နှစ်ယောက်သားနောက်ကျမှအပြင်သို့သွားခဲ့သည်။ ဖန်ဟောင်၏မျက်နှာလေးကနီရဲနေပြီးမသိစိတ်အရသူခေါင်းကိုငုံ့ထားခဲ့သည်။ဟဲဇီကျုံးကိုမော့ကြည့် လိုက်တဲ့အခါသူ့မျက်လုံးထဲတွင်ဖုံးကွယ်မထားနိုင် လောက်အောင်ပျော်ရွှင်မှုများနှင့်ပြည့်နေသည်။
သေချာပေါက်ကိုဝိတ်တာလေးတွေကဒီချောမောခန့်ညားတဲ့အမျိုးသားနှစ်ယောက်ကအတွဲတွေဆိုတာကိုသိနိုင်သည်။ဤသည်မှာအားလပ်ရက်ခရီးသွားရာနေရာဖြစ်သည်။ဟန်နီးမွန်းထွက်လာတဲ့လူ(သို့) စုံတွဲလိုက်ခရီးထွက်လာတဲ့လူဘယ်လောက်များများကိုသူတို့မြင်ဖူးပြီးပြီလဲ?ယောက်ျားယောက်ျားချင်း၊ မိန်းကလေးမိန်းကလေးချင်း၊မိန်းကလေးယောက်ျားလေးစုံတွဲတွေကိုခတ်ရေစီးကြောင်းအရလက်ခံ ထားတာကိုသူတို့အားလုံးလည်းသိကြသည်။ ပြီးတော့အဲ့ဒီအရာကအံ့ဩစရာမဟုတ်တော့တာ ကြာပြီဖြစ်သည်။
သူတို့နှစ်ယောက်ဗီလာတံခါးဝမှပျောက်ကွယ်သွား ချိန်မှာတော့လုပ်စရာဘာမှမရှိတဲ့ဝိတ်တာလေးတွေကစုရုံးပြီး"ဒီနေ့အတွဲကအရမ်းမိုက်တာဘဲ!!"လို့ အတင်းပြောကြသည်။
"ဒါဆိုဘာလဲ၊မင်းဒီမှာမရှိဘူးလားခုနက၊အဲ့ဒီအတွဲကတကယ်ကြီးကြည့်ကောင်းတာပါဆို"
"ငါအရမ်းလှတဲ့လူတွေကိုအများကြီးမြင်ဖူးတယ်၊ဒါပေမယ့်ဟယ်သူတို့ကမိတ်ကပ်လိမ်းထားလို့တကယ်မျက်နှာကအမှန်တကယ်အဲ့လောက်လှလားမသိနိုင်ဘူး၊ခုနကနှစ်ယောက်ကတော့တကယ်ကိုသာဘာဝအတိုင်းကိုအသေချောတာဟ!!"
"ဘယ်လောက်ချောတဲ့လူဘဲဖြစ်ဖြစ်သူတို့က ယောက်ျားလေးဘဲကြိုက်တာပါဟာ"
"အဲ့တာကြောင့်ဘဲငါတို့ကသဘောကျတာလေ!! ချောမောခန့်ညားတဲ့ယောက်ျားလေးတွေအကုန်လုံးဂေးဖြစ်နေရင်တောင်ငါတို့ကပိုသဘောကျသေး"
………….
အသတ်ကယ်အင်္ကျီများဝတ်ဆင်ကာ နှစ်ယောက်သားလေပြင်းများနှင့်လှိုင်းများပုတ်သည့်လှေသင်္ဘောဆိုက်ရန်ဆိပ်ခံတံတားမှာရှိတဲ့ အပျောစီးသင်္ဘောပေါ်တွင်ထိုင် နေကြသည်။
သူသည်ဘေ့စ်ဘောဦးထုပ်၊Tshirtအင်္ကျီလက်ရှည် တစ်ထည်နှင့်maskတို့ကိုဝတ်ဆင်ထားသည်။
ဟဲဇီကျုံး၏အသုံးဆောင်ပစ္စည်းများနှင့်လိုက်ဖတ် ရန်ဖန်ဟောင်ကလည်းဆင်တူဝတ်ဆင်ထားပြီး သူလည်းmaskတပ်ထားသည်။
ထူးခြားသောတုပ်ကွေးရောဂါကြောင့်လူတော်တော်များများကအသတ်ရှုလမ်းကြောင်းကိုကာကွယ်ရန်maskတပ်ထားကြသည်။အဲ့တာကဘဲအဲ့ချိန်မှာ အားနည်းနေတဲ့ဟဲဇီကျုံးရဲ့မျက်နှာကိုဘယ်သူမှ သတိမထားမိတော့ဘဲဟဲဇီကျုံးရဲ့ဒုက္ခရောက်မယ့် အဖြစ်ကိုကယ်တင်နိုင်ခဲ့သည်။
သူသည်အရောင်းကိုယ်စားလှယ်ထံသွားပြီးသူတို့ရဲ့ကုန်လမ်းသွားယာဉ်အဖြစ်ကြီးမားသောစွမ်းရည် ရှိတဲ့SUVကိုရွှေးချယ်ခဲ့သည်။ဟဲဇီကျုံးရဲ့ကိုယ်ပိုင်SUVကဒုတိယရွှေးချယ်မှုဖြစ်လာပြီးသူရဲ့နေရာလွတ်ထဲကိုပစ်ထည့်ထားလိုက်သည်။တစ်ချိန်တည်းမှာပင် နောက်ထပ်Hummersနှစ်စီး၊လယ်ယာလုပ်ငန်းသုံးထရပ်ကားများ၊သူအရင်ကအသုံးပြုခဲ့တဲ့ တူးဖောရေးစက်များအပါဝင်အားလုံးကိုသိကာခာမဲ့စွာဖြင့်အရောင်းကိုယ်စားလှယ်ထံတွင်တိုက်ရိုက်ငှားယူခဲ့သည်။ကမ္ဘာပျက်ကပ်ဖြစ်တဲ့အချိန်ရောက်ရင်ရူးနေမှသာသူ့သူတို့ကိုပြန်ပေးလိမ့်မည်။
သူကအမှောင်ထဲတွင်ကားကိုအဝေးသို့မမောင်းသွားချင်ပေ။ကမ္ဘာပျက်ကပ်ဖြစ်တဲ့အချိန်ပြောင်းလဲသွား ပြီးပြန်ဖို့မဖြစ်နိုင်ဘူးဆိုရင်သူကားကိုစောစောပြန် ပေးရလိမ့်မည်။
သူတို့နှစ်ယောက်လုံးအနီးနားကစျေးမှာတစ်မနက် ခင်းလုံးအချိန်ဖြုန်းခဲ့သည်။အာရုံမတက်မီတွင်ငါး စျေးတွင်လက်ကားရောင်းချသူများသည်စတင်ခဲ့ပြီးသူတို့ရောက်တဲ့အခါလက်ကားရောင်းချသူများက ရောင်းချပြီးသွားပြီဖြစ်သည်။
သို့သော်လည်းလက်လီဖြန့်ချီသူတွေရှိမှာလည်း ပစ္စည်းကောင်းတွေအများကြီးရှိသေးသည်။
ဟဲဇီကျုံးကလတ်ဆတ်တဲ့ပင်လယ်စာအကောင် အရှင်တွေကိုဝယ်ယူခဲ့ပြီးသေတတာများ၊ပိုက်ကွန် များ၊အိတ်များဖြင့်ထရပ်ကားထဲကိုထည့်ခဲ့သည်။ မျက်တောင်တစ်ခတ်မှာဘဲအဲ့တာတွေကနေရာ လွတ်ထဲကိုရောက်ရှိသွားသည်။ ဟဲဇီကျုံးကအဲ့တာတွေကိုပြုလုပ်တဲ့ခါမှာလည်း ဖန်ဟောင်မတွေ့အောင်ရှောင်ခြင်းမပြုလုပ်ခဲ့သောကြောင့်အောင်မြင်စွာဖွင့်ပြောပြီးပြီ ဖြစ်တဲ့ဖန် ဟောင်သည်အားနည်းပြီးဖျားနေတဲ့ဟဲဇီကျုံးထက် တောင်ပိုရှုပ်ထွေး နေခဲ့သည်။နှစ်ယောက်သားကမ်းစပ်ကိုပြန်ရောက်တဲ့အခါသင်္ဘောဖြင့်ရေငုပ်တဲ့နေရာကိုသွားဖို့ပြင်ဆင်ကြသည်။"….အာ??စီနီယာ?ငါး တွေကိုဘယ်လိုလုပ်မလဲ"
ဟဲဇီကျုံးကသူ့မျက်ခုံးကိုပင့်လိုက်ပြီးဘာစကားမှ ကိုမပြောပေ။ဖန်ဟောင်ကသူကိုငေးငေးကြောင် လေးဖြင့်ကြည့်လိုက်သည်။မနက်ခင်းကသူကားကို ငှားတုန်းကသူကကားကိုလေးရက်လောက်ငှားဖို့အရောင်းကိုယ်စားလှယ်ကိုပြောပြီးဒီနေ့တစ်ဝက်မှာဘဲကားကိုအရောင်းကိုယ်စားလှယ်ဆီပြန်ယူသွားခဲ့ ပြီးမသုံးမပြုတော့ပေ။အဲ့ကားထဲမှာခုထိပစ္စည်းတွေရှိသေးပြီးသူတို့အဲ့တာကိုဘယ်လိုပြန်ယူမှာလဲ??
"သွားပြီးအပြင်ထုတ်လိုက်"အစထဲကဟဲဇီကျုံးသည်ဖန်ဟောင်အားသူ့နေရာလွတ်ကိုဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်မရှိပေ။ဒါကသူ့အရင်ဘဝကယုံ ကြည်မှုကြောင့်ဖြစ်သည်။ပြန်လည်မွေးဖွားပြီးအချိန်တန်ကြာပြီးနောက်တွင်သူ့ရှေ့ရှိဖန်ဟောင်သည် အခတ်ခဲများကြားတွင်ပင်သူနှင့်အတူနေလိုသည့် ဖန်ဟောင်ဖြစ်နေသေးကြောင်းလက်ခံယုံကြည်လာခဲ့သည်။
ဖန်ဟောင်ကမှင်တက်စွာဖြင့်ခေါင်းကိုငြိမ့်လိုက်ပြီးထရပ်ကားဆီအ ပြေးသွားကာတံခါးသွားဖွင့်လိုက်သည်....ရေစက်အနည်းငယ်စွန်း ထင်းရုံမှလွဲ၍ဘာမှကိုမရှိနေပေ။အဲဒီမှာဘာမှကျန် ရှိနေတဲ့လကခဏာကိုမရှိပေ။သူ့မျက်နှာကနီမြန်း နေပြီးဖန်ဟောင်ကအိမ်မှာပျောက်ပျောက်သွားတဲ့ ပစ္စည်းတွေကိုတွေးမိသွားသည်။အဲ့ဒီပင်လယ်စာတွေကကောတူညီတဲ့နေရာမှာများရှိနေမလား?
သူကခေါင်းကိုငုံ့လိုက်ပြီးရှက်ကိုးရှက်ကန်းဖြင့် ဟဲဇီကျုံးရဲ့ဘေးနားကိုပြန်လာသည်။သူကို မဖုံးကွယ်ဘဲပြတ်ပြတ်သားသားမပြောပေမယ့် လည်းဒီနည်းနဲ့သူ့ကိုယုံကြည်ကြောင်းဖော်ပြသည်။ ပြီးတော့ဒီမနက်မှာဘဲသူရဲ့ခံစားချက်တွေကိုရှင်းရှင်းလင်းလင်းလက်ခံခဲ့သည်…..စီနီယာကလူကောင်းဘဲ!!သူတကယ်ကိုမှားယွင်းတဲ့လူကိုကြိုက်မိခဲ့တာ မဟုတ်ဘူးဘဲ!!!>--<!!
ဟဲဇီကျုံးတကယ်ဘဲသူဘာတွေးနေမှန်းမသိသဖြင့် ခေါင်းငုံကာသူအနီးသို့ချဉ်းကပ်လာသည်ကို မြင်တော့လက်ကိုဆွဲကာသင်္ဘောကျင်းဆီ ခေါ်သွားခဲ့သည်။
…….လက်ကိုကိုင်ထားတယ်
ဖန်ဟောင်ပတ်လည်တွင်ပန်းရောင်ပူဖောင်းများပျံ့ဝဲနေပြီးဟဲဇီကျုံးရဲ့ခြေလှမ်းအတိုင်းသူကလိုက်သွားသည်။အဲ့ဒီချိန်မှာဟဲဇီကျုံးကသူကိုပင်လယ်ထဲသို့ တွန်းချလိုက်ရင်တောင်မှသူ့တုံ့ပြန်နိုင်မည်မဟုတ် ပေ။ဟုတ်ပါတယ်အကြောင်းပြချက်ကတော့တစ်စုံတစ်ယောက်ကိုတွန်အားပေးချင်နေတာပါ။
အပြာရောင်နှင့်ကြည်လင်သောပင်လယ်သည် လှပသောသန္တာ ကျောက်အရောင်မျိုးစုံငါးသေးသေးလေးများနှင့်
သန္တာကျောက်များကြားတွင်ထူးဆန်းသောပင်လယ်နေသတ္တဝါများနှင့်ပြည့်နေသည်။
နှစ်ယောက်သားရေကူးဝတ်စုံဝတ်ထားပြီး ရေအောက်ကမဘာထဲမှာရေကူးနေကြသည်။ ပင်လယ်အောက်ခြေသို့ရောက်သည်နှင့်ဟဲဇီကျုံးကသူ့ဘယ်ဘတ်လက်အိတ်ကိုချွတ်လိုက်သည်။သူ့ နေရာလွတ်ထဲသို့ပစစည်းတွေရွှ့ရန်ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုလိုအပ်သော်လည်းနေရာလွတ်ထဲမှာ သိမ်းဆည်းနိုင်သောထုထည်ပမာဏသည် အနည်းငယ်ကြောက်စရာကောင်းသည်။
ပြန်လည်မမွေးဖွားခင်ကသူကကွန်တိန်နာတစ်လုံး စာရှိတဲ့ပစ္စည်းတွေကိုတစ်ကြိမ်တည်းမသိမ်းဆည်း နိုင်တာကိုမှတ်မိသေးသည်။ဒါပေမယ့်Fမြို့မှာ ကုန်ပစ္စည်းတွေကိုသိုလှောင်တဲ့အခါဂိုဒေါင်တစ်လုံးစာရှိတဲ့ပစစည်းအားလုံးကိုတစ်ကြိမ်တည်းနဲ့ ထည့်နိုင်ခဲ့သည်။အဲ့တာကွန်တိန်နာတစ်လုံး တစ်ဝက်စာလောက်ကိုရှိသည်။
အဲ့ဒီချိန်မှာသူ့ကိုယ်သူ့အံ့ဩမိသည်။သူရဲ့လက်ကို အချိန်ကြာကြီးစိုက်ကြည့်ပြီးနောက်မှသူ့မျက်လုံးတွေအလုပ်လုပ်သေးကြောင်းသေချာ သွားသည်။
နောက်ဆက်တွဲအနေနဲ့သူခေါင်းကခဏလောက် မူးဝေနေပြီးနာရီဝက်လောက်အနားယူလိုက်ရင် သူသုံးလို့ကုန်ဆုံးသွားတဲ့စွမ်းအင်ကိုပြန်လည် ဖြည့်တင်းနိုင်သည်။
ပင်လယ်ထဲသို့ဝင်ပြီးနောက်သူ့နေရာလွတ်ထဲက ပင်လယ်တွင်းတွေပြည့်သွားသည့်အထိပင်လယ်ရေတွေကိုနည်းနည်းချင်းချင်းဆီစုပ်ယူခဲ့သည်။သန္တာကျောက်၊ပင်လယ်သခွားများ၊သံပခြုပ်များ၊ကြယ်ငါးများ၊ငါးရှဉ်များဝင်ရောက်လာကြသည်။အချို့သောအကွာဝေးတစ်ခုထဲမှပင်လယ်သတတဝါအများစု သည်ပင်လယ်ထဲမှကူးခတ်နေရင်းကိုနေရာလွတ်ထဲသို့ပစ်ထည့်ခံလိုက်ရသည်။
ပင်လယ်ရေကိုစုဆောင်းနေသောကြောင့်ငါးတွေကိုမထိရင်တောင်မှအနီးနားမှာရှိတဲ့ပင်လယ်ထဲက အရာအားလုံးကိုစုဆောင်းနေမိပြီးနေ ရာလွတ်ထဲကိုထည့်နိုင်သည်။
ဖန်ဟောင်ကသဘာဝကျစွာပင်ဟဲဇီကျုံးရဲ့သေးငယ်တဲ့လှုပ်ရှားမှုကိုမြင်နိုင်သည်။သူသည်ဟဲဇီကျုံးနှင့်သူတို့နှင့်အတူလိုက်ပါလာသောဝန်ထမ်းများအကြားတွင်လှည့်ပတ်သွားနေခဲ့ပြီးတခြားသူများ၏အမြင်ကိုပိတ်ဆို့ထားသည်။
သူကောင်းမွန်တဲ့ပစ္စည်းအများပြားကိုစုဆောင်းနိုင် သော်လည်းဟဲဇီကျုံးကအလွန်ဂရုစိုက်နေဆဲဖြစ် သည်။ရက်အနည်းငယ်တိုင်အောင်Nမြို့မှာနေဖို့စီစဉ်ထားပေမယ့်သူစိတ်ကြီးဝင်နေလို့မရပေ။မဟုတ်ရင်ကမ္ဘာကြီးအဆုံးမသတ်ခင်သူအဆုံးသတ်သွားလိမ့် မည်။
လှေပေါ်ကိုတစ်ယောက်ပြီးတက်ကြရင်းသူတို့ နှစ်ယောက်လတ်ဆတ်တဲ့လေကိုရှုရှိုက်ရင်းလှေပေါ်မှာထိုင်နေကြသည်။
"ပျော်စရာကောင်းလား?"ဖန်ဟောင်၏မျက်နှာတွင်မျက်မှန်ဖိခံထားရသည့်အရာများကိုကြည့်ရင်း သူလက်ကိုမြှောက်ပြီးအရာလေးတွေကိုထိလိုက် သည်။ဟဲဇီကျုံးရဲ့နှုတ်ခမ်းထောင့်လေးတွေက မကူမကယ်နိုင်စွာဖြင့်မြှောက်တက်သွားသည်။
ဖန်ဟောင်ကခေါင်းညိမ့်လိုက်ရင်း"ပင်လယ်ကြီးကအရမ်းလှတယ်၊ပြီးတော့သန္တာကျောက်လေးတွေကလည်းအရမ်းလှတယ်"
သူ့တို့ဘေးနားမှာထိုင်နေတဲ့ဝန်ထမ်းက"မင်းတို့စုံတွဲဟန်းနီးမွန်းထွက်လာတာလား?"
ဖန်ဟောင်ကကြတ်သေသေသွားပြီးသူမျက်နှာ အငွေ့တွေထွက်လာသည်။သူကအရင်ကတည်း comeoutလုပ်ထားတဲ့ဂေးလ်ဖြစ်ပေမယ့်သူ့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကိုတကကသိုလ်ရောက်မှ သိတဲ့ဟဲဇီကျုံးထက်ပင်ရှက်နေသေးသည်။
"ဟုတ်တယ်"ဟဲဇီကျုံးကဖန်ဟောင်ပုခုံးကို ညင်သာစွာနဲ့ဖတ်လိုက်ပြီး"ဘာဖြစ်လို့လဲ၊ငါတို့လို ခရီးသွားတွေအများကြီးရှိလို့လား?"
ထိုလူကပါးစပ်ကိုဖွင့်လိုက်ပြီးရယ်လိုက်သည်"ရှိတာပေါ့?ဒီမှာကဟန်းနီးမွန်းထွက်လာတဲ့စုံတွဲ တော်တော်များရှိတယ်၊နောက်ဆုံးအကြိမ်တုန်းက တောင်ငါတို့အမျိုးသားစု့တွဲတစ်တွဲကိုပင်လယ်ပြင် မှာမင်္ဂလာဓာက်ပုံတောင်ရိုက်ပေးလိုက်သေး၊ ဒီမှာကပြည်တွင်းကရှေးဆန်သူတွေထက်အများကြီးပိုပွင့်လင်းတယ်၊ဒါပေမယ့်မင်းတို့နှစ်ယောက်က နည်းနည်းထူးခြားတယ်"
"အိုဘာတွေထူးခြားတာလဲ"
"ငါတို့တွေ့ဖူးတဲ့ဂေးလ်တော်တော်များများကမိန်းမဆန်တယ်၊ပွင့်လင်းတယ်၊ပြီးတော့မိတ်ကပ်လည်း လိမ်းတယ်"ထိုလူကစကားတစ်ခုကိုတော့သူစိတ်ထဲသာပြောလိုက်သည်၊နှိုင်းယှဉ်ကြည့်ရင်ဒီနှစ်ယောက်ကနည်းနည်းကြောက်ဖို့ကောင်းသည်။
ဖန်ဟောင်ကတိတ်တိတ်လေးဟဲဇီကျုံးလက်မောင်းကိုဆွဲလိုက်ပြီးဟဲဇီကျုံးနားအနားသို့ကပ်လိုက်ပြီး"စီနီယာ..စီနီယာကောမိန်းမဆန်တဲ့ပုံစံကိုကြိုက်လားဟင်?"
ဟဲဇီကျုံးကသူ့ပါးလေးကိုဆွဲလိုက်ပြီးခေါင်းလေးကိုပုတ်လိုက်သည်။"အဲဒါဆိုရင်တော့မိန်းမတစ် ယောက်သာရှာလိုက်တာကောင်းတယ်"
ဖန်ဟောင်ကသတ်ပြင်းချလိုက်ပြီးအဆင်ပြေပါတယ်..အဆင်ပြေပါတယ်။ဒါပေမယ့်သူကအားနည်းပြီးတော့လွယ်လွယ်နဲ့လည်းရှက်တက်သေးသည်။အဲဒါကောထည့်တွက်ရမှာလား?
ကမ်းခြေ၊ပင်လယ်သတတဝါ၊ပင်လယ်ရေ…..
ဟဲဇီကျုံးသည်အင်္ဂါမှကြာသပတေးနေ့အထိ အနီးနားမှရေများကိုစုပ်ယူခဲ့သည်။ကံမကောင်းစွာ ဖြင့်အချို့သောရေနေသတတဝါများသည်ကမ်းပေါ်ရောက်သောအခါသေဆုံးသွားကြသည်။ ပင်လယ်ကြမ်းပြင်မှာသူတို့နဲ့မဆုံရင်ဟဲဇီကျုံးကသူတို့ကိုစုပ်ယူလို့မရဘူး။
ရေနက်ထဲမှာရှိတဲ့သတတဝါတွေကကော….. ကလေးရေမေ့လိုက်တော့နေရာလွတ်ထဲကဟာကသေးငယ်တဲ့ဗွတ်အိုင်လေးလိုဖြစ်သွားမယ်!!ရေသာသွားချိုးလိုက်တော့….
ကြာသပတေးနေ့မနက်ခင်းတွင်သူ့တို့နှစ်ယောက် ပင်လယ်စာခြောက်ရောင်းတဲ့စျေးကိုသွားကာ ပင်လယ်ဆားကြမ်းအပါအဝင်၊အစာ ခြောက်များကိုဝယ်ယူခဲ့သည်။သောကြာနေ့မှာတော့သူတို့စျေးထဲသို့သွားကာအုန်းပင်ပျိုးပင်နှင့် ငှက်ပျောပင်များအပါအဝင်တောင်ပိုင်းမှာသာ ရှိသောထူးခြားတဲ့အပင်အချို့ပြင်အပူပိုင်းဒေသ ထွက်အသီးအနှံ့ များနှင့်တောင်ပိုင်းဟင်းခတ်အမွှေးကြိုင်အချို့ကိုပါဝယ်ယူခဲ့သည်။
စနေ့နေ့နေ့လယ်ခင်းတွင်သူတို့သည်လေယာဉ်ပေါ်တက်ပြီးNမြို့မှပြန်ခဲ့ကြသည်။
ဗိုင်းရပ်စ်ကြောင့်ဖျားနားသူများပိုများလာကာပြင်းထန်သောသတိလစ်မေ့မြောနေသူများမရေတွက်နိုင်အောင်ရှိနေသည်။ဟဲဇီကျုံးသည်ခုံ ပေါ်တွင်ထိုင်နေပြီးဖန်ဟာင်ဘယ်ဘတ်လက်ကိုကိုင်ထားသည်။ဖန်ဟောင်ကသူခေါင်းကိုဟဲဇီကျုံးပုခုံး ပေါ်မှီထားပြီးအိပ်ပျောနေပြီဖြစ်သည်။
မနက်ဖြန်မနက်အစောပိုင်းတွင်ကမဘာကြီးသည်ကြီးမားစွာပြောင်းလဲသွားပြီးဇွန်ဘီစစ်တပ်သည်ကမ္ဘာကြီး၏ထောင့်အားလုံးကိုချက်ချင်းဖုံးလွှမ်းသွားမည်ဖြစ်သည်။
လေယာဉ်ပေါ်ကဆင်းပြီးနောက်ဖန်ဟောင်ကို အိမ်ကိုတိုက်ရိုက်ခေါ်သွားရမလားဆိုတာကိုစဉ်းစားနေမိသည်။သူ့အိမ်ကမြို့အလယ်ခေါင်မှာဖြစ်သည်။သူ့အရင်ဘဝတုန်းကသိုက်ကျွင်း၊ချူးလီလီ၊နှင့်သူကလွတ်မြှောက်ရန်အတွက်အတော်လေးကြိုးစားခဲ့ရသည်။အစတုန်းက တော့သူတို့အိမ်မှာတစ်ပတ်လောက်ကြာအောင်နေခဲ့သည်။
မြို့လယ်ခေါင်ကအရမ်းအနတရယ်များပြီးတော့၎င်းကပစ္စည်းစုဆောင်းရန်အတွက်အဆင်မပြေပေ။မြို့လည်တွင်စူပါမားကတ်မည်မျှရှိသည်ဖြစ်စေအသတ်ရှင်နေတဲ့သူတွေကအဲ့ဒီစူပါးမားကတ်များကို သွားလျှင်ဇွန်ဘီများပိတ်ဆို့မှုကြောင့်အကြီးကျယ် ဒုက္ခရောက်လိမ့်မည်။
သိုက်ကျွင်းနဲ့ချူးလီလီအကြောင်းစဉ်းစားရင်း ဟဲဇီကျုံးရဲ့မျက်လုံးများကအေးစက်မှုများထင်ဟပ်လာသည်။သူ့ပြန်လည်မွေးဖွားပြီးတော့သိုက်ကျွင်းနဲ့အေးအေးဆေးဆေးလမ်းခွဲနိုင်ဖို့ကိုဘဲဂရုစိုက်ခဲ့ပြီး ချူးလီလီကိုလျစ်လျူရှုခဲ့သည်။မမျှော်လင့်ထားစွာ ဖြင့်သူမကသူအိမ်ကိုအရင်ဘဝကလိုပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကရောက်လာခဲ့သည်။
တစ်ပတ်ကြာပြီးစနေနေ့၊ဒီညနေမှာအဖျားရှိနေတာတောင်မထွက်သွားဘဲသူထပ်ရောက်လာရင်ဇွန်ဘီတွေကသူကိုတစ်စဆီဆွဲဖြဲလိမ့်မည်။
ဟဲဇီကျုံးကဒီမိန်းမနဲ့မပတ်သတ်ချင်တော့ဘဲသူမကိုတွေ့မြင်ချင်းမှာပင်ဒေါသထွက်ကာစကားများရန်ဖြစ်ရမည်ကိုပို၍စိတ်ပျက်သည်။အဲဒါကြောင့်ဘဲသူဘယ်လိုဘဲစဉ်းစားကြည့်ကြည့်အိမ်ကိုမပြန်တာ အကောင်းဆုံးဖြစ်သည်။
ဖုန်းကိုဖွင့်လိုက်ကာလေယာဉ်ပျံသန်းနေသော ကြောင့်offlineမြေပုံကိုစစ်ဆေးပြီးတော့အရေးကြီး သောနေရာအချို့ကိုအမှတ်သားပြုလုပ် ပြီးစုဆောင်းလိုက်သည်။သူသည်ဖန်သားပြင်ပေါ်မှလက်ညိုးကိုဖြည်း ဖြည်းချင်းချင်းပွတ်လိုက်ရာဟဲဇီကျုံးကနေရာတစ်ခုကိုကြည့်ရင်းသူမျက်လုံးတွေတောက်ပနေသည်။
"စီနီယာကျွန်တော်တို့ဘယ်ကိုသွားမို့လဲ"ဖန်ဟောင်သည်ထွက်ပေါက်သို့ဟဲဇီကျုံးနောက်သို့မိန်းမောတွေဝေလျက်လိုက်ကာသူမျက်လုံးများကိုပွတ်လိုက်သည်။
"ရှင်းဟိုင်နွေရာသီတည်းခိုခန်း"