"ဇီကျုံးကြည့်ဦး"ဖန်ဟောင်ကသူ့မျက်နှာကိုမဖုံးဘဲ စာတစ်စောင်ကိုသွားယူရုံနှင့်ဝံပုလွေတစ်ကောင်ရဲ့အာရုံကိုဆွဲဆောင်မိလိမ့်မည်ဆိုတာကိုသတိမထားမိခဲ့ပေ။ပြီးတော့တစ်စုံတစ်ယောက်ကသူ့ကိုပြောခဲ့ ရင်တောင်သူယုံမှာမဟုတ်ပေ။ကမ္ဘာပျက်ကပ်မတိုင်ခင်ကတောင်အရပ်သားတွေကိုပြန်ပေးဆွဲပြီးနိုင်လိုမင်းထက်ပြုလိုသောလူယုတ်မာမျိုးနဲ့သူတစ်ခါမှ မကြုံခဲ့ ဘူးပေ-အခုနေနေသာသာ?
ဟဲဇီကျုံးကစာအိတ်ကိုလှမ်းယူပြီး၎င်းကိုဖွင့်ရန်ဖြဲလိုက်သည်။အထဲကသတင်းအချက်အလက်များသည်သူ့ကိုခေါင်းခါအောင်ပြုလုပ်နေသည်။
"ဘာဖြစ်လို့လဲ"
"ကြည့်ရတာ မနေ့ကလူတွေအများကြီးထိခိုက်ခဲ့ပုံဘဲ"
"ဟမ်၊မနေ့ကလူတွေအများကြီးသေသွားတာလား"ဖန်ဟောင်သည်သူ့နှင့်အတူစာဖတ်ရန်အမြန်သွားခဲ့သည်။ပထမစာမျက်နှာတွင်အသင်းတစ်သင်းစီ၏ လျှောက်လွှာစံနှုန်းတွေကိုက်ညီရန်လိုအပ်ကြောင်းကိုရှင်းပြခဲ့ပြီး၊ဒုတိယစာမျက်နှာတွင်အသင်းပံ့ပိုးမူအမှတ်တွက်ချက်မူ၊မစ်ရှင်ကန့်သတ်ချက်၊အစရှိတဲ့ စည်းမျည်းစည်းကမ်းအသစ်များကိုမျှဝေခဲ့သည်။ တတိယနှင့်စတုတ္ထစာမျက်နှာတွင်အမှတ်နှင့်လဲလှယ်လို့ရသည့်ပစ္စည်းများစာရင်းဖြစ်ပြီးနောက်ဆုံးစာမျက်နှာသည်အသင်းအဖွဲ့နှင့်မဟုတ်ဘဲတစ်ယောက်ထဲလုပ်ဆောင်သည့်သူများအတွက်စည်းမျည်းအသစ်များဖြစ်သည်။
"မနေ့ညကအခြေစိုက်စခန်းရဲ့ဆုံးရှုံးမူကြီးကိုဘယ်လိုမြင်လဲ"ဖန်ဟောင်သည်အဲ့တာကိုတကယ်နားမလည်ပေ။အဲ့ဒါကြောင့်သူ့အကြောင်းကြားစာနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့သည်။
ဟဲဇီကျုံးကဖန်ဟောင်ကိုသူ့ဘေးနားတွင်ထိုင်ရန်လက်ကိုဆွဲလိုက်သည်။ဖန်ဟောင်လက်မောင်းထဲတွင် သွမ့်ဇီသည်သက်တောင့်သက်သာအဖြစ်ဆုံးနေရာ လေးကိုရှာဖွေရန်တွန့်လိမ်နေပြီးနစ်ဝင်နေခဲ့စည်။ "အရင်ကကိုယ်တို့မစ်ရှင်ဟောခန်းမမှာမြင်ခဲ့တဲ့ လဲလှယ်လို့ရနိုင်တဲ့ပစ္စည်းစာရင်းစျေးနှုန်းတွေကို မှတ်မိလား"
ဖန်ဟောင်ကမျက်မှောင်ကြုံလိုက်ပြီး"ကျွန်တော်အကုန်လုံးကိုတော့သေချာမမှတ်မိဘူး…..အာအရင်ကတော့မှတ်မိသေးတယ်၊အရင်ကအသင်းတွေကအစားသောက်နဲ့ပစ္စည်းတွေဘဲလဲလှယ်လို့ရတာ"
"အင်းဟုတ်တယ်၊အခုအဲ့တာတွေအကုန်လုံးကအမှတ်တွေအဖြစ်ပြောင်းသွားပြီ"
အရင်တုန်းကအမှတ်များသည်အလှကုန်ပစ္စည်းသာသာဖြစ်ပြီးဂျုံမှုန့်ကဲ့သို့မျိုရခက်သောအရာများနှင့် ရေကိုသာလဲလှယ်ရန်အသုံးပြုနိုင်သည်။ဒါပေမယ့်အခုချိန်တွင်အမှတ်တွေကိုဓာက်ဆီ၊ဓားများနှင့် လက်နက်များကိုပင်လဲလှယ်နိုင်ပြီဖြစ်သည်။
သေနတ်များ၊ဖောက်ခွဲရေးပစ္စည်းများနှင့်ဓားများသည်အခြေခံကျဆုံးလက်နက်များဖြစ်ပြီးအသုံးများ သောလက်နက်များဖြစ်ပေမယ့်အနည်းဆုံးတော့၎င်းတို့ကိုလဲလှယ်ရန်နည်းလမ်းတစ်ခုရှိသေးသည်။ တာဝန်များစွာကိုလည်းချိန်ညှိပြီးပြီဖြစ်သည်။ ကြားခံအခကြေးငွေကောက်ခံသည့်အချိုးစားသည်အလွန်လျော့နည်းသွားပြီးစစ်တပ်နှင့်အလုပ်လုပ် သောအခါတွင်ပေးရသည့်ပစ္စည်းအချိုးအစားသည်လည်းလျော့ကျသွားခဲ့သည်။
ယေဘုယျအားဖြင့်အခြေစိုက်စခန်းသည်အသင်းတစ်သင်းစီပေါ်ကန့်သတ်ချက်များကိုစတင်လျှော့ချလိုက်ပြီးအဖွဲများ၏ဖွံ့ဖြိုးတိုးတက်မူကိုစတင်ထောက်ပံ့ပေးခဲ့သည်။
"အခြေစိုက်စခန်းကအသင်းတွေပေါ်ကန့်သတ်ချက်တွေနည်းလာတယ်၊သိလား၊မစ်ရှင်ကော်မရှင်ခ၊ ကြားခံအခကြေးငွေအဲ့တာတွေကအရင်ကထက်နည်းသွားတယ်၊အဲ့တာတွေကစာရင်းထဲမှာထုတ်ပြန်ထားတဲ့အကြောင်းရာတွေဘဲ။အကျိုးခံစားခွင့်တွေရဲ့အသေးစိတ်အချက်အလက်တွေကဘာတွေလဲဆို တာကိုကိုယ်တို့ခဏစောင့်ပြီးတော့သိရအောင်မစ်ရှင်ခန်းမကိုသွားရမယ်"
ဤသည်မှာဟဲဇီကျုံး၏အတိတ်ဘဝတွင်ကြားဖူးနားဝရှိခဲ့သောအသင်းဖွံဖြိုးတိုးတက်မူ၏ရွှေရောင်ကာလဖြစ်ပုံရသည်။ဤကာလအတွင်းမူဝါဒများသည် တစ်ဦးချင်းအသင်းများအတွက်အကောင်းဆုံးဖြစ်သည်။ဤစည်းမျည်းများကိုအကောင်ထည်ဖော်ခဲ့ပြီး နှစ်လခန့်အကြာတွင်အခြေစိုက်စခန်းသည်စည်းမျည်းစည်ကမ်းများကိုပြန်လည်တင်းကျပ်လာခဲ့ပြီး စည်းမျဉ်းတော်တော်များများကိုပြန်လည်ဖျက်သိမ်းခဲ့သည်။တိကျပြတ်သားစွာဖိနှိပ်ထားခြင်းမရှိသော်လည်းအဖွဲ့တစ်ဖွဲ့ကဓာက်ဆီနှင့်လက်နက်များကဲ့သို့သောအရာများအတွက်လိုအပ်သောအမှတ်(point)ပမာဏသည်အရင်ကထက်တိုးလာမှာဖြစ်သည်။ အထူးတာဝန်များသည်အင်အားကြီးသောအသင်း များအတွက်သီးသန့်တာဝန်ဖြစ်လာမှာဖြစ်ပြီး သာမာန်လူများသည်အဆိုပါအကျိုးအမြတ်များ သောတာဝန်များကိုပူပေါင်းဆောင်ရွတ်ခြင်းသို့မဟုတ်လုပ်ဆောင်နိုင်ခြင်းမရှိတော့ပေ။
ဖန်ဟောင်ကခဏလောက်တွေးဆလိုက်ပြီး"ဇီကျုံး ပြောချင်တာကမနေ့ညကဇွန်ဘီကြွတ်ဖြစ်ရပ်ကြောင့်အခြေစိုက်စခန်းမှာလူအင်အားအများကြီးဆုံးရှုံး သွားလို့အသင်းတွေပေါ်ကန့်သတ်ချက်တွေအများ ကြီးလျှော့ချလိုက်တာအဲ့လိုမျိုးလား"
"ဟုတ်တယ်၊ဒီမှာကြည့်လိုက်ထူးခြားတဲ့အခြေနေ မျိုးမှာအခြေစိုက်စခန်းကအသင်းတစ်သင်းကို အခြေစိုက်စခန်းရဲ့ခုခံကာကွယ်ရေးမစ်ရှင်မှာအခမဲ့ ပါဝင်ခိုင်းပိုင်ခွင့်ရှိတယ်တဲ့၊အဲ့ဒါမနေ့ညကဖြစ်ခဲ့တဲ့ဟာနဲ့ဆက်စပ်နေလို့ဘဲ"
ဖန်ဟောင်ကခေါင်းညိတ်လိုက်ပြီးဘာမှပြန်မပြောခဲ့ပေ။မနေ့ညကအဖြစ်ပျက်ကအစပိုင်းသို့မဟုတ်နေ့တိုင်းအပြင်မှာဖြစ်နေတဲ့အဖြစ်ပျက်တွေလိုလူတွေ အများကြီးသေကြေပျက်စီးခဲ့တာကိုသူသိသည်။သူ့ ဝမ်းမနည်းပေမယ့်စိတ်မကောင်းသလိုတော့ခံစားမိသည်။
သူ့ကတစ်ကိုယ်ကောင်းဆန်တဲ့သူဖြစ်ပြီးဟဲဇီကျုံး ဘေးနားမှာသာရှိနေချင်သူဖြစ်သည်။ဟဲဇီကျုံးက သူ့ဘေးနားမှာရှိနေသရွှေ့သူဘာမှမလိုအပ်ပေ။ သူတို့မှာစွမ်းအားရှိသော်လည်းလူတိုင်းကိုကယ်တင်ဖို့တော့မဖြစ်နိုင်ပေ။ယနေ့ခေတ်ကမ္ဘာကြီးတွင် ဘယ်သူဘဲဖြစ်နေပါစေမိမိကိုယ်ကိုကယ်တင်ရန် နည်းလမ်းကိုရှာဖွေရမည်ဖြစ်သည်။လျိုဝှက်သိုင်းကျင့်စဉ်စာအုပ်ကိုရရှိပြီးနောက်လေ့ကျင့်ခြင်းနှင့်သူ့ခွန်အားတိုးလာအောင်အားထုတ်ခြင်းသည်ဟဲဇီကျုံး ဘေးမှာနေပြီးကြည့်ရှုစောင့်ရှောက်ဖို့အတွက်သာဖြစ်သည်။
ဖန်ဟောင်ကဟဲဇီကျုံးရဲ့ပုံခုံးပေါ်ကိုမှီထားရင် စဉ်းစားနေသည်"ဇီကျုံးအခုအသင်းတွေအတွက် အများကြီးလျှော့ပေးထားတုန်းကျွန်တော်တို့မစ်ရှင်တွေပိုလုပ်သင့်လား"
ဟဲဇီကျုံးကခေါင်းညိတ်ပြလိုက်ပြီးထိုစာရွတ် စာတမ်းများရဲ့နောက်ဆုံးစာမျက်နှာကိုလှန်ကာ နောက်ဆုံးစာကြောင်းအနည်းငယ်ကိုကြည့်လိုက်ပြီး ဟဲဇီကျုံးပြုံးလိုက်သည်။"ကြည့်ရတာတော့ မကြာခင်အချိန်တွင်းမှာတစ်ယောက်ယောက်က အခြေစိုက်စခန်းထဲမှာအဏုမြူကျောက်တုံးကို ရောင်းမယ်နဲ့တူတယ်"
ပစ္စည်းလဲလှယ်မူပြီးနောက်တွင်အခြေစိုက်စခန်းသည်ဇွန်ဘီတွေရဲ့ခေါင်းမှအဏုမြူကျောက်တုံးများကိုစုဆောင်းမည်ဟုမှတ်သားထားခဲ့သည်။
အဏုမြူကျောက်တုံး၎င်းသည်အနာဂတ်တွင် ငွေကြေးနှင့်အမှတ်များအစားအစားထိုးမည့်အရာဖြစ်သည်။အဏုမြူကျောက်တုံးကိုအသုံးပြုသည့် နည်းလမ်းကိုရှင်းရှင်းလင်းလင်းမသိသော်လည်း အခြေစိုက်စခန်းတွင်အဏုမြူကျောက်တုံးစတင်ပျံ့နှံသွားသောအခါလူတွေသည်၎င်းတို့၏တန်ဖိုးကို ခန့်မှန်းနိုင်မည်ဖြစ်သည်။
နှစ်ယောက်သားမစ်ရှင်ခန်းမသို့သွားရန်အလျင်မလိုပေ။ဟဲဇီကျုံးသည်မစ်ရှင်ခန်းမကစံနှုန်းအမျိုးမျိုးကို ကိုက်ညှီအောင်မပြင်ဆင်ရသေးဟုခန့်မှန်းမိခဲ့သည်။သူတို့ပြန်လည်ပြင်ဆင်ရန်အနည်းဆုံးနေ့လည်ခင်း လောက်ရောက်တဲ့အထိစောင့်ရမည်။
မနက်စာစားပြီးနောက်နှစ်ယောက်သားနေရာလွတ်သို့ပြန်သွားပြီးသက်ဆိုရာလေ့ကျင့်ခြင်းများကို လေ့ကျင့်လိုက်သည်။ဟဲဇီကျုံးတွင်ရွှေစွမ်းအင်ရှိ ခြင်းကြောင့်တိုက်ခိုက်ရေးစွမ်းအားအတွက်စိတ်ပူ စရာမလိုဘဲခြေနင်းကွတ်များကိုသာအာရုံစိုက်ရန်လိုသည်။လေစွမ်းအင်ဖြင့်အရှိုန်မြှင့်ခြင်းသည်ဖန်ဟောင်အမြန်စွမ်းအင်လောက်အဆင်မပြေသေးပေ။ အဲဒါကြောင့်ကူညီရန်ုထူးခြားသောနည်းပညာအချို့လိုအပ်သည်။
ဥပမာအားဖြင့်သူ့အခုလေ့ကျင့်နေတဲ့"လေတုန်ခါခြင်း"လို့ခေါ်တဲ့ခြေနင်းကွတ်များသည်တိုက်ပွဲတွင်သူ့ရဲ့အလဟသလှုပ်ရှားမူများကိုလျှော့ချနိုင်ပြီးသူ့ရဲ့ တိုက်ခိုက်မူများထိရောက်အောင်သူ့၏ဓားစွမ်းရည် ဖြင့်တွဲပြီးအသုံးပြုနိုင်သည်။
ဖန်ဟောင်ကြုံတွေ့နေရသည့်မှာမတူညီသောပြဿနာတစ်ခုဖြစ်သည်-သူ့အမြန်စွမ်းအင်ကတအားမြန် သော်လည်းသူ့တိုက်ခိုက်နိုင်စွမ်းကသာမာန်သာဖြစ်သည်။လက်နက်တွေပြောင်းလဲထားပြီးနောက်သူ့ရဲ့သာမာန်တိုက်ခိုက်မူကသာမာန်ဇွန်ဘီများကိုရှင်းလင်းနိုင်သည်။ဒါပေမယ့်ဇွန်ဘီတွေကဆင့်ကဲပြောင်းလဲလာသည်။ကိုယ်လုံးကိုယ်ပေါက်ဆင့်ကဲပြောင်းလဲလာသောဇွန်ဘီတစ်ကောင်နှင့်သူရင်ဆိုင်ရလျှင်သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကများစွာလျှော့ကျသွားပြီးထိုကဲ့သို့သောချို့ယွင်းချက်သည်သေစေနိုင်သည်။
ကံကောင်းစွာဖြင့်၊သူ့သည်နည်းလမ်းကောင်းတစ်ခုရှာတွေ့ခဲ့ပြီး-သူ့အမြန်စွမ်းအားကိုအသုံးပြုပြီး တိုက်ခိုက်နိုင်စွမ်းကိုတိုးမြှင့်လိုက်သည်။အရှိုန်မြှင့် ပြီးနောက်သူ့ရဲ့လက်ရှိကျွမ်းကျင်မူဖြင့်တိုက်ခိုက်ရန် တိုက်ပွဲအလယ်မှလွတ်မြောက်ရန်အတွက်သူခန္ဓာကိုယ်တစ်ခုလုံး၏စွမ်းအားကိုအသုံးပြုလိုက်သည်။ ဤကဲ့သို့သောတိုက်ခိုက်ခြင်းသည်အလွန်လျင်မြန် သောဖန်ဟောင်နှင့်သင့်လျော်သည်။ဟဲဇီကျုံး၏ အကူအညီဖြင့်ခြေနင်းကွတ်နည်းလမ်း"flash"ကို ရှာဖွေတွေ့ရှိခဲ့ပြီး၎င်းသည်သူ့ရဲ့အလျင်နှုန်းကို အဆမတန်မြှင့်မားလာစေခဲ့သည်။
သူ့နည်းသူ့ဟန်ဖြင့်တိုက်ခိုက်ရန်အစီစဉ်ဆွဲပြီးနောက်ဖန်ဟောင်သည်သူ့ရွှေးချယ်ထားသည့်လုပ်ကြံ သတ်ဖြတ်သူလို့ခေါ်သည့်နည်းလမ်းနှင့်အနည်းငယ် ဆင်တူကြောင်းသဘောပေါက်ခဲ့သည်။ဆန်ကျင်ဘက်အနေနဲ့ဟဲဇီကျုံးရဲ့တိုက်ခိုက်ရေးပုံစံသည်ပေါ့ပါးသွပ်လတ်သောဓားသမားနှင့်ခပ်ဆင်ဆင်တူသော်လည်းသူ့ရဲ့ရွှေစွမ်းအင်ကြောင့်၎င်း"ပေါ့ပါးသွတ်လပ်" သောဓားသမားသည်အမှန်တကယ်ပင်အလွန်ကြောက်စရာကောင်းလာပြီးကြမ်းတမ်းသောတိုက်ခိုက်သူဖြစ်လာသည်။
တစ်မနက်ခင်းလုံးလေ့ကျင့်ပြီးနောက်နှစ်ယောက်စလုံးနေရာလွတ်ထဲမှထွက်ခဲ့သည်။ဗီလာဧရိယာအပြင်ဘက်ကိုလျှောက်လာရင်းဗီလာဧရိယာအပြင်ဘက် လမ်းဆုံတွင်စျေးဆိုင်များစွာရှိနေသည်ကိုနှစ်ယောက်သားတွေ့လိုက်ရသည်။
သာမာန်လူများကိုဗီလာဧရိယာအပြင်ဘက်ဧရိယာတွင်နေထိုင်ရန်ခွင့်မပြုသောကြောင့်ထိုဆိုင်များသည်ဗီလာဧရိယာ၏ဂိတ်ပေါက်သို့ဦးတည်နေသောလမ်းပေါ်တွင်ဖွင့်ထားကြသည်။သူတို့နှစ်ယောက်သည် အဝေးမှတဲတစ်ခုဆီပေါ်တွင်ကြောညာဆောင်ပုဒ် များချိတ်ဆွဲထားသည်ကိုတွေ့လိုက်သည်။
" ****အသင်းဝင်များစုဆောင်းခြင်း"
"ပထမစွမ်းရည်၊အခြေစိုက်စခန်းအသင်းတွင်စွမ်းအင်ကိုအသန်မာဆုံးဖြစ်အောင်လုပ်ပါ"
" *****အသင်းမှာအစားအသောက်၊ကောင်းမွန် သောကုသမူ၊အမှတ်နှင့်မိန်းကလေးများရှိသည်"
"ဒုတိယခေါင်းဆောင်ကလှတယ်၊မင်းရဲ့စွမ်းရည်ကို ငါတို့နဲ့အတူတူသိမ်းပိုက်စိုးမိုးဖို့ငါတို့ကြိုဆိုပါတယ်"
…………………………..
"အဲ့ဒါကဘာတွေလဲ…"ဖန်ဟောင်ရဲ့ပါးစပ်သည် အနည်းငယ်ပွင့်ဟသွားပြီးထိုလမ်းကိုဖြတ်မသွားချင်ဘဲလမ်းဆုံတွင်ရပ်နေခဲ့သည်။
"သူတို့….လူစုဆောင်းနေတာ"ဟဲဇီကျုံးကလည်း ရှက်နေသည်။သူ့အခြေစိုက်စခန်းသို့ပထမဆုံးလာတုန်းကအဲ့လိုမဟုတ်ပါဘူး!!!အသင်းများသည်ရေခဲတောင်များနှင့်နှင်းကြာပန်းများကဲ့သို့အေးစက်ကြ ပြီးစွမ်းရည်မရှိတဲ့သူတို့ကိုကိုင်တွယ်ဖြေရှင်းရန်ပင် အရမ်းပျင်းနေခဲ့ကြသည်။
"ဂိမ်းတွေထဲကအစည်အရုံး(guild)တွေနဲ့တောင်တူတယ်နော်"
"အင်းအဲ့လိုမျိုးဘဲ…"သူတို့အံ့အားသင့်စွာရပ်နေစဉ်မှာဘဲသူ့တို့လက်ထဲတွင်လက်ကမ်းကြောညာစာ များပြည့်သိပ်သွားသည်။ထိုလူများသည်သူတို့နှစ် ယောက်ကိုဒေါသထွက်နေသောအဘွားအိုကြီးတစ် ယောက်လိုပင်တစ်ဖတ်ဆီဆွဲသွားခဲ့ကြပြီးစတင်ပြီးတော့စျေးဗန်းခင်းတော့သည်……အားnoအဲ့ဒါက အသင်းတွက်ဦးစားပေးမူဝါဒတွေကိုရောင်းဖို့ဘဲ
မွန်းကျပ်လာသောဟဲဇီကျုံးသည့်သူ့ဇနီးလေးရဲ့ ပုခုံးကိုဖတ်လိုက်ပြီးသူ့ခြေထောက်တွင်လေစွမ်းအင် ပေါင်းထည့်ကာမူးဝေနေသောဖန်ဟောင်ဖြင့် လူစုဆောင်းနေသောလူများဆီမှထွက်ပြေးလာခဲ့သည်။အမှားတစ်ခုလုပ်ရန်လွယ်ကူသည်-အကယ်လို့ တစ်စုံတစ်ယောက်ကအာရုံမစိုက်ထားဘူးဆိုရင်သူတို့အလွယ်တကူချည်နှောင်ခံရနိုင်သည်။ဒီလိုအရာ မျိုးကတံခါးမှာဇွန်ဘီတွေပိတ်ဆို့နေတာထက်တောင်ဆိုးသေးတယ်!!!
"အား!!သူတို့ထွက်ပြေးသွားပြီ"
"အရမ်းမြန်တာဘဲ၊အမြန်စွမ်းအားရှိတဲ့သူလား"
"အာ?စွမ်းအားရှင်!?အိုဘာဖြစ်လို့မင်းသူတို့ကိုမဆွဲထားတာလဲ"လူသုံးယောက်အုပ်စုသည်သက်ပြင်းချလိုက်ပြီးတစ်ယောက်ကိုတစ်ယောက်ခါးခါးသီးသီး ကြည့်ကာနောက်ထပ်ကံဆိုးသောသားကောင်ကိုရှာရန်စတင်လိုက်သည်။
သူတို့ထွက်ပြေးလာပြီးနောက်ဟဲဇီကျုံးကအနာဂတ်မှာကျော်ကြားလာမည့်အသင်းအနည်းငယ်ကိုလည်း မြင်လိုက်သည်။သူတို့တွေကလည်းဆိုင်ခန်းတွေခင်းထားတာလား?ထိုကဲ့သို့သောအသင်းများကမှောင်မိုက်နေသောနေ့ရက်တွေရှိခဲ့လိမ့်မယ်လို့သူ့မမျှော်လင့်ခဲ့ပေ-အဲ့တာကတကယ်ကိုမျိုချဖို့ခက်ခဲတာဘဲ။
ဖရိုဖရဲစျေးမှအသက်စွန့်၍ထွက်ပြေးလာသကဲ့သို့ ခံစားလိုက်ရပြီးသူတို့နှစ်ယောက်လွတ်မြောက်ခဲ့သည်။လမ်းအပြငဘက်တွင်တူညီစွာရှုပ်ထွေးနေသော်လည်းအဖွဲ့များကလူများကိုရူးသွပ်စွာမြူစွယ်နေ သောလမ်းများကဲ့သို့မတက်ကြွနေပေ။အသင်းတစ်သင်းစီကလူတွေကိုသိမ်းသွင်းနေသည့်အကြောင်းပြချက်အမှန်မှာအသင်းများစွာ၏ဘော့စ်များကို ဗီလာဧရိယာကအိမ်တစ်လုံးကိုတမင်တကာငှားရမ်းပေးခဲ့လို့ဖြစ်သည်။သူတို့သည်သည်အထက်တန်း စားရပ်ကွတ်တွင်သူတို့ကိုယ်ပိုင်ခြံမြေများပိုင်ဆိုင်နိုင်ပြီး အလားလာရှိသောလူသစ်များအတွက် ကောင်းမွန်သောလက္ခဏတစ်ရပ်ဖြစ်သည်-ဗီလာမှာနေထိုင်ခြင်းသည်အပြင်ဘက်ကကျပ်ညှပ် နေသောအခန်းများတွင်နေထိုင်ခြင်းထက်ပိုမို ကောင်းမွန်သည်။
"ဘုရားသခင်၊သူတို့ကလူတွေကိုဖမ်းဖို့ကြိုးစားနေတယ်လို့တောင်ထင်မိတော့မလို့၊အဲ့လူတွေဘာလို့အနီးနားကလူတွေကိုသိမ်းသွင်းဖို့အသည်းသန်ဖြစ်နေတာလဲ"ဖန်ဟောင်ကထိတ်လန့်တကြားဖြင့်သူ့ရင်ဘက်သူ့ပုတ်လိုက်သည်။
"သူတို့ကိုယ်ပိုင်အဖွဲ့ဖွဲ့ပြီးအသင်းခေါင်းဆောင်ဖြစ်ချင်တဲ့လူတွေအရမ်းများလို့ဖြစ်မယ်"စစ်မှန်သော ကျွမ်းကျင်သူများနှင့်အသင်းတစ်သင်းဖွဲ့စည်းရန် ခက်ခဲသည်။အထူးသဖြင့်စွမ်းအားရှင်များနှင့်ဖြစ်သည်။
ကမ္ဘာပျက်ပြီးနောက်လူများစွာသည်သူတို့စွမ်းရည် နိုးထလာပြီးနောက်တွင်သူတို့"ဇာတ်လိုက်"ဖြစ်လာနိုင်သည်ဆိုသည့်အတွေးများရှိလာကြသည်။အပြင်ဘက်ကကမ္ဘာကြီးသည်အလွန်အမင်းခက်ခဲသော်လည်းအခြေစိုက်စခန်းသို့ထွက်ပြေးလွတ်မြောက်လာ ပြီးနောက်တွင်ကိုယ်ပိုင်အသင်းတစ်ခုကိုတည်ထောင်နိုင်ပြီးကောင်းမွန်စွာရှင်သန်နိုင်တဲ့လူအနည်းငယ်သာရှိသည်။
အကယ်လို့လူတစ်ချို့ကအချိန်ကြာကြီးပူပေါင်းလုပ်ဆောင်ပြီးလက်တွဲခဲ့ရင်တောင်အချင်းချင်းကြားမှာ သဘောထားကွဲလွဲမူမရှိတာဘယ်လိုမှမဖြစ်နိုင်ပေ။ ကမ္ဘာပျက်ကပ်မတိုင်ခင်တွင်အလုပ်ခွင်ထဲ၌အထက် အရာရှိများနှင့်လုပ်ဖော်ကိုင်ဖက်ကြားကပဋိပက္ခများသည်ဒေါသထွက်ခြင်းဆီသို့သာဦးတည်သွားနိုင် သည်။အခြေနေကမသိနိုင်သေးဘဲစွမ်းအားတွေက ရောထွေးနေတဲ့အချိန်တွင်….ဘယ်သူကတစ်ခြားသူရဲ့ဖင်ကိုသုတ်ပေးတဲ့ညီငယ်လေးဖြစ်ချင်မှာလဲ!!!
{T/N-ရီသေပြီဇီကျုံးရယ်အားကြီးနဲ့}
ပြီးခဲ့တဲ့အရက်အနည်းငယ်ကအခြေစိုက်စခန်းရဲ့ အထက်အရာရှိများသည်အသင်းလျှောက်လွှာများကိုလက်ခံခဲ့သောကြောင့်လူများစွာသည်အသင်းခေါင်းဆောင်ဖြစ်ရန်အလိုငှာအသင်းတစ်သင်းတည် ထောင်ရန်အဖွဲ့အသစ်ဖွဲ့လိုက်သည်။
ဂိမ်းတစ်ခုသည်တံခါးပေါက်နည်းပြီးအသင်း(guild)တစ်သင်းတည်ထောင်ရန်ခွင့်ပြုလိုက်သောအခါ အသင်းများ(guild)ပေါ်ပေါက်လာသည့်အရေအတွက်များခြင်းနှင့်တူညီနေသည်။အချိန်တော်ကြာပြီး နောက်တွင်ထိုပြန့်ကျဲနေသောအုပ်စုငယ်များကို စိစစ်သွားမှာဖြစ်သည်။
မစ်ရှင်ခန်းမထဲတွင်၊နှစ်ယောက်သားမစ်ရှင်ရဲ့လိုအပ်ချက်များအမှန်တကယ်အများကြီးပြောင်းလဲသွားသည်ကိုတွေ့လိုက်ရသည်။အမှတ်များနှင့်လဲလှယ်ရန်အတွက်ပစ္စည်းများစွာရှိနေသည်။သူတို့နှစ်ဦး စစ်တပ်နှင့်အတူမစ်ရှင်တွင်ပါဝင်ခဲ့သောအချိန်တွင် ထိုပစ္စည်းများ(မစ်ရှင်ထမ်းဆောင်ပြီးရန်စစ်တပ်ကို ပြန်လည်ပေးအပ်ရသောပစ္စည်းများ)ကိုပြန်အပ်ပြီး နောက်အမှတ်တစ်ချို့ရရှိခဲ့သည်။ကံမကောင်းစွာဖြင့်ခေါက်ဆွဲခြောက်သို့မဟုတ်ဘီစကစ်များနှင့်လဲလှယ်ရန်ပင်ပမာဏနည်းပါးလွန်းသည်။
"ဝမ်းကွဲ၊ရှင်လား"