အခြားကားများကဦးဆောင်သွားနေသောကြောင့် ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်ဘာမှအားထုတ်စရာမလိုဘဲယာဉ်တန်းနောက်ကလိုက်လာခဲ့သည်။အခြားအသင်းများနှင့်ပူပေါင်းခြင်းသည်ကောင်းကျိုးကောဆိုးကျိုးကောရှိသည်။အားနည်းချက်မှာသူတို့ရဲ့ အသင်းဖော်များကိုတမင်တကာလှည့်စားသည် မသမာသောအသင်းများသို့မဟုတ်ဝက်အသင်းဖော်များ(ကျေးဇူးကန်းသောအသင်းသားများ)နဲ့ တွေ့ဆုံ ရမည်ကိုစိုးရိမ်ရခြင်းဖြစ်သည်။အကျိုးကျေးဇူးမှာ အခုကဲ့သို့ပင်တစ်စုံတစ်ယောက်သည်လမ်းတွင်ဦး ဆောင်ပြီးဇွန်ဘီများကိုတိုက်ခိုက်ရာတွင်ကူညီခြင်းကဲ့သို့သောအရာများဖြစ်သည်။
မွန်းတည့်ခန်နီးချိန်တွင်ယာဉ်တန်းသည်Aမြို့မှထွက်ခွာလာပြီးမြို့Fလမ်းဆုံအဝေးပြေးလမ်းမတစ် လျှောက်ကနေပင်လယ်ဘက်သို့မောင်းထွက်လာသည်။စကားပြောစက်ကနေအသံတစ်ခုထွက်လာပြီး မွန်းတည့်ချိန်တွင်လမ်းမှာမနားတော့ဘူးဆိုတာကို မဆုံးဖြတ်ခင်ကားအစီးတိုင်း၌ဆီအလုံအလောက်ရှိ ကြောင်းအတည်ပြုခဲ့ပြီးချောမွေ့နေသောလမ်းကိုအခွင့်ကောင်းယူကာတဟုန်ထိုးမောင်းလာခဲ့ကြသည်။
ဖန်ဟောင်ကနေရာလွတ်ထဲကနေဟင်းသီးဟင်းရွတ်ဘန်းမုန့်ကြီးနှစ်ခုကိုထုတ်ယူလိုက်သည်။နေရာလွတ်ထဲကပြောင်းဖူးများသည်ရင့်မှည့်လာပြီးနောက်သူကအနည်းငယ်ကိုအခြောက်ခံကာပြောင်းဖူးမှုန့်အဖြစ်ထောင်းလိုက်သည်။မနေ့ညကသူသည် ဟင်းသီးဟင်းရွတ်ခြောက်များနှင့်ဝက်ဝမ်းဗိုက်သားကိုအသုံးပြုပြီးဟင်းသီးဟင်းရွက်ဘန်းမုန့်များအိုး ကြီးတစ်လုံးပေါင်းခဲ့သည်။
ဒီအချိန်တွင်သွမ့်ဇီသည်အသက်ရှုရန်လွယ်အိတ်ထဲကနေထွက်လာနိုင်ပြီးဖလင်ဖြင့်ကာထားသောပြတင်းပေါက်အပြင်ဘက်ကမြင်ကွင်းများကိုစပ်စုစွာဖြင့် ကြည့်နေသည်။
"အားဟောင်အရင်စားလိုက်၊ကိုယ်ကားမောင်းလိုက်ဦးမယ်"ဖန်ဟောင်ကsanxianစွပ်ပြုတ်အိုးတစ်လုံးကိုထုတ်လိုက်ပြီးကားအရှေ့ဘောင်ကွက်ပေါ်တွင်ထားလိုက်ပြီးဟဲဇီကျုံးနှင့်နေရာပြောင်းလိုက်သည်၎
ဟဲဇီကျုံးကသူ့ဘေးတွင်ထိုင်နေသည်ကိုသွမ့်ဇီတွေ့သွားပြီးသူ့ရဲ့ခေါင်းကိုလှည့်လိုက်ကာဟဲဇီကျုံးကိုင်ထားသည့်"အဝါရောင်သွမ့်ဇီ(ဖက်ထုပ်)"ကိုစိတ်အားထက်သန်တဲ့အကြည့်နဲ့ကြည့်နေပြီး-သွမ့်ဇီကအဲ့တာကိုစားချင်နေတယ်!!!
အဖြူရောင်အလုံးလေးကတောက်ပသောမျက်လုံး ကြီးများဖြင့်ပါပီလေးတစ်ကောင်လိုသူ့ပေါင်ကိုထပ်ကာထပ်ကာပွတ်နေသည်ကိုမသိခင်ဟဲဇီကျုံးသည်အလုတ်အနည်းငယ်စားလိုက်သည်။ဝှေ့ယမ်းဖို့လက်နှင့်လျှာမထုတ်ထားတာကလွဲလို့အကုန်တူနေသည်။
"မင်းစားချင်လို့လား၊စားပြီးရင်မင်းအိပ်ဖို့နေရာလွတ်ထဲကိုပြန်သွားနိုင်လို့လား"
စားလို့ချင်ရင်နေရာလွတ်ထဲကိုပြန်သွားရမယ်ဆိုတာ ကြားတော့သွမ့်ဇီမျက်နှာတစ်ခုလုံးသည်ရှုပ်ထွေးမူ များဖြစ်လာခဲ့သည်။သူ့ရဲ့ကြီးများသောမျက်လုံးကြီးများဖြင့်စိတ်ထိခိုက်စွာဟဲဇီကျုံးကိုပုတ်ခက်ပုတ်ခတ်လုပ်ပြီးသနားခံနေမိသည်။ဒါပေမယ့်သူ့ပါးပါးဆီမှသနားညှင်တာမှုနည်းနည်းမှမရနိုင်ခဲ့ပေ-မားမားကသာကမ္ဘာပေါ်မှာအကောင်းဆုံးလူဘဲ!!!
သွမ့်ဇီသည်ဖန်ဟောင်လက်မောင်းထဲသို့ခုန်ဆင်း ကာဟဲဇီကျုံးကကားမောင်းနေသည်ကိုအနှောက်ယှတ်ဖြစ်တယ်လို့ယိုးမယ်ဖွဲ့ပြီးသူကိုပြန်မဆွဲခေါ်သွားခင်သွမ့်ဇီသည်ပျံတံတံနန်တန့်တန့်ဖြင့်ဖန်ဟောင်လက်မောင်းကိုပွတ်သပ်နေသည်။
သွမ့်ဇီသည်တွန့်လိမ်ပြီးဟိုဘက်လှည့်ကာဟဲဇိကျုံးကိုသူ့ရဲ့ဖြူဖွေးသောကျောပြင်လေးဖြင့်နောက်ကျောပေးထားကာသွမ့်ဇီရဲ့ဖြူဖွေးနူးညံသောမျက်နှာလေးသည်ပြတင်းပေါက်ကိုမျက်နှာမူထားပြီးအပြင်က မြင်ကွင်းကိုစိတ်ဓာက်ကျစွာဖြင့်ကြည့်နေသည်။သူ့ ရဲ့နောက်ကျောလေးသည်စိတ်ဓာက်ကျနေပြီးဝမ်းနည်းနေပုံပေါ်သည်။
ဟဲဇီကျုံးကစားပြီးနောက်ဖန်ဟောင်နဲ့နေရာပြန်လဲလိုက်သည်။ညနေရောက်မှအသင်းသည် လမ်းဘေးတွင်ကျောင်းတစ်ကျောင်းကိုတွေ့ခဲ့သည်။ အသင်းကစစ်ဆေးပြီးနောက်ထိုနေရာကိုသူတို့နေရန်အတွက်ရွှေးချယ်ဆုံးဖြတ်ခဲ့သည်။
ထိုကျောင်းသည်အလယ်တန်းကျောင်းဖြစ်သည်။ ကျောင်းသားအိပ်ဆောင်မရှိသောကြောင့်ဇွန်ဘီများနှင့်တွေ့ကြုံရမည်ကိုစိုးရိမ်စရာမလိုပေ။ကျောင်းဝင်းထဲတွင်ကားများကိုရပ်လိုက်ပြီးဇွန်ဘီအနည်းငယ်ကို ရှင်းလင်းလိုက်ကာသင်ကြားရေးအဆောင်ထဲသို့ဝင်သွားလိုက်သည်။
ဟဲဇီကျုံးသည်ခေါက်ဓားကိုယူလိုက်ပြီးခရင်းခွလို ဓားကိုဖန်ဟောင်ကကိုင်ထားကာနှစ်ယောက်သား အဆောက်အဦးထဲသို့အသင်းနောက်ကနေဂရုတစိုက်လိုက်လာကြသည်။ကျောင်းတွင်းအခြေနေကို အကြမ်းဖျင်းစစ်ဆေးပြီးနောက်ကျောင်းထဲတွင် ဇွန်ဘီသို့မဟုတ်လူဘယ်သူမှမရှိကြောင်းကိုသူတို့ အတည်ပြုခဲ့သည်။ထို့နောက်လူတိုင်းသည်ညအိပ်ရန်နေရာအဖြစ်ဒုတိယထပ်ကိုရွှေးချယ်ခဲ့သည်။
"အရင်ကတစ်ယောက်ယောက်ဒီမှာရှိခဲ့တယ်ထင်တယ်"ချန်နင်ကအခန်းထောင့်သို့ရွှေ့ထားသောထိုင်ခုံ များစားပွဲခုံများနှင့်မီးလောင်ကျွမ်းနေသောထိုင်ခုံ ခြေထောက်များနှင့်စားပွဲခုံထောက်တိုင်များကိုကြည့်ပြီးကောပင်းအားပြောလိုက်သည်။
ကောပင်းကပြတင်းပေါက်အရှေ့တွင်ရပ်ကာကစားကွင်းဆီသို့ကြည့်လိုက်သည်။"အဲ့လူတွေထွက်သွားတာဖြစ်မယ်၊အနီးနားကလုံခြုံရေးဇုန်ကိုသွားတာဖြစ်နိုင်တယ်၊ဒုတိယထပ်ကိုဇွန်ဘီဝင်လာတဲ့အရိပ်အ ယောင်မရှိဘူးမလား?"
"မတွေ့ဘူး"
"အဲ့ဆိုအဲ့လူတွေကဒီနေရာကနေထွက်သွားဖို့ လက်ဦးမှုယူသွား နိုင်တာဘဲဖြစ်မယ်"
ဟဲဇီကျုံးကလည်းကစားကွင်းကိုကြည့်လိုက်သည်။လမ်းမကြီးနဲ့နီးသောတစ်ဖက်ရှိလက်ရန်းအချို့ မသိနိုင်သောတစ်စုတစ်ခုကြောင့်ကျိုးနေသည်။အဲ့တာကလူသားသို့မဟုတ်ဇွန်ဘီကြောင့်လည်းဖြစ်နိုင်သည်။
"ဒီနေ့တော့ဒီမှာဘဲနားကြတာပေါ့၊မနက်ဖြန်မနက်ခင်းမှခရီးဆက်ကြမယ်"ကောပင်းပြောပြီးနောက်ချန်နင်သည်ညတွင်စောင့်ကြည့်ရန်စတင်စီစဉ်ခဲ့သည်။
ဒီတစ်ကြိမ်တွင်အလုပ်တွဲလုပ်တဲ့သူအများကြီးရှိ သောကြောင့်ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်ပထမညတွင်ဘာမှလုပ်စရာမရှိပေ။တတိယအတွက်သူတို့ တန်းစီသည်ကိုလေ့လာပြီးနောက်သူတို့သည်နေထိုင်ရန်ထောင့်တစ်ခုကိုရှာတွေ့ခဲ့ပြီးအနားယူဖို့ပြင်ဆငင်လိုက်သည်။
Samsaraအသင်းကအဖွဲ့ဝင်များကလည်းနှစ်ယောက်၊သုံးယောက်အတူတူထိုင်နေကြပြီးအနားယူဖို့ပြင်ဆင်ရင်းနဲ့စကားပြောနေကြသည်။စားပြီးတာနဲ့တာဝန်ကျတဲ့လူနှစ်ယောက်သည်အလှည့်ကျထိုင်ပြီး ပြတင်းပေါက်အပြင်ကိုစောင့်ကြည့်သည်။နောက်ထပ်လူနှစ်ယောက်သည်အဆောက်အဦးရဲ့အခြားတစ်ဖက်တွင်တာဝန်ကျသည်-၄◌င်းတို့သည်အခြေနေကိုစူးစမ်းလေ့လာရန်ဆန့်ကျင်ဘက်အစွန်းတွင်ရှိနေကြသည်။