no

Font
Theme

"မင်းဟင်းချက်တက်လား"


"အာ.ဟုတ်ကဲ့"ကျောင်းလခရှာဖို့အတွက်ဖန်ဟောင်ကစားသောက်ဆိုင်တွေမှာထမင်းချက်တွေကိုကူညီတဲ့အချိန်ပိုင်းအလုပ်တော်တော် များများကိုလုပ်ခဲ့သည်။သူကအိမ်မှာလည်းအများ အားဖြင့်ချက်ပြုတ်စားသည်။အရိုးသားဆုံးပြောရ မယ်ဆိုရင်သူ့ရဲ့ဟင်းချက်skillကတော်တော်ကောင်းသည်။မဟုတ်ဘူးအရမ်းကောင်းတယ်လို့ပြောသင့်တယ်!!!


"အင်းဒါဆိုအိမ်လခအနေနဲ့မင်းငါအတွက်ဟင်းချက်ပေးလေ၊ဒီလဝက်ပြီးရင်မတ်လအလယ်လောက်ရောက်မှမင်းအလုပ်ရှာလိုက်လေ၊ရှာလို့တွေ့မှအိမ်လခအကြောင်းပြောကြတာပေါ့"မတ်လတစ်ရက်နေ့ပြီးရင်အိမ်လခမပြောနဲ့ရွှေတွေငွေတွေငွေစက္ကူတွေကိုတောင်ဘယ်သူမှဂရုစိုက်မှာမဟုတ်ဘူး။


"ဟမ်!!အဲ့ဆိုကျေးဇူးတင်ပါတယ်စီနီယာ!!!" ဖန်ဟောင်သည်ဟဲဇီ ကျုံးကသူကိုဂရုစိုက်လို့တမင်ပြောတာလို့ထင်ခဲ့ သည်။သူ့ရင်ခုန်နေ တာမရပ်တော့ပေ။


ဟဲဇီကျုံးသည်ဖန်ဟောင်ပစ္စည်းတွေကိုအခန်းထဲသို့သယ်ပေးလိုက်သည်။ဟဲဇီကျုံး၏အိမ်တွင်ဧည့်သည်အိပ်ခန်းမှာလည်းမွေ့ယာရှိသည်။သူတို့နှစ်ယောက်စူပါမားကတ်ကိုသွားတုန်းကလည်းထက်ဝယ်ခဲ့ ပေမယ့်အခုအသစ်တစ်ခုကိုသုံးဖို့မလိုအပ်သေးပေ။


ဖန်ဟောင်ပစ္စည်းတွေစီတာကိုကူညီပေးရင်း ဖန်ဟောင်အဝတ်ဗီရိုထဲကိုအဝတ်စားတွေထည့်တာကိုကြည့်နေလိုက်သည်။ဟဲဇီကျုံးကအဲဒါကိုစဉ်စားမိပြီးပြောလိုက်သည်။"မင်းရေအရင်ချိုးလိုက်လေ၊ပြီးမှနား တော့မင်းဘာတွေလိုသေးလဲကြည့်အုန်း၊ဒီရက်တွေမှာငါပစ္စည်းတွေအများကြီးဝယ်စရာရှိသေးတယ် မင်းမှာလိုအပ်တာအားလုံးရှိရဲ့လားဆိုတာ သေချာအောင်လုပ်ရမယ်"


ဖန်ဟောင်ကလဲဖို့အဝတ်စားကိုရှာလိုတွေ့တော့ ခေါင်းညိတ်ပြပြီးရေးချိုးခန်းထဲဝင်သွားသည်။ သူမရှိတော့တာကိုအခွင့်ကောင်းယူပြီးဟဲဇီကျုံး သည်အခန်းထဲကအဝတ်ဗီရိုနားကိုအမြန်လျှောက်သွားလိုက်ပြီးဖန်ဟောင်ရဲ့အဝတ်စားတွေကိုကြည့်လိုက်သည်။သူ့မှာနှာဘူးထတက်တဲ့အကျင့်မရှိဘူး၊သူ(ဖန်ဟောင်)ဝတ်တဲ့အဝတ်စားရဲ့ဆိုဒ်ကိုဘဲသိချင်တာဖြစ်သည်။


ဖန်ဟောင်ရေချိုးပြီးတော့ထွက်လာသောအခါ ဧည့်ခန်းထဲမှာကွန်ပျူတာသုံးနေတဲ့ဟဲဇီကျုံးကိုတွေ့လိုက်ရသည်။ဖွင့်ထားသောလသာဆောင် ပြတင်းပေါက်ဘေးမှာကွန်ပျူတာစားပွဲကိုထားထားရာအပြင်ဘတ်မှရွှေဝါရောင်နေအလင်းရောင်လေးသည်ဟဲဇီကျုံးအပေါ်ကိုကျရောက်နေပြီးသူကို မျက်စိမလွှဲနိုင်အောင်ပြုစားနေသည်။


"ချိုးပြီးသွားပြီလား"ဟဲဇီကျုံးသည်နောက်ထပ်ဝယ်လိုက်တဲ့ခြေအိတ်နဲ့အဝတ်စားတွေအတွက် အတည်ပြုခလုတ်ကိုနှိပ်လိုက်သည်။


"အမ်!!ဟုတ်ကဲ့"ဖန်ဟောင်သည်ထိတ်ထိတ်ပျာပျာ ဖြင့်ခေါင်းညိတ်လိုက်သည်။


သူ့ရဲ့ဆံပင်တစ်ဝက်ကခြောက်သွေ့နေပြီးကျန်တဲ့ ဆံပင်လေးတွေကရေစက်လေးတွေတွဲလောင်းကျ နေသေးကာသူ့မူလကလှပတဲ့အသားရေလေးကို ရေငွေ့ထဲကအမှုန့်အမွှားလွှာလေးတွေနဲ့ဆေးဆိုး ထားသလိုဖြစ်နေသည်။လည်ပင်းအဝိုင်းတီရှပ်အရှည်ကိုဝတ်ထားသောကြောင့်သူကိုပိုပိန်သွယ်သလိုဖြစ်စေသည်။


ဟဲဇီကျုံးသည်သူ့လည်ချောင်းအနည်းငယ်ခြောက်သွားသလိုခံစားလိုက်ရပြီးအနေရခတ်သောကြောင့်အကြည့်လွှဲလိုက်သည်။အရင်ဘဝကသူ့တို့အတူတူထွက်ပြေးရတဲ့အချိန်များစုကအခြေနေတော်တော် လေးတင်းမာဆိုးရွှားခဲ့သည်။သူတို့ဘေးကင်းနေချိန်မှာတောင်အလှတရားကိုတွေးတောမခံစားနိုင်ဘူး။မွေးဖွားပြီးချင်းချင်းဒီလိုအခြေနေမျိုးကြုံမယ်လို့မမျှော်လင့်ထားဘူး။


"မင်းအေးအေးဆေးဆေးအနားယူလိုက်ဦး၊ငါတို့ည နေခင်းမှစကားပြောကြရအောင်"အစကသူကိုအခြေနေအကြောင်းပြောပြချင် သော်လည်းအခုချိန်ကမသင့်တော်သေးဘူး။


"ဟုတ်ကဲ့"ဖန်ဟောင်ကဘာကြောင့်မှန်းမသိပေမယ့်လည်းနာခံစွာဖြင့်သူအခန်းထဲပြန်သွားသည်။


"ဟူး.ဆက်လုပ်ရဦးမယ်"ဝယ်စရာပစ္စည်းတွေအများကြီးရှိသေးတယ်ပြီးတော့စစ်ဆေးဖို့သတင်းအချက်လတ်များလည်းကျန်သေးသည်။သူ့ရဲ့ပိုက်ဆံ ဘယ်လောက်ရှိသေးလဲဆိုတာကိုလည်းသေချာ လေးတွက်ချက်ရမည်။ဒါမှသာပစ္စည်းတွေကိုထိထိ ရောက်ရောက်ဝယ်ယူနိုင်မှာဖြစ်သည်။


ဟဲဇီကျုံးကခေါင်းခါလိုက်ပြီးသူစိတ်ထဲမှာပေါ်လာတဲ့ရေချိုးခန်းထဲကပုံရိပ်ကိုဝေ့ရမ်းလိုက်သည်။


အစားစာနဲ့စပါးစေ့ကိုဝယ်ဖို့လိုအပ်သော်လည်း အများကြီးဝယ်ဖို့မလိုအပ်ဘူး။သူနေရာလွတ်ထဲမှာအစားစာ(ဟင်းသီးဟင်းရွတ်နဲ့အသီးအနှံ့)နဲ့အစေ့ (ကောက်ပဲအနှံ)တွေကိုစိုက်ပျိုးနိုင်ပြီးစိုက်ပျိုးမှုရဲ့ ဖွံ့ဖြိုးမှုနှုန်းကလည်းအပြင်မှာစိုက်ပျိုးတာထက်ကို မြန်သည်။အဲဒါကြောင့်တစ်ကြိမ်လောက်လည်ပတ်သွားပြီးဆိုတာနဲ့လုံလောက်သည်။


မျိုးစေ့နဲ့နွား၊ဝက်စသည့်ခြံမွေးတိရိစ္ဆာန်တွေကို လည်းလိုအပ်သေးသည်။ဒါပေမယ့်လည်းအဲဒါတွေကိုအများကြီးဝယ်ဖို့မလိုအပ်သေးဘူးပထဦးစွာစိုက်ပျိုးရန်နေရာအကန့်သတ်ရှိသည်။ဒုတိယအချက်မှာစားသုံးသည့်ကန်သတ်ချက်လည်းရှိသည်။ တတိယချက်ကတော့အသီးနှံ့ များစုကစိုက်ပျိုးပြီးသည်နှင့်အသီးအပွင့်များပွင့်လာကာအစေ့များသဘာဝတိုင်းကျန်ရှိနေမည်ဖြစ်သည်။ကျွဲ၊နွားဝက်မွေးမြူရေးတိရိစ္ဆာန်များကလည်း အလားတူပင်ဖြစ်သည်။


သူပမာဏများများလိုအပ်မည့်အမျိုးစားအများစုမှာယဉ်ကျေးသောလူအဖွဲ့အစည်းပြိုကွဲပျက်စီးပြီး နောက်လုံးဝပျောက်ကွယ်သွားမည့်ပစ္စည်းကရိယာတန်ဆာပလာများနှင့်စက်ပစ္စည်းများဖြစ်သည်။


သူရဲ့လက်ကျန်ငွေကိုတွက်ပြီးတော့အဲ့ဒီပစ္စည်းတွေရဲ့ကုန်ကျစရိတ်ကိုတွက်လိုက်သည်။ရှုထောင့်အားလုံးကိုစေ့စေ့စပ်စပ်စဉ်းစားပြီးnoteထဲတွင်တဝက် လောက်ရေးပြီးနောက်တွင်၎င်းသည်အကုန်လုံးတူညီလုနီးပါးဖြစ်သည်ဟုခံစားခဲ့ရသည်။


"စီနီယာဒီနေ့ညဘာစားချင်လဲ"


ဟဲဇီကျုံးသည်အသံကြားသောအခါသူ့ခေါင်းကိုလှည့်လိုက်သည်။ဖန်ဟောင်သည်ယခုမှနိုးလာပြီးသူကိုလှမ်းမျှော်ကြည့်သည်။


ဘာစားရမလဲ?


"စန်ချင်းဖက်ထုပ်"သူ့နေရာလွတ်တွင်အေးခဲထား သောဖက်ထုပ်နှင့် အခြားသောပါဝင်ပစ္စည်းများရှိသော်လည်း ဘာကြောင့်မှန်းမသိရုတ်တရက်ကြီးစားချင်လာသည်။


"Okay!!!ကျွန်တော်မျက်နှာသစ်ပြီးရင်အောက်ထပ်ဆင်းပြီးပါဝင်ပ္စစည်းတွေကိုသွားဝယ်လိုက်မယ်"ဖန်ဟောင်၏မျက်လုံးများတောက်ပလာ ပြီးအလွန်ပျော်ရွှင်သွားသည်။


"အတူသွားရအောင်၊မင်းခုထိကုန်စုံဆိုင်ဘယ်နားမှာလဲဆိုတာကိုမသိသေးဘူး"ဟဲဇီကျုံးပြုံးပြီးထလိုက်သည်။


သိုက်ကျွင်းသစ္စာဖောက်ပြီးနောက်သူတို့အတူထွက်ပြေးနေတဲ့သုံးလမှာဖန်ဟောင်ကသတ်ပြင်းချပြီးကပ်ဘေးကြီးကနေငါတို့လွတ်မြောက်ခဲ့ရင်သေချာ ပေါက်"ငါစန်ချင်းအဆာနဲ့ဖက်ထုပ်စားချင်တယ် ဒါပေမယ့်ကံမကောင်းစွာဘဲအခုဘာပါဝင်ပစ္စည်းမှမရှိတော့ဘူး၊ကျွန်တော်ချက်တာတွေကတော်တော်အရသာရှိတာနော်အခွင့်ရေးရရင်ကျွန် တော်ချက်ပြမယ်"လို့ပြောခဲ့တာကိုသေချာရှင်းလင်းစွာမှတ်မိသေးသည်။


သူတို့(ဟဲ့ဇီကျုံးနဲ့သိုက်ကျွင်း)တွဲနေတုန်းကသူမှာလက်ကောက်ရှိခဲ့တာတောင်သာမန်ဟင်းလျာတွေကိုစားဖို့အခွင့်ရေးရှိမရှိခဲ့ဘူး။သူတို့နှစ်ယောက်စလုံးကကလေးတစ်ဦးသာမွေးသောမိသားစုမှဆင်းသတ်လာတာဖြစ်ပြီးသူတို့ကြီးပြင်းလာသောအခါခတ်မှီတိုးတက်လာပြီဖြစ်သည်။ထက်ပြီးပြောရမယ်ဆိုရင်သိုက်ကျွင်းကတက္ကသိုလ်တက်နေတုန်းဘဲဖြစ်သည်။သူ့(ဟဲဇီကျုံး)မိဘတွေသေဆုံးပြီးနောက်အမှီအခို ကင်းစွာနေထိုင်ခဲ့သောဟဲဇီကျုံးသည်ပင် အနည်းဆုံးတော့ခေါက်ဆွဲဘယ်လိုပြုတ်ရမလဲသိသေးသည်။ဒါပေမယ့်သိုက်ကျွင်းကတော့ ခေါက်ဆွဲပြုတ်ဖို့မီးကိုဘယ်လိုထိန်းချုပ်ရမလဲဆို တာတောင်မသိဘူး။နေရာလွတ်ထဲမှာသူတို့ နှစ်ယောက်နေတုန်းကအများအားဖြင့်ပန်းသီးကို စားကြပြီးရှာဘူဟင်းလျာများကိုလည်းစားကြသည်။


..


စိတ်လှုပ်ရှားနေတဲ့ဖန်ဟောင်နဲ့အတူအောက်ထပ်ကိုဆင်းလိုက်ပြီးဖက်ထုပ်လုပ်ဖို့လိုအပ်တဲ့ပါဝင်ပစ္စည်းများကိုဝယ်ဖို့အနီးနားကစူပါမားကတ်ကိုမောင်း သွားလိုက်သည်။ဘေလ်မရှင်းခင်တွင်ဟဲဇီကျုံးသည်ချောကလတ်တောင်ကိုလှမ်းမြင်ရပြီးရှေ့ကလမ်းလျှောက်လာသောဖန်ဟောင်ကိုကြည့်လိုက်ကာတုံ့ဆိုင်းသွားပြီးနောက်ဘူးလေးတစ်ဘူးကိုကောက် ကိုင်လိုက်သည်။


အနာဂတ်မှာသူဝယ်ချင်ရင်တောင်Valentine's Dayချောကလတ်ကိုမဝယ်နိုင်မှာသူစိုးရိမ်သည်။ ကံကောင်းထောက်မစွာဖြင့်သူမှာယူထားသော အပင်များကြားတွင်ကိုကိုးလ်သုံးပင်ပါသောကြောင့်နောင်တွင်စမ်းလုပ်ကြည့်ရန်အခွင့်ရေးရှိသေးသည်။


ဒါပေမယ့်အခုကကမ္ဘာမပျက်ခင်နောက်ဆုံးအကြိမ်Valentine dayနေ့ဖြစ်ပြီးသူနောင်တမရချင်ဘူး။


အဆီပါးပါးနှင့်ဝက်သားအဆာများ၊လတ်ဆက်ပြီး ကြွပ်သောပုစွန်များ၊ကြက်ဥများ၊မှိုနက်များနှင့်ကြက်သွန်မြိတ်စိမ်းများ။


ဖန်ဟောင်ကတကယ်ကိုကြွားတာမဟုတ်ဘဲသူပြင်ဆင်ထားတဲ့ဖက်ထုပ်တွေကမွှေးပြီးအရသာရှိသည်။ ပြီးတော့သူကိုင်တိုင်လုပ်ထားတဲ့ဖက်ထုပ်တွေရဲ့ အပေါ်ခွံလေးတွေကလည်းအရမ်းပါးသည်။ အသင့်စားအစားအစာတွေနဲ့အပြင်စာတွေနဲ့သာ အမြဲလိုလိုနေခဲ့တဲ့ဖန်ဟောင်အတွက်ကတော့ဒီ ဖက်ထုပ်က5 starအဆင့်တွင်ရှိသည်။


သူအမေကျန်းမာပြီးအသက်ရှင်နေသေးရင်တောင်သူမလက်ရာကဖန်ဟောင်လောက်မကောင်းပေ။ ချက်ပြုတ်ခြင်းကအတွေ့အကြုံနဲ့အရည်ချင်းပေါ် မူတည်သည်။


အကယ်၍တစ်စုံတစ်ယောက်ကကောင်းမွန်စွာ မွေးဖွားလာခဲ့ပြီးနေ့တိုင်းကြိုးကြိုးစားစား လေ့လာပြီးတူညီတဲ့ပါဝင်ပစစည်းနဲ့ဆိုရင်တောင် ဖန်ဟောင်ချက်တဲ့ဟင်းကသာမာန်လူတွေထက် အများကြီးအရသာပိုရှိသည်။


ဟဲဇီကျုံးတူထက်ရွှေ့ပြီးအစပ်ဆီနှင့်ရှာလကာရည် ဖြင့်ပြုလုပ်ထား သောဆော့စ်ထဲကိုဖက်ထုပ်နစ်ပြီးခေါင်းမဖော်တမ်းတစ်လုံးပြီးတစ် လုံးစားသောအခါတွင်ဖန်ဟောင်မျက်လုံးများက လခြမ်းလိုကွေးညွှတ် သွားပြီးပြုံးနေခဲ့သည်။သူ့တစ်လုံးစားပြီးတော့ ဟဲဇီကျုံးပန်းကန်ထဲကိုနှစ်လုံးထပ်ထည့်ပေးလိုက်သည်။


ယောက်ျားတစ်ယောက်ရဲ့နှလုံးသားကိုဖမ်းချင်ရင်သူတို့ရဲ့အစာအိမ်ကိုအရင်ဆွဲဆောင်ရမယ်လို့ အားလုံးကပြောကြသည်။ သူရဲ့ကြိုးစားအားထုတ်မှုနဲ့လေ့လာမှုတွေကအချင်းအနှီးမဖြစ်ခဲ့ဘူး။အိမ်မှာဟင်းချက်လေ့ကျင့်ရတဲ့ အချိန်တွေကလည်းအလဟဿမဖြစ်ခဲ့ဘူး။


ဖက်ထုပ်တွေကအရသာရှိတယ်ဒါကဟဲ့ဇီကျုံးမွေး ပြီးကတည်းကစားဖူးခဲ့တဲ့အစားစာတွေထဲမှာ အရသာအရှိဆုံးဖြစ်သည်။


"မင်းစားသောက်ဆိုင်ဖွင့်လို့ရပြီ"တစ်စုံတစ်ယောက်နဲ့လည်းမင်းလက်ထပ်လို့ရပြီ။ဟဲဇီကျုံးကရိုးသားစွာဖြင့်ပြောလိုက်သည်။


ဖန်ဟောင်ကပါးချိုင့်လေးတွေပေါ်တဲ့အထိပျော်ရွှင်မှုအပြည့်နဲ့တောက်ပစွာဖြင့်ပြုံးလိုက်ပြီး"စီနီယာချီးကျူးလွန်းနေပြီ"


ဟဲဇီကျုံးကခေါင်းခါလိုက်သည်။ဒီစကားတွေက မြှောက်ပင့်ပြောနေတာမဟုတ်ဘူး။သူထလိုက်ပြီးဒီနေ့ဝယ်ထားတဲ့စျေးဝယ်အိတ်တွေစုပုံနေတာကိုကြည့်ရင်း"မင်းအချိုကြိုက်လား"


"အာအဆင်ပြေပါတယ်"ဖန်ဟောင်အံ့ဩသွားသည်။


"ငါအဲ့မှာpromotionစျေးနဲ့တွေ့လို့ငါဝယ်လာခဲ့တာ"ပြောပြီးသည်နှင့်ရေချိုးခန်းဘတ်ကိုလှည့်ထွက်သွားသည်။


ထိုညတွင်သူတို့နှစ်ယောက်ပထမဆုံးအတူနေတဲ့ချိန်ဖြစ်ပြီးနှစ်ယောက်စလုံးအိမ်မပျော်ခဲ့ပေ။ဟဲဇီကျုံးကစဉ်းစားစရာအများကြီးရှိနေပြီး နောက်နေ့အတွက်planချနေသည်။


ဖန်ဟောင်ကတော့ဖဲပြားကြိုးအကြီးကြီးချည်ထားတဲ့ရွှေရောင်ချောကလတ်ဘူးလေးကိုကိုင်ပြီးအချိန် ကြာကြီးပြုံးနေမိသည်။


{{{ချောကလတ်!!Valentine dayချောကလတ်!!ဒါကစီနီယာဆီကနေရတဲ့ ချောကလတ်!!


ဘူးကိုကိုင်ပြီးအိပ်ယာပေါ်မှာလူးလိမ့်နေရင်း ဖန်ဟောင်သည်ပျော်လွန်းလို့မူးမေ့တော့မလိုခံစား နေရသည်။saleချလို့ဝယ်ခဲ့တယ်ဆိုရင် တောင်စီနီယာကငါကိုပေးတယ်!!!


သူကငတုံးမဟုတ်ဘူး။ပြန်တွေ့ပြီးနောက်မှာ ဟဲဇီကျုံးကသူပေါ်ဘယ်လောက်ကောင်းလဲဆိုတာကိုခံစားလို့ရပေမယ့်လည်းသူစိုးရိမ်နေမိသည်။ ဟဲဇီကျုံးကဒီတိုင်းစာနာတက်တာဖြစ်မှာကိုကြောက်တယ်။ဒါပေမယ့်လည်းဟဲဇီကျုံးကသူကိုအိမ်မှာ နေခွင့်ပေးပြီး၊အစားသောက်ကိုလည်းချက်ပြုတ်ခွင့်ပေးပြီးသူအတွက်လည်းချောကလတ်ဝယ်ပေးသည်။


သူဘာမှမပြောပေမယ့်လည်းဟဲဇီကျုံးကသူ့ဝန်ခံခဲ့တာကိုမေ့နေတာမဟုတ်ဘူးဆိုတာကိုခံစားမိသည်။သူကငါgayမှန်းလည်းသိတယ်ပြီးတော့ငါသူကို ကြိုက်နေမှန်းလည်းသူသိတယ်။စီနီယာလည်း ယောက်ျားတွေကိုကြိုက်တာဖြစ်နိုင်မလား}}}


"ဒါအခွင့်ရေးဘဲ"ဖန်ဟောင်ကချောကလတ်ဘူးကိုကိုင်ထားပြီးလက်သီးကိုတင်းတင်းဆုပ်လိုက်သည်။"ဒါကဒီဘဝမှာငါရဲ့တစ်ခုတည်း သောအခွင့်ရေးလည်းဖြစ်နိုင်တယ်"ထိုကြောင့်သူကအခွင့်ရေးကိုဆုပ်ကိုင်ပြီးကြိုးစားရမည်။လက်တွေ့ကျတဲ့အပြုမူတွေနဲ့သူကိုသဘောကျကြောင်းပြောပြရမယ်။နှစ်တော်တော်ကြာတဲ့အထိငါသူကိုကြိုက် နေတုန်းဘဲ။သူကဘယ်လိုလူစားမျိုးဖြစ်နေပါစေ ငါခြေလှမ်းတွေကိုတစ်လှမ်းချင်းလှမ်းပြီးကြိုးစားရ မယ်!!ပြီးတော့သူဘေးနာမှာအမြဲတမ်းရှိ နေပေးမယ်!!


"ငါပြင်းပြင်းထန်ထန်ကြိုးစားရမယ်!!!!"


ဖန်ဟောင်၏နှစ်သတ်ဖွယ်ရာအထူးငါးယောဂုနံနက်စာကိုစားပြီးနောက်ဟဲဇီကျုံးကယုံကြည်စိတ်ချမူ အပြည့်နဲ့အပြင်ထွက်သွားသည်။သူ၏အရင်ဘဝကမှတ်ဉာဏ်တွေကြောင့်ဟဲဇီကျုံးကဖန်ဟောင်ကိုစိတ်ချယုံကြည်သည်။မျက်နှာချင်းဆိုင်စကားအနည်းငယ်သာပြောဖူးပြီးခြောက်နှစ်ခုနနှစ်လောက်မ တွေ့တာကြာပြီးဖြစ်တဲ့တစ်စုံတစ်ယောက်ကိုအကာကွယ်မဲ့အိမ်သို့ဖိတ်ခေါ်ခြင်းမှာမှားယွင်းတယ်ဆိုတာကိုသူဘယ်တုန်းကမှမစဉ်စားဖူးတာမဟုတ်ဘူး။အိမ်မှာရှိတဲ့ပစ္စည်းတစ်ချို့ကိုနေရာလွတ်မှာထည့် ထားပေမယ့်လည်းတန်ဖိုးကြီးပစ္စည်းတွေလည်း ကျန်သေးသည်။ဒါပေမယ့်ဖန်ဟောင်ကသူကို ဘယ်တော့မှအမှားလုပ်မှာမဟုတ်ဘူးလို့ယု့ကြည်သည်။


ဟဲဇီကျုံး၏ ယုံကြည်မှုကနေရာလွဲမှားခြင်းမဟုတ်ကြောင်းကို သတ်သေပြခဲ့သည်။အဲဒီချိန်မှာဖန်ဟောင်ကကွန်ပျူတာရှေ့မှာထိုင်ပြီးဟဲဇီကျုံးထားခဲ့တဲ့စာရင်းအရအင်တာနတ်မှပစစည်းအမျိုးမျိုးကိုပရင့်ထုတ်ရန်ကူညီ နေသည်။


"ပဲငံပြာရည်၊ရှာလကာရည်၊ဆန်ဝိုင်စသည့်ဟင်းခတ်အမွှေးကြိုင်ပြုလုပ်သည့်နည်းလမ်းများ"သူသံသယရှိသော်ငြားဖန်ဟောင်သည်ဟဲဇီ ကျုံးလိုအပ်သည့်အကြောင်းရာကိုစုံစမ်းမေးမြန်း ခြင်းမလုပ်ဘဲသံသယကိုဖယ်ကာလိုအပ်တဲ့အချက်လတ်ကိုသိမ်းကာprintထုတ်လိုက်သည်။


အဲဒါအပြင်ဖန်ဟောင်ကဟဲဇီကျုံးမှာထားတဲ့ပစ္စည်းများရောက်သောအခါပို့သူဆီကနေလည်းလက်ခံရန်လိုအပ်သေးသည်။သူကဟဲဇီကျုံးကိုပြည်တွင်းပြည်ပတွင်ကြည့်ရှုနိုင်သောမျိုးစုံရှိုးများ၊တီဗီစီးရီးများနှင့်ရုပ်ရှင်များကိုဒေါင်းလုဒ်လုပ်ရန်ကူညီပေးခဲ့သည်။ ဘာဘဲဖြစ်ဖြစ်hard driveကလည်းအလွန်ကြီးမားပြီးနေရာလွတ်လည်းကျန်သေးသည်။


တစ်ဖက်မှာတော့ဟဲဇီကျုံးသည်Fမြို့၏ဆင် ခြေဖုံးရပ်ကွက်ရှိစိုက်ပျိုးမွေးမြူရေးထွက်ကုန်စျေး ကြီးတစ်ခုသို့ မောင်းသွားခဲ့သည်။


မျိုးစေ့၊ပျိုးပင်၊ကုန်ခြောက်များနှင့်အမျိုးမျိုးသောအစေ့အဆန်များကိုonlineကမှာယူနိုင်ပေမယ့်အသားစားဥစားအတွက်မွေးမြူထားသည့် ကြက်ဘဲ၊ဝင်စသည့်နှင့်စက်ပစ္စည်းများ၊ကရိယာတန်ဆာပလာ များကိုတော့မမှာယူနိုင်ပေ။


ကားရပ်ပြီးနောက်အနီးနားမှာရှိတဲ့ဂိုထောင်တစ်လုံးကိုငှားလိုက်ပြီးဟဲဇီကျုံးသည်အကြီးစားဝယ်ယူရေးခရီးစဉ်ကိုစတင်လိုက်သည်။


နေရောင်ခြည်သုံးကရိယာများနှင့်ရေထိန်းသိမ်းမှုဆိုင်ရာကရိယာများကိုနေရာလွတ်ထဲတွင်အသုံးပြုနိုင်သောကြောင့်နေရောင်ခြည်စွမ်းအင်သုံးမီးစက်နှင့် ရေစွမ်းအင်သုံးလျှပ်စစ်ဓာက်အားပေးစက်အသေး လေးတွေကိုသူမှာထားပြီးပြီဖြစ်သည်။အခုက လျှပ်စစ်ပစ္စည်းကရိယာများနှင့်အခြားလယ်ယာသုံးပစ္စည်းကရိယာများကိုသာဝယ်ရန်လိုတော့သည်။


T/N-Nရှေ့ပိုင်းမှာAkiကကမ္ဘာပျက်ဖို့အချိန်တစ်နှစ်ခွဲလိုလို့ဘာသာပြန်ထားပါတယ်အမှန်ကလဝက်ဘဲ လိုတော့တာပါချမ်းပြီးဘာသာပြန်မိ သွားလို့ပြန်ပြင်ထားပါတယ်။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment