no

Font
Theme

ဟဲဇီကျုံးရဲ့ဂရုမစိုက်သောမထူးခြားနားစကားသံကို ကြားလိုက်ရပေမယ့်ချူးလီလီကဂရုမစိုက်ဘဲ သူမညှစ်ထုတ်ထားသောမျက်ရည်တွေကိုသုတ်ပစ်လိုက်သည်။"ရှင်ဘယ်တုန်းကအခြေစိုက်စခန်းကို ရောက်တာလဲ၊ရှင်ဘယ်မှာနေနေတာလဲ၊စကားမစပ်ကျွန်မကအခုoverloardအသင်းထဲကိုဝင်ထားတာ၊ ရှင်တော့မှအခုအသင်းရှိနေပြီလား၊ကျွန်မတို့အသင်းမှာဝင်ဖို့စဉ်းစားကြည့်ပါလား၊ကျွန်မတို့အသင်းက….."

ဟဲဇီကျုံးကသူ့မကိုစကားဖြတ်ပြောလိုက်သည်" ငါတို့ကအသင်းဖွဲ့ပြီးသား"ခုနလေးတင်ကဘဲ ချူးလီလီလက်မောင်းကအသင်းတံဆိပ်ကိုမြင်လိုက်သည်။သူမဒီလောက်အစောကြီးအဲ့အသင်းထဲဝင်ခဲ့လိမ့်မယ်လို့တော့သူ့မမျှော်လင့်ထားပေ။

ဟဲဇီကျုံးရဲ့အသံထွက်လာတော့နောက်ထပ်လူတစ်ယောက်သည်ပြုံးလိုက်ပြီးပြောလိုက်သည်"မင်းတို့အဖွဲ့ဆောင်ရွတ်မယ့်မစ်ရှင်ကဘာလဲမသိဘူး"

သူတို့အသံကြားသောအခါလှည့်ကြည့်လိုက်တော့ ကမ္ဘာမပျက်ခင်ကကော်ပျက်ပြီးသွားတော့ကိုမြင်ဖူးခဲ့သည့်ရင်းနှီးနေသောမျက်နှာတစ်ခုကိုမြင်လိုက်ရသည်။အိုက်လွမ်သည်ပြုံးနေသောမျက်နှာလေးဖြင့်ဟဲဇီကျုံးနှင့်ဖန်ဟောင်တို့ကိုနူးညံသောသဘော ထားဖြင့်ကြည့်ပြီး"ကိုယ်ကိုမိတ်ဆက်ပါရစေ၊ ကျွန်တော်ကoverloard အသင်းရဲ့ခေါင်းဆောင်ပါ၊ ကျွန်တော်တို့အခုမစ်ရှင်တစ်လိုလုပ်ဖို့ပြင်ဆင်နေ တာပါဒါပေမယ့်အခုကျွန်တော်တို့အသင်းထဲမှာ လူအနည်းရမ်းနည်းနေတယ်၊ပြီးတော့စွမ်းအားရှင် အရေတွက်ကလည်းသိပ်မများဘူး၊ကျွန်တော်တို့က ပူးပေါင်းဆောင်ရွတ်မယ့်အသင်းတစ်သင်းကိုရှာနေတာပါ၊ကျွန်တော်တို့နဲ့အလုပ်အတူတူတွဲလုပ်ဖို့စိတ်ဝင်စားလားမသိဘူး"ထို့နောက်ချူးလီလီကိုကြည့်လိုက်သည်-ချူးလီလီကငတုံးတစ်ယောက်လိုအမူအ ရာဖြင့်စိတ်လှုပ်ရှားနေပြီး-သူ့ကချောမောခန့်ညား စွာပြုံးပြလိုက်သောကြောင့်သူမရူးသွပ်လုနီးပါးဖြစ်သွားသည်။"ခဗျားတို့ကလီလီရဲ့သူငယ်ချင်းတွေ မလား?သူစိမ်းအသင်းတွေနဲ့အလုပ်တွဲလုပ်တာထက်ကိုယ့်အသိမိတ်ဆွေနဲ့အလုပ်တွဲလုပ်တာပို ကောင်းပါတယ်ဗျာ"

ဟဲဇီကျုံးကစိတ်ထဲကနေလှောင်ပြောင်သရော်လိုက်ပြီးအရူးတစ်ယောက်နဲ့တူနေတဲ့ချူးလီလီကိုကြည့် တောင်မကြည့်ဘဲ"မင်းတို့အသင်းလုပ်မယ့်မစ်ရှင်ကိုလည်းငါတို့မသိဘူး၊ပြီးတော့ငါတို့အသင်းမှာကလူနှစ်ယောက်ဘဲရှိတာ၊မင်းတို့ကိုမကူညီနိုင်မှာစိုးရိမ်တယ်"

"လူနှစ်ယောက်ထဲ"အိုက်လွမ်ကမျက်ခုံးပင့်လိုက် သော်လည်းအသံထွက်လာသူမှမှိုင်တွေငေးမောနေ ရာမှအသိပြန်ဝင်လာတဲ့ချူးလီလီဖြစ်သည်။သူမက တိတ်ဆိတ်နေသောဖန်ဟောင်နှင့်ဟဲဇီကျုံးကို ကြည့်လိုက်သည်"ရှင်တို့နှစ်ယောက်ထဲလား၊မစ်ရှင်တွေလုပ်တာကနှစ်ယောက်ထဲဆိုအရမ်းအန္တာရယ် များတယ်၊ငါတို့အဖွဲ့ထဲဝင်လိုက်ပါလား"အိုက်လွမ်ကသူ့မဘေးမှာရှိနေသောကြောင့်အရင်ကထက် ပိုပြီးတော့ယုံကြည်မူရှိလာသည်။ဟဲဇီကျုံးနှင့်ဖန် ဟောင်အခြေစိုက်စခန်းသို့ရောက်လာသည်မှာဘယ် အချိန်ကဖြစ်ပါစေအိုက်လွမ်ရဲ့overloardအသင်းသည်အရမ်းနာမည်ကြီးနေပြီဖြစ်သောကြောင့်သူတို့ ကြားဖူးလောက်သည်။"အခုချိန်မှာကျွန်မတို့overloard အသင်းကအခြေစိုက်စခန်းထဲမှာအသန်မာဆုံး ဘဲ၊ပြီးတော့အသင်းထဲကစွမ်းအားရှင်အရေတွက်ကလည်းထိပ်ဆုံးသုံးသင်းထဲမှာရှိတယ်"

"စိတ်မကောင်းပါဘူး၊ငါတို့နှစ်ယောက်ကခင်ပွန်းနဲ့ ဇနီးအသင်းဖြစ်တာမလို့ဒီလိုကပိုအဆင်ပြေတယ်"ဟဲဇီကျုံးကအပြုံးတုဖြင့်ချူးလီလီကိုနောက်ထပ် စကားဖြတ်ပြောလိုက်သည်။

ခင်ပွန်းနှင့်ဇနီးအသင်း………..သူ့အဲ့တာကိုပြောတဲ့အခါသူ့မရှက်ဘူးလားဘဲ?

ယင်ကောင်တစ်ကောင်မျိူချလိုက်ရသလိုမျိုးချူးလီလီသည်ဆန္ဒမရှိစွာဖြင့်သူ့မစကားလုံးတွေကိုမျိုသိပ်လိုက်ပြီးသူ့မရဲ့အကြည့်တွေက"ခင်ပွန်းနှင့်ဇနီးသည်"ဆိုသောစကားကြောင့်ရှက်ပြီးခေါင်းငုံထားကာ ဘေးမှာရပ်နေသည့်ဖန်ဟောင်ဆီသို့ရွှေ့သွားသည်။

သူ့ကိုအရင်ကဟဲဇီကျုံးအိမ်မှာတွေခဲ့ဘူးတဲ့လူတစ် ယောက်အဖြစ်သာသူမသိခဲ့တာဖြစ်သည်။သူမသူ့ကို မကြည့်ရဲသည့်အကြောင်းပြချက်မှာသူ့မoverloard အသင်းထဲဝင်ခဲ့ခြင်းသည်သူ့မရဲ့ယာယီရည်းစားကို စွန့်ပစ်ပြီးခေါင်းဆောင်ရဲ့အိပ်ယာပေါ်ကိုတွယ်တက်ဖို့လျိုဝှတ်စွာစီစဉ်ထားသောကြောင့်ဖြစ်သည်။ အကယ်လို့အိုက်လွမ်ကအရမ်းလှတဲ့ကောင်လေးကို မြင်သွားပြီးစိတ်ဝင်စားသွားရင်သူမအစီစဉ်တွေ လုံးဝကျရှုံးသွားမှာဖြစ်သည်။

အိုက်လွမ်ကသူ့မျက်ခုံးကိုအနည်းငယ်ပင့်လိုက်ပြီး ထိုကောင်လေးလက်တွင်လက်စွပ်ဝတ်ထားခြင်း အပေါ်မအံ့ဩတော့ပေ။သူ့မျက်နှာမှာနေကာမျက်မှန်ဝတ်ထားပြီးဦးထုပ်ဆောင်းထားရင်တောင် ထိုကောင်လေးသည်အရင်ကသူ့ဗီလာမှတွေ့ခဲ့ဖူးတဲ့ ကောင်လေးမှန်းသူမှတ်မိသည်။

တစ်စုံတစ်ယောက်ရဲ့အိမ်သားလေးဖြစ်ရုံဘဲမဟုတ်လား၊သူ့ကိုဖမ်းဆုပ်ဖို့ပိုပြီးအရသာရှိသွားတာမဟုတ်လား။

အိုက်လွမ်ကပိုပြီးဖော်ဖော်ရွှေရွှေပြုံးလိုက်ကာ" ကျွန်တော်တို့က17ကြိမ်မြောက်မစ်ရှင်ကိုလုပ်တော့မှာ၊လီလီလိုအပ်တဲ့တစ်ချို့အရာတွေကိုလည်း စုဆောင်းဖို့သွားမှာ၊မြို့အလယ်ပိုင်းကိုသွားရင် ပိုအန္တာရယ်များနိုင်ပေမယ့်အကယ်လို့ကျွန်တော်တို့ အောင်မြင်ရင်ကျွန်တော်တို့အကျိုးအမြတ်တွေ အများကြီးရနိုင်တယ်၊အဲ့တာကသာမာန်မစ်ရှင်ထက်တော့ပိုလိမ့်မယ်၊ခဗျားတို့စဉ်းစားကြည့်ပါ"ထို့နောက်ချူးလီလီအား"ငါStarry Starအဖွဲ့နဲ့အရင်သွား ညှိုနှိုင်းလိုက်ဦးမယ်မင်းဝမ်းကွဲနဲ့စကားပြောလိုက် ဦး"

ချူးလီလီရဲ့စိတ်လှုပ်ရှားလွန်းနေတဲ့ပုံကိုကြည့်ပြီး သူ့မကိုဘဲတုန်းကမှသဘောမကျခဲ့တဲ့ဖန်ဟောင်သည်နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်သည်။ အရူးကိုအတုခိုးနေတဲ့မိန်းမ!!သူမကသူတို့နောက် ဆုံးတစ်ခေါကတွေတုန်းကထက်တောင်ပိုကြောက်ဖို့ကောင်းသေးတယ်!!!!

ချူးလီလီကလူမဆန်စွာချောမောခန့်ညားသော အိုက်လွမ်ကိုကြည့်နေခဲ့ပြီးသူ့မဝမ်းကွဲကိုဖြားယောင်းသွေးဆောင်ရန်လုပ်လိုက်သောအခါတွင်သူမတွေ့လိုက်ရသည်…..လူတွေကဘယ်ကိုရောက်သွားတာလဲ

ဟဲဇီကျုံးကဖန်ဟောင်ကိုအခြားနှစ်ယောက်အား စကားသွားပြောရန်ဆွဲခေါ်လိုက်ပြီးချူးလီလီကို အာရုံမစိုက်တော့ပေ။လူစိမ်းအမျိုးသားနှစ်ယောက်နဲ့စိတ်လှုပ်ရှားစွာစကားပြောနေသောဟဲဇီကျုံးကိုတွေ့တော့ချူးလီလီသည်အံကြိတ်လိုက်ပြီးအချိန် ကောင်းမဟုတ်သည်ကိုသိသောကြောင့်ဘေးတွင် ရပ်စောင့်နေခဲ့သည်။

အိုက်လွမ်သည်သူမကိုလျစ်လျူမရှုခြင်းသည်သူတို့ရဲ စွမ်းအားတွေကိုတန်ဖိုးထားတယ်လို့ဆိုလိုတာဖြစ်သည်။ကမ္ဘာမပျက်ခင်ကတည်းကသူက‌ယောက်ျားတွေအပြင်မိန်းမတွေနဲ့ကောအိပ်တယ်ဆိုတာနဲ့ပတ်သတ်ပြီးကောလဟာလတွေကြားခဲ့ဖူးသည်။သပုပ်လေလွှင့်ပြောနေတာဘဲ!!!သရေဖျက်မူဘဲ!!သူနှင့်အမျိုးသမီးကြယ်ပွင့်အချို့နဲ့ပတ်သက်ပြီး အတင်းအဖျင်းထွက်ခဲ့သည်မှာသေချာသည်။ ဘာကြောင့်သူ့အပေါ်ကိုမီဒီယာတွေကညစ်ပတ်တဲ့ မြောင်းပုတ်ရေတွေကိုလောင်းလိုက်တာလဲ?

"……ပြီးခဲ့တဲ့တစ်ခေါက်ကကျေးဇူးတင်ပါတယ်၊မင်းတို့မစ်ရှင်အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့တယ်မလား"

ဟဲဇီကျုံးနှင့်ဖန်ဟောင်တို့သည်အရင်ကစည်သွပ်ဘူး ဂိုဒေါင်တွင်တွေ့ဖူးသည့်လူနှစ်ယောက်နှင့်စကား ပြောနေသည်။တစ်ယောက်ရဲ့နာမည်ကရှန်ဟိုက်ပင်းဖြစ်ပြီးနောက်တစ်ယောက်ကလျိုကျန့်ဖုန်းဖြစ်သည်။လျိုကျန့်ဖုန်းသည်ခွန်အားစွမ်းအားရှင်ဖြစ်ပြီး သူ့ရဲ့ဒဏ်ရာတွေအပြည့်အဝပြန်ကောင်းလာပုံပေါ်သည်။

ဟဲဇီကျုံးကခေါင်းညိတ်လိုက်သည်။ထိုလူနှစ်ယောက်ကိုချူးလီလီနှင့်အိုက်လွမ်တို့ထက်ပိုပြီးစကား ပြောရန်ဆန္ဒရှိသည်။သူတို့ရဲ့လက်မောင်းပေါ်ကိုတစ်ချက်ကြည့်လိုက်ပြီး"မင်းတို့ကSamsaraအသင်းထဲကိုဝင်ခဲ့တာလား"

ရှန်ဟိုက်ပင်းကပြုံးပြီးခေါင်းညိတ်လိုက်ကာ"သူတို့အဖွဲ့မှာပါဝင်ဖို့စွမ်းအားရှင်တစ်ယောက်ဖြစ်ဖို့မလို ဘူးလေ၊ငါကသာမန်လူတစ်ယောက်ပေမယ့်ငါမှာ သေနတ်နဲ့ပတ်သက်တဲ့အတွေ့ကြုံရှိပြီးလက်တန်းတာကြောင့်ငါကိုဝင်ခွင့်ပြုခဲ့တယ်၊ငါတို့လမ်းလယ် မှာတွေ့ခဲ့တာအခြေစိုက်စခန်းကိုပြန်ရောက်တော့ငါတို့လည်းသူတို့အဖွဲ့ထဲဝင်လိုက်တယ်"

အခုချိန်တွင်အသင်းများစွာသည်လူစုဆောင်းနေပေမယ့်စွမ်းအားရှိတဲ့လူသို့မဟုတ်တိုက်ခိုက်နိုင်စွမ်းရှိတဲ့လူတွေကိုဘဲစုဆောင်းရတာနှစ်သက်ကြသည်။ ရှန်ဟိုက်ပင်းရဲ့အပြင်ပိုင်းပုံစံကသာမာန်လူနဲ့တူပြီးသူမှာကြွတ်သားတွေအများကြီးမရှိပေ။သို့သော် သူသည်သေနတ်ကိုအသုံးပြုပြီးသတ်မှတ်ထားသောပစ်မှတ်ကိုပစ်ခတ်နိုင်သောကြောင့်၎င်းကိုကျွမ်းကျင်မူတစ်ခုအဖြစ်မှတ်ယူနိုင်သည်။

သေနတ်တွေကသာမာန်လူတွေထင်သလောက်မရိုးရှင်းပေ။ရည်ရွယ်ထားသောပစ်မှတ်ကိုပစ်ခတ်ရန် မလွယ်ကူပေ။ထိုကဲ့သို့သောလက်နက်အမျိုးစားသည်အနောက်သို့ပြန်ကန်ပြီးသေနတ်တစ်ခါမှမကိုင်ဖူးသူရဲ့ပုခုံးကိုထိခိုက်နိုင်သည်။အကယ်လို့ဂရုမစိုက်ရင် နောက်သို့ပြင်းထန်စွာပြန်ကန်ခြင်းသည်သူတို့ရဲ့ခါးကိုတောင်ထိခုက်နိုင်သပြီးပစ်မှတ်ကိုပစ်ခြင်းရဲ့ လှုပ်ရှားမူအခက်အခဲကိုတော့ပြောနေစရာကိုမလို ပေ။

ရှန်ဟိုက်ပင်းရဲ့စိတ်ပိုင်းဆိုင်ရာကတော့တော်တော်သန်မာသည်။သေနတ်ကိုကောက်ကိုင်လိုက်တာနဲ့ ကျည်ဆန်တစ်ဒါဇင်ထဲဖြင့်တံခါးဆီသို့ပစ်ခတ်နိုင်သည်…….အရည်ချင်းတော်တော်ရှိတဲ့လူလို့ယူဆနိုင်သည်။

ဟဲဇီကျုံးကခေါင်းညိတ်လိုက်ပြီး"မင်းတို့ဒီကို မစ်ရှင်လုပ်ဖို့လာတာလား"အစပိုင်းတွင်Samsara အသင်းသည်သန်မာသောစွမ်းအားရှင်များကိုမစု ဆောင်းသောကြောင့်သူတို့ရဲ့ဂုဏ်သတင်းသည် မကျော်ကြားပေ။မူလအဖွဲ့ဝင်အများစုသည်စစ်ပြန် များဖြစ်ကြပြီး၎င်းတို့သည်တိုက်ပွဲထဲတွင်အပူဓာက်ရှိသောလက်နက်များကိုလည်းအသုံးပြုကြသည်။ ထိုအသင်းကိုအရင်ကဟဲဇီကျုံးတွေ့ခဲ့တဲ့ တယ်လီဖုန်းဓာက်တိုင်ဘေးမှာရပ်ခဲ့တဲ့ယာဉ်တန်းထဲကလူတွေဖြင့်ဖွဲ့စည်းထားသည်။

"ဟုတ်တယ်၊ငါတို့ခေါင်းဆောင်နဲ့အတူလာခဲ့တာ၊ သူတို့ကတော့ဘယ်မစ်ရှင်လုပ်ရမလဲဆိုတာသွားကြည့်ကြတယ်"

ဖန်ဟောင်ကစူးစမ်းချင်စိတ်ပြင်းပြစွာဖြင့်ရုတ်တရက်မေးလိုက်သည်"အရင်တစ်ခေါက်ကဂိုဒေါင်ထဲမှာတွေ့ခဲ့တဲ့လူကော၊မင်းတို့နဲ့အတူအခြေစိုက်စခန်းကိုလိုက်မလာဘူးလား"

လျိုကျန့်ဖုန်းရဲ့နှုတ်ခမ်းတွေတွန့်ကွေးသွားပြီးလှောင်ပြောင်သရော်လိုက်သည်"အစတုန်းကတော့သူ့ ကားကငါတို့နောက်လိုက်လာသေးတယ်၊ငါတို့ Samaraအသင်းနဲ့တွေ့ပြီးတဲ့နောက်မှာအဲ့ခွေးကောင်ကညလယ်ကြီးထပြီးတော့သူတို့ရှိကပစ္စည်းတွေခိုးခဲ့တယ်လေ…လိုက်ဖမ်းတောထွက်ပြေးသွားတယ်" အသင်းကသူ့ခြေထောက်ကိုထိခိုက်အောင်လုပ်လိုက်ပြီးတောထဲမှာချန်ထားခဲ့တာသော်လည်းထိုကဲ့သို့သောအရာမျိုးကိုတခြားသူဆီမှာထုတ်ဖော်ဖို့မလိုအပ်ပေ။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment