"ကြည့်ရတာတော့အဆင်ပြေတဲ့ပုံဘဲဒီကောင် လေး"ဖန်ဟောင်ကနူးညံ့သောအဖြူရောင်အလုံး လေးကိုလက်ညိုးလေးနှင့်ထိုးကြည့်လိုက်သည်။ အား…..အရမ်းကိုင်လို့ကောင်းတာဘဲ
"မင်းကအဏုမြူကျောက်တုံးကိုစားဖို့လိုတာလား"အဏုမြူကျောက်တုံးကိုစားမှဒီအကောင်လေးက ကြီးလာမှာလား။ဘာဘဲဖြစ်ဖြစ်သာမာန်အစားအစာတွေစားပြီးရင်အိပ်ပျော်သွားပေမယ့်အခုတော့energyတွေပြည့်နေသည်…အဏုမြူကျောက်တုံးက ဒီအကောင်လေးရဲ့စားချင်စိတ်နဲ့ကိုက်ညီတဲ့ပုံဘဲ။
အဖြူရောင်အလုံးလေးသည်သူ့ရဲ့အဖြူရောင်ကိုယ်လုံးလေးကိုစောင်းထားပြီးသွမ့်ဇီကမျက်တောင် တဖျတ်ဖျတ်ခတ်ကာမသိမနားလည်တဲ့ပုံနဲ့ကြည့်နေသည်။
"ထားလိုက်တော့၊မေးလို့လည်းရမှာမဟုတ်ဘူး ကိုယ်တို့မနက်ဖြန်ကျရင်အနီးနားကဇွန်ဘီတွေကိုသတ်ပြီး တော့အဏုမြူကျောက်တုံးတွေ ရမှသူ့ကိုထပ်ပြီး တော့စားခိုင်းကြည့်တာပေါ့:" ဘာဘဲဖြစ်ဖြစ်ဒီအကောင်လေးကအဏုမြူကျောက်တုံးကိုစားပြီးတော့ဇွန်ဘီအဖြစ်မပြောင်းသွားတာကြောင့်ဟဲဇီကျုံးသိပ်ပြီးတော့ဂရုမစိုက်ပေ။
အဖြူရောင်အလုံးလေးနှင့်နေရာလွတ်သည် တစ်သားတည်းဖြစ်ပြီးနေရာလွတ်သည်လည်းသူနဲ့ ဖန်ဟောင်တို့နှင့်တစ်သားတည်းဖြစ်ပုံပေါ်သည်။ သူတို့ကိုအတူတူချိတ်ဆက်ပေးထားပြီးတစ်ယောက်ကိုတစ်ယောက်နားလည်လက်ခံရန်ခွင့်ပြုပေးထားသည့်မနားလည်နိုင်မရှင်းပြနိုင်သောခံစားချက်တစ်ခုရှိနေသည်။သူတို့ကတစ်သားတည်းဖြစ်သော ကြောင့်မည်သူကရုတ်တရက်သစ္စာဖောက်မည်ကို စိုးရိမ်စရာမလိုပေ။
နှစ်ယောက်သားအဝတ်စားချွတ်လိုက်ပြီး အရင်ကထက်ပိုကျယ်သွားသောရေချိုးခန်းထဲက ရေပူစမ်းစိမ်ကန်ထဲတွင်စိမ်ရန်သွားလိုက်သည်။
သူတို့နှင့်အတူရေချိုးရန်ကြိုးစားနေတဲ့အဖြူရောင် အလုံးလေးကိုပစ်ထုတ်လိုက်ပြီးဟဲဇီကျုံးကသော့ခတ်လိုက်ကာရေပူစမ်းစိမ်ကန်ဆီသို့ဖန်ဟောင်နောက်ကလိုက်သွားလိုက်သည်။
နေရာလွတ်အဆင့်မြှင့်တက်သွားပြီးနောက်အိမ်သာနှင့်ရေချိုးခန်းကပိုပြီးကြီးလာသည်။ယခုတံခါးမှ ရေစိမ်ကန်ဆီသို့လမ်းခင်းကျောက်လုံးလူသွားလမ်းလေးရှိနေပြီးအဲ့ပေါ်ကိုနင်းလိုက်တိုင်းခြေဖဝါးလေး တွေကိုနှိပ်နယ်ပေးသည်။
သူ့ဘေးနားကလူရဲ့ဖြူပြီးသွယ်လျပျော့ပျောင်းပေမယ့်သန်မာသောခါးလေးကိုကြည့်ပြီးမတုန်မလှုပ် နေနိုင်တဲ့လူတစ်ယောက်သာရှိရင်အဲ့လူကဦးနှောက်မှာပြဿနာရှိနေလို့ဘဲဖြစ်မည်။ခုနတုန်းကအပြင်မမှာဇွန်ဘီတွေကိုနှိမ်နှင်းဖို့ပင်ပန်းပေမယ့်…..သူတို့ရဲ့နှစ်ကိုယ်တူကျင့်ကြံခြင်းကအကျိုးသတ်ရောက်မူရှိတာလား?
"ဒီနေ့မှအမြန်နှုန်းစွမ်းရည်ကိုရုတ်တရက်ရှာတွေ့ခဲ့တာလား"
ဟဲဇီကျုံးကမေးနေတာမြင်တော့ဖန်ဟောင်ကတောက်ပသောမျက်လုံးလေးများဖြင့်ခေါင်းညိတ်လိုက်သည်"ကျွန်တော်ရုတ်တရက်ကြီးဒီနေ့မှအသုံးပြုနိုင် တာ၊အရင်တုန်းကကျွန်တော်မှာနောက်ထပ်စွမ်းရည်တစ်ခုရှိမှန်းအမသိဘူး"
ဟဲဇီကျုံးကသူ့ရဲ့အတွေးတွေကိုပြောပြလိုက်သည်"အားဟောင်စွမ်းရည်အဆင့်တက်သွားတာနဲ့ ဆိုင်လိမ့်မယ်၊အရင်တုန်းကိုယ်တို့အားဟောင်မှာ စွမ်းရည်တစ်ခုထက်ပိုရှိလားဆိုတာစမ်းမှမကြည့် ဘူးတာ၊အဲ့တာကြောင့်မို့ကိုယ်တို့မသိခဲ့တာဖြစ်မယ်"
ကမ္ဘာပျက်ပြီးနောက်တစ်စုံတစ်ယောက်ကသူတို့ရဲ့စွမ်းရည်ပထမဆုံးအကြိမ်နိုးထတဲ့အချိန်မှာထူးခြားတဲ့အချက်ပြမှုအခြေနေတွေ မရှိပေ။စွမ်းအားရှင်အကုန်လုံးသည်သူတို့ရဲ့စွမ်းရည်ကိုမမျှော်လင့်ထားသောအခြေနေတွင်သာရှာတွေ့ ကြတာဖြစ်သည်။စွမ်းရည်ရှိသူများသည်သူတို့တွင် စွမ်းအင်ရှိမှန်းသတိမထားမိခင်စွမ်းအားရှင်တွေကို သေကြေပျက်စီးစေတဲ့အကြောင်းရင်းလည်းဖြစ်သည်။
နောက်ပိုင်းတွင်ဇွန်ဘီအများစုသည်စွမ်းရည်များစတင်ရှိလာကြသည်။ထိုဇွန်ဘီများသည်ဇွန်ဘီဖြစ် လာပြီးနောက်ပိုင်းမှစွမ်းအားရှိလာကြတာလား သို့မဟုတ်သူတို့လူသားဖြစ်နေသေးတုန်းကနိုးထ လာတဲ့စွမ်းအားလားဆိုတာဟဲဇီကျုံးမသိပေ။အခုချိန်ထိတိုင်အောင်ဘယ်သူမှသေသေချာချာရှင်းရှင်း လင်းလင်းမဖြေရှင်းနိုင်တဲ့ဆန်းကြယ်မူတစ်ခုဖြစ်သည်။
"အဲ့ဆိုနောက်ပိုင်းမှာကျွန်တော်တို့စွမ်းအင်အဆင့် တက်တိုင်းစွမ်းအင်အသစ်နိုးထလာမှာလား" ဖန်ဟောင်ကပိုပြီးတော့စိတ်လှုပ်ရှားလာသည်။ သူ့ရဲ့ဖြူဖွေးသောမျက်နှာလေးသည်စိတ်လှုပ်ရှားမူနှင့်ရေပူစမ်းကရေအငွေ့ရိုက်ခြင်းတို့ဖြင့်ရောနှောကာ နီရဲနေသည်။
ရေကျတဲ့တဟုန်းဟုန်းမြည်သံနှင့်ရေမျက်နှာပြင်သည်အဆက်မပြတ်မတည်မငြိမ်ပြောင်းလဲနေပြီး ရေထဲရှိအရာများကိုမှုန်မှုန်ဝါးဝါးဖြင့်ဖုံးကွယ်ထား သော်လည်းသဲသဲကွဲကွဲမမြင်ရခြင်းမှာပို၍စိတ်လှုပ် ရှားစရာကောင်းသည်။
ဟဲဇီကျုံးသည်လည်ချောင်းကိုရှင်းလိုက်ပြီး"အဲ့လို မျိုးတော့လည်းမဖြစ်နိုင်ဘူး၊နေရာလွတ်နဲ့နေရာလွတ်ထဲကရေကတစ်စုံတစ်ယောက်ရဲ့စွမ်းရည်ကိုနိုးထ နိုင်တာဖြစ်နိုင်တယ်၊ဒါပေမယ့်စွမ်းအားမျိုးစုံ စွမ်းအားရှင်တော့မဖြစ်နိုင်ဘူး၊အကယ်လို့တစ်စုံ တစ်ယောက်ကစွမ်းအားမျိုးစုံကိုနိုးထနိုင်ရင်တောင် သူတို့အကုန်လုံးကိုမကျွမ်းကျင်နိုင်ဘူး၊အရင်ဆုံး ကိုယ်တို့မှာရှိတဲ့စွမ်းအင်ကိုလေ့လာပြီးတော့ကိုယ်တို့ရွှေးထားတဲ့ကိုယ်ခံပညာကိုအသုံးချလိုက်ကြရအောင်"သူ့ကမျက်နှာထားတင်းတင်းနဲ့ထပ်ပြောလိုက်သည်"ကိုယ်တို့ကအခုအရမ်းအားနည်းနေသေးတယ်"
ဖန်ဟောင်ကစိတ်အားထက်သန်စွာဖြင့်ခေါင်းညိတ်လိုက်သည်"အကယ်လို့ကျွန်တော်လုံလောက်အောင်သန်မာပြီးမှန်ကန်တဲ့နည်းစနစ်ကိုအသုံးပြုခဲ့မယ်ဆိုရင်ဒီနေ့ကျွန်တော်အမြန်နှုန်းစွမ်းအင်ကိုသုံးပြီး ဇွန်ဘီအားလုံးကိုသတ်နိုင်လောက်တယ်"ဒီနေ့သူသည်ဇွန်ဘီတစ်ကောင်ချင်းစီရဲ့ခေါင်းကိုအကြိမ် အနည်းငယ်လောက်သာရိုက်နိုင်ခဲ့သည်။တစ်ကောင်ကိုသတ်ပြီးလို့သူဦးတည်ချက်ပြောင်းနေတုန်း ဟဲဇီကျုံးကကျန်နေတဲ့အရှုပ်အထုပ်တွေကိုရှင်းလင်းဖို့ကူညီပေးရန်လိုခဲ့သည်။
"အင်းကိုယ်တို့ပိုသန်မာလာအောင်လုပ်ရမယ်"
သူ့ကခေါင်းညိတ်လိုက်သည်။
"အာစွမ်းအင်အတွက်"ချီ"ရဲ့အကျိုးသတ်ရောက်မူကအရမ်းကောင်းတယ်၊အဲ့တာကြောင်လေ…"
ဖန်ဟောင်ကရှက်သွားသည်။သူ့ရဲ့တိုဖူးကိုစားရန်နှင့် သန်မာလာစေရန်တစ်စုံတစ်ယောက်ကနှစ်ကိုယ်တူကျင့်ကြံခြင်းရဲ့အကျိုးကျေးဇူးကိုအသုံးချနေမှန်းသူသိသော်လည်းသူ့ကနာနာခံခံဖြင့်သူ့ကိုယ်သူဆေး ကြောပြီးသူ့ကိုယ်သူပေးအပ်လိုက်သည်။ရေချိုးခန်းထဲမှာတစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင် ရှိနေရင်စိတ်မလှုပ်ရှားဘဲမနေနိုင်ပေ…..
ရေချိုးခန်းကကောင်းမွန်တဲ့နေရာဖြစ်သည်။ချောဆီတွက်ရေရှိပြီးအခြားအကူအညီမလိုအပ်သလိုရေ ကြောင့်ကိစ္စပြီးသွားရင်အလွယ်တူကူသန့်ရှင်းလို့ရသည်။ရေချိုးခန်းထဲကရေကထူးခြားတဲ့အကျိုးသတ်ရောက်မူရှိလို့သူတို့ရဲ့ကျင့်ကြံခြင်းပေါ်ထပ်လောင်းသတ်ရောက်မူရှိနိုင်သည်။ဟဲဇီကျုံးအနည်းငယ်ရှက်ရွှံ့သွားစေသည့်အရာမှာနေရာလွတ်အဆင့်မြှင့်ပြီး နောက်ရေချိုးခန်းထဲတွင်နောက်ထပ်အပြာရောင် ကျောက်ပျဉ်ကြီးတစ်ခုရှိလာခြင်းဖြစ်သည်။အစ တုန်းကထိုနေရာကိုလူတွေထိုင်ခုံအဖြင့်ထိုင်တဲ့ နေရာလို့သူထင်ခဲ့ပေမယ့်အခုတော့…..
ရီဝေမှုန်ဝါးနေသောမျက်လုံးလေးဖြင့်တစ်စုံတစ် ယောက်အပြာရောင်ကျောက်ပျဉ်ကြီးမှာလှဲလျောင်းနေတာကိုကြည့်ရင်းဒီလိုပစ္စည်းမျိုးကိုရေချိုးခန်းထဲမှာထားထားရခြင်းမှာလူတွေဒီမှာ"နှစ်ကိုယ်တူ ကျင့်ကြံခြင်း"ကျင့်ဖို့ဘဲဖြစ်မယ်!!!!!
နေရာလွတ်ကိုတီထွင်တဲ့လူကဘယ်လောက်တောင်ညစ်ညမ်းပြီးဆာလောင်လိုက်သလဲ။နှစ်ကိုယ်တူ ကျင့်ကြံခြင်းဖြင့်အခြားသူများ၏စွမ်းရည်ကိုမြှင့်တင်နိုင်ဖို့နေရာတိုင်းတွင်သိသာတဲ့အရိပ်အမြွတ်တွေပြထားတာဘယ်လောက်တောင်များလိုက်သလဲ။
နေရာလွတ်တီထွင်သူရဲ့အတွေးတွေကိုမေ့ထားလိုက်တော့ရေချိုးခန်းသည်နှစ်ကိုယ်တူကျင့်ကြံခြင်း အတွက်ထပ်လောင်းအကျိုးသတ်ရောက်မူတွေရှိစေတာကသံသယဖြစ်စရာမလိုပေ။အရင်ကအိပ်ခန်းထဲမှာတုန်းကသူ့ပင်ပန်းနွမ်းနယ်သွားသလိုခံစားရပြီး တော့တစ်ကြိမ်ဘဲလုပ်နိုင်ခဲ့သည်။ဒါပေမယ့်ရေချိုးခန်းထဲမှာကြတော့သူတို့ရဲ့ပုံမှန်ချစ်တင်းနှောခြင်းလေ့ကျင့်ခန်းကိုသုံးကြိမ်ပိုပြီးလုပ်နိုင်ခဲ့သည်။နောက်ဆုံးတွင်သူ့သည်ဘာအားစိုက်ထုတ်မှုမရှိဘဲအားကုန် မောပန်းပျော့ဖတ်နေသောဖန်ဟောင်နှင့်အတူ ရေချိုးခန်းထဲမှထွက်လာလိုက်သည်။
ယခုဆိုလျှင်ဖန်ဟောင်သည်လှုပ်ရှားရန်အဆင်မပြေသောအခါချက်ပြုတ်ထားပြီးသိမ်းဆည်းစုဆောင်းထားခြင်းရဲ့အကျိုးကျေးဇူးကိုပိုသိလာသည်။ဒုတိယအထပ်၏အိပ်ယာပေါ်တွင်သူတို့နှစ်ယောက်သည် အချင်းချင်းပွေ့ဖတ်ထားပြီးအရင်တုန်းကဖန်ဟောင်ပြင်ဆင်ပြီးသိမ်းဆည်းထားတဲ့အစားစာများကို မီးဖိုချောင်ထဲသို့သွားရန်မလိုဘဲစားခဲ့ကြသည်။
ဖန်ဟောင်ကအသားဘန်းမုန့်၊ကြက်သားနှင့်ပြောင်းဖူးစွပ်ပြုတ်များကိုစားခဲ့ပြီးဟဲဇီကျုံးသည်ပျစ်ပျစ်နှစ်နှစ်ရှိသောကာရီထမင်းနှင့်မုန့်လာဥဟင်းချိုကိုနည်းနည်းစားခဲ့သည်။ညစာစားပြီးနောက်အားနည်းနေ သေးတဲ့သူ့ချစ်သူလေးကိုလက်မောင်းထဲမှာထည့် ထားပြီးခါးကိုလက်နှစ်ဖတ်ဖြင့်ညင်သာစွာနှိပ်နယ် ပေးလိုက်သည်။"မနက်ခင်းကျရင်ကိုယ်တို့ရဲ့ စွမ်းရည်နဲ့ကိုယ်ခံပညာကိုဘယ်လိုပေါင်းစပ်ပြီး အသုံးပြုနိုင်မလားဆိုတာကိုလေ့လာကြတာပေါ့၊ အသုံးဝင်တဲ့လက်နက်တစ်ချို့လည်းရှာကြတာပေါ့"
ဇွန်ဘီများကိုတိုက်ခိုက်သောအခါစတီးပိုက်များနှင့် အဆင်မပြေတော့ပေ။ဇွန်ဘီများ၊သန္ဓေပြောင်းဝက်ဝံနှင့်တိုက်ခိုက်သောအခါပိုက်ရဲ့သေစေနိုင်မူသည် အလွန်ဆိုးဝါးပြီးပါဝါစွမ်းအားရှင်များသာ၎င်းကို လက်နက်အဖြစ်အသုံးပြုနိုင်မှာဖြစ်သည်။စတီးပိုက်တွေကအဆင်မပြေတော့သောကြောင့်ဓားတွေနဲ့ ဓားရှည်တွေအသုံးပြုရတဲ့ကိုယ်ခံပညာကိုရှာရန်လိုအပ်လာသည်။
ဟဲဇီကျုံးလက်မောင်းထဲကဖန်ဟောင်သည်ခေါင်းညိတ်လိုက်ပြီးမူးဝေမူကြောင့်အိပ်မောကျသွားသည်။ နှစ်ကိုယ်တူကျင့်ကြံခြင်းထဲမှာအောက်မှာနေရတဲ့သူအနေဖြင့်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါပိုပြီးတော့ပင်ပန်းလွယ်ပေမယ့်ကောင်းကောင်းအိပ်လိုက်ရင်တော့အဆင်ပြေသည်။ဒါပေမယ့်ဒီနေ့တွင် ဖန်ဟောင်သည်သူ့မှာစွမ်းအင်တစ်ခုထက်ပိုရှိမှန်းရှာဖွေတွေ့ရှိသွားသောကြောင့်အနည်းငယ်ပိုပြီးတော့ ပင်ပန်းနွမ်းနယ်နေပြီးသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကမရှိသလောက်ပင်ဖြစ်နေသည်။အဲ့တောင့်ကြောင့်မို့ပင်သူ့တောင့်ခံမထားနိုင်တော့ဘဲအိပ်ပျော်သွားတာဖြစ်သည်။
သူ့၏ပျော့ပျောင်းသောဆံပင်လေးများကိုလက်ဖဝါး ဖြင့်ပွတ်သပ်လိုက်ပြီးဟဲဇီကျုံးကခေါင်းကိုငုံ့လိုက် ပြီးနဖူးလေးကိုနမ်းလိုက်သည်။သူ့နှလုံးသားတစ်ခုလုံးနွေးထွေးမူတွေနဲ့ပြည့်နေသည်။ဟဲဇီကျုံးက ဖန်ဟောင်ကိုအိပ်ယာပေါ်သို့သယ်သွားသောအခါ အဖြူရောင်အလုံးလေးသည်သူ့နောက်သို့ခုန်ပြီး လိုက်လာသည်။ဖန်ဟောင်ရဲ့ခေါင်းအုံးဘေးသို့သူ့ကတွားသွားလိုက်သည်။သူ့ရဲ့ကြီးမားဝိုင်းစက်သော မျက်လုံးလေးများသည်ပိတ်သွားပြီးအိပ်မောကျသွားသည်။လူနှစ်ယောက်နှင့်အဖြူရောင်အလုံးလေး အိပ်ယာပေါ်မှာအိပ်နေတဲ့မြင်ကွင်းသည်နွေးထွေးတဲ့မိသားစုသုံးယောက်လိုမျိုးဖြစ်နေသည်။
နောက်တစ်နေ့မနက်အစောတွင်နှစ်ယောက်သား နေရာလွတ်ထဲကလင်းထိန်နေသောကောင်းကင် ကြောင့်နိုးလာခဲ့သည်။ဖန်ဟောင်ကသူ့မျက်လုံးကိုပွတ်လိုက်ပြီးအိပ်ယာပေါ်မှဆင်းလိုက်ကာမနက်စာ ပြင်ဆင်ရန်မီဖိုချောင်ဆီသို့သွားခဲ့သည်။ဟဲဇီကျုံးကထလိုက်ပြီးအနောက်ဘတ်မှာရှိတဲ့စိုက်ပျိုးမွေးမြူ ရေးခြံသို့လက်တစ်ဖတ်မှာခြင်းတောင်းတစ်တောင်းသယ်ရင်းလွန်ခဲ့တဲ့ရက်အနည်းငယ်ကဥထားတဲ့ ကြက်ဥများကိုကောက်လိုက်သည်။ဓာက်မီးအလင်းရောင်ဖြင့်သူ့ကဥဥတဲ့အသိုက်တစ်ခုကိုတွေ့တိုင်း သူ့ကအဲ့ကိုသွားပြီးတစ်ခုချင်းဆီစစ်ဆေးခဲ့သည်။
ဥများကိုဥပြီးနောက်ဘဲနှင့်ကြက်အချို့သည်စတင် ပြီးတော့ဝပ်ကြသည်။ရှေ့မှာရှိတဲ့နေရာလွတ်ပိုင်ရှင် ဖြစ်တဲ့ဟဲဇီကျုံးကိုလုံးဝမကြောက်ကြပေ။သူတို့ရဲ့ ခန္ဓာကိုယ်အောက်ကဥတွေကိုထုတ်ဖို့ဟဲဇီကျုံးက လက်လှမ်းရင်တောင်မှသူတို့ကတုံ့ပြန်မူမရှိပေ။ တစ်စုံတစ်ယောက်၏လက်သည်၎င်းတို့၏"ကလေးများ"ကိုလုယက်နေကြောင်းသူတို့လုံးဝမသိနိုင်ပုံရသည်။
ကြက်ဥများကိုကောက်ပြီးနောက်သူတို့နှစ်ယောက်သည်ယခင်ကရွှေးချယ်ထားသောနည်းပညာများကို ခြံဝင်းထဲတွင်လေ့လာခဲ့ကြပြီးမနက်ဆယ်နာရီမတိုင်ခင်အထိနေရာလွတ်ထဲမှာမထွက်ခဲ့ပေ။ပြတင်းပေါက်အပြင်ဘတ်ကမီးခိုရောင်ကောင်းကင်ကြီးကိုကြည့်ပြီးနေရာလွတ်ထဲကအပြာရောင်ကောင်းကင်ကို ပြန်မြင်ကာစိတ်ဓာက်တွေကျလာသည်။
"အပြင်ဘတ်မှာဘာမှမရှိဘူး၊သွားကြစို့"ဟဲဇီကျုံးသည်တံခါးအပြင်ဘတ်တွင်ဇွန်ဘီမရှိကြောင်းနှင့်အပြင်ဘတ်ကဇွန်ဘီများ၏အရေအတွက်သည်အကြမ်းဖျင်းတူညီပြီးရပ်ကွတ်ထဲကအခြေနေကိုအတည်ပြု လိုကသည်။
နှစ်ယောက်သားတံခါးကနေဖြတ်မသွားခဲ့ပေ-လှေကားထစ်မှလျှေက်သွားနေတဲ့ဇွန်ဘီနှစ်ကောင်သုံးကောင်လောက်ရှိမယ့်အသံကိုကောရစ်တာမှ ကြားရသောကြောင့်ဖြစ်သည်။အဲ့အစားသူတို့ရပ် ထားတဲ့ကားနေရာပေါ်ကပြတင်းပေါက်ကနေတွယ်ဆင်းလိုက်ပြီးရှုပ်ထွေးနေတဲ့ကြားကနေကားကို မောင်းထုတ်လိုက်သည်။
ကားမောင်းသူမှာဖန်ဟောင်ဖြစသည်။ဟဲဇီကျုံးသည်အဝးပြေးလက်နက်အဖြစ်အသုံးပြုဖို့အတွက် မနက်ကဂိုဒေါင်ထဲတွင်ဘာတွေရှာတွေ့မလဲဆိုတာကိုစစ်ဆေးလိုက်သည်။
ရွှေစွမ်းအင်ကိုတူ၊သွားကြားထိုးတံ၊ဝါးတံပါးပါးများတွင်ထပ်ပေါင်းထည့်ပြီးလေပြင်းဖြင့်ပစ်လွှတ်လိုကသည်။အရှိန်လွန်နေသောကားပြတင်းပေါက်မှ ရွှေရောင်အလင်းတန်းများထွက်လာပြီးအပြာရောင်အလင်းတန်းလေးများလည်းရောပြီးထွက်လာသည်။လမ်းနှင့်မနီးမဝေးတွင်ညိုနွမ်းနေသောသစ်ပင်ကို ပစ်လိုက်သည်။အနီးကပ်စစ်ဆေးကြည့်သောအခါပင်စည်ကိုထုတ်ချင်းပေါက်သွားတဲ့အပေါက်သေးသေးလေးကိုတွေ့လိုက်သည်။
မှန်ပြောင်းကိုချလိုက်ပြီးဟဲဇီကျုံးသည်ထွက်လာ သောရလဒ်ကိုကျေနပ်စွာဖြင့်နှုတ်ခမ်းများကိုတွန့်ကွေးကာပြုံးလိုက်သည်။
"အလုပ်ဖြစ်လား"ဖန်ဟောင်ကကားမောင်းရင်းနဲ့ မေးလိုက်သည်။
"အဆင်ပြေတယ်၊ဒါပေမယ့်အဆင့်မြှင့်ဖို့တော့လို သေးတယ်"ဟဲဇီကျုံးသည်စူပါးမားကတ်နှင့်စျေးများမှစုဆောင်းခဲ့သော"လက်နက်ပုန်း"အနည်းငယ်ကို အိတ်ကပ်ထဲမှာထားလိုက်သည်။ကံကောင်းစွာဖြင့် နေရာလွတ်ထဲမှသူတို့ကျပန်းစုဆောင်းထားသောအရာများသည်လုံလုံလောက်လောက်ရှိပြီးအခုသူတို့အသုံးပြုရန်သင့်တော်သင့်နည်းလမ်းကိုရှာတွေ့သည်။
ဖန်ဟောင်ရဲ့မျက်လုံးများသည်ကွေးသွားပြီးပါးချိုင့်လေးတွေပေါ်သည့်အထိပြုံးပျော်နေသည်။"အရင်တုန်းကကျွန်တော်တို့နေတိုင်းဝါးထမင်းလုပ်စားနေတာတောင်မှနေရာလွတ်ထဲမှာဝါးပင်တွေက ကြီးထွားတာ အရမ်းမြန်တယ်ပြီးတော့တခြားဟာလည်းသုံးလို့မရဘူး၊အခုတော့အရမ်းအဆင်ပြေသွားပြီ"
ဟဲဇီကျုံးကခေါင်းညိတ်လိုက်သည်။သွားကြားထိုးတံများသည်လျိုဝှတ်လက်နက်အဖြစ်လူများကိုတိုက်ခိုက်ရန်အဆင်ပြေသော်လည်းဇွန်ဘီများကိုတော့ အဆင်မပြေပေ။ဝါးတံများသည်ရှည်ပြီးပါးလွန်းသည်။တခါသုံးတူများသည်ပျံသန်းမှုနှုန်းနှင့်အကျိုးသတ်ရောက်မူကိုနည်းစေသည်။
ခိုင်ခံသောသံမဏိအပ်များဖြင့်ရွှေစွမ်းအင်နှင့် လေစွမ်းအင်ပေါင်းစပ်ပြီးသုံးရင်ပိုမိုကောင်းမွန်သောအကျိုးသတ် ရောက်မူရှိနိုင်ပေမယ့်သို့သော်၎င်းတို့ ကိုပြုလုပ်သောသူကိုဘယ်နေရာမှာရှာရမလဲ။ဝါးတူကဲ့သို့သောအရာများသည်နည်းလမ်းအချို့ဖြင့်ရနိုင်သလိုကိုယ်တိုင်ပြုလုပ်၍လည်းရနိုင်သည်။
"ကံမကောင်းချင်တော့ဒီတစ်ခေါက်ကိုယ်တို့မပြန်ခင်အသုံးဝင်တဲ့လက်နက်ရှာနိုင်ပါ့မလားဆိုတာကိုယ်လည်းမသိတော့ဘူး"ကမ္ဘာမပျက်ခင်တုန်းက ဟဲဇီကျုံးသည်လက်နက်များကိုရှာဖွေခဲ့ပေမယ့်အချိန်ကအရမ်းနည်းလွန်းပြီးဒီလိုပစ္စည်းများကိထိန်းချုပ်ထားပြီးလိုင်းပေါ်တွင်ဝယ်လို့မရပေ။သူ့ကရိက္ခာ စုဆောင်းနေရတာနဲ့အလုပ်ရှုပ်နေပြီးအရန်အနေဖြင့်နေရာလွတ်ထဲကိုစတီးပိုက်များသာရှာပြီးထည့်နိုင်ခဲ့ကာလက်နက်ပြဿနာကိုဘေးဖယ်ထားလိုက်သည်။အခုတော့သူတို့နည်းလမ်းရှာရန်လိုအပ်သည်။
အရင်ကသက်ဆိုင်သောသတင်းအချက်အလက်များကိုစုဆောင်းခဲ့သောကြောင့်အဆင်ပြေပါက အခွင့်ရေးယူပြီးရှာနိုင်သည်။