ဟဲဇီကျုံးနဲ့ချုးလီလီအဖွားကသမီးနှစ်ယောက် မွေးခဲ့သည်။ပုံမှန်အားဖြင့်မိသားစုအမွေကို တစ်ယောက်တစ်ပုံစီခွဲဝေသင့်သည်။သို့သော်လည်းဟဲဇီကျုံးအမေကအဘွားမတိုင်ခင်နှစ်အနည်းငယ်ကသေဆုံးသွားခဲ့သည်။အဲဒါကြောင့်ဘဲသူအဒေါ်ကသူ့အဘွားအပြင်းအထန်ဖျားနေတာကိုတောင်သူကိုအသိမပေးဘဲအမွေတွေအကုန်လုံးကိုလက်ဝါးကြီးအုပ်ချင်တာဖြစ်သည်။အဲဒါကအသုဘမချခင်ထိ ကိုအသိမပေးတာဖြစ်ပြီးသူမကအဝေးကဆွေမျိုးတွေကို"ငါအမဆုံးသွားပြီးတဲ့နောက်မှာသူကသူ့အဘွားကိုတွေ့ဖို့တစ်ခါလေးတောင်မလာခဲ့ဘူး၊ငါသမီးလေးလီလီကဘဲနေ့တိုင်းဆေးရုံစောင့်ခဲ့တာ၊ သူ့ကမြေးတစ်ယောက်မဟုတ်တဲ့အတိုင်းဘဲ"လို့ ပြောခဲ့သည်။
ထို့အပြင်ဟဲဇီကျုံးကသူ့အဒေါ်မိသားစုကိုအမြဲတမ်းလျစ်လျူရှုခဲ့သည်။သူ့အရင်ဘဝတုန်းကလည်း ချုးလီလီလာတုန်းကဖျားနေတဲ့လူတစ်ယောက်ကို နှင်ထုတ်တာကမကောင်းတက်လို့သာဖြစ်သည်။အဲဒါကဘဲသူမမျှော်လင့်ထားတဲ့ရှုပ်ထွေးသောကိစ္စတွေဖြစ်ပေါ်စေခဲ့သည်။
ချူးလီလီလေသံကိုကြားတော့ဖန်ဟောင်သည်သူမအပေါ်မနှစ်သတ်မှုနဲ့ရန်လိုမှုတွေကပိုပြီးသေချာလာသည်။ဒါပေမယ့်သူကရှင်းရှင်းလင်းလင်းမဖော်ပြနိုင်သေးဘူး၊ဟဲဇီကျုံးနဲ့ဒီအမျိုးသမီးကြားမှာ ဘယ်လိုဆက်ဆံရေးမျိုးရှိလဲဆိုတာကိုမခန့်မှန်းနိုင်သေးသောကြောင့်ဖြစ်သည်။
"သူဘယ်ချိန်ပြန်လာမှာလဲ၊ငါအထဲဝင်ပြီးသူကိုစောင့်လိုက်မယ်"စိတ်တိုတာကိုသည်းခံထားပြီးချုးလီလီကအထဲဝင်ရန်ကြိုးစားလိုက်သည်။
"တောင်းပန်ပါတယ်အိမ်မှာငါတစ်ယောက်ထဲရှိတယ်မင်းဝင်လာဖို့မသင့်တော်မှာကိုငါစိုးရိမ်တယ်"ဖန်ဟောင်ကပြုံးပြီးတောင်းပန်လိုက်ရင်းတံခါးကိုလက်နဲ့တင်းတင်းပိတ်လိုက်သည်။ဒီအမျိုးသမီးကဒေါသ တွေနဲ့ပြည့်နေတာသူ့ကိုခွင့်ပြုလိုက်လို့စီနီယာကို ဒုက္ခဖြစ်စေရင်ဘယ်လိုလုပ်မလဲ။
"မင်းကဘယ်သူလဲ၊မင်းကသူ့ရဲ့မိန်းမအသစ်လား၊ငါကသူ့ရဲ့ဝမ်းကွဲညီမမင်းကသူနဲ့အတူနေနေရင်တာင်မင်းကငါခယ်မဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး"ချူးလီလီပေါက်ကွဲလာသည်။ဒီကလေးလေးက ဘယ်လိုတောင်သူမကိုထင်နေတာလဲ?အိမ်ကြောင့်သာမဟုတ်ရင်သူမဘယ်တော့မှဟဲဇီကျုံးအိမ်ကိုခဏလေးတောင်လာမှာမဟုတ်ဘူး!!သူကဂေးကြီး!!ဒီမှာHIVရှိမရှိကိုဘုရားဘဲသိမယ်!!
အသစ်တစ်ယောက်??ခယ်မ??
ဖန်ဟောင်သည်စိတ်သက်သာရာရအောင်အသတ်ရှုထုတ်လိုက်သော်လည်းခါးသီးမှုအချို့ကိုခံစားရတာမသတ်သာစေပေ။"ခယ်မ"ဘယ် လောက်ကျိုးကြောင်းဆီလျော်ပြီးတရားဝင်ရာထူးလဲဒါဟာသူဘဝမှာရနိုင်တဲ့အရာတစ်ခုဘဲ။
သို့သော်"အသစ်တွေ့သည်"ဟူသောစကားလုံးသည်ဖန်ဟောင်၏နှလုံးသားထဲတွင်မျှော်လင့်ချက်များ တောက်ပလာစေသည်။ဟဲဇီကျုံးကအရင်ကဘယ်သူနဲ့တွဲဖူးလည်းမသိပေမယ့်အဲ့တာကယောက်ျား လေးဆိုရင်တော့ဟဲဇီကျုံးကိုမျှတတဲ့ပုံစံနဲ့လိုက်နိုင် မှာမဟုတ်ဘူးလား။
ဟဲဇီကျုံးရဲ့ရည်းစားဟောင်းအတွက်ကတော့ စီနီယာကအရမ်းချောလွန်းတယ်အဲဒါကြောင့်သူကိုတခြားသူတွေလဲသဘောကျမှာဘဲ။သူအခုsingleဖြစ်နေသရွှေ့ငါသူကိုလိုက်လို့ရပြီလေ။
ချူးလီလီကိုကြည့်လိုက်တော့ဖန်ဟောင်ကသူ့မကိုအရင်ကထက်ပိုသဘောကျတယ်လို့ခံစားရသည်။ချောမောတဲ့ကောင်လေးကအနည်းငယ်ပြုံးလိုက်ပြီးအခန်း၏ပြတင်းပေါက်မှလာသောအလင်းရောင်သည်သူ၏သစ်အယ်သီးရောင်ဆံပင်တိုလေးကိုအလင်းရောင်ဟပ်နေခြင်းသည်ချူးလီလီကိုအံ့အားသင့်စေသည်။
"ခဏစောင့်ဦး၊ဇီကျုံးကိုဖုန်းခေါ်ပေးမယ်"
"သူကgay၊သူကgay"လို့ထပ်ကာတလဲလဲတိတ်တိတ်ကလေးပြောနေပြီးချုးလီလီကသူ့ရဲ့နှလုံးခုန်သံကိုဖိနှိပ်နေသည်။သူမမှတ်ဉာဏ်ထဲမှမျက်ကွယ်ပြုထားချင်သောနေ့ရက်တွေဓာက်ပုံတစ်ပုံလို ရောင်ပြန်ဟပ်လာပြီးသူမမျက်လုံးထဲတွမပြောပြ နိုင်လောက်အောင်ခါးသီးသောခံစားချက်နှင့်အမုန်းတရားများပြည့်လျှံလာခဲ့သည်။မိန်းမတွမနာလို ဖြစ်လောက်အောင်ကောင်းသောအသားရေနှင့်မိန်းမတွေလိုချင်တဲ့အလှတရားတွေရှိတဲ့လူငယ်လေးကဖုန်းပေးလိုက်မှသာသူမရပ်တန့်သွားသည်။(အတွေးတွေ)
''ဟေး.''
ချူးလီလီ၏အသံသည်အလွန်နိမ့်နေသဖြင့်သူမ၏မည်းမှောင်မှုကိုထင်ရှားစွာပြသနိုင်ပုံရပြီးဖုန်းပြန်ဖြေမည့်ဟဲဇီကျုံးတောင်အံ့အားသင့်သွားကာ''မင်းငါကိုရှာနေတာလား၊ဘာကိစ္စရှိလို့လဲ''အရင်ဘဝမှ မကျေနပ်ချက်တွေကိုအရင်ဦးဆုံးဖိနှိပ်လိုက်သည်။အမှန်တိုင်းပြောရရင်ချူးလီလီကကြင်နာတက်တာမဟုတ်လို့သူမကသိုက်ကျွင်းလောက်မခံစားရစေဘူး။ဘာကြောင့်လဲဆိုတော့သူတို့နှစ်ယောက် ဆက်ဆံရေးကငယ်စဉ်ကတည်းကရင်းနှီးမှုမရှိလို့ ဖြစ်နိုင်သည်။သူမကသူကိုသစ္စာဖောက်ဖို့ကြံစဉ်တာကိုဟဲဇီကျုံးမအံ့ဩပေ။
ဒီနေ့ချုးလီလီလာတာကဟဲဇီကျုံးကအိမ်ကိစ္စက လွဲလို့ဘာကိစ္စမှမရှိဘူးဆိုတာကိုသတိရလိုက်သည်။
သူမပြောတာကိုနားထောင်ပြီးတော့အဲဒီကိစ္စဘဲဆိုတာဟဲဇီကျုံးပိုသေချာသွားသည်။ဟဲဇီကျုံးက သရော်ပြုံးပြုံးလိုက်ပြီး''ဘယ်လိုလုပ်မလဲဒီရက်တွေမှာငါကမြို့ပြင်ကိုရောက်နေတာဆိုတော့မင်းနဲ့အတူမှတ်ပုံတင်ရုံးကိုမလိုက်ပေးနိုင်ဘူး၊ငါအလုပ်တွေပြီးမှဘဲပြောကြတာပေါ့''
ချုးလီလီကစိတ်ပိုတိုလာကာ''မြို့ပြင်မှာအ့ဆိုဘယ်ချိန်ပြန်လာမှာလဲ ''
''မတ်လအစောပိုင်းလောက်မှငါတစ်ပတ်လောက် ကြာမှာအဲချိန်ရောက်မှဖုန်းပြန်ဆက်လိုက်မယ်''အဘွားဆုံးပြီးသွားကတည်းကချုးလီလီက သူ့ဖုန်းနံပါတ်ကိုမသိမ်းထားတော့ဘူးအဲ့ဒါကြောင့်ဘဲသူကိုအကြောင်းကြားဖို့ဖုန်းမခေါ်ဘဲသူ့အိမ်ကိုတိုက်ရိုက်လာခဲ့ရတာမလား။
ဟဲဇီကျုံးသည်သူအရင်ဘဝကဒီကိစ္စကိုစိတ်ဆိုးနေ ပြီးဖြစ်သည်။အိမ်ဟောင်းနဲ့ပတ်သတ်ပြီးထိုမိသားစုနှင့်ငြင်းခုံခြင်းသည်အဓိပ္ပါယ်မရှိပေ။အိမ်ကိုလက်ဝါး ကြီးအုပ်လိုသောအကြောင်းပြချက်သည်ပို၍ပင် ရှက်စရာကောင်းသေးသည်။ဟဲဇီကျုံး၏ဝင်ငွေမှာ နှစ်သိန်းဖြစ်ပြီးချုးလီလီမှာယာယီအလုပ်သမား အဖြစ်သာရှိသေးသည်။ဟဲဇီကျုံးမှာသူအ မေဆုံးတော့ချန်ခဲ့တဲ့အိမ်အသစ်ရှိပြီးချုးလီလီက တော့သူမိဘတွေနဲ့အတူနေထိုင်သည်။ဟဲဇီကျုံးကသူကိုယ့်သူထောက်ပံ့နိုင်တဲ့အမျိုးသားဖြစ်ပြီးချုးလီလီကတော့သမီးမိန်းကလေးဖြစ်သည်။မိသားစုမှာ ပိုက်ဆံနှင့်နေစရာမရှိသောကြောင့်သူမလက်ထပ်ဖို့ခတ်ခဲမှာကိုသူတို့စိုးရိမ်ကြသည်။
ရလဒ်အနေကတော့အိမ်ကိုချုးလီလီကိုအလကား ပေးလိုက်ရပြီးဟဲဇီကျုံးကတော့ဘာမှမရရှိခဲ့ပေ။
ဘာကြောင့်လဲ၊ဘာနိုင်ငံရဲ့ဥပဒေကဒီလိုချမှတ်ထားလို့လဲ??သူ့တို့နှစ် ယောက်စလုံးကမြေးတွေဖြစ်ပေမယ့်ဒီမိသားစုက ဘာကြောင့်အဲ့လောက်ခွဲခြားရတာလဲ!!
အရင်ဘဝကတော့ဖျားနာပြီးသေဆုံးသွားတဲ့သူအမေအတွက်စိတ်ထိခိုက်ခံစားရသောကြောင့်သူကသဘောတူဖို့(အမွေခွဲဝေတာကို)ငြင်းဆန်ခဲ့သည်။အဲ့တာကြောင့်ဘဲချူးလီလီကကမ္ဘာမပျက်ခင်ညက သူအိမ်ကိုလာခဲ့ပြီးရှုပ်ထွေးသောကိစ္စတွေဖြစ်ပေါ်ခဲ့သည်။ယခုဟဲဇီကျုံးသည်သူမမိသားစုနဲ့ ပတ်သတ်ပြီးစိတ်မရှုပ်ချင်တာကြောင့်သူကရိုးရှင်း စွာဖြင့်ဒီကိစ္စကိုကမ္ဘာပျက်ကပ်အချိန်ကာလာကို တိုက်ရိုက်ဆွဲခေါ်သွားခဲ့သည်။ဒီလုပ်ထုံးလုပ်နည်းတွေကိုဘာမှာသွားသုံးမှာလဲ။သူတို့ဇွန်ဘီတွေကို မကြောက်သရွှေ့တော့သူတို့ဟာမြို့တစ်မြို့လုံးမှာလွတ်လပ်လပ်စွာနေနိုင်ပြီးဘယ်သူမှမကျေမနပ် ပြောမှာမဟုတ်ဘူး။
ဖန်ဟောင်သည်တောက်ပသောအပြုံးဖြင့်မျက်ကွယ်ပြုနေသောချုးလီလီကိုအဝေးသို့ပို့လိုက်ပြီးတံခါး ပိတ်လိုက်သည်။ဖန်ဟောင်သည်ဖုန်းကိုကောက် ကိုင်လိုက်ကာဟဲဇီကျုံးသည်ဖုန်းမချရသေးပေ။
ချုးလီလီသည်အပြင်ဘတ်သို့လှည့်ထွက်သွားပြီးဓာက်လှေကားဆီကိုလျှာက်သွားကာသူမသတိမထားမိခင်ဟဲဇီကျုံးကရက်ချိန်းကိုတစ်ပတ်ပြည့်အောင် ဆွဲလိုက်ကြောင်းသဘောပေါက်သွားသည်။
ဒါပေမယ့်သူအချိန်ဆွဲနေတယ်လို့သူမထင်ရင်တောင်ချူးလီလီကအဲဒါကိုအတည်မပြုနိုင်ပေမယ့်---ဟမ့်!!!သူ့အလုပ်ကိစ္စနဲ့ခရီးထွက်နေတယ်ဆိုတာ သရဲဘဲယုံလိမ့်မယ်!!!သူမမနက်ဖြန်ညကျရင်သူကိုအိမ်မှာထိပ်တိုက်တွေ့အောင်ကိုပြန်လာခဲ့ဦးမယ်!!ဒီကိစ္စကိုရှင်းရှင်းလင်းလင်းမလုပ်ဘဲအချိန်ဆွဲဖို့စဉ်း တောင်မစဉ်းစားနဲ့!!!
''ဖန်ဟောင်ဒီနေ့အမြန်ချောပို့ရောက်တယ်မလား?''
''ဟုတ်ကဲ့၊ဒါအကုန်ဘဲ''
''အဲဆိုမနက်ဖြန်နေ့လည်တစ်နာရီနောက်ပိုင်းNမြို့ကိုသွားမယ့်လေယာဉ်လက်မှတ်ဝယ်ပေးနိုင်မလား??မင်းဒီရက်ပိုင်းဘာမှလုပ်စရာမရှိဘူးဆိုရင်ငါနဲ့ လိုက်ခဲ့လေ''
''အာ?ကျွန်တော်လိုက်လို့အဆင်ပြေပါတယ်၊စီနီယာအချက်အလတ်တွေကိုဘယ်လိုလုပ်မလဲ''
''မင်းရသလောက်သာလုပ်ခဲ့လိုက်၊ပြီးတော့ငါတို့ သွားရင်laptopယူ သွားလို့လဲရတာဘဲ''
''ဟုတ်ကဲ့၊ကျွန်တော်တိုNမြို့ကိုဘာသွားလုပ်မှာလဲ''
ဖုန်းထဲကနေအသံခဏလောက်ရပ်သွားပြီး ဖန်ဟောင်ကတခြားသူရဲ့နားတဖတ်ကိုတောင ကိုယ်ဝန်ရစေနိုင်တဲ့ဆွဲဆောင်မှုရှိတဲ့အသံ နိမ့်နိမ့်လေးကိုကြားလိုက်ရပြီး''ခရီးထွက်တာ လေ''ဆိုတဲ့စကားလုံးနှစ်လုံးထွက်ပေါ်လာသည်။
ခရီးစီနီယာနဲ့နှစ်ယောက်ထဲသွားမယ့်ခရီး.ဖန်ဟောင်ပျော်လွန်းလို့သေတော့မလိုတောင်ခံစားလိုက်ရသည်.နေဦးငါသေလို့မရသေးဘူး!!!ဟီးဟီး!!
လှပသောရှုခင်းနှင့်သာယာသောရှုခင်းများရှိသည့် Nမြို့သည်အချစ်ကြောင်းပြောရန်နေရာကောင်းတစ်ခုဖြစ်သည်။အဟွတ်အဟွတ်ငါစီနီယာရဲ့အလုပ်ကိစ္စတွေကိုတော့နှောင့်နှေးအောင်မလုပ်မှာတော့သေချာတယ်!!!
ဘာဘဲဖြစ်ဖြစ်အဲဒါကအလုပ်လုပ်နေတဲ့
အတောတွင်းခံစားချက်တွေနက်ရှိုင်းဖို့နဲ့ တိုးတက်အောင်အလိုက်သင့်လေးနေထိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည်။
ဖုန်းချလိုက်ပြီးဟဲဇီကျုံးကနောက်ထပ်ငါးစျေးကို ထပ်မောင်းသွားလိုက်သည်။ သူကရေချိုးငါးအမျိုးမျိုးရဲ့ငါးပေါက်လေးတွေကို ဝယ်ပြီးတော့ရေကန်ထဲထည့်လိုက်သည်။ငါးပေါက် လေးတွေကရေကန်ထဲမှာနေမလားသို့မဟုတ် နေရာလွတ်ထဲကချောင်းလေးစီးဆင်းရာတည့်တည့်ကူးသွားမလား?ဟဲဇီကျုံးအတွက်တော့ အနှောက်ယှတ်ဖြစ်စရာမရှိဘူး။
နောက်တစ်ဆိုင်မှာတော့ဂဏန်းပေါက်လေးများ၊ ရေချိုပုဇွန်အမျိုးမျိုး၊ငါးရှဉ်နှင့်ငွေရောင်ငါးကလေးကဲ့သို့သောရေချိုငါးအချို့ကိုရောင်းသည်။
သူအိမ်ပြန်ရောက်တော့ကောင်းကင်ကလုံးဝကိုမှိန်သွားသည်။အခန်းထဲတွင်စွမ်းအင်ချွေတာသုံးမီးသီး များဖွင့်ထားပြီးပြင်းတင်းပေါက်ဘေးမှပရင့်တာ သည်မင်စွန်းနေသောစာရွတ်များကိုအဆက်မပြတ်ထုတ် နေသည်။
မီးဖိုချောင်မီးကပွင့်နေပြီးဧည့်ခန်းရှိထမင်းစားခန်း စားပွဲတွင်ဟင်းအမယ်ပေါင်းများစွာရှိနှင့်နေပြီဖြစ် သည်။တံခါးဖွင့်လိုက်ပြီးဖန်ဟောင်ကမီးဖိုချောင်ကထွက်လာတော့ဟဲဇီကျုံးကိုမြင်သွားသည်။သူက အမြန်ပြောလိုက်သည်"စီနီယာခဏစောင့်ဦးနော်၊စွပ်ပြုတ်တစ်မျိုးကျန်သေးတယ်"
"အေးဆေးလုပ်ပါ"နွေးထွေးသောအရသာ၊နွေးထွေးသောစကားလုံးနှင့်နွေးထွေးသောအသတ်ရှုသံမှာအိမ်ဆိုသောခံစားချက်ကိုဖြစ်ပေါ်လာစေသည်။
သူကိုဂရုစိုက်တဲ့ဖန်ဟောင်ရှိသရွှေ့အိမ်လိုခံစားရသည်။
"မနက်ဖြန်ကျွန်တော်တို့အပြင်သွားမှာဆိုတော့ကျွန်တော်အများကြီးမချက်လိုက်ရဘူး၊ဟင်းချက်တာကနည်းနည်းလေးအချိန်ကုန်တော့ခုတော့အကုန် ကျက်ပါပြီ"ဖန်ဟောင်ကပုစွန်နှင့်မုန်လာဥဟင်းချိုကိုယူလာပြီးထွက်လာသောအခါရှက်ရွံ့နေသည်။
"အဆင်ပြေပါတယ်အရမ်းမှမနောက်ကျသေးတာ"လက်ဆေးပြီးပြီဖြစ်တဲ့ဟဲဇီကျုံးကစွတ်ပြုတ်ကိုယူလိုက်ပြီးစားပွဲပေါ်တင်လိုက်သည်။ဖန်ဟာင်သူ့ apronကိုချွတ်နေစဉ်တွင်ဟဲဇီကျုံးကချိုပြီးချဉ်သောနံရိုးတုံးလေးကိုယူပြီးဖန်ဟောင်ကိုခွံ့လိုက်သည်။ သူကပါးစပ်ကိုငေးကြောင်ကြောင်နဲ့ဖွင့်လိုက်ပြီး သူပါးစပ်ထဲကနံရိုးကိုကြက်သေသေပြီးငုံ့ထားမိသည်။
"ဘယ်လိုလဲ၊အရသာရှိလား??"
ဖန်ဟောင်ကအလျင်အမြန်ခေါင်းညိတ်လိုက်ပြီး ခေါင်းညိတ်နေရင်းကိုသူတစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရသည်။ဒီဟင်းကသေချာပေါက်ငါချက်ထားတာလေအဲဒါကိုဘာဖြစ်လို့ငါကခေါင်းတွေ ဇွတ်ငြိမ့်နေရတာတုန်း!?
ဟဲဇီကျုံးကနောက်ထပ်တစ်တုံးကိုယူလိုက်ပြီး သူ့ပါးစပ်ထဲကိုထည့်လိုက်သည်။ကောင်းလိုက်တာအချိုအရသာလေးနဲ့အချဉ်အရသာလေးကညီမျှပြီးအသားလေးကလည်းနူးညံ့ပြီးနူးနေပြီးတော့ အရိုးတွေကလည်းကိုက်လိုက်တာနဲ့ဖယ်လို့ရသည်။
"ကောင်းလိုက်တာ"
ဖန်ဟောင်ကအမြန်သူ့apronကိုချွတ်လိုက်သည်။ဖန်ဟောင်သူ့ခေါင်းကိုငုံ့လိုက်ပြီးနံရိုးကိုစားလိုက်တော့ချိုမြွန်မှုကြောင့်နှလုံးသားလေးကပျာယာခတ်သွားသည်။စီနီယာခွံ့တဲ့နံရိုးမို့လားမသိဘူးပိုပြီးတော့အရသာရှိတယ်!!အရသာကအရင်တုန်းကထက် ပိုကောင်းတယ်!!!
စားပွဲပေါ်မှာဟင်းသုံးမျိုးနှင့်စွတ်ပြုတ်တစ်မျိုးရှိသည်။အနီရောင်တောက်တောက်နံရိုးတုံးများကို နှမ်းဖြူများဖြင့်အလှဆင်ထားသည်။ပနကန်ပြား၏ ဘေးတစ်ဖတ်တစ်ချက်တွင်နုတ်နုတ်ဆင်းထား သောအသားနှင့်တို့ဟူးတို့ဖြင့်အရသာရှိလှသောပုဇွန်ဟင်းကိုအဖြူရောင်ရှိပြီးနူးညံ့သောရက်ပ်စေ့များဖြင့်အလှဆင်ထားသည်။ခရမ်းသီးနှင့်ဂေါ်ဖီထုပ်ကြော်အနီနှင့်အစိမ်းရောင်သည်လိုက်ဖတ်သည်။ နောက်ဆုံးဟင်းလျာကတော့ပုဇွန်နှင့်မုန်လာဥစွတ် ပြုတ်ကတော့အစိမ်းရောင်သန်းတဲ့ခရင်မ်အဖြူရောင်လေးရှိသည်။
ဒီတစ်ပတ်ရဲ့ဟင်းလျာများသည်အရင်ဟင်းလျာများကဲ့သို့ပင်စားပွဲပေါ်ရှိဟင်းလျာများသည်အရောင်အရသာမျိုးစုံဖြစ်တဲ့အသားနှင့်ဟင်းသီးဟင်းရွတ်များ သည်အာဟာရမျှတကာအရသာရှိသည်။
အရွယ်ရောက်ပြီးသားယောကျာ်းလေးနှစ်ယောက်၏စားချင်စိတ်သည်သေးငယ်သည်မဟုတ်ပေ။ မနက်ဖြန်သူတို့တခြားနေရာကိုသွားမှာဖြစ်သော ကြောင့်ဖန်ဟာင်ကအစားစာပမာဏကိုထိန်းချုပ် ထားခဲ့သည်။နှစ်ယောက်စာအတွက်လုံလောက်တဲ့အစားအသောက်ဖြစ်သည်။ဟင်းသုံးမျိုးနဲ့စွတ်ပြုတ်တစ်ခွက်ကလုံလောက်သည်။
"၁နာရိခွဲလက်မှတ်ကိုဝယ်လိုက်တယ်"ဖန်ဟောင်ကဒီနေ့အတောတွင်းသူလုပ်ထားတာကိုအစီရင်ခံလိုက်သည်။"နောက်ဆုံးကျန်တဲ့အမြန်ချောပို့ပစ္စည်း ရောက်ပြီ၊ကျွန်တော်နံရံဘေးမှာထားထားတယ်၊ စီနီယာကျွန်တော်တို့ဘယ်ချိန်လောက်ပြန်လာမှာလဲ၊အပြန်လတ်မှတ်ပါ ကြိုဝယ်ထားရမလား"
"မဝယ်သေးနဲ့ဦး၊ပြန်ဖို့ကအခြေနေပေါ်မူတည်တယ်"ဟဲဇီကျုံးသူခေါင်းကိုခါလိုက်သည်။Nမြို့ကိုသွားပြီရင်ပြန်လာနိုင်မလားဆိုတာကိုမသေချာဘူး။ကမ္ဘာပျက်ကပ်ကစောဖြစ်သွားရင်ဘယ်လိုလုပ်မလဲ??ဘာဘဲဖြစ်ဖြစ်သူတို့ပြန်တော့ပြန်မှာဘဲဒါပေမယ့်အိမ်ကိုမဟုတ်ဘူးA မြို့ကစခန်းကိုသွားမှာဖြစ်သည်။