆောင်ထားသည့်တပ်ဖွဲ့ဝင်များနှင့်သံချပ်ကာယာဉ်များဝင်လာသည်ကို         တွေ့လိုက်ရတော့ဟဲဇီကျုံးက"တစ်ယောက်ယောက်ဒီကိုမကြာခင်ရောက်လာလိမ့်မယ်လို့ကိုယ်ထင်တယ်"

ဖန်ဟောင်ကအနည်းငယ်အံ့ဩသွားပြီး "အရမ်းမမြန်လွန်းဘူးလား"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment