"စီနီယာကျွန်တော်ဟင်းသွားချက်တော့မယ်" ဖန်ဟောင်ကသူ့လက်ကိုလေးငါးကြိမ်လောက်ဆေးကြောပြီး၎င်းတို့ကိုပိုးသတ်ဆေးဖြင့်လည်း အကြာကြီးစိမ်ထားသည်။နေ့လည်ခင်းတုန်းကပြင်ဆင်ထားတဲ့ပါဝင်ပစ္စည်းတွေကိုတွေးရင်းစိတ်ဓာက်တက်ကြွလာသည်။
"ညစာအတွက်ချက်ရလွယ်တဲ့ဟာလေးတွေဘဲချက်လိုက်လေ၊နေ့လည်ခင်းတုန်းကစားခဲ့တဲ့ဟာတွေကလည်းတော်တော်ကောင်းတယ်"
"ဟုတ်ကျွန်တော်နေ့လည်တုန်းကပြင်ထားတဲ့ပါဝင် ပစ္စည်းတွေနဲ့အရံဟင်းထပ်လုပ်လိုက်မယ်လေ"နေ့လည်ခင်းတုန်းကစိမ်ထားတဲ့ကောက်ညှင်း၊မြေပဲနှင့်အခြားအရာများကိုတွေးရင်းဖန်ဟောင်သည်သူ့အင်္ကျီလက်များကိုခေါက်တင်ကာမီးဖိုချောင်ထဲသို့ ပြေးဝင်သွားသည်။
ဇွန်ဘီများကိုတိုက်ခိုက်ရခြင်းသည်ခန္ဓာကိုယ် အားစိုက်ထုတ်ရသောကြောင့်သူတို့နှစ်ယောက်လုံး ပင်ပန်းနွမ်းနယ်နေကြသည်။သူတို့အိမ်မှာ ပါဝင်ပစ္စည်းတွေပေါများသောကြောင့်ဖန်ဟောင်ကအသားနှင့်ဟင်းသီးဟင်းရွတ်တွေကို ကောက်ညှင်းလုံးနှင့်ထမင်းလုံးတစ်လုံးချင်းစီတွင်ထည့်ဖို့ဆန္ဒရှိခဲ့သည်။အသားဟင်းမျိုးစုံ၊သတ်သက်လွတ်ဟင်းလျာများ၊ကြက်ဥစသည်ဖြင့်မုန့်များကိုလည်းအဆာသွပ်၍ပြုလုပ်ခဲ့သည်။မီးပုံကြီးတစ်ခုပြုလုပ်လိုက်ပြီးသူကအစောပိုင်းတွင်အလွန်အရဲစွန့်ပြီး စုဆောင်းခဲ့သောဝက်ဗိုက်သားကြီးတစ်ပိုင်းကိုအသုံးပြုကာ အိုးအကြီးကြီးတွင်ပြုတ်လိုက်ပြီးမီးပေါ်တွင် နှပ်ထားသည်။
သူကဝက်သားတုံးနှစ်တုံးနှင့်ဆိတ်သားနှစ်တုံးကိုဇွန်ဘီကိုခုတ်ဖြတ်သည့်အရှိုန်အတိုင်းခုတ်ဖြတ်ရန် ဟဲဇီကျုံးအားပြောခဲ့သည်။မီးဖိုချောင်အတွင်းသို့ဝင်နေချိန်တွင်ဖန်ဟောင်၏အရှိုန်အဝါသည်လူများ မျက်လုံးများမခွာနိုင်လောက်အောင်ဆွဲဆောင်မှုရှိသည်။ဒါပေမယ့်သူကတော့သူ့ပုခုံးများကိုအနားပေးရန်အတွက်အပြင်သို့ထွက်လာခဲ့သည်။
နေရာလွတ်ထဲကရှုခင်းများသည်အရင်တိုင်းဘဲဖြစ်သည်။ခြံရှေ့ကလယ်မြေအများစုသည်အလွတ် ဖြစ်နေပြီးအပင်စိုက်ရန်အတွက်လည်းအချိန် မရှိသေးပေ။တောင်ကြီးအနောက်ဘတ်ရှိဝါးတော ကြီးသည်အလွန်ကြီးထွားနေသည်။ တောင်စောင်းပေါ်မှမက်မွန်ပွင့်တွေကြွေကြနေပြီးသစ်ပင်ပေါ်တွင်လည်းမက်မွန်သီးများတွဲလောင်းကျ နေသည်။အဲ့ဒါကိုကြည့်ရတာမကြာခင်အသီးများကိုခူးဆွတ်လို့ရတော့မယ့်ပုံပေါ်သည်။
ကြတ်နှင့်မွေးမြူရေးတိရိစ္ဆာန်များ၏ကြီးထွားနှုန်းသည်အလွန်လျင်မြန်သည်။အနည်းဆုံးတော့ကြက် ပေါက်လေးများနှင့်ဘဲပေါက်လေးများ၏အတောင် နှင့်အမွှေးလေးများသည်အဝါလေးများဖြစ်သော ကြောင့်အဝါရောင်လေးများစုပြုံထားသလိုဖြစ်နေ ပြီးကြည့်လိုက်ရင်အရမ်းချစ်စရာကောင်းသည်။ ကျွဲနွားများနှင့်သိုးများသည်လည်းသူတို့၏အမြီးကို ရမ်းကာစိမ်းလန်းစိုပြည်သောစားကျက်မြေထဲရှိအသီးရွတ်မျိုးစုံကိုစားနေကြသည်။
နေရာလွတ်ထဲရှိကောက်ပဲသီးနှံများသည် လျင်မြန်စွာကြီးထွားနေသည်။ဟဲဇီကျုံးသည် တိရိစ္ဆာန်မွေးမြူရန်မြေကွတ်ငယ်တစ်ခုမျှသာ ခွဲဝေပေးခဲ့သော်လည်းသူတို့စားသုံးရန်အတွက် လုံလောက်သည်။
"တောင်အနောက်ဘတ်ကိုသွားကြရအောင်"အိမ်မှာအသီးတွေအများကြီးရှိနေသေးသော်လည်းအဲ့အသီးအများစုသည်အပြင်ကစုဆောင်းခဲ့တာဖြစ်ပြီးနေရာလွတ်ထဲကရရှိတဲ့အသီးတွေနဲ့တော့နှိုင်းယှဉ်လို့ မရပေ။စုဆောင်းထဲသောအရာများကိုအနာဂတ်တွင်လိုအပ်သောပစ္စည်းများလဲလှယ်ရန်အတွက် သိမ်းဆည်းထားပြီး၎င်းတို့နှစ်ဦးသည်နေရာလွတ်ထဲကနေစိုက်ပျိုးထားသောထုတ်ကုန်များကိုပုံမှန်အတိုင်းအသုံးပြုနိုင်သည်။
တောင်ကိုပတ်လျှောက်ပြီးနောက်အသီးသီးနေတဲ့အပင်အရေအတွက်သည်သိပ်မများသေးပေ။ဟင်းသီးဟင်းရွတ်ပင်များနှင့်နှိုင်းယှဉ်လျှင်အသီးများရင့်မှည့်ချိန်သည်သိပ်မမြန်ပေ။ဒါတောင်မှသူတို့နှစ်ပတ်သုံးပတ်လောက်အချိန်ယူလိုက်ရင်အသီးတွေအများကြီး ခူးလို့ရလောက်သည်။
တောင်အနောက်ဘတ်ရှိဝါးပင်တွေဆီသို့ ရောက်သောအခါတူးထုတ်ရန်မျစ်အစို့များထွက်နေသည်ကိုတွေ့လိုက်ရသည်။ဝါးပင်တစ်ပင် အရှည်ကြီးဖြစ်လာသည်နှင့်၎င်းကိုခုတ်လှဲပြီး ခြံစည်ရိုးများ၊စင်များနှင့်အခြားအရာများကိုပြုလုပ် ခဲ့သည်။
"ဝါးပင်ကိုခုတ်လိုက်တော့မျှစ်စို့တွေအများကြီးပြန်ထွက်လာတယ်နဲ့တူတယ်နည်းနည်းလောက်တူးလိုက်မယ်၊ မျှစ်နဲ့ဘာလုပ်စားရမလဲ"
ပြောနေတာကိုကြားတော့ဖန်ဟောင်၏မျက်လုံးများသည်တောက်ပလာပြီးခေါင်းကိုဆန့်ထုတ်လိုက်ကာ"အရင်ဆုံးအောက်ကဂိုဒေါင်မှာထားလိုက်လေ ၊နောက်မှကျွန်တော်မျှစ်စို့တွေကိုအခြောက်ခံပြီး ဆားရည်စိမ်လိုက်မယ်လေကျန်တာတွေကိုတော့ဖြည်းဖြည်းချင်းကြော်စားကျတာပေါ့"
သူ့ပြောတဲ့အတိုင်းလုပ်ရန်အတွက်အောက်ထပ်သို့ဆင်းသွားကာ အောက်ထပ်သို့ရောက်တော့ဟဲဇီကျုံး ခေါင်းကိုက်သွားသည်-ဒီမှာပစ္စည်းတွေအများကြီး…..
အရင်ကသူပစ္စည်းတွေစုဆောင်းတော့အဆင်ပြေသည်။အခြေခံအားဖြင့်သူမြင်ခဲ့တဲ့အရာကသူယူထားတဲ့အရာတွေဘဲ---ဒါပေမယ့်တစ်ပုံတစ်ခေါင်းကြီးဖြစ်နေပြီးရှုပ်ပွနေတယ်လေ….
"ဖြည်းဖြည်းချင်းစီဘဲစီတော့မယ်"သူကသတ်ပြင်းချလိုက်သည်။ကံကောင်းပေလို့နေရာလွတ်ရဲ့ မြေအောက်ထပ်ကိုစိတ်ဖြင့်ထိန်းချုပ်လို့ရသည်။ အဝတ်စား၊အစားအသောက်၊နေ့စဉ်သုံးပစ္စည်းများနှင့်အဓိကမဟုတ်သောဟင်းခတ်အမွှေးကြိုင်များကိုတစ်ခုပြီးတစ်ခုဖယ်ထုတ်ကာအချိန်မရွှေး လွယ်ကူစွာရှာနိုင်ရန်အတွက်စင်များဖြင့်ထားလိုက်သည်။
ဟဲဇီကျုံးပစ္စည်းများကိုပြန်စီပြီးသောအခါဖန်ဟောင်ကအောက်ထပ်သို့ရောက်လာသည်။
"ဘာဖြစ်လို့လဲ"
"ထမင်းစားလို့ရပြီ၊ထမင်းလုံးနှင့်အဆာသွပ်မုန့်တွေကိုလည်းလမ်းမှာစားလို့ရအောင်ကျွန်တော်လက်ဆတ်မှုထိန်းတဲ့အိတ်နဲ့ထည့်ထားတယ်၊ဒါတွေကိုလည်းအောက်မှာထားရအောင်"သူပြောသည့်အတိုင်းစနစ်တကျစီထားသောနေရာကို မြင်လိုက်ရတော့ချီးကျူးမြှောက်ပင့်အားပေးလိုက်သည်"စီနီယာမိုက်လိုက်တာ!!ခဏလေးနဲ့ပြီးသွားပြီ"
ဟဲဇီကျုံးသည်လတ်ဆတ်မှုအိတ်နဲ့ထုပ်ထားသည့်အထုပ်နှစ်ထုပ်ကိုဆွဲယူရန်စိတ်ဖြင့်စေခိုင်းလိုက်ပြီးဘာမှမရှိသည့်စင်တွင်ထားလိုက်သည်။"အင်း မင်းမုန့်တို့ဘာတို့လုပ်ပြီးရင်လွယ်လွယ်ရှာလို့ ရအောင်ဒီမှာထားလိုက်မယ်"
ဖန်ဟောင်သည်တောက်ပသောမျက်လုံးလေးဖြင့် ခေါင်းညိတ်လိုက်သည်။
သူတို့၏ညစာသည်ကျန်းမာရေးနှင့်အလွန်ညီညွတ်သည်။နေရာလွတ်ထဲမှာစိုက်ထားတဲ့ခရမ်းချည်သီးနှင့်ဂေါ်ဖီကိုရောကြော်ထားပြီးအလွန်အရသာရှိသည်။ဖန်ဟောင်သည်အိုးလုံပိတ်ပြီးနှပ်၍ပြုတ်ထားသောဝက်သားစွတ်ပြုတ်၊ဝက်နံရိုးချိုချဉ်နှင့်မျှစ်စို့များကိုလည်းဝက်သားနှင့်ကြော်ထားသည်။နောက်ဆုံး ဟင်းပွဲကတော့ခရမ်းချည်သီးနှင့်ကြက်ဥစွတ်ပြုတ် ဖြစ်သည်။
အိမ်ချက်ဟင်းလျာများပြည့်နေတဲ့စားပွဲကိုကြည့်ပြီးသူလက်များကိုဆေးကာဖန်ဟောင်နောက်လိုက်လာသည့်ဟဲဇီကျုံးသည်သူပြန်လည်မွေးဖွးပြီးနောက်သူ့ဘေးနားမှာဖန်ဟောင်ကိုချည်နှောင်ထားခြင်းသည်မှန်ကန်သောရွေးချယ်မှုဖြစ်ကြောင်းကိုခံစားလိုက်ရသည်။
ထမင်းစားပွဲကအလွန်ကြီးသည်။လက်ရာမြောက်စွာထွင်းထုထားသောဝါးထမင်းစားပွဲသည်အိမ်ရှင်နှစ် ယောက်ကိုနွေးထွေးပြီးနီးကပ်သောအကွာအဝေး တွင်ထိန်းသိမ်းထားသည်။
ဖန်ဟောင်ရဲ့လက်ရာကအလွန်ကောင်းသည်။ဒီနေ့ဇွန်ဘီတွေနဲ့ပြင်းထန်စွာတိုက်ခိုက်ပြီးနောက်ဒီလိုအရသာရှိတဲ့အစားစာများကိုစားရခြင်းသည်သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားများကိုပြန်လည်ဖြည့်တင်းနိုင်သည်။ကမ္ဘာပျက်ကပ်မှပြန်ရောက်လာသော ဟဲဇီကျုံးသည်အရင်ကဒီလိုမျိုးကိုအိမ်မက်တောင်မမက်နိုင်ခဲ့ပေ။
"ကျွန်တော်တို့မနက်ဖြန်ပစ္စည်းတွေသွားစုဆောင်း ပြီးရင်ဘယ်ကိုသွားမလဲ"ဖန်ဟောင်ကတူဖြင့်မျှစ်ကိုဆွဲယူလိုက်သည်။မျှစ်သည်ထူးခြားသောချိုမြိန်မှုဖြင့်ကြွပ်ဆက်ပြီးလတ်ဆတ်နေကာလူတွေကိုစားတာမရပ်တန့်နိုင်အောင်ပြုလုပ်နေသည်။
သူရဲ့ပါးလေးပလုတ်ပလောင်းဖြစ်နေတာကိုကြည့် ပြီးဟဲဇီကျုံးကပြုံးလိုက်ကာ"Aမြို့ကိုသွားမယ်"သူ့အရင်ဘဝတုန်းကAမြို့သည်လုံခြုံသောအခြေစိုက်စခန်းကိုလျှင်မြန်စွာတည်ထောင်နိုင်ခဲ့သည်။Fမြို့နဲ့လည်းနီးပြီးအမြန်ဆုံးဖြစ်သည်။ထိုအပြင်၎င်း၏ တပ်များသည်စစ်သားအများအပြားရှိခြင်း၊ကောင်းမွန်သောနည်းစနစ်များနှင့်လျင်မြန်သောတုံပြန်မှုများကြောင့်၎င်းသည်အခြားခြေစိုက်စခန်းငယ်များထက်ပိုပြီးလုံခြုံသည်။အနည်းဆုံးတော့ဒီအချိန်ကာလအတွင်းတွင်ဟဲဇီကျုံးအတွက်ပိုမိုကောင်းမွန်သော ရွှေးချယ်မှုမရှိပေ။
ဟဲဇီကျုံး၏ပြန်လည်မွေးဖွားခြင်းအားသာချက်သည် တစ်နှစ်ခွဲမျှသာဖြစ်သည်။ထိုနောက်ပိုင်းတွင်ဘာတွေဖြစ်သလဲဆိုတာကိုသူမသိပေ။ဒါပေမယ့်ဘာဘဲ ဖြစ်ဖြစ်အခုသူတွင်ဖန်ဟောင်နှင့်နေရာလွတ်ရှိသည်။နေရာလွတ်ကသူ့တို့နှစ်ယောက်လုံးရဲ့အိမ်ဖြစ်ပြီး အနာဂတ်မှာဘာတွေဘဲဖြစ်နေပါစေဖန်ဟောင်နဲ့အတူအသတ်ရှင်နေထိုင်ရန်ကြိုးစားမည်ဖြစ်သည်။
ဖန်ဟောင်ကသူ့ပြောတဲ့စကားတွေကိုကြားတဲ့အခါ ခေါင်းညိတ်လိုက်ပြီး"ဟုတ်တယ်နော်အဲ့မြို့မှာက လူတွေအများကြီးရှိပေမယ့်တပ်တွေလည်းအများ ကြီးစွဲထားတယ်၊ခေါင်းဆောင်ပိုင်းတွေကဇွန်ဘီ ပျက်ကပ်နဲ့ပတ်သက်ပြီးခုခံမှာဆိုတော့ဒီမှာထက်ဟိုမှာကလုံခြုံလောက်တယ်"
ဟဲဇီကျုံးကတိတ်တဆိတ်ခေါင်းညိတ်လိုက်သည်။သူလည်းတစ်ခုတော့သိသည်။အစောပိုင်းတွင်ထွက်ခွာသွားသူများသို့မဟုတ်အထုတ်ပယ်ခံရသူများသည်တစ်လအကြာတွင်အကယ်လို့သူတို့အခြေစိုက် စခန်းကိုပြန်ဝင်ချင်ရင်တောင်မလွယ်ကူတော့ပေ။
အစပိုင်းတွင်သူနှင့်အဖွဲ့သားများသည်Aမြို့ကိုရောက်ရန်နှစ်လလောက်အချိန်ယူခဲ့ရသည်။အဲ့ချိန်တုန်းကထောက်ပံ့ရေးပစ္စည်းအများကြီးကိုပေးချေပြီး တော့မှAမြို့မှာနေထိုင်ရန်အခွင့်အရေးရခဲ့သည်။ ဒါပေမယ့်အဲ့ဒါကသိုက်ကျွင်းကိုလည်းထိုလူနှင့်တွေ့ရန်အခွင့်ရေးတစ်ခုလိုဖြစ်သွားသည်။
သူ့မျက်လုံးတွင်မှိန်ဖျော့ဖျော့အလင်းတန်းလေးတစ်ခုရောင်ပြန်ဟပ်လာသည်။Aမြို့ကိုသွားရခြင်း၏သူ့ရည်ရွယ်ချက်မှာ၎င်းတို့၏သန်မာမှုကိုစိတ်ကူးယဉ် ခြင်းထက်ဟဲဇီကျုံးသည်အတိတ်ကိုအလွယ်တကူလွှတ်ချရန်ဆန္ဒမရှိသောကြောင့်ဖြစ်သည်။
သူ့အရင်ဘဝကအလွန်နစ်နာကသေဆုံးခဲ့ရသည်။ထိုလူများ၏ရပ်တည်ချက်နှင့်အကြောင်းပြချက်ကိုနားလည်ရင်တောင်မှသူ့ထိုလူများကိုမခွင့်လွှတ်နိုင်ပေ။
လူတွေကိုသတ်ဖြတ်ခြင်းသို့မဟုတ်ကြံစည်ခြင်းကဲ့သို့သောနည်းလမ်းများဖြင့်ကျဆုံးရန်လက်စားမချေချင်ပေ။အဲ့အစားသူကအဲ့လူတွေကိုဒုက္ခရောက်အောင်လုပ်ချင်တာဖြစ်သည်။သူတို့ကိုမွန်းကျပ်ဒုက္ခရောက်အောင်ပြုလုပ်ခြင်းကသာကျေနပ်စရာကောင်းသည်-ဘာဖြစ်လို့လဲဆိုတော့အသတ်ရှင်ရတာက အနာဂတ်မှာပိုခတ်ခဲလာမှာ၊အဲ့တော့သတ်ဖြတ်ခြင်းကဲ့သို့သောနည်းလမ်းတွေကဘဝကြီးကိုပို၍လွယ်ကူစေသည်။ထို့ကြောင့်သူဒီလိုနည်းလမ်းမျိုးဖြင့် လက်စားချေရန်စိတ်မဝင်စားပေ။
ဖန်ဟောင်အတွက်ကတော့ဟဲဇီကျုံးရဲ့ဆုံးဖြတ်ချက်များသည်သူ၏ပန်းတိုင်ဖြစ်သည်။သူ့ညွှန်ကြားတဲ့အတိုင်းလိုက်လျောညီထွေဖြစ်အောင်ကြိုးစားပြီး စီနီယာကိုသူကြောင့်နှင့်ဒုက္ခမရောက်စေရန်ဖြစ်သည်!!
ရုတ်တရက်တစ်ခုခုကိုစဉ်စားမိပြီးဟဲဇီကျုံးသည်ဖန်ဟောင်ကိုကြည့်လိုက်ကာ"ဒါနဲ့မင်းမှာလိုက်ရှာစရာလူရှိလား"
ဖန်ဟောင်ကခဏလောက်အံ့ဩတုန်လှုပ်သွားပြီးသူကိုပဟေဋ္ဌိဆန်စွာကြည့်လိုက်သည်။
"ပြောချင်တာက…မိသားစုဘဲဖြစ်ဖြစ်"ဒါက ဟဲဇီကျုံး၏ပေါ့ဆမှုဖြစ်သည်။သူ့အရင်ဘဝတုန်းကဖန်ဟောင်ကိုသူမိသားစုအကြောင်းမေးတာကိုမှတ်မိသည်။ဖန်ဟောင်ကအသေးစိတ်မပြောပြပေမယ့်သူတို့ကြားကဆက်ဆံရေးကကောင်းပုံမပေါ်ဘူးဆိုတာကိုသူသိသည်။ဖန်ဟောင်ကလေးလေးနက်နက်စကားမပြောချင်တာကြောင့်အဲ့တာကိုသူလုံးဝမေ ့သွားခဲ့သည်။
ဖန်ဟောင်ရဲ့အပြုံးလေးကပျောက်ကွယ်သွားပြီး သူ့မျက်လုံးလေးများသည်အောက်ကိုငုံ့နေကာ ရှည်လျားသောမျက်တောင်မွှေးများကြားတွင်စိတ်ဆင်းရဲနေသောအရိပ်ယောင်လေးကိုဖမ်းမိလိုက်သည်။ဟဲဇီကျုံးကတကယ်လို့သူမပြောချင်ရင်မပြောလို့ရကြောင်းပြောချင်သည်။ဖန်ဟောင်က "ကျွန်တော်မှာမိသားစု…..မရှိဘူး"လို့ပြောလိုက်သည်။
ဟဲဇီကျုံးကိုချောင်းကြည့်ပြီးတော့ပြောလိုက်သည်"ကျွန်တော်ခြောက်နှစ်သားတုန်းကကျွန်တော်အမေကဆုံးသွားတယ်အဲ့တာကြောင့်ကျွန်တော် ရှစ်နှစ်သားအထိအဖိုးအဖွားနဲ့နေခဲ့ရတယ်၊ ကျွန်တော်အဖေဆီကိုပြန်သွားရတော့သူက အမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ထားပြီးသူ့သားကလည်းအသတ်တစ်နှစ်လောက်ရှိနေပြီ……. ပြီးတော့ကျွန်တော်ယောက်ျားလေးတွေကိုကြိုက် တာသိသွားတော့အသတ်ဆယ့်ရှစ်နှစ်ထိ နေထိုင်စရိတ်ကိုပေးပြီးကျွန်တော်ကိုထားခဲ့တယ် ကျွန်တော်အသတ်ဆယ့်ရှစ်နှစ်လည်းရောက်ကောသူ့ကကျွန်တော်တို့နှစ်ယောက်ကြားမှာရှိတဲ့သားဖဆက်ဆံရေးကိုဖြတ်တောက်လိုက်တာ…."
ပြောနေရင်းနဲ့ရပ်သွားပြီးကိုယ့်ကိုကိုနှိမ့်ချရယ်မောကာ"သူတို့Sမြို့ကိုပြောင်းသွားပြီနောက်ပိုင်းသူတို့အိမ်လိပ်စာမပြောနဲ့ဖုန်းနံပါတ်တောင်မသိရတော့ဘူး"
"အဲ့တာဆိုမင်းuniကိုဘယ်လို……"
"အလုပ်လုပ်ပြီးတက်တာလေကျွန်တော် ကျောင်းနားမှာအလုပ်လုပ်ခဲ့တာ…အို!!ကျွန်တော် စားသောက်ဆိုင်တွေမှာလည်းအလုပ်လုပ်တယ်အဲ့ကနေပြီးတော့ဟင်းချက်နည်းတွေသင်ခဲ့တာလေ ခုတော့စီနီယာကိုချက်ပြုတ်ကျွေးနိုင်သွားပြီ!!" ဖန်ဟောင်သည်ယခင်ကစိတ်ညစ်နာကျင်မှုများကို ဖယ်ရှားရန်ဟဲဇီကျုံးကိုတောက်ပတဲ့မျက်လုံးလေး များဖြင့်ကြည့်နေလိုက်သည်။
ဟဲဇီကျုံးကပြုံးလိုက်ကာသူရဲ့ဆံပင်တွေကိုပွတ်သပ်ရင်း"ဟုတ်ပါပြီAမြို့ကိုရောက်တဲ့ထိဘဲစောင့်ပြီးရင် ငါ့အတွက်ချက်ပြုတ်ပေး"အသက်ဆယ့်ရှစ်နှစ်မပြည့်ခင်အထက်တန်းကျောင်းသားရွယ်?သူ့ကိုဝန်ခံခဲ့တာကြောင့်ဒီလိုဖြစ်ခဲ့တာလားဆိုတာကိုစိုးရိမ်သည်။သူကသူ့အဖေနဲ့သူမိထွေးကသူကိုစွန့်ပစ်ရန် အကြောင်းပြချက်ဖြစ်နေခဲ့သည်။အရင်ဘဝတုန်းကလည်း….အရင်ဘဝတုန်းကလည်းသူ့ဘေးနားမှာနေပြီးဖန်ဟောင်ဘယ်လိုဖြစ်ခဲ့ရသလဲ?
ဒါပေမယ့်ဘာဘဲဖြစ်ဖြစ်သူတို့ရဲ့အနာဂတ်မှာတော့သူနဲ့အတူကြိုးစားမယ်။
ညစာစားပြီးနောက်ဖန်ဟောင်သည်မီးဖိုချောင်ထဲသို့ဝင်သွားပြန်သည်။သူမှာချက်ပြုတ်ရန်စားစရာများ စွာကျန်သေးသည်။နောက်ပိုင်းတွင်သူတို့ကလူထူထပ်တဲ့နေရာမှာနေမည်ဖြစ်သောကြောင့် အမြင်မထူးခြားဘဲအရသာရှိပြီးအာဟာရလည်းရှိတဲ့အစားစားများကိုပြင်ဆင်ရမည်။
ဖန်ဟောင်မီးဖိုချောင်ထဲသို့ဝင်သွားတာကိုကြည့်ပြီးဟဲဇီကျုံးသည်အပင်စိုက်ရန်အတွက်အချို့အစေ့များကိုသွားရှာရန်ဆုံးဖြတ်လိုက်သည်။နေရာလွတ်ထဲရှိသစ်သီးဝလံများနှင့်ဟင်းသီးဟင်းရွတ်များ၏ အရသာသည်သူ့ကိုအစားကြူးသွားအောင်လုံးလုံးလျားလျားဆွဲဆောင်သွားသည်။ဖန်ဟောင်ကသူ့ရဲ့ဟင်းချက်skillတွေကိုပိုမိုပြသနိုင်ရန်အတွက်အစားအစာတွေပိုမိုကြီးထွားလာဖို့မျှော်လင့်နေသည်။
သူကစပါးမျိုးစေ့တစ်ထုပ်နှင့်ပြောင်ဖူးမျိုးစေ့တစ်ထုပ်ကိုယူလိုက်သည်။ဒီလိုအပင်မျိုးကို ပထမဆုံးအကြိမ်စိုက်ပျိုးခြင်းဖြစ်တာကြောင့်ဒီည မှာနည်းနည်းဘဲစိုက်ပျိုးပြီးတော့ကြိုးစားကြည့်မည်။
ကမ္ဘာပေါ်တွင်ကောက်ပဲသီးနှံ့များမစိုက်ပျိုးမီ"ပျိုးပင်"အဆင့်ရှိမှန်းမသိသောဟဲဇီကျုံးသည်စပါးပျိုးပင်စေ့တွေကိုတစ်ဝက်လောက်ယူပြီးရှည်လျားသောလယ်ကွင်းနှစ်ခုတွင်ကျဲချလိုက်သည်။ ဟဲဇီကျုံးကမျက်နှာကိုတွန့်ရှုံလိုက်ပြီးခါးကို ပွတ်လိုက်ကာ"ဒီလောက်ပင်ပန်းမှန်းသာသိရင်အပင်စိုက်တဲ့သူတွေကိုငှားပြီးသာစိုက်ပလိုက်ချင်တယ်"
သူ့ရဲ့ရည်ရွယ်ချက်ကကြိုးစားစိုက်ကြည့်ပြီးတော့ အပင်ရင့်မှည့်မည့်အချိန်ကိုမှတ်သားရန်သာဖြစ်သည်။နောက်တစ်ခုကအိမ်မှာလည်းဆန်ပမာဏကအလွန်များသည်။စပါးပင်ရိတ်သိမ်းဖို့ကလည်းတော် တော်ခတ်ခဲမည့်ပုံပေါ်သည်။ကြီးထွားနေတဲ့အချိန်ကိုသုတေသနလုပ်ဖို့မဟုတ်ရင်သူဒီလိုအချိန်တွေကို ဖြုန်းနေမှာမဟုတ်ဘူး။
စပျစ်သီးခင်းနှင့်ဖရဲသီးခင်းနောက်မှာတစ်ဝက်ပုန်းကွယ်နေတဲ့ဝါးအိမ်လေးကိုကြည့်ပြီးသတ်ပြင်းချ လိုက်သည်။ဖန်ဟောင်ကချတ်ပြုတ်ရန်အတွက်ကြိုးစားနေပြီးသူလည်းနည်းဆုံးတော့စိုက်ပျိုးကြည့်လိုက်တဲ့အတွက်ရလဒ်တစ်ခုတော့ထွက်လာမှာပါ။
ခြောက်သွေ့နေသောမြေစွန်းတွင်ပြောင်းဖူးစေ့များကိုကြဲပြီးနောက်ဟဲဇီကျုံးသည်ကိုယ်ကိုမတ်လိုက်သည်။ဖန်ဟောင်သည်သူရှိသို့စိတ်လှုပ်ရှားစွာပြေးလာသည်ကိုတွေ့လိုက်ရသည်
"စီနီယာ!!!စီနီယာ!!"