ဟဲဇီကျုံးကသေချာမသိသဖြင့်ခေါင်းခါလိုက်ပြီး "အဲ့ဒါရဲ့အမြစ်တွေကပဲတိုက်ခိုက်တာမဟုတ်လောက်ဘူး၊အဲ့ဒီအပင်ရဲ့ပွင့်လာတဲ့ပန်းတွေကလည်း အန္တရာယ်များနိုင်တယ်၊ဝတ်မှုန့်တွေကရှုရှိုက်မိရင်လူတွေကို မူးမေ့သတိလစ်တာမျိုး စိတ်အာရုံချောက်ချားတာမျိုးဖြစ်နိုင်လောက်တယ်"
"ကံကောင်းလို့ ကျွန်တော်တို့ဆက်မသွားဖြစ်လိုက်တာ"ဖန်ဟောင် ကပြပွဲစင်တာထဲမှာရှိခဲ့တုန်းကသူ့ကြုံတွေ့ခဲ့ရတဲ့ အရာကိုစဉ်းစားမိပြီးသူ့ဦးခေါင်းတစ်ခုလုံးထုံကျင် လာသည်။
"အဆင်ပြေပါတယ်ကိုယ်တို့နိုးနိုးကြားကြားရှိနေရင် အဲ့ဒီသန္ဓေပြောင်းအပင်ကိုရှောင်နိုင်ပါတယ်၊အကွာ ဝေးတစ်ခုကနေအဲ့အပင်တွေကိုမြင်တာနဲ့ ကိုယ်တို့ရှောင်သွားနိုင်တယ်၊ပိုပြီးကြောက်စရာ ကောင်းတာကအဲ့ဒီလိုအပင်တွေကိုအဆောက်အအုံတွေထဲမှာမတော်တဆတွေ့ရင်ပဲ"သူကိုယ်တိုင်နှလုံးခုန်မြန်နေသေးပြီးစိတ်မတည်ငြိမ်သေးပေမဲ့ဟဲဇီ ကျုံးကဖန်ဟောင်ကိုနှစ်သိမ့်ခဲ့သည်။ဇွန်ဘီတွေက ကြောက်စရာကောင်းပေမဲ့လူတွေနဲ့ဆင်တူသော ကြောင့်သူတို့ကျင့်သားရသွားတာနဲ့တစ်ပြိုင်နက် ဇွန်ဘီများကိုဖြေရှင်းရန်ပိုလွယ်ကူလာသည်။ဒါပေမဲ့ သန္ဓေပြောင်းအပင်များသည်လူတွေကိုနည်းလမ်း များစွာဖြင့်တိုက်ခိုက်ပြီးသူတို့ကိုရှောင်ရှားရန်ခက်ခဲသည်။
ယာဉ်တန်းသည်Mမြို့ကနေမောင်းထွက်လာခဲ့ပြီး ရှုပ်ထွေးပျက်စီးနေသောဓာက်ဆီဆိုင်၏အပြင်ဘက်တွင်ရပ်ခဲ့သည်။
လမ်းဘေးမှာရှိတဲ့ဇွန်ဘီအနည်းငယ်ကိုရှင်းလင်းပြီးနောက်လူတိုင်းပြန်စုစည်းခဲ့သည်။တစ်ဝက်လောက်နီးပါးပျက်စီးနေသောဓာက်ဆီဆိုင်ဘေးကကန်တင်း၏အောက်တွင်သူတို့ခဏအနားယူခဲ့သည်။
အချိန်ကမှောင်နေပြီဖြစ်သောကြောင့်Samsaraအသင်းကအဖွဲ့သားများသည်ညစာစားရန်လုပ်နေကြသည်။ဖန်ဟောင်ကလည်းကူညီရန်သွားခဲ့သည်။ ကျန်လူများသည်မျိုးစေ့များပုပ်သိုးမှိုတက်နေခြင်းရှိမရှိအခြေနေကိုသိရှိရန်စစ်ဆေးနေကြသည်။
"ဒီနေ့တွေ့ခဲ့တဲ့သန္ဓေပြောင်းအပင်ကတော်တော် ထူးဆန်းတာပဲ၊မျိုးစေ့အများကြီးရှိတဲ့နေရာတွေ တောင်မသွားရဲတော့ဘူး"ရှောင်မင်ကသူ့လက်ထဲရှိ မျိုးစေ့ထုတ်ကိုစစ်ဆေးနေရင်းနဲ့ပြောလိုက်သည်။
"အရမ်းကြီးမစိုးရိမ်နေပါနဲ့ နောက်ပိုင်းကျရင်ဒီလို မစ်ရှင်မျိုးအများကြီးမရှိလောက်တော့ဘူး၊အခြေစိုက်စခန်းမှာကောက်ပဲသီးနှံ့တွေစိုက်ပြီးသွားရင် မျိုးစေ့တွေပြန်လုပ်လို့ရပြီလေ"ကောပင်းသည် စိတ်ပင်ပန်းမှုကြောင့်စီးကရက်ကိုသောက်နေပြီး အနံများကိုရှုထုတ်ရင်းဖြင့်တဖြည်းဖြည်းစိတ် သက်သာရာရသွားကာ"အခြေစိုက်စခန်းကို မျိုးစေ့တစ်ဝက်ပဲအပ်ပြီးတော့ကျန်တာကိုချန်နင်နဲ့ လုထန်ရဲ့နေရာလွတ်ထဲမှာသိမ်းထားဖို့စဉ်းစားထားတယ်၊နောက်ပိုင်းကျရင်မျိုးစေ့တွေကပိုပြီးအဖိုးတန်လာမယ်လို့ထင်တယ်နောက်ပြီးတော့ ငါတို့မှာ အပင်စွမ်းအားရှင်တစ်ယောက်လောက်ရှိလာခဲ့ရင် အစားသောက်စိုက်ပျိုးဖို့အတွက်အဆင်ပြေတယ်"
အကုန်လုံးကသဘောကျသွားကာရီမောလိုက်ကြပြီး တင်းမာတဲ့ခံစားချက်များလျှော့ပါးသွားသည်။
ဟဲဇီကျုံးကလည်းပြုံးပြီးခေါင်းညိတ်လိုက်သည်"ငါလည်းမျိုးစေ့တွေကနောက်ပိုင်းကျရင်ပိုပြီးအဖိုးတန်လာမယ်လို့ထင်တယ်၊သိမ်းထာတာပိုအဆင်ပြေတယ်"သေချာပေါက်မျိုးစေ့တွေကအဖိုးတန်တယ်၊ ကမ္ဘာပျက်ပြီးအခုအစောပိုင်းမှာစိုက်တဲ့ကောက်ပဲ သီးနှံတွေရဲ့မျိုးစေ့တွေကသာမန်ဖြစ်သောကြောင့် အရသာကလည်းကမ္ဘာမပျက်ခင်ကမျိုးစေ့တွေနဲ့ အရသာတူတူပဲ။ဒါပေမဲ့ကမ္ဘာပျက်ကပ်မှာစိုက်ပျိုးပြီးရလာတဲ့မျိုးစေ့တွေကိုပြန်စိုက်ပျိုးလိုက်ရင်………ထိုကောက်ပဲသီးနှံ့များ၏အရသာက ပုံမှန်အတိုင်းဖြစ်သော်လည်းရေနဲ့မျိုချဖို့တောင်ခက်ခဲသည်။ထိုကောက်ပဲသီးနှံ့များသည်ဆန်ကဲ့သို့ အာဟာရမရှိပဲအစားစာအဖြစ်မစားသုံးနိုင်ခဲ့ရင် လူတွေအာဟာရပျက်လပ်ပြီးသေဆုံးမှာကို သူတကယ်စိုးရိမ်သည်။
ရုတ်တရက်ကောပင်းကဟဲဇီကျုံးဘေးကိုတိုးလာပြီး တံတောင်နဲ့တွက်ကာမျက်ခုံးတွန့်ပြီးမေးလိုက်သည်"ပြောပါဦးမင်းနဲဖန်ဟောင်ကဘာတွေလဲဆိုတာ?"သူ့လက်ချောင်းများဖြင့်အာဘွားပေးနေသည့်ပုံစံလုပ်ပြနေသည်။
ဟဲဇီကျုံးကပြုံးလိုက်ပြီး"သူ့ကငါ့ချစ်သူ"
"အာ?!"မျိုးစေ့များကိုစစ်ဆေးနေသောရှောင်မင်သည်သူ့လက်ထဲကမျိုးစေ့များကိုဖက်ခနဲလွှင့်ပစ်မိသွားပြီးမျက်လုံးများပြူးကျယ်ကာ"ချစ် ချစ်..ချစ်သူ"
"မင်းအဖေကြီးကိုအချစ်"ရှောင်မင်ဘေးနားတွင် မျိုးစေ့များကိုစစ်ဆေးနေသောသူသည်ရှောင်မင် ကျောကုန်းကိုရိုက်လိုက်သည်။ "လိင်တူချစ်သူစုံတွဲတစ်တွဲပဲလေ?မင်းအဲ့လောက် ကြီးစိတ်လှုပ်ရှားဖို့လိုလို့လားမအေဘေးရဲ့"
"ငါ ငါအရင်တုန်းကတစ်ခါမှမမြင်ဖူးဘူး….."
"အဓိပ္ပါယ်မရှိတာမင်းရဲ့အရင်အဖွဲ့ကခေါင်းဆောင် နဲ့၊ခုနစ်ဖွဲ့မြောက်အဖွဲ့ရဲ့ခေါင်းဆောင်ကအတွဲတွေ လေ၊မင်းတစ်ခါမှမတွေ့ဖူးဘူးလား?"
"အာ--?!"ရှောင်မင်ကလန့်ဖျပ်သွားခဲ့သည်။ သူ့ခေါင်းဆောင်နဲ့အချိန်တွေအကြာကြီးတာဝန်အတူထမ်းဆောင်ခဲ့ပေမဲ့အဖွဲ့ခေါင်းဆောင်နဲ့ခုနစ်ဖွဲ့ မြောက်အဖွဲ့ရဲ့ခေါင်းဆောင်ကိုသံမဏိညီအစ်ကို သစ္စာရှိတဲ့ရဲဘော်ရဲဘက်တွေလို့ထင်ခဲ့တာဖြစ်သည်။ ဘယ်သူကအဲ့လိုထင်ခဲ့မှာလဲ……….အကြိမ်ပေါင်း များစွာထုတ်ဖော်ခံရပြီးနောက်ရှောင်မင်ရဲ့ဦးနှောက် ကြီးပေါက်ကွဲတော့မလိုခံစားလိုက်ရသည်။
ကောပင်းကလည်းသူမေးစေ့ကိုထိလိုက်သည်။ သန္ဓေပြောင်းအပင်ပေါက်ကွဲသွားပြီးနောက်ဟဲဇီ ကျုံးတို့ဆီပြေးသွားသောအခါမှဟဲဇီကျုံးကဖန်ဟောင်ကိုလက်မောင်းထဲမှာပွေ့ထားတာမြင်လိုက်ပြီး သဘောပေါက်ခဲ့တာဖြစ်သည်။အသားနဲ့ဟင်းသီး ဟင်းရွှတ်မရှောင်တာ(sexပါတနာကိုယောက်ျား လေးမိန်းကလေးမခွဲတာ)နဲ့ပတ်သက်ပြီးသူမကြာခဏဟာသလုပ်တက်သော်လည်းအရွှယ်ရောက် ပြီးသောအမျိုးသားတစ်ယောက်အနေနဲ့သူ့ဘေးနားမှာကြားနေရသောအတင်းအဖျင်းတွေကိုမစပ်စုဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ?
ချန်နင်ကသိပ်မအံ့ဩပေ။အရင်ကတည်းကဟဲဇီ ကျုံးနဲ့ဖန်ဟောင်ရဲ့စုံတွဲလက်စွပ်ကိုသတိထားမိခဲ့ပြီး အဲ့ဒီတုန်းကသေသေချာချာမတွေးလိုက်မိပေ။ဒီလို ခေတ်ကြီးထဲမှာဘယ်သူကအဝတ်အစားနဲ့ လက်ဝတ်ရတနာကိုအာရုံစိုက်နေမှာလဲ….
"မင်းဘာဖြစ်လို့မပြောတာလဲမင်းတို့ကစုံတွဲတွေဆို" သူ့နှောင့်ယှတ်စနောက်နေသည့်လူကလုံးဝမရှက် တော့ကောပင်းသည်ဆက်မစချင်တောပေထို့နောက်အစားစာတွေကိုကူသယ်ပေးနေသည့်ဖန်ဟောင် ဖျက်သွားတာကိုမြင်သောအခါလှမ်းစလိုက်သည်။ဟဲဇီကျုံးကိုမေးငေါ့မပြခင်ဖန်ဟောင်ကခဏလောက်နားမလည်နိုင်ဖြစ်နေခဲ့သည်။ကောပင်းပြောတာကိုသဘောပေါက်သွားပြီးနောက်………..ဖန်ဟောင်ကရှက်သွားသည်။
ဘုရားရေဒီလိုခေတ်ကြီးထဲမှာရှက်တက်တဲ့သူတွေရှိ သေးပါလား?ရှားရှားပါးပါးပဲ!!
ဖန်ဟောင်ရဲ့မျက်လုံးတွေကအံ့ဩမှုကြောင့်ပြူးကျယ်နေပြီးဟဲဇီကျုံးဘေးနားတွင်ထိုင်လိုက်ကာ ခေါင်းကိုငုံ့ထားလိုက်သည်။"ပြောပါဦးလုပ်စမ်းပါ မင်းတို့နှစ်ယောက်ဘယ်ချိန်ကစပြီးတွဲခဲ့တာလဲ?ငါတို့စောစောသိခဲ့ရင်မင်းတို့ကိုလက်ဆောင်ပေးပြီး ဂုဏ်ပြုပေးမှာပေါ့"တစ်စုံတစ်ယောက်၏နီရဲနေ သောမျက်နှာကိုမြင်ရသောအခါဟဲဇီကျုံးကို ကလိလိုက်နိုင်သလိုမျိုးကောပင်းကအလွန်ပျော်ရွှင်လာသည်။
"ကမ္ဘာမပျက်ခင်ကတည်းက"ဟဲဇီကျုံးကတည်ငြိမ်စွာဖြင့်ဖြေလိုက်ပြီးကောပင်းရဲ့နှောင့်ယှတ်စနောက် ခြင်းကိုလျစ်လျူရှုထားသည်။သူ့ပန်းကန်ထဲက အသားခြောက်ကိုဖဲ့လိုက်ပြီးဖန်ဟောင်ကိုပေးလိုက်သည်။
ဖန်ဟောင်သည်အလွယ်တကူရှက်တက်သောလည်း သူတွင်လူတွေကိုသွေးအန်စေနိုင်သည့်ခုခံကာကွယ်ရေးနည်းတွေရှိသည်။ထို့နောက်ကောပင်းကသူ့ကို ဘယ်လိုပဲစနောက်နေပါစေဖန်ဟောင်ကလုံးဝလျစ်လျူရှုပစ်သည်။သူ့ကဟဲဇီကျုံးဘေးမှာခေါင်းငုံ၍ ငြိမ်ငြိမ်လေးထိုင်နေပြီးစကားတစ်လုံးမှပြန်မပြော ပေ။
အဆုံးတွင်အခြားအဖွဲ့ဝင်တွေကပါသည်းမခံနိုင်ကြ တော့ဘဲသူတို့ခေါင်းဆောင်အခြားလူရဲ့ဇနီးအား စနောက်နေတာကိုတားဆီးခဲ့သည်။
သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကိုအရင်က သတိမထားမိခဲ့သောကြောင့်လူကြမ်းကြီးများသည် အံဩခဲ့မိပေမဲ့သူတို့အဲ့တာနဲ့ပတ်သက်ပြီးသိသွား တော့မနှစ်မြို့သည့်တုန့်ပြန်မှုများမရှိခဲ့ပေ။စုံတွဲဆိုတာကစုံတွဲပဲဖြစ်သည်။ယနေ့ခေတ်တွင်လိင်တူစုံတွဲ အများကြီးရှိသည်။ကမ္ဘာမပျက်ခင်ကတောင်ကျော် ကြားသည့်နာမည်ကြီးစတားများသည်လူတွေရဲ့ အာရုံစိုက်မှုကိုရရှိရန်အတွက်ထိုကဲ့သို့သောအတင်းအဖျင်းသတင်းများကိုအသုံးချကြသည်။ထို့အပြင် သူတို့နှစ်ယောက်ချစ်ကြိုက်ခြင်းကတခြားသူကို နှောင့်ယှတ်နေတာမဟုတ်ပေ-တခြားသူတွေကြိုက်မကြိုက်ဘာကိုဂရုစိုက်နေရမှာလဲ?
To be continued…………….