no

Font
Theme

ထိုညတွင်အန္တရာယ်ရှိနိုင်သည့်မည်သည့်အရာနဲ့မှ မတွေ့ကြုံခဲ့ဘဲအကုန်းလုံးကံကောင်းခဲ့သည်။ နေ့ခင်းအချိန်တွင်အန္တရာယ်ရှိတဲ့အခြေနေနှစ်ခု လောက်ကြုံတွေခဲ့ရပြီးကံဆိုးခဲ့သောကြောင့် ဘုရားသခင်ကညဘက်မှာသူတို့ကိုဘေးအန္တရာယ် ကင်းစွာဖြင့်အိပ်စက်ခွင့်ပြုခဲ့တာဖြစ်နိုင်သည်။

ပြီးခဲ့တဲ့နေ့ကပေါက်ကွဲမှုသည်Mမြို့မှာရှိသည့်ဇွန်ဘီအတော်များများကိုမြို့ထဲသို့ဆွဲဆောင်ခဲ့သောကြောင့်မြို့စွန်တွင်ဇွန်ဘီလုံးဝမရှိတော့ပေ။ကောပင်းက ဟဲဇီကျုံးနဲ့ချန်နင်ကိုခေါ်ပြီးအချိန်ကြာကြီးဆွေးနွေးခဲ့သည်။သူတို့အုပ်စုသည်Mမြို့၏မြို့စွန်မြို့ဖျား ပတ်ပတ်လည်ကိုလှည့်လည်သွားလာခဲ့ပြီး ဆီ၊ဆား၊ ဆော့နှင့်ရှာလာကာရည်များကိုစုဆောင်းနေသည်။ ဟဲဇီကျုံးသည်လျိုဝှတ်လက်နက်အဖြစ်ပြောင်းလဲ အသုံးပြုနိုင်သောသံနှင့်ဝါယာကြိုးများကဲ့သို့ သောပစ္စည်းများကိုစုဆောင်းရန်Hardware store ဆိုင်သို့ဖန်ဟောင်ကိုခေါ်သွားလိုက်သည်။

အခုချိန်နေရာလွတ်ကိုအသုံးမပြုနိုင်တာနှမြောစရာကောင်းသည်မဟုတ်ရင်သူတို့ပစ္စည်းအများကြီးသယ်လို့ရနိုင်သည်။

ကားတိုင်းနီးပါသည်လူတွေထိုင်နေသည့်ထိုင်ခုံနေ ရာနှင့်ရှေ့ခန်းမှာလွဲ၍ပစ္စည်းများကိုအပြည့်တင် ထားသည်။Mမြို့ကိုဝင်ရောက်ခဲ့သည့်နေတွင် အန္တရာယ်နှစ်ခုဖြတ်ကျော်ခဲ့ရပေမဲ့ထောက်ပံ့ရေးပစ္စည်းများအလျှံအပယ်ရခဲ့သောကြောင့်လူတိုင်း၏ နှလုံးသားထဲတွင်ပျော်ရွှင်မှုများဖြင့်ပြည့်နှတ်နေသည်။

"ဒီနေ့တစ်ညလောက်နားလိုက်ရအောင်၊မနက်ဖြန် မနက်ကြမှပဲ အခြေစိုက်စခန်းကိုသွားကြတာပေါ့"အချိန်ကြာမြှင့်စွာဆွေးနွေးပြီးနောက်ယခင်လမ်းကြောင်းအတိုင်းသာAမြို့ကိုပြန်ရန်ဆုံးဖြတ်ခဲ့သည်။လမ်းပေါ်မှာ ဇွန်ဘီတွေရှိနေရင်တောင်လမ်းပိတ်ဆို့နေသည့် အတားဆီးများကိုရှင်းလင်းခဲ့ပြီးသားဖြစ်သည်။သူတို့ရဲ့ကားအရှိုန်ကိုမြှင့်ပြီးအမြန်ပြန်မောင်းနေသမျှ ဇွန်ဘီတွေကိုကားနဲ့တိုက်ပြီးသွားလို့ရသည်။

နောက်တစ်နေ့မနက်အစောတွင်ယာဉ်တန်းသည်ဆီဖြည့်လိုက်ပြီးကားအစီးတိုင်းရဲ့အခြေနေကိုစစ်ဆေးခဲ့ကာAမြို့လမ်းမပေါ်သို့အရှိုန်မြင့်ပြီးမောင်းသွားကြသည်။

Hစီရင်စုကအရမ်းကျယ်သည်။အကယ်လို့သူတို့အုပ်စုMမြို့ကိုပြန်မောင်းချင်ရင်အခုလက်ရှိလမ်းအခြေအနေအရနှစ်ရက်အတွင်းMမြို့ကိုပြန်ရောက်နိုင်ပြီး အရမ်းမြန်သည်။

ယာဉ်တန်းသည်မြောက်ဘက်ဆီသို့တစ်ချက်မှမနားဘဲမောင်းနှင်သွားသောကြောင့်ရုပ်ဆိုးကျည်းတန် သောမျက်နှာနှင့်လက်သည်းများရှိသည့်ဇွန်ဘီများကိုဆွဲဆောင်မိသွားသည်။ထို့အပြင်အသံကြားသောကြောင့်ပြေးလာသည့်အမြန်လမ်းတစ်ဖက်ကဇွန်ဘီများလည်းရှိသည်။ကြောက်မတ်ဖွယ်ကောင်းသော မြင်ကွင်းသည်အနည်းငယ်တော့ရယ်စရာကောင်းသည်။ကားမောင်းသူများသည်ထို့မြင်ကွင်းကိုကြည့် ရင်းဖြင့်သူတို့စိတ်များလန်းဆန်းတက်ကြွလာသည်။{လူဆိုးအဖွဲ့ဇွန်ဘီတွေကိုကားနဲ့တိုက်ပြီးပျော်ရွှင်နေတာ}

"ကျွန်တော်တို့ဘယ်ရောက်ပြီလဲ"ဖန်ဟောင်သည်သူ့ထုတ်ထားသောပြောင်းဖူးပန်ကိတ်များကိုရှာရန် အနောက်သို့ပြောင်းထိုင်လိုက်သည်-ထိုပန်ကိတ်များသည် အရင်ကနေရာလွတ်ထဲမှာဖုတ်ထားသောပန်ကိတ် များဖြစ်သည်။ကားအနောက်ခန်းကထိုင်ခုံမှာထိုင် ပြီးသူသေချာလေးပြုလုပ်ထားသည့်ခေါက်ဆွဲအချို ဆော့နှင့်ငရုတ်ဆီကိုပန်ကိတ်ပေါ်စမ်းကာ ဆလပ်ရွတ်၊မုန်လာဥနီ၊ဝက်ပေါင်ခြောက်၊အစရှိသည့်အခြားအရာများနှင့်အတူပန်ကိတ်ကိုလိပ်လိုက်သည်။

"မြို့တော်L၊ဘေးမှာရှိတဲ့ အဝေးပြေးလမ်းမကြီး ကနေသွားနေတာ၊နောက်ထပ်နေ့တစ်ဝက်လောက်မောင်းပြီးရင်ကိုယ်တို့Hစီရင်စုထဲကနေထွက်ပြီ"

"အိုကေ၊အဲ့ဒါဆို အလှည့်ပြောင်းရအောင်"  ဖန်ဟောင်ကလိပ်ထားသည့်ပန်ကိတ်ကို ကားရှေ့dash ပေါ်မှာတင်လိုက်ပြီးဟဲဇီကျုံးအတွက် ကားမောင်းပေးရန်အသင့်ပြင်ထားလိုက်သည်။

သူတို့နှစ်ယောက်ထိုင်ခုံပြောင်းပြီးနောက်စကား ပြောစက်နေရုတ်တရက်အသံတစ်ခုကြားလိုက်ရသည်"အဲ့ဒါဘာကြီးလဲ?"

သူ့ခေါင်းကိုလှည့်လိုက်ပြီးကားအပြင်ဘက်ကိုကြည့်လိုက်တော့သိပ်မဝေးသည့်နေရာတွင်ကောင်းကင် မှာပျံသန်းလွှင့်ထွက်နေသည့်တစ်စုံတစ်ခုကိုမြင်လိုက်ရသည်။

မျဉ်းကွေးပုံစံကောင်းကင်မှာပျံသန်းနေပြီးစက္ကန့်အနည်းငယ်ကြာသောအခါ၎င်းကမြေပြင်ပေါ်သို့ကျလာသည်။ကောင်းကင်ပေါ်တွင်မီးတောက်များရုတ်တ ရက်ပေါက်ကွဲထွက်လာသည်!!!

"ဘုန်း၊အုန်း…."ပေါက်ကွဲမှုမရပ်သွားခင် ကောင်းကင်ဆီသို့တစ်စုံတစ်ခုပျံသန်းလွှင့်ထွက်လာခဲ့သည်။

"အဲ့ဒါစစ်တပ်ပဲ၊သူတို့မြို့ကိုဗုံးကျဲနေကျတာပဲ! ဒီနေရာကနေမြန်မြန်ထွက်သွားရအောင်မဟုတ်ရင် ငါတို့ကိုပါထိခိုက်လိမ့်မယ်"ဟဲဇီကျုံးကရုတ်တရက်သတိရသွားခဲ့သည်။သူတို့ထိုင်ခုံပြန်မပြောင်းခင် စကားပြောစက်ကိုကိုင်ပြီးတော့အော်ပြောခဲ့သည်။

"ဗုံးကျဲတာ?!သူတို့ဘာကိုဗုံးကျဲနေတာလဲ?!"

"ငါလည်းမသိဘူး၊မြို့ထဲကဇွန်ဘီတွေကိုဖောက်ခွဲဖို့ ဖြစ်နိုင်တယ်….."ဟဲဇီကျုံးရဲ့အသံကနည်းနည်း အက်ကွဲသွားသည်။သူ့အရင်ဘဝတုန်းကဒီလိုမျိုးဖြစ် ပျက်ခဲ့လားဆိုတာကိုသူမမှတ်မိပေ?ဘာပဲဖြစ်ဖြစ် Lမြို့ကFမြို့မှာရှိသည့်အခြေစိုက်စခန်းနှင့်တော် တော်ဝေးသေးသည်။စစ်တပ်ကဗုံးခွဲခဲ့ရင်တောင် သူတို့ကြားမှာမဟုတ်ပေ။

သို့သော်လည်းတစ်စုံတစ်ယောက်ကအခြေစိုက် စခန်းကိုပြဿနာတစ်ခုတင်ပြခဲ့သည်-မြို့တွင်းဧရိယာသည်အရမ်းအန္တရာယ်ပြီးဇွန်ဘီတွေကလည်းအန္တရာယ်များသောကြောင့်မြို့တွင်းပိုင်းနဲ့ ဇွန်ဘီတွေကိုလက်နက်ကြီးတွေသုံးပြီးဘာကြောင့်မဖောက်ခွဲရတာလဲ?

အခြေစိုက်စခန်းကအထက်ပိုင်းအရာရှိကြီးများသည် ၎င်းကိုပြန်မတုံ့ပြန်ခဲ့ပေ။အခြေစိုက်စခန်းတွင် ကောလဟာလအတင်းအဖျင်းများပြောနေခဲ့သည်။အခြေစိုက်စခန်းကအထက်အရာရှိများသည်ရှေးရိုးဆန်လွန်းပြီးဇွန်ဘီတွေကိုပြင်းပြင်းထန်ထန်ရှင်း လင်းရန်တွန့်ဆုတ်လွန်းသည်ဟုပြောနေကြသည်။

ဒါပေမဲ့အခုက…စစ်တပ်ရဲ့ဗုံးခွဲမှုမဟုတ်ရင်ဘယ်လိုလုပ်မလဲ?!စစ်တပ်ကပြင်းထန်တဲ့နည်းလမ်းကိုသုံး ပြီးမဖြေရှင်းဘူးလို့ဘယ်သူပြောနိုင်မလဲ?

"ပြန်လှည့်!!ငါ့ကားနောက်ကလိုက်အမြန်လမ်း ကနေထွက်မယ်!!"ကောပင်းရဲ့အသံကထွက်ပေါ် လာသည်။သူတို့ကားရဲ့အရှိုန်ကိုမြင့်လိုက်ပြီးလမ်း ဘေးရှိခြံစည်းရိုးဆီသို့မောင်းသွားခဲ့ပြီးအခြားကား များကလည်းနောက်ကလိုက်လာသည်။အခုသူတို့သည်မြို့အပြင်ဘက်လမ်းတွင်ရှိနေပြီးလမ်းနှစ်ဖက်လုံးမှာလူနေရပ်ကွတ်တွေရှိတယ်!!အကယ်လို့ စစ်တပ်ကတစ်မြို့လုံးကိုဗုံးကျဲချင်ရင်သူတို့လွတ်မှာ မဟုတ်ပေ!!

ယာဉ်တန်းသည်အရှေ့ကကားအတိုင်းမောင်းနေပြီး အရှေ့ကကားကိုအာရုံစိုက်ထားသည်။ ခဲယမ်းမီးကျောက်များသူတို့ရှိရာနေရာဆီသို့ သိပ်မကြာခင်မှာပဲလွှင့်စင်လာခဲ့သည်!!ခြောက်ထပ် အဆောက်အအုံတစ်ခုပြိုကျလာခဲ့ပြီးသူတို့ကား အမိုးပေါ်ကိုလွှင့်ထွက်လာသောအပျက်အစီးများ လာမှန်သည်။

မလှမ်းမကမ်းတွင်ဒီဖောက်ခွဲရေးမစ်ရှင်၏ခေါင်း ဆောင်သည်ခဏရပ်လိုက်ပြီးအခြေနေကိုစူးစမ်းရန် မှန်ပြောင်းကိုင်ပြီးကြည့်နေသည်။

ကမ္ဘာပျက်ပြီးနောက်လေယာဉ်ပေါ်ကကရိယာများကိုပါသက်ရောက်မှုရှိပြီးအသုံးမပြုနိုင်တော့ပေ။ဟယ်လီကော်ပတာများ ၊ပိုင်းလော့များထိခိုက်ပျက်စီး ပြီးမှသွေးနဲ့ရင်းသောသင်ခန်းစာတစ်ခုရခဲ့သည်။သူတို့ရှစ်မီတာအထက်အမြှင့်သို့ရောက်သွားရင်  မရှင်းပြနိုင်သောလှိုင်းများကဟယ်လီကော်ပတာ၏ ပျံသန်းမှုကိုထောက်ပံ့သည့်ကရိယာများအားလုံးကိုရပ်တန့်သွားစေကြောင်းသူတို့အတည်ပြုနိုင်ခဲ့သည်။  လေယာဉ်ကလုံးဝပျက်စီးသွားမှာဖြစ်ပြီးကောင်းကင်သို့လုံးဝမပျံနိုင်ပေ!!!

ထို့အကြောင်းရာသည်အခြေစိုက်စခန်းရှိအရာရှိများကိုလုံးဝစိတ်ဓာက်ကျသွားစေသည်။အခြေစိုက် စခန်းမှာတစ်ခုခုဖြစ်တာနဲ့အခြေစိုက်စခန်းကိုစွန့်ပစ်ပြီး လေယာဉ်များကိုအသုံးပြုကာအခြားနေရာသို့   ကူးပြောင်းရန်စီစဉ်ထားခဲ့သည်။

ဒါပေမဲ့ အခုတော့ ဘာလေယာဉ်မှ မပျံနိုင်တော့ပေ!! လူတွေဘယ်လိုထွက်ပြေးနိုင်တော့မှလဲ?

 သူတို့စိတ်တည်ငြိမ်သွားပြီးနောက်-မြို့ပြဧရိယာများကိုဗုံးခွဲပြီးဇွန်ဘီ များကိုဖြတ်ဆီးပစ်ရန်ဆိုသည့်အရင်က အဆိုပြုချက်ကိုစမ်းကြည့်ရန်ဆုံးဖြတ်ခဲ့သည်။အရင်ကတည်းကလက်နက်ခဲယမ်းများဖြင့်ဇွန်ဘီများကို ရှင်းလင်းနိုင်ကြောင်းသိသောကြောင့်ဒီတစ်ခေါက်တွင်စစ်တပ်ကမြို့ထဲကိုဗုံးခွဲရန်အတွက်လက်နက်ခဲယမ်း၊ဗုံးများတင်ထားသည့်မြေပြင်တပ်ကို လွှတ်လိုက်သည်။

ပေါက်ကွဲသံများတစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။ ဒီတာဝန်ကိုထမ်းဆောင်နေသည့်စစ်သားများသည် ကြားနေရသည့်အသံများကိုနားထောင်ရင်းအကုန်လုံးရဲ့ရင်ထဲတွင်ဝမ်းနည်းပူဆွေးမှုများဖြင့်ပြည့်နှတ်နေသည်။ဒီလိုမျိုးအဆောက်အအုံတစ်ခုဖြစ်လာဖို့ လူပေါင်းများစွာအားထုတ်ကြိုးပမ်းခဲ့ရသည်။ဒါပေမဲ့ ဖျက်ဆီးဖို့လွယ်ကူလွန်းသည်။ဒုံးကျည်အနည်းငယ် ဖြင့်လုံးဝပျက်စီးသွားခဲ့သည်………

ခေါင်းဆောင်ကလက်ကိုမြှောက်လိုက်ပြီး"ဆက်ပစ်!!"

ဒီတစ်ကြိမ်တွင်အနီးကပ်ဗုံးခွဲရခြင်းရဲ့အကြောင်းပြ ချက်မှာ ဒုံးကျဉ်များပင်အမြင့်ကို မပျံသန်းနိုင်သော ကြောင့်ဖြစ်သည်။ဒါအပြင်မြို့ထဲမှာရှိသည့်ဇွန်ဘီ များကိုရှင်းလင်းဖို့ဗုံးခွဲရန်သူတို့စောင့်ဖို့လိုအပ်သည်။

ပေါက်ကွဲသံများဆတ်လက်ဖြစ်ပေါ်နေပြီးမြေပြင်တုန်ခါနေသည်။များပြားသောမီးတောက်များတောက်လောင်နေပြီးပေါက်ကွဲမှုကြောင့်အခြားအရာများပါ မီးကူးနေသည်။ဒုတိယအကြိမ်ဖောက်ခွဲမှုသည် မြို့ရဲ့ မြေပြင်ကိုတုန်ခါသွားစေသည်။

"အစီရင်ခံပါတယ် ခေါင်းဆောင်!!လူတွေရှိတဲ့ပုံပဲ!!"

"ဘယ်သူလဲ?ဘယ်နေရာမှာလဲ!!"ခေါင်းဆောင်က အနည်းငယ်အံ့ဩသွားပြီးတော့မှန်ပြောင်းကိုချကာ မေးမြန်းခဲ့သည်။

"လေးခုမြောက်ဖောက်ခွဲရေးပစ်မှတ်နားမှာ သူတို့Lမြို့ အပြင်ဘက်ကိုမောင်းထွက်နေတယ်"

မှန်ပြောင်းကိုမြှောက်ကြည့်လိုက်တော့ပြိုကျနေ သောအဆောက်အဦးကြားမှမောင်းထွက်လာသောကားများကိုမြင်လိုက်သည်။တစ်ချက်ကြည့်ရုံနဲ့ ကားများသည်ခိုင်ခံသောလမ်းကြမ်းမောင်းကားမှန်းသိသာသည်။မဟုတ်ရင်ပြိုကျနေသောအဆောက်အအုံတွေကြားမှာနှစ်မြုပ်သွားမှာစိုးရိမ်ရသည်။

"တခြားနေရာတွေကိုအရင်ဖောက်ခွဲလိုက်နောက်ထပ်ငါးမိနစ်ကြမှ အဲ့ဒီနေရာကိုဖောက်ခွဲမယ်"ဒီမစ်ရှင် မတိုင်ခင်Lမြို့ကိုစုံးစမ်းစစ်ဆေးခြင်းမပြုခဲ့သော ကြောင့်စစ်တပ်ကဒီနေရာမှာအသက်ရှင်ကျန်ရစ်သူရှိမရှိမသိပေ။ဒါပေမဲ့မစ်ရှင်အတွင်းအသက်ရှင်ကျန်ရစ်သူတွေ့ရှိခဲ့ရင်တောင်သူတို့တာဝန်အပေါ် သက်ရောက်မှုမရှိပေမဲ့ထွက်ပြေးရန်အတွက်အချိန် ပေးဖို့တော့ဆန္ဒရှိသည်။

သူတို့ရဲ့မစ်ရှင်ကလူငယ်နှင့်သက်ကြီးရွယ်အိုများကို ကယ်ဆယ်ဖို့ဖြစ်သော်လည်းစွန့်ပစ်ခံရတဲ့သူတွေလည်းရှင်သန်ဖို့အခွင့်ရေးရှိသည်။

ငါးမိနစ်ကြာပြီးနောက်Samsaraအသင်းနှင့် ဟဲဇီကျုံးတို့ကားသည်စစ်တပ်၏မစ်ရှင်ဧရိယာအတွင်းမှမောင်းထွက်နိုင်ခဲ့သည်။၎င်းတို့နောက်တွင်ခဲယမ်းမီးကျောက်များပေါက်ကွဲသံများမရှိသည်ကို သိလိုက်ရသောအခါမှသူတို့အဖွဲ့သက်ပြင်းချနိုင်ခဲ့သည်။

ချွေးစေးများကိုသုတ်ရင်းကောပင်းကစိတ်တိုစွာ ကျိန်ဆဲလိုက်သည်"သူတို့ဘာလုပ်နေလဲရောသိရဲ့ လား?!"

ချန်နင်ကတည်ငြိမ်စွာဖြင့်ပြောလိုက်သည်"သူတို့ သိတယ်၊ငါတို့ကံဆိုးတာကိုပဲအပြစ်တင်ရမယ်"

"ကံ…. ချီးပဲအဲ့ကံကတော့ ငါအဖွားအိမ်ကိုတောင်သွားရတော့မလို့အခြေစိုက်စခန်းကိုပြန်ရင်တော့ဘာလို့ဗုံးကျဲလဲဆိုတာသိရမှပါ"ကောပင်းကမီးလောင်နေသောမြို့ကြီးကို မဲမှောင်နေသောမျက်နှာဖြင့်စိုက်ကြည့်လိုက်ပြီး စကားပြောစက်ကိုကောက်ကိုင်ကာ"ကားအားလုံး သေချာနားထောင်ပါ၊မင်းတို့ကားမှာဘာပြဿနာရှိလဲဆိုတာစစ်ဆေးဖို့အချိန်ဆယ်မိနစ်ရမယ်၊မရှိဘူးဆိုရင် အခြေစိုက်စခန်းကိုတရစပ်မောင်းတော့ အလယ်မှာမရပ်နဲ့"

"ဟုတ်တယ်၊ငါတို့နားဖို့ရပ်လိုက်ရင်ငါတို့ပေါ်ဗုံးကျလာမလာဘုရားပဲသိမယ်"တိမင်းဂန်းရဲ့အသံက စကားပြောစက်မှာထွက်ပေါ်လာသည်။"တော်လိုက်တဲ့လူတွေ သူတို့ဗုံးမခွဲခင်မြို့ထဲကအသက်ရှင်တဲ့    သူတွေကိုသတိပေးရဲ့လားမသိဘူး"

"ထားလိုက်တော့၊ သူတို့သတိပေးရင်တောင်ငါတို့ သိနိုင်မှာမဟုတ်ဘူး၊ငါတို့ဘာသာပဲဂရုစိုက်ရမှာပေါ့၊ မြန်မြန်ပြန်ရအောင်၊အဲ့ဒါကအပြင်မှာနေတာထက် အန္တရာယ်ကင်းတယ်"ချန်နင်၏အသံထွက်ပေါ်လာ ပြီးနောက်ထပ်မကျေနပ်သည့်စကားသံများကို တားဆီးလိုက်သည်။


စစ်တပ်ကဆက်လတ်ဖောက်ခွဲနေသည်။သူတို့ရဲ့ လက်ရှိပစ်မှတ်ကိုဖျက်စီးပြီးနောက်အဖွဲ့သည် အရှေ့သို့ချီတက်ကာအနောက်မှာရှိသည့်အဆောက်အအုံများကိုဆက်လတ်ဖောက်ခွဲရန်ပြင်ဆင်နေသည်။

ယာဉ်တန်းသည်ဖောက်ခွဲဧရိယာဆီသို့ချီတက်နေပြီးသူတို့ပန်းတိုင်သို့မရောက်ခင်တစ်ချို့စစ်သားများ‌  ကအော်ဟစ်လာခဲ့သည်။"ငါ့ခြေထောက်ကိုဘာကြီးဆွဲထားတာလဲ?"

"အား?"

"ကယ် ကယ်ကြပါဦး"

"ခေါင်းဆောင်ခေါင်းဆောင်!!"

" ဒိုင်း..ဒိုင်း…."သေနတ်ပစ်သံများရုတ်တရက်ထွက် ပေါ်လာသည်။အမိန့်ပေးတဲ့ကားထဲမှာထိုင်နေသည့်ခေါင်းဆောင်သည်ကြောင်အသွားပြီးလျင်မြန်စွာမေးလိုက်သည်"ဘာဖြစ်….."သူ့စကားမဆုံးခင်ကားကရုတ်တရက်တိမ်းစောင်းသွားသည်။

"ဘာဖြစ်တာလဲ?"

"မကောင်းဆိုးဝါးမကောင်းဆိုးဝါးကြီး!!"

အနီရောင်၊အညိုရောင်၊အမဲရောင်၊အစရှိသော အရောင်အမျိုးမျိုးရှိသည့်အမြစ်များသည်မြေကြီးထဲမှထိုးထွက်လာပြီးကားများ၊လူများနှင့်လက်နက်များကိုပါချည်နှောင်ရစ်ပတ်ထားသည်။

"ဇွန်ဘီ!!ဇွန်ဘီတွေမသေသေးဘူး!!"လူတစ်ယောက်ကရုတ်တရက်အော်ဟစ်ခဲ့သည်။အားလုံးသည် လောင်ကျွမ်းနေသောခန္ဓာကိုယ်များကိုကြည့်ရန် ပတ်ပတ်လည်သို့ကြည့်လိုက်ပေမဲ့ ထုထူးဆန်းသော နွယ်ပင်များအပြင်အချို့ဇွန်ဘီများသည်ဒယိုင်းဒယိုင်လျှောက်သွားသည်။

အဆင့်၁ဇွန်ဘီများကိုမီးဖြင့်တိုက်ရိုက်သတ်နိုင်သည်။အကြောင်းပြချက်မှာသူတို့ခေါင်းများလောင်ကျွမ်းသွားလို့ဖြစ်သည်။ကျယ်ဝန်းတဲ့နယ်မြေအတွင်း ပစ်မှတ်အတိအကျမရှိဘဲဖောက်ခွဲခြင်းကတိုက်ရိုက် ထိမှန်သည့်ဇွန်ဘီများမှလွဲ၍ကျန်သည့်ဇွန်ဘီများသည်လှုပ်ရှားနိုင်ဆဲဖြစ်သည်။

ထို့အပြင်အဆင့်၂အထက်ဇွန်ဘီများသည်ခုံခံအား အလွန်ကောင်းမွန်သည်။လက်နက်ခဲယမ်းတွေ သူတို့အပေါ်တိုက်ရိုက်မကျသရွှေ့သူတို့ကိုသတ်ဖို့ခတ်ခဲသည်!!!

မြေပြင်ပေါ်ရှိသန္ဓေပြောင်းအပင်၏အကိုင်းအခတ် တွေနဲ့အရွှတ်တွေကအပိုင်းပိုင်းအစစပေါက်ကွဲထွက် သွားပေမဲ့သူတို့ရဲ့အမြစ်တွေကမြေကြီးထဲတွင်ရှိနေ သေးသည်။အမြစ်တွေမပျက်စီးသရွှေ့အပင်တွေက မသေပေ။ဗုံးကြဲခံရပြီးနောက်အပြင်းအထန်ထိခိုက် ထားသောသန္ဓေပြောင်းအပင်များသည်အာဟာရဓာက်ကိုအလွန်အမင်းလိုအပ်နေသည်။ဇွန်ဘီရဲ့ အဏုမြူကျောက်တုံးတွေထက်သူတို့ကိုအာဟာရ ပြည့်စေတာကလူတွေရဲ့အသွေးအသားဖြစ်နိုင် မလား?

အမြှောက်လက်နက်များဖြင့်ဗုံးကျဲတိုက်ခိုက်ခံရပြီး နောက်သန္ဓေပြောင်းဇွန်ဘီများ၏အမဲလိုက်ခြင်း ဗီဇနိုးထလာခဲ့သည်။

………………

ယာဉ်တန်းသည်Lမြို့နှင့်အနည်းငယ်ဝေးသည့်လမ်းတစ်နေရာတွင်ရပ်လိုက်ပြီးကားတစ်စီးချင်းစီ၏ အခြေနေကိုလျင်မြန်စွာစစ်ဆေးခဲ့သည်။

ဟဲဇီကျုံးနှင့်ဖန်ဟောင်ကားကိုစစ်ဆေးပြီးသွား တော့ခွန်အားဖြည့်တင်းရန်တစ်ခုခုစားဖို့အချိန်အနည်းငယ်ယူလိုက်သည်။

မီးခိုးငွေ့တလူလူထနေသော မြို့ကြီးကိုကြည့် ပြီးအကုန်လုံးစိတ်ဓာက်ကျနေခဲ့သည်။ခွန်အားဖြည့်တင်းရန်အတွက်အစား စားရန်အချိန်အနည်းငယ်ယူ ပြီးနောက်ကောပင်းကအားလုံးကိုလက်ဝှေ့ယမ်းပြခဲ့သည်။"ကားထဲကိုဝင်ကြတော့ အခြေစိုက်စခန်းကို ပြန်မယ်"အဆုံးမှာဘာပဲဖြစ်နေပါစေသူတို့တာဝန်ယူသင့်သောအရာမဟုတ်ပေ။

Mမြို့ကလမ်းပေါ်မှာသူတို့တွေ့ခဲ့သည်ကားများကိုဟဲဇီကျုံးနှင့်အခြားသူတွေကမှတ်မိနေသေးသည်။ထိုလူများကလည်းရိက္ခာစုဆောင်းရန်အတွက် အပြင်သို့ထွက်လာခြင်းဖြစ်သည်။သူတို့အလျင်စလို သတင်းအချက်အလတ်အချို့ကိုလဲလှယ်ခဲကြပြီး Lမြို့အနီးတွင်သူတို့၏ယာယီအခြေစိုက်စခန်းရှိ ကြောင်းသိခဲ့ရသည်……ဗုံးဖောက်ခွဲမှုကသူတို့ (mမြို့ကလမ်းမှာတွေခဲ့တဲ့လူ)ရဲ့ယာယီအခြေစိုက်စခန်းပေါ်ထိခိုက်မှုရှိနိုင်မလားဆိုတာဘယ်သူသိမှာလဲ?ဒါပေမဲ့သူတို့ကြားဝင်နှောင့်ယှတ်နိုင်တာမရှိပေ….အကယ်လို့သူတို့(Mမြို့မှာတွေဲ့ခဲ့တဲ့လူတွေ)စစ်တပ်ရဲ့လုပ်ဆောင်မှုကိုတားဆီးဖို့ကြိုးစားခဲ့ရင်တောင်…….သူတို့ကားစစ်တပ်ရှိတဲ့နေရာကိုမမောင်းသွားခင် အမြှောက်လက်နက်များဖြင့်မိတ်ဆက်ခံရမှာစိုးရိမ်ရသည်။

ဒရိုင်ဘာထိုင်ခုံမှာထိုင်နေသည့်ဖန်ဟောင်သည်အရှေ့က ကားတွေကိုအမှီလိုက်ဖို့အာရုံစိုက်ရင်း သူ့လက်ကရုတ်တရက်လေးလံသွားသည်"သွမ့်ဇီ?!"

အရင်ကနှင့်ခွဲခြား၍မရသောဝိုင်းဝိုင်းဖြူဖြူသွမ့်ဇီသည်မမျှော်လင့်စွာဖြင့်နေရာလွတ်ထဲကထွက်လာခဲ့သည်။

သူ့ခန္ဓာကိုယ်ကိုတွန့်လိမ်ပြီးဖန်ဟောင်ရဲ့လက်မောင်းကိုထပ်ထပ်ခါထပ်ထပ်ခါပွတ်တိုက်နေသည်။

သွမ့်ဇီထွက်ပေါ်လာခြင်းကဖန်ဟောင်နဲ့ဟဲဇီကျုံးရဲ့ လေးလံစိုးရိမ်နေသောခံစားချက်ကိုသက်သာစေသည်။သူတို့နှစ်ယောက်ကသွမ့်ဇီရဲ့ခေါင်းလေးကိုပုတ်လိုက်ပြီး

"နေရာလွတ်ကအဆင့်မြှင့်လို့ပြီးသွားပြီလား?"

သူတို့နှစ်ယောက်ကိုအံ့ဩစေသောအရာတစ်ခုဖြစ် ပေါ်လာခဲ့သည်-မမျှော်လင့်ထားစွာဖြင့်သွမ့်ဇီက ခေါင်းညိတ်ပြတာကိုသူတို့တွေ့လိုက်ရသည်!!

အရင်တုန်းကသွမ့်ဇီနှင့်သူတို့နှစ်ယောက်ကဆက်သွယ်နိုင်ပေမဲ့ထို့အချိန်တုန်းကသွမ့်ဇီသည်အိမ်မှာမွေးထားသည့်ခွေးပေါက်လေးတစ်ကောင်လိုပဲပြုမူသည်။သွမ့်ဇီသည်ညွှန်ကြားချက်များကိုလိုက်နာနိုင်ပြီး တုံပြန်နိုင်သော်လည်းအရင်ကသူ့"သဘောတူ"သည်ကိုဖော်ပြသည့်အခါခေါင်းညိတ်သည့်အစားသူ့ခန္ဓာကိုယ်တစ်ခုလုံးယမ်းခါ သွားသည်။၎င်းကဆင်တူသလိုရှိပေမဲ့မတူညီပေ။ လက်ရှိတွင်သွမ့်ဇီသည်သူ့၏ကြီးမားဝိုင်းစက်သော ခန္ဓာကိုယ်ကြီးဖြင့်"ခေါင်းညိတ်ခြင်း"လှုပ်ရှားမှုကို သေချာစွာလုပ်ပြနိုင်နေသည်။

ဟဲဇီကျုံးကသွမ့်ဇီ၏ခေါင်းကနေဖမ်းကိုင်လိုက်ပြီး မြှောက်ကြည့်ကာအချိန်ကြာကြီးဖျစ်ညှစ်နေသည် "ပုံစံကတော့အရင်ကတိုင်းမပြောင်းလဲဘူးနော်?"

ဖန်ဟောင်ကရယ်လိုက်ပြီးကားမောင်းနေရင်းဖြင့် သွမ့်ဇီကိုကြည့်လိုက်သည်။ခဏလောက်သေချာစိုက်ကြည့်ပြီးနောက်"သွမ့်ဇီရဲ့မျက်နှာနည်းနည်းပန်း ရောင်သန်းနေတယ်လို့မထင်ဘူးလား?"

အစတုန်းကသွမ့်ဇီသည်တစ်ကိုယ်လုံးအဖြူရောင်ဖြစ်ပေမဲ့အခုချိန်တွင်သူ့ရဲ့မျက်မှာ၌ပန်းနုရောင်အလုံး လေးနှစ်လုံးကဖုံးအုပ်ထားသည်။သူ့မျက်နှာလေးမှာ ပါးနီဆိုးထားသလိုဖြစ်နေပေမဲ့…."အဲ့ဒါကဘာအတွက်တုန်း"

ဟဲဇီကျုံးကသွမ့်ဇီရဲ့ပါးဖောင်းဖောင်းကြီးကိုထိုးလိုက်ပြီးအနည်းငယ်နားမလည်နိုင်ဖြစ်နေသည်။ နေရာလွတ်အဆင့်မြှင့်သွားလို့သွမ့်ဇီကပါဆင့်ကဲ    ပြောင်းလဲသွားခဲ့ရင်ပိုပြီးသိသာတဲ့ပုံစံပြောင်းသွား သင့်တာမဟုတ်ဘူးလား?ဥပမာ-ခြေထောက်တွေ ထွက်လာတာတို့၊ပါးစပ်လေးပေါ်လာတာတို့တစ်ခုခု ဖြစ်သင့်တယ်မဟုတ်ဘူးလား?မျက်နှာပန်းနုရောင်သန်းလာတာကဘာအဓိပ္ပါယ်တုန်း?

"ဟမ်း..ပိုပြီးတော့ချစ်ဖို့ကောင်းလာတယ်?" ဖန်ဟောင်စကားမဆုံးသေးခင်သွမ့်ဇီကဟဲဇီကျုံးလက်ထဲကနေတွ့န်လိမ်ရုန်းကန်သွားပြီး ဖန်ဟောင်လက်မောင်းထဲသို့လျှောဆင်းသွားသည်။ မားမားကပဲအကောင်းဆုံးဆိုတာသိနေတယ်ဟွန့်!!

ပန်းနုရောင်ပါးပြင်များသည်ပို၍နူးညံပျော့ပျောင်း လာသည်။နူးညံနေသောပန်းနုရောင်ပါးပြင်လေးသည်ဟဲဇီကျုံးပြောတာလွန်သွားသလိုခံစားရအောင် လုပ်နေသည်။

သွမ့်ဇီလှည့်စားနေတာကိုလျစ်လျူရှုလိုက်ပြီးအဆင့် မြှင့်သွားသောနေရာလွတ်ကိုစူးစမ်းရန်စိတ်ဖြင့်ကြည့်လိုက်သည်။ဟဲဇီကျုံးကရုတ်တရက်တစ်ခုခုမှား နေသလိုခံစားလိုက်ရသည်။ဟဲဇီကျုံးကဖန်ဟောငလက်ထဲမှာဇိမ်နဲ့နှပ်နေသည့်သွမ့်ဇီကိုရုတ်တရက် ဆုပ်ကိုင်လိုက်သည်"မင်းမီးနဲ့မီးခိုးတွေတလူလူထ နေတဲ့နေရာကိုသိတယ်မလား?မင်းအဲ့နေရာကို ဖြေးဖြေးချင်းချင်းသွားပြီးရင်အိမ်တစ်အိမ်မှာဇွန်ဘီအလောင်းတွေတိုင်းနေရာလွတ်ထဲကိုပြန်ဝင်ဒါမှမဟုတ်မင်းလူတို့ကားတို့မြင်ရင်ငါကိုစောင့်နေ၊ ညနေကျမှငါကိုအဲ့နေရာခေါ်သွားပေး"

မိသားစုနဲ့ပြန်လည်တွေ့ဆုံရန်ထွက်လာသောသွမ့်ဇီသည်အရမ်းဝမ်းနည်းသွားသည်။အုပ်စုဖွဲ့အနိုင်ကျင့်တာပဲ!!ဝူးဝူးအရမ်းခိုင်းစားတာပဲ!!

သူ့စိတ်ထဲသို့ဝမ်းနည်းကြေကွဲနေသောခံစားချက် လေးတစ်ခုပေးပို့လိုက်သလိုခံစားလိုက်ရသည် သွမ့်ဇီရဲ့ရွှန်းစိုပြီးဝမ်းနည်းနေသည့်မျက်လုံးလေး……ကြည့်ရတာသူတအားအနိုင့်ကျင့်သလိုဖြစ်သွား လား?

မတိုးမဆုတ်သာအခြေနေဖြစ်နေသောသူတို့နှစ် ယောက်ကိုကြည့်ပြီးဖန်ဟောင်ကရုတ်တရက်လက်လှမ်းလိုက်ပြီးသွမ့်ဇီကိုထိလိုက်သည်"သွမ့်ဇီdaddy ပြောတာနားထောင်နော် ညကျရင်ငါမင်းကိုတစ်ည လုံးဖတ်အိပ်ပေးမယ်လေ?"

ကောင်းတယ်!!အရမ်းကောင်းတယ်!!

အိပ်ယာပေါ်မှာအိပ်တာဖြစ်ဖြစ်ကားထဲမှာအိပ်တာပဲဖြစ်ဖြစ်အပြင်ဘက်မှာအိပ်တာပဲဖြစ်ဖြစ်အမြဲတမ်းသွမ့်ဇီကစိတ်ပုတ်တဲ့Daddyရဲ့လွှင့်ပစ်တာကိုခံရသည်။တက်ကြွတဲ့ဟော်မုန်းဆေးထိုးခံလိုက်ရသလိုမျိုးသွမ့်ဇီကချက်ချင်းပင်ပြတင်းပေါက်အပြင်ဘက်ကခုန်ထွက်သွားသည်။သူမထွက်သွားခင်ချက်ချင်း ထိုးဖောက်မြင်နိုင်တဲ့ခန္ဓာကိုယ်ပုံစံဖြစ်အောင်လည်းပြောင်းသွားခဲ့သည်။

"အရင်ကထက်ခိုးကြောင်ခိုးဝှတ်လုပ်တာပိုတော် လာသလိုပဲဟုတ်တယ်မလား?"ဟဲဇီကျုံးက "အဝေးကိုပျံသွားသည့်"သွမ့်ဇီကိုသံသယဖြင့်စိုက် ကြည့်လိုက်သည်။ယခုတစ်ခေါက်တွင်သွမ့်ဇီ၏ ဖောက်ထွင်းမြင်ရအောင်ပြုလုပ်လိုက်ပုံသည်အရင်ကထက်အနည်းငယ်ပိုကောင်းလာသည်။သူ့သွမ့်ဇီရဲ့ခန္ဓာကိုယ်အရာလေးပုံသာမြင်နေရပြီး၎င်း၏ဖုံးကွယ်နိုင်စွမ်းသည်အရင်ကထက်ပိုကောင်းလာသည်။

"နေရာလွတ်အဆင့်မြှင့်သွားလို့ဖြစ်နိုင်တယ်?"ဖန်‌ ဟောင်ကတွေးဆဆဖြင့်ပြောလိုက်သည်။သူတို့နှစ် ယောက်လုံးတစ်ခုခုကိုတွေးမိသွားသည်-သူတို့အခုထိနေရာလွတ်ကဘယ်လောက်ပြောင်းလဲသွားလဲဆိုတာကိုမသိရသေးပေ!!

ဖန်ဟောင်ကားမောင်းနေစဉ်ဟဲဇီကျုံးကနေရာလွတ်ထဲကအခြေနေကိုစူးစမ်းရန်စိတ်ဖြင့်ဝင်ကြည့်လိုက်သည်။

နေရာလွတ်ကနှစ်ဆကြီးလာတယ်!!

ပြီးခဲ့တဲ့တစ်ခေါက်နေရာလွတ်အဆင့်မြှင့်ပြီးတွင် စမ်းချောင်းတစ်ဖတ်မှာလယ်မြေနှစ်ဧကလောက် ကျယ်ဝန်းလာခဲ့သည်။အခုထိုနေရာကထပ်မကြီး လာသော်လည်းဟဲဇီကျုံးနေထိုင်သည့်တစ်ဝက်၊ ဝါးတောအနောက်ဘက်ရှိတောင်စောင်းနှင့်တောင်ဘက်ရှိပင်လယ်အော်တို့ကပိုကျယ်လာခဲ့သည်!!

လယ်မြေကလည်း၁၆ဧကလောက်ပိုကျယ်လာပြီး  ပင်လယ်အော်နှင့်တောင်စောင်းများလည်းပိုကျယ်လာသည်။မြေအောက်ထပ်ကလည်းနောက်ထပ် ၁၆ဧကပိုကျယ်လာသည်။ဝါ့းအိမ်ကအနည်းငယ် ပြောင်းလဲသွားတယ်လို့ထင်ရပေမဲ့သိပ်ပြီးတော့ မပြောင်းလဲသွားပေ။

ဒီတစ်ခေါက်နေရာလွတ်ဆင့်ကဲပြောင်းလဲအဆင့်မြှင့်သွားပြီးတဲ့နောက်နေရာလွတ်တစ်ခုလုံးရဲ့အသွင်ပြင်ကိုရေးရေးလေးမြင်နိုင်လာသည်။တောင်တန်းတွေ ဝန်းရံထားပြီးပင်လယ်အော်ကို မျက်နှာမူထားသည့်လယ်တောအိမ်ယာလေးနဲ့ တူနေသည်။

တောင်ရဲ့ပုံစံကလခြမ်းသဏ္ဍာန်နှင့်တူနေသည်။အမြင့်ဆုံးအပိုင်းမှာဝါးတောနှင့်ရေတံခွန်၏မြောက်ဘက်ပိုင်းဖြစ်သည်။ယခုအချိန်တွင်ရေတံခွန်ဘေးမှာရှိ ချောက်ကမ်းပါးနှင့်တောင်များ၏ဦးတည်ရာ လမ်းကြောင်းကပေါ်လွင်လာခဲ့သည်။ကမ်းစပ်တွင် ပင်လယ်အော်အတွင်းပြန့်ကျဲနေသည့်သန္တာကျောက်တန်းများကိုသူမြင်နိုင်သည်။အထက်မှတိုက်ရိုက်   သန္တာကျောက်တန်းများနှင့်တာင်တန်းများကို ပေါင်းစပ်ကြည့်လိုက်သောအခါ"စက်ပိုင်း" တစ်ခုလိုမျိုးဖြစ်နေသည်။

ဟဲဇီကျုံးသည်ကမ်းရိုးတန်းတွင်သောင်တင်နေသည့် လှေငယ်လေးတစ်ခုကိုလည်းမြင်လိုက်ရသည်။၎င်းသည်အစကတည်းကနေရာလွတ်ထဲမှာရှိနေပုံပေါ် ပြီးအနည်းဆုံးလူနှစ်ယောက်ဆံ့သည်။

ဟဲဇီကျုံးကအခြားအရာများကိုအနီးကပ်ကြီးမကြည့်နိုင်သောကြောင့်စိတ်ဖြင့်ကြည့်နေတာကိုရပ်လိုက်ပြီးပြုံးကာပြောလိုက်သည်"နေရာလွတ်ကအရင်ကထက်နှစ်ဆလောက်ပိုကျယ်လာတယ်၊ပင်လယ် အော်နဲ့တောင်တွေကမြေပြင်လိုမျိုးဘယ်လောက် ကျယ်လာလဲမပြောနိုင်ပေမဲ့သူတို့လည်းတော်တော် ကျယ်လာတယ်…."

ဖန်ဟောင်ကပြုံးပြရင်းမျက်လုံးထဲ၌စိတ်လှုပ်ရှားမှု များပေါ်လွင်နေသည်။"ပြန်ရောက်တဲ့အထိစောင့်ပြီး နေရာလွတ်ဘယ်လောက်ကြီးလာလဲဆိုတာသေချာ ကြည့်ရအောင်?"

"မြေပြင်ကတော့အရင်ကထက်၁၆ဧကလောက် ကျယ်သွားတယ်၊အရင်ကထက်နှစ်ဆပေါ့ မြေအောကထပ်မှာလည်းသိုလှောင်ဖို့နေရာတွေ အများကြီးကျန်သေးတယ်"

"ကောင်းလိုက်တာ၊ဒါပေမဲ့ကျွန်တော်မှာစိုးရိမ်နေ တာတွေရှိသေးတယ်"သူတို့နှစ်ယောက်ဟာ ပစ္စည်းတွေတမင်မစုဆောင်းထားရင်တောင်မှအပြင်ထွက်တိုင်းပစ္စည်းတွေအများကြီးစုဆောင်းတက်ကြသည်။ထိုအရာများကိုရောင်းချရန်အချိန်ကောင်း မရောက်သေးသောကြောင့်ထိုအရာများနဲ့ပတ်သက် ပြီးဘယ်လိုဖြေရှင်းရမလဲဆိုတာသူတို့စိုးရိမ်မိသည်။

To be continued…………..






There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment