"စီနီယာ"သူ့ဘေးနားကနေရင်းနှီးတဲ့အသံလေးကထွက်ပေါ်လာသောကြောင့်ဟဲဇီကျုံးသည်သူ့၏ ကြုံရာကျပန်းအတွေးများကိုစုစည်းလိုက်ပြီး သူ့ကိုကြည့်လိုက်သည်။
ဖန်ဟောင်ကသူ့နဲ့ပတ်သတ်ပြီးတစ်ခုခုမှားနေတယ်လို့ခံစားမိသော်လည်းလေးစားမူနှင့်စိုးရိမ်ကြောင့်ကြမူများကြောင့်သူ့အများကြီးမမေးခဲ့ပေ။သူ့ကပြုံးလိုက်ပြီးပြောလိုက်သည်"ကျွန်တော်တို့ဒီနေ့ နေ့လယ်ခင်းသွားကြမှာလား"
"အင်း၊နေ့လည်စာစားပြီးရင်သွားကြတာပေါ့"ပြာတွေကိုသွားပြီးစုကြတာပေါ့။
ဒီဘဝမှာအဏုမြူကျောက်တုံးနဲ့ပတ်သတ်တဲ့ ပဟေဋ္ဌိကိုမဖြေရှင်းနိုင်သေးသော်လည်း သူ့နေရာလွတ်၏ထူးခြားတဲ့သဘာဝကြောင့် ဟဲဇီကျုံးသည်နေရာလွတ်ကအဏုမြူကျောက်တုံးတွေကိုလုံလောက်စွာစုပ်ယူပြီးနောက်မမျှော်လင့် ထားတာတစ်ခုခုဖြစ်လာလိမ့်မယ်လို့ခံစားခဲ့ရသည်။
ထို့အပြင်သူသည်သူ့၏စွမ်းအင်သည်ဒုတိယအဆင့်ထိ တောင်နိုးထနေပြီဖြစ်သောကြောင့်သူ့အတွက် အားသာချက်တစ်ခုဖြစ်ပြီးအခြားသူတွေထက် နှာတစ်ဖျားသာသည်။အခွင့်အရေးကိုအသုံးချပြီး သူ့ပိုပြီးတော့သန်မာနိုင်မလားဆိုတာကိုသိရန် ကြိုးစားရမည်။
နှစ်ယောက်သားသူတို့ရဲ့ပစ္စည်းတွေကိုယူရန်ဗီလာသို့ပြန်သွားကြသည်။ခဏလောက်အနားယူပြီးနောက် နေ့လယ်စာစားကာအင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များဝတ်ဆင်ကာသူတို့မျက်နှာကို maskတပ်ထားပြီးဦးထုပ်ဆောင်းကာထွက်လာကြသည်။
ဇွန်ဘီများကိုကိုင်တွယ်ရာတွင်ဇွန်ဘီရဲ့ အသွေးအသားကနေသန္ဓေပြောင်းလဲမူဖြစ်ပေါ်နိုင်မလားသူတို့မသိသောကြောင့်အခြေနေသာပေးရင် လူအများစုကကြိုတင်ကာကွယ်မူများပြုလုပ်ကြမှာ ဖြစ်သည်။သူတို့နှစ်ယောက်ကပြာတွေကိုသယ်ဆောင်တဲ့အလုပ်ကိုသာလုပ်မှာဖြစ်သော်လည်းသူတို့လည်းဘဲတူညီတဲ့ပြဿနာကိုရင်ဆိုင်ရမှာဖြစ်သည်။ ပြာတွေကိုသာရှုမိရင်ဇွန်ဘီအဖြစ်ပြောင်းသွားမလားဆိုတာကိုဘယ်သူသိမှာလဲ။အဲ့တာကြောင့်မို့ဂရုစိုက်တာပိုကောင်းသည်။
မနေ့ကသူတို့သွားစူးစမ်းထားတဲ့ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့လျှောက်သွားလိုက်ပြီးသူတို့ရဲ့ အလုပ်ကတ်ပြားများကို၎င်းတို့အားပေးအပ်လိုက်ပြီး၎င်းတို့ပေးအပ်တဲ့အလုပ်အဝတ်အစားများဖြစ်တဲ့ ကာကွယ်ရေးmaskများနှင့်gas maskများကိုဝတ်ဆင်ခဲ့သည်။
ဟဲဇီကျုံးဝမ်းသာသွားသည်။နေရာလွတ်ထဲသို့ အဏုမြူကျောက်တုံးများထည့်သောအခါသူ့ရဲ့လက်နဲ့ပြာတွေကိုထိမယ့်အစားကရိယာများကိုအသုံးပြုနိုင်ပြီးမဟုတ်လို့ရှိရင်သူ့နေရာလွတ်ကိုဖော်ထုတ်လိုက်သလိုဖြစ်သွားလိမ့်မယ်။
ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်အဖွဲ့တစ်ဖွဲ့တည်းတွင်ရှိသည်။ဒီနေရာမှာအလုပ်လုပ်သည့်လူတွေသိပ်မရှိပေ။သူတို့နှစ်ဦးမှလွဲ၍သူတို့ရှေ့ကလူတွေအားလုံးက စစ်သားတွေဖြစ်ပြီးစုဆောင်းထားတဲ့သာမာန်လူ တစ်ယောက်မှမရှိပေ။
ကြီးမားသောမီးပြင်းဖိုကြီးများမှအပြည့်အဝလောင်ကျွမ်းပြီးအပူချိန်ကျသွားမှသာထွက်လာတဲ့ပြာတွေကိုလှည်းကျင်းပြီးကားပေါ်ကိုတင်ရန်သာ နှစ်ယောက်သားတာဝန်ယူဖို့လိုအပ်သည်။
ဇွန်ဘီအလောင်းများကိုရွှေ့ခြင်း၊မီးရှို့ခြင်းအစရှိသည်တို့ကိုသူတို့လုပ်ရန်မလိုပေ။
တာဝန်ကိုလက်ခံပြီးနောက်မီးအေးသွားမှသာ နှစ်ယောက်သားဂရုတစိုက်လျှောက်သွားကြသသည်။
အလောင်းကိုရွှေ့ပြောင်းရန်တာဝန်ရှိသောအမူထမ်းများသည်နောက်ဆုံးတွင်သတ်ပြင်းချကာ ခေတ္တအနားယူနိုင်ပြီဖြစ်သည်။နောက်ဆုံးတွင် ဇွန်ဘီတွေအများကြီးရှိသောကြောင့်သူတို့ဟာပြီးခဲ့တဲ့နှစ်ရက်ကတည်းကရူးသွပ်လုနီးပါးဖြစ်ခဲ့သည်။
လူတစ်ယောက်၊မတ်တပ်တံမြတ်စည်းတစ်ချောင်း၊ ဂေါ်ပြားကြီးတစ်ချောင်း။ဟဲဇီကျုံးသည်စောင့်ကြည့်ရေးကင်မရာများမရှိသည်ကိုသိပြီးနောက်တံမြတ်စည်းကိုအသုံးပြု၍ခြေထောက်ပေါ်ရှိသဲများကို နေရာလွတ်ထဲသို့ချက်ချင်းရွှေ့ကာ၎င်းတို့ကိုချက်ချင်းပြန်ရွှေ့ထုတ်လိုက်သည်။အဏုမြူကျောက်တုံးကို စုဆောင်းတဲ့အခါအရင်ကတည်းကဒီနည်းလမ်းကို ကျင့်သုံးခဲ့သည်။သူ့အားစိတ်လှုပ်ရှားစေသည့် အရာမှာအဏုမြူကျောက်တုံးများကိုအခြားအရာ များနှင့်ရောနှောပြီးနေရာလွတ်ထဲကိုစုပ်ယူလိုက်တဲ့ အခါတိုင်း၎င်းသည်ချက်ချင်းပင်အလင်းစက်လေး များအဖြစ်ပြောင်းလဲသွားသည်။အလင်းအမှုန်အမွှာလေးများအဖြစ်ချက်ချင်းမပြောင်းလဲသွားရင်တောင် ထိုအဏုမြူကျောက်တုံးများသည်အခြားအရာများလိုနေရာလွတ်ထဲမှာမကျန်နေဘဲလုံးလျားလျား ပျောက်ကွယ်သွားမည်ဖြစ်သည်။၎င်းသည် သေချာပေါက်ပင်ဟဲဇီကျုံး၏လုပ်ဆောင်မူစွမ်းရည်ကိုများစွာတိုးတက်စေသည်။
ဟဲဇီကျုံး၏လှုပ်ရှားမူအားလုံးသည်အလွန်လျင်မြန်သည်။ပြာများသည်စက္ကန့်အတွင့်ပျောက်သွားလိုက် ပေါ်လာလိုက်ဖြစ်ကာကြီးမားသောဧရိယာတစ်ဝိုက်ကိုအဏုမြူကျောက်တုံးများစစ်ထုတ်ရန်မျက်စိတစ်မှိတ်သာအချိန်ကြာသည်။သူတို့နှစ်ယောက်သည် လျင်မြန်စွာပူးပေါင်းဆောင်ရွတ်ကြသည်။ဟဲဇီကျုံးသည်ပြာတစ်ပုံကိုနေရာလွတ်ထဲသို့ထည့်ကာ အဏုမြူကျောက်တုံးကိုစုပ်ယူလိုက်ပြီးတိုင်း ဖန်ဟောင်သည်ထိုအပုံကိုလှည်းထုတ်လိုက်သည်။ ဟဲဇီကျုံးသည်မီးဖို့ထဲကထွက်တဲ့ဟာအကုန်လုံးကို "စစ်ထုတ်"ပြီးနောက်သူတို့နှစ်ယောကသည် ကြိုးကြိုးစားစားနှင့်ပြာများကိုကားပေါ်သို့တင်လိုက်သည်။
မီးဖိုကြီးသုံးခုကိုဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တစ်ပြိုင်တည်းတပ်ဆင်ထားပြီးတစ်ခုပြီးတစ်ခု မီးရှို့နေသည်။
ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်ထရပ်ကားတစ်စီးကို တာဝန်ယူပြီးနောက်အဲ့ထဲကိုပြာတွေဖြည့်လိုက်ပြီး အမှိုက်ပုံရန်အတွက်မြို့တောင်ဘတ်ရှိ အသစ်တူးထားသောတွင်းသို့မောင်းနှင်သွားကြ သည်။
အခုချိန်မှာပြာတွေကဆိုးကျိုးရှိမရှိကိုလူတွေက မသိပေမယ့်ဘယ်သူမှဒီအချိန်တွင်မထိန်းချုပ်နိုင် သေးပေ။ဒီအရာတွေကိုအမြန်ဆုံးဖြေရှင်းတာက အကောင်းဆုံးဖြစ်သည်။သိပ္ပံပညာရှင်တွေဆီကနေ သုတေသနရလဒ်တွေကိုကြားရပြီးနောက်မှသာ ကျန်တဲ့အရာတွေကိုပြောနိုင်မှာဖြစ်သည်။
သူတို့နှစ်ဦးသည်နေ့တစ်ဝက်အဆိုင်းတွင်ပြာများကို သယ်ယူရင်းနဲ့အလုပ်ရှုပ်နေကြသည်။လေးနာရီ ငါးနာရီကြာပြီးမှသာပြီးသွားသည်။
ကားကိုအမြန်မောင်းပြီးအိမ်ပြန်တော့ဒုထိယရောက်တဲ့အခါဖန်ဟောင်ကဟဲဇီကျုံးကိုစိတ်လှုပ်ရှားစွာနဲ့"စီနီယာဘာထူးခြားလဲ"
ယနေ့မွန်းလွှဲပိုင်းဒုတိယအကြိမ်ပြာတွေကိုလှည်း ကျင်းပြီးနောက်တွင်ဟဲဇီကျုံးရဲ့အမူရာသည်အနည်းငယ်လေးနက်နေသည်။
"နေရာလွတ်ထဲမှာ….မြူတွေ"ဟဲဇီကျုံးသည်သူ့၏ စိတ်အာရုံဖြင့်နေရာလွတ်ထဲကိုနောက်ထပ် စူးစမ်းကြည့်တဲ့အခါအတွင်းတွင်ကြီးမားသော အဖြူရောင်အပြန့်အကျယ်ကြီးရှိနေသေးပြီး သူ့အရင်ကမြင်ခဲ့တာထက်ပိုထူလာသည်။
"မြူ?"ဖန်ဟောင်ကအံ့ဩသွားသည်။"ဘယ်လို မြူမျိုးလဲ၊အပြင်မှာရှိတဲ့မြူတွေနဲ့အတူတူဘဲလား"
အပြင်ဘတ်ကမ္ဘာကြီးတွင်ကမ္ဘာပျက်ကပ်စတင်ကတည်းကနေအခုချိန်ထိမြူတွေကမပျောက်ကွယ် သေးပေ။ကောင်းကင်ကြီးနှင့်ကမ္ဘာမြေကြီးကြားရှိ နေရာတိုင်းတွင်မီးခိုးရောင်တိမ်တိုက်များရှိနေပြီး အရာတိုင်းသည်ဖုန်မှုန့်အလွှာများဖုံးလွှမ်းနေသကဲ့သို့ဖြစ်နေသည်။
ဟဲဇီကျုံးကခေါင်းခါလိုက်ပြီး"မဟုတ်ဘူး၊အဲ့တာက မြူဖြူအဲ့တာကတိမ်တွေနဲ့တူပြီးအပြင်ကဟာထက် ပိုရှင်းလင်းပြီးသန့်စင်တယ်"နေရာလွတ်ထဲမှာ အဖြူရောင်မြူခိုးတွေထွက်ပေါ်လာတာကိုပျော်နေတဲ့သူ့အတွက်သာမဟုတ်ရင်ဟဲဇီကျုံးကနေရာလွတ်ထဲကိုဆက်ပြီးတော့အဏုမြူကျောက်တုံးတွေပစ်ထည့်ရဲတော့မှာမဟုတ်ဘူး။
ဒါပေမယ့်အခုတော့အထဲမှာမြူဖြူတွေကလွှဲလို့ အခြားသောတုံ့ပြန်မှုတွေတော့မရှိပေ။
"စီနီယာကျွန်တော်တို့နေရာလွတ်ထဲကိုဝင်လို့ရသေး လား"
"ကိုယ်စမ်းကြည့်လိုက်မယ်"ဒီအရာကြောင့်နေရာလွတ်ကအန္တရယ်မများဘူးလို့ဟဲဇီကျုံးကခံစားမိပေမယ့်အန္တရယ်တစ်ခုခုနှင့်ကြုံတွေ့ရမှာကြောက်သွား ကြောင့် ဖန်ဟောင်ကိုတိုက်ရိုက်မဆွဲခေါ်သွားဝံ့ဘဲ သူ့အရင်ဝင်ပြီးစစ်ဆေးကြည့်ချင်သည်။
ပုံရိပ်ဟာချက်ချင်းပျောက်ကွယ်သွားပြီးသူ့နေရာမှာ လက်ကောက်လေးသာကျန်ခဲ့သည်။
ဖန်ဟောင်ကစိတ်လှုပ်ရှားမူကြောင့်လက်နှစ်ဖတ်ကို ဆုတ်ကိုင်ထားပြီးမြေပြင်ပေါ်တွင်ငုတ်တုတ်ထိုင်ပြီး ပုတီးစေ့ကြိုးများကိုသာစိုက်ကြည့်နေကာ ခြေလှမ်းပင်မလှမ်းဝံ့ပေ။
အထဲတွင်အဖြူရောင်ကမ္ဘာကြီးဖြစ်နေသည်။အိမ်၊လယ်ကွင်းနှင့်ဝါးတောပတ်ပတ်လည်တွင် အဖြူရောင်ကော်တွန်သိုးမွှေးများဖြင့်ဝန်းရံထားသလိုဖြစ်နေသည်။
နေရာလွတ်ထဲကိုဝင်ပြီးနောက်ဟဲဇီကျုံးသည် အန္တရယ်သို့မဟုတ်အဆင်မပြေမူတစ်စုံတစ်ခုကို မခံစားရပေ။ယင်းအစားလေသည်ပိုမို လတ်ဆတ်လာပြီးစိုထိုင်းဆအနည်းငယ်ပိုမိုမြင့်လာသည်ဟုခံစားရသည်။အဲ့တာအပြင်ထူးထူးခြားခြား ခံစားမူမျိုးမရှိပေ။
တိရစ္ဆာန်များ၏အပြုအမူအားလုံးပုံမှန်ဖြစ်ကြောင်းအတည်ပြုပြီးနောက်သတ်ပြင်းတစ်ချက်ချကာ နေရာလွတ်ထဲကနေထလိုက်သည်။
"စီနီယာဘယ်လိုလဲ"လက်ကောက်ဘေးမှာစိတ်လှုပ်ရှားစွာထိုင်နေတဲ့ဖန်ဟောင်သည်လျင်မြန်စွာထရပ်လိုက်ပေမယ့်သူ့ခြေထောက်တွေကထုံနေပြီး ဟဲဇီကျုံးဆီသို့လှဲကျသွားသည်။
"ဘာဖြစ်တာလဲ"သူ့ဝင်သွားတုန်းကအကောင်းပါအခုဘာဖြစ်သွားတာလဲ။
ဖန်ဟောင်ကခေါင်းငုံ့လိုက်ပြီးရှက်နေကာ "ကျွန်တော်ခြေထောက်ကျဉ်နေလို့………….."သူ့တကယ်ကိုခြေထောက်ကျဉ်နေတာလို့။
ဟဲဇီကျုံးကအပြုံးနှင့်သူ့ခေါင်းကိုခါလိုက်ပြီး "အထဲမှာဘာပြဿနာမှတော့မရှိဘူး၊နေရာလွတ် ထဲမှာမြူတွေရှိနေတာကလွဲရင်အခြားပြောင်းလဲမူ တော့မရှိဘူး"ထို့နောက်မှာတော့သူကိုအတူခေါ်ကာ နေရာလွတ်ထဲသို့ဝင်လိုက်သည်။
အဖြူရောင်မြူတွေမှလွဲရင်အထဲကအရာအားလုံးသည်သူ့တို့မနက်ခင်းကထွက်သွားတဲ့အတိုင်းအတူတူ ဘဲဖြစ်သည်။
မြူခိုးများကသတ်ရောက်မူမရှိသောကြောင့်သူတို့စိတ်ပူနေတာကိုခဏဘေးဖယ်ထားလိုက်သည်။ အဏုမြူကျောက်တုံးသည်နေရာလွတ်သို့မည်ကဲ့သို့ အကျိုးသတ်ရောက်သည်ကိုမသိသော်လည်းမြူများ ထူထပ်လာသောအခါဘာဖြစ်မည်ကိုသိရှိရန် အဏုမြူကျောက်တုံးများကိုဆက်လတ် စုဆောင်းရန်ဆုံးဖြတ်လိုက်ကြသည်။ အဆင့်တစ်ခုပြီးရင်ဘာဖြစ်မလဲ။
တစ်စုံတစ်ယောက်ကနောက်ထပ်ကြီးမားသော စားသောက်ပွဲကြီးကျင်းပဖို့ကြိုးစားနေတာကို တားဆီးလိုက်သည်။သူသည်ဟင်းသီးဟင်းရွတ် ပန်ကိတ်နှင့်ပူပူချဉ်ချဉ်ဟင်းချိုကိုမြေအောက်ဂိုဒေါင်မှတိုက်ရိုက်ထုတ်ယူလိုက်သသည်။နှစ်ယောက်သား ရိုးရှင်းတဲ့ညစာကိုစားပြီးနောက်အပြင်ဘတ်သို့ပြန်သွားကြသည်။။လွန်ခဲ့သည့်နှစ်ရက်အတွင်းက မှည့်နေတဲ့အသီးအနှံ့တွေကိုရိတ်သိမ်းကြသည်။
အိပ်ယာမဝင်ခင်အထိနေရာလွတ်ထဲကမူမမှန်တာကိုမတွေ့ရတော့မှဝါးအိမ်လေးအတွင်းသို့ဝင်ပြီး ဆေးကြောကာသန့်ရှင်းရေးလုပ်ပြီးအိပ်ယာဝင်လိုက်ကြသည်။
ဖန်ဟောင်သည်လက်နှစ်ဖတ်လုံးတွင်ရေနွေးခွက်ကို ကိုင်ထားပြီးသောက်ရန်မျက်လုံးကိုမှိတ်လိုက်ပြီး ဟဲဇီကျုံးဆေးကြောပြီးနောက်ပြန်လာတာကိုမြင် တော့လက်ထဲကခွက်ကိုမြှောက်ပြပြီး"ရေကအရင်ကထက်နည်းနည်းလေးပိုချိုလာတယ်၊အရသာကလည်းအရင်ကထက်ပိုကောင်းလာတယ်"ဒါပေမယ့် လူတွေကိုချွဲကျိကျိဖြစ်စေလောက်တဲ့အထိမချိုသလို သကြားရေကဲ့သို့လည်းမချိုပေ။
ဟဲဇီကျုံးကသူ့ဆံပင်ကိုသုတ်လိုက်ပြီးသူ့လက်ထဲကနေတစ်ငုံလောက်ယူသောက်လိုက်ပြီးခေါင်းညိတ်လိုက်ကာ"မင်းပြောသလိုဘဲကံကောင်းလို့ရေရဲ့ အချိုကချွဲကျိကျိဖြစ်မနေဘူး၊မဟုတ်ရင်သကြားရေ သောက်နေရသလိုဖြစ်လိမ့်မယ်"
သူ့ပြောပြီးနောက်သူ့ရှေ့ကဖန်ဟောင်သည်ရုတ်တရက်အေးခဲသွားပုံရသည်။အပြင်ဘတ်ကအဖြူရောင် မြူများကဲ့သို့ပင်အနည်းငယ်ဖြူဖျော့သော အလင်းရောင်သည်သူ့ခန္ဓာကိုယ်မှဖြာထွက်လာသည်။တောက်ပမူအလင်းရောင်သည်ဦးတည်ရာတိုင်းကိုတောက်လျှောက်ဖြာထွက်နေသည်။ထို့နောက်မှ တော့ပြန်လည်တည်ငြိမ်သွားသည်။
"ဘာဖြစ်တာလဲ"ဟဲဇီကျုံးကအံ့ဩထိတ်လန့်နေသည်။ဖန်ဟောင်ခုနတုန်းကအဖြူရောင်အလင်းတန်း နဲ့တောက်ပနေချိန်မှာသူ့တစ်ကိုယ်လုံးတုန်လှုပ်နေတာကိုသာခံစားနိုင်သည်။
ဟဲဇီကျုံးရဲ့လက်ကိုကိုင်ထားပြီးဖန်ဟောင်သည်သူ့ ခေါင်းကိုခါလိုက်သည်"ကျွန်တော်၊ ကျွန်တော်မသိဘူးခုနတုန်းကခန္ဓာကိုယ်ထဲကိုအပူတွေဝင်လာသလိုဘဲရင်ဘတ်ကနေတစ်ကိုယ်လုံးကို ပျံ့နှံ့သွားတယ်"
သူ့ပြောသလိုဘဲသူ့ညာလက်ကိုမြှောက်ထားပြီး ဘာပြောရမှန်းမသိတော့ပေ။သူ့ရဲ့လက်ထိပ်ကနေ သူ့ခန္ဓာကိုယ်ကနေခုနကတုန်းကထွက်ပေါ်လာတဲ့အဖြူရောင်အလင်းတန်းနှင့်ခပ်ဆင်ဆင်တူတဲ့ အဖြူရောင်အလင်းရောင်လေးထွက်ပေါ်လာသည်။
"စွမ်းရည်"ဟဲဇီကျုံးကဒီလိုအလင်းရောင်မျိုးကိုသူ့ရဲ့အရင်ဘဝတွင်အကြိမ်များစွာမြင်ဖူးသည်။သူ့အရင်ဘဝကဖန်ဟောင်နဲ့သူ့ဆုံခဲ့ကတည်းကဖန်ဟောင်သည်သူ့နဲ့ဝေးရာကိုတစ်ခါမှမသွားခဲ့ပေ။ဒါပေမယ့်………..ဒီတစ်ကြိမ်မှာတော့တစ်စုံတစ်ခုကကွဲပြားခြား နားနေပုံပေါ်သည်။
"ပိုပြီးတော့သန်မာလာတာလား"ဖန်ဟောင်က လည်းဘဲကြတ်သေသေနေပြီးဟဲဇီကျုံးကိုကြည့်ရန် ခေါင်းကိုမော့လိုက်ပြီး"ကျွန်တော်ထင်တာတော့…………စွမ်းရည်ကအဆင့်မြှင့်သွားတာနဲ့တူတယ်"
မြှင့်တင်တာ?၊ဒုတိယအဆင့်ကုသခြင်းစွမ်းရည်?!
အဖြူရောင်အလင်းတန်းကအရင်ကထက်ပိုကြီးလာတာအံ့ဩစရာမရှိတော့ဘူး။
နှစ်ယောက်သားအလင်းရောင်တောက်ပနေတဲ့ လက်ချောင်းများကိုတောက်ပတဲ့မျက်လုံးများဖြင့်စိုက်ကြည့်နေကြသည်။ဟဲဇီကျုံးကလက်ကိုမြှောက်လိုက်ပြီးအဖြူရောင်အလင်းလုံးလေးကိုထိကြည့်လိုက်သည်။သူ့ခန္ဓာကိုယ်ထဲသို့အနွေးဓာက်လေးသည် စီးဆင်းသွားသည်။ပြာများကိုအဆက်မပြတ် လှည်းကျင်းခြင်းကရတဲ့ပင်ပန်းနွမ်းနယ်မူများသည်အားလုံးပျောက်ကွယ်သွားသည်။
"ကိုယ့်ဘာသာကိုစမ်းကြည့်ကြည့်"ဟဲဇီကျုံးသည် သူ့ခန္ဓာကိုယ်ထဲကကွဲပြားခြားနားမူကိုခံစားမိပြီး ဖန်ဟောင်ကိုပြောလိုက်သည်။
ဖန်ဟောင်သည်သူ့၏လက်ထိပ်ကအလင်းလုံးလေးကိုထိကြည့်လိုက်သောအခါချက်ချင်းသူ့ခန္ဓာကိုယ်ထဲသို့နွေးထွေးသောစွမ်းအင်ကဝင်ရောက်လာပြီး ပင်ပန်းနွမ်းနယ်မူတွေကပျောက်ကင်းသွားသည်။
"စွမ်းအားကိုဒီတိုင်းလည်းသုံးလို့ရတာဘဲလား" ဖန်ဟောင်ကစိတ်လှုပ်ရှားစွာနှင့်ထိုင်လိုက်ပြီး ခုနလေးတင်မြှင့်တက်သွားတဲ့သူ့ရဲ့စွမ်းအားကို လေ့လာနေသည်။
ဟဲဇီကျုံးကလည်းဘေးမှာထိုင်လိုက်ပြီးကြည့်လိုက်ကာတစ်စုံတစ်ယောက်သည်သူ့၏စွမ်းအင်ကိုစမ်းသပ်ရန်ကိုယ်ကိုယ်ထိခိုက်အောင်လုပ်မှာကိုမြင်တော့သူ့ကလျင်မြန်စွာတားလိုက်သည်။
ဖန်ဟောင်သည်သူ့၏စွမ်းအင်ကိုကိုယ်တိုင်အတွက် အသုံးပြုတာကိုဒီဘဝမှာသာတွေ့ရသည်။ အရင်တုန်းကသူ့ရဲ့စွမ်းအင်တွေကိုမဖြုန်းတီးဘဲအသတ်ရှင်ရန်အတွက်သူ့မကြာခဏထိခိုက်ဒဏ်ရာရခဲ့သည်။ထိုအချိန်တွင်သူသည်ဖန်ဟောင်၏ ပထမဆုံးဆေးကုသမူကိုခံယူသူဖြစ်သည်။အသင်း မှာရှိတဲ့တခြားသူတွေရဲ့ထင်မြင်ယူဆချက်တွေက အသုံးမဝင်သလိုအဲ့ဒီတုန်းကလည်းသူ့မှာအကြောင်းပြချက်ကောင်းတွေရှိခဲ့ပါသည်။သူသည်နေရာလွတ်စွမ်းအားရှင်ဖြစ်သောကြောင့်မတော်တဆ သူ့သေဆုံးသွားပါက၎င်းတို့စုဆောင်းထားသည့် ပစ္စည်းများပျောက်ကွယ်သွားမှာမဟုတ်လား။
သူ့အရင်ဘဝတုန်းကဖန်ဟောင်၏စွမ်းရည်သည် သေးငယ်သောဒဏ်ရာများပေါ်တွင်ချက်ချင်း သက်ရောက်မူရှိခဲသော်လည်းပိုကြီးသော ဒဏ်ရာများပေါ်တွင်အနည်းငယ်သက်ရောက်မူရှိသည်။သွေးထွက်ခြင်းကိုရပ်တန့်ရန်ဖြစ်နိုင်သော်လည်းကျိုးနေသောလက်ကိုပြုပြင်ဖို့ဆိုရင်တော့ မေးနေစရာကိုမလိုပေ။
ဒီတစ်ကြိမ်မှာတော့ဖန်ဟောင်ရဲ့စွမ်းအင်သည် သိသိသာသာကိုကွဲပြားသွားပါသည်။ဟဲဇီကျုံးသည် အရင်ဘဝကဖန်ဟောင်၏ပင်ပန်းနွမ်းနယ်မူကို ဖယ်ရှားပေးနိုင်တဲ့အကျိုးသတ်ရောက်မူကိုမမှတ်မိ သောကြောင့်ဒီတစ်ကြိမ်တော့တကယ်ကိုအဆင့်မြှင့်တက်သွားတာဖြစ်နိုင်သည်။
အဆင့်မြှင့်တက်သွားတဲ့အကြောင်းပြချက်ကကော?
နှစ်ယောက်သားရေတစ်ဝက်ရှိတဲ့ဖန်ခွက်ကိုကြည့်လိုက်ပြီးတစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်လိုက်သည်။
"အားဟောင်ရဲ့အဆင့်မြှင့်သွားတာက ရေနဲ့သတ်ဆိုင်မူရှိနိုင်တယ်"
ဖန်ဟောင်ကအားတက်သရောခေါင်းညိတ်လိုက်သည်။"မနက်ဖြန်ကျွန်တော်တို့အဏုမြူကျောက်တုံးတွေကိုဆက်စုကြရအောင်"