တုံ့ဆိုင်းခြင်းမရှိဘဲဖန်ဟောင်လက်ကိုဆွဲပြီးတော့ တက္ကဆီပေါ်သို့ ခေါ်သွားသည်။
"ကျွန်တော်တို့အဲ့ကိုဘာလုပ်မို့သွားနေတာလဲ"ဟဲဇီကျုံးကအေးဆေးတည်ငြိမ်စွာဖြင့်ဖုန်းပြောနေပြီးအခန်းတစ်ခန်းကိုတည်းခိုရန်သီးသန့်ဖယ်ခိုင်းထားလိုက်တောကိုကြည့်ပြီးဖန်ဟောင်ကနားမလည်နိုင်ဖြစ်နေသည်။
ဖုန်းချပြီးတော့ဟဲဇီကျုံးကစနောက်ချင်လာပြီး"ငါတို့ဟန်းနီးမွန်းထွက်တာမပြီးသေးဘူး "လို့အရွှန်းဖောက်လိုက်သည်။
ဖန်ဟောင်ကအံ့ဩသွားပြီးခေါင်းကိုငုံ့ထားလိုက်သည်။ပြီးခဲ့တဲ့ရက်တွေတုန်းကသူတို့နှစ်ယောက်မနက်ခင်းပိုင်းဆိုစျေးဝယ်ပြီးနေ့ခင်းဘတ်မှာရေငုပ်သည်။ ပြီးတော့ညနေဘတ်ကြတော့လည်းနာမည်ကြီး ဒေသထွက်အစားစာများကိုစားကြသည်။ညဘတ် ရောက်ရင်လည်းဟဲဇီကျုံးကအဖျားတက်သည်။
{{{လက်ကိုကိုင်ပြီးတစ်ခါတစ်ရံပွေ့ဖတ်တာကလွဲရင်…..သူ့မျက်နှာကိုနမ်းတာကသူတို့နှစ်ယောက်ရဲ့ နီးစပ်ဆုံးခြေနေဖြစ်သည်။relationshipတစ်ခုတည်ဆောက်ဖို့ဆုံးဖြတ်ထားတဲ့စုံတွဲတစ်တွဲအနေနဲ့ဒီလိုအဆင့်တက်မှုကလက်သင့်ခံနိုင်သည်။စီနီယာက သာလိုချင်ရင်………
ဖန်ဟောင်ကချက်ချင်းရှက်သွေးဖြန်းသွားပြီးခေါင်းကိုငုံ့ကာသူကိုယ်သူ့သေချာလေးဆေးကြောရန်တိတ်တဆိတ်ဆုံးဖြတ်လိုက်တယ်….အဲ့ဒါမှ…အဲ့ဒါမှစီနီယာအလိုရှိတာကိုလုပ်နိုင်မှာ……}}}
တကကစီသည်မြောက်ဘတ်သို့တရွှေ့ရွှေ့မောင်းနှင်လာစဉ်ဟဲဇီကျုံးသည်ပြတင်းပေါက်အပြင်ဘတ်ကတဖြည်းဖြည်းတောက်ပလာသောနီယွန်မီးရောင် များကိုကြည့်ကာသူ့လက်ချောင်းများကိုတင်းကျပ် စွာဆုပ်ထားမိသည်။အရုဏ်ဦးပြီးနောက်ဒီအရာအားလုံး၏တည်ရှိမှုသည်ရပ်တန့်သွားလိမ့်မည်။ကံ ကောင်းစွာဖြင့်သူ့မှာဖန်ဟောင်ရှိသေးသည်။
သူတို့နှစ်ယောက်ရေပူစမ်းဟိုတယ်ကိုရောက်တော့ညနေခင်းခြောက်နာရီလောက်ရှိပြီးသူတို့နှစ် ယောက်အစာအိမ်ထဲမှာဘာမှမရှိပေ။
ဘေးကင်းရေးကိုထည့်သွင်းစဉ်းစားပြီးတော့ ဟဲဇီကျုံးသည်ညစာကိုအပြင်မှာမထွက်စားရန်ရွှေး ချယ်လိုက်သည်။ပြီးတော့ရေပူစမ်းရေစိန်ကန်ကို မသွားဘဲအခန်းထဲမှာသာအခြေချနေထိုင်မည်။
နာရီဝက်အတွင်းအရောက်ပိုတဲ့တည်းခိုသူများကို ပေးတဲ့ဝန်ဆောင်မှုမှအစားသောက်ကောင်းများကို မှာယူခဲ့သည်။သူတို့နှစ်ယောက်ကသော့ကိုယူပြီး အပေါ်ထပ်ကိုတက်သွားလိုက်သည်။
အခန်း၏ကြမ်းပြင်မှမျက်နှာကျတ်အထိရှိတဲ့ ပြတင်းပေါက်များမှာမြို့ကြီးကိုမျက်နှာမှုနေပြီး မြင်ကွင်းအရမ်းလှသည်။သူတို့မနက်ဖြန် မနက်ရောက်ရင်တယ်လီစကုပ်နဲ့အခြေအနေကို လေ့လာနိုင်သည်။
အခန်းကအရမ်းသန့်ရှင်းနေသော်လည်းသူတို့ဒီမှာကင်မရာရှိလားဆိုတာကိုစစ်ဆေးရန်လိုအပ်သည်။ဟဲဇီကျုံးကချောင်းရိုက်ခံရခြင်းမှကာကွယ်ရန် အခန်း၏ထောင့်တိုင်းကိုစစ်ဆေးနေသည်။
ဖန်ဟောင်ကအိပ်ခန်းထဲရှိkingဆိုဒ်မွေ့ယာကိုကြည့်ပြီးအသတ်ပြင်းပြင်းရှုလိုက်သည်။ဒီဟာကNမြို့ကကမ်းခြေမှာတုန်းကလိုနှစ်ယောက်ခန်းမဟုတ်ဘဲ စုံတွဲအခန်းဖြစ်သည်။
ဟုတ်တယ်Nမြို့ကိုသွားတုန်းကသူ့တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုအတည်မပြုနိုင်သေးဘူး၊အခုက……..
သူ့ကိုယ်သူသတ္တိရှိဖို့သူမျက်နှာကိုပုတ်လိုက်သည်။ဒါကသူ့တို့နှစ် ယောက်ရဲ့ဆက်ဆံရေးကိုအတည်ပြုပြီး နောက်တွင်အရေးကြီးဆုံးအဆင့်ဖြစ်သည်။{{{ဒီနေ့ညငါကြိုးစားရမယ်!!စီနီယာဒီရွှေးချယ်မှုကို နောင်တမရစေရဘူး!!!ဟီးဟီးငါကဘယ်သူနဲ့မှမအိပ်ရသေးတဲ့လူပျိုလေးမို့လို့ဘဲ!!!}}}
[T/Nပေါက်စရယ်ရှက်တက်လွန်းပေလို့ဘဲအတွေး ကြီးကတော့မှောင်မိုက်လွန်း]
အခန်းရဲ့အနေထားကိုသိပြီးနောက်သူတို့ရဲ့ပစ္စည်းတွေကိုနေရချလိုက်သည်။အခန်းဝန်ဆောင်မှုအနေ ဖြင့်ညစာကိုလာပို့ခဲ့သည်။
ပိတ်ရက်ဖြစ်သောလည်းစုံတွဲများသို့မဟုတ်ဟိုတယ်မှာပါတီလုပ်တဲ့လူငယ်သူငယ်ချင်းများက ဒီကိုလာပြီးပိတ်ရက်ကိုမကုန်ဆုံးသောကြောင့်လူ အများကြီးသိပ်မရှိပေ။
ဟိုတယ်လ်ရဲ့အစားသောက်အရည်အသွေးက သာမာန်သာဖြစ်သည်။ဖန်ဟောင်ရဲ့အရမ်းကောင်းတဲ့ဟင်းလျာတွေနဲ့တော့လက်ရာချင်းမယှဉ်နိုင်ပေ။ပင်လယ်နဲ့နီးတဲ့Nမြို့မှာရှိတဲ့ဟင်းလျာတွေကလည်းမနှိုင်းယှဉ်နိုင်ပေမယ့်အဲ့ဒီကဟင်းလျာတွေရဲ့အဆင့်ဖော်ပြရလောက်အောင်မကောင်းမွန်ပေမယ့်လတ်ဆတ်မှုကတော့လုံးဝကို ကောင်းမွန်သည်။
စားပြီးနောက်ပန်းကန်ခွက်ယောက်များကို ဖယ်ထုတ်လိုက်ပြီးဖန်ဟောင်ကအသံတိုးတိုးလေး ဖြင့် "စီနီယာရေချိုးတော့မှလား"လို့မေးလိုက်သည်။
မနက်ဖြန်ရင်ဆိုင်ရမှာတွေကိုစဉ်စားမိပြီးဒီနေ့ စောစောအနားယူတာပိုကောင်းသည်။ဟဲဇီကျုံးက ခေါင်းညိတ်လိုက်ပြီးသူ့ညဝတ်အင်္ကျီကိုယူကာ ရေချိုးခန်းတွင်းသို့ဝင်သွားသည်။
ရေချိုးတဲ့ခါမှာရေနွေးနွေးလေးကိုအသုံးပြုခြင်းကအသားရေတွက် ကောင်းတယ်လို့ပြောကြသည်။
ဟဲဇီကျုံးကတော့ရေစိမ်ကန်နှင့်ရေချိုးရန်စိတ်မရှည်သောကြောင့်ရေပန်းနဲ့ဘဲရေချိုးပြီးပြန်ထွက်လာခဲ့သည်။
TVချန်နယ်ကိုဖွင့်ထားပြီးအိပ်ယာပေါ်မှာလှဲလျောင်းနေရင်းမနက်ဖြန်အတွက်အစီစဉ်တွေကိုစဉ်းစားနေလိုက်သည်။အဓိကအချက်တွေကိုစဉ်စားပြီးသူ့က ဖုန်းကိုယူပြီးချရေးထားလိုက်သည်။
အဲ့တာပြီးနောက်မှာတော့သူကတရားမဝင်ဖုန်းဆင်းကဒ်ကိုအသုံးပြုပြီးဆိုရှယ်မီဒီယာဖိုရမ်တစ်ခုတွင်သူသည်ခုနကပြုစုခဲ့သောကမ္ဘာပျက်သောနေ့ရဲ့ သတိပေးချက်များကိုpostတစ်ခုတင်ခဲ့သည်။ တင်ပြီးနောက်သူကဖုန်းဆင်းကဒ်ကို ထုတ်လိုက်ပြီး ဖျက်ဆီးကာလွှင့်ပစ်ခဲ့သည်။
ဖန်ဟောင်ကဒီနေ့ရေချိုးတာအလွန်ကြာနေပြီး အချိန်တစ်နာရီလောက်ကိုကြာနေသည်ကိုဟဲဇီကျုံးသတိထားမိသွားသည်။
သူမူးဝေပြီးတော့မြန်းရေစိမ်ကန်ထဲမှမေ့နေတာလားမသိဘူးမဟုတ် လောက်ဘူးမလား!!
သူ့ဖိနပ်စီးလိုက်ပြီးရေချိုးခန်းတံခါးဆီသို့ပြေးသွားလိုက်သည်။တိုက်ဆိုင်စွာဖြင့်အထဲကနေရေချိုးခန်းတံခါးကပွင့်လာသည်။
"စီနီယာ…."ဖန်ဟောင်ပုံစံလေးသည်သာမာန်ထက်အနည်းငယ်ထူးခြားနေပြီးအဲ့တာကရေနွေးနွေးလေး
ကြောင့် ဖြစ်နိုင်သည်။သူရဲ့ပါး
တွေကနီနေပြီးသူမျက်လုံးလေးကလည်းရီဝေနေ ကာသူရဲ့သစ်အယ်သီးရောင်ဆံပင်တွေကလည်းတစ်ဝက်ဘဲခြောက်ကာရေချိုးဝတ်ဆုံကလည်းနည်း နည်းဟိုက်နေသည်။အဲဒါကအထဲကပန်းရောင်သန်း ပြီးဖြူဖွေးနူးညံ့တဲ့အသားရေလေးကိုတောင်မြင်နိုင်သည်။
"မင်း….."ဟဲဇီကျုံးရုတ်တရက်ကြီးအာခေါင်ခြောက်နေသလိုခံစားလိုက်ရသည်။သူ့ရှေ့ကလူကရုတ်တရက်ကြီးရှေ့ကိုလှမ်းလာပြီးသူ့လက်မောင်းတွင်းသို့ကပ်လာပြီးသူ့ခါးကိုလက်ကလေးတွေနဲ့ဖတ်ကာပါးပြင်လေးနဲ့သူ့ရင်ဘတ်ကိုပွတ်သတ်နေပြီးသူ့ရင်ဘတ်ကိုထိနေတဲ့အသားရေလေးကနူးညံ့နေသည်။
"ကျွန်တော်..ကျွန်တော်သန့်ရှင်းပြီးသွားပြီ"
ခြင်လိုအသံတိုးတိုးလေးရဲ့အဓိပပါယ်ကိုသဘော မပေါက်ခင်ဟဲဇီကျုံးခဏလောက်ကြတ်သေသေ သွားသည်။သန့်ရှင်းပြီးသွားပြီ……ဒီငတုံးလေး ကတော့ကားပေါ်မှာသူပြောတဲ့စကားကို တကယ်ကြီးထင်နေတယ်!!!!
ဟဲဇီကျုံးခဏလောက်ရယ်ရမလားငိုရမလားတောင်မသိတော့ပေ။ ကြိုးတင်ပြီးသွားပြီဖြစ်တဲ့မြှားကိုသူဘယ်လိုလုပ် နောက်ပြန်ဆွဲနိုင်မလဲ?သူဖန်ဟောင်ရဲ့ကိုယ့်ကိုတန်ဖိုးထားမှုကိုနာကျင်အောင်မလုပ်နိုင် ပေ။ဒီအရူးလေးရဲ့ဖုန်းကွယ်ထားတဲ့အတွေးတွေကိုဘုရားသခင်သာသိလိမ့်မယ်!!!
ခါးကိုလက်တစ်ဖတ်တည်းဖြင့်ပွေ့ကာအိပ်ခန်းဆီသို့ခေါ်သွားခဲ့သည်။ဖန်ဟောင်အနည်းငယ်ဒယိုင်းဒ ယိုင်ဖြစ်သွားသော်လည်းဟဲဇီကျုံးကခိုင်မာစွာပွေ့ထားပြီးအေးဆေးစွာလျှောက်လှမ်းသွားသည်။
{{{ငါသူကိုကြိုက်တယ်၊အရမ်းလည်းချစ်တယ်၊ နှစ်ပေါင်းများစွာသူကိုချစ်လာခဲ့တာစီနီယာသိတာထက်တောင်ပိုကြာသေးတယ် ။}]}
အဲ့ဒါကြောင့်ဘဲသူသာလိုချင်ရင်ဖန်ဟောင်က ချွင်းချက်မရှိသူကိုပေးဖို့ရန်ဆန္ဒရှိသည်။ပြီးတော့သူနဲ့ပြန်တွေ့တော့သူကငါမှတ်မိတဲ့ပုံစံထက်တောင် မိုက်လွန်းသည်။
ဖန်ဟောင်ကအိပ်ယာပေါ်မှာလှဲလျောင်းနေပြီးစိတ်လှုပ်ရှားမှုကြောင့်ခြေချောင်းလေးတွေအချင်းချင်းပွတ်တိုက်နေမိသည်။
သူ့ပါးလေးတွေကပူလောင်လှမတက်ဖြစ်နေပေမယ့်လည်းသူ့အပေါ်အုပ်မိုးထားတဲ့အမျိုးသားကိုကြည့် နေမိသည်။
သူ့ရဲ့မျက်လုံးရွှဲလေးတွေကိုကြည့်ရင်းဟဲဇီကျုံးသည်အောက်ကိုငုံ့လိုက်ပြီးသူ့ရဲ့ပါးပြင်လေး၊မျက်လုံးလေး၊နှုတ်ခမ်းလေး၊နှာခေါင်းလေးကိုညင်သာစွာနမ်း လိုက်သည်။
နူးညံ့သောနှုတ်ခမ်းများသည်နှစ်မြုပ်သွားစေပြီးနှုတ်ခမ်းများကိုဖွင့်ဟကာလျှာအချင်းချင်းပြင်းပြင်းထန် စွာပွတ်တိုက်နေပြီးနှစ်ယောက်သားမွတ်သိပ်စွာနမ်းနေသည်။
ဟဲဇီကျုံးကသူကိုလက်မောင်းထဲမှာပွေ့ဖတ်ထားပြီးလက်ကို့ရေချိုးဝတ်စုံထဲထည့်ကာသူ၏ပူနွေးသော ခန္ဓာကိုယ်ကိုပွတ်သပ်ပြီးနှုတ်ခမ်းကိုအနည်းငယ် မြှောက်ကာနဖူး၊မျက်လုံး၊နှာခေါင်းလေးကိုနမ်းလိုက်သည်။
တစ်ခုခုတော့မှားနေပြီ!!!
"မင်းဖျားနေပြီ!!!"ဟဲဇီကျုံးကဖန်ဟောင်နဖူးကိုစမ်းပြီးအတည်ပြုလိုက်သည်။
"ဟမ်!!"ဟဲဇီကျုံး၏စိတ်အားထက်သန်မှုတွင်နစ်မြုပ်နေဆဲဖြစ်သောဖန်ဟောင်သည်စိတ်ရှုပ်ထွေးစွာဖြင့်မျက်တောင်ခတ်လိုက်သည်။
ဟဲဇီကျုံးကသတ်ပြင်းချလိုက်ပြီးနဖူးချင်းထိကာ စိုးရိမ်နေသောအပြုံးလေးဖြင့်"မင်းဖျားနေပြီလို့"စကားလုံးတစ်လုံးချင်းစီတိုင်းကိုပီပီသသပြောလိုက်သည်။
ဖန်ဟောင်ကသူ့ပါးစပ်ကိုဖွင့်ပြီးခဏလောက်ဘာ ပြောရမှန်းမသိတော့ပေ။သူလက်ကိုမြှောက်လိုက် ပြီးသူနဖူးသူထိကာ ….အဲ့တာကနည်းနည်းလေးဘဲပူတာဟုတ်ဘူးလား?
"ငတုံးလေး၊မင်းခေါင်းမူးသလိုမခံစားရဘူးလား?"ဟဲဇီကျုံးကသူတော်စင်မဟုတ်ပေ၊သူခန္ဓာကိုယ်ကသူကိုနမ်းလိုက် သောအခါတုံ့ပြန်ခဲ့သည်။ဖန်ဟောင်စိတ်ရှုပ်ထွေးနေ သေးသည်ကိုမြင်လိုက်ရသဖြင့်ခေါင်းလေးကိုဖွဖွ လေးပုတ်လိုက်သည်။
"ကျွန်တော်….ထင်တာက….စီနီယာကကျွန်တော်ကိုနမ်းလို့မူးဝေနေတာလို့"ဖန်ဟောင်ကသူခေါင်းကိုငုံ့ထားပြီးဝမ်းနည်းနေမိသည်။သူဘဝမှာပထမဆုံးအကြိမ်ဒီလိုပြင်ဆင်မှုတွေကိုလုပ်ခဲ့ပေမယ့်ရုတ်တ ရက်အဖျားကြောင့်ရှေ့ဆက်ရန်မဖြစ်နိုင်ခဲ့ပေ….သူ သေတောင်သေလိုက်ချင်တယ်!!
"ဖန်ဟောင်…."ဟဲဇီကျုံးလည်းမေ့သွားခဲ့သည်။ စွမ်းအင်နိုးထသူအများစုကအရင်ဘဝကချူးလီလီကဲ့သို့ပင်ဒီညမှာဘဲဖျားကြသည်။ဖန်ဟောင်က လည်းဘဲစွမ်းအင်နိုးထသူဖြစ်ပြီးသူမှာရှားပါးတဲ့ ကုသရေးစွမ်းအင်ရှိ တာကြောင့်သူလည်းဒီညမှာအဖျားတက်တာဖြစ် သည်။
သူခဏကအလှတရားကိုဘဲစဉ်စားမိနေသောကြောင့်အမှားလုပ်မိလုနီးပါးဖြစ်သွားသည်။ဘယ်သူကဒီကလေးကအဲ့လောက်တောင်ဆွဲဆောင်မှုရှိနေမယ်လို့ထင်မှာလဲ??ဖြားယောင်းသွေးဆောင်တာကျွမ်းကျင်တဲ့သိုက်ကျွင်းတောင်သူ့လောက်ဆွဲဆောင်မှုမရှိဘူး!!!
"စီနီယာ..ကျွန်တော်တောင်းပန်ပါတယ်"
အားငယ်စိပျက်နေသောအသံတိုးတိုးလေးကိုကြားလိုက်ရသောကြောင့်ဟဲဇီကျုံး၏စိတ်ထဲတွင်စိုးရိမ်ထိတ်လန့်သွားသည်။
"အဲ့တာမင်းအမှားမှမဟုတ်တာမင်းလည်းဖျားချင် နေတာမှမဟုတ်တာ"သူလက်မောင်းဖြင့်ပွေ့ထူလိုက်ပြီးစောင်ကိုဆွဲတင်လိုက်ကာ"ငါမင်းတွက်ဆေးသွားယူလိုက်ဦးမယ်နော်…..ဒီရက်ပိုင်းတွေမှာဆေးရုံတွေကပြည့်နေတာငါတို့ဆေးရုံသွားရင်မင်းတခြားရောဂါတွေကူးလာမှာဆိုးတယ်"
ဖန်ဟောင်ကသူခေါင်းကိုပြင်းပြင်းထန်ထန်ခါလိုက် ပြီး"ကျွန်တော်အဆင်ပြေတယ်၊ကိုယ်နည်းနည်း လေးဘဲပူတာပါ၊ဆေးသောက်ရုံနဲ့ရတယ်"
သူကအဖျားကျဆေးနဲ့ရေသန့်ကိုယူလာပြီးသောက်ရန်ကူညီပေးခဲ့သည်။ဆေးတွေကစွမ်းအင်ပိုင်ရှင်တွေရဲ့စွမ်းအင်နိုးထခြင်းကြောင့်ဖြစ်တဲ့အဖျားကိုသတ် ရောက်မှုမရှိသော်လည်းဖန်ဟောင်ရဲ့အဖျားကသူရဲ့စွမ်းအင်နိုးထခြင်းကြောင့်မဟုတ်ခဲ့ရင်ဘယ်လိုလုပ်မလဲ?အဲ့ဒါကြောင့်သက်သာစေရန်ဆေးအချို့ကို သောက်သင့်သည်။
ဆယ်နှစ်နာရီထိုးပြီးနောက်မီးဖိုတစ်ခုသည်နှစ်ခုဖြစ်သွားသည်။နှစ်ယောက်စလုံးကညတုန်းကပြင်းပြင်းထန်ထန်လေ့ကျင်ခန်းမလုပ်ခဲ့ကြဘူးဆိုတာသိသာထင်ရှားပေမယ့်အကြိမ်ရာနဲ့ချီတိုက်ပွဲဝင် နေသလို မျိုးချွေးစေးတွေထွက်ကာမိုးလင်းတဲ့အထိ မသတ်သာခဲ့ကြဘူး။
ဖန်ဟောင်ကအရင်နိုးလာပြီး၊စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်ကာသူ့အခုတစ်စုံတစ်ယောက်ရဲ့လက်မောင်းထဲမှာအိပ်ပျော်နေသည်ကိုတွေ့လိုက်ရသည်။နှစ်ယောက်စလုံးကအဖျားကြောင့်တစ်ညလုံး ကောင်းကောင်းမအိပ်လိုက်ရပေ။တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖတ်လိုက်တဲ့အခါဘယ်ပြန်ညာပြန်ပွတ်တိုက်နေမိခဲ့သည်။ညအိပ်ဝတ်စုံရဲ့သိုင်းကြိုးတွေကပြေနေပြီဖြစ်သည်။အဲဒီချိန်မှာအဝတ်ဝတ်ထား တာကမဝတ်ထားတာနဲ့တောင်ကွာခြားမှုမရှိတော့ ပေ။
ဖန်စေဟာင်သည်မနေ့ညကတစ်စုံတစ်ယောက်အဆင်ပြေစေရန်ရေချိုးခန်းထဲကမထွက်ခင်အတွင်းခံ တောင်မဝတ်ခဲ့ပေ။ထိုအခိုက်တွင်တစ်ကိုယ်လုံးကိုယ်လုံးတီးဖြင့်ဟဲဇီကျုံးလက်မောင်းထဲတွင်ချွေးတွေနဲ့လှဲလျောင်းနေခဲ့သည်။
ဟဲဇီကျုံးကအောက်ခံဘောင်းဘီဝတ်ထားပေမယ့်လည်းသူညဝတ်အင်္ကျီကကြမ်းပြင်ပေါ်ကိုကျနေပြီးကိုယ်လုံးတီးနဲ့မကွာခြားတော့ပေ။
"ဟမ်း……"ဟဲဇီကျုံးပါးစပ်မှကွဲအက်သောအသံကထွက်ပေါ်လာသောကြောင့်မနေ့ညကသိုင်းကြိုးချည်ရန်မေ့ခဲ့တဲ့ဖန်ဟောင်ကိုရှက်သွေးဖြန်းစေပြန်သည်။မျက်လုံးများသည်ဟဲဇီကျုံး၏မျက်နှာ၊နှုတ်ခမ်းနှင့်နှာခေါင်းတို့မှာကပ်ငြိနေမိသည်။ဒီအမျိုးသားကသူနှစ်ပေါငးများစွာတိုင်အောင်ကြိုက်ခဲတဲ့တစ်ယောက်သောသူဖြစ်ပြီး…..ခုတော့သူနဲ့အတူရှိနေနိုင်ပြီဖြစ်သည်။
"ကိုယ်ပူနေသေးလား??"ဟဲဇီကျုံးမျက်လုံးဖွင့်ကြည့်လိုက်တော့ဖန်ဟောင်ကကြောင်တက်တက်နဲ့သူကိုငေးကြည့်နေတာကိုတွေ့လိုက်သည်။
"အာ?ကိုယ်မပူတော့ပါဘူး"ဖန်ဟောင်ကသူခေါင်းကိုအမြန်ခါလိုက်သည်။
ကူကယ်ရာမဲ့သောအကြည့်ကိုပေး၍သာမိုမီတာကိုထုတ်လိုက်ကာသူချိုင်းကြားထဲတွင်ထားလိုက်သည်။
ကိုယ်မပူတော့ဘူးသူစွမ်းအင်နိုးထပြီးသွားပြီဖြစ်မည်။
ဟဲဇီကျုံးသည်တိတ်တဆိတ်သတ်ပြင်းချကာသူ့စွမ်းအင်ကလပေါင်းများစွာကြာအောင်နိုးထသေးမည်မဟုတ်တာကိုဝမ်းနည်စွာသတိရသွားသည်။လှည့်စားလွန်းတယ်!!!
"လာ..ရေနွေးနွေးလေးနဲ့ရေချိုးလိုက်၊မချိုးခင်ရေအရင်သောက်လိုက်ဦး"နှစ်ယောက်စလုံးကမနေ့က ချွေးတွေအများကြီးထွက်ခဲ့ပြီးဟဲဇီကျုံးကရေချိုး ခန်းထဲဝင်လိုက်တာနဲ့ရေဓာက်ခန်းခြောက်သွားမှာ စိုးရိမ်သည်။
ဖန်ဟောင်ကခေါင်းညိတ်လိုက်ပြီး"စီနီယာကျွန် တော်တို့ညကျရင်ရေပူစမ်းကိုသွားရင်ကောင်းမလား"
ဟဲဇီကျုံးကတိတ်တိတ်လေးခေါင်းညိတ်လိုက်ပြီးစိတ်ထဲကနေတောင်းပန်နေကာနောက်အနာဂတ်မှာ နှစ်ပေါင်းများစွာကြာအောင် ရေပူစမ်းမှာရေချိုးဖို့မပြောနဲ့အပြင်မှာတောင်ရေချိုးဖို့ခတ်ခဲသွားမှာကိုငါစိုးရိမ်တယ်။
ရေချိုးခန်းထဲကရေငွေ့တွေကမှိန်ဖျော့နေပြီး ဟဲဇီကျုံးကဧည့်ခန်းထဲကပြတင်းပေါက်ရှေ့တွင်ရပ်ကာသူ့လက်ထဲမှာနှစ်လုံးပြူးမှန်ဘီလူးကိုကိုင်ထားသည်။
များစွာသောပုံရိပ်များသည်ဒယိုင်းဒယိုင်ဖြင့်လမ်း ပေါ်တွင်လျှောက်သွားနေပြီးအချို့သောသူများသည် ကပ်ဆိုက်သောကာလတစ်ခုကိုသတိမပြုမိဘဲဖြတ် သွားမိသောကြောင့်ရူးသွပ်နေသောပုံရိပ်များထံမှတိုက်ခိုက်ခြင်းကိုခံနေရသည်။ကြမ်းပြင်ပေါ်မှာသွေး တွေကောခန္ဓာကိုယ်အစိတ်ပိုင်းတွေကောပြန့်ကျဲနေသည်။
ဇွန်ဘီတွေကလူတွေရဲ့လတ်ဆတ်တဲ့အသွေးအသားတွေကိုအကုန်လုံးမဝါးမျိုနိုင်ခဲ့ရင်ကိုက်ခံရသူတွေကသူတို့လိုမျိုးဇွန်ဘီတွေဖြစ်လာကြပြီးဖြည်းဖြည်းချင်း တွယ်တက်ကာသူတို့အရင်ကဖြစ်ခဲ့ကြသောလူသားမျိုးနွယ်ကိုဒယိုင်းဒယိုင်ဖြင့်အမဲလိုက်ကြသည်။