no

Font
Theme

"နောက်ကျနေပြီကိုယ်တို့ပြန်ရောက်ရင်ဗီလာကို ပဲတိုက်ရိုက်ပြန်ကြတာပေါ့ ၊မနက်ခင်းကြမှSamsaraအသင်းဆီသွားကြတာပေါ့"ဟဲဇီကျုံးကကားမောင်းနေရင်းနဲ့ပြောလိုက်သည်။ "မြေအောက်ထပ်ကားပါကင်ထဲမှာရှိတဲ့ ကားတွေက မောင်းလို့မရဘူးနဲ့တူတယ်"ယနေ့ခတ်ကားများသည်ယခင်ကကဲ့သို့မဟုတ်ဘဲ-ဝါးယာကြိုးချိတ်ဆက်ပြီးကလော်ဖွင့်ရုံပွင့်နိုင်တဲ့ အမျိုးအစား။သော့မပါဘဲခိုးဖို့ခက်ခဲသည်။ကံမကောင်းစွာဖြင့်ဇွန်ဘီအများကြီးမရှိပေမဲ့ကားနှစ်စီးရဲ့ တာယာတွေကပြားနေသည်….

ထိုအရာကြောင့်အိုက်လွမ်နဲ့တခြားသူတွေဈေးဝယ်စင်တာထဲမှာပိတ်မိ နေခဲ့ရင်လည်းသူတို့ကို ပြဿနာလာရှာနိုင်တော့မှမဟုတ်ပေ။ဒါပေမဲ့သူတို့ အဆင်ပြေသွားရင်တောင်-Smasaraအသင်းက လက်စားပြန်ချေဖို့စောင့်နေသေးသည်။သူတို့လုပ်ခဲ့တဲ့လှည့်ကွတ်ကနေလွယ်လွယ်လွတ်မြောက်နိုင်မှာ မဟုတ်ပေ!!!

လမ်းများပိတ်ဆို့နေခဲ့သောကြောင့်အချိန်နဲ့အမျှ ကားကလမ်းလွှဲပြီးမောင်းနေရသည်။အဆင့်၂ဇွန်ဘီအများစုသည်ခွန်အားစွမ်းအားရှင်ဇွန်ဘီအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာကြပုံပေါ်သည်။သူတို့က အရမ်းသန်မာပြီးအဆောက်အဦးတွေနဲ့ကားတွေကို ဖျက်ဆီးနိုင်စွမ်းသည်သာမာန်ဇွန်ဘီများထက်သာသည်။ထိုကြောင့်ခွန်အားစွမ်းအားရှင်ဇွန်ဘီကို တစ်ကြိမ်လောက်ထိပ်တိုက်တွေ့ပြီဆိုတာနဲ့မစ်ရှင်  များသို့မဟုတ်မြို့ထဲကနေထွက်ပြေးရာတွင် ချော့မော့စွာလွတ်မြောက်ဖို့ခက်ခဲလိမ့်မည်။ကား အများပြားသည်တိမ်းမှောက်ကာပျက်စီးသွားသောကြောင့်ထိုဇွန်ဘီများသည်စီးနင်းသူများကို၎င်းတို့ ၏အစာအဖြစ်စားသုံးရန်ဆွဲထုတ်သွားကြသည်။

ရှုပ်ပွနေသောအရာများဖြင့်ပြည့်နှတ်နေသောလမ်း များတွင်သူတို့နှစ်ယောက်သည်ဖြေညှင်းစွာဖြင့် မောင်းရုံသာတက်နိုင်သည်။သူတို့ကားသည်လုံလောက်အောင်ကိုယ်ထည်ခိုင်ခံ့သော်လည်း Bulldozer တော့မဟုတ်ပေ။အရှေ့မှာအပျက်အစီးအများကြီးနဲ့ဆိုရင်သူတို့ဘယ်လိုလုပ်လျင်မြန်စွာမောင်းနိုင်မလဲ?

ကားသည်လမ်းပေါ်တွင်လှည့်ပတ်သွာနေစဉ် ရုတ်တရက်"ဖုတ်ခနဲ" ဖြင့်အစောပိုင်းတွင်နေရာလွတ်ထဲမှာရှိနေသော သွမ့်ဇီကထွက်လာပြီးဖန်ဟောင်ပေါင်ပေါ်တွင် မှီနေခဲ့သည်။

"ဘာဖြစ်လို့ထွက်လာတာလဲ"ဖန်ဟောင်ကသွမ့်ဇီကို ထိရန်လက်ကိုဆန့်ထုတ်လိုက်ပေမဲ့သွမ့်ဇီကချက်ချင်းကားပြတင်းပေါက်ဆီသို့ပြေးသွားခဲ့သည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်ပြတင်းပေါက်တွင်ကပ်ထားပြီး  သူ့ကိုယ်သူ့ပြားကပ်နေတဲ့အပိုင်းစလေးတစ်ခုကဲ့သို့ ဖျစ်ညှစ်ထားသည်။အကယ်လို့တစ်ယောက်ယောက်က ကားပြတင်းပေါက်ကိုကြည့်လိုက်လျှင် ပြတင်းပေါက်ပေါ်တွင်ကြီးမားဝိုင်းစက်ပြီးရွှန်းလဲ့နေတဲ့မျက်လုံးနှစ်လုံးနဲ့ ကြီးမားသောအဖြူရောင် မျက်နှာတစ်ခုကိုသူတို့မြင်ရလိမ့်မည်။

"သွမ့်ဇီကအပြင်ထွက်ချင်နေတာလား?"ဟဲဇီကျုံး ကအံ့အားသင့်သွားပြီးဖန်ဟောင်ကိုမေးလိုက်သည်။  "ပြတင်းပေါက်ကိုဖွင့်လိုက်ပြီ"သူတို့နှစ်ယောက်စလုံးသွမ့်ဇီ၏စိတ်လှုပ်ရှားနေမူကိုခံစားနိုင်သည်။သွမ့်ဇီကဘာလုပ်ချင်နေလဲဆိုတာကိုသူတို့မသိသော်လည်းသူတို့နှစ်ယောက်ကမသိစိတ်၏စေ့ဆော်မူအရ သွမ့်ဇီကိုသားတစ်ယောက်အနေနဲ့ကောအိမ်မွေး တိရစ္ဆာန်အနေနဲ့ပါဆက်ဆံမိခဲ့သည်။ယေဘုယျအားဖြင့်အလွန်အကျွံ့တောင်းဆိုမူမလုပ်သရွှေ့သွမ့်ဇီကျေနပ်အောင်သူတို့အကောင်းဆုံးကြိုးစားပေးမှာ ဖြစ်သည်။

"ခိုးကြောင်ခိုးဝှတ်သွား!!"ကားပြတင်းပေါက်မဖွင့်ခင်ဖန်ဟောင်ကစိုးရိမ်တကြီးဖြင့်တောင်းဆိုခဲ့သည်။

ပြတင်းပေါက်အောက်ကိုတစ်လက်မလောက်လျှောကျသွားတာနဲ့သွမ့်ဇီကခန္ဓာကိုယ်ကိုဖျစ်ညှစ်ပြီးထွက်လိုက်သည်။ထို့နောက်သူ့ခန္ဓာကိုယ်ကချက်ချင်းထိုးဖောက်မြင်နိုင်သည့်အထိကြည်လင်လာသည်။ကျည်းမြောင်းတဲ့လမ်းသွယ်ဆီသို့ခုန်ပေါက်ပြီးသွားခဲ့သည်။

အနောက်ကလိုက်ရန်ဟဲဇီကျုံးကစတီယာရင်ကိုလျင်မြန်စွာလှည့်လိုက်သည်။         

အရှေ့ကသွမ့်ဇီကခုန်သွားနေပြီးသူတို့နှစ်ယောက်သည် ကျဉ်းမြောင်းတဲ့လမ်းတစ်လျှောက်အနောက်က လိုက်သွားခဲ့သည်။အရှေ့ကလမ်းကိုရောက်ဖို့အချိန်သိပ်မယူလိုက်ပေ။ အရှေ့ကမြင်ကွင်းသည် သစ်ကိုင်းများဖြင့်ပြည့်နေသောကြီးမားသည့် အစုအဝေးကြီးတစ်ခုဖြစ်နေသည်။အလွန်ကြမ်းကြုတ်ရက်စက်တဲ့သန္ဓေပြောင်းအပင်တွေ!!!

ဟဲဇီကျုံးကအသက်ပြင်းပြင်းရှုလိုက်ပြီးကားမောင်းနေတာကိုလျင်မြန်စွာရပ်ခဲ့သည်။နောက်ပြန်ဆုတ်တဲ့ဂီယာကိုထိုးလိုက်ပြီးကျည်းမြောင်းတဲ့လမ်းသွယ်မှလျင်မြန်စွာနောက်ပြန်ဆုတ်ခဲ့သည်။

"ဘာဖြစ်တာလဲ၊သွမ့်ဇီဘာလုပ်နေတာလဲ?"သူ့အခြေနေကိုရှင်းရှင်းလင်းလင်းမမြင်ရသေးခင်သူတို့ပြန်ဆုတ်ခဲ့သောကြောင့်ဖန်ဟောင်လည်းထိတ်လန့်နေသည်။

"သန္ဓေပြောင်းအပင်တွေကဇွန်ဘီတွေကိုဖမ်းနေတာ….သွမ့်ဇီက….အဏုမြူကျောက်တုံးသွားခိုးမလို့လုပ်နေတာ"ဟဲဇီကျုံးကရှင်းရှင်းလင်းလင်းမြင်ခဲ့ရသည်။ဇွန်ဘီခြောက်ကောင်ခုနစ်ကောင်လောက်ကို အပင်ကရစ်ပတ်ထားပြီးတစ်ဝက်လောက်ကသေနေသည်။အချို့ကသေချာပေါက်သန္ဓေပြောင်းဇွန်ဘီတွေဖြစ်ပြီးကျန်တဲ့အကောင်တွေကသေးနေသော ကြောင့်သူ့မပြောနိုင်ပေ။

ဖန်ဟောင်ကြက်သေသေသွားကာသူ့အမူရာက ရှုပ်ထွေးနေသည်"သွမ့်ဇီဓားပြတိုက်တာကိုစွဲလန်း နေတာတော့မဟုတ်ဘူးမလား?"

နောက်ဆုံးတစ်ကြိမ်တုန်းကသွမ့်ဇီသည်အဆင့်တန်း မရှိသောအပင်ရဲ့"နှုတ်ခမ်းဝ"မှအဏုမြူကျောက်တုံးနှစ်တုံးကိုအလစ်သုတ်ခဲ့သည်။အခုသန္ဓေပြောင်းအပင် တစ်ပင်ကိုတွေ့တော့လည်းကြောက်ရွှံ့နေရမဲ့ အစားအပင်ဆီကိုပြေးသွားခဲ့တယ်။တကယ်ကြီးကို ….စွဲလမ်းနေတာပဲ။

"ဖြစ်နိုင်တယ်"ဟဲဇီကျုံးလည်းခဏလောက် အာစေးမိနေခဲ့သည်။ကားကမူလသူတို့ရှိနေတဲ့ လမ်းဆီကိုပြန်ရောက်လာခဲ့ပြီးအသံကြားသော ဇွန်ဘီနှစ်ကောင်သည်ရိုက်ပုတ်နေသောကြောင့် အခြေစိုက်စခန်းဆီသို့ဆက်မောင်းလာခဲ့သည်။

"အဲ့တာနဲ့ပက်သက်ပြီး ကျွန်တော်တို့ သတိထားသင့်လားဟင်"ဖန်ဟောင်ကသွမ့်ဇီနဲ့ ပက်သက်ပြီးအနည်းငယ်စိုးရိမ်နေသည်။

"အဆင်ပြေမှာပါ၊ကိုယ်တို့သူနဲ့နည်းနည်းဝေးသွားပြီဆိုတာသူသိရင်နေရာလွတ်ထဲကို ပြန်လာလိမ့်မယ်….ဒါမှမဟုတ်လည်းသူ့လုံလောက်အောင်လုပြီးသွားရင်ပြန်လာလိမ့်မယ်"ဒီနေရာတွင် ဇွန်ဘီအများကြီးရှိပြီးတော့မြို့ထဲမှာလည်းသန္ဓေ‌ပြောင်းဇွန်ဘီတွေအများကြီးရှိသည်။သူတို့စွမ်းအင်ကဒုတိယအဆင့်ဖြစ်နေရင်တောင်သူတို့လုံးဝထိခိုက်မှုမရှိဘဲနဲ့ဇွန်ဘီအများကြီးကိုမတိုက်ခိုက်နိုင်ပေ။ထို့ကြောင့်ယာယီဆုတ်ခွာခြင်းသည်ပို၍အမြော်အမြင်ရှိသည်။ပြီးတော့နောက်ဆုံးအကြိမ်တုန်းက  သန္ဓေပြောင်းအပင်နဲ့သွမ့်ဇီရဲ့အခြေနေကိုအကဲဖြတ် ရမယ်ဆိုရင်သွမ့်ဇီကမြေကြီးလိုပဲ!!ဘယ်လောက်ပဲ တိုက်ခိုက်ပါစေနာကျင်အောင်လုပ်ဖို့ခက်ခဲတယ်!!!

တစ်နာရီလောက်ကြာသောအခါသွမ့်ဇီကနေရာလွတ်ထဲပြန်ရောက်လာတာကိုဟဲဇီကျုံးနဲ့ဖန်ဟောင်ကခံစားမိလိုက်သည်။ထို့အပြင်သွမ့်ဇီကမျက်လုံးကို မှေးထားပြီးလေထဲတွင်လွှင့်မျောနေတာကိုမြင်လိုက် ရတော့သူတို့စိတ်အေးသွားခဲ့သည်။ဒါပေမဲ့အဝေးက အဆောက်အဦးကြီးဆီကနေစိတ်ပျက်လက်ပျက် အော်သံတစ်ခုကိုကြားလိုက်ရသည်။

"ဘာအသံကြီးလဲ?"အသံကအနည်းငယ်စူးရှပြီး တိရိစ္ဆာန်တစ်ကောင်ဆွဲဆွဲငင်ငင်အော်ဟစ်နေသံနဲ့တူသည်။

ဟဲဇီကျုံးကမျက်မှောင်ကြုံလိုက်ပြီး"ဇွန်ဘီ တစ်ကောင်ရဲ့အသံမျိုး မဟုတ်ဘူး…."

"အဲ့တာကသန္ဓေပြောင်းအပင်လား?"ဖန်ဟောင်က စိတ်ကူးယဉ်ဆန်စွာဖြင့်ဟဲဇီကျုံးကိုမေးမြန်းလိုက်သည်။

"သွမ့်ဇီကအနိုင်ကျင့်လိုက်လို့ငိုနေတာမြန်းလား?"ဟဲဇီကျုံးကရယ်ချင်စိတ်ဖြင့်သူ့ခေါင်းကိုခါလိုက်သည်။"တိုက်ဆိုင်တာဖြစ်မှာပါ"

"စီနီယာပြောတာကခုနကကျွန်တော်တို့တွေ့ခဲ့တဲ့ သန္ဓေပြောင်းအပင်ပြီးခဲ့တဲ့တစ်ခေါက်ကအပင်နဲ့တူတူပဲလို့လား?"ဖန်ဟောင်ကဆက်ပြီးသူ့ဦးနှောက် ပေါက်ကွဲသွားအောင်ဆက်လုပ်နေသည်။

ဟဲဇီကျုံးကထပ်ရယ်လိုက်ပြီး"ကိုယ်တို့အရင်တုန်းကတွေ့ခဲ့တဲ့ သန္ဓေပြောင်းအပင်နဲ့ကအဝေးကြီးကို ရောက်နေပြီလေ၊ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?ကိုယ် ပြောတာကမသိရင်အဲ့အပင်ကငိုနေသလိုပဲလို့အချိန်ကိုက်ဖြစ်နေတာလို့"

သန္ဓေပြောင်းအပင်နဲ့သူ့ရဲ့အကိုင်းခတ်တွေက မြေကြီးပေါ်မှာ ဘောလုံးတစ်လုံးလှိမ့်သလိုရှုပ်ထွေး နေပြီးမရေတွက်နိုင်တဲ့အိမ်တွေကိုဖောက်ပြီးဆူညံသံကြားပြီးနောက်ဇွန်ဘီများကိုစောင့်ကြည့်နေခဲ့သည်။အဲ့ဒါကဒေါသတွေပေါက်ကွဲထွက်ပြီးစိတ်ဆိုးတဲ့ အသံနဲ့အော်နေသလိုပဲ-ဒါမျိုးထပ်ဖြစ်ပြန်ပြီ!!နောက်ထပ်!!အဝေးကြီးကနေငါလာခဲ့ရပေမဲ့ဒီသောက်ဘောလုံးကောင်ကငါ့ရဲ့ သားကောင်ကိုအလစ်သုတ်သွားပြန်ပြီ!!!ဒီခြေထောက်များတဲ့အပင်ကိုအနိုင်ကျင့်တာကအရမ်းအရှက်မဲ့လွန်းတယ်!!!

သူတို့နှစ်ယောက်အခြေစိုက်စခန်းကိုပြန်ရောက်တဲ့ အချိန်မှာမီးများထွန်းထားပြီဖြစ်သည်။ဒီတစ်ခေါက် ဂိတ်စစ်ဆေးရေးကပိုမြန်လာသည်။တစ်ယောက် ချင်းစီရဲ့ကိုယ်ပေါ်ကဒဏ်ရာတွေကိုစစ်ဆေးပြီးနောက်၎င်းတို့သည်စက္ကန့်အနည်းငယ်အတွင်းဇွန်ဘီဗိုင်းရပ်စ်ကူးစက်ခြင်းရှိမရှိစစ်ဆေးရန်သွေးအတွင်း သကြားဓာက်တိုင်းတာတဲ့ကရိယာနဲ့ဆင်တူသော ကရိယာတစ်ခုတွင်သူတို့လက်ချောင်းထိပ်ကို ဖောက်ရန်သာလိုအပ်သည်။

ဖန်ဟောင်ကသူ့ရဲ့ဒဏ်ရာသေးသေးလေးကိုဂွမ်းစဖြင့်ဖိထားခဲ့ပြီးသူ့စွမ်းအင်နဲ့ဒဏ်ရာကိုကုသရန် ဝန်ထမ်းထွက်သွားတဲ့အထိစောင့်နေခဲ့သည်။ သူ့ကလက်ကိုမြှောက်လိုက်ပြီးဟဲဇီကျုံးကိုလည်းကုသပေးခဲ့သည်။"နောက်တစ်ခါကျွန်တော်တို့ပြန်လာတဲ့အချိန်သူတို့ဗိုင်းရပ်စ်စစ်ဆေးဖို့အတွက်လူတွေရဲ့ အရေပြားကိုဖောက်စရာမလိုတဲ့ကရိယာတစ်ခုခုရှိလာမယ်လို့စီနီယာထင်လား?"

ဟဲဇီကျုံးကပြုံးလိုက်ပြီးခေါင်းကိုခါလိုက်သည်။"အချိန်တိုအတွင်းမှာအဲ့ဒါကအရမ်းခက်ခဲတယ်၊ဘာဘဲ ဖြစ်ဖြစ်ဗိုင်းရပ်စ်က လူသွေးကနေအဓိကကူးစက်တာ"

နှစ်ယောက်သားအခြေစိုက်စခန်းထဲသို့မောင်းဝင် လာခဲ့သည်။အရင်အနားယူရန်သွားဖို့ဆုံးဖြတ်မဲ့ အစားအခြေနေကိုစစ်ဆေးဖို့Smasaraအသင်းစီ သွားရန်စိတ်ကူးခဲ့သည်။ဒါပေမဲ့အပြင်ဘက်မှာ ရှိနေတဲ့အသင်းသားများနဲ့ပက်ပင်းတိုးသွားခဲ့သည်။

ကားကအရမ်းဆူညံသောကြောင့်ဖြစ်သည်။Samsara အသင်းသားများသည်ထိုကားသည်အစောပိုင်း တွင်ဟဲဇီကျုံးကရွှေးချယ်ခဲ့သောကားမှန်းမှတ်မိသွားကြသည်။လမ်းပေါ်တွင်ဈေးဝယ်နေကြသူများသည် ပြေးထွက်လာပြီးကားနားတွင်ရပ်တန့်ခဲ့သည်။အဲ့ဒါကိုကြည့်ရတာအကြည့်နဲ့ဓားပြတိုက်နေတဲ့အတိုင်းပင်။

"ဟမ်ဓားပြတိုက်တဲ့အလုပ်ပြောင်းမလို့လား?"ဟဲဇီကျုံးကပြတင်းပေါက်မှန်ကိုချလိုက်ပြီးပြေးထွက်လာတဲ့ကောပင်းနဲ့အနောက်ကသိပ်မဝေးတဲ့ ရှန်ဟိုက်ပင်းကိုပြုံးရယ်စွာဖြင့်ကြည့်လိုက်သည်။ 

"အိုလုပ်စရာအလုပ်မရှိတော့ရင်ဓားပြလုပ်တာ လည်းမဆိုးပါဘူး"ကောပင်းကကားကိုရိုက်လိုက်ချင်ပေမဲ့ထိုကားသည်အခုမှအပြင်ကဝင်လာခဲ့တာကိုရုတ်တရက်သတိရသွားခဲ့သည်။ဂိတ်မှာပိုးသတ်ခဲ့ သော်လည်းမသန့်တာဖြစ်နိုင်သောကြောင့်သူ့လက်ကိုပြန်ရုတ်လိုက်သည်။"ဒီနေ့ပဲမင်းတို့ကိုနှစ်ရက်ထပ်စောင့်ဖို့ပြောနေတာမင်းတို့အဲ့ကနေပြန်မလာခဲ့ရင် ငါတို့ကတာဝန်ယူပြီးလိုက်ရှာမို့ ဒီကားအဆင်ပြေတယ်မလား၊ငါပြောသားပဲ ဓာက်ဆီသာအပြည့်ရှိသရွှေ့ဇွန်ဘီအုပ်ထဲကိုတောင်တိုက်ရိုက်မောင်းသွားလို့ရတယ်!!!"

အခုသူတို့နဲ့တွေ့သောကြောင့်ဟဲဇီကျုံးက Samsaraအသင်းဆီသို့မောင်းသွားခဲ့သည်။

ကြည့်ရတာ Samsaraအသင်းသည်အပြန်ခရီးတွင် ကံကောင်းခဲ့ပုံရသည်။ထိုအချိန်တွင်ဇွန်ဘီအများစုသည်အိုက်လွမ်၊ဟဲဇီကျုံးနှင့်တခြားသူများဆီသို့လိုက်သွားခဲ့သည်။ကျန်နေတဲ့ဇွန်ဘီများသည်လမ်းမ ကြီးပေါ်ကယာဉ်တန်းနောက်သို့လိုက်သွားခဲ့သည်။ Samsaraအသင်းကကားအများစုသည်တောင်ဘက်လမ်းသို့ကွေ့ပြီးသွားခဲ့ပြီးသူတို့ကားများသည်ခိုင်ခံ့ ပြီးလျင်မြန်သောကြောင့်သူတို့အနောက်ကလိုက် ဖမ်းသောဇွန်ဘီများသည်မြေမှုန့်ထဲတွင်ကျန်ရစ်ခဲ့သည်။ဇွန်ဘီတွေတိုက်ခိုက်မူခံရပြီးကားဝင်ဆောင့်မိ တာဒါမှမဟုတ်ဒဏ်ရာအနည်းငယ်ရသွားသည့် ကံမကောင်းသောသူများမှလွဲ၍ကျန်သူများသည် အကောင်းတိုင်းပြန်ရောက်ခဲ့သည်။

"အစတုန်းကငါတို့ပစ္စည်းတွေအတွက်ကားတစ်ဝက်ကျော်လောက်နဲ့အလဲလှယ်လုပ်ချင်ခဲ့ပေမဲ့ဇွန်ဘီ တွေအများကြီးနဲ့ကြုံတွေ့ပြီးနောက်ပိုင်းမှာ ဒီလိုကမ္ဘာကြီးထဲမှာကားကောင်းကောင်းရှိတဲ့ အကျိုးမြတ်ကပိုကောင်းတယ်လို့အကုန်လုံးကခံစားခဲ့ရတယ် အဲ့ဒါကြောင့်မို့ကားတွေကိုရောင်းလိုက်ဖို့ အကုန်လုံးကဝန်လေးနေကြတယ်"Samsara အသင်းရဲ့အခန်းထဲကိုရောက်တော့ကောပင်းကပြုံး ပြီးရှင်းပြခဲ့သည်။

ဟဲဇီကျုံးကလည်းခေါင်းညိတ်ပြီးထောက်ခံလိုက်သည်"ဟုတ်တယ်၊ကျန်တဲ့အရာတွေကဒုတိယပဲ၊အရေးကြီးဆုံးအရာကဇွန်ဘီတွေလက်ကနေလွတ်မြောက် ပြီးအသက်ရှင်ဖို့ပဲ"

"မင်းတို့ဘယ်လိုပြန်လာခဲ့တာလဲ?မန့်ဇီပြောတာကတော့မင်းတို့ကိုOverloardကားနဲ့အတူတွေ့လိုက်တယ်တဲ့မင်းသူတို့ကိုအတင်းပြန်ခေါ်လာခဲ့တာလား?"

ဟဲဇီကျုံးကပြီးခဲ့တဲ့နှစ်ရက်နဲ့ပက်သက်ပြီးအတိုချုပ် ပြောပြခဲ့သည်။"သူတို့ကမြေအောက်ထပ်ကားပါကင် မှာကားသွားရှင်မယ်လို့ပြောခဲ့တယ်ငါနဲ့ဖန်ဟောင် ဆွေးနွေးခဲ့တယ်အဲ့ဒီမှာရှိနေတဲ့ကားတွေကငါတို့ မူလကားလောက်မကောင်းနိုင်ဘူးလို့ ငါ့တို့ကားက ဝင်တိုက်တာတို့ဆောင့်မိတာတို့ကိုခံနိုင်တယ်လေ အဲ့ဒါကြောင့်ငါတို့အဲ့ကိုစွန့်စားပြီးပြန်သွားခဲ့တာ နောက်တော့ကားရတာနဲ့မောင်းထွက်လာခဲ့တာသူတို့နဲ့အပေါ်ထပ်ပြန်မပြေးပဲပြန်မောင်းထွက်လာခဲ့တာ"

"အဲ့လိုလား?အဲ့ဒီ Overloardအသင်းကတော့….ဟမ့်"လျိုကျီက လှောင်ပြောင်ခဲ့သည်"မင်းသာသူတို့ချိတ်ထားတဲ့ သွေးစွန်းတဲ့အဝတ်တွေကိုမမြင်ခဲ့ဘူးဆိုရင်ငါတို့ အဲ့ဒီအချိန်တုန်းကဇွန်ဘီတွေဖျက်စီးတာခံရနိုင်တယ်ပြီးတော့မင်းတို့လွတ်မြောက်နိုင်မလား၊မနိုင်ဘူးလားဆိုတာကိုပြောဖို့ခတ်တယ်"

ကောပင်းကလည်းရယ်မောခဲ့သည်"မကြာခင် နောက်ပိုင်းမှာငါသူတို့ကိုကောင်းကောင်းကြီး စောင့်ကြည့်ချင်သေးတယ်၊ငါကိုလျှော့တွက်နေတာလား?ငါတို့ကိုနူးညံတဲ့တရုတ်တည်သီးတွေလို့ အဲ့ကောင်တွေကထင်နေတာလား?"အခုချိန်တွင် မစ်ရှင်တစ်ခုပြီးမြောက်ပြီးတဲ့အသင်းတိုင်းဘာတွေ ပြန်ယူလာခဲ့လဲဆိုတာကိုအခြေစိုက်စခန်းက  မစစ်ဆေးတော့ပေ။ထို့ကြောင့်     Samsaraအသင်းက ဒီတစ်ခေါက်ခရီးမှာသေစေနိုင် တဲ့လက်နက်အများကြီးယူလာခဲ့ပြီးပြန်လာပေမဲ့ ဘယ်သူမှမသိအောင်ထိန်းသိမ်းထားနိုင်ခဲ့သည်။

အရင်တုန်းကသာဆိုသူတို့ရဲ့လက်နက်တွေအကုန်လုံးသိမ်းယူခံရပြီးအဖွဲ့ဝင်တွေအကုန်လုံးအဖမ်းခံရလိမ်မည်။

ဟုတ်တာပေါ့ဒါကအခြေစိုက်စခန်းရဲ့ဖြေလျှော့လိုက်တဲ့စီမံခန့်ခွဲမူရလဒ်ဖြစ်သည်။အခြေစိုက်စခန်းက အထက်အရာရှိများသည်ဤမျှအရမ်းများပြားသောသေနတ်များကိုပြန်ယူမည့်သူတစ်ယောက်မှမရှိဘူးဟုမျှော်လင့်ထားခဲ့သည်။

ဒါပေမဲ့တစ်လသို့မဟုတ်နှစ်လအကြာတွင်ထွက်ခွာသွားတဲ့ယာဉ်တန်းတွေနဲ့ပြန်လည်ဝင်ရောက်လာတဲ့ ယာဉ်တန်းတွေစစ်ဆေးခြင်းကိုပြန်စမှာဖြစ်သည်။

ဘေးတွင်တိတ်ဆိတ်စွာထိုင်နေသောချန်နင်သည် ရုတ်တရက်ထမေးခဲ့သည်"မင်းဝမ်းကွဲက Overloardအသင်းထဲမှာရှိတယ်လို့ငါသတင်းကြားခဲ့တယ်"

ဟဲဇီကျုံးကခေါင်းညိတ်လိုက်ပြီး"အင်းငါတို့လည်းသူမကသူတို့အဖွဲ့ရဲ့အပင်စွမ်းအားရှင်အဖွဲ့ဝင်သစ်မှန်း သိလိုက်ရတယ်၊ဒါပေမဲ့ငါမိသားစုနဲ့သူတို့ မိသားစုနဲ့ကကမ္ဘာပျက်ကပ်စတင်ကတည်းက အဆက်သွယ်မရှိတော့ဘူး"       

ဒီအဓိပ္ပါယ်ကသူတို့မှဆက်ဆံရေးမရှိဘူးလို့ဆိုလို တာဖြစ်သည်။အကယ်လို့Samsaraအသင်းက Overloardအသင်းနဲ့ဖြေရှင်းဖို့အသင့်ဖြစ်ခဲ့ရင်ဆွေးမျိုးဖြစ်တဲ့ဆက်ဆံရေးကြောင့်ဟဲဇီကျုံးကOverloardအသင်းဘက်မှာရပ်တည်မှာမဟုတ်ပေ။

ဟဲဇီကျုံးကချူးလီလီကိုလျစ်လျူရှုမှန်းအရင်ကတည်းကသူ့မျက်လုံးနဲ့မြင်ဖူးသောကောပင်းသည်ချန်နင်ကိုခေါင်းအနည်းငယ်ညိတ်ပြခဲ့သည်။ဒါကိုသိလိုက်ရတော့ချန်နင်က ရယ်လိုက်ပြီး"သူတို့ကငါတို့ကို ဒီလိုလက်ဆောင်မျိုးပေးလိုက်တယ်ဆိုတော့ငါတို့ကသူတို့ကိုလည်းပြန်ပေးရမှာပေါ့ဒါပေမဲ့အဲ့ဒါကသူတို့ ရဲ့ခေါင်းဆောင်အတွက်ပဲ၊အပင်စွမ်းအင်…..သူ့မကမိန်းကလေးဆိုတော့သူမအခြေစိုက်စခန်းရဲ့အရေးပါတဲ့လူတစ်ယောက်ဖြစ်လာမှာကိုငါစိုးရိမ်တယ်"အပင်စွမ်းအားရှင်များသည်တိုက်ပွဲများတွင်ပါဝင်နိုင် သော်လည်းထူးခြားတဲ့အပင်တွေရဲ့အထောက်အပံ့မပါဘဲအပြင်တွင်ကြီးမားသောအခန်းကဏ္ဍာမှပါဝင်ရန်ခက်ခဲသည်။

အခုချိန်တွင်အခြေစိုက်စခန်းကလည်းစိုက်ပျိုးရန်ရည်ရွယ်ချက်တစ်ခုတည်းအတွက်အပင်စွမ်းအင်နဲ့လူတွေကိုစတင်စုဆောင်းနေသည်။

"ရိုးရိုးသားသားပြောရရင်မင်းကအခုမှပြန်လာလို့မသိလောက်ပေမဲ့ဒီရက်ပိုင်းမှာ အခြေစိုက်စခန်းက အပင်တွေပြန်စိုက်ဖို့မြေတွေအများကြီးပြန်သိမ်း သွားတယ်"

"ဘယ်ဘက်ခြမ်းလဲ"

"အရှေ့ဘက်"

ခဏကြာစကားစမြည်ပြောပြီးနောက်ဟဲဇီကျုံးနှင့် Samsaraအသင်းကလူများသည်ဆေးဝါးများသယ် ဆောင်ရန်နှင့်တာဝန်အပ်ရန်မနက်၉နာရီတွင် တွေ့ဆုံဖို့သဘောတူခဲ့ကြသည်။နှစ်ယောက်သား Samsaraအသင်းနေထိုင်တဲ့နေရာကနေထွက်လာခဲ့ပြီးဗီလာဆီသို့မောင်းခဲ့သည်။

"နောက်ဆုံးတော့ပြန်ရောက်ပြီ"ဗီလာသို့ပြန်ရောက် ပြီးနောက်mailစစ်ဆေးခဲ့ပြီးရေချိုးခန်းထဲသို့သွားခဲ့ကာနေရာလွတ်ထဲသို့ဝင်လိုက်သည်။

"မြူတွေကထပ်ထူလာပြန်ပြီဒီနေ့သွမ့်ဇီအဏုမြူကျောက်တုံးဘယ်နှတုံးတောင်စားခဲ့တာလဲ"ဟဲဇီ ကျုံးသည်လက်တစ်ဖက်ကိုဖန်ဟောင်ပုခုံးပေါ်တင်လိုက်ပြီးကျန်လက်တစ်ဖက်ဖြင့်အရှေ့ကသွမ့်ဇီကိုဖမ်းလိုက်ကာသူ့ လက်ဖဝါးပေါ်တွင် တင်ပြီးကြည့်လိုက်သည်။       

To be continued…….                        


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment