ကျန်လူများကနားလည်သွားခဲ့ပြီးအမျိုးသမီးကြီးက စိတ်ဆိုးလာပြီးကောပင်းနဲ့သူ့အဖွဲ့သားတွေကို လက်ညိုးထိုးပြလိုက်ကာ"သူတို့တွေကငါတို့ရဲ့ ဆွေမျိုးတွေ!!သူတို့ကမကောင်းဆိုးဝါးတွေဖြစ်လာတယ်လို့မင်းပြောလိုက်တာနဲ့သူတို့ကမကောင်းဆိုးဝါးတွေဖြစ်ကောလား?အကယ်လို့ကုသနိုင်ရင်ဘယ်လိုလုပ်မလဲ?သူတို့အားလုံးကိုရုတ်တရက်သတ်လိုက်ပြီးမှသူတို့အတွက်ပါမင်းတို့ကအစားသောက်တွေ ပေးခိုင်းနေတာလား?"
ခေါင်းဆောင်အမျိုးသားသည်သက်ပြင်းချလိုက်ပြီး သူတို့အုပ်စုကိုရပ်တန့်ရန်လက်ကိုမြှောက်လိုက်ပြီး ချန်နင်ကိုပြောလိုက်သည်"ဒါပေမဲ့လည်းမင်းကငါတို့ကိုကူညီခဲ့တာလို့ယူဆတဲ့အတွက် ငါတို့တစ်ခုခုတော့ပေးသင့်ပါတယ်…."
"တတိယဦးလေးသူတို့ကငါ့အဖေကိုသတ်လိုက်တယ်!!"
"သူကိုငါတို့မသတ်ရင်ဘယ်လိုလုပ်အပြင်ထွက်နိုင် မှာလဲ?"တတိယဦးလေးကသူ့အနောက်လူကို ပြောခဲ့သည်။မျက်စိမှိတ်ပြပြီးနောက်သူအနောက်ကလူများသည်ဘာမှမပြောတော့ပေ။
ဆန်အိတ်ကိုကိုင်ထားသည့်အမျိုးသမီးသည်ရုတ်တရက်ထရပ်လိုက်ပြီးငါးဆယ်ကီလိုဆန်အိတ်ကို မလိုက်သည်။"နင်ကြိုက်တဲ့နေရာကိုနင်ဘာသာ သွားငါဘယ်ကိုမှမသွားဘူး၊ငါ့သားပြန်လာပြီးငါကို ပြန်လာခေါ်မှာကို စောင့်ဦးမှာ၊ငါ့မိသားစုရဲ့အစားစာ ကိုဘယ်သူမှယူသွားဖို့စိတ်မကူးနဲ့!!"
ကောပင်းကသူ့ Jacketရဲ့အိတ်ကပ်ထဲကိုလက်ထည့် ထားပြီးထိုမြင်ကွင်းကိုမျက်လုံးမှေးပြီးကြည့်နေသည်။ထိုအမျိုးသမီးစကားပြောနေတာကိုပြီးဆုံးအောင်စောင့်ပြီးနောက်သူ့သေနတ်ကိုဆွဲထုတ်ကာသူ့မရဲ့ခြေထောက်ကိုပစ်လိုက်သည်။ထိုလူများသည်သူ တကယ်ပစ်ရဲလိမ့်မယ်လိုမမျှော်လင့်ထားသော ကြောင့်ပြူးကျယ်နေသောမျက်လုံးများဖြင့်သူကိုစိုက်ကြည့်နေကြသည်။
ထိုလူအုပ်စုကိုဝေ့ကြည့်လိုက်ပြီးနောက်ကောပင်းက သူ့လက်ထဲကသေနတ်ကိုလှည့်လိုက်ကာ"အိုကေ စကားပြောပြီးအချိန်ဖြုန်းမနေနဲ့ခင်ဗျားလာတဲ့ နေရာကိုခင်ဗျားပြန်သွားလိုက်၊မင်းတို့လည်းမင်းတို့လုပ်စရာရှိတာဆက်လုပ်"
သူ့အသံကိုကြားတော့ Samsaraအသင်းသားများ သည်ခြံဝင်းထဲသို့ပြန်ဝင်သွားကြသည်။တတိယ ဦးလေးလို့ခေါ်သည့်လူနှင့်သူနောက်ကလူများသည်မလှုပ်ရဲတော့ပေမယ့်ဝတုတ်အမျိုးသမီးကြီးသည် ဆန်အိတ်ပေါ်လှဲလိုက်ပြီး"မင်းဘာလို့မကြိုးစားကြည့်တာလဲ!!?ငါတော့မယုံဘူး-လာလောနင်မှာအစွမ်းအစရှိရင်ငါကိုလာသတ်!!"
သူ့မစကားမဆုံးခင်နောက်ထပ်"ဒိုင်းကနဲ" ကျည်ဆန်အသံထွက်လာပြီးထိုအမျိုးသမီးရဲ့ ခြေထောက်ကိုမှန်သွားခဲ့ပြီးသူမသည်ဝက်တစ်ကောင်လိုအော်ဟစ်နေခဲ့သည်။
ဒီတစ်ခေါက်ပစ်လိုက်တဲ့သူကချန်နင်ဖြစ်သည်။ ယဉ်ကျေးပျူငှာသောအပြုံးကိုပြုံးပြနေဆဲဖြစ်ပြိး သူ့မေးစေ့ကိုမြှောက်လိုက်ကာ"သူမကိုအရင်ခြံဝင်းထဲပြန်ပို့လိုက်"မန့်ဇီကခေါင်းညိတ်လိုက်သည်။ စကားတစ်ခွန်းမှမပြောဘဲသူ့မကိုကြက်ကလေးတစ်ကောင်လိုမလိုက်ပြီးထိုလူအုပ်စုအရင်တုန်းက ပုန်းနေခဲ့သည့်ခြံဝင်းထဲသို့ပြန်ပို့လိုက်သည်။
ချန်နင်ကသူ့ခေါင်းကိုလှည့်လိုက်ပြီးထိုလူများကို စိုက်ကြည့်ကာ"အိုကေပြန်သွားတော့ဒီကမ္ဘာကြီးရဲ့ စိတ်လှုပ်ရှားစရာတွေကမလှပဘူး"
ထိုလူများသည်တုန်ရင်စွာဖြင့်သူတို့ခြံဝင်းထဲကို ပြန်သွားပြီးတံခါးကိုအမြန်တင်းတင်းကျပ်ကျပ်ပိတ်လိုက်သည်။
ကောပင်းကပြောလိုက်ပြန်သည်"အကုန်လုံးအလုပ် ပြန်လုပ်ကြတော့"ပြီးနောက်သူကသေနတ်တစ်လတ်ကိုကိုင်ထားသည့်အသင်းသားတစ်ယောက်ကို လက်ညိုးထိုးလိုက်ပြီး"သူတို့ကိုစောင့်ကြည့်ထား၊ တစ်ယောက်ယောက်ကအပြင်ထွက်လာရဲရင်သူတို့ကိုပစ်သာပစ်လိုက်"
"ဟုတ်ကဲ့ကျွန်တော်စောင့်ကြည့်ထားပါမယ်" ထိုအမျိုးသားသည်သေနတ်ကိုကိုင်ထားပြီးခြံဝင်းရဲ့တံခါးမှာရပ်နေခဲ့သည်။
"သွားမယ်၊ပစ္စည်းသွားစုဆောင်းရအောင်"ဟဲဇီကျုံးက ပြန်လှည့်ပြီးဖန်ဟောင်ကိုခုနကသူတို့ဝင်ခဲ့သည့် ခြံဝင်းထဲသို့ပြန်ခေါ်သွားခဲ့သည်။ကမ္ဘာပျက် ကတည်းကသူတို့ကခြံဝင်းထဲမှာပုန်းနေခဲ့ပြီးသူတို့တံခါးရှေ့ကဇွန်ဘီတွေရှင်းလင်းပေးပြီးကူညီခဲ့တဲ့ သူတွေကိုတောင်ပြန်ကိုက်ရဲသေးသည်…..ကမ္ဘာပျက်ကပ်မှအပြင်ထွက်လာရဲတဲ့သူတွေကို ဗုဒ္ဓနှလုံးသားနဲ့လူတွေလို့ထင်နေတာလား?လူတွေကိုအလကားကယ်စေချင်တာလားပြီးတော့ လုံခြုံတဲ့နေရာကိုအလကားလိုက်ပို့စေချင်တာလား?
မမှောင်လာခင်ကောပင်းရွှေးထားသည့်ခြံထဲသို့ ရွာထဲမှာရှာတွေ့သည့်အစားစာများကိုသူတို့အားလုံး စုစည်းခဲ့သည်။ပစ္စည်းတော်တော်များများသည် ပျက်စီးနေသောကြောင့်သူတို့ချန်ရစ်ထားခဲ့သည်။ ဒါပေမဲ့ကောင်းသေးသည့်ပစ္စည်းများကိုစုစည်းလိုက်သောအခါအရေအတွက်ကမနည်းပေ။
အရေအတွက်ကိုရေတွက်ပြီးနောက်ရေတွက်ရန်နှင့်ပစ္စည်းများကိုစာရင်းကောက်ရန်တာဝန်ရှိသည့် ရှောင်မင်သည်၎င်းတို့ကိုစာရင်းကောက်လိုက်သည်။
ကောပင်းကသူ့ကျောကိုထုလိုက်ပြီးအရင်ဆုံးပြောလိုက်သည်"အားလုံးပဲဒီနေ့ဘာဖြစ်ခဲ့လဲဆိုတာမြင် မှာပါအဲ့ဒါကြောင့်ငါ့တို့အသင်းမှာစည်မျည်းတစ်ခု ထပ်ထုတ်လိုက်တယ်၊အနာဂတ်မှာမင်းတို့ အပြင်ထွက်တဲ့အခါလူတွေကိုကယ်ပြီးရှုပ်ထွေးအောင်မလုပ်နဲ့၊ဒီနေ့ငါတို့ကိုကျေးဇူးကန်ပြီးပြန်ကိုက်ချင်တဲ့တစ်စုံတစ်ယောက်နဲ့ဆုံခဲ့တယ်။အဲ့တစ်ယောက် ကနောက်တစ်နေ့မှာနောက်ကျောကိုဓားနဲ့ထိုးတဲ့ သူတစ်ယောက်ဖြစ်လာနိုင်တယ်။အဲ့ဒါကြောင့်မို့ မင်းတို့မှာအသက်အပိုမပါဘူးဆိုတာသိထားရမယ်!!!"
"ခေါင်းဆောင်စိတ်မပူပါနဲ့ကျွန်တော်တို့အသင်းထဲ မှာအရူးတွေမရှိပါဘူး"ကမ္ဘာမပျက်ခင်ကတည်းက သူတို့အကုန်လုံးသည်လူအဖွဲ့အစည်းထဲမှာ ကျင်လည်ခဲ့တာဖြစ်သည်။စစ်တပ်ကထွက်လာ ကတည်းကသူတို့ကနေရာတိုင်းမှာအခက်ခဲတွေနဲ့ တွေ့ကြုံခဲ့ရပြီးဘယ်သူမှမခံစားဖူးသည့်ခါးသီးမူ တွေရှိခဲ့သည်။တခြားသူကပြောလိုက်တာကို အလွယ်တကူယုံကြည့်မဲ့အရူးတွေမဟုတ်ပေ…. ကမ္ဘာပျက်ပြီးနောက်ထွက်ပြေးလာတဲ့အချိန်ဒါမှမဟုတ်အခြေစိုက်စခန်းထဲမှာဘယ်လောက်တောင် ရက်စက်တဲ့အမှန်တရားတွရှိနေလဲဆိုတာမပြောနိုင် ပေ။သူတို့ရဲ့ကမ္ဘာကြီးပေါ်မြင်တဲ့အမြင်က ဘယ်လောက်တောင်ပြောင်းလဲနေလဲဆိုတာဘယ်သူသိနိုင်မှာလဲ?
"အိုကေအဲဒီလိုပဲလုပ်ကြတာပေါ့၊မနက်ခင်းကြမှ မျိုးစေ့တွေကိုရှာကြတာပေါ့"ဘယ်သူဆီမှာမှပုံမှန် မဟုတ်တဲ့အပြုအမူမရှိတာကိုမြင်တော့ကောပင်း ကျေနပ်မူဖြင့်ခေါင်းညိတ်လိုက်သည်။
ရေစိုရင်ပျက်စီးသွားမှာစိုးရိမ်ရသည့်အစားစာများကို မိုးကာနဲ့အရင်ကာသည်။သူတို့စစ်ဆေးပြီးစာရင်း ကောက်ပြီးနောက်ချန်နင်သည်ကားတိုင်းပေါ်တွင် ခွဲပြီးထည့်ရန်အတွက်စီစဉ်ပေးခဲ့သည်။
မာတောင့်အေးစက်နေသောကြမ်းပြင်ပေါ်တွင်တစ်ည အိပ်ပြီးနောက်ဖန်ဟောင်ကနာကျင်နေသော သူ့လည်းပင်းကိုပွတ်လိုက်သည်။ဟဲဇီကျုံးက ပြုံးလိုက်ပြီး"ခဏနေကြကားထဲရောက်ရင် ကိုယ်မင်းကိုနှိပ်ပေးမယ်"အခုသူတို့ကအိမ်ထဲမှာပဲ ရှိသေးပြီးပက်ပက်လည်တွင်လည်းအခြားသူများရှိ နေခြင်းကြောင့်စွမ်းအင်ကိုသုံးဖို့မလွယ်ပေ။
သူတို့နှစ်ယောက်အိပ်ယာထပြီးဆေးကြောခဲ့သည်။ ထို့နောက်မနက်စာစားပြီးနောက်ကောပင်းက လာရှာခဲ့သည်။
"ဒီတစ်ခေါက်ငါတို့မဖွင့်ရသေးတဲ့ဆန်အိတ်တစ်ချို့ရ ခဲ့ပေမဲ့စားလို့ရလားမရဘူးလားဆိုတာပြောဖို့ ခက်တယ်၊ပြီးတော့ဘယ်သူမှရွာထဲမှာမျိုးစေ့ရှာမတွေ့ခဲ့ဘူး"
ဟဲဇီကျုံးကရှင်းရှင်းလင်းလင်းပြောခဲ့သည်။"ငါတို့ နောက်တစ်နေရာကိုအခြေနေကြည့်ဖို့သွားကြ မလား?"
"အဲ့ဒါငါတို့လုပ်ဖို့စီစဉ်ထားတဲ့အရာပဲ၊ငါတို့အပြင် ရောက်ပြီဆိုတာနဲ့ငါတို့ပစ္စည်းတော်တော်များများ စုဆောင်းဖို့လိုတယ်မဟုတ်ရင်ငါတို့ဓာက်ဆီအတွက် တောင်အမှတ်မလောက်ဘူး"ထိုနောက်ကောပင်းက ရယ်လိုက်ပြီးစီးကရတ်မီးညှိကာအပြင်ဘက်က ရွှာနေတဲ့မိုးကိုစိုးရိမ်မူအနည်းငယ်နဲ့ကြည့်လိုက်သည်။"မိုးဘယ်ချိန်တိတ်မလဲမသိဘူး၊မျိုးစေ့လိုအရာ မျိုးကစိုစွတ်နေတဲ့အချိန်ပိုဆိုးတယ်၊မိုးသာအချိန် ကြာကြီးဆက်ရွှာနေမယ်ဆိုရင်ငါတို့မျိုးစေ့တွေကို ရှာတွေ့ရင်တောင်အပင်ပေါက်နိုင်မှာမဟုတ်ဘူး"
"အဆင်ပြေတယ်ငါတို့မှာပြဿနာရှိမှာမဟုတ်ဘူး" ဟဲဇီကျုံးကသူ့ဘာကိုပြောချင်သလဲဆိုတာကိုနားလည်သည်။အဲ့ဒါကိုစဉ်စားပြီးနောက်သတင်းတစ်ချို့ ပေးရန်ဆုံးဖြတ်လိုက်သည်"Mမြို့ရဲ့Hစီရင်စုမှာ သီးနှံ့ဖလှယ်ပွဲတွေလုပ်တယ်လို့ကြားဖူးတယ်၊သူတို့ကအများအားဖြင့်Hစီရင်စုရဲ့အနီးနားမှာရှိတဲ့မြို့တွေကိုရောင်းကြတယ်၊မျိုးစေ့ရာသီကျော်သွားပြီဆိုပေမဲ့ မျိုးစေ့နဲ့ဆက်စပ်တာတွေရောင်းတဲ့ဆိုင်တွေ အများကြီးရှိလောက်တယ်"
ကောပင်းရဲ့မျက်လုံးကတောက်ပသွားပြီး"Mမြို့!?"
"Mမြို့ကဒီနေရာနဲ့သိပ်မဝေးဘူးငါတို့လက်ရှိ လက်နက်အင်းအားအရအဲ့နေရာမှာပစ္စည်းတွေ သွားရှာဖို့လုံလောက်တယ်"ဟဲဇီကျုံးကခေါင်းညိတ်လိုက်သည်။Mမြို့မှာသူအွန်လိုင်းမှာတွေ့ခဲ့သည့် မျိုးစေ့တော်တော်များရှိသည့်ဆိုင်တစ်ဆိုင်ရှိသည်။အရင်တုန်းကထိုသတင်းကိုအွန်လိုင်းပေါ်မှာမတော် တဆမြင်ခဲ့တာဖြစ်သည်။
ကောပင်းကသူ့ပုခုံးကိုလေးနက်စွာပုတ်လိုက်ပြီး "ကျေးဇူးတင်ပါတယ်ညီကိုအနာဂတ်မှာ တစ်ခုခုအကူညီလိုရင်ပြောပါ!!"ဒီလိုသတင်းအချက်လက်မျိုးကိုအခြေစိုက်စခန်းမှာရောင်းရင်သူတို့ အမှတ်အနည်းငယ်ရနိုင်သည်။ဒီတစ်ခေါက်သူတို့ Samsaraအသင်းနဲ့ဖန်ဟောင်ဟဲဇီကျုံးတို့ကပူးပေါင်းခဲ့သောကြောင့်အခွင့်ကောင်းတစ်ခုရခဲ့သည်။ မဟုတ်ရင်ဒီစုံတွဲကသူတို့ဘာသာသူတို့မသွားဘူးဆိုရင်တောင်ဒီလိုသတင်းမျိုးကိုရောင်းဖို့မလိုအပ်ဘူးဆိုတာကိုကောပင်းခန့်မှန်းမိသည်။
ဟဲဇီကျုံးကရီလိုက်ပြီး"ငါတို့နှစ်ယောက်ပဲသွားဖို့ ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး၊အတူတူသွားတာပိုလုံခြုံတယ်"
ဒီသတင်းကိုသိတာဟဲဇီကျုံးတစ်ယောက်ထဲမဟုတ်ပေ။အခြေစိုက်စခန်းကလူတော်တော်များများလည်း ဒီသတင်းကိုသိကြသည်။ဒါပေမဲ့Mမြို့ကAမြို့နဲ့ ဝေးသည်။၎င်းကိုအရမ်းနီးသည်ဟုယူဆနိုင်သလို အရမ်းဝေးတယ်လို့လည်းယူဆနိုင်သည်။အထူးသဖြင့်ဒီအချိန်မှာဘယ်သူမှHစီရင်စုရဲ့ တစ်ဝက်လောက်ကိုရောက်ဖို့အစွမ်းစမရှိပေ။အဲ့ဒီ နေရာမှဇွန်ဘီဘယ်လောက်မြန်းရှိနေမလဲ?Hစီရင်စု ရဲ့အခြေနေကလည်းမရှင်းလင်းပေ။
ကျန်တဲ့သာမာန်လူတွေကဒီသတင်းကိုသိရင်တောင်ကမ်းရိုးတန်းဒေသမြို့Aသည်Fမြို့ထက်ပိုဝေးသည်။ သာမာန်လူများသည်မျိုးစေ့မစ်ရှင်ကိုအမှတ်များများပေးတယ်ဆိုကတည်းကAမြို့ပတ်ပတ်လည်သို့အရင် သွားပြီးပစ္စည်တွေကိုစုဆောင်းကြသည်။ဒါပေမဲ့ မျိုးစေ့တွေကိုသူတို့ရခဲ့ရင်တောင်သာမာန်လူအများစုသည်စိုက်ပျိုးဖို့အချိန်မရှိကြပေ။အဆုံးတွင် ၎င်းတို့ကိုအခြေစိုက်စခန်းဝန်ထမ်းများဆီပြန်လည်ပေးအပ်ရမှာဖြစ်ပြီးပြန်လည်ရရှိလာမည့် အကျိုးမြတ်သည်စိတ်ပျက်စရာကောင်းသည်။
လက်နက်နှင့်ကရိယာရှိသည့်Samsara အသင်းနှင့် လူသားလက်နက်တွေလိုဖြစ်နေသည့်တိုက်ခိုက်နိုင်စွမ်းမြှင့်မားသည်ဖန်ဟောင်နှင့်ဟဲဇီကျုံးတို့သာ ၎င်းကိုလုပ်ရန်ကြိုးပမ်းရဲတာဖြစ်သည်။
Mမြို့ကိုမျိုးစေ့ရှာဖို့သွားမယ်ဆိုတာကြားတာနဲ့အသင်းသားများအားလုံးသည်လက်နှစ်ဖက်နဲ့ပံ့ပိုးခဲ့ကြသည်။ဆေးဝါးတွေကိုသွားရှာခဲ့သည့်အရင်အချိန်နဲ့ ယှဉ်ရင်ဒီလိုမျိုးသာပြန်သွားခဲ့ပါကအားလုံးသည် မလုံလောက်ဘူးဟုတွေးနေခဲ့ကြသည်။အထူးသဖြင့် အခုချိန်တွင်သူတို့လက်ထဲမှာသေနတ်ရှိသောကြောင့်ထောက်ပံ့ရေးပစ္စည်းတွေကိုရှာဖို့အဝေးကြီးကို သွားရလည်းသူတို့မကြောက်ပေ။ဘာပဲဖြစ်ဖြစ်သူတို့ အခြေစိုက်စခန်းကိုပြန်တဲ့အခါသူတို့ကိုစောင့်နေတဲ့ ဖျော်ဖြေမှုမရှိပေ။
မထွက်ခွာခင်ကောပင်းကတစ်စုံတစ်ယောက်ကို 20Jinဆန်နှစ်အိတ်နဲ့50jinဂျုံမှုန့်တစ်အိတ်ကို ယူခိုင်းခဲ့သည်။ဖွင့်ပြီးသားဆိုပေမဲ့မပျက်စီးသေးတဲ့ အိတ်များဖြစ်ပြီးအိတ်များကိုရွာအဝင်ဝတွင်ထားခဲ့သည်။ထို့နောက်သူတို့မောင်းထွက်သွားခဲ့သည်။ သူတို့ထိုလူတွေကိုမမြင်ချင်ဘူးဆိုရင်တောင်အသက်ရှင်နိုင်တဲ့နည်းလမ်းတစ်ခုချန်ပေးခဲ့သည်။အခြေစိုက်စခန်းဆီချောချောမွေ့မွေ့ရောက်မလားဆိုတာက တော့?သူတို့စိတ်ပူစရာအကြောင်းမရှိပေ။
……………………………………..
"အခြေစိုက်စခန်းဆီဦးတည်ပြီးစုဝေးလာတဲ့ဇွန်ဘီ အရေတွက်ကများလာပြီ။ဘာမှမလုပ်ဘူးဆိုရင် ကာကွယ်ရေးစည်းကကျုံသွားလိမ့်မယ်။အဆုံးမှာ ဇွန်ဘီတွေကငါတို့နရံပတ်ပတ်လည်ဝန်းရံထားပြီး ငါတို့ကိုပိတ်ဆိုသွားမှာစိုးရိမ်ရတယ်!!"အခြေစိုက်စခန်းရဲ့ကံတရားကိုဆုံးဖြတ်နိုင်သည့်အရေးပါသော လူတစ်စုသည်နောက်ထပ်အစည်းဝေးကြီးတစ်ခုကို ကျင်းပနေသည်။
"အဏုမြူကျောက်တုံးရဲ့သုတေသနကလည်းအခုထိ အဖြေမရှာနိုင်သေးဘူး၊ဒီအခြေနေမှာအထဲမှာ ဘာမှန်းမသိတဲ့စွမ်းအင်ရှိမှန်းပဲငါတို့သိရတယ်…."
"အချိန်တိုတွင်းမှာလည်းငါတို့စွမ်းအားရှင်တွေကို မရေတွက်နိုင်သေးဘူး…."
"အရင်တစ်ခေါက်အကြုံပြုချက်ဆိုရင်ရော?"
"ဘယ်တစ်ခုလဲ"
"အဲ့ဒါက…မြို့ပြဧရိယာကိုတိုက်ရိုက် ဗုံးကျဲလိုက်မယ်ဆိုတာပါ"
ထိုစကားသံမထွက်လာခင်ကအခန်းထဲကတိတ်ဆိတ်နေခဲ့သည်။
ဆယ်စုနှစ်ပေါင်းများစွာတည်ဆောက်ခဲ့ရတဲ့ သမိုင်းကြောင်းတွေအကယ်လို့ပျက်စီးသွားခဲ့ရင်…
"အခုချိန်ကလူသားတွေအသက်ရှင်ဖို့အတွက်ပဲ"
"မြို့ထဲမှာအသက်ရှင်ကျန်ရစ်သူတွေလည်းရှိနိုင် သေးတယ်…"
"ဒါပေမဲ့သူတို့မရှိတော့တာလည်းဖြစ်နိုင်တယ်။ ဒီနေ့ခတ်အခြေစိုက်စခန်းတွေက ဇွန်ဘီလှိုင်းကြောင့်မရှင်သန်နိုင်ကြဘူး ။အထူးသဖြင့် အခုအခြေနေပဲ!!နေရာတော်တော်များများမှလည်းသန္ဓေပြောင်းဇွန်ဘီတွေကိုတွေ့နေရပြီ!!"
"ဒါဆို….ဘယ်လိုဗုံးခွဲမလဲ?ဆက်သွယ်ရေးဂြိုလ်တု တွေကလည်းအလုပ်မလုပ်တော့ဘူး၊လမ်းကြောင်း ပြကရိယာတွေကလည်းပျက်နေပြီလေယာဉ်ကလည်း ကောင်းကင်မှာမပျံနိုင်တော့ဘူး"
"လက်နက်တပ်ဆင်ထားတဲ့ရတဟ်ယာဉ်"လူ တစ်ယောက်က စားပွဲခုံကိုရုတ်တရက်ရိုက်လိုက်သည်။
"တာဝန်ထမ်းဆောင်ဖို့အတွေ့ကြုံရှိတဲ့ပိုင်းလော့ကို ရှာလိုက်ပြီးမှမြို့ထဲကဇွန်ဘီတွေပေါ်ကိုဗုံးကျဲခိုင်းလိုက်!!"
"ဆိုးကျိုးတစ်ခုခုရှိလာရင်ကော?ဗုံးကဇွန်ဘီတွေကို မသတ်နိုင်ရင်ရော?"
လူတိုင်းကနောက်တစ်ကြိမ်တိတ်ဆိတ်သွားပြီး လူတစ်ယောက်ကရုတ်တရက်ထပြောလိုက်သည်။ "စမ်းသပ်ဖို့အတွက်မြို့နယ်လေးတစ်ခုကို အရင်လုပ်ကြည့်ကြမလား?"
"ဟုတ်တယ်အဲ့နည်းလမ်းကောင်းတယ်!!စမ်းကြည့်ဖို့အရင်ဆုံးမြို့နယ်လေးတစ်ခုကိုရွှေးလိုက်ပြီးရင် ဘယ်လိုဖြစ်သွားမလဲကြည့်ကြတာပေါ့"အခန်းထဲရှိ လူတိုင်းကခေါင်းညိတ်လိုက်သည်။သူကတစ်စုံတစ်ခုကိုတီးတိုးထပ်ပြောပြန်သည်။
…….ဟဲဇီကျုံနှင့်သူတို့အဖွဲ့Mမြို့သို့မောင်းလာစဉ်တွင်အခြေစိုက်စခန်းကတာဝန်ရှိသူများသည် အခြေစိုက်စခန်း၏မူလစစ်စခန်းမှလက်နက်တပ်ဆင်ထားသည့်ရဟတ်ယာဉ်ကိုစေလွှတ်ရန်လျိုဝှတ်စွာ ပြင်ဆင်ခဲ့သည်။
ရဟတ်ယာဉ်သည်ဆယ်မီတာလောက်ရောက်သောအခါရုတ်တရက်ယာဉ်အတွင်းရှိအလုပ်လုပ်နေတဲ့ ကရိယာတော်တော်များများရပ်တန့်သွားခဲ့သည်!!! မထိန်းချုပ်နိုင်စွာဖြင့်ယာဉ်ကပျက်ကျသွားခဲ့သည်!!! ရဟတ်ယာဉ်ထဲမှလက်နက်ခဲယမ်းများမတင်ဆောင်ထားဘူးဆိုရင်တောင်၎င်းပြုတ်ကျသွားသောအခါ ကြီးမားသည့်ပေါက်ကွဲမူတစ်ခုဖြစ်ခဲ့သည်!!
အခြေစိုက်စခန်းရှိညအချိန်သည်အတော်လေးတိတ်ဆိတ်သည်။ရိက္ခာနဲ့အလုပ်လုပ်ရန်အတွက်အသက်ရှင်ကျန်ရစ်သူများကအပြင်ထွက်ရင်တောင်၎င်းက နေ့အချိန်ဖြစ်သည်။လျှပ်စစ်မီးပြက်တောက်မူနှင့် အခြားအကြောင်းများကြောင့်မိသားစု အများစုသည်ညနေတွင်အလုပ်လုပ်တာကိုရပ်လိုက် ပြီးရှေးခတ်ကာလများကဲ့သို့အနားယူရန်ပြင်ဆင်ကြသည်။သူတို့ကနေအလင်းရောင်ကိုအခြေခံပြီးအပြင်ထွက်ခြင်းနဲ့အနားယူခြင်းကိုလုပ်ကြသည်။
ပေါက်ကွဲသံကြောင့်အခြေစိုက်စခန်းရှိအသက်ရှင်ကျန်ရစ်သူတော်တော်များများကနိုးလာကြသည်။ အပြင်ဘက်မှဘာတွေဖြစ်နေမှန်းမသိဘဲအိမ်ထဲမှာ တုန်လှုပ်နေကြသည်……….
To be continue………….