no

Font
Theme

နောက်ဆုံး၌သူတို့သည်အဏုမြူကျောက်တုံး၏ အသုံးပြုပုံနည်းလမ်းကိုရှာတွေ့ခဲ့သည်။Samsara အသင်းကစွမ်းအင်မရှိတဲ့သူတွေတောင်စိတ်လှုပ်ရှားမှုဖြင့်တိမင်းဂန်းရဲ့ပုံခုံးကိုပုတ်လိုက်ကာ"မင်းလုပ်နိုင်သွားပြီပဲ ငါ့ကောင်ကြီး!!"

"မင်းဘယ်လိုမှန်းဆမိသွားတာလဲ?ဉာဏ်ရည်မြင့်တဲ့ သုတေသနသမားတွေတောင်အဲ့ဒါဘယ်လိုအလုပ်လုပ်လဲဆိုတာကိုအဖြေမထုတ်နိုင်ခဲ့ဘူးဒါပေမဲ့ မင်းကမတော်တဆလုပ်မိသွားရုံနဲ့ သိသွားတယ်?"

မီးစွမ်းအားရှင်တိမင်းဂန်းရဲ့ပုံးခုံးသည်လူတွေဝိုင်းပုတ်လွန်းလို့ကျိုးတောင်မလိုတောင်ဖြစ်သွားသည်။ ဒါပေမဲ့အဏုမြူကျောက်တုံးရဲ့အသုံးပြုနည်းကို ရှာတွေ့သွားသောကြောင့်သူ့ကိုယ်တိုင်လည်းအရမ်းစိတ်လှုပ်ရှားနေခြင်းကြောင့်သူပုခုံးပေါ်ကနာကျင်မှုကိုခါးသီးသောအမူအရာဖြင့်သာပြနိုင်ပြီးတမင်တ ကာစိတ်လှုပ်ရှားပြီးစနောက်နေသောသူ့အသင်းဖော်များကိုပြန်မရိုက်တော့ဘဲရှောင်ရှားလိုက်သည်။

အဏုမြူကျောက်တုံး၏အသုံးပြုပုံနည်းလမ်းကိုရှာတွေ့သွားပြီးနောက်ကောပင်းကလည်းအရမ်းစိတ်လှုပ်ရှားနေသည်။သူ့ခဏလောက်စဉ်းစားပြီးနောက် ကြော်ညာလိုက်သည်"အသင်းမှာရှိတဲ့အဏုမြူ ကျောက်တုံးတွေအကုန်လုံးအားလုံးရဲ့ ကြိုးစားမှုကြောင့်ပဲ၊အခြေစိုက်စခန်းမှာအဏုမြူကျောက်တုံးရဲ့အသုံးပြုပုံကိုရှာတွေ့တဲ့သူ ဘယ်သူမှ မရှိလောက်သေးဘူးအဲ့ဒါကြောင့်သတင်းကို မပေါက်ကြားစေနဲ့"

အားလုံးထောက်ခံ့တာကိုကြည့်ပြီးနောက်ကောပင်းကဆက်ပြီးပြောလိုက်သည်"ငါတို့အသင်းထဲမှာ လုထန်၊ချန်နင်၊မန့်ဇီ၊လျိုကျန့်ဖုန်း၊တိမင်းဂန်းတို့ပဲ စွမ်းအားရှိတာ၊ငါတို့အရင်ကနည်းလမ်းအရတိုက်ပွဲ မှာအများဆုံးပါဝင်သူအလိုက်ခွဲဝေပေးတယ်ပြီးရင်ကျန်တာတွေကိုအညီအမျှခွဲဝေပေးတယ်၊အခုလည်းအဲ့ဒီနည်းလမ်းအတိုင်းပဲခွဲဝေပေးမယ်ဒါပေမဲ့ အသင်းသားတွေရဲ့စွမ်းအင်ပိုသန်မာလာရင်ငါတို့ အသင်းကိုလည်းကြီးမားတဲ့သတ်ရောက်မှုရှိတယ်၊အဲ့ဒါကြောင့်တစ်ယောက်ယောက်ကအဏုမြူကျောက်တုံးကိုရောင်းတော့မယ်ဆိုရင်အသင်းသားတွေ ကိုဦးစားပေးပြီးတော့ရောင်းပေးပါ"ထို့နောက်သူက ချန်နင်နဲ့အခြားလေးယောက်ကိုကြည့်လိုက်ပြီး" မင်းရောပဲ၊မင်းအဏုမြူကျောက်တုံးကိုလိုချင်ရင် သူတို့လိုချင်တဲ့အရာနဲ့မင်းအလဲလှယ်လုပ်ရမယ်၊ ငါတို့ကတစ်သင်းထဲဆိုရင်တောင်ငါတို့ညီအစ်ကို တွေအချင်းချင်းအခွင့်ကောင်းမယူရဘူး"

"ခေါင်းဆောင် ဘာပဲဖြစ်ဖြစ်ဒါတွေကကျွန်တော်တို့ အတွက်အသုံးမဝင်ပါဘူး၊သူတို့ကိုအရင်ပေးလိုက် တာကောင်းပါတယ်"

"ဟုတ်တယ်ခေါင်းဆောင်ကျွန်တော်တို့ဘာရည်ရွှယ်ချက်မှမရှိပါဘူး၊တစ်ယောက်ယောက်စွမ်းအင်နိုးထ အောင်စောင့်ပြီးမှ-အဲ့ဒါဆိုရင်ရောအဆင်မပြေဘူးလား?"

………………………

အခြားအသင်းသားများကလည်းသူတို့ရဲ့ထောက်ခံ့မှုကိုဖော်ပြခဲ့ပြီးကောပင်းကပတ်ပတ်လည်ကိုကြည့်လိုက်ကာ"မင်းတို့အဲ့လိုပြောလို့မရဘူး၊အသင်းတစ်သင်းထဲဆိုရင်တောင်မင်းတို့ကသူတို့အတွက်အလုပ်လုပ်ပေးစရာမလိုဘူး၊လူတွေကအခုအဏုမြူကျောက်တုံးရဲ့အသုံးဝင်ပုံကိုမရှာတွေ့သေးဘူးဆိုပေမဲ့ နောက်ပိုင်းကြလူတွေသိလာတာနဲ့တစ်ပြိုင်နက် သေချာပေါက်ဈေးမြှင့်လာလိမ့်မယ်………"

"သူတို့ရဲ့စွမ်းအင်မြှင့်တက်သွားတော့လည်း ငါတို့အသင်းတွက်ကောင်းပါတယ်၊ဒါပေမဲ့သူတို့ပစ္စည်းတွေပိုရဖို့နဲ့ဇွန်ဘီတွေပိုပြီးတော့တိုက်ခိုက်ဖို့ ကမဖြစ်သင့်ဘူးလေ………"

ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်အနောက်သို့ဆုတ်လိုက်ပြီးSamsaraအသင်းရဲ့အတွင်းရေးဆွေးနွေးမှုကို မပါဝင်ပေ။ဘာပဲဖြစ်ဖြစ်အသင်းသားတွေကြားမှာရှိသည့်လေထုကအရမ်းကောင်းမွန်သည်။အသင်းထဲ မှာရှိသည့်လူအများစုသည်ကမ္ဘာမပျက်ခင်ကတည်းကအတူရှိခဲ့ပြီးလူအရေတွက်သည်စီမံခန့်ခွဲရန် အတော်လေးကောင်းမွန်သောကြောင့်အသင်းထဲမှာရှိသည့်လေထုကအရမ်းရင်းနှီးနွေးထွေးကောင်းမွန်သည်။သူတို့၏ဆွေးနွေးမှုသည်မြန်မြန်ဆန်ဆန်နိဂုံးချုပ်သွားသည်။

အသင်းမှာရှိနေသည့်အဏုမြူကျောက်တုံးများကို စွမ်းအားရှင်ငါးယောက်ဆီသို့အရင်ခွဲဝေပေးခဲ့သည်။ဒါပေမဲ့မစ်ရှင်တစ်ခုပြီးတိုင်းပစ္စည်းအနည်းငယ်ကို အခြားအသင်းသားများအားအဖိုးအခအနေဖြင့်ပိုပြီး ခွဲဝေပေးမှာဖြစ်သည်။

ဖန်ဟောင်ကသူ့ခေါင်းလေးကိုငုံ့ထားပြီးအဏုမြူကျောက်တုံးနဲ့ကစားနေသည်။ပြီးခဲ့တဲ့တစ်ခေါက်မစ်ရှင်တုန်းကSamsaraအသင်းကသူတို့ကိုပေးခဲ့သည့် အဆင့်၁အဏုမြူကျောက်တုံးဖြစ်သည်။အခြေစိုက်စခန်းသို့ပြန်ရောက်ပြီးနောက်သူတို့၎င်းတို့အား နေရာလွတ်ထဲသို့မထည့်ခဲ့ပေ။

သူ့လက်ချောင်းထိပ်ကနေအဖြူရောင်အလင်းတန်း လေးအနည်းငယ်ထွတ်လာပြီးအဏုမြူကျောက်တုံးကိုရောင်ပြန်ဟပ်သွားခဲ့ကာစွမ်းအင်သည် ဖန်ဟောင်ခန္ဓာကိုယ်အတွင်းသို့ဝင်သွားသည်။ အဖြူရောင်အမှုန့်တွေကိုခါလိုက်ပြီးခြေထောက်ဖြင့်နင်းထားကဖန်ဟောင်သည်သူ့ဘေးနားတွင်ကြည့်မဲ့သူမည့်သူမှမရှိတာကိုသိပြီးနောက်နေရာလွတ်ထဲသို့ အမှုန့်များကိုထည့်လိုက်သည်။နေရာလွတ်၏တုံ့ပြန်မှုသည်သူ့ကို ခဏလောက်ကြက်သေသေသွားစေသည်။

"ဘာဖြစ်လို့လဲ"ဟဲဇီကျုံးကဖန်ဟောင်ကိုကြည့်လိုက်ပြီးသူ့အင်္ကျီလက်ကိုဆွဲနေသည်ကိုတွေ့သောအခါ မေးလိုက်သည်။

"ဇီကျုံးစုပ်ယူဖို့ကြိုးစားကြည့်လိုက်ပြီးရင်ကျန်နေတဲ့အမှုန့်တွေကိုစုထားလိုက်"ဖန်ဟောင်ကဟဲဇီကျုံးအားတိုးတိုးလေးပြောပြလိုက်သည်။

မျက်ခုံးကိုပင့်လိုက်ပြီးဟဲဇီကျုံးကစုပ်ယူရန် အဏုမြူကျောက်တုံးတစ်ခုကိုထုတ်ယူလိုက်သည်။ထို့နောက်စုပ်ယူပြီးလို့ကျန်ရှိသည့်အမှုန့်များကို ထည့်လိုက်သောအခါနေရာလွတ်ထဲရှိ မြေအောက်ထပ်တွင်မပေါ်လာဘဲအရင်ကသူတို့ နေရာလွတ်ထဲကိုပစ်ထည့်ခဲ့သည့်အဏုမြူကျောက်တုံးများအတိုင်းလေထဲတွင်လွင့်မျှောနေပြီးအလင်း တန်းများပျံ့နှံ့သွားကာပျောက်ကွယ်သွားသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?နေရာလွတ်ကစုပ်ယူပြီးလို့ကျန်တဲ့"အမှိုက်"အမှုန့်တွေကိုကောစုပ်ယူနိုင် တာလား?

သူတို့နှစ်ယောက်စိတ်ထဲမှာမတင်မကျဖြစ်နေတာတွေရှိပေမဲ့အခုကဆွေးနွေးဖို့အတွက်အချိန်မကျ သေးပေ။

Samsaraအသင်းသည်အဏုမြူကျောက်တုံးများကိုလျင်မြန်စွာခွဲဝေပေးခဲ့သည်။ဒီကြိမ်လမ်းတစ်လျှောက်ရရှိခဲ့သည့်အဏုမြူကျောက်တုံးသည်သိပ်မများ ပေ။လုထန်ရဲ့အဏုမြူကျောက်တုံးများကို ပြန်ပေးပြီးနောက်တစ်ယောက်အခုနှစ်ဆယ်သုံးဆယ်လောက်ရရှိခဲ့သည်။

"အဏုမြူကျောက်တုံးဘယ်နှစ်တုံးသုံးလဲဆိုတာမှတ်ထား၊အဲ့ဒါမှစွမ်းအင်တစ်ခုမြှင့်တင်ဖို့ အဏုမြူကျောက်တုံးဘယ်လောက်လိုလဲဆိုတာ သိမှာ"အဏုမြူကျောက်တုံးများကိုခွဲဝေပေးပြိးနောက်ကောပင်းကမမေ့လျော့ဘဲနဲ့အားလုံးကိုသတိပေးခဲ့သည်။

သူတို့ငါးယောက်သည်အဏုမြူကျောက်တုံးများကို ရွှင်မြူးစွာလက်ခံခဲ့ပြီးစိတ်ရှည်စွာဖြင့်၎င်းတို့ကို စုပ်ယူရန်စတင်ခဲ့သည်။

နေရာလွတ်စွမ်းအားရှိတဲ့ချန်နင်နဲ့လုထန်၏ အဏုမြူကျောက်တုံးစုပ်ယူနည်းကအနည်းငယ် ကွဲပြားသည်။သူတို့မှာနေရာလွတ်စွမ်းအင်ရှိပြီး နေရာလွတ်ထဲတွင်ပစ္စည်းများကိုစုဆောင်းခြင်းသည်စွမ်းအင်အသုံးပြုခြင်း၏သတ်ရောက်မှုဖြစ်သည်။ ပစ္စည်းများကိုစုဆောင်းသောအခါသူတို့လက်နဲ့ အရာဝတ္ထုများကိုသေချာထိရသည်။အရင်ကနေရာလွတ်ထဲကိုအဏုမြူကျောက်တုံးတွေထည့်ဖူးပေမဲ့ ဘာမှမဖြစ်ခဲ့ပေ။စူးစမ်းလေ့လာပြီးနောက်သူတို့ အမဲရောင်အလင်းတန်းလေးထုတ်လွှတ်ရန်လိုအပ် ပြီးထိုအမဲရောင်အလင်းတန်းလေးမှတစ်ဆင့် အဏုမြူကျောက်တုံးများကိုစုပ်ယူနိုင်သည်။

အမဲရောင်အလင်းတန်းကဘာလဲ?ဘယ်သူမှ သေသေချာချာမပြောနိုင်ပေမဲ့နေရာလွတ်စွမ်းအင် ၏သင်္ကေတအလင်းရောင်ဖြစ်နိုင်ပြိး အဆင့်မြှင့်တင်သွားပြီးနောက်မှသာအဖြေကို သေချာသိနိုင်မည်။

အဏုမြူကျောက်တုံး၏အသုံးပြုပုံနည်းလမ်းကို သူတို့ရှာတွေ့ပြီးနောက်ကောပင်းသူတို့ရဲ့မစ်ရှင်နဲ့ ပက်သက်ပြီးပြင်ဆင်ချက်အချို့ကိုပြုလုပ်ခဲ့သည်။ အရင်ကအားလုံးရဲ့ရည်ရွှယ်ချက်သည်Mမြို့ကိုတက်နိုင်သမျှအမြန်သွားပြီးမျိုးစေ့ဆိုင်ကိုရှာရန်ဖြစ်သည်။သူတို့အောင်မြင်သွားပြီဆိုတာနဲ့ဇွန်ဘီတွေနဲ့တိုက်ခိုက်တာကိုတက်နိုင်သလောက်ရှောင်ပြီးသွားမှာဖြစ်သည်။အခု သူတို့အသုံးပြုရန်အတွက်အဏုမြူ ကျောက်တုံးများကိုပိုရှာဖွေပြီးဇွန်ဘီများကိုရှာဖွေမှာဖြစ်သည်။

"စုဆောင်းလို့ရတဲ့အဏုမြူကျောက်တုံးရဲ့10% အဲ့ဒါအပြင်ငါတို့မတိုက်ခိုက်နိုင်တဲ့အဆင့်မြှင့်ဇွန်ဘီ တွေနဲ့တွေ့ခဲ့ရင် အဲ့ဒီအဏုမြူကျောက်တုံးကိုလည်း မင်းတို့ပိုင်တယ်"ချန်နင်ကFengcheအတွဲရဲ့ တိုက်ခိုက်ရေးစွမ်းအင်ကိုကောင်းကောင်းသိသလို သူတို့အသင်း၏အားနည်းချက်ကိုလည်းသိသည်။ ဆွေးနွေးပြီးနောက်ဒီလိုသဘောတူညီမှုကို ဆုံးဖြတ်ခဲ့တာဖြစ်သည်။

ဟဲဇီကျုံးကခေါင်းညိတ်လိုက်သည်။"အိုကေဒါပေမဲ့ အရမ်းခက်ခဲတဲ့တစ်စုံတစ်ခုနဲ့ငါတို့ကြုံတွေ့ခဲ့ရင် တော့ငါတို့အာမမခံနိုင်ဘူး"

"မစိုးရိမ်ပါနဲ့ငါတို့ကဇွန်ဘီတွေကိုသတ်ဖို့စဉ်းစားနေတာမဟုတ်ပါဘူး၊မျိုးစေ့တွေကိုရှာဖို့က အဓိကဦးစားပေးပဲ၊လမ်းတစ်လျှာက်မှာအဏုမြူ ကျောက်တုံးစုဆောင်းဖို့လို့ငါတို့ယူဆလို့ရတယ်"

…………..

Hစီရင်စုအပြင်ဘက်Aမြို့ရဲ့အနီးနားတွင် ပုံရိပ်အနည်းငယ်သည်ရွှာငယ်လေးထဲတွင်ဂရုပြုလျက်ခြေဦးတည့်ရာလျှောက်သွားနေသည်။ရွှာအဝင်ဝ လမ်းဘေးတွင်ဇွန်ဘီသုံးလေးရာလောက်ကို တောင်ပူစာလို့စုပုံထားသည်။ဇွန်ဘီအလောင်းများ ပေါ်ကိုမိုးရေတွေကျနေပေမဲ့ရွှာထဲရှိမည်သူမှ ထိုအရာများကိုဂရုမစိုက်ချင်ကြပေ။

ခြံများတွင်လှန်လှောရှာဖွေပြီးနောက်သူတို့တွေထပ်စုဝေးခဲ့ပြန်သည်။

"အဲ့ဒီလူတွေကအရမ်းရက်စက်တာပဲ!!!ငါ့တဲထဲက မိုးကာတွေကိုတောင်သူတို့ကယူသွားတယ်!!"

"ဟုတ်တယ် ပြီးတော့ငါတို့စားဖို့အတွက်လည်း နည်းနည်းပဲချန်ထားခဲ့တာ၊ဘယ်လောက်ကြာကြာ စားနိုင်မှာလဲ?"

"တိတယဦးလေး၊ဒီလိုဆိုရင်ကော…….ကျွန်တော်တို့ အခြေစိုက်စခန်းကိုသွားရင်ကော?"

ကုတင်ဘေးတွင်ထိုင်နေသည့်လူကြီးတစ်ယောက်သည်ရုတ်တရက်နှစ်ခါလောက်ချောင်းဆိုးလိုက်ပြီး "မင်းကငါတို့တွေလိုလူအိုကြီးတွေမဟုတ်ဘူး ၊မင်းတို့ကောင်တွေသွားနိုင်တယ်ဒါပေမဲ့ငါတို့ရဲ့ အိုနေတဲ့ခြေလတ်တွေနဲ့အခြေစိုက်စခန်းဆီလမ်းလျှောက်သွားနိုင်ပါ့မလား?"

"စတုတ္ထအဖိုး ရွှာထဲမှာကားတွေရှိတယ်မဟုတ်ဘူးလား?"

"ကားထဲမှာလူဘယ်နှစ်ယောက်ထိုင်နိုင်မှာမို့လို့လဲ?ငါတို့လူအိုကြီးတွေနဲ့လူငယ်လေးတွေပဲရှိတယ်၊ဘယ်ကိုသွားမလဲ?မင်းအသက်ကိုလိုချင်သေးရဲ့လား?"

လူငယ်ကစိတ်ဆိုးသွားပြီးတခြားဘက်ကိုလှည့်သွားသည်။တတိယဦးလေးလို့ခေါ်သည့်သူသည်ရုတ်တရက်ပြောလိုက်သည်"ဟိုလူအုပ်စုကိုကြည့်ပြီး ငါကတော့အခြေစိုက်စခန်းကိုသွားဖို့မလိုဘူးထင်တယ်၊အကုန်လုံးကသေနတ်တွေနဲ့ဓားပြတွေလိုပဲ၊ငါတို့ အခြေစိုက်စခန်းကိုသွားလို့အဲ့မှာရှိနေတဲ့လူတွေက သူတို့လိုပဲဆိုရင်ငါတို့အရှင်လတ်လတ်အစားခံ ရမလားတောင်မသိဘူး?ဘာပဲဖြစ်ဖြစ်အခုငါတို့ရွှာ မှာလည်းဇွန်ဘီတွေမရှိတော့ဘူး၊အဲ့ဒါကြောင့်မို့ ဒီမှာပဲဆက်နေကြဖို့ပြောချင်တယ်!!!"

"အစားစာတွက်ကကော?"

တစ်စုံတစ်ယောက်ကထမေးတာမြင်တော့တိတယ ဦးလေးသည်တည်ငြိမ့်စွာဖြင့်ဆေးရွှတ်ကြီးကို လိမ့်လိုက်ပြီးသူ့ပါးစပ်မှာတေ့ကာမီးညှိလိုက်သည်" ဘာတွေအလျင်လိုနေတာလဲ?ငါမနေ့က ရွှမ်းဇီတို့ အိမ်ကိုသွားခဲ့တယ်သူတို့အိမ်မှာမြေအောက်ခန်း တစ်ခန်းရှိတယ်ပြီးတော့စပါးတွေကိုလည်း ကောင်းကောင်းထိန်းသိမ်းထားတယ်၊အဲ့ဒီဓားပြ ကောင်တွေမတွေ့သွားဘူး"

"ကျွန်တော်ပြောသားပဲ၊ရွှမ်းဇီမိသားစုကအရင်ကတည်းကအစားစာတွေကိုသိုလှောင်ရတာကြိုက်တယ်၊သူတို့မိသားစုကလယ်တွေကိုမငှားချင်ကြဘူးသူတို့ကိုယ်တိုင်ပဲစိုက်ပျိုးတာ၊သူတို့မှအစားစာမရှိတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

နောက်တစ်ယောက်ကရုတ်တရက်မေးလိုက်သည်"ကျွန်တော်တို့ဒီနှစ်အတွက်လုံလောက်ရင်တောင် နောက်နှစ်တွေအတွက်ကကော?အခုအပြင်မှာ မငြိမ်းချမ်းဘူး"

တိတယဦးလေးကရုတ်တရက်ပြုံးလိုက်ပြီးတောင်ဘက်ကိုပြုံးပြီးလက်ညိုးထိုးပြလိုက်ကာ"မင်းမေ့နေပြီလား?ငါတို့လယ်ကိုငှားလုပ်တဲ့သူတွေကလယ်ကွင်းအစွန်းနားမှာအိမ်ဆောက်ပြီးနေတာမဟုတ်ဘူးလား?ငါသူတို့ကိုကူညီဖို့သွားတုန်းက မျိုးစေ့တွေစိုက်ပျိုးဖို့သုံးတဲ့အခန်းကိုမြင်ခဲ့တယ်၊ မျိုးစေ့တွေရှိတဲ့အကြောင်းကိုဟိုအုပ်စုကိုမပြောခဲ့ ဘူးဒါပေမဲ့ငါတို့မျိုးစေ့တွေကိုယူပြီးငါတို့ဘာသာ စိုက်လို့ရတယ်!!"

အကုန်လုံးကရွှန်လန်းသွားကြသည်။သူတို့ကရွှာက ဆိုရင်တောင်အကုန်လုံးနီးပါးကလယ်မလုပ်ဖူးကြ ပေ။ရွှာထဲကလယ်စိုက်နိုင်တဲ့သူတွေအကုန်လုံးက သေကုန်ပြီဖြစ်ပြီးအခုချိန်ထိအသက်ရှင်နေသည့်သူများသည်ငပျင်းများသာဖြစ်သည်။ကံကောင်းစွာဖြင့် သူတို့ဝက်သားမစားဘူးရင်တောင်ဝက်ပြေးတာကို မြင်ဖူးကြတယ်မလား?။အနည်းဆုံးတော့အသက် ကြီးသည့်သူများသည်ဘယ်လိုစိုက်ပျိုးရမလဲဆိုတာကိုသိကြသည်။

အရွယ်ရောက်ပြီးသားအားကောင်းမောင်းသန် အမျိုးသားတစ်စုသည်တာဝန်ကိုထမ်းဆောင်ဖို့ သူတို့ကိုယ်သူတို့ကာကွယ်ရန်ဂေါ်ပြားများကို ကိုင်ဆောင်ပြီးမျိုးစေ့များသိမ်းထားသည့်နေရာဆီသို့သွားကြသည်။သက်ကြီးရွှယ်အိုအနည်းငယ်နှင့် ကံကောင်းသည့်အမျိုးသမီးများနှင့် မိဘများကချန်ထားခဲ့သည့်လူငယ်အနည်းငယ်သာရှိသည်။

ကောပင်းသေနတ်ဖြင့်ပစ်တာခံရသည့်ကောပင်းသည်ခြံဝင်းထဲတွင်သူ့ရဲ့မြေးလေးကိုသင်ပေးနေသည်။ သူမကကငိုနေတဲ့ကလေးကိုရိုက်နေပြီးဆူပူကျိန်ဆဲနေသည်။"ဘယ်လိုဆုံးမရမှန်းတောင်မသိတော့ဘူး!!စား!စား !!!စားတာပဲ သိတာလား?နင်ရဲ့ တော်လိုက်တဲ့မိဘတွေကဘယ်မှာသွားသေနေလဲ? ငါတို့မိသားစုကဓားပြတိုက်ခံရတာသိရဲ့လား?ဘယ်လိုလုပ်သကြားရှိမှာလဲလို့!!!"

မြေးငယ်လေးသည်သူမွေးကတည်းကတစ်ခါမှ ဒီလောက်မနာကျင်ဖူးပေ။ထို့အပြင်သူ့ကသူ့အဘွားဆီကနေအဆူခံခဲ့ရသောကြောင့်စိတ်ဆိုးပြီးပြေးထွက်သွားသည်။

ရွှာထဲမှာလည်းဇွန်ဘီတွေမရှိတော့ဘဲသူမခြေထောက်ကသေနတ်နဲ့အပစ်ခံခဲ့ရပြီးဒဏ်ရာကသွေးမထွက်တော့ပေမဲ့လှုပ်ရှားဖို့အဆင်မပြေသေးပေ။ထို့ ကြောင့်သူမကအိပ်ယာထဲမှာပဲထိုင်နေပြီးကောပင်းကိုဆက်လတ်ကျိန်ဆဲနေသည်။အဲ့ဒီလူတွေဇွန်ဘီဆီကအစားခံရရင်နည်းတောင်နည်းသေးတယ်။

ကလေးကရွှာအဝင်ဝဆီသို့ပြေးသွားပြီးငိုတာ တဖြည်းဖြည်းရပ်သွားသည်။ငိုနေရင်းနဲ့အလောင်း တွေပုံထားတဲ့နေရာကိုသံသယဖြင့်ကြည့်လိုက်ပြိး သူ့ခေါင်းအုံးအောက်ကထုတ်လာပြီးအိပ်ကပ်ထဲကို ထည့်ထားသည့်သကြားလုံကိုနှိုက်လိုက်သည်။ သေးငယ်သောသကြားလုံးလေးဖြစ်သောကြောင့် သေချာမကိုင်ထားနဲ့ဘဲအောက်သို့ပြုတ်ကျသွားသည်။ကလေးကဆောင့်ကြောင့်ထိုင်လိုက်ပြီး ဖုန်တွေကိုခါကာသကြားလုံးအခွံကိုခွာလိုက်ပြီးပါးစပ်ထဲထည့်လိုက်သည်။

အလောင်းပုံကိုလည်းမျက်တောင်မခတ်ကြည့်နေသည်။ဒါကဒုတိယအဖိုးနဲ့အကြီးဆုံးဝမ်းကွဲပဲ။သူတို့ဘာလို့အပြင်မှာအိပ်နေကြတာလဲ?ဘာဖြစ်လို့သူတို့ မျက်နှာတွေကပြာနှမ်းနေတာလဲ?

သူ့ခေါင်းတွေကမူးဝေလာပြီးသူ့မျက်လုံးရှေ့ကဟာကိုဘာမှမမြင်ရတော့ဘူးဆိုတာကိုကလေးကသတိမထားမိသေးပေ။ခြေလက်တွေကတဖြည်းဖြည်း တောင့်တင်းလာပြီးသူ့ခန္ဓာကိုယ်ထဲကနေ အစားစားချင်စိတ်ကထိုးထွက်လာသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment