no

Font
Theme

ရုတ်တရက်တွေးမိလိုက်တဲ့အရာတစ်ခုကဟဲဇီကျုံး ရဲ့နှလုံးသားကိုလှုပ်ရှားစေခဲ့သည်။အခုလက်ရှိအပြင် ကအခြေနေသည်အရမ်းအန္တရယ်များလွန်းသည်။ အဲ့ဒါကိုတကယ်ကိုကောင်းမွန်တဲ့အခွင့်ရေးဖြစ်သည်။ဒါပေမဲ့သူအဲ့ဒါကိုဘယ်လိုလုပ်ရမှာလဲ?ဖန်ဟောင်ကိုစိတ်မပူပဲနဲ့သူဘယ်လိုလုပ်နေနိုင်မှာလဲ…..

ဟဲဇီကျုံးက သူ့ဘဝမှာ တစ်စုံတစ်ယောက်ကို သတ်ခဲ့ဖူးတယ်-အဲ့တာကိုသူဘယ်လိုလုပ်ရှောင်လွှဲနိုင်မလဲ?

သူ့အရင်ဘဝတုန်းက Overloardအသင်းက သူ့ကို စတင်အမဲလိုက်တာနဲ့တစ်ပြိုင်နက်လူတော်များများကသူတို့ကိုအခြေစိုက်စခန်းအပြင်ဘက်ဝိုင်းထားခဲ့သည်။အကယ်လို့သူတို့ကိုပြန်မတိုက်ခဲ့ဘူးဆိုရင် သူနဲ့ဖန်ဟောင်သေနိုင်သည်။

ထိုအချိန်တုန်းကဖန်ဟောင်ကသူ့ဘေးနားမှာရှိနေခဲ့သည်။ဘာစွမ်းအင်မှမနိုးထခဲ့သောကြောင့်သူ့အသက်ရှင်နိုင်ရန်အတွက်နည်းလမ်းတစ်ခုကိုဘဲသုံးပြီး တိုက်ခိုက်နိုင်ခဲ့သည်။ထိုသို့တိုက်ခိုက်ပြီးတိုင်း ဖန်ဟောင်ကသူ့ဒဏ်ရာတွေကိုနည်းနည်းချင်းစီ ကုသပေးခဲ့သည်။ထို့နေရက်တွေတုန်းက လူသားတွေကိုသတ်ရတာနဲ့ဇွန်ဘီတွေကိုသတ်ရ တာကြားမှာကွာခြားချက်သိပ်မရှိပေ။

ဒါပေမဲ့အခုဖြစ်နေတဲ့ပြဿနာက-ဒီလိုအရာမျိုးနဲ့ဖန်ဟောင်ကိုစိတ်မပူစေချင်ပေ။

ဖန်ဟောင်ကဟဲဇီကျုံးပုခုံးကိုမှီထားပြီးဟဲဇီကျုံး နှလုံးသားထဲကဖုံးကွယ်ထားသည့်သတ်ဖြတ်လို့ သောရည်ရွယ်ချက်ကိုမခံစားမိပေ။ဒါပေမဲ့အိုက်လွမ်နှင့်တခြားသူတွေ့ကိုတွေ့ဆုံပြီးနောက်မှာဟဲဇီကျုံးရဲတုန့်ပြန်မူကိုမြင်တော့သူ့ကသေချာသိသွားခဲ့သည်"အိုက်လွမ်နဲ့တခြားသူတွေကိုစီနီယာမုန်းလားဟင်?"

ဟဲဇီကျုံးကသူကိုငုံ့ကြည့်လိုက်ပြီး"မင်းပြောနိုင်တာလား?အဲ့တာအရမ်းသိသာနေလား?"သူ့မျက်နှာ ပေါ်ကပျော်ရွှင်မူနဲ့အမြတ်ဒေါသကသိသာနေရင်သူတို့လည်းမြင်နိုင်လောက်လား?အနာဂတ်မှာ အဲ့ဒါကအကျိုးသတ်ရောက်စေနိုင်လောက်လား…..

ဖန်ဟောင်ကသူ့ခေါင်းကိုခါလိုက်သည်"မသိသာပါဘူးဒါပေမဲ့ကျွန်တော်ခံစားမိတယ်"သူကမျက်မှောင် ကြုံလိုက်ကာ"အမှန်တော့ကျွန်တော်လည်းသူတို့ကိုမကြိုက်ဘူး"

"ဘာဖြစ်လို့လဲ"ဟဲဇီကျုံးကနည်းနည်းပဟေဋိဖြစ်သွားခဲ့သည်။

"ဟမ်….ကျွန်တော်သူတို့ကိုသိပ်မကြိုက်ဘူး၊သူ့မျက်လုံးကိုကြည့်လိုက်တဲ့အချိန်ကြရင်သူ့အကြည့်ကလူတွေကိုကသိကအောက်ဖြစ်အောင်လုပ်နေသလိုမျိုးပဲ"ဖန်ဟောင်ကပြောလိုက်ပြီးထမင်းလုံကိုဆက်စားနေလိုက်သည်။

ဟဲဇီကျုံးကမျက်မှောင်ကြုံလိုက်ပြီးအိုက်လွမ်ရဲ့…..အကျင့်ကိုရုတ်တရက်သတိရသွားခဲ့သည်။ဟုတ်တယ်အဲ့ဒါအကျင့်တစ်ခုပဲ။ယောက်ျားလေးကောမိန်းကလေးကောအဆင်ပြေသည်။သူကအသားလား အသီးအရွတ်လားဆိုပြီးမခွဲခြားဘူး။သူ့က ယဉ်ကျေးပြီးစာနာထောက်ထားတဲ့အသွင်ပြင်ရှိ သော်လည်းသူနဲ့အချစ်ရေးဇာတ်ခင်းနေတဲ့လူနှစ် ယောက်သို့မဟုတ်သုံးယောက်အထက်ရှိသည်။ ကမ္ဘာပျက်ကပ်စတင်ချိန်တွင်သူ့အခြေစိုက်စခန်းနဲ့ ရောနှောပေါင်းသင်းနိုင်သည့်အကြောင်းအရင်းသည်သူ့စွမ်းအင်ကြောင့်လို့တစ်ချို့လူတွေကပြောကြပေမဲ့ ကျန်တဲ့အကြောင်းရင်းကတော့သူမှာအစကတည်းကအခြေစိုက်စခန်းတွင်မြင့်မားသည့်နေရာတစ်ခုမှာရှိ  နေတဲ့သခင်တစ်ယောက်ရှိနေလို့ဖြစ်သည်။အဲ့ဒါ ကလျှော့တွက်လို့မရတဲ့အားသာချက်တစ်ခုဖြစ်သည်။

ပြီးတော့သိုက်ကျွင်းရဲ့နောက်ကြောင်းကိုသူလက်ခံနိုင်တယ်ဆိုကတည်းကဖန်ဟောင်…..

သူ့နှလုံးသားသည်ရုတ်တရက်တင်းကျပ်သွားခဲ့ပြီး ဟဲဇီကျုံးသည်အကျပ်အတည်းတစ်ခုကိုခံစားခဲ့ရသည်။အရင်ကသူ့စိတ်ထဲမှာဒီလိုမျိုးမတွေးခဲ့ဘူးပေမဲ့ ကျေးဇူးတင်စွာဖြင့်ဖန်ဟောင်ရဲ့သတိပေးချက်ကြောင့်…..

"သူ့ကကိုယ်တို့နှစ်ယောက်ပေါ်အရမ်းစိတ်အားထက်သန်နေတယ်…"သူတို့ကိုအနိုင်ယူဖို့စိတ်အားထက်သန်နေတာမျိုးမဟုတ်ပေ။ပြန်စဉ်းစားကြည့်မှာ အိုက်လွမ်ရဲ့မျက်လုံးကသူ့အပေါ်မှာထက်ဖန်ဟောင် အပေါ်ကိုဝေ့ဝဲနေခဲ့တယ်။သူ့ငါကိုကြည့်တဲ့အချိန်မှာငါရဲ့ခွန်အားကိုစောင့်ကြည့်တာဖြစ်ပေမဲ့ဖန်ဟောင်ကိုကြည့်တဲ့အချိန်မှာသူ့ကအလှတရားကိုကြည့်တာ!!!ဒီနှစ်ခုကြားကအဓိပ္ပါယ်ကလုံးဝကိုကွာခြားတယ်!!!

ဟဲဇီကျုံးရဲ့စိတ်အခြေနေအနည်းငယ်တင်းမာသွားတာကိုဖန်ဟောင်ခံစားမိတော့သူ့ကိုကြည့်ရန်ခေါင်းကိုမော့လိုက်ကာ"စီနီယာကအရမ်းသန်မာတယ် အဲ့ဒါကြောင့်မို့သူ့အသင်းထဲကျွန်တော်တို့နှစ်ယောက်ကိုခေါ်ချင်နေတာ"

ဟဲဇီကျုံးကခေါင်းကိုခါလိုက်ပြီးဖန်ဟာင်မေးစေ့ လေးကိုပင့်ကိုင်လိုက်ကာနှုတ်ခမ်းကိုနူးနူးညံညံ လေးနမ်းလိုက်ကာ"အနာဂတ်မှာ သူနဲ့ဝေးဝေးနေ၊အဲ့လူ….သူကသတ်သတ်လွတ် သမားမဟုတ်ဘူး…"

ဖန်ဟောင်ကအေးခဲသွားပြီးရီမောလိုက်ကာဟဲဇီကျုံးကနည်းနည်းလေးထူးဆန်းနေတယ်လို့တွေးလိုက်သည်။ဒါပေမဲ့အဖြစ်ပျက်တစ်ခုကရုတ်တရက်မှတ်မိသွားပြီးသူ့မျက်နှာပေါ်ကအမူရာက အေးခဲသွားကာ"အဲ့ဒါ…."

"အမ်?"

"ဒီနေ့…ကျွန်တော်တို့နွယ်ပင်ကိုလျှောဆင်းပြီး တော့ဖြတ်ကူးတဲ့အချိန်တိုင်းနှစ်ကြိမ်လောက်သူ့က တံတားအဆုံးမှာရပ်နေတာ……သူ့ကိုဝင်တိုက်မိမှာ စိုးရိမ်လို့ကျွန်တော်တံတားအဆုံးကခေါင်မိုးပေါ်ကိုဒီတိုင်းဘဲခုန်ကူးလိုက်တာ…."ဖန်ဟောင်ကမသိစိတ်၏စေ့ဆော်မူအရဟဲဇီကျုံးကလွဲပြီးတခြားသူတွေနဲ့ မည်သည့်ရုပ်ပိုင်းဆိုင်ရာအထိတွေ့မျိုးကိုမှမရှိချင် ပေ။အခုအဲ့ဒါကိုတွေးကြည့်တော့မှာအဲ့ချိန်တုန်းက အခြေနေသည်အနည်းငယ်ထူးဆန်းခဲံသည်။အခြားအသင်းရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘာကြောင့်သူ့ကငါကိုလာကြိုတာလဲ?ခွန်အားစွမ်းအားရှင်တွေရဲ့တာဝန်မဟုတ်ဘူးလား?

ဟဲဇီကျုံးမျက်နှာကချက်ချင်းမဲမှောင်သွားခဲ့သည်။ သူ့အဲ့ဒါကိုမစဉ်းစားမိခင်ကအားလုံးကပုံမှန်ပဲလို့ထင်ရပေမဲ့သူ့သေချာစဉ်းစားကြည့်လိုက်တဲ့အခါအရာရာတိုင်းကပြဿနာဖြစ်နေတယ်လို့ခံစားခဲ့ရသသည်။ သူ့ကသူ့ဒေါသကိုအောင့်အီးထားတက်တဲ့လူ တစ်ယောက်မဟုတ်ပေ။သူ့အရင်ဘဝကသူ့ လက်ကောက်ကိုအဲ့ဒီခွေးကောင်တွေခိုးသွားခဲ့တာကကိစ္စမရှိပေ။ဒီဘဝမှာက သူ့ကငါ့ဇနီးလေးကိုတောင်လုယူရဲသေးတာလား?

မှောင်နေတဲ့အချိန်မှာဘဲသူ့ကိုသတ်လိုက်သင့်လား?!

"ကျွန်တော်တို့အတွေးလွန်နေတာလဲဖြစ်နိုင်တယ် ဒါပေမဲ့ဒီလိုမျိုးဆိုသူတို့နဲ့အတူလှုပ်ရှားဖို့ အဆင်မပြေလောက်ဘူး"နေရာလွတ်ထဲတွင်ကား ရှိနေသောကြောင့်ဇွန်ဘီနည်းနည်းပဲရှိတဲ့နေရာတစ်စ်ခုရောက်တာနဲ့တစ်ပြိုင်နက်သူတို့မောင်းနိုင်သည်။ ဒါပေမဲ့အခုသူတို့ကသူတို့နဲ့အတူထွက်ပြေးဖို့ဖိအား ပေးခံခဲ့ရသည်။ပြီးတော့သူတို့ထွက်ပြေးမဲ့အစီစဉ်ကလည်းရှင်းရှင်းလင်းလင်းမရှိဘူး!!ဖန်ဟောင်က  အဲ့ဒါနဲ့ပက်သက်ပြီးမကျေနပ်တာကိုရှင်းရှင်းလင်းလင်းဖော်ပြခဲ့သည်။

ဟဲဇီကျုံးစိတ်ထဲတွင်အတွေးတစ်ခုရုတ်တရက်ပေါ်လာခဲ့ပြီးသတ်ဖြတ်ချင်တဲ့ရည်ရွယ်ချက်များပျောက်ကွယ်သွားခဲ့သည်။"အင်းမနက်ဖြန်ကြရင်သူတို့ဆီကနေခွဲထွက်ဖို့နည်းလမ်းကိုစဉ်းစားကြတာပေါ့"

သိုက်ကျွင်း၊ချူးလီလီ….အိုက်လွမ်ကိုကြိုက်နေတဲ့ လူတွေအများကြီးရှိသည်။သူ့တို့ထဲကတစ်ချို့သည် ကမ္ဘာမပျက်ခင်ကတည်းကအိုက်လွမ်ကို ကိုးကွယ်ခဲ့ကြသူများဖြစ်သည်။တစ်ချိူ့လူတွေက ကြတော့လည်းကမ္ဘာပျက်ပြီးနောက်သူ့ခွန်အား ကြောင့်ကြိုက်ကြသည်။လူတစ်ယောက်ကိုသတ်ဖြတ်ခြင်းသည်အရမ်းရိုးရှင်းသည်။သူတို့အိပ်ပျော်နေတာကိုစောင့်ပြီးသူတို့ရဲ့ခေါင်းကိုဖြတ်ပစ်လို့ရသည်။ဒါပေမဲ့သူတို့ကိုအသက်ရှင်ခွင့်ပြုပြီးလျိုဝှတ်စွာဖြင့် ဒုက္ခရောက်အောင်လု်ပလိုက်ရင်တရားခံကို        ရှာမတွေ့နိုင်တဲ့သူတို့ရဲ့ကံဆိုးတာကိုထိုင်ကြည့်နေရ တာကလည်းနည်းလမ်းကောင်းတစ်ခုဖြစ်သည်။     { အကယ်လို့သူတို့ကငါကိုအပြစ်တင်ရဲရင်ငါသူတို့ကို ငြိမ်းချမ်းစွာနဲ့ထွက်သွားခွင့်ပြုမှာမဟုတ်ဘူး}

အဲ့ဒါကသူ့အခွင့်ရေးတစ်ခုရှာဖို့လိုအပ်ရုံလောက်ပဲ…….

ဖန်ဟောင်ရဲ့ခေါင်းလေးပေါ်လက်ကိုတင်လိုက်ပြီး နူးညံသောဆံခြည်မျှင်လေးကိုညင်သာစွာပွတ်သပ် ပေးလိုက်သည်။"နောက်ပိုင်းကြရင်သူတို့အသင်းနဲ့ ဝေးဝေးနေရအောင်၊သူတို့ကိုယ်သူ့တို့အတွက်  နာမည်ကောင်းရအောင်လုပ်နေတဲ့အသင်းမျိုးကအရမ်းရှုပ်ထွေးတယ်၊ကိုယ်တို့သူတို့နဲ့ရောထွေးဖို့မလိုအပ်ဘူး"

သူတို့နှစ်ယောက်သည်တစ်လှည့်စီအိပ်ခဲ့ကြပြီးညသန်းခေါင်သို့ရောက်သောအခါတံခါးခေါက်သံထွက် ပေါ်လာသည်။ဟဲဇီကျုံးကညသန်းခေါင်ရောက်မှ ကင်းစောင့်သူဖြစ်သည်။အသံကိုကြားတော့ ဖန်ဟောင်ဆက်ပြီးအိပ်ရန်အဝတ်တွေလိပ်ထားတဲ့ အပေါ်ခေါင်းကိုညင်သာစွာတင်ပေးခဲ့ပြီးထလိုက် ကာတံခါးကိုသွားဖွင့်ခဲ့သည်။

ချူးလီလီဖြစ်နေတာလား?သူအကြံတစ်ခုတွေးမိရုံရှိ သေးတယ်ချူးလီလီကသူ့တံခါးရှေ့ကိုသူမဘာသာ ရောက်လာခဲ့သည်။

"ဘာလဲ"

"အမ်….ဝမ်းကွဲငါ့အထဲဝင်ပြီးပြောလို့ရလား?"

အမှောင်ထဲတွင်ဟဲဇီကျုံးသည်ချူးလီလီဝင်ရန် သူ့ခန္ဓာကိုယ်ကိုမဖယ်ပေးခင်ခဏလောက်တိတ်ဆိတ်နေခဲ့သည်။

သူတို့နှစ်ယောက်သည်ဖန်ဟောင်အိပ်နေတဲ့အထဲထိ မသွားပဲတံခါးနားမှာပဲရပ်ခဲ့သည်။

ချူးလီလီကသူ့ခေါင်းကိုငုံ့ထားခဲ့သည်။ဟဲဇီကျုံးကသူ့မကိုမမြင်ချင်မှန်းသူ့မကိုမကြိုက်မှန်းသိသည်။ သူမအထက်တန်းဒုတိယနှစ်တုန်းကသူ့မအထက်တန်းအတန်းဖော်တစ်ယောက်သည်ဟဲဇီကျုံးကို ကြိုက်ခဲ့သည်။ဒါပေမဲ့သူ့မကအောင်သွယ်ပေးဖို့ ကူညီတဲ့အခါဟဲဇီကျုံးအဲ့ဒါကိုပြင်းပြင်းထန်ထန်ငြင်းဆိုခဲ့ပြီးသူ့မအတန်းဖော်ရှေ့မှာမျက်နှာပျက်အောင် လုပ်ခဲ့တာမလား?

အဲ့ဒီမိန်းကလေးရဲ့အသွင်ပြင်ကတကယ်တော့…. ဘေးနားကနေကြည့်ပြီးတော့တောင်သူမ စိတ်မကောင်းဖြစ်ခဲ့ရသည်။ဒါပေမဲ့သူ့အိမ်မှာရှိတဲ့ချိန်မှာသူ့မအမေကဟဲဇီကျုံးအမေကိုပါးရိုက်ခဲ့သည် အဲ့ဒီကိစ္စကတော့သူ့မဒုတိယကြိမ်မျက်နှာပျက်ရတဲ့ ကိစ္စဖြစ်ပြီးနောက်ပိုင်းကြတော့လည်းသူ့gayတစ် ယောက်ဖြစ်နေတာကိုဖော်ထုတ်ခဲ့တယ်…..အဲ့ဒီ အရာတွေအကုန်လုံးပေါင်းစပ်လိုက်တဲ့အခါသူ့မက ဟဲဇီကျုံးရဲ့"ကောင်းကင်နဲ့မြေကြီး"ရန်သူအဖြစ် အထည့်ခံလိုက်ရသည်။  

ဒါပေမဲ့အခုချိန်မှာ……သူတို့နှစ်ယောက်ကြားမှာ ရှိတဲ့ဆက်ဆံရေးကိုကောင်းမွန်စေဖို့နည်းလမ်း တစ်ခုရှာရန်လိုအပ်သည်။

ချူးလီလီသည်သူမရဲ့မလိုလားမူတွေကိုဖုံးကွယ် ထားပြီးသူ့မလက်ကိုင်ပါဝါကိုထုတ်လိုက်ပြီးမျက်ရည်များကိုသုတ်လိုက်ကာ"အစ်ကိုနင်ငါ့ကို သဘောမကျတာငါသိပါတယ်၊ငါကအမြဲတမ်း တည့်တိုးပြောတက်ပြီးတော့လူတွေစိတ်အနှောက်ယှတ်ဖြစ်အောင်လုပ်မိခဲ့တယ်၊ဒါပေမဲ့အခုကမ္ဘာပျက်ကပ်ကြီးထဲမှာငါကနင်ရဲ့တစ်ဦးတည်းသောဆွေးမျိုးလေ…အဖေနဲ့အမေကလည်းကမ္ဘာပျက်ကပ်စဖြစ်တဲ့နေကတည်းကသေသွားခဲ့တယ်…ပြီးတော့ငါFမြို့ကနေအစ်ကိုDeနဲ့ထွက်ပြေးလာခဲ့တယ်သူကငါကို ဂရုစိုက်ပေးခဲ့တယ်ဒါပေမဲ့ဒီနေ့ပဲ……" 

သူမပြောတဲ့အစ်ကိုDeသည်ဒီနေ့ရင်တုံးသတ်တာခံလိုက်ရတဲ့တစ်ယောက်မှန်းသဘောပေါက်ခဲ့သည်။

ဟဲဇီကျုံးဘာမှမပြောတာကိုမြင်မှချူးလီလီသည် သူ့မမျက်ရည်များကိုသုတ်လိုက်သည်။"ငါမှာစွမ်းအင်ရှိပေမဲ့လည်းOverloardအသင်းရဲ့တစ်ဦးတည်း သောစွမ်းရှိတဲ့သူမဟုတ်ဘူး!!ပြီးတော့ငါ့စွမ်းအင်ကလည်းတိုက်ခိုက်ရေးစွမ်းအင်အမျိုးစားမဟုတ်ဘူး၊ ဝမ်းကွဲအိုက်လွမ်နဲ့သူ့အသင်းက -သူတို့အကုန်လုံးက အရမ်းတော်ကြတယ်၊နင်ဘာဖြစ်လို့သူ့တို့အသင်းထဲ ဝင်ဖို့မစဉ်းစားတာလဲ?အဲ့ဒါဆိုငါကိုလည်းကူညီရာ ရောက်တယ်လေ!!"

ဟဲဇီကျုံးကသူ့မပြောနေတဲ့အကြောင်းရာကိုဆက်မပြောချင်သောကြောင့်စကားလမ်းကြောင်းလွှဲလိုက်သည်"မင်းကပ္ပတိန်ကမင်းကိုတော်တော်လေး ဂရုစိုက်ပါတယ်"

"ဟမ်?"ချူးလီလီကကြောင်အအဖြင့်ကြည့်နေမိသည်။ 

အမှောင်ထဲတွင်ဟဲဇီကျုံးရဲ့ပုံသဏ္ဍာန်ကပုံးကွယ်နေ သောကြောင့်ချူးလီလီကသူ့ရဲ့မျက်နှာအမူရာကော သူ့မျက်လုံးထဲကနည်းမလည်နိုင်သောတောက်လောင်မူကိုကောမမြင်နိုင်ပေ။

"မင်းစွမ်းအင်ကထောက်ပံကူညီတဲ့အပိုင်းမှာ အလေးသာတယ်၊အကယ်လို့မင်းကောင်းတဲ့မျိုးစေ့ကိုသာရှာနိုင်မယ်ဆိုရင်ဇွန်ဘီတွေကိုတိုက်ခိုက်ရာ မှာလည်းပါဝင်နိုင်လာမယ်၊ဘာပဲဖြစ်ဖြစ်မင်းက မိန်းကလေးတစ်ယောက်ဆိုတော့အခြေစိုက်စခန်း ရဲ့ထောက်ပံ့ပို့ဆောင်ရေးအပိုင်းမှာလုပ်တာ    ပိုကောင်းတယ် မင်းရဲ့စွမ်းအင်နဲ့ဆိုမင်းကိုထောက်ပံ့ ပေးပြီးကူညီပေးတဲ့အသင်းကိုရှာနိုင်မှာပါမင်းမျိုးစေ့ တွေကိုစုဆောင်းမယ်ဆိုရင်မင်းအကျိုးအမြတ် အများကြီးရမှာသေချာပေါက်ပဲ"ဟဲဇီကျုံးကသူ့မကို စကားအများကြီးပြောတာရှားပါးသည်။ချူးလီလီက သေချာနားထောင်ခဲ့သည်-ဟဲဇီကျုံးကအရမ်းတော်တယ်ဆိုတာသူမအမြဲတမ်းသိသည်။သူ့မကလေးတုန်းကဆိုသူ့မအမေက"သူ များမိသားစုရဲ့ကလေးကိုကြည့်စမ်းဆိုပြီး"အမြဲတမ်းနှိုင်းယှဉ်ခံခဲ့ရသည်"မင်းငါမသိပါဘူးလို့ပြောနိုင်တယ်ဒါပေမဲ့မင်းခေါင်းဆောင်ရဲ့မျက်လုံးတွေက တခြားသူတွေနဲ့မတူဘူးဆိုတာကိုငါခံစားလို့ရတယ်သူမှာအကြံစည်တစ်ခုရှိတယ်လို့တော့ငါအာမမခံနိုင်ဘူးဒါပေမဲ့ငါကလည်းယောက်ျားလေးတစ်ယောက်ပဲလေသူ့ကမင်းအပေါ်တကယ်ကောင်းပါတယ်"

ဟဲဇီကျုံးကသူ့စိတ်နဲ့ဆန့်ကျင်ဘက်ချီးမွန်းတဲ့ စကားတွေကိုပြောလိုက်ပြီးတော့သူ့ကိုယ်ကျင့် တရားအတွက်ဖယောင်းတိုင်ကိုတိတ်တိတ်လေး မီးညှိလိုက်သည်။ဒီလိုစိတ်ပျက်စရာကောင်းသော စကားမျိုးကိုသူမပြောချင်ပေ။ရုတ်တရက်ကြီး ဒီလိုအကြံမျိုးပေါ်လာအောင်ဘယ်သူလုပ်တာလဲပြီးတော့သူ့တံခါးဆီကိုချူးလီလီသူ့မဘာသာရောက် လာအောင်ပို့လိုက်တာလဲ?

ဟဲဇီကျုံးဘာတွေစဉ်းစားနေမှန်းကိုသူ့မမသိပေ ဒါပေမဲ့ဟဲဇီကျုံးရဲ့စကားတွေနဲ့ဒီနေ့အိုက်လွမ်ရဲ့ ထူးခြားတဲ့ဂရုစိုက်မူတွေကြောင့်သူ့မမျက်နှာက နည်းနည်းပျာယာခတ်သွားသည်။သူ့မခေါင်းကိုငုံ့ လိုက်ပြီးတော့လက်တွေကိုဖျစ်ညှစ်ကာ"သူ့က နာမည်ကြီးတစ်ယောက်လေဘယ်မိန်းမကိုမှ သူ့မြင်မှာမဟုတ်ဘူး…."

"မင်းရဲ့ရုပ်ရည်ကဘယ်လောက်ချောနေပါစေအဲ့ဒါကမသင့်တော်ဘူးခုလိုကမ္ဘာပျက်ကပ်အချိန်မှာ မင်းရဲ့စွမ်းအင်ကသူတို့အသင်းတွက်အရမ်းအသုံးဝင်တယ်"သူ့စကားပြောပြီးနောက်ချူးလီလီရဲ့စိတ်ထဲတွင်အတွေးပေါင်းစုံတွေးမိလာကာသူ့မစိတ်တွေ ရူးသွပ်သွားခဲ့သည်။

အခန်းထဲတွင်ဖန်ဟောင်သည်တစ်ဖတ်ကိုလှည့်အိပ်လိုက်တော့ဟဲဇီကျုံးရှိမနေတာကိုတွေ့သွားခဲ့သည်။ သူ့ကအိပ်ချင်မူးတူးနဲ့"ဇီကျုံး….."လို့ခေါ်ခဲ့သည်။

"ကိုယ်ဒီမှာ"ဟဲဇီကျုးကထူးလိုက်ပြီးတော့ချူးလီလီ ဘက်သို့ပြန်လှည့်ကာ"နောက်ကျနေပြီ၊မနက်ခင်းအစောကျရင်ငါတို့ပြေးလွှားပြီးသွားရမှာမင်းပြန်ပြီးတော့မြန်မြန်အနားယူသင့်တယ်"

ချူးလီလီကခေါင်းညိမ့်လိုက်ပြီးလှည့်ထွက်လာခဲ့သည်။ဟဲဇီကျုံးပြောခဲ့တာတွေကိုသူ့မစိတ်ထဲမှာစဉ်း စားနေတုန်းဖြစ်သည်-ဟဲဇီကျုံးတောင်မြင်နိုင်တယ်ဆိုတော့အိုက်လွမ်က ငါ့အပေါ်တကယ်ကြီးကိုကွာခြားနေတာဖြစ်လောက်တယ်!!!

သူ့မခေါင်းထဲကိုအတွေးတစ်ခုဝင်သွားပြီးနောက်တွင်၎င်းကိုထိန်းမရတော့ပေ။ဘာပဲဖြစ်ဖြစ်သူ့ရည်စားကသေသွားပြီးအဲ့တေ့ကြောင့်အိုက်လွမ်ဆီသွားပြီး အတင်းဖျင်းပြောရန်လူတွေကိုဖိတ်ခေါ်ရမယ်ဒါပေမဲ့….

အဲ့ဒါကိုစဉ်းစားနေတုန်းသိပ်မဝေးတဲ့နေရာမှတံခါးကပွင့်လာခဲ့သည်။လူရိပ်တစ်ခုလျှောက်ထွက်လာခဲ့သည်။

"ဘယ်သူလဲ?"

"ကျွန်မပါ"

"အိုလီလီအရမ်းနောက်ကျနေပြီကိုမင်းဘာဖြစ်လို့ထွက်လာတာလဲကောရစ်တာထဲမှာလုံခြုံတယ်ဆိုပေမဲ့ ဂရုစိုက်တာပိုကောင်းတယ်"အဲ့ဒါကအိုက်လွမ်ရဲ့အသံဖြစ်သည်။

ရုတ်တရက်ချူးလီလီနှလုံးခုန်လာသည်။သူ့မက ခေါင်းကိုငုံ့ထားပြီးနှာခေါင်းကိုနှစ်ကြိမ်လောက်ပွတ်လိုက်ကာငိုသံတစ်ခုလုပ်လိုက်သည်။

အိုက်လွမ်ကသူမရဲ့အသံအနေထားကိုကြားတော့ လျှောက်လာပြီးမေးမြန်းခဲ့သည်"ဘာဖြစ်တာလဲ"

သူ့မကခေါင်းကိုခါလိုက်ပြီး"အိုက်လွမ် ကျွန်မက အသုံးမကျဘူးမလား?သူကျမကိုကာကွယ်ဖို့လုပ်ခဲ့လို့မဟုတ်ရင်…."

အိုက်လွမ်ကဒီလိုမျိုးပွေ့ဖတ်မူမျိုးနဲ့အသားကျ နေပြီသားဖြစ်သည်။အဲ့ဒါအပြင်ချူးလီလီကသူ့အသင်းသားတစ်ယောက်ဖြစ်သောကြောင့်သူ့မကိုချက်ချင်းတွန်းထုတ်ဖို့မလွယ်ကူပေ။ပြီးတော့သူမှာ ထူးခြားတဲ့အပင်စွမ်းရည်လည်းရှိသေးသည်။နာကျင်နေသောအမျိုးသမီးတစ်ယောက်ကိုနှစ်သိမ့်ခြင်းသည်အိုက်လွန်ရဲ့အကျွမ်းကျင်ဆုံးသောအရာတစ်ခုဖြစ်သည်။အသံကိုကြားတော့သူ့ကသူ့လက်ကို မြှောက်လိုက်ပြီးနှစ်သိမ့်မူကိုပြသရန်သူ့မပုခုံးကို ညင်သာစွာပုတ်ခဲ့ပြီးချူးလီလီထွက်လာသော ပိတ်ထားသည့်ဟဲဇီကျုံးနဲ့ဖန်ဟောင်တို့တံခါးကို တဝဲလည်လည်ကြည့်နေခဲ့သည်။

"အဲ့ဒါမင်းကြောင့်မဟုတ်ပါဘူးမင်းတစ်စုံတစ်ယောက်ကိုအပြစ်တင်ချင်တယ်ဆိုငါကိုတင်ရမှာပဲ‌ ခေါင်းဆောင်ကအားနည်းလွန်းတော့သူ့အသင်းသားတွေကိုမကာကွယ်နိုင်ခဲ့ဘူး…."

"ကျွန်မကရှင့်ကိုဘယ်လိုအပြစ်တင်နိုင်မှာလဲအဲ့ဒီအချိန်ကအရမ်းအန္တရယ်များတယ်…." 

တစ်ယောက်ကနှလုံးသားကိုနှစ်သိမ့်ပြီးအနိုင်ရဖို့ ရည်ရွယ်ချက်ရှိသည်။တစ်ယောက်ကတော့သူ့ကိုယ်သူပွေ့ဖတ်ဖို့လိုလိုလားလားဝင်ရောက်ခဲ့သည်။ အိုက်လွမ်ခုနကထွက်လာသောအခန်းထဲသို့ ပုံရိပ်နှစ်ခုကပျောက်ကွယ်သွားခဲ့သည်။



There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment