no

Font
Theme

ဖန်ဟောင်အဆင်ပြေကြောင်းအတည်ပြုပြီးနောက် ဟဲဇီကျုံးကသတ်ပြင်းချလိုက်ကာသူ့ပတ်ပတ်လည်မှာရှိနေတဲ့ပြဿနာကိုရှင်းဖို့အာရုံစိုက်လိုက်သည်။

စတီးပိုက်နဲ့ပြဿနာလာရှာတဲ့ဇွန်ဘီကောင်ရဲ့ခေါင်းကိုရိုက်လိုက်ပြီးသန္ဓေပြောင်းဝက်ဝံရဲ့ကုတ်တာကို ရှောင်ဖို့အနောက်သို့ခုန်လိုက်သည်။သူ့ခန္ဓာကိုယ်သည်မောပန်းနွမ်းနယ်နေသေးသဖြင့်သူ့၏စွမ်းအင်များကိုဖန်ဟောင်လိုခြေလှမ်းတွေကိုပင့်မြှောက်ဖို့အသုံး ပြုသင့်လားလို့စဉ်စားနေမိသည်။စတီးပိုက်၏တိုက်ခိုက်နိုင်စွမ်းသည်သူ့ရဲ့ရွှေစွမ်းအင်နဲ့ပင်လုံလောက် နေပြီဖြစ်သည်။

သူ့လက်ထဲမှာအသားကျပြီးသိပ်သည်းကျစ်လျစ်နေတဲ့လေစွမ်းအင်ကိုခြေထောက်ဆီပို့ဖို့အရမ်းခတ်ခဲသည်။ဟဲဇီကျုံးသည်စမ်းကြည့်ရန်အခွင့်အရေးမရှိသဖြင့်ဝက်ဝံ၏ကုတ်ခြစ်မူကိုရှောင်ရန်မြေကြီးပေါ်သို့ လှိမ့်လိုက်ကာထိုဝက်ဝံ၏ခြေထောက်တစ်ဖတ်ကို ချိုးနိုင်ခဲ့သည်။ထို့မှပင်သူသည်အသက်ရှုရန်နှင့်ကြိုးစားကြည့်ရန်အခွင့်အရေးရတော့သည်။

သူ့ခြေဖဝါးအောက်တွင်လေစွမ်းအင်ကိုသိပ်သည်း စေကာသူ့အရှိန်ကသိသိသာသာတိုးလာသည်။အနီးနားတွင်ယိမ်းယိုင်သွားလာနေသောအခြားဇွန်ဘီ  များကိုရှင်းရန်အခွင့်အရေးယူလိုက်ပြီးနောက်ဟဲဇီကျုံးကဝက်ဝံဆီသို့ပြေးသွားရန်လှည့်လိုက်သည်။ ရုတ်တရက်အရှိန်တိုးလာမူနှင့်သူ့ခြေထောက်ပေါ်တွင်စွမ်းအင်စုစည်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွမ်းကျင်စွာအသုံးမချသေးနိုင်သော်လည်း ခြေထောက်ကျိုးနေသောသန္ဓေပြောင်းဝက်ဝံကိုရင်ဆိုင်ရာတွင်အတော်လေးအန္တရယ်ကင်းသည်။

ဖန်ဟောင်သည်ပတ်ပတ်လည်ကိုခုန်နေစဉ်တွင်ဇွန်ဘီများကြားတွင်ရုတ်တရက်အရှိန်မြှင့်ကာသူတို့၏လည်ပင်းများကိုစတီးပိုက်နှင့်ရိုက်ချသည့်နည်းလမ်းကိုရှာတွေ့ခဲ့သည်။အကယ်၍၎င်းသည်ကိုယ်တွယ်ရခက်ခဲသောလက်နက်မဟုတ်ဘဲတောခုတ်ဓားဖြစ်ခဲ့လျှင်ဇွန်ဘီတွေသူတို့ခေါင်းတွေဖြတ်ခံရတာကိုကြုံ ရလိမ့်မယ်!!!

ခုနကသန္ဓေပြောင်းဝက်ဝံတိုက်ခိုက်တာကိုခံခဲ့ရ သောအမျိုးသားသည်ပြန်လည်သတိရလာပြီးသူ့ ပါးစပ်ကိုဖွင့်ကာဇွန်ဘီများနှင့်ဝက်ဝံကိုတိုက်ခိုက်နေသောအမျိုးသားနှစ်‌ယောက်ကိုငေးငေး ကြောင်ကြောင်ဖြင့်စိုက်ကြည့်နေသည်။ဇွန်ဘီနှစ် ကောင်ကသူ့အနံကိုရပြီးသူ့ဆီလာတဲ့အထိဖြစ်သည်။အစောပိုင်းကသန္ဓေပြောင်းဝက်ဝံ၏တိုက်ခိုက်ခြင်းကိုခံခဲ့ရသောအမျိုးသမီးသည်သွေးများထွက်နေပြီးသွေးနံသည်အနီးနားမှာရှိတဲ့ဇွန်ဘီများကိုရောကရှိလာစေရန်ဆွဲဆောင်ခဲ့သည်။အမျိုးသမီးသည်လုံးဝ  မလုပ်နိုင်တော့ဘဲအကိုက်ခံရသောအခါတွင်သူ့မ၏ အော်သံသည်သူ့စိတ်ဝိညာဉ်ကိုလှန့်နှိုးသွားစေသည်။

အနည်းငယ်ရှုပ်ထွေးသောအကြည့်ဖြင့်သေနေသော အမျိုးသမီးကိုကြည့်ရင်းထိုအမျိုးသားသည်ကျည်မပါသောသေနတ်ကိုဆက်လက်ဆုပ်ကိုင်ထားပြီး ဟဲဇီကျုံးဝက်ဝံကိုပစ်လိုက်တုန်းကပျောက်သွား သောစတီးပိုက်ကိုကောက်ကိုင်ကာထော့နဲ့ထော့နဲ့နဲ့ဖြည်းဖြည်းချင်းချင်းထလိုက်သည်။

သူ့ဆီလာနေတဲ့ဇွန်ဘီနှစ်ကောင်ကိုသတ်လိုက်ကာ နံရံပြိုကျနေတဲ့ဂိုဒေါင်ဆီသို့တွားသွားလိုက်သည်။ထို့နောက်မြေပြင်ပေါ်တွင်အားနည်းစွာဖြင့်အသက်ရှု နေပြီးလှဲလျောင်းနေသောပုံရိပ်ကို မြင်လိုက်ရပြီး ကံကောင်းစွာဖြင့်မသေသေးပေ။

လမ်းတစ်လျှောက်တွင်သူတို့၏အုပ်စုသည်Aမြိုသို့ ထွက်ပြေးရန်ကြိုးစားပြီးအတူတူခရီးထွက်ခဲ့ကြသည်။သူ့ဆီမှာလက်နက်ရှိပြီးထိုလူတွင်ခွန်အားစွမ်းရည်ရှိသောကြောင့်အဖွဲထဲကလူများသည်သူ့တို့ကို ဝန်းရံပြီးအဖွဲခေါင်းဆောင်အဖြစ်ဆက်ဆံခဲ့ကြသည်။

သူတို့သန္ဓေပြောင်းဝက်ဝံနှင့်မဆုံခဲ့ခင်အထိဖြစ်သည်။ဝက်ဝံကြီးရဲ့အာရုံကိုသူတို့နှစ်ယောက်ကပြောင်း နေတုန်းထိုလူများသည်သူတို့၏အသက်ကိုရွှေးချယ် ပြီးထွက်ပြေးခဲ့ကြသည်။တစ်လမ်းလုံးသူတို့ကို မျက်နှာချိုသွေးခဲ့သောအမျိုးသမီးနှစ်ယောက်သည်တစ်ယောက်ကသူကိုတွန်းထုတ်ခဲ့ပြီးတစ်ယောက်ကထွက်ပြေးသွားခဲ့သည်….

အသက်အန္တရယ်နှင့်သေခြင်းတရားကိုကြုံတွေ့လာရသောအခါသူတို့၏အပေါင်းအဖော်များကိုစွန့်ပစ်ခြင်း၏အပြုအမူကိုသူလုံးဝနားမလည်နိုင်တာတော့ မဟုတ်ပေ။သိုသော်လည်းနည်းလည်ပေးနိုင်ခြင်းသည်ခွင့်လွှတ်သည်လို့တော့မဆိုလိုပေ။အကယ်လို့သူထိုလူနှစ်ယောက်(ဟဲဇီကျုံးနှင့်ဖန်ဟောင်)တို့နှင့် မဆုံခဲ့လျှင်သူတို့နှစ်ယောက်သေနေသည်မှာကြာပြီ ဖြစ်သည်။သူဘယ်လိုလုပ်သူတို့ကိုခွင့်လွှတ်နိုင်မလဲ။ကံကောင်းစွာဖြင့်အခုသူတို့အားလုံးသေပြီဖြစ်သည်။

ဖန်ဟောင်သည်ဟမ်းစတားများကိုရိုက်နှတ်နေသလိုမျိုးဇွန်ဘီများကြားတွင်အရှေ့အနောက်ပြေးလွှားနေခဲ့သည်။သူစိတ်လှုပ်ရှားနေတုန်းသူ့ခြေထောက် များသည်ရုတ်တရက်ပျော့ကြသွားပြီးသူတုံပြန်ခဲ့သည်-ဘယ်တုန်းကသူ့စိတ်စွမ်းအင်ကကုန်သွားတာလဲ

ပတ်ပတ်လည်လည်ကိုအမြန်လှည့်ကြည့်လိုက် တော့ဂိုဒေါင်နဲ့ခက်ဝေးဝေးကိုသူထွက်လာမိမှန်း သိလိုက်ရသည်။ဒါပေမယ့်အခုဇွန်ဘီလေးကောင် ကျန်သေးသည်။အားကုန်တဲ့အထိအချိန်အကြာကြီးကစားပြီးနောက်သူ့စိတ်စွမ်းအင်ကုန်ခမ်းကာသူ့ ခြေထောက်တွေအားနည်းလာပြီးသူ့လက်မောင်းတွေလည်းနာကျင်လာသည်။ခုနကသူသတိမထားမိ ပေမယ့်သူ့ရပ်လိုက်သောအခါသူ့လက်မောင်းမှ နာကျင်ကိုက်ခဲမူတွေသိသိသာသာပေါ်လာသည်။

အဲအဲ….သူ့နေရာလွတ်ထဲကိုသွားပုန်းလိုက်ရမလား?

သူ့တွေဝေနေတုန်းမှာဘဲအပြာရောင်လေပြင်းများ တိုက်ခိုက်လာပြီးသေနတ်ပစ်လိုက်သလိုမျိုးရွှေရောင်တောက်ပနေသောကျောက်ခဲတုံးများကဇွန်ဘီတွေရဲ့ခေါင်းကိုပစ်လိုက်သည်။"ဝစ်ခနဲ၊ဝစ်ခနဲ"အသံထွက်လာပြီးနောက်ဇွန်ဘီများသည်လဲကျသွားသည်။

ဇွန်ဘီအလောင်းများသည်ပျောက်ကွယ်သွားကာ တူညီသောနေရာတွင်ပြန်ပေါ်လာသကဲ့သို့တစ်ခဏမျှလင်းလတ်သွားသော်လည်းလှုပ်ရှားမူသည်      မြန်လွန်းသောကြောင့်အတွင်းသိအဆင်းသိဖန်ဟောင်မှလွဲ၍အခြားသူများမြင်လျှင်ပင်သူတို့မူးဝေနေ သောကြောင့်အမြင်မှားသည်ဟုမှတ်ယူကြမည်ဖြစ်သည်။

"ပြေးသွားတာအရမ်းမြန်တယ်၊လမ်းကြည့်ဖို့မေ့နေတာလား"ဟဲဇီကျုံး၏အသတ်ရှုသံသည်အနည်းငယ်မတည်မငြိမ်ဖြစ်နေသည်။သန္ဓေပြောင်းဝက်ဝံကိုရှင်းပြီးနောက်ဖန်ဟောင်နှင့်အဖွဲ့ပြန်ဖွဲ့ချင်သော်လည်း ဒီကလေးကကောင်းကောင်းလုပ်နေပေမယ့် တဖြည်းဖြည်းအဝေးသို့ဆက်လက်သွားနေခဲ့သည်။ကံကောင်းစွာဖြင့်ဖန်ဟောင်ကဇွန်ဘီအများစုရဲ့ ခေါင်းကိုအကြိမ်အနည်းငယ်ထုရိုက်ပြီးအများစုက သေသွားသည်။သူ့နောက်ကလိုက်လာသောအခါ ဇွန်ဘီများ၏အလောင်းကိုစုဆောင်းပြီးနေရာလွတ်ထဲသို့အဏုမြူကျောက်တုံးစုဆောင်းရန်သာလိုခဲ့သည်။ဇွန်ဘီအနည်းငယ်သာအသက်ရှင်လျက်ကျန်နေပြီးသူ့အလွယ်တကူကိုင်တွယ်နိုင်ခဲ့သည်။

သူ့မောပန်းနွမ်းနယ်သည့်အထိဝေးကိုပြေးသွား ကြောင်းသူ့ဘာသာသူတော့သဘောပေါက်ပုံ၇သည်။သူဘယ်ကိုပြေးရမှန်းမသိပေ။အကယ်လို့ဇွန်ဘီတွေအများကြီးရှိနေရင်သူဆက်ပြီးတော့တိုက်ခိုက်နိုင် ပေါ့မလား?

ဖန်ဟောင်မျက်နှာကရှက်သွေးဖြာနေပြီးသူ့ခေါင်းကိုငုံ့ထားကာသူ့အမှားကိုသူဝန်ခံလိုက်သည်     "ကျွန်တော်တောင်းပန်ပါတယ်၊ကျွန်တော်….ကျွန် တော်မှာလေနောက်ထပ်စွမ်းရည်တစ်ခုရှိလာပုံဘဲ"

"အမြန်နှုန်းစွမ်းအင်"ဟဲဇီကျုံးကအဲ့တာကိုခုနက လေးကတည်းကမြင်ခဲ့သည်။သူ့အရင်ဘဝတုန်းက ဖန်ဟောင်သသည်ကုသရေးစွမ်းရည်တစ်ခုသာရှိခဲ့   သည်။ဒါပေမယ့်အခုသူပြေးတာအရမ်းမြန်ပြီးသူ့လှုပ်ရှားမူကလည်းအရမ်းမြန်သည်လေစွမ်းအားရှင်ဖြစ်တဲ့သူတောင်လိုက်မမှီပေ။မထင်မှတ်ဘဲအမြန်နှုန်း စွမ်းအားနိုးထခဲ့တာဖြစ်မည်။

သူ့လေစွမ်းအားသည်သူ့အရှိုန်ကိုမြင့်အောင်လုပ်နိုင်သော်လည်းအဲ့တာကအမြန်နှုန်းစွမ်းအားတော့ မဟုတ်ပေ။ပြီးတော့သူ့ကရွှေစွမ်းအားအသုံးပြုမူကို ထိန်းသိမ်းရန်သူ့စိတ်စွမ်းအင်ကိုခွဲပြီးအသုံးပြုရန် လိုအပ်သည်။သူ့အရှိန်ကိုအရမ်းမမြင့်နိုင်ဘဲဖန်ဟောင်နောက်ကသာလိုက်နိုင်ခဲသည်။

ဖန်ဟော်ကမျက်တောင်ခတ်လိုက်ပြီးဟဲဇီကျုံးကို မျှော်လင့်ချက်တစ်ချို့နဲ့ကြည့်ကာအနည်းငယ် စိတ်လှုပ်ရှားနေသည်။အဲ့တာကစွမ်းအင်လားဆိုတာကိုသူမသိပေ။ဘာဘဲဖြစ်ဖြစ်သူ့ပြေးနေသောအခါ သူ့ခြေထောက်ကကုသရေးစွမ်းအင်ကိုအသုံးပြုသလိုမျိုးမဟုတ်ပေ။

"နောက်တစ်ခါကျရင်မဆင်မခြင်ရှေ့နောက်မကြည့်ဘဲပြေးဖို့ခွင့်မပြုဘူး"ကံကောင်းထောက်မစွာဖြင့် နေရာလွတ်ထဲတွင်"သိုင်းပည်လှည့်စားခြင်း"နှင့် ညဘတ်တွင်ကျင့်ကြံခဲ့သော"ချီ"ကြောင့်ဖန်ဟောင်လှုပ်ရှားသည့်အခါအလွန်တိကျစွာတိုက်ခိုက်နိုင်ခဲ့သည်။မဟုတ်ရင်ဇွန်ဘီအုပ်စုထဲခုန်ဝင်ရန်အရှိန်ကို     အားကိုခြင်းသည်ဇွန်ဘီတွေကိုသတ်ဖို့မဟုတ်ဘဲ သူတို့ကိုလည်ဆင်းပေးသလိုဖြစ်နိုင်တယ်!!!

"ဟုတ်ကဲ့ကျွန်တော်နောက်အလုပ်တော့ပါဘူး"အဲ့အချိန်တုန်းကသူ့အရမ်းစိတ်လှုပ်ရှားသွားပြီးမဆင်မခြင်ပြလုပ်မိသွားသည်။ဖန်ဟောင်ကရိုးသားစွာ တောင်းပန်ခဲ့သည်။ဟဲဇီကျုံးသည်သူ့မတော်တဆတစ်ခုခုဖြစ်မည်ကိုစိုးရိမ်နေမှန်းသူ့သိသည်။ ပြင်းပြင်းထန်ထန်အဆူခံရရင်တောင်သူ့နှလုံးသား လေးကအရမ်းချိုမှိန်နေသည်။

နှစ်ယောက်သားအနားယူရန်နေရာလွတ်ထဲသို့ပြန်သွားရန်နှင့်စွမ်းအင်များကိုဖြည်းဖြည်းချင်းချင်း လေ့လာရန်စောင့်နိုင်သည်။ဒါပေမယ့်အခုတော့သူတို့နှစ်ယောက်ဂိုဒေါင်ထဲသို့ပြန်သွားရန်လိုအပ်သည်။ဝက်ဝံကြီးကိုတိုက်ခိုက်ပြီးနောက်ဖန်ဟောင်ကို လိုက်ကြည့်ဖို့အလုပ်ရှုပ်သွားသောကြောင့်ဝက်ဝံရဲ့ ခေါင်းထဲကနေအဏုမြူကျောက်တုံးကိုမထုတ်ရ သေးပေ-သူ့တို့စျေးဝယ်စင်တာမှာရင်ဆိုင်ခဲ့ရတဲ့  ဇွန်ဘီကြောင်လိုမျိုးသန္ဓေပြောင်းတိရစ္ဆာန်တွေရဲ့ ခေါင်းထဲမှာလည်းအဏုမြူကျောက်တုံးရှိသည်။

သူတို့ဂိုဒေါင်ထဲဆီပြန်သွားတော့အသတ်ရှင်နေသေးတဲ့လူနှစ်ယောက်ကိုတွေ့လိုက်ရသည်။တစ်ယောက်ကခုနကသူတို့ဂိုဒေါင်ထဲကထွက်လာတုန်းက အမျိုးသမီးတစ်ယောက်ဆီကနေတွန်းထုတ်ခံရပြီး သေခါနီးဆဲဆဲဖြစ်သွားတဲ့လူဖြစ်ပြီးနောက်တစ် ယောက်ကတော့သူဆံပင်ကိုကိုင်ပြီးထောင့်တစ်နေရာမှာပုန်းနေခဲ့တဲ့သူဖြစ်သည်။

ဟဲဇီကျုံးနှင့်ဖန်ဟောင်ပြန်လာသည်ကိုမြင်သောအခါတုန်လှုပ်ကြောက်ရွံ့နေသောသူ၏မျက်လုံးများ တောက်ပသွားပြီးထောင့်ထဲကနေတွားသွားပြီး ထွက်လာသည်"ဒီ..ဒီကလူကြီးမင်းတို့ ….ကျွန်တော်တို့ကိုAမြို့ဆီအတူတူခေါ်သွားလို့ရမလား"

ဖန်ဟောင်ကနောက်ပြန်ဆုတ်လိုက်ပြီးဟဲဇီကျုံးနောက်တွင်ရပ်လိုက်သည်။ဟဲဇီကျုံးကသူ့ကိုတစ်ချက် ကြည့်လိုက်ပြီးဂိုဒေါင်ရဲ့အပေါက်ကြီးဘေးမှာထိုင် နေတဲ့အမျိုးသားကိုမေးလိုက်သည်"မင်းအဆင်ပြေ ရဲ့လား"

ထိုလူကခေါင်းခါလိုက်ပြီးဟဲဇီကျုံးပြုတ်ကျခဲ့သော စတီးပိုက်ကိုကိုင်ထားဆဲဖြစ်သည်"ကျေးဇူးတင်ပါတယ်၊မဟုတ်ရင်ငါတို့သေနေလောက်ပြီ"

ထိုမှသာလျှင်ဟဲဇီကျုံးသည်သန္ဓေပြောင်းဝက်ဝံထံမှ ဂိုဒေါင်နံရံသို့ပစ်ပေါက်ခြင်းခံလိုက်ရသောအမျိုးသားသည်မသေသေးမှန်းသိလိုက်ရသည်။ပါဝါစွမ်းအားရှင်(ခွန်အား)ဆိုတာသေချာသွားသည်။သာမာန်လူမျိုးသာဒီလိုမျိုးရိုက်ပုတ်ခံရရင်အသားစင်းကော်လုံး ကြော်လိုမျိုးတစ်စဆီဖြစ်သွားလောက်သည်။

"ဒီက....ဒီကလူကြီးမင်းနှစ်ယောက်"ထောင့်မှပုန်း နေသောအမျိုးသားသည်ဟဲဇီကျုံးကသူကိုလျစ်လျူရှုနေတာမြင်သောအခါနံရံကိုကိုင်ပြီးထဖို့ကြိုးစား ပေမယ့်သူ့ခြေထောက်တွေကတုန်နေပြီးမက်မက် မရပ်နိုင်ပေ။

"ငါတို့ကAမြို့ကိုသွားမှာမဟုတ်ဘူး"ဟဲဇီကျုံးကထိုလူကိုနောက်ထပ်စိုက်ကြည့်လိုက်ပြီးတစ်ခုခုပြောရန်စိတ်အားသန်နေမှန်းမြင်တော့ပြောလိုက်သည်။"ငါတို့ကတာဝန်ထမ်းဆောင်ဖို့ဒီနေရာကိုရောက်နေတာခဏလေးနဲ့ပြန်လို့မရဘူး၊Aမြို့ရဲ့လုံခြုံရေးအခြေစိုက်စခန်းကလည်းသိပ်မဝေးတော့ဘူး၊အပြင်မှာ လည်းကားတွေအများကြီးရှိသေးတယ်၊အနားယူပြီးမင်းတို့ဆက်သွားရင်Aမြို့ကိုရောက်လိမ့်မယ်"

ဟဲဇီကျုံးကထိုလူများကိုစကားပြောနေစဉ်တွင်   ဖန်ဟောင်ကဝက်ဝံ၏ခေါင်းထဲကအဏုမြူကျောက်တုံးကိုအမြန်ဖယ်ထုတ်လိုက်ရာ-ဝက်ဝံရဲ့ခေါင်းသည်တစ်စုံတစ်ယောက်၏တိုက်ခိုက်မူကြောင့်အဏုမြူကျောက်တုံးသည်တစ်ဝက်လောက်အပြင်ထွက်နေပြီးဖန်ဟောင်ကအားထုတ်စရာမိုဘဲနေရာလွတ်ထဲသို့အဏုမြူကျောက်တုံးကိုအလွယ်တကူစုဆောင်းလို့ရခဲ့သည်။

နှစ်ယောက်လုံးသည်အပေါက်ကြီးဖြစ်သွားတဲ့ဂိုဒေါင်ဆီသို့ပြန်သွားခဲ့ပြီး-သူတို့အနားယူဖို့လိုအပ်နေသေး သည်။ဒီနေ့သူတို့နေလည်စာတောင်မစားရသေးပေ၊အခုကညနေစောင်းနေပြီ။

ထောင့်တွင်ထိုင်နေသောလူလည်းလိုက်ဝင်ပြီးထောင့်တစ်နေရာကိုတွေ့တော့ထိုင်လိုက်သည်။ဂိုဒေါင်ထဲမှာရိက္ခာအများအပြားရှိတာကိုသတိပြုမိသွားသောအခါစိတ်လှုပ်ရှားမူကြောင့်သူ့မျက်လုံးတွေပြူးကျယ်သွားပြီစည်သွပ်ဗူးများကိုစစ်ဆေးရန်လျှောက်သွားလိုက်သည်။ဟဲဇီကျုံးနှင့်ဖန်ဟောင်ကသူ့ကို လျစ်လျူရှုထားသည်ကိုမြင်သောအခါသူ့ကစည်သွပ်ဗူးပုံနားတွင်ထိုင်လိုက်ပြီးစည်သွပ်ဗူးကိုဖောက်ရန် မြေကြီးပေါ်ကချွန်ထက်သောကျောက်စရစ်ခဲကို   မတွေ့ခင်စည်သွပ်ဗူးများကိုလက်ထဲတွင်တပွေ့တပိုက်ကြီးပိုက်လိုက်သည်ထို့နောက်မှသာစည်သွပ်ဗူး  များကိုဖွင့်ပြီးစားလိုက်သည်။

ကျောက်တုံးပုံနားတွင်သူ့အသင်းဖော်နှင့်ကျန်ခဲ့ သောအမျိုးသားသည်သူ့အသင်းသာကိုဂိုဒေါင်ထဲသို့ ဒရွတ်တိုက်ဆွဲလာသည်။ဘယ်နေရာမှာမှမလုံခြုံပေမယ့်ဂိုဒေါင်ထဲမှာသန်မာသောလူနှစ်ယောက်ရှိသောကြောင့်အပြင်မှာနေတာထက်စာရင်ပိုပြီးတော့လုံခြုံသည်။

ဟဲဇီကျုံးသည်သူ့ရွှေ့ရန်ရုန်းကန်နေရသည်ကိုမြင် သောအခါထလိုက်ပြီးထိုလူကိုအထဲသို့ရွှေ့ရာတွင် ကူညီလိုက်သည်။

ပါဝါစွမ်းအားရှင်များ၏ခန္ဓာကိုယ်သည်လူသားမဆန်ပေ-ဟဲဇီကျုံးသည်အတိုချုံးစစ်ဆေးပြီးထိုလူသည်ခြေ ထောက်၊လက်နှင့်နံရိုးများအကျိုးကြောင်းကိုတွေ့လိုက်ရသည်။ပါးစပ်ထဲမှသွေးအနည်းငယ်အန်တာကလွဲရင်သူ့ခန္ဓာကိုယ်မှဒဏ်ရာများသည်သေနတ်ကိုင်ဆောင်ထားသူထက်ပိုနည်းသည်။

သူတို့ပြင်းပြင်းထန်ထန်ထိခိုက်ထားခြင်းမရှိသော ကြောင့်ဖန်ဟောင်၏ကုသရေးစွမ်းရည်ကိုဖော်ထုတ် ပြီးကုသပေးရန်မလိုပေ။အထူးသဖြင့်အခြေစိုက်စခန်းတည်ငြိမ်ပြီးနောက်ကြေးစားစစ်သားမဖွဲ့များသည်ကုသရေးစွမ်းအားရှင်များကိုဧည့်သည်အနေဖြင့် ဖိတ်ခေါ်ခြင်း၊သို့မဟုတ်အင်အားကြီးသောအဖွဲ့အစည်းများကအသက်ကယ်ရန်ရည်ရွယ်ချက်ဖြင့် ကုသရေးစွမ်းအားရှင်များကိုအိမ်တွင်ဖမ်းချုပ်ထား ကြသသည်။

အရင်ဘဝတုန်းကငတုံးလေးဖန်ဟောင်သာလျှင်သူ့ နောက်ကိုအမြဲလိုက်နေခဲ့တာဖြစ်သည်။သူတို့နှစ်ဦးသည်အခြေစိုက်စခန်းမှအစောကြီးကတည်းက  ထွက်ခွာခဲ့ကြပြီးသူတို့ကထွက်ခွာရန်တော့ဖိအားမ ပေးခဲ့ပေ။သူ့နေရာလွတ်ထဲမှအပင်တွေရှင်သန်ကြီးထွားနိုင်သလိုမျိုးဘဲဖန်ဟောင်ကုသရေးစွမ်းရည်သည်လည်းအခြားသူများကိုမလွဲဧကန်ဆွဲဆောင်နိုင် သောကြောင့်တက်နိုင်သမျှစွမ်းရည်ကိုမဖော်ထုတ်တာအကောင်းဆုံးဖြစ်သည်။

သူ့ကျောပိုးအိတ်ထဲမှာဆေးနှစ်ဗူးနှင့်ရောင်းရမ်းမူကို ပျောက်ကင်းဆေးနိုင်သောဆေးနှင့်Yunnan Baiyao  ဆေးကိုရှာဟန်ဆောင်လိုက်ပြီးသူ့ကပေးလိုက်သည်။"သူ့အတွင်းဒဏ်ရာတွေဘာတွေရနေလားမသိဘူး၊ဆေးဝါးတစ်ချို့ယူထားလိုက်"ဟဲဇီကျုံးသည် ဒဏ်ရာများရနေသော်လည်းသူ့အဖော်ကိုတရွတ်တိုက်ဆွဲထုတ်ရန်ကြိုးစားနေသည့်အမျိုးသားကြောင့် ဆေးဝါးများကိုပေးလိုက်သည်။ကမ္ဘာပျက်ကပ်အတွင်းတွင်ပစ္စည်းများကြောင့်လူသတ်မူများပိုမိုများလာကာ၊လက်စားချေခြင်းနှင့်အပေါင်းအဖော်များကို  ကြိမ်ဖန်များစွာလုပ်ကြံခြင်းများကိုသူ့မြင်တွေ့ခဲ့ရသည်။

ဒါပေမယ့်ကမ္ဘာကြီးတွင်အာဃာတရှိသောလူဆိုး  များရှိနေခြင်းကြောင့်လူတိုင်းသည်ဆိုးဝါးသောလူ များဖြစ်သည်လို့မဆိုလိုပေ။သူတို့ရဲ့မူလစိတ်နှလုံး သားကိုမချိုးဖောက်သရွေ့တော့အဆင်ပြေသည်။  တစ်စုံတစ်ယောက်သည်အမြော်အမြင်ရှိရှိဖြင့်သူ့   ပတ်ဝန်းကျင်အခြေနေကိုသတိထား၊စောင့်ကြည့်နေသရွေ့တစ်စုံတစ်ယောက်ကသစ္စာဖောက်ရင်တောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment