"ကိုယ်မသိဘူး…ဒါပေမဲ့ဒီလိုဖြစ်နေပြီ ဆိုတော့ ကိုယ်တို့တစ်ချို့ ပစ္စည်းတွေကိုပြင်ဆင်ထားရမယ်…ကိုယ်တို့နေရာလွတ်ကို အသုံးပြုလို့မရတဲ့အချိန် အဲ့ဒါတွေကို အပြင်မှာထားရမယ်"ခွန်အားတစ်ချို့ပြန်လည်ရရှိ လာသောဖန်ဟောင်သည်နေရာလွတ်တစခုလုံး ဖုံးအုပ်ထားသော အိမ်အပြင်ဘက်ရှိအဖြူရောင် တိမ်တိုက်ကဲ့သို့ မြူခိုးများကို ကြည့်လိုက်သည်။
"ဒီကိစ္စတွေကိုမနက်ဖြန်မှာသေချာလုပ်ကြတာပေါ့ အချိန်ခဏအတွင်းတော့ နေရာလွတ်က အဆင့်မမြင့်သေးပါဘူး၊ငါတို့လုပ်ရမဲ့ဟာကိုပဲ အရင်လုပ်ကြရအောင်"
"ဟမ်?"ဖန်ဟောင်ကပဟေဠိဖြစ်စွာဟဲဇီကျုံးကို ကြည့်လိုက်သော်လည်း မက်တပ်ထရပ်လိုက်တဲ့ ဟဲဇီကျုံးဆွဲပွေ့တာကိုသာခံလိုက်ရသည်။
"ဇီကျုံး?"
"နှစ်ကိုယ်တူကျင့်ကြံမယ်လေ"ပြောနေရင်းနဲ့သူ့က ခေါင်းကိုငုံ့လိုက်ပြီး "မွခနဲ" ဖန်ဟောင်နှုတ်ခမ်းကို တံဆိပ်တုံးရိုက်နှိပ်လိုက်သည်။သူတို့နှစ်ဦးနှစ်ကိုယ်တူကျင့်ကြံခဲ့ပြီးကတည်းကမစ်ရှင်ထမ်းဆောင်နေရတာဘယ်လောက်တောင်ကြာသွားပြီလဲ?ညစာနည်းနည်းလေးငတ်လိုက်တာနဲ့ညတိုင်းအသားစားနေကျသူသည်ပုံမှန်ထက်ကိုပိုဆာလောင်လာပြီး "လိုချင်ရမ္မက်"ကလည်းပိုကြီးလာလိမ့်မည်။
ပူနွေးသောရေလှိုင်းများသည်ဖန်ဟောင်ပေါ်ကို ရိုက်ခတ်နေသည်။ဖန်ဟောင်ရဲ့တစ်ကိုယ်လုံး ပူနွေးမူကြောင့် ရီဝေနေပြီးတစ်ကိုယ်လုံး ပန်းရောင်သန်းနေသည်။ဖန်ဟောင်ပါးစပ်မှ ညည်းသံများထိန်းမနိုင်သိမ်းမရထွက်ပေါ်လာသောအခါအပေါ်မှ ပြင်းပြင်းထန်ထန် ထိုးသွင်းနေသော ဟဲဇီကျုံးသည် ပိုပြီးချစ်စိတ်ပြင်းပြလာသည်။ များ သောအားဖြင့်သူတို့ကသုံးကြိမ်လောက်ပဲလုပ်ပမဲ့ ဒီတစ်ကြိမ်တော့ မရေတွက်နိုင်အောင်ဖြစ်သွားသည်!!!အပေါ်ထပ် မှာတရေးတမောအိပ်နေသည့်သွမ့်ဇီနိုးလာသည့်အထိသူတို့လူးလိမ့်နေကြသည်။ထို့ကြောင့်သွမ့်ဇီကသူ့မားမားနဲ့ပါးပါးသူနဲ့အတူတူအိပ်ရန်မတက်လာသေးဘူးဆိုတာသတိထားမိသွားခဲ့သည်။အရမ်းလွန်တာပဲ!!
နောက်တစ်နေ့မနက်ခင်းအစောပိုင်းတွင် အိပ်ယာထရန်တကယ်ခက်ခဲသည်။အကယ်လို့ ဖုန်းကိုalarmပေးရန်လျှပ်စစ်မီးရှိသည့်နေရာလွတ်ထဲမှာမဟုတ်ပါကသူတို့နှစ်ယောက်သေချာပေါက် နောက်ကျလိမ့်မည်။
မနက်စာစားရန်ဆေးကြောရန်ကုန်းရုန်းထလိုက်ပြီး ဂိုဒေါင်မှစုစည်းခဲ့သောဆေးဝါးများကို ကားထဲထည့်လိုက်သည်။အရေတွက်မှန်ရဲ့လားဆိုတာသေချာစေရန်ဟဲဇီကျုံးက ထပ်စစ်ဆေးခဲ့သည်။
ဗီလာအပြင်ဘက်သို့မောင်းထွက်လာတော့အိုက်လွမ်တို့နေတဲ့နေရာကိုကျော်ဖြတ်လာခဲ့သည်။ဗီလာရဲ့ အထဲတွင်မှောင်နေပြီးတံခါးမှာကားတစ်စီးရဲ့ အရိပ်ယောင်တောင်မရှိကြောင်းဟဲဇီကျုံးက အတည်ပြုခဲ့သည်။Overloardအသင်းက အခုချိန်ထိ ပြန်မရောက်လာသေးပေ။
Samsaraအဖွဲ့နှင့်တွေ့ဆုံပြီးဆေးဝါးအားလုံးကို ပေါင်းလိုက်ကာအခြေစိုက်စခန်းကတောင်းဆိုထားသည့်80%ကိုဖယ်လိုက်သည်။ကျန်နေတဲ့ဆေးဝါး များထဲမှ 10%ကိုချန်နင်ကဟဲဇီကျုံးအားပေးခဲ့သည် "ဒါကမင်းတို့ဝေစု"
သူတို့နှစ်ယောက်ကကြောင်သူတော်လိုဟန်ဆောင်မနေပဲဆေးဝါးများကိုအိတ်ထဲသို့ထည့်လိုက်ပြီး နေရာလွတ်ထဲသို့ပြောင်းလိုက်သည်။Samsara အဖွဲ့ဝင်အနည်းငယ်နဲ့အတူကျန်နေတဲ့ဆေးဝါးများကိုမစ်ရှင်ခန်းမရဲ့အနောက်ဘက်ရှိမစ်ရှင်ပေးအပ်သည့်ဆီသို့မောင်းလာခဲ့သည်။
"ငါတို့မျိုးစေ့နဲ့ဆက်စပ်နေတဲ့မစ်ရှင်တစ်ခုလုပ်မလို့ စီစဉ်နေတယ်"ကောပင်းကစီးကရက်ကိုထုတ်ယူလိုက်ပြီးမီးညှိကာရှုရှိုက်လိုက်သည်။
"အခုအခြေစိုက်စခန်းမှာမျိုးစေ့တွေရှားပါးနေပြီ"သူ့ကဟဲဇီကျုံးကိုတီးတိုးပြောပြလိုက်သည်"မျိုးစေ့ တော်တော်များမှာမှိုတက်တာ၊ပုပ်သိုးတာတွေ ဖြစ်နေတယ်လို့ကြားတယ်၊အဲ့ဒါကြောင့်မို့အခြေစိုက်စခန်းကမျိူးစေ့တွေကိုဈေးအမြှင့်ကြီးပေးပြီးစုဆောင်းနေတာပြီးတော့အပင်စွမ်းအားရှင်တွေကို လည်းစုဆောင်းနေတယ်၊ဘယ်လိုလဲ?ဆက်ပြီးပူပေါင်းဖို့စိတ်ဝင်စားလား?"
ဟဲဇီကျုံးကအဲ့ဒါကိုသေချာစဉ်းစားလိုက်ပြိး ကောင်းကင်ကိုမော့ကြည့်ကာ"အခုရာသီဥတုက အရမ်းဆိုးတယ်၊နေကိုတောင်မမြင်ရဘူး၊စပါးရိတ်သိမ်းလို့မရမှာငါစိုးရိမ်တယ်…..မျိုးစေ့တွေကိုတော့ စုဆောင်းသင့်ပါတယ်ဒါပေမဲ့အစားသောက်ပြဿနာအတွက်သတိထားပြီးပြင်ဆင်ထားရမယ်"
ချန်နင်ကမျက်မှောင်ကြုံပြီးပြောလိုက်သည်"ဒါပေမဲ့ အခုအပြင်ကအစားစာတွေကဆိုးသထက်ဆိုးလာပြီ ထိန်းသိမ်းရလွယ်တဲ့မျိုးစေ့တွေကိုလည်းအစောပိုင်းတည်းကအသတ်ရှင်ကျန်ရစ်သူတွေက ယူသွားကြပြီ"
"ငါတို့မြို့အတွင်းပိုင်းထဲမှာတော့တွေ့နိုင်သေးတယ်၊ဒါပေမဲ့အခုချိန်မြို့ထဲမှာသန္ဓေပြောင်းဇွန်ဘီတွေ အများကြီးရှိနေလောက်ပြီ"ဟဲဇီကျုံးကပုခုံးတွန့်ပြလိုက်သည်။ဒီတစ်ခေါက်မြို့ထဲမှာသူတို့ပိတ်မိနေတုန်းကသန္ဓေပြောင်းဇွန်ဘီဘယ်နှကောင်တောင်ကြုံ တွေ့ခဲ့ရသလဲ?ပထမဆင့်စွမ်းအားရှင်တောင် မြို့တွင်း၌လုံခြုံစွာမလှုပ်ရှားနိုင်ပေ။
"ရွှာတွေ"ကောပင်းကရုတ်တရက်ထပြောလိုက်သည်။"ရွှာသားတွေကအစားသောက်သိုလှောင်ရတာ ကြိုက်ကြတယ်သူတို့မျိုးစေ့တွေကိုလည်းစုဆောင်းထားလောက်တယ်၊မှိုတက်နေတဲ့ မျိုးစေ့တွေအများကြီးရှိနိုင်ပေမဲ့ မြို့ထဲမှာထက်စာရင်တော့ပိုအန္တရာယ်ကင်းတယ်"
"ဟုတ်ပြီဒါဆိုငါတို့လမ်းကြောင်းတစ်ခုစီစဉ်ရမှာပေါ့"ချန်နင်ကခေါင်းညိတ်လိုက်ပြီးဟဲဇီကျုံးကိုကြည့်လိုက်ကာ"မင်းရောဘယ်လိုထင်လဲ?ငါတို့နဲ့အတူတူ သွားမလား?အခြေစိုက်စခန်းကအပင်စွမ်းအားရှင် တွေအများကြီးကိုတွေ့တာနဲ့မျိုးစေ့တွေရဲ့ဈေးနှုန်းက ကျသွားနိုင်တယ်လို့ငါထင်တယ်"
အဲ့ဒါကဈေးကျသွားမဲ့အစားဈေးမြင့်လာလိမ့်မယ်။ ဒါပေမဲ့အခုလက်တလောမှာ ဘာမှလုပ်စရာမရှိပေ။ပြီးတော့သူတို့အသင်းရဲ့ တိုးတက်မူကပိုမြန်လာတယ်။သဘာဝကျစွာပင် ဟဲဇီကျုံးကဒီကောင်းမွန်တဲ့အခွင့်ရေးကို လက်လွတ်မခံပေ။
သူတို့ရဲ့မိခင်ဖခင်ဈေးဆိုင်(နာမည်ပြောင်)အသင်းတွင် လူနှစ်ယောက်သာရှိသည်။Samsaraအသင်းနဲ့ ပူပေါင်းပြီးအမှတ်စုဆောင်းခြင်းသည်အဆင်ပြေသည်။နောက်ပိုင်းတွင်အဖွဲ့ငယ်များအတွက်ရနိုင်သောမစ်ရှင်ရမှတ်လျော့နည်းလာနိုင်သည်။
ဟဲဇီကျုံးသူ့အရင်ဘဝတွင်မကြုံဖူးသော်လည်း အခြေစိုက်စခန်းထဲမှာထူးခြားတဲ့စွမ်းအင်ရှိတဲ့လူတစ်ချို့ရုတ်တရက်ပျောက်ကွယ်သွားခဲ့ဖူးသည်။ကောလဟာလများအရထိုလူများကိုလူသားသုတေသနလုပ်ရန်အတွက်ဖမ်းခေါ်သွားခဲ့သည်ဟုဆိုသည်။ အဲ့ဒါကအမှန်လားအမှားလားဆိုတာသူသိမသော်လည်းဂရုစိုက်တာပိုကောင်းသည်။ဟဲဇီကျုံးက သူတို့လှေတိမ်းမှောက်သွားတာကိုမလိုချင်ပေ။
"အိုကေငါတို့အတွေ့အကြုံရအောင်လုပ်လို့မင်းတို့ နောက်လိုက်ခဲ့မယ်"အမှတ်စာရင်းများထွက်လာသည်။ဒီတစ်ခေါက်ဆေးဝါးမစ်ရှင်သည်အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။မိခင်နှင့်ဖခင်ဈေးဆိုင် Fengche အသင်းသည်အမှတ်နှစ်ရာအပြည့်ရရှိခဲ့သည်။ အခြေစိုက်စခန်း၏အသင်းအဆင့်အနိမ့်ဆုံးသည် 0အမှတ်ဖြစ်ပြီးအဆင့်9ဆင့်ရှိသည်။အသင်းတိုင်းသည်အဆင့်၀ကနေစတင်ပြီးအဆင့်၁ရောက်ရန် ပျမ်းမျှအမှတ်၅၀၀လိုအပ်သည်။
မစ်ရှင်ပြီးမြောက်ပြီးနောက်Samsaraအသင်းသည် အဆင့်၁အသင်းဖြစ်လာသည်။ဟဲဇီကျုံးနှင့် ဖန်ဟောင်တို့သည်အခုအမှတ်များတွက်ရက်ရော သောအခွင့်အရေးများကိုရယူနေသရွှေ့သူတို့လည်းအဆင့်၁ကိုလျင်မြန်စွာတက်လှမ်းနိုင်မည်ဖြစ်သည်။
မစ်ရှင်ကို လွှဲအပ်ပြီးနောက် Samsaraအသင်းနှင့်ဟဲဇီကျုံးတို့သည်မျိုးစေ့စုဆောင်းခြင်းတာဝန်ကိုရယူရန်မစ်ရှင်ခန်းမသို့ထက်သွားခဲ့သည်။ဒီမစ်ရှင်သည်အမှတ်အများကြီးပေးထားသည်။အပြင်ဘက်မျိုးစေ့များသည်မှိုတက်နေပြီးကမ္ဘာပျက်ကပ်နေ့ရက်များတွင်အနည်းငယ်သာစိုက်ပျိုးနိုင်သည်။အကယ်လို့မျိုးစေ့များကိုကောင်းမွန်စွာထိန်းသိမ်းထားပြီးစိုက်ပျိုးရင်တောင်အပင်များသည်ပုံမှန်အတိုင်းရှင်သန်ကြီးထွားနိုင်မည်မဟုတ်ပေ။မူလမျိုးစေ့များ၏ဈေးနှုန်းများသည်နောက်ပိုင်းတွင်တိုးလာနိုင်သော်လည်းအခြေစိုက်စခန်းကထိုကဲ့သို့ပျက်စီးလွယ်ပြီးစိုက်ပျိုးရန်ခက်ခဲသော အပင်များကို အချိန်အကြာကြီးစုဆောင်းမှာမဟုတ်ပေ။နောက် ပိုင်းတွင်ထိုအရာများကိုသီးသန့်တစ်ယောက်ချင်းထံသာရောင်းချနိုင်ပြီးအကြိမ်တိုင်းတွင်ဈေးနှုန်းများကိုညှိုနှိုင်းဖို့လိုအပ်သည်။
ကား၊အစားစာ၊နေရာလွတ်၊မျိုးစေ့ကောရှိသည့်ဟဲဇီကျုံးသည်အခုချိန်တွင်ထောက်ပံ့ရေးပစ္စည်းများကို စုဆောင်းရန်အလျင်မလိုပေ။သင့်တော်သော ဈေးနှုန်းရှိသည့်အဏုမြူကျောက်တုံးများကိုသိုလှောင်သိမ်းဆည်းထားပြီးစောင့်နေရန်သာလိုအပ်သည်။နေရာလွတ်ထဲတွင်အစားစာများရှိသောကြောင့် အဏုမြူကျောက်တုံးများဖြင့်လဲလှယ်ရန်မလိုအပ်ပဲအချို့အရာများကိုနေရာလွတ်မြှင့်တင်ရန်အတွက် အသုံးပြုပြီးကျန်တဲ့အဏုမြူကျောက်တုံးကို ဓာက်ဆီ၊ကျည်ဆံနှင့်အခြားအရာများလိုအပ်သည့်အချိန်တွင်လဲလှယ်ရန်အတွက်စုဆောင်းထားသည်။
ဒီအခွင့်အရေးကမကြာခင်ရောက်လာလိမ့်မည်။
Samsaraအဖွဲ့နဲ့အတူမစ်ရှင်ကိုလက်ခံပြီးနောက် ကျင့်ကြံရန်အတွက်ဗီလာဆီပဲတန်းပြန်လာခဲ့သည်။ Overloardအသင်းဗီလာဆီသို့ဖြတ်သွားသောအခါ ထိုနေရာတွင်မည်သူမှမရှိပေ။ဟဲဇီကျုံးသည် ပြီးခဲ့တဲ့ရက်များကစောင့်ကြည့်မှတ်တမ်းကို စစ်ဆေးခဲ့သည်။စောင့်ကြည့်မှတ်တမ်းဗီဒီယိုကို ကြည့်နေရင်းနဲ့မေးစေ့ကိုပွတ်လိုက်ပြီးအိုက်လွမ်နဲ့ တခြားသူတွေကံမကောင်းခဲ့ရင်ဆိုပြီးတွေးမိသွားသည်။အပြင်မှာအဲ့ဒီအတိုင်းတကယ်သေသွားတာမြန်းလား?။ကပ်ဘေးကနေနှစ်တစ်ထောင်လောက်ရှင်သန်နိုင်တယ်လို့သူတို့အကုန်လုံးပြောခဲ့ကြတယ်မဟုတ်ဘူးလား?Samsaraအသင်းကသူတို့ကို ဒုက္ခပေးရန်အချိန်တောင်မရလိုက်ပဲသူတို့ကဒီလိုမျိုး သေသွားကြတယ်…..တကယ်ကြီးလား?
ဖန်ဟောင်ကမီးဖိုချောင်ထဲအလုပ်ရှုပ်နေစဉ် ဟဲဇီကျုံးသည်နေရာလွတ်ဆိုဖာပေါ်မှာထိုင်ပြီးဗီဒီယိုကိုအရှေ့သို့ရစ်လိုက်သည်။နေရာလွတ်ထဲမှာ စုဆောင်းထားခဲ့တဲ့အိုးများကိုအသုံးမပြုရသေးပေ။ထို့အပြင်အရင်ကနေရာလွတ်ထဲမှာစိုက်ထားတဲ့ ဆန်များရင်မှည့်ပြီးနောက်အခြောက်ခံကာအခွံချွတ်ထားခဲ့သည်။ဖန်ဟောင်ကမြေအိုးထမင်းလုပ်စားရန် ပျော်ရွှင်စွာဖြင့်ဆုံးဖြတ်ခဲ့သည်။
"ဇီကျုံး ကျွန်တော်တို့ဝက်တစ်ကောင်လောက် သတ်ရအောင်"ဖန်ဟောင်ခန္ဓာကိုယ်အပေါ်ပိုင်းသည် မီးဖိုချောင်မှရုတ်ရက်ထွက်ပေါ်လာသည်။
"ဝက်တစ်ကောင်သတ်မယ်?"ဟဲဇီကျုံးကနောက် ဆုံးဗီဒီယိုကိုအမြန်ကြည့်လိုက်ပြီးအခြေစိုက်စခန်း ကဘယ်သူမှမလာခဲ့ကြောင်းအတည်ပြုပြီးနောက် TVကိုအမြန်ပိတ်လိုက်ပြီးထရပ်လိုက်ကာ"အိပ်ထဲမှာ ဝက်သားမရှိတော့လို့လား?"နေရာလွတ်မြေအောက်ထပ်ထဲတွင်ဝက်သားလွှာ၊ဘေကွန်၊အခြားဝက်သားထုတ်ကုန်မျိုးစုံ…..အဲ့တာတွေကတောင်တစ်လုံးစာ ဖြစ်လုနီးပါးရှိတာမဟုတ်ဘူးလား?
ဖန်ဟောင်ကမျက်တောင်ပုတ်ခက်ပုတ်ခက်လုပ်လိုက်ပြီးရှက်ရွှံ့စွာပြုံးကာ"ကျွန်တော်တို့ကောက်ရခဲ့တဲ့ ထရပ်ကားထဲကဝက်တွေကိုနေရာလွတ်ထဲမှာ မွေးထားတာ တော်တော်ကြာပြီလေ၊…ပြီးတော့ အဲဒီဝက်(သင်းကွပ်ထားတဲ့ဝက်ထီး)တွေက ဝက်ပေါက်လေးတွေ မမွေးနိုင်ဘူးလေ…"ပြီးတော့ အဲ့ဒါကသစ်သီးတွေနဲ့အစားစာတွေကိုဖြုန်းတီးနေတာလေ။
"ဟုတ်ပါပြီကွာအဲ့ဒါဆိုလည်း တစ်ကောင်လောက် သတ်ရအောင်"ဟဲဇီကျုံးကခဏလောက်စဉ်းစားလိုက်ပြီးနေရာလွတ်မြေအောက်ထပ်မှခေါက်ဓားကို ထုတ်လိုက်သည်။ဝက်ကိုသတ်လိုက်တာလည်းမဆိုးပေ။
"ဇီကျုံးဒုက္ခခံစရာမလိုပါဘူး၊နေရာလွတ်မြေအောက်ထပ်ထဲကိုတိရိစ္ဆာန်တွေတိုက်ရိုက်ထည့်လိုက်ရင် ချက်ချင်းသေသွားမှာမဟုတ်လား?အဲ့ထဲကိုပို့လိုက် ပြီးမှပြန်ထုတ်လိုက်မယ်လေ"ဝက်တစ်ကောင်သတ် ခြင်း၏ထိတ်လန့်မူသည်လူသတ်ခြင်းနဲ့နှိုင်းယှဉ်နိုင်သည်။သူတို့နှစ်ယောက်ဇွန်ဘီတွေကိုချော့မွေ့စွာ သတ်ဖြတ်နိုင်သော်လည်းဒါပေမဲ့ဝက်တစ်ကောင်ကိုသတ်တာက….ဘယ်လိုပဲဖြစ်ဖြစ်သူတို့အချိန်ကြာ ကြီးမွေးမြူထားခဲ့သည့်ဝက်ဝတုတ်တွေဖြစ်သည်။အဲ့ဒါကြောင့်ညင်သာစွာပဲသေဆုံးစေချင်သည်။
To be continued………….