စာရင်းသွင်းပြီးနောက် ဟဲဇီကျုံးက ကားပေါ် ပြန်တက် လာပြီး အချက်ပြတာကို စောင့်နေလိုက်သည်။ ပြီးခဲ့သော နှစ်ရက်က သူတို့ စုံတွဲသည် မစ်ရှင် စတင်ရန် စောင့်ဆိုင်းနေခဲ့ရသေးကြောင့် ကောင်းမွန်စွာ အနားယူခဲ့ရပြီး မစ်ရှင်လုပ်ဖို့ တက်ကြွနေသည်။
ယေဘုယျအားဖြင့် ပြောရလျှင် စစ်တပ် စစ်ဆင်ရေး အတွင်းတွင် ရိက္ခာ မစုဆောင်းခင် လူမြင်ကွင်း က ဇွန်ဘီ အများစုကို တစ်စုတစ်စည်းထဲ စုစည်းပြီး မီးစွမ်းဖြင့် ချေမှုန်း ဖျက်စီးကြမှာ ဖြစ်သည်။
ဒါပေမယ့် စစ်တပ် နောက်ကလိုက်လာသော အသင်းများသည် လူနေရပ်ကွက် အနီးနားမှာရှိတဲ့ ဇွန်ဘီ တွေကို သူတို့ ဘာသာ ရှင်းလင်းသတ်ဖြတ်ရန် လိုအပ်သည်။
မတော်တဆမှုနှင့် ထိခိုက်ဒဏ်ရာရမှု မှန်သမျှသည် တစ်စုံတစ်ယောက်၏ ကံဆိုးမှု လို့ သာ မှတ်ယူနိုင်ပြီး မည်သူ့ကိုမျှ အပြစ်တင်လို့ မရနိုင်ပေ။
ထွက်ခွာချိန်ကို 6:45 အဖြစ် သတ်မှတ်ထားသည်။ 6:20 ဝန်းကျင်တွင် အသင်းအများစုက ရောက်ရှိလာခဲ့သည်။ တစ်ချို့ က ခေါင်းဆောင်တွေကို အစည်းအဝေးတက်ဖို့ အကြောင်းကြားလာသည်။
ဖန်ဟောင်က ကားကို စောင့်ကြည့်ရန် ကျန်ခဲ့ပြီး ဟဲဇီကျုံးက တစ်ယောက်တည်း အစည်းအဝေးလုပ်မည့်နေရာကိုသွားလိုက်သည်။ဒီစစ်ဆင်ရေးတွင် အရပ်သားစုစုပေါင်း ၁၃၄ ဦးပါဝင်ခဲ့သည်။ စာရင်းများ အရ ပါဝင်သည့် အသင်း ၃၂သင်းရှိသည်။
အများစုက ဟဲဇီကျုံး ဖန်ဟောင်တို့နှင့် အလားတူစွာပင် နှစ်ယောက်သို့မဟုတ်သုံးယောက်ဖြင့် အသင်းဖွဲ့ထားသည်။
အပြင်ထွက်တဲ့ အချိန်တိုင်း သန်မာတဲ့ လူတစ်ချို့နှင့် ပူးပေါင်း ဆောင်ရွက်ဖိုင့ ပြင်ဆင်နေတဲ့ တစ်ကိုယ်တည်း အသင်းဖွဲ့ထားတဲ့ ရဲရင့်သူ တစ်ချို့ တောင် လူနှစ်ယောက် ဖွဲ့ထားသည်။
သူတို့နှင့် ပူးပေါင်းထားသည့် အခြားလူများသည် သေချာပေါက် သူတို့ သန်မာကြောင်း သက်သေပြနိုင်ဖို့ လိုအပ်သည်။
အသင်း ၃၂သင်း အနက် လူအရေအတွက် အများကြီးရှိသော အသင်း၂သင်းသည် ဒီလို စစ်တပ်နှင့် အတူ ပူးပေါင်းလုပ်ဆောင်သော မစ်ရှင်မျိုး၌ အတွေ့အကြုံ ပိုရှိသည်။ ထိုလူများသည် လူအားလုံးနီးပါး ရောက်လာကြတာကို တွေ့ပြီးတော့ စတင်ရှင်းပြခဲ့သည်။
ဒီလို စစ်တပ်မစ်ရှင်မျိုးမှာ ပါဝင်တဲ့အခါ ကျွန်တော်တို့ အသင်းတွေက စောင့်ဖို့လိုအပ်တယ်။စစ်တပ်က အတားအဆီးတွေ ရှင်းလင်းပြီးတော့မှ ကျွန်တော်တို့ကို ဝင်ခွင့်ပြုမှာဖြစ်ပြီး အဲ့ကျမှ အထဲကို ဝင်နိုင်မှာ အကြမ်းဖျင်းပြောရမယ်ဆိုရင် ကျွန်တော်တို့ တာဝန်က လူနေ ဧရိယာထဲမှာရှိတဲ့ ဇွန်ဘီတွေကို ရှင်းလင်းပြီး ရိက္ခာစုဆောင်းဖို့ပဲ။
အထပ် ခြောက်ထပ် အောက်ရှိတဲ့ အဆောက်အအုံ တစ်ုချင်းစီကို တစ်ချိန်တည်း လူဆယ်ယောက်လောက်ဝင်ရမယ်။ ဝင်သွားတဲ့ လူတွေက ပထမထပ်က စတင်ပြီး ရှင်းလင်းရမယ်။ အကုန်လုံး ဘေးကင်းလုံခြုံအောင် အိမ်တစ်အိမ်ကို လူ၂ ယောက် တစ်ပြိုင်တည်းဝင်တာ အကောင်းဆုံးပဲ။ ဝင်ပြီးသွားရင် ခင်များတို့ရဲ့ ရရှိလာတဲ့ အကျိုးအမြတ်ကို ခွဲဝေပေးရမယ်။
ဘယ်အိမ်ကိုဝင်ရမလဲနဲ့ ခင်များတို့ ဘာအကျိုးအမြတ်တွေ ရမလဲ ဆိုတာကတော့ ကံပေါ်ပဲ မူတည်တယ် ဒါပေမယ့် အကယ်လို့ တာဝန်ကို အတူထမ်းဆောင်တဲ့လူရဲ့ ရရှိလာတဲ့ အကျိုးအမြတ်ကို တစ်စုံတစ်ယေက်က လုယူမယ်ဆိုရင်တော့......။
သူနောက်တစ်ခါ ထပ်မပြောခင် လူအုပ်ကြီးကို စေ့စေ့ကြည့်လိုက်ပြီး
"စည်းကမ်းကို မလိုက်နာတဲ့ လူတွေက အပြစ်ပေးခံရလိမ့်မယ် အဲ့တာကြောင့် ပြဿနာ မရှာကျရင်ကောင်းမယ် ဒီလို ကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အနာဂတ်မှာ မကြာခဏ ဖြစ်လာမှာဖြစ်လို့ အနာဂတ်မှာ ကျွန်တော်တို့ ပြန်ဆုံတဲ့အခါ မရှက်ရအောင် အားလုံးဘဲ တစ်ဒင်္ဂရဲ့ အကျိုးအမြတ် ကြောင့်နဲ့ မျက်ကန်းဖြစ်မှာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။"
အခြားသူတွေရဲ့ ပစ္စည်းတွေကို ခိုးယူခြင်းနှင့် ဓားပြတိုက်ခြင်းများသည် အချိန်တိုင်းဖြစ်နေကြဖြစ်သည်။ သူတို့ရဲ့ ခွန်အားက အလုံအလောက်သန်မာနေမယ်ဆိုရင် အခြားသူတွေက သူတို့ကို ဘာမှ ပြန်မလုပ်နိုင်ပေ။ ဒါပေမယ့်သူတို့က သန်မာတဲ့သူ မဟုတ်ဘူးဆိုရင် လက်စားချေခံရပြီး သူတို့ရဲ့ ကံဆိုးမှုကိုပဲ အပြစ်တင်နိုင်မှာဖြစ်သည်။ ဒီလိုစကားမျိုးကို အစကတည်းကပြောထားရန်လိုအပ်ပြီး ဘာပဲဖြစ်ဖြစ် လူတိုင်းစည်းကမ်းလိုက်နာမှသာ အကျိုးအမြတ်အများကြီး ရနိုင်မှာဖြစ်သည်။
မည်သူမှ ကန့်ကွက်တာမျိုးမရှိပေ။ အမှန်တိုင်းပြောရလျှင် စစ်တပ်ရဲ့ စီမံချက်ကို လိုက်နာခြင်းသည် တည်ငြိမ်ပြီး မည်သူမျှ ပြဿနာမရှာချင်ပေ။
အစည်းအဝေးသည် နှုတ်ဖြင့် စေ့စပ်ဆွေးနွေးခြင်းမျှသာဖြစ်သည်။ မစ်ရှင်များကို မကြာခဏ ထမ်းဆောင်ဖူးသူများသည် စည်းမျဉ်းစည်းကမ်းများကို နားလည်ကြသည်။ ပြောဆိုဆွေးနွေးပြီးနောက် သူတို့က ကားတွေဆီကို ပြန်သွားကြသည်။
6:45 တွင် ကြီးမားသော အင်အားစုကြီးသည် အင်တိုက်အားတိုက်ဖြင့် ချီတက်ထွက်ခွာသွားကြသည်။
ဒီတစ်ကြိမ် စစ်တပ်၏ ပန်းတိုင်သည် မြို့အနောက် ဘက်ရှီ ခရိုင်တစ်ခု၏ အလယ်ဗဟိုဧရိယာဖြစ်သည်။အစွန်းအဖျား ဧရိယာတွေကို အရင်က အသက်ရှင်သူများနှင့် စစ်တပ်က ရှင်းလင်းခဲ့ပြီးသားဖြစ်သည်။ အခု တစ်ကြိမ်တွင် စစ်တပ်ကားများသည် အရှေ့ကနေ လမ်းကို ရှင်းပေးနေသောကြောင့် အရှေ့သို့ ထိုးဖောက်ချီတက်ရန် လွယ်ကူနေသည်။
မနက်ခင်း ၁၀နာရီတွင် တစ်ဖွဲ့လုံး ပစ်မှတ်ထားသော ဧရိယာသို့ ရောက်ရှိလာကြသည်။ ယခင်တိုက်ပွဲတွင် အမြှောက်ပစ်ခတ်မှုကြောင့် ခရိုင်အစွန်အဖျားမှာရှိတဲ့ အဆောက်အအုံများနှင့် အိမ်အများစု ပြိုကြပျက်စီးနေကြသည်။
ဟဲဇီကျုံးကားသည် စစ်တပ်ယာဉ်တန်းထဲတွင် ရောထွေးနေပေမယ့် အရှေ့သို့ ဖြည်းညှင်းစွာချီတက်နေမှုကြောင့် စစ်တပ်နှင့် သူတို့ ကားကြားတွင် အနည်းငယ်တော့ ဝေးကွာနေသေးသည်။အရှေ့က အဖွဲ့သည် စုစည်း ရှင်းလင်းရန် အတွက် သွားရမည့်နေရာကို ဝင်သွားလိုက်ပြီး အနီးနားရှိလမ်းတွင် စုရုံးပြန့်ကျဲနေသော ဇွန်ဘီမျိုးကို သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့သည်။
ရှေ့တန်းက ပြင်းထန်သော မီးစွမ်းအင်သည် မီးကွန်ရက် တစ်ခုဖြစ်ပြီး အနီးနားက ချည်းကပ်လာသမျှ အရာအားလုံးကို ဝါးမျိုနေသည်။
ယခုအချိန်တွင် ဇွန်ဘီ အားလုံးသည် ပထမဆင့် ဇွန်ဘီ အဖြစ်သို့ ဆင့်ကဲ ပြောင်းလဲနေကြပြီဖြစ်သည်။ အခု ဇွန်ဘီများသည် လူသားတွေနဲ့ မထူးမခြားနားဘဲ ကွေးနိုင် ဆန့်နိုင်နေကြပြီ ဖြစ်သည်။ သို့သော်လည်း သွက်လက်မှုနှင့် ဉာဏ်ပညာရှိသော လူသားများပင် လျှင် ထိုကဲ့သို့ စုစည်းထားသော မီးစွမ်းအင်ကို မတွန်းလှန်နိုင်ပေ။
တတ်နိုင်သမျှ ဆုံးရုံးသွားသော နယ်မြေများနှင့် ပစ္စည်းများကို စုဆောင်းရန် အလိုငှာ အခြေစိုက်စခန်း၏ စီမံအုပ်ချုပ်သူများသည် မြို့ပတ်ပတ်လည်ရှိ ရှင်းလင်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် တပ်သားများကို အဆုံးရှုံးခံပြီး အားထုတ်ကြိုးပမ်းရန်သာ တတ်နိုင်သည်ဟု ထင်ခဲ့သည်။ ဒါက အခြေစိုက်စခန်းရှိ သာမာန်လူများ ယုံကြည်လက်ခံထားသော အရာဖြစ်သည်။
အနီးနားက နေရာများကို ရှင်းလင်းရန် ကြီးမားသော မီးစွမ်းအင်ကို အသုံးချနေတာက အခြေစိုက်စခန်းကို အသက်ရှူရန် အခွင့်အရေးပေးနေသလို ဖြစ်နေသည်။ ဘာပဲ ဖြစ်ဖြစ် ဇွန်ဘီတွေက စုဝေးပြီး လူတွေဆီလာနေတယ်!! နေရာ အနှံမှ အခြေစိုက်စခန်းသို့ ထွက်ပြေးလာကြသူများနှင့် မစ်ရှင်လုပ်ဖို့ အပြင်ထွက်ကြသူများလည်း အခြေစိုက်စခန်းသို့ ပြန်ခဲ့ကြပြီး အနောက်မှာကျန်ခဲ့တဲ့ လူတွေရဲ့ အရသာကို မြည်စမ်းဖူးသော ဇွန်ဘီများသည် အခြေစိုက်စခန်းဆီ တည့်တည့်ကြီး ဦးတည်ပြီး လာနေသည်။
ကမ္ဘာပျက်ကပ် စတင်တာ တစ်လကြာပြီးကတည်းက သေးငယ်သော အခြေစိုက်စခန်းများသည် ဇွန်ဘီများ၏ ဝန်းရံခံခဲ့ရပြီး နေ့ချင်း ညချင်း ပျက်စီးသွားခဲ့ရသည်။ အခြေစိုက်စခန်းဂိတ်များကျဆုံးပြီးနောက် အသက်ရှင် ကျန်ရစ်သူများသည်လည်း ဇွန်ဘီများ၏ စားစရာဖြစ်လာကြသည်မှာ ပြောစရာကို မလိုပေ။
ကိုယ့်ကိုကိုယ် ကာကွယ်ရန် အလို့ငှာ အခြေစိုက်စခန်းကြီးများသည် အပြင်ဘက်သို့ တိုးချဲ့ ခြင်းများ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။ အကယ်လို့ သူတို့က တိုက်ခိုက်ရန် လက်ဦးမှု ရယူလျှင် အခွင့်အရေး ရနိုင်ပေမယ့် အခြေစိုက်စခန်းမှာထိုင်နေပြီး ခုခံကာကွယ်ဖို့ စောင့်နေရင် သေလမ်းရှာသလို ဖြစ်နေလိမ့်မည်။
ရှေ့က သေနတ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ တဖြည်းဖြည်းနဲ့ နောက်လိုက်ထောက်ပံပို့ဆောင်ရေး အဖွဲ့က လူများသည် အလောင်းတွေ ကောက်ဖို့ အတွက် ထွက်လာကြသည်။
ကျန်ရှိနေသော ထောက်ပံ့ပို့ဆောင်ရေး သမားများသည် လက်နက်ကိုင် တပ်သားများ၏ အကူအညီနှင့် အတူပစ္စည်းများစုဆောင်းရန် လမ်းတစ်ဘက်သို့ ဝင်သွားသည်။
အနောက်က လိုက်လာသူများသည် ပစ္စည်းစုဆောင်းခြင်းမပြုမီ တစ်နာရီခွဲလောက် စောင့်ဆိုင်းခဲ့ရသည်။
ထို့အပြင် စစ်တပ်က စျေးဆိုင်များကို ရှင်းလင်းစုဆောင်းခဲ့ပေမယ့် အထိရသေးတဲ့ စျေးဆိုင်ငယ်များလည်းရှိသေးသည်။ ကမ္ဘာပျက်ကပ် မတိုင်ခင်ထဲက ထိုထဲက ရောင်းချသောပစ္စည်းများသည် စျေးကြီးနိုင်သော်လည်း ယခုအချိန်တွင် ဘီစကွတ် တစ်ထုပ်လောက်တောင် တန်ဖိုးမရှိတော့ပေ။
ဟဲဇီကျုံးနှင့် ဖန်ဟောင်သည် စစ်တပ်နှင့် ရောနှောပြီး အိုးများ ဒယ်အိုးများရောင်းသော ဆိုင်သို့ ဝင်သွားခဲ့သည်။ ဒီလမ်းဘေးမှာရှိတဲ့ တန်ဖိုး အရှိဆုံး အဝတ်အစားဆိုင်များနှင့် စားသောက်ဆိုင်ကယ်များကို စစ်တပ်က ရှင်းလင်းစုဆောင်းပြီးသွားပြီဖြစ်သည်။ အကြီးဆုံး အသင်းနှစ်သင်းသည် ကျန်ရှိနေသော ကလေးအဝတ်အစားဆိုင်နှင့် အထွေထွေ ကုန်စုံဆိုင်ကို ခွဲဝေယူလိုက် ပြီး တခြားသူများသည် ကျန်ရှိနေသောစတိုးဆိုင်များမှ တန်ဖိုးရှိသော အရာများကို ရွေးချယ်ယူရုံဘဲ ရှိတော့သည်။
နှစ်ယောက်သားအိုးနှင့် ဒယ်အိုးများကို စိတ်ကြိုက်ယူလိုက်ကြသည်။ စတိုးဆိုင်နောက်က ဂိုဒေါင်ထဲတွင် သေးငယ်သော ဒယ်အိုးများ အများကြီး ရှိနေတာ တွေ့တော့ ဖန်ဟောင်သည် အများစုကို နေရာလွတ်ထဲသို့ ပစ်ထည့်လိုက်ပြီး ကျန်တာကို ကားထဲ ထည့်လိုက်သည်။
လူအားလုံးသည် လူနေရပ်ကွက် တစ်ခုသို့ မရောက်ခင် စစ်တပ်နောက်ကလိုက်ပြီး အသုံးမဝင်သော စတိုးဆိုင်များစွာကို ရှာဖွေမွှေနှောက်ခဲ့ကြသည်။
"တံခါးခြောက်ပေါက်ဆီရှိတဲ့ အဆောက်အဦး ၁၂ခု ရှိတယ်" ပိုသန်မာသော အသင်း ၂သင်းထဲက ခေါင်းဆောင် တစ်ဦးက ပြောခဲ့သည်။ လူတိုင်းကို လှည့်မပြောခင် နှစ်ယောက်သား ဘေးချင်းကပ်ကာ အသံတိုးတိုးလေးဖြင့် ဆွေးနွေးခဲ့သည်။
"အဆောက်အဦးက ၁၂ခုရှိပြီးတော့ ငါတို့မှာ လူ ၁၃၀ ကျော်ရှိတယ်"
အဲ့တာကြောင့်မို့ ဘေးကင်းအောင် လူ၂ ယောက်တိုင်းက တစ်အိမ်ဝင်ပြီး ရှာဖွေလို့ ရမယ် ဘာရှာတွေ့မလဲဆို တာကတော့ ကံတရားပေါ်မူတည်တယ်။
134 ယောက်ရှိသည်။ အဆောက်အဦး ၁၂ခု ကြားတွင် ချမ်းသာသော အဆောက်အဦး အနည်းငယ်ရှိကာ အဖွဲ့ ၂ဖွဲ့က ဦးဆောင်ပြီး ခွဲဝေပေးနေသည်။ အခြားလူများသည် မကျေမနပ် ဖြစ်နေကြပေမယ့် အများစုသည် ဒီလို အများအပြားရှိနေသော အခြေအနေအောက်တွင် နှုတ်ဆိတ်ကာနေနေကြသည်။ ဘာဘဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ နေရာ တစ်ခု အတွင်းတွင် ပစ္စည်းအားလုံး သိမ်းယူနိုင်ခြင်းသည် အလွန်ရက်ရောနေပြီးသားဖြစ်သည်။