no

Font
Theme

"စီနီယာကတော်လိုက်တာ!!ဒီလိုတွေဖြစ်သွားတော့စီနီယာစုဆောင်းထားတာတွေကကျွန်တော်တို့အသတ်ရှင်နေထိုင်နိုင်သွားတာပေါ့"ဖန်ဟောင်က နှလုံးသားထဲကနေချီးကျုးလိုက်သည်။ဟဲဇီကျုံးကဒီလိုမျိုးအကြောင်းပြချက်တွေကြောင့်စုဆောင်းခဲ့မှန်းတကယ်မမျှော်လင့်ထားပေ။ဟဲဇီကျုံးကစတိုးဆိုင် ဖွင့်ဖို့စီစဉ်တာနဲ့အလုပ်ရှုပ်နေတာလို့ထင့်ခဲ့တာထင်ခဲ့တာဖြစ်သည်။

သူ့ကူညီပြီးစုဆောင်းရှာဖွေပေးခဲ့တဲ့သတင်းအချက်အလတ်များထဲတွင်ဟင်းခတ်အမွှေးကြိုင်ပြုလု်ပ သည့်နည်းလမ်းအမျိုးမျိုးပါဝင်သည်။စီနီယာက  ဟင်းခတ်အမွှေးကြိုင်တွေကိုနေရာလွတ်ထဲကအပင်တွေနဲ့ပြုလုပ်ပြီးထုတ်လုပ်ချင်တာဖြစ်ပေမယ့် တခြားသူတွေနေရာလွတ်အကြောင်းကို ရှာတွေ့သွားမှာစိုးရိမ်တဲ့အတွက်သူ့ဘာသာလေ့လာချင်ခဲ့တယ်ဖြစ်သည်!!!!

ဟဲဇီကျုံးအနည်းငယ်မျက်နှာပူသလိုခံစားလိုက်ရသည်။ဖန်ဟောင်၏မျက်နှာသည်ပါးချိုင့်လေးတွေပေါ်သည့်အထိပြုံးရယ်နေပြီးသူ့အတွက်နှလုံးသားထဲကနေလာတဲ့ပျော်ရွှင်ဝမ်းမြောက်ဂုဏ်ယူမှုအပြည့်ဖြစ်နေသည်။

မူလကနေရာလွတ်နေသောတောင်စောင်းပေါ်တွင်အပင်များကိုအမျိုးစားခွဲ၍သုံးမျိုးမှငါးမျိုးအထိ    အုပ်စုလိုက်စိုက်ပျိုးထားခဲ့သည်။တောင်၏ အောက်ပိုင်းတွင်အမျိုးမျိုးသောသစ်သီးပင်များ၊ အလယ်ပိုင်းတွင်လက်ဖတ်ခြောက်ပင်များနှင့်အထက်ပိုင်းတွင်သစ်သားအမျိုးစားမျိုးမျိုးကိုထုတ်ပေး နိုင်သောသစ်ပင်များရှိသည်။

ဝါးအိမ်အနောက်ဘတ်တွင်တောင်ခြေအောက်ကဝါးတောကြီးရှိသည်။မဝေးလှသောတစ်ဖတ်ကမ်းရှိရေအိုင်တွင်စိမ်းစိုသောမြတ်ပင်များ၊အရောင်သွေးစုံ ရှိသော တောရိုင်းပန်းများနှင့်ကြတ်၊ဝက်၊နွား၊သိုး၊မြည်း၊ဘဲ၊ယုန်နှင့်တခြားသောမွေးမြူရေးတိရိစ္ဆာန်များရှိသည်။

ချောက်ကမ်းပါးတစ်ခုရေများသည်ကန့်လာကာတစ်ခုလိုနက်ရှိုင်းသောရေကန်ထဲသို့စီးဆင်းနေသည်။ရေမှော်များ၊ကြာပန်းများကြာရွတ်များနှင့် အခြားရေနေအပင်များ ကြားတွင်အရောင်မျိုးစုံရှိသောငါးများနှင့်ပုစွန်များသည်လွတ်လပ်စွာသွားလာနေကြသည်။ရေကန်မှချဲ့ထွင်ထားသောချောင်းငယ်လေးသည်ဖောက်ထွင်း မြင်နေရကာကာလာစုံကျောက်စရစ်ခဲလေးများဖြင့်ခင်းကျင်းထဲပြီးသေးငယ်သောပုစွန်များ၊ရေချိုငါးကလေးများနှင့်ငါးသေးသေးလေးများရှိနေသည်။

အဝေးတစ်နေရာမှာတော့လှပသော ကြွေပန်းကန်းပြားပေါ်တွင်ထိပ်တန်း အပြာရောင်ကျောက်မြတ်ရတနာများခင်းကျင်းထား သကဲ့သို့အဖြူရောင်သဲသောင်ပြင်ပေါ်တွင်          အပြာရောင်"ရေအိုင်"များရှိနေသည်။ 

"ဒါက….."ကြည့်ရတာရင်းနှီးနေပြီး"ကမ်းခြေ…"ဖန်ဟောင်ကပြူးကျယ်နေသောမျက်လုံးလေးများဖြင့်ဟဲဇီကျုံးကိုကြည့်လိုက်သည်။

ဟဲဇီကျုံးကလေးနက်စွာခေါင်းညိတ်လိုက်ပြီး"ဟုတ်တယ်ဒါကငါတို့ခရီးထွက်ခဲ့တဲ့ကမ်းခြေဆီကနေဘဲ ပင်လယ်ရေတွေကိုလည်းစုဆောင်းထားတာ"စုပ်ယူထားတဲ့ပင်လယ်ရေထဲမှာပင်လယ်နေသတ္တဝါတွေအသတ်ရှင်မယ်လို့တော့သူမမျှော်လင့်ထားပေ။

ဧရိယာကသေးငယ်ပေမယ့်ပင်လယ်နေသတ္တဝါ အသတ်ရှင်နိုင်တယ်။

ရေအိုင်ကသိပ်မနက်ဘူး၊ကုန်းပေါ်မှတစ်စုံတစ်ယောက်ကရပ်ပြီးကြည့်ရင်တောင်အောက်ခြေကိုမြင်နိုင်သည်။ပင်လယ်ငါးမျိုးစုံနှင့်ပင်လယ်နေသတ္တဝါအားလုံးသည်အတွင်း၌လွတ်လပ်စွာလှည့်ပတ်သွားလာ နေကြသည်။

အောက်ခြေတွင်သန္တာကျောက်များ၊ကျောက်တုံးများနှင့်အဖြူရောင်သဲများရှိနေသည်။ယခုသူရပ်နေသည့်နေရာ၌ဖန်ဟောင်သည်ကြယ်ငါးကြီးကိုမြင်နေရသည်။အဲ့ဒီကြယ်ငါးကိုအရမ်းရင်းနှီးနေပြီးဒါကလွန်ခဲ့တဲ့ရက်ကသူ့တို့ရေငုပ်နေတုန်းကရှာတွေ့ခဲ့တယ့်တစ်ကောင်မလား!!

"ဒါ၊ဒါတွေအကုန်လုံးကလွန်ခဲ့တဲ့ရက်အနည်းငယ်ကစီနီယာစုဆောင်းခဲ့တာလား"ရေထဲတွင်ကြီးမား သောကျောက်တန်းအနည်းငယ်ပင်ပေါ်ထွက်နေပြီးအချို့သောအခွံမာကောင်များပင်လှဲလျောင်းနေသည်။ဖန်ဟောင်ကသူတို့နာမည်တွေကိုကောင်းကောင်းမသိပေမယ့်ဒီအကောင်တွေအကုန်လုံးကအရသာရှိတယ်ဆိုတာတော့သိသည်။

"ဟုတ်တယ်၊မင်းကြိုက်လား"ဖန်ဟောင်၏အံ့အားသင့်မှုကဟဲဇီကျုံးကိုကျေနပ်စေသည်။ဒီနေရာလွတ်သည်သူတို့၏အနာဂတ်ဘဝများအတွက်အသိုက်မြုံလေးဖြစ်သည်။ကမ္ဘာကြီးပြောင်းပြန်လှန်သွားရင်     တောင်သူတို့စိတ်အေးလက်အေးနေနိုင်သည်။

ဖန်ဟောင်ကပြင်းထန်စွာခေါင်းငြိမ့်လိုက်သည်။အရမ်းကြီးမပြည့်စုံသော်လည်းဒီနေရာရှိပတ်ဝန်းကျင်၊ လေထုနဲ့အရာအားလုံးကမျှော်လင့်ထားတာထက်       တောင်ပိုနေသေးသည်။

"စီနီယာ၊အကယ်လို့စီနီယာကျွန်တော်ကိုယုံကြည်ရင်၊ကျွန်တော်ဒီနေရာကိုထိန်းသိမ်းဂရုစိုက်ဖို့ ကူညီပေးနိုင်တယ်၊ကျွန်တော်စီနီယာကိုသတင်း အချက်လတ်တွေစစ်ဆေးပေးဖို့ကူညီတာကနေရခဲ့တဲ့ဗဟုသုတအချို့ရှိတယ်"

"ဘာလို့မယုံရမှာလဲ"အရင်ဘဝကစိုးရိမ်ပူပန်မှုအားလုံးသည်ပြန်လည်မွေးဖွားလာခြင်းရဲ့နောက်ဆက်တွဲဆိုတာကိုနားလည်ခဲ့သည် "ငါမင်းကိုနေရာလွတ်ထဲကိုခေါ်လာကတည်းက မင်းကိုယုံကြည်လို့ဘဲလေ၊အခုကစပြီးဒါကငါတို့အိမ်ဘဲ"

ဖန်ဟောင်ကခဏလောက်အာစေးမိသွားပြီးသူ့ ခေါင်းကိုငုံလိုက်ကာဟဲဇီကျုံးရဲ့ပုခုံးပေါ်မှီလိုက်သည်။စီနီယာကငါကိုအရမ်းယုံတယ်……ငါအကောင်းဆုံးလုပ်ရမယ်!!ငါသူရဲ့လျိုဝှတ်ချက်ကိုလည်းကာကွယ်ရမယ်!!

ဝါးအိမ်လေးအတွင်းတွင်ဖန်ဟောင်အရင်အိမ်မှ ပရိဘောဂအချို့၊ဆိုဖာ၊စားပွဲပု လေး၊ နှင့်ကော်ဖီစားပွဲများရှိသည်။

ရေခဲသေတ္တာ၊မီးဖိုချောင်သုံးပစ္စည်းစသည်တို့ကိုလည်းဝါးအိမ်ရဲ့မီးဖိုချောင်အတွင်းသို့ပြောင်းရွှေ့ထားသည်။

"အိမ်ထဲကပစ္စည်းတွေအကုန်လုံးသယ်လာတာ တော့မဟုတ်ဘူးမလား?"ဖန်ဟောင်ကရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်တော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကသူတို့မထွက်သွားခင်ကအတိုင်းအရာအားလုံးကရှိ  နေသည်။သူဘာပြောရမှန်းမသိတော့ဘဲရယ်နေခဲ့သည်။

ဟဲဇီကျုံးကချောင်းဟမ့်လိုက်ပြီး "အထဲမှာအကုန်လုံးရှိတယ်၊အစကNမြို့ကိုအရင် သွားချင်တာပြီးတော့မှပစ္စည်းတွေစုဆောင်းဖို့ အနောက်‌မြောက်မြတ်ခင်းပြင်ကိုသွားချင်လာလို့ငါ ပစ္စည်းအားလုံးကိုနေရာလွတ်ထဲထည့်လိုက်တာ….လာငါနောက်လိုက်ခဲ့"

လေးဧကလောက်ရှိတဲ့နေရာလွတ်ရဲ့ဂိုဒေါင်ထဲမှာ ကတ်သုံးကတ်ဖြင့်ဟဲဇီကျုံးဝယ်ထားသောပစ္စည်း   တွေဖြင့်ရှိနေသည်။နေရာလွတ်ဂိုဒေါင်ကကြီးလွန်း              သောကြောင့်ထိုအရာများသည်သေးငယ်သောထောင့်တစ်နေရာစာလောက်ဘဲနေရာယူသည်။

နေရာလွတ်ရဲ့အောက်ထပ်နှင့်အပေါ်ထပ်သည်ချိတ်ဆက်ပုံမပေါ်ပေ၊မဟုတ်ပါကအပေါ်တွင်ထိုကဲ့သို့နက်ရှိုင်းသောရေကန်ကြီးရှိနေသောကြောင့် ရေတွေအောက်ဖတ်ကိုစိမ့်လာမှာဖြစ်သည်။

"ဒီမှာသိမ်းဆည်းထားတဲ့အရာတွေကမပုပ်သိုးသွားသလိုအရသာလည်းမပြောင်းလဲသွားဘူး၊ဒီနေရာလွတ်ထဲကိုထည့်လိုက်တဲ့အခြေနေတိုင်းဘဲသိုလှောင်ထားနိုင်တယ်၊အပေါ်မှာစိုက်ပျိုးထာတဲ့အပင်တွေကရတဲ့ဟာတွေကလည်းအဲ့တိုင်းဘဲမပုပ်သိုးဘူး၊ ဒါပေမယ့်အပင်တစ်ပင်ကိုစိုက်လိုက်ရင်တော့အလျင်အမြန်ကြီးထွားလာတယ်"ပစ္စည်းများကိုမူလ    အခြေနေတိုင်းသိုလှောင်နိုင်ခြင်းသည်အခြားသော နေရာလွတ်စွမ်းအင်တွေနဲ့အတူတူဘဲဖြစ်သည်။

ဖန်ဟောင်ကမျက်လုံးများတောက်ပလာကာ"အဲ့တာဆိုကျွန်တော်တို့အစားစာတွေချက်ပြုတ်ထားပြီး  ဒီမှာထားလို့ရတာပေါ့၊လိုမှထုတ်လိုက်ရုံဘဲ"

ဟဲဇီကျုံးကခေါင်းညိတ်ပြီးပြုံးပြလိုက်ကာ "မင်းကိုဒုက္ခပေးရတော့မှာဘဲ^-^!!"

"ပြဿာနာမရှိပါဘူးနော်"^-^!!

နေရာလွတ်ထဲကနေရရှိသောအစားစာများကိုဘယ်ဘတ်တွင်ထားကာ၊အပြင်ဘတ်ကမ္ဘာကနေဝယ်ယူခဲ့သောနေ့စဉ်သုံးပစ္စည်းများ၊အစားအစာများနှင့်စက်ကရိယာများကိုညာဘတ်တွင်ထားမည်။မျိုးစေ့များကိုသပ်သပ်ခွဲလိုက်သည်။

ဟဲဇီကျုံးကပစ္စည်းများတင်ရန်စင်များဆင်ဖို့အချိန်မရှိခဲ့ပေ။အဲတာကြောင့်အခုမှသာပစ္စည်းများကိုတစ်ပုံချင်းစီစီနိုင်တာဖြစ်သည်။ကံကောင်းတာကတော့နေရာလွတ်ထဲကပစ္စည်းတွေကိုစိတ်ထဲကနေနေရာ          ရွှေ့နိုင်ပြီးပစ္စည်းတွေစီရာတွင်လည်းတစ်ခုနှင့်တစ်ခုမတိုက်မိနိုင်ပေ။

ဖန်ဟောင်ကနေရာလွတ်ထဲမှာရှိတဲ့ပန်းသီးကိုကောက်လိုက်ကာသူ့နှာခေါင်းအောက်မှာထားပြီးအနံရှု့ ကြည့်လိုက်သည်။"နေရာလွတ်ထဲကရတဲ့အစားစာသစ်သီးဝလံတွေကအပြင်ကဟာနဲ့မတူဘူး၊အနာဂတ်မှာပစ္စည်းတွေကိုနေရာလွတ်ထဲက တိုက်ရိုက်မထုတ်ဖို့သတိထားရအောင်၊အပြင်သွားတဲ့အခါတစ်ခုခုယူမယ်ဆိုရင်တောင်တစ်ခုခုကြိုတင်စီမံထားရင်ကောင်းမယ်"

ကမ္ဘာမပျက်ခင်တုန်းအချို့သောအစားစာများသည်အရသာကွာခြားနေရင်တောင်ပြဿနာမရှိပေ-၎င်းကိုအထူးသီးသန့်နှင့်အရောင်းရဆုံးအချက်လို့မှတ်ယူနိုင်သည်။သို့သော်အခုကနေရာလွတ်ထဲ၇က နေရတဲ့ဘယ်အသီးအရွတ်ဖြစ်စေအလွန်လတ်ဆတ် ပြီးအရသာရှိပြီးအခြားသများ၏မကောင်းသော    အ ကြံစည်တွေကိုနှိုးဆော်နိုင်သည်။

ဟဲဇီကျုံးကအံ့ဩပြီးအရမ်းသဘောကျသွားသည်။သူတောင်သတိပေးစရာမလိုအောငင်ဖန်ဟောင်ကဒီလိုမျိုးမြန်မြန်တွေးတောသဘောပေါက်လိမ့်မယ်လို့မမျှော်လင့်ထားပေ။

"အာ!စီနီယာကျွန်တော်တို့ဘာမှမစားရသေးဘူးလေ!!ကျွန်တော်ဟင်းချက်လိုက်ဦးမယ်လေ"

နေရာလွတ်ထဲမှာပါဝင်ပစ္စည်းအကုန်ရှိသည်။ ဟဲဇီကျုံးကgasဘူးတွေတောင်အများကြီးဝယ်ထားသည်။အဲ့တာတွေကိုမီးဖိုချောင်ထဲသို့သယ်သွားလိုက်သည်။ဖန်ဟောင်သည်ပါဝင်ပစ္စည်းအချို့ယူကာ  ချက်ပြုတ်ရန်မီးဖိုချောင်သို့ပြေးသွားခဲ့သည်။

"ကျွန်တော်ထမင်းကိုမီးအေးအေးနှင့်နှပ်ထားပြီး၊အဆာသွပ်မုန့်နဲ့စားနိုင်တဲ့ဟင်းသုံးမျိုးလောက်ကိုချက်ထားလိုက်မယ်၊ပြီးတော့ကျွန်တော်တို့စူပါးမာကတ်ကိုသွားတဲ့လမ်းမှာပလတ်စတစ်အိတ် သေးသေးလေးဒါမှမဟုတ်လတ်ဆတ်မှုကိုထိန်းပေးတဲ့အိတ်တွေကိုရှာမယ်လေ၊အဲ့ကြရင်အစားအစာကိုသပ်သပ်စီပြင်ဆင်ထားနိုင်တယ်လေ၊အဲ့ကြရင်စားတဲ့အခါတိုက်ရိုက်ထုတ်လို့ရတယ်၊ ဘယ်လောက်တောင်လွယ်ပြီးအဆင်ပြေလိုက်သလဲ"ဖန်ဟောင်သည်ထမင်းလုံးများနှင့်ပဲပေါင်မုန့်လိပ် များကိုအပြင်တွင်သူတို့၏အဓိကအစားအစာဖြစ်ပြုလပ်ရန်စီစဉ်ထားသည်။

ဤအရာနှစ်ခုသည်ပုံပန်းသွင်ပြင်အရအရမ်း မထင်ရှားဘဲပေါ်လာ ပြီးပျောက်သွားလည်းဘဲအရမ်းအဆင်ပြေသည်။

"okayမင်းမုန့်လုပ်နည်းကိုသိလား?မင်းအဲ့ထဲကို              ပဲမဟုတ်ဘဲတခြားဟာတွေလည်းထည့်လိုရတယ် နော်"ကမ္ဘာပျက်ကပ်အစောပိုင်းတွင်ပစ္စည်းရှာဖွေစုဆောင်းသူများသည်ချက်ချင်းစားနိုင်ပြီးသတ်တမ်းတိုသည့်ပေါင်မုန့်တွေကိုရှာကြသည်။

တော်တော်ကြာပြီးနောက်ပိုင်းမှသာအသင့်စားလ ခေါက်ဆွဲခြောက်ထုပ်များနှင့်ဂျုံအစေ့အဆန်နဲ့ ပြုလုပ်ထားတဲ့ကွတ်ကီးများကိုအာရုံစိုက်လာကြသည်။

"ဟုတ်ကဲ့!!"ဖန်ဟောင်ကခေါင်းကိုမြန်မြန်ညိတ်လိုက်ပြီး"ကျွန်တော်ဘီစကစ်၊ပန်ကိတ်၊ပိုင်မုန့်၊ ကိတ်မုန့်လုပ်နည်းတွေကိုသင်ထားလို့အကုန်လုပ်တက်တယ်၊ဒီရက်တွေထဲမှာဖြည်းဖြည်းချင်း လုပ်ထားလိုက်မယ်!!"^-^

"အေးအေးဆေးဆေးသာလုပ်တစ်နေ့နည်းနည်းဘဲလုပ်လည်းရတယ်၊နှစ်ယောက်စာစားလောက်ရုံလည်းရတယ်၊အခုကစပြီးနေ့ခင်းတိုင်းအပြင်ထွက်ပြီးပစ္စည်းရှာတာနဲ့သတင်းအချက်လတ်စုံစမ်းတာလုပ် ကြရအောင်?ညနေခင်းဘတ်မှတော့နေရာလွတ်ထဲ    ပြန်သွားပြီးရိက္ခာစုဆောင်းမယ်၊မနက်ခင်းပိုင်းမှာ   တော့အစားစာတွေချက်ပြုတ်ဖို့မင်းကိုဘဲဒုက္ခပေးရမှာဘဲ"သူပြောလိုက်ပေမယ့်ဟဲဇီကျုံးကမီးဖိုချောင်ထဲမှာကူညီဖို့စီစဉ်နေဆဲဖြစ်သည်။

သူဘယ်လိုချက်ပြုတ်ရမလဲမသိပေ။ထမင်းချက်တဲ့အကြိမ်တိုင်းတစ်ကြိမ်မဟုတ်တစ်ကြိမ်ကတူးနေပြီးတခြားအကြိမ်တွေကလည်းဆန့်စေ့တွေကအစိမ်း ကြီးတိုင်းဖြစ်နေတက်သည်။

သို့သောရှီးတက်မှိုခြောက်များကိုပြင်ဆင်ခြင်း၊  ဂုံးကောင်များကိုရေစိမ်ခြင်း၊နှင့်အသီးရွှတ်များကို  ဆေးကြောခြင်းတို့ကိုတော့သေချာလေးလုပ်တက်သည်။

"အဲဒါကဘယ်လိုလုပ်ဒုက္ခပေးတာဖြစ်မလဲ၊              ကျွန်တော်ဟင်းချက်ရတာကြိုက်တယ်လေ"              ဖန်ဟောင်ကပျော်ရွှင်စွာပြုံးလိုက်သည်။သူကဟဲဇီကျုံးအတွက်အစားသောက်ချက်ပြုတ်ပေးရတာကိုအရမ်းပျော်သည်။အထူးသဖြင့်အခုအပြင်မှာအခြေ နေတွေကအရမ်းပရမ်းပတာတွေဖြစ်နေပြီးဒီလိုတွေလုပ်နေရတာကိုကသူကိုစိတ်သတ်တောင့်သက်သာ ဖြစ်နေသည်။တစ်နည်းအားဖြင့်ပြောရရင်အပြင်မှာဒီလိုအခြေနေမျိုးနဲ့ရင်ဆိုင်ရတဲ့ဘယ်သူမဆို စိတ်ဓာက်ကျကြောက်ရွံ့သလိုခံစားရမည်ဖြစ်သည်။

"စီနီယာကျွန်တော်ကိုရေတွင်းထဲကရေလေးသွားခပ်ပေးပါဦး"

"ရေတွင်းရေ?"ဟဲဇီကျုံးကကြတ်သေသေသွားသည်။ဝါးအိမ်ရဲ့အနောက်ဘတ်မှာရေတွင်းတစ်တွင်းရှိပေမယ့်သူတစ်ခါမှအဲ့ဒီထဲကရေတွေကိုအသုံးမပြုဘူး ပေ။

သူ့အရင်ဘဝကသိုက်ကျွင်းသည်သူတို့နေရာလွတ်ထဲမှာနေတုန်းကအထူးဒုက္ခခံခဲ့ရပြီးသူ့ကအမြဲတမ်းတောင်ပေါ်ကနေကျနေတဲ့ရေတံခွန်ထဲကရေကိုသာအသုံးပြုခဲ့သည်။အဲ့ဒီရေတွေကအရမ်းသန့်ရှင်းပြီးအဲဒီချိန်တုန်းကရေကန်ထဲမှာဘာမှမမွေးမြူထားပေ။

"အာ?!ရေတွင်းထဲကနေကအရမ်းသန့်ရှင်းတယ်လေကျွန်တော်တို့ဒီတိုင်းတောင်သောက်လို့ရလောက်တယ်"

ဖန်ဟောင်ပြောတာမှန်သည်။အခုကငါး၊ပုစွန်နှင့် ဂဏန်းတွေကိုရေကန်ထဲမှာမွေးထားသည်။ဘဲနဲ့ငန်းဖြူတွေကရေကန်ထဲမှာ ရံဖန်ရံခါသွားလာကူးခတ်နေကြသည်။ဟဲဇီကျုံးကအဲ့ဒီရေကိုတော့မသောက်ချင်ပေ။

ရေပုံးတစ်ပုံးကိုယူကာအနောက်ဘတ်သို့သွားခဲ့သည်။ရေတွင်း၏ထိပ်တွင်အလွန်မြင့်မားသောစိမ်းပြာရောင်ကျောက်တုံးကြီးများစွာဖြင့်မြင့်မားစွာစုပုံထားပြီးစိမ်းပြာရောအလင်းရောင်လေးများဖြာထွက်နေသည်။အပေါ်ဘတ်တွင်သစ်သားစင်လေးရှိပြီးကြိုးအထူးကြီးဖြင့်ပတ်ထားသည်။

ရေတွင်းပေါ်ရှိရေပုံးကရေထဲသို့ပြုတ်ကျသွားသည်။ဟဲဇီကျုံးကသူလက်ကိုခါယမ်းလိုက်ပြီးရေကိုဆွဲတင်လိုက်သည်။သူလက်သည်ရေပုံးနားသို့ရောက်သွားသည်နှင့်တစ်ပြိုင်နက်ရေကအေးမြပြီးကြည်လင်နေတာကိုခံစားလိုက်ရသည်။

သံသယဖြင့်ရေပုံးကိုစစ်ဆေးရန်ငုံကြည့်လိုက်တော့ ကြည်လင်ပြတ်သားသောခံစားချက်ကို ပိုမိုအားကောင်းလာသည်။

သူကတစ်ငုံလောက်သောက်ကြည့်လိုက်သည်။ရေကချိုပြီးလတ်ဆတ်အေးမြနေသည်။ အပူချိန်နိမ့်အဖျားကြောင့်ဖြစ်ပေါ်လာတဲ့ မောပန်းနွမ်းနယ်မှုတွေပျောက်ကွယ်သွားသည်။   ပြီးတော့သူခန္ဓာကိုယ်တစ်ခုလုံးခွန်းအားတွေပြည့်ဝနေသလိုခံစားနေရသည်!!

ဒီရေကလူရဲ့ခန္ဓာကိုယ်ထူးခြားတဲ့အကျိုး သတ်ရောက်မှုတွေဖြစ်စေတာလား!?

ဟဲဇီကျုံးအံ့ဩသွားကာရေပုံးထဲသို့အမြန်လောင်းချလိုက်ပြီးသူယူလာခဲ့သည့်ပုံးမပြည့်မချင်းထပ်မံခပ်လိုက်သည်။

ဟဲဇီကျုံးတံခါးထဲသို့မဝင်ခင်ဖန်ဟောင်ကိုအော်ခေါ်လိုက်သည်။ဖန်ဟောင်ကဘာဖြစ်တာမှန်းမသိပေမဲ့သူလက်ထဲမှာရှိတဲ့အလုပ်တွေကိုအမြန်ပစ်ချပြီး ရေပုံးကိုကူသယ်ပေးကာရေကိုခွက်နဲ့ခပ်လိုက်သည်။

"ချိုတယ်!!ရေတွင်းထဲကရေကချိုတယ်"ဖန်ဟောင်ကသူ့အဖိုးရဲ့အိမ်မှာနေတုန်းကရေချိုရေတွင်းတွေကဘယ်လောက်ရှာပါးသလဲသိခဲ့ရသည်။

"ဘယ်လိုခံစားရလဲ" ဟဲဇီကျုံးကခုနကဖြစ်ပျက်ခံစားရတယ့်ဟာကို အထင်မှားမမှားသေချာအောင်သူကိုကြည့်လိုက်သည်။

"အမ်း!?"ဖန်ဟောင်ကသူမေးတာနဲ့ပတ်သတ်ပြီး စဉ်းစားကြည့်ရန်နောက်တစ်ခွက်ထပ်သောက်လိုက် ပြီးသူမျက်လုံးတွေတောက်ပလာကာ"အာ!!အဲ့… အဲ့တာကသေချာမပြောတက်ပေမယ့်…..သောက်ပြီးသွားရင်ခန္ဓာကိုယ်ထဲကတစ်ခုခုစုပ်ယူသွားသလို ခံစားရပြီးသက်တောင့်သက်သာလေးဖြစ်သွားတယ်"

ဟဲဇီကျုံးကအသတ်ကိုပြင်းပြင်းရှုလိုက်ကာ      "ငါနေ့တိုင်းဖျားပြီးရင်မနက်ခင်းတိုင်းအချိန် ခဏလောက်ခန္ဓာကိုယ်ကခွန်အားမရှိဘဲသက်တောင့်သက်သာမဖြစ်ဘူး၊ဒါပေမယ့် ဒီရေကိုသောက်ပြီးတာနဲ့တစ်ခါတည်းခွန်အားတွေပြန်ပြည့်လာတယ်လို့ခံစားရတယ်"

"ကောင်းတာပေါ့စီနီယာများများသောက်သင့်တယ်!!!အဲ့တာဆိုစီနီယာဖျားတာမကြာခင်ပျောက်သွားမယ်ထင်တယ်!!"ဟဲဇီကျုံးကတိတ်တဆိက် ခေါင်းညိတ်လိုက်သည်။အရင်ဘဝတုန်းကသူဘယ်လောက်တောင်တုံးအမိုက်မဲလိုက်သလဲ?သူ မကောင်းတဲ့သူတွေကိုသတိထားမိဖို့မပြောနဲ့ သူ့နေရာလွတ်ထဲမှာသူ့အခြနေကိုတိုးတက်စေမယ့်အရာတွေရှိနေတာကိုတောင်သူမသိခဲ့ဘူး!! နောက်ဆုံးမှာသူသေလမ်းဆီကိုတွန်းပို့ခံရသည်မှာအံ့ဩစရာမဟုတ်ဘူး!!

တုံးအပြီးမိုက်မဲလိုက်လေခြင်း!



There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment